သတ်ဖြတ်ရေးတာအိုကို တိုးမြှင့်ခြင်း
Vol. 48 Ch. 664
“ သူ အဆင်ပြေမယ်ဆိုတာကို သိပေမဲ့ ကျုပ်တို့တွေ ပိုပြီးတော့ သတိမထားသင့်ဘူးလား” ထျဲ့ကန်က လီကျွင်း ရန်သူနောက်ကို လိုက်သွားသည်ကို ကြည့်နေရင်း ပြောလိုက်သည်။
“ ငါတို့တွေ သတိထားပါတယ်” ယန်းလီလင်းက ပြောလိုက်၏။ နောက်ဆုံးတွင် ထျဲ့ကန်က ဝမ်ကျူ မရှိတော့ကြောင်း သဘောပေါက်သွားကာ အကြည့်များက လင်းလက်တောက်ပသွား၏။
လီကျွင်းက သူ့ကို ဝိုင်းထားသည့် လူလေးယောက်ကို ကြည့်လိုက်သည်။ သူ့အနီရောင်ဆံပင်များက လေနှင့်အတူ မျောလွင့်နေပြီး လှံကို ပုခုံးပေါ် ထမ်းထားလေသည်။
“ အဲဒါဆိုတော့ မင်းတို့က ဘာတွေလဲ”
ပျင်းရိခြင်းစစ်သူကြီး (၁)က ဆိတ်ဦးချိုနှင့် လက်သည်းများရှိသည့် မိစ္ဆာတစ်ကောင်ဖြစ်ပြီး ပျင်းရိခြင်း စစ်သူကြီး(၂)က အရိုးဖြင့် ပြုလုပ်ထားသည့် အနက်ရောင် တောင်ပံများရှိကာ မြွေခေါင်းတစ်ခုလည်း ရှိသည်။ စစ်သူကြီး(၃)ကမူ နွားရိုင်းဦးခေါင်းနှစ်ခုရှိထားပြီး ၅မီတာ မြင့်မား၏။ စစ်သူကြီး (၄)ကမူ ခေါင်းမဲ့ လူသားတစ်ဦး ဖြစ်သည်။
“ အဖြေမရှိဘူးလား” လီကျွင်းက ပြောလိုက်၏။ “အဲဒါဆိုတော့ ငါတို့တွေ ခက်ခက်ခဲခဲ လုပ်ရတော့မှာပေါ့”
စစ်သူကြီး(၄)က မီတာ ၃၀အထက် မြင့်မားသည့် ဧရာမသတ္တဝါကြီးအဖြစ် ပြောင်းလဲကာ စတင်တိုက်ခိုက်လိုက်သည်။ ထိုတိုက်ကွက်က အရွယ်အစားနှင့် ယှဉ်လိုက်လျှင် ရယ်စရာကောင်းနေ၏။ သို့သော်လည်း လီကျွင်းက သူ့လှံထိပ်ဖျားဖြင့် အလွယ်တကူ တားဆီးလိုက်သည်။ သူက နာကျင်မှုမှတဆင့် ခန္ဓာကိုယ်ကို လေ့ကျင့်နေခြင်းအား ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ လီကျွင်း၏ ရည်မှန်းချက်က ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင် ခန္ဓာကိုယ်သန့်စင်ခြင်းတွင် ကမ္ဘာဦးနဂါးတစ်ကောင် ခွန်အားသို့ ရောက်ရှိဖို့ရာ ဖြစ်၏။
စစ်သူကြီး (၄)က ချက်ချင်းဆိုသလို လှုပ်ရှားကာ စင်တီမီတာ ၃၀ လောက်သာရှိသည့် အကောင်သေးသေးလေးအဖြစ် ပြောင်းလဲလိုက်ပြီး လီကျွင်းဆီ ပြိုင်ဘက်ကင်း အလျင်ဖြင့် ပြေးဝင်လာသည်။
အသွင်ပြောင်း တာအိုလား ဒါမှမဟုတ် အဆင့်နိမ့်ပုံစံလား…
သူက လှံကို ဝှေ့ယမ်းပြီး ရိုက်ထုတ်လိုက်သည်။
စစ်သူကြီး(၁)က ရုတ်ချည်းဆိုသလို လီကျွင်းရှေ့တွင် ထွက်ပေါ်လာပြီးနောက်တွင် ဓားမြှောင်ဖြင့် ဗိုက်ကို ထိုးစိုက်လိုက်သည်။ လီကျွင်းက သူ့ခန္ဓာကိုယ်မှ သွေးများ စီးကျလာသည်ကို ကြည့်နေ၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားသည်။
“ စိတ်ဝင်စားစရာကောင်းတဲ့ ပုံရိပ်ယောင်တစ်ခုပဲ။ တကယ်လို့ ငါသာ ထိုးဖောက်မမြင်နိုင်ရင် ငါ့ခန္ဓာကိုယ်က အမှန်တကယ် ထိုးစိုက်ခံရသလိုမျိုး တုံ့ပြန်လာလိမ့်မယ်။ ဝိညာဉ်စွမ်းအားအရ ငါက မင်းတို့ထက် ကျော်လွန်နေတာ နှမြောစရာပဲ”
သူ့ရှေ့မှ စစ်သူကြီး(၁)က ပုံရိပ်ယောင်မျှသာ ဖြစ်သည့်အတွက် ပျောက်ကွယ်သွားသည်။ သို့သော် တခြားသူများကမူ ထိုအခွင့်အရေးကို ယူ၍ တိုက်ခိုက်လာကြသည်။
“ စစ်ပွဲ” စစ်သူကြီး(၃)က အော်ပြောလိုက်သည့်အခါ သူ့နောက်တွင် စစ်သားများစွာ ထွက်ပေါ်လာပြီး သူ့ခွန်အားအား တိုးမြှင့်ကာ အရေးသာချက်တချို့ ပေးလာသည်။
“ ငါ့ကို ရင်ဆိုင်ဖို့ စစ်ပွဲတာအိုကို အသုံးပြုတယ်လား။ မင်းရဲ့ ယုံကြည်မှုပြင်းထန်တာကို လေးစားပါတယ်” လီကျွင်းက ပြောလိုက်သည်။ သူက ဆင့်ခေါ်ထားသည့် တပ်များကို ကြည့်လိုက်သည့်အချိန် သူတို့က တစ်ယောက်ပြီးတစ်ယောက် အတုံးအရုန်းလဲကျသွားကြသည်။ စစ်သူကြီး(၃)က စစ်ဆေးကြည့်သည့်အခါ သူ့ဆင့်ခေါ်သူများက သေမျိုးပြဿနာတစ်မျိုး ဖြစ်သည့် ဆာလောင်မှုကြောင့် သေဆုံးသွားသည်ကို တွေ့လိုက်ရ၏။
အပြစ်ကြွေးရေစင်
စစ်သူကြီး(၂)က အော်ဂလီဆန်စရာကောင်းသည့် အနက်ရောင် ရေများကို အန်ထုတ်လိုက်၏။ ထိုရေများကို မြင်သည့်သူတိုင်းက ရွံစရာကောင်းသည့် ခံစားချက်မျိုး ဖြစ်လာမည်ဖြစ်ကာ ထိုအရာကို ထိတွေ့သည့် အကျိုးဆက်က ပိုမိုဆိုးရွားနိုင်သည်။
[ သန့်စင်ရေးမီးတောက်]
လီကျွင်းက ထိုအော်ဂလီဆန်စရာ ကောင်းသည့် အနက်ရောင်ရေများကို ဖယ်ရှားပစ်ပြီး အဖြူရောင် မီးတောက်တစ်ခုကို ဖန်တီးလိုက်သည်။
“ တကယ်လို့ မင်းတို့ရဲ့ ဝှက်ဖဲတွေကို မသုံးဘူးဆိုရင် ဒီတိုက်ပွဲမှာ ဆိုးဆိုးရွားရွား သေရလိမ့်မယ်” လီကျွင်းက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။ စစ်သူကြီးလေးယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီးသည့်နောက်တွင် နေရာသေချာယူလိုက်ကြသည်။ သူတို့ရှေ့မှောက် ထူးဆန်းသည့် သင်္ကေတများ ထွက်ပေါ်လာပြီးသည့်နောက် သူတို့ခန္ဓာကိုယ်အနှံ့ အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။
လီကျွင်းက အပြောင်းအလဲကို ခံစားမိလိုက်၏။
ဒါက အချိန်တာအိုနဲ့ တူညီတဲ့ စောစောလေးက အစီအရင်လား…
လီကျွင်းက လက်ကိုမြှောက်လိုက်သည့်အချိန် ဖြည်းဖြည်းချင်း လှုပ်ရှားလာသလိုမျိုး ဖြစ်လာသည်။ သူက သူ့လက်ချောင်းများကို လှုပ်ရှားဖို့အတွက် သို့မဟုတ် အသက်ရှူဖို့အတွက် စွမ်းအားအမြောက်အများ လိုအပ်နေသည်ဟု ခံစားမိနေသည်။ သူ့စိတ်က နှေးကွေးသွားကာ စာကြောင်းတစ်ကြောင်း ပြောဖို့ရာပင် အချိန်ယူစဉ်းစားနေရသည်။
သူ့မူလအဆီအနှစ်၊ ဝိညာဉ်စွမ်းအားနှင့် သွေးစွမ်းအားတို့က သေဆုံးခါနီးလိပ်ထက်ပင် ပိုမိုနှေးကွေးနေ၏။ ထို့အပြင် သူ့အတွေးများက အပျက်သဘောဆောင်လာသည်။ သူက လက်ချောင်း လှုပ်ရှားရသည်ကိုပင် မကြိုက်တော့ပေ။ သူက လှံနှင့် ချပ်ဝတ်များက အလွန်လေးလံလာသည်ကို ခံစားမိလိုက်၏။ သူက မတ်တပ်ရပ်နေသည်ကပင် များစွာ ဝန်ပိနေသည်ဟု ခံစားမိလာသည်။ လီကျွင်း လုပ်ချင်သည်ကား လဲလျောင်းကာ အိပ်စက်လိုက်ဖို့ ဖြစ်၏။ သူက အားကောင်းပြီး သူ့ကိုယ်သူ အားဖြည့်ဖို့ အစားအစာများ မလိုအပ်ပေ။
ထို့နောက် ကိစ္စများက ပိုမိုဆိုးရွားလာခဲ့၏။ သူက အသက်ရှူခြင်း သို့မဟုတ် အသက်ရှင်ရခြင်းကပင် လွန်လွန်းလာသည်ဟု ခံစားမိလာပြီး သူ့တည်ရှိမှုက ကမ္ဘာနှင့် သူ့ဘေးနားရှိ လူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်ဟု ခံစားမိလာသည်။ ထို့ကြောင့် သူက အဆုံးမဲ့ အိပ်စက်ခြင်းသို့ ဝင်ရောက်ပြီး နာကျင်မှုကို ရပ်တန့်ဖို့ လက်လျှော့လိုက်ချင်သည်။
စိတ်ကစဉ့်ကလျားဖြစ်တာလား…
လီကျွင်းက ဝမ်ဝေ့၏ အတိတ်ဘဝဆီမှ စိတ်ကစဉ့်ကလျားဖြစ်မှုအကြောင်း ပြောပြဖူးသည်ကို ကြားဖူးလေသည်။ ဝမ်ဝေ့က ကျင့်ကြံသူတစ်ယောက်၏ စိတ်အခြေအနေနှင့် တာအိုနှလုံးသား၏ အပြောင်းအလဲသည် စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်နိုင်ချေရှိကြောင်း ရှင်းပြခဲ့၏။ လီကျွင်းက ထိုစကားဝိုင်းသည် စိတ်ဝင်စားစရာကောင်းသည်ဟု တွေးခဲ့မိကာ မှတ်သားထားလေသည်။ ဤပျင်းရိခြင်း စွမ်းအင်က သူ့အား ထိုစကားဝိုင်းကို ပြန်လည်အမှတ်ရလာစေ၏။
တကယ်လို့ စိတ်ကစဉ့်ကလျားဖြစ်တာက ကျင့်ကြံသူတွေအတွက် ပြင်းထန်တဲ့ သက်ရောက်မှုရှိမယ်ဆိုရင် သေမျိုးတွေအတွက် အဆရာချီ ပိုဆိုးရွားသွားနိုင်တယ်။ အဲဒါဆိုရင် ဒီရလဒ်ကြောင့် ဘယ်လောက်များ သေဆုံးလိုက်ကြမလဲ…
သူက သူ့စိတ်အခြေအနေက ယခင်ထက်ပင် ပိုမိုတည်ငြိမ်နေ၏။
ငါ့သတ်ဖြတ်ရေးတာအိုက အစုအပြုံ သတ်ဖြတ်ခြင်း ကဏ္ဍတွေဖြစ်တဲ့ သဘာဝကပ်ဘေး၊ ရောဂါ ဒါမမဟုတ် စစ်ပွဲဆိုတာတွေပါတယ်။ အဲဒါဆို စိတ်ကစဉ့်ကလျားဖြစ်တာကလည်း အဲဒီရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူးလား…
လီကျွင်း၏ ခန္ဓာကိုယ်အထက် ခရမ်းရောင်အလင်းတန်း လွှမ်းခြုံသွားကာ သူ့ကို ပိုမိုဆန်းကြယ်သည့် အငွေ့အသက်မျိုး ထွက်ပေါ်လာစေသည်။
“ ဉာဏ်အလင်းပွင့်တာပဲ” စစ်သူကြီး(၁)က မှတ်ချက်ပေးလိုက်သည် “ သူ့ကို အဲ့လိုလုပ်ခွင့်မပေးနဲ့”
တခြားသူများက လီကျွင်းကို သုတ်သင်ဖို့ အပြေးအလွှားရောက်လာကြသည်။ သူတို့အတွက် ကံဆိုးသည်က မြေကြီးမှ အရိပ်လက်တံလေးခုက ထွက်ပေါ်လာပြီးသည့်နောက် သူတို့၏ လမ်းကြောင်းများကို တားဆီးထားသည်။
“ ဘယ်သူလဲ” စစ်သူကြီး(၁)က အော်ဟစ်လိုက်သော်လည်း မည်သူကမှ ပြန်မဖြေသလို ပေါ်ထွက်လာခြင်းမရှိပေ။ ထို့ကြောင့် သူတို့က ထပ်မံ ကြိုးစားလိုက်ကြသော်လည်း လီကျွင်းအနား မကပ်နိုင်ပေ။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုလီကျွင်းက ပိုမိုနက်နဲသည့် အငွေ့အသက်မျိုးဖြင့် မျက်လုံးပြန်ဖွင့်လာသည်။
“ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားတာလား။ ဒီလောက်တောင် အားနည်းတယ်လား။ ဒါက သာလွန်ပါရမီရှင်ဖြစ်တဲ့ ခံစားချက်ကိုး” ရုတ်တရက် ဉာဏ်အလင်းပွင့်သည်မှာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဤသို့နက်နက်နဲနဲမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ သူ့အတွက် စည်းမျဉ်းကို နားလည်ပြီးသည့်နောက်တွင် ပို၍ပင် ရှားပါးလာ၏။
သို့သော်လည်း ဤတစ်ခုဖြင့် သူသည် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် ပွင့်ချပ် ငါးလွှာထာဝရအရှင်စွမ်းအားသို့ ရောက်ရှိနိုင်ချေရှိကြောင်း သိလိုက်သည်။ လီကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ ရူးရူးမိုက်မိုက် အတွေးတစ်ခု ထွက်ပေါ်လာ၏။
ငါ သေရမယ်ဆိုရင်တောင် ကြိုးစားကြည့်ဖို့ ထိုက်တန်တယ်…
လီကျွင်းက တစ်ဖက်လူကို ကြည့်လိုက်ပြီးသည့်နောက်တွင် သူတို့၏ စွမ်းအားနှင့် စွမ်းဆောင်ရည်များကို ဆက်လက်မစမ်းသပ်ဖို့သာ ဆုံးဖြတ်လိုက်သည်။ သူက သူ့လိုမျိုး လှံကိုင်ဆောင်ထားသည့် ဓမ္မခန္ဓာကိုယ် ထုတ်ဖော်လိုက်၏။
“ အရာအားလုံးကို သတ်ဖြတ်လို့ ရတယ်။ ပျင်းရိခြင်းဆိုရင်တောင်ပေါ့”
ဧရာမလှံကြီးက ကောင်းကင်ဘုံမှ ဆင်းသက်လာပြီးသည့်နောက် စစ်သူကြီးလေးယောက်အား မလှုပ်မယှက် ဖြစ်သွားစေသည်။ သူတို့၏ အစီအရင်က ထိုအလင်းတန်းကို မခုခံဘဲ ပေါက်ကွဲထွက်သွားလေသည်။
“ ဟမ်” လီကျွင်းက အာကာပြင်လှုပ်ခတ်မှုကို ခံစားမိလိုက်၍ ရေရွတ်လိုက်သည်။ သူ မတုံ့ပြန်နိုင်ခင် အာကာပြင်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာကာ စစ်သူကြီး(၁)ကို ဝါးမျိုသွား၏။ ကံကောင်းစွာဖြင့် အရိပ်လက်တံတစ်ခုက ထိုလမ်းကြောင်းအတွင်း ဝင်ရောက်သွားကာ သွေးစက်လက်ဖြင့် ပြန်ရောက်ရှိလာသည်။
“ သူတို့တွေက ငါတို့ထင်ထားတဲ့အတိုင်း ကူးသန်းပြောင်းရွှေ့ရေး သုံးနိုင်တာပဲ” လီကျွင်းက သေဆုံးသွားပြီးသော စစ်သူကြီးသုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။
“ ထကြ”
စစ်သူကြီးလေးယောက်က မီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီးသည့်နောက်တွင် သူတို့၏ အသက်မဲ့ခန္ဓာကိုယ်များက စတင်လှုပ်ရှားလာကြသည်။ လီကျွင်းက သူတို့အား မေးခွန်းတချို့မေးလိုက်သော်လည်း သူတို့က ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွား၏။
“ တစ်ခုခု သိခဲ့ရသေးလား” ဝမ်ဝေ့က သူ့အနားရောက်ရှိလာကာ မေးလိုက်၏။
“ အထွတ်အထိပ်ဘုရင်ခုနစ်ပါးက ပိုင်နက်ခုနစ်ခုကို အုပ်ချုပ်တယ်။ တစ်ခုချင်းစီကို ဒုစရိုက်ခုနစ်ပါး နာမည်တွေ ပေးထားပြီးတော့ ဒီလူတွေက ပျင်းရိခြင်းဘုရင်ရဲ့ တပ်ဖွဲ့ကပဲ”
“ အဲဒါဆိုတော့ သူတို့က နောက်ကွယ်ကလူတွေပေါ့။ ကြည့်ရတာ အဆင့်နိမ့်ဘုရင်တွေလည်း ရှိဦးမယ်ထင်တယ်”
“ ဟုတ်တယ်”
“ သူတို့တွေ ဘယ်လိုပြောင်းရွှေ့သွားလဲဆိုတာကို သိလိုက်ရလား”
“ ဘုရင်က သူတို့ရဲ့ အခြေစိုက်စခန်းအဖြစ် တည်နေရာကို ရွေးချယ်သွားနိုင်ပြီးတော့ သူတို့ရဲ့ စစ်သူကြီးတွေကို အဝေးကနေ ဆင့်ခေါ်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ တန်ကြေးတော့ ရှိတယ်”
“ ဒါပေါ့”
“ တန်ကြေးက ကျွန်တော်တို့ရဲ့ တိုင်းသူပြည်သား အဆင့်အတန်းကို စွန့်ပစ်ပြီးတော့ မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာသား ဖြစ်သွားလိမ့်မယ်”
“ သူတို့က ငါတို့ကို အရေးသာချက် မပေးထားဘူးပဲ။ တခြားဟာရော ရှိသေးလား”
“ အခြေစိုက်စခန်းရှိတဲ့ ဘုရင်တွေက သူတို့တပ်ဖွဲ့ကနေ ဘယ်လောက် ကွာဝေးရမယ်ဆိုတာကို ကန့်သတ်ထားတာ မရှိဘူး။ ပိုပြီးတော့ လှုပ်ရှားနိုင်တယ်။ သိရသလောက် သူတို့ဝိညာဉ် ရှာဖွေခံရမှာကို တစ်ယောက်ယောက်က တားဆီးထားတယ် တူတယ်”
“ အင်း” ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် ခေတ္တမျှ စဉ်းစားလိုက်သည် “ ကြည့်ရတာ ကူးသန်းပြောင်းရွှေ့ရေး နည်းလမ်းတစ်ခုထဲပဲ မဟုတ်လောက်ဘူး”
“ သူတို့တွေက တပ်ဖွဲ့တွေကို ကူးသန်းပြောင်းရွှေ့နိုင်တဲ့ နည်းလမ်းလည်း ရှိလောက်တယ်” လီကျွင်းက ပြောလိုက်၏။
“ ငါတို့သာ သင်ယူနိုင်မယ်ဆိုရင် အခြေအနေက ငါတို့ဘက်ကို သိသာလာလိမ့်မယ်” ဝမ်ဝေ့က သုံးသပ်လိုက်၏။
“ ဒါပေမဲ့ ဘုရင်တွေအတွက် ပိုင်နက်တစ်ခုကနေ တစ်ခုကို ကူးသန်းသွားနိုင်မဲ့ နည်းလမ်းရှိမှာတော့ အသေအချာပဲ”
“ အစ်ကိုကြီးနဲ့ တိထျန်းလိုမျိုး အားကောင်းတဲ့သူတွေအတွက်ဆိုရင် အကောင်းဆုံးနည်းဗျူဟာက ထွက်ပြေးပြီး ပုန်းအောင်းနေဖို့ပဲ။ အဲဒါကြောင့် သွားလာနိုင်စွမ်းက သော့ချက်ပဲ” လီကျွင်းက သဘောတူလိုက်သည်။
ထို့နောက် ရုတ်ချည်းဆိုသလို ခေါင်းစဉ်ပြောင်းကာ “ ဒါနဲ့ အရင်က ပြောခဲ့ဖူးတဲ့ စိတ်ကစဉ့်ကလျား ဖြစ်တဲ့အကြောင်းကို ထပ်ပြောပြလို့ရမလား”
“ စိတ်ကစဉ့်ကလျားဖြစ်တာလား။ အဲဒါက မင်းရဲ့ ဉာဏ်အလင်းပွင့်မှုနဲ့ သက်ဆိုင်နေတာလား”
“ ဟုတ်တယ်”
“ အင်း။ စိတ်ကစဉ့်ကလျားနဲ့ သတ်ဖြတ်ရေးတဲ့လား။ အတော်လေးတော့ ထူးထူးဆန်းဆန်း သင့်တော်သား။ ဒါပေမဲ့ ပြဿနာမရှိဘူး။ ငါ သိထားတာက နည်းနည်းလေးပဲ ရှိတယ်” သူက အွန်လိုင်းပေါ်မှ ဖတ်ဖူးသည့် အရာတချို့နှင့် ဖောက်သည်တချို့ကို အထင်ကြီးစေရန် အခြေခံဗဟုသုတလောက်များသာ ဖတ်ရှုထားခြင်း ဖြစ်၏။
“ ကိစ္စမရှိပါဘူး”
“ တကယ်လို့ မင်း သတ်ဖြတ်ရေးတာအိုကို အဆင့်မြှင့်ချင်ရင် စိတ်ခံစားချက်၊ ဝိညာဉ်နဲ့ ဆေးဝါးစည်းမျဉ်းကို လေ့လာသင့်တယ်”
“ အစ်ကိုကြီး ပြောတာ မှန်လောက်တယ်” သူက ရေရွတ်ပြီးသည့်နောက်တွင် ဆက်လက်စဉ်းစားလိုက်၏။ ထို့နောက် သူက တခြားသော ကိုယ်ပွား ၈ခုနှင့် အမြန်အဆန် ပေါင်းစပ်မိသွားသည်ဟု ခံစားမိလိုက်သည်။ ကံဆိုးစွာဖြင့် သူက ဤအဖြစ်အပျက်အတွက် ထိုစွမ်းအားကို လိုအပ်နေလေ၏။ ထို့နောက် လီကျွင်းက သူသည် အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်ကာ အများကြီး စိုးရိမ်စရာမလိုကြောင်း သဘောပေါက်သွားသည်။
သူက ကျန်ရှိနေသည့်တပ်ဖွဲ့အား သုတ်သင်လိုက်ပြီး ဒိုင်းကာ တပ်ဖွဲ့ကာကွယ်နေသည့် အရှေ့ဖက်နှင့် အနောက်ဖက်ကိုပါ အာရုံစိုက်လိုက်သည်။ မသေနိုင်သည့် တပ်ဖွဲ့က သူတို့၏ ပြိုင်ဘက်များကို အဆုံးသတ်ပြီးသည့်နောက် သူတို့က သတ်ဖြတ်ရေး တပ်ဖွဲ့ကို လာရောက်ကူညီလေ၏။
………………………………
ပျင်းရိခြင်းစံအိမ်
စစ်သူကြီး(၁)က တစ်စုံတစ်ယောက် စောင့်ဆိုင်းနေသည့် အခန်းအတွင်း ရုတ်ချည်းဆိုသလို ပေါ်ထွက်လာပြီး “ အရှင် တာဝန်ကျရှုံးသွားပါတယ်”
သူက ကြမ်းပြင်ပေါ် တုံးခနဲ လဲကျသွားပြီး သေဆုံးသွားသည်။
***