← Chapters

သစ္စာဖောက်

Vol. 48 Ch. 665

သစ္စာဖောက်

Vol. 48 Ch. 665

ပျင်းရိခြင်းက လူသားနှင့်တူသည့် အမျိုးသားငယ်တစ်ဦးဖြစ်ပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ တစ်ခုတည်းသော ကွဲပြားချက်က သူ့မျက်ဝန်း ဝန်းကျင်တွင် အဝတ်အစတစ်ခုဖြင့် ရစ်ပတ်ထားပြီး မျက်ဆံအိမ်သာရှိပြီး မျက်လုံး မရှိသည့်အချက်ကို ဖုံးထားလေသည်။ သူက မျက်လုံးမဲ့မိစ္ဆာမျိုးနွယ်မှ ဖြစ်၏။

“ သေသွားပြီလား”  သူက သူ့အရှေ့မှ အလောင်းကို ကြည့်ရင်း သူ့ဒေါသကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ရသည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် စစ်သူကြီး(၁)၏ ခန္ဓာကိုယ်အတွင်း ထူးဆန်းသည့် ပိုးကောင်တစ်ကောင်ကို ထည့်သွင်းလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုသူ၏ ခန္ဓာကိုယ်က အသက်ပြန်ရှင်နေသကဲ့သို့ လှုပ်ရှားလာ၏။

“ ဘာဖြစ်ခဲ့တာလဲ”

“ ကျွန်တော်တို့… တပ်ဖွဲ့တွေက… သုတ်သင်ခံလိုက်ရပါတယ်”

“ ဘယ်လိုလဲ။ အစီအစဉ်က ပြီးပြည့်စုံနေတာလေ”

“ ကျွန်တော်တို့ ရန်သူက …” သူက စကားမဆုံးခင် သူ့ခန္ဓာကိုယ်မှ အရိပ်လှံတစ်ခု ထွက်ပေါ်လာကာ ပျင်းရိခြင်း၏ လည်ပင်းဆီ ကျရောက်လာသည်။ သူက အနည်းငယ် တိမ်းစောင်းရှောင်လိုက်သော်လည်း သူ့ပါးပြင်အထက် ဒဏ်ရာအနည်းငယ် ရရှိသွား၏။ ပျင်းရိခြင်းက စစ်သူကြီး(၁) ဖြည်းဖြည်းချင်း ပျက်သုဉ်းသွားသည်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။

“ အရမ်းသတိထားတာပဲ။ ကောင်းပြီ” သူက အံကြိတ်ကာ ရေရွတ်လိုက်၏။ သူက ဘုရင်အဆင့်အတန်းကို အသုံးပြုကာ ကြေးမုံတစ်ခုကို ဖန်တီးလိုက်ပြီး အစိမ်းရောင် အစက်အပြောက်များစွာကို မြင်လိုက်ရသည်။ သို့သော်လည်း စက္ကန့်ပိုင်းနှင့်အမျှ အနီရောင် အစက်အပြောက်များစွာက ပျောက်ကွယ်သွားသည်။

“ တစ်ဖက်သတ် သတ်ဖြတ်မှုပဲ”

ပျင်းရိခြင်းက သူ့တပ်ဖွဲ့နှင့် စစ်သူကြီးများကို ဆုံးရှုံးလိမ့်မည်မှန်း ခန့်မှန်းမိပြီးသားဖြစ်၏။ အစီအစဉ်က သူ ပုန်းအောင်းနေစဉ် ဝမ်ဝေ့၏ တပ်များကို အားနည်းသွားစေပြီး ထိုသူအား ကစားပွဲမှ ထွက်ခွာသွားစေပြီး ဝင်ခွင့်အမှတ်အသားပြားကို ရယူဖို့အတွက် နောက်ထပ်ပြိုင်ပွဲဝင်ကို သတ်ဖြတ်ပစ်ဖို့ရာသာ ဖြစ်သည်။ ကံဆိုးစွာဖြင့် ထိုအစီအစဉ်က ဆိုးဆိုးရွားရွား ကျရှုံးသွားရသည်။ ပျင်းရိခြင်းက အကြောင်းအရင်းကို သိချင်လို၏။ ပြောရလျှင် သူက အပြစ်တင်ဖို့ တစ်စုံတစ်ယောက်ကို လိုချင်မိသည်။

သူက ကြေးမုံကို ထိန်းချုပ်ကာ တစ်စုံတစ်ယောက်နှင့် ဆက်သွယ်လိုက်၏။

……………………………

လောဘပိုင်နက်

တဲထဲတွင် အမျိုးသားတစ်ဦးက အမျိုးသမီးများစွာ ဝန်းရံလျက် လဲလျောင်းနေသည်။ သူတို့က သူ့အား အစာခွံ့ကျွေးကာ ယပ်တောင်ခပ်ပေးခြင်း၊ နှိပ်နယ်ပေးခြင်းတို့ ပြုလုပ်နေကြ၏။

“ ဒါက ဘယ်အချိန် အဆုံးသတ်မှာလဲ” အပျင်းသမားကိုလူချောက မေးလိုက်သည်။

“ လောင်ကုန်း … ရှင် သည်းခံရဦးမယ်”

“ ကိုယ် တိုက်စရာ မလိုဘူးမလား”

“ တကယ်လို့ အားကောင်းတဲ့ ဘုရင်ပေါ်လာရင်တော့ တိုက်ရမှာပေါ့” နောက်ထပ် မိန်းမလှတစ်ဦးက ပြောလိုက်၏။

“ တကယ်ကို စိတ်ရှုပ်စရာပဲ” အပျင်းသမားကိုလူချောက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

“ လောင်ကုန်း ဘာဖြစ်လို့လဲ”

“ ဘာမှမဖြစ်ပါဘူး။ နည်းနည်း အိပ်ချင်လာလို့” ထို့နောက် သူက မျက်လုံးကိုမှိတ်ကာ အိပ်လိုက်၏။ သူ့အိပ်မက်အတွင်း တစ်စုံတစ်ယောက်က သူ့ရှေ့ပေါ်ထွက်လာသည်။

“ အရှင်” အပျင်းသမားကိုလူချောက ဒူးထောက်ကာ ပြောလိုက်၏။

“ မင်းက ငါ့ကို ဘာလို့မပြောတာလဲ”

“ ဟင်”

“ လီကျွင်းရဲ့ တပ်ဖွဲ့တွေက ဒီလောက်အားကောင်းတယ်ဆိုတာကို ဘာလို့မပြောတာလဲ” ပျင်းရိခြင်းက အပျင်းသမားကိုလူချောကို ကန်ထုတ်ကာ အော်ပြောလိုက်သည်။

“ ခွင့်… ခွင့် .. ခွင့်လွှတ်ပေးပါ။ ကျွန်တော် မသိခဲ့တာပါ”

“ မင်းအလုပ်က သိအောင်လုပ်ဖို့ပဲ မင်းရဲ့ တည်ရှိမှုက ငါ မသိတဲ့အရာတွေကို သိအောင်လုပ်ဖို့” ပျင်းရိခြင်းက ဆက်တိုက်ကန်နေရင်း ပြောလိုက်သည်။

“ စစ်သူကြီးနဲ့ တပ်ဖွဲ့တွေရဲ့ လေ့ကျင့်မှုက အရမ်းကို သီးသန့်ဆန်ပြီးတော့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမှာသာ ပေါ်ထွက်လာလေ့ရှိတာပါ။ မျိုးဆက်အများစုမှာ သူတို့က အရေးမကြီးလို့ သတင်းအချက်အလက် နည်းနည်းသိထားရတာပါ”

အပျင်းသမားကိုလူချောက သွေးအန်နေသည့်အခါ ပျင်းရိခြင်းက ရပ်တန့်လိုက်သည်။

“ ကျွန်တော်က တာအိုအခွင့်အလမ်းဂိုဏ်းကို မကျူးကျော်နိုင်တော့ သတင်းအချက်အလက် အရင်းအမြစ်က မရှိသလောက် ဖြစ်နေတာပါ”

ပျင်းရိခြင်းက အသက်ပြင်းပြင်းရှူကာ တည်ငြိမ်အောင်ထိန်းလိုက်သည်။ သူက ထိုအရာသည် အမှန်ဖြစ်ကြောင်း သိလေ၏။ အပျင်းသမားကိုလူချောက အသင်္ချေအင်ပါယာကမ္ဘာကို ကျူးကျော်ဝင်ရောက်ကာ ဒေါသ ပေးထားသည့် သူ့ဇစ်မြစ်ကို ဖုံးကွယ်ထားနိုင်သည့် ဟွင်သွမ်းရတနာနှင့် သူ့ပျင်းရိမှုကို ဗန်းပြထားမှုကြောင့် ကောင်းမွန်သည့် သတင်းအချက်အလက် ကွန်ယက်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

သူ့ကို သိထားသည့်လူအများစုက သူ့ဇာတ်ကြောင်းကို ရယ်သာ ရယ်မောကြပြီး အာရုံစိုက်ကြမည် မဟုတ်သည့်အတွက် သူက နောက်ကွယ်မှ ကိစ္စများစွာကို လုပ်ဆောင်နိုင်လေသည်။ ဒေါသက တိထျန်းနှင့် ဝမ်ဝေ့တို့၏ စွမ်းအားကဲ့သို့သော နက်ရှိုင်းသည့် လျှို့ဝှက်ချက်များကို ရယူနိုင်သည့် နည်းလမ်းရှိပုံပေါ်သည့်အတွက် သူ့ကဏ္ဍက သိပ်တော့ အရေးမကြီးလှပေ။

“ မင်း နောက်ထပ် ထပ်ပြီးတော့ မကျရှုံးတာ ကောင်းလိမ့်မယ်” ပျင်းရိခြင်းက ပြောလိုက်သည်။ သူက အပျင်းသမားကိုလူချောကို သူ့အဆီအနှစ်နှင့် လူသားခန္ဓာကိုယ်ဖြင့် ဖန်တီးခဲ့ခြင်းဖြစ်ရာ အပျင်းသမားကိုလူချောက သူ့တစ်စိတ်တစ်ပိုင်းမျှ ဖြစ်နေသည်။

“မဟုတ်ရင် မင်း အကျိုးဆက်ကို သိပါတယ်”

ပျင်းရိခြင်းက ဆက်သွယ်မှုကို ဖြတ်တောက်ကာ တုန်တုန်ယင်ယင်ဖြစ်နေသည့် အပျင်းသမားကိုလူချောကို ချန်ထားခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို သူက ဒေါသအား ဆက်သွယ်ကာ တခြားသူများနှင့်တွေ့ဆုံဖို့ ပြောလိုက်သည်။

“ ကျရှုံးသွားတာလား” ဒေါသက ပြောလိုက်၏။

“ ဟုတ်ပါတယ်”

“ သူတို့တပ်ဖွဲ့တွေရော ဘယ်လောက်ထိခိုက်သွားလဲ”

“ ကျုပ်မသိဘူး။ ဒါပေမဲ့ ကျုပ်တပ်ဖွဲ့တွေကို သတ်ဖြတ်နှုန်းအရတော့ အနည်းအပါးပဲ ဖြစ်မယ်တူတယ်”

“ ဒါဆိုရင် ပြဿနာပဲ။ တဏှာ မင်းဘက်ကရော”

“ တိထျန်းရဲ့တပ်တွေက ထင်ထားသလောက် အံ့ဩဖို့မကောင်းဘူး။ အဲဒါကြောင့် ကျုပ်တို့ဘက်မှာ အရေးသာနေတယ်။ ဒါပေမဲ့ မူမမှန်မှုတစ်ခုဖြစ်လာတယ်” သူမက ပြောလိုက်၏။

“ ကောင်းကင်တာအို စည်းပိတ်ထားတဲ့သူလား”

“ ဟုတ်ပါတယ်။ ကျွန်မရဲ့ စစ်သူကြီးတွေက သူ့ကို ထိန်းထားနိုင်ရုံပဲ တတ်နိုင်တယ်။ ကျွန်မတို့တွေ လူအများကြီး ဆုံးရှုံးခဲ့ရတယ်”

“ မင်းနဲ့ ယှဉ်လိုက်ရင် သူ့ဘက်က သေဆုံးမှုကရော”

“ ကျွန်မတို့တွေ နိုင်နေပါသေးတယ်။ ဒါပေမဲ့ သိပ်ကြာကြာခံမှာ မဟုတ်ဘူး”

“ အဲဒါဆို နောက်ဆုတ်ချင်လား” ဒေါသက မေးလိုက်၏။

“ သူ့ကို နည်းနည်းလောက် ထပ်ပြီး အားနည်းအောင် လုပ်ဦးမယ်”

“ ကောင်းပြီ။ ဒါပေမဲ့ အစီအစဉ်တစ်ခုလုံးအပေါ် သက်ရောက်မှုမရှိစေနဲ့” ဒေါသက တည်ငြိမ်စွာ ပြောလိုက်၏။

“အစားကြူးသူ …  မိုရှင်းယွင်ဘက်မှာလည်း ဘယ်လိုလဲ”

“ သူမက ထင်ထားတာထက်ပိုပြီးတော့ ဉာဏ်များတယ်။ ပြီးတော့ အတားအဆီးတွေကို ချိုးဖောက်သွားတော့ အခု လိုက်ဖမ်းနေတုန်းပဲ။ သူမက အတော်လေးကို လှည့်စားတတ်တဲ့ စိတ်မျိုး ပိုင်ဆိုင်ထားတယ်”

“ သတိထား။ လက်လျှော့ဖို့ကို တုံ့ဆိုင်းမနေနဲ့။”

“ ဟုတ်ကဲ့ပါ”

“ နောက်ထပ် တင်ပြစရာ ရှိသေးလား” ဒေါသက မေးလိုက်သော်လည်း ဘယ်သူကမှ ပြန်မဖြေကြပေ။

“အဲဒါဆို ပျင်းရိခြင်းကလွဲရင် ကျန်တဲ့သူအားလုံး ထွက်သွားလို့ရပြီ”

“ ကျုပ် တကယ်တောင်းပန်ပါတယ်” ပျင်းရိခြင်းက သူ တစ်ယောက်တည်း ရှိသည်နှင့် ရှင်းပြလိုက်သည်။

“ တောင်းပန်နေစရာ မလိုဘူး။ မင်းကို ဘာမှအပြစ်တင်မှာ မဟုတ်ဘူး” သူက ဖျောင်းဖျလိုက်၏။

“ငါက တခြားတစ်ခုအတွက် ခေါ်လိုက်တာ”

ပျင်းရိခြင်းက နားမလည်သည့်အတွက် ဒေါသက ရှင်းပြလိုက်သည်။

“ တစ်ယောက်ယောက်က မင်းအပေါ်မှာ နောက်ယောင်ခံ ထားထားတယ်။ ငါက အခု ဖယ်ရှားပေးမလို့”

“နောက်ယောင်ခံလား” ပျင်းရိခြင်း၏ မျက်နှာထားက ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။

“ ကြည့်ရတာ မင်း ဘာဖြစ်သွားတယ်ဆိုတာ သိနေတဲ့ပုံပဲ” ဒေါသက ပြောလိုက်သည်။

“ ဟုတ်တယ်”

ဒေါသက ပျင်းရိခြင်းပါးပြင်မှ တစ်စုံတစ်ခုကို ဖယ်ရှားလိုက်သည်။

“အခုကစပြီး သတိထား”

“ ဟုတ်ကဲ့”

“ မင်းကို သိတယ်။ မင်းက ဝမ်ဝေ့ကို လက်စားချေဖို့ ကြံစည်နေမှာပဲ။ မင်းက ဘယ်နည်းလမ်းကို သုံးမှာလဲ” ဒေါသက ပျင်းရိခြင်းသည် ဆုံးရှုံးမှုခံယူဖို့ ငြင်းဆန်ကြောင်း သိလေသည်။

“ ကျုပ်…”

“ အစီအစဉ်ကိုပြော။ တကယ်လို့ ငါ သဘောတူတယ်ဆိုရင် မင်းကို ထောက်ပံ့ပေးမယ်။ တကယ်လို့ မဟုတ်ဘူးဆိုရင်တော့ မင်း အခု လက်လျှော့လိုက်တော့”

ပျင်းရိခြင်းက ထိုလှပသည့် မျက်ဝန်းတစ်စုံမှ သူ့ဝိညာဉ်ဆီ ထိုးဖောက်ကြည့်နေသည့်အလား ကြောက်မက်ဖွယ်ဖိအားကို ခံစားမိလာသည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ သူ စီစဉ်ထားသည့်အရာကို ထုတ်ပြောလိုက်၏။

“ မင်းရဲ့ လက်စားချေမှုအတွက် စိတ်ဆန္ဒကို ကျေနပ်စေမဲ့ နည်းလမ်းကောင်းပဲ။ ကောင်းပြီလေ။ မင်း သွားလို့ရပြီ”

ပျင်းရိခြင်းက ချက်ချင်းဆိုသလို ဆက်သွယ်မှုကို အဆုံးသတ်ကာ ပုခုံးပေါ်မှ ဝန်ထုပ်ကြီး ပျောက်သွားသလို ခံစားလိုက်ရသည်။

“ အရင်တုန်းကလို ကြောက်ဖို့ ကောင်းနေတုန်းပဲ” သူက ရေရွတ်လိုက်ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။

သူက ကြေးမုံကို အသက်သွင်းကာ  “တဏှာ ဘာလိုချင်လို့လဲ”

“ တစ်ခုခု စစ်ဆေးကြည့်ချင်လို့ပါ”

“ မင်းက ဘယ်အချိန်တုန်းက သဘောကောင်းသွားတာတုန်း”

“ မတရားလိုက်တာ။ ကျွန်မတို့တွေက အရမ်းနီးကပ်ခဲ့တာလေ။ ရှင့်ကို စစ်ဆေးကြည့်ချင်တာ ဘာမှားလို့လဲ”

“ မင်းက ဘာလိုချင်လို့လဲ” ပျင်းရိခြင်းက မျက်ခုံးပင့်ကာ မေးလိုက်၏။

“ ဘာမှမဟုတ်ပါဘူး။ အရင်တုန်းက ကစားပွဲမတိုင်ခင်တုန်းက ရင်းနှီးခဲ့တဲ့ အတိတ်ကို ပြန်စဉ်းစားမိသွားလို့ပါ။ ရှင် စိတ်ဓာတ်ကျနေတာကို မြင်ပြီးတော့ အဲ့မှတ်ဉာဏ်တွေ ပြန်ပေါ်လာတယ်လေ”

တဏှာက ညင်ညင်သာသာ ပြုံးလိုက်ပြီး   “ကျွန်မ ရှင်နဲ့ တွေ့ချင်တယ်”

ပျင်းရိခြင်းက အောက်နှုတ်ခမ်းကို အသာကိုက်ကာ “ကောင်းပြီ လာတွေ့လှည့်”

ဘုရင်များက မဟာမိတ်ဖြစ်နေလျှင် သူတို့ပိုင်နက်တစ်ခုနှင့် တစ်ခုကြား ကူးသန်းပြောင်းရွေ့ သွားလာနိုင်သည်။ ဤသည်က ပိုင်နက်အသီးသီးခြား သွားလာနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။ ထိုမဟာမိတ်စနစ်ကြောင့် သူတို့က အကွာအဝေးများစွာကို ဆက်သွယ်နိုင်ခြင်းလည်း ဖြစ်၏။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် မလုံတလုံ ဝတ်ဆင်ထားသည့် တဏှာက သူ့အခြေစိုက်စခန်းဆီ ရောက်ရှိလာသည်။ သူတို့နှစ်ဦးက တုံ့ဆိုင်းမနေဘဲ အချင်းချင်း ဖက်လိုက်ပြီး စိတ်အလိုဆန္ဒများထံ ရှုံးနိမ့်သွားရသည့် တိရစ္ဆာန်များလို ပြုမူနေကြသည်။

နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ပျင်းရိခြင်းက တဏှာ၏ လှပကာ ကြော့ရှင်းသည့် အရေပြားကို ကြည့်နေမိသည်။ သူမ၏ ဆွဲဆောင်မှုက တကယ်ကို စွဲမက်ဖွယ်ကောင်းလှ၏။

“ ရှင့်ပိုင်နက်ထဲမှာ လျှောက်ကြည့်မယ်ဆိုရင် စိတ်မရှိဘူးမလား။ ကျွန်မ ဒီကိုရောက်တာ နည်းနည်းတော့ ကြာသွားပြီလေ”

“ မင်း လုပ်ချင်တာလုပ်။ ဒါပေမဲ့ သတိထားဦး”

“ ကောင်းပြီ။ ကျေးဇူးပါ” တဏှာက သူ့ကို အနမ်းတစ်ပွင့် ပေးပြီးသည့်နောက် အခန်းအတွင်းမှ ထွက်သွားလေသည်။ ပျင်းရိခြင်းက သူမ ထွက်သွားသည်ကို လိုက်ကြည့်နေ၏။

ဒီစစ်ဆေးမှုမှာ ငါတို့တွေက ငါတို့ရဲ့ ဒုစရိုက်ခုနစ်ပါး အပြစ်ကြွေးကို အောင်နိုင်ဖို့ လိုတယ်။ မင်းက ဘာဖြစ်သွားတာလဲ။ မင်းက မင်းရဲ့ စွမ်းအားမှာ ပျော်မွေ့ဖို့ ဆုံးဖြတ်လိုက်တာလား ဒါမှမဟုတ် ကျရှုံးသွားတာလား…

သူက ခေါင်းအသာယမ်းပြီး သက်ပြင်းချလိုက်သည်။ သူက ထွက်မသွားခင် အဝတ်များကို ဝတ်ဆင်လိုက်၏။ သူက ပြီးမြောက်ဖို့ လိုအပ်နေသည့် တခြားအစီအစဉ်များ ရှိနေသည်။

………….

“ ဂိုဏ်းချုပ် သတင်းတချို့ ရလာတယ်” ဝမ်ကျူက ပြောလိုက်သည်။

“ ဘာများလဲ”

“ ရန်သူအပေါ်ထားထားတဲ့ နောက်ယောင်ခံကို တစ်ယောက်ယောက်က ဖယ်ရှားပစ်ခဲ့တယ်”

“ သူတို့က အတော်လေး လုပ်ဆောင်နိုင်စွမ်း ရှိတာပဲ။ နောက်ထပ် သတင်းအချက်အလက်ရခဲ့သေးလား”

“ သူတို့တည်နေရာနဲ့ ပတ်သက်ပြီး ယေဘုယျနေရာ တစ်ခုတော့ ရခဲ့တယ်။ ဒါပေမဲ့ အတိအကျတော့ မဟုတ်ဘူး”

“ အဲဒါဆိုရင် အဆင်ပြေပါတယ်”

ဝမ်ဝေ့က ၇၅ ရာခိုင်နှုန်းကျော် အသက်ဝင်နေသည့် သူ့အမှတ်အသားပြားကို ကြည့်လိုက်သည်။ နောက်ထပ် အောင်မြင်မှုအနည်းငယ်ဖြင့် အပြည့်အဝ အသက်ဝင်လာလိမ့်မည် ဖြစ်၏။ ထိုအခါ သူ့အနေနှင့် အမှတ်အသားပြားက ခွင့်ပြုထားသည့် လူအရေအတွက်အကြောင်း စိုးရိမ်ရတော့မည်။ လူများများ ခွင့်ပြုနိုင်လေလေ အမှတ်အသားပြား အဆင့်မြင့်မားဖို့ ပိုလိုအပ်လေလေဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။

ဝမ်ဝေ့က အမြှောက်စာ နည်းဗျူဟာဆီမှ ကာကွယ်ဖို့ ဆုံးဖြတ်ထားသည်။ သူက တိထျန်းနှင့် မတိုက်ခင် အကောင်းဆုံးအခြေအနေဖြစ်ဖို့ လို၏။

“ တကယ်ကို ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုပဲ” လီကျွင်းက အဖွဲ့ဆီ ချဉ်းကပ်လာပြီး ပြောလိုက်သည်။

“နောက်ဆုံးတော့ မြင်းတပ်အတွက် မြင်းလုံလုံလောက်လောက် ရှိခဲ့ပြီ”

“ ပြီးတော့ ငါတို့တွေ ဦးတည်ချက်လည်း ရှိပြီးပြီ” ဝမ်ဝေ့က ဝမ်ကျူ တွေ့သည့်အရာကို ရှင်းပြကာ ပြောလိုက်၏။

“ တကယ်လို့ ဘုရင်တွေက အခြေစိုက်စခန်းရှိတယ်ဆိုရင် သာမန်မြို့တွေနဲ့ ကွဲပြားပြီးတော့ မြင်လိုက်တာနဲ့ တန်းသိမှာမလား”

“ ဟုတ်တယ်။ ဒါပေမဲ့ တည်နေရာက ဒီပိုင်နက်ရဲ့ အစွန်အဖျားဆိုတော့ ဝေးလွန်းတယ်။ လမ်းလျှောက်သွားမယ်ဆိုရင် နှစ်ချီကြာနိုင်တယ်” ထျဲ့ကန်က ပြောလိုက်သည်။

“ မင်း ပြောတာဟုတ်တယ်။ မြင်းတွေရှိတယ်ဆိုပေမဲ့ အားလုံးအတွက်တော့ မလုံလောက်သေးဘူး”

“ အဲဒီတည်နေရာအတိုင်း သွားကြတာပေါ့။ တကယ်လို့ အခြေစိုက်စခန်းတွေ့တယ်ဆိုလည်း အဆင်ပြေတယ်။ တကယ်လို့ မတွေ့ဘူးဆိုရင်လည်း မြန်မြန်ဆန်ဆန် သွားနိုင်မဲ့နည်းလမ်းကို ရှာဖွေရင်းနဲ့ ဆက်ပြီးလုပ်ဆောင်ကြတာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒီမတိုင်ခင် လီလင်း တစ်ခုခု စမ်းသပ်ကြည့်ရအောင်”

“ ဘာများလဲ”

“ အကြံပေးတွေက လူတွေကို တခြားဇာတ်ကောင်တွေ ပေးနိုင်လားဆိုတာကို စမ်းကြည့်ရအောင်”

“ အဲလိုသာဖြစ်နိုင်မယ်ဆိုရင် ကျွန်မရဲ့ အလုပ်က အတော်လေးကို လျော့ကျသွားမှာပဲ” သူမက တပ်သားများ၏ လက်နက်တချို့ကို ပြုပြင်ပေးပြီး ဆေးလုံးများကိုလည်း ဖော်စပ်ပေးရသည်။ အကူတစ်ယောက်လောက်က သူမအတွက် အကူအညီများစွာ ဖြစ်လိမ့်မည်။

***

All Chapters