← Chapters

ကံကြမ္မာကို သတ်ဖြတ်ခြင်း

Vol. 48 Ch. 667

ကံကြမ္မာကို သတ်ဖြတ်ခြင်း

Vol. 48 Ch. 667

ဖန်းလီကျွမ်းက အချိန်မဖြုန်းဘဲ သူမနှင့် ဆင်တူသော်လည်း ပတ်ဝန်းကျင်တွင် ထူးဆန်းသည့် အငွေ့အသက်မျိုး ရှိထားသည့် ဓမ္မခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်။ ထိုအရာက မတည်ရှိသလိုမျိုး ထင်ရကာ ကိုယ်ပျောက်နေ၏။

လီကျွင်းကလည်း သူမအတိုင်း လိုက်လုပ်ကာ သူ့ဓမ္မခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက်သည်။ သူ့မျက်ဝန်းတွင် ဖုံးကွယ်ထားသည့် သွေးဆာမှုတို့ ပါဝင်နေ၏။

“ ပြောစမ်းပါဦး။ ရှင် မမြင်နိုင်တဲ့အရာကို ဘယ်လိုသက်ရောက်မှု ရှိစေမှာလဲ။”

လီကျွင်းက ချက်ချင်းဆိုသလို ဖန်းလီကျွမ်းကို မမြင်ရတော့ပေ။ သူမက ကိုယ်ပျောက်သွားပြီး ကမ္ဘာကြီးထံ မတည်ရှိတော့သည့်အလား ဖြစ်လာ၏။

“ နတ်ဘုရားဆီကနေ ပုရွက်ဆိတ်က ဘယ်လိုလုပ် ပုန်းအောင်းနိုင်မှာလဲ။ ကံဆိုးတာက သေခြင်းတရားဆီကနေ လွတ်မြောက်နိုင်တဲ့ သက်ရှိဆိုတာ မရှိဘူး။” သူ့ဓမ္မခန္ဓာကိုယ်က ဖန်းလီကျွမ်း၏ တည်နေရာထံ ရွှေရောင်လှံကို ထိုးချလိုက်သည်။

အရိပ်လွတ်မြောက်ခြင်း

သူမက အဝေးတစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာပြီး တိုက်ကွက်ကို ရှောင်လိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို ဖန်းလီကျွမ်းက ဤတိုက်ပွဲသည် သူမ ထင်ထားသလိုမျိုး လွယ်ကူမည် မဟုတ်ကြောင်း သိလိုက်သည်။

“ အရိပ်တာအိုလား။ အရင်တစ်ခါက်ကထက် တိုးတက်လာသားပဲ” လီကျွင်းက ပြောလိုက်သည်။

ဖန်းလီကျွမ်းက ပြန်မဖြေပေ။ သူမသည် ယခင်က မောက်မာခဲ့သော်လည်း သူမ၏ သွေးမျိုးဆက်၏ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး ဤမျိုးဆက်တွင် ကိစ္စများစွာ ကြုံတွေ့ပြီးသည့်နောက်တွင် အံ့ဖွယ်မျိုးနွယ်၏ နစ်နာစေသည့် အတွေးအခေါ်များကို ဆုပ်ကိုင်ထားလောက်အောင် မတုံးအတော့ပေ။ သူမက သူမဘာသာသူမ ကျေနပ်အားရလောက်အောင် မည်သို့တိုးတက်အောင် လုပ်ရမည်ကို သိလာခဲ့၏။ မဟုတ်ပါက သူမအတွက် စောင့်ဆိုင်းနေသည့် တစ်ခုတည်းသော ကံကြမ္မာက သေခြင်းတရားသာ ဖြစ်၏။

အရိပ်ကမ္ဘာရဲ့ အမျက်ဒေါသ

လီကျွင်းက တစ်စုံတစ်ခုကို ခံစားမိလိုက်၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကိုယ်ပျောက်အရိပ်လား…

သူမက အရိပ်စွမ်းအားပြည့်ဝနေသည့် ကမ္ဘာငယ်တစ်ခုကို ဖန်တီးလိုက်ကြောင်း ခံစားမိလိုက်သည်။ ထို့နောက် သူမက ဖုံးကွယ်ရေးစွမ်းအင်ကို တိုးမြှင့်ဖို့အတွက် အရိပ်ဆီ ကိုယ်ပျောက်တာအိုကို ထပ်မံထည့်သွင်းခဲ့သည်။

ဘန်း

လှံ၊ ဓား၊ လက်ဝါးနှင့် လက်သီးချက်များ၏ အရိပ်များစွာက လီကျွင်းအပေါ် ကျရောက်လာသော်လည်း သူက ခြေတစ်လှမ်းမှ မလှုပ်ရှားပေ။ သူက ထိုတိုက်ကွက်များကို ခန္ဓာကိုချည်းသက်သက်ဖြင့် ဒဏ်ရာမရှိ ခံယူနိုင်လေသည်။ ထို့နောက် သူက သူမအား “မင်း တတ်နိုင်တာ ဒါပဲလား” ဆိုသည့် ပုံစံမျိုးဖြင့် ကြည့်လိုက်၏။

“ တစ်ခါတစ်ရံ ဗဟုသုတနဲ့ အမှန်တရားက ကျွန်မတို့အတွက် ပျောက်ကွယ်နေတတ်တယ်”

ဖန်းလီကျွမ်း၏ ဓမ္မခန္ဓာကိုယ်က ထိုနည်းစနစ်ကို ထုတ်သုံးပြီးသည့်နောက်တွင် ပတ်ဝန်းကျင်က ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ ပတ်ဝန်းကျင်ရှိ တပ်သားများက သူတို့၏ ဘဝတွင် သင်ယူထားသမျှအရာများနှင့် ဗဟုသုတများ ဆုံးရှုံးသွားကြပြီး မည်သို့ကျင့်ကြံရမည်နှင့် စွမ်းအားမည်သို့ အသုံးပြုရမည်ကိုပင် မသိကြတော့ပေ။

သူတို့က လူသားများဖြစ်ကြောင်း အခြေခံအမှန်တရားများကိုပင် စတင်မေ့လျော့လာကြသည်။ ထိုအရာက လီကျွင်းအတွက်လည်း အတူတူသာ ဖြစ်၏။

“ သက်ရှိတွေအားလုံးမှာ သေဆုံးမှု အကြောက်တရားက ကိန်းအောင်းနေတယ်။ သတ်ဖြတ်မှုဆိုတာက လူတစ်ယောက် ချောင်ပိတ်ခံရတဲ့အခါမှာ သတ်ဖြတ်တာက အလိုလို ဖြစ်လာမှာပဲ”

လီကျွင်း၏ လှုပ်ရှားမှုက ထိုမန္တန်၏ တန်ပြန်သက်ရောက်မှုကို ချက်ချင်းဆိုသလို ပယ်ဖျောက်ကာ မရဏစွမ်းအားဖြင့် စတင်တိုက်ခိုက်လိုက်သည်။ ဖန်းလီကျွမ်း၏ ဓမ္မခန္ဓာကိုယ်က ဧရာမသလင်းကျောက်အဖြစ် ပြောင်းလဲသွားကာ သူမကို ကာကွယ်ပေးထား၏။

ဝုန်း

သူမက တိုက်ကွက်ကို ခုခံလိုက်သော်လည်း ဒဏ်ရာရရှိသွားကာ နှာခေါင်းမှ သွေးများစီးကျလာပြီး အသားအရည်က ဖြူဖျော့သွားသည်။ ဖန်းလီကျွမ်းက သူမ ဒဏ်ရာများကို ကုသမည့် နည်းလမ်းအဖြစ် ပျောက်ကွယ်သွားအောင် လုပ်ဖို့ ကြိုးစားလိုက်သည်။ အကယ်၍ မရှိဘဲ ပျောက်ကွယ်နေပါက တည်ရှိမည် မဟုတ်ပေ။ ကံဆိုးစွာဖြင့် လီကျွင်း၏ တုယီနယ်ပယ်က ထိုအရာကို ခွင့်ပြုမထားပေ။

ဒါက မိုရှင်းယွင်ပြောတဲ့ တုယီနယ်ပယ်အဆင့်ဆိုတာလား။ လီကျွင်းက ဒီအဆင့်ရောက်အောင် ဘယ်လိုလုပ် ပါရမီကောင်းနေတာလဲ…

ဖန်းလီကျွမ်းက သူမသည် နဝမအဆုံးစွန်အုတ်မြစ်ကို မရရှိနိုင်ကြောင်း သိထားသည့်အတွက် အနည်းဆုံးတော့ တုယီနယ်ပယ်အဆင့် ဝင်ရောက်လိုသည်။ သို့သော် ထိုအရာက ပြောထားသည်ထက်ပင် ပိုမိုစိန်ခေါ်မှု ဖြစ်နေလေ၏။ သူမ၏ စိတ်ထဲ အလျင်အမြန် တွက်ချက်နေကာ တန်ပြန်တိုက်ကွက်ကို စဉ်းစားနေသည်။

ထိုစဉ် ဝမ်ဝေ့က တိုက်ပွဲကို အဝေးတစ်နေရာမှ ကြည့်နေ၏။ တိုက်ပွဲအတွင်း ဓမ္မခန္ဓာကိုယ်မှ ရွတ်ဖတ်သည့် စကားလုံးများက အံ့ဩစရာ မရှိပေ။ အထွတ်အထိပ်နယ်ပယ်အဆင့်တွင် တိုက်ပွဲက တာအိုအပေါ် နားလည်နိုင်စွမ်းနှင့် အယူအဆ သဘောထား ခံယူချက်တို့ကို ဆွေးနွေးခြင်းတို့လည်း ပါဝင်သည်။

လူတချို့အတွက် တုံးအကာ အကျိုးမရှိသော်လည်း တစ်ခုခုမှားယွင်းသွားခဲ့လျှင် ထိုတိုက်ပွဲက အန္တရာယ်ရှိသွားနိုင်ကြောင်း သိထားကြသည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်က ဤစကားစစ်ထိုးပွဲအတွင်း သူတို့တာအိုကို သံသယဖြစ်လာပါက စိတ်နတ်ဆိုး ရှိလာနိုင်ချေမြင့်မားကာ တာအိုနှလုံးသားနှင့် သူတို့၏ စိတ်အခြေအနေ ပျက်စီးသွားနိုင်သည်။

ထိုပြိုလဲမှုက ဧကရာဇ်တစ်ပိုင်းဟုခေါ်သည့် မူမမှန်သည့် တည်ရှိမှုတစ်ခုကို ဖန်တီးနိုင်သည်။ ထိုလူများက ကောင်းကင်တာအိုနှင့် ထိတွေ့မိလျှင် သူတို့၏ တာအိုအပေါ် သံသယရှိသည့်သူများ သို့မဟုတ် တာအိုကို မှားယွင်းစွာ အဓိပ္ပာယ်ဖော်ဆောင်သူများက သေဆုံးသွားကြလိမ့်မည်။

သို့သော်လည်း သမိုင်းကြောင်းတစ်လျှောက်တွင် ခြွင်းချက်တစ်ခုက အပူဧကရာဇ် ဖြစ်၏။ အပူဧကရာဇ်က သန့်စင်ယန်တာအိုကို ကျင့်ကြံပြီး အရာအားလုံးနှင့် သဘောတရားအားလုံးကို လောင်ကျွမ်းပစ်သည့် အဆုံးစွန်အပူပါဝင်သည့် တိုက်ခိုက်ရေး နည်းစနစ်တစ်မျိုးလည်း ဖြစ်သည်။ သို့သော်လည်း အထွတ်အထိပ်နယ်ပယ်အဆင့် တိုက်ပွဲတစ်ခုအတွင်း တစ်စုံတစ်ယောက်က သန့်စင်ယန်သည် ယင် မရှိဘဲ မရှိလာနိုင်ကြောင်း ထောက်ပြခဲ့၏။ ဆိုလိုသည်မှာ သူ၏ အဆုံးစွန် ယန်တာအိုတွင် ယင်တာအိုအနည်းငယ်မျှ လိုအပ်နေကြောင်း ဆိုလိုသည်။ ကံဆိုးစွာဖြင့် အပူဧကရာဇ်က ထိုအချက်ကို လက်ခံဖို့ ငြင်းဆန်ကာ စိတ်ပျက်ဖွယ် တပျစ်တောက်တောက် ပြောဆိုခဲ့သည်။

နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူက ဧကရာဇ်တစ်ပိုင်းအဆင့် မည်သို့ဝင်ရောက်သွားကြောင်း ဘယ်သူမှ မသိကြသော်လည်း သူက ကံကောင်းမှုတချို့ဖြင့် ကောင်းကင်အလိုဆန္ဒကို ရယူနိုင်ခဲ့သည်။ ထို့နောက် ကမ္ဘာကြီးက အတုအယောင်ဧကရာဇ်များထက် အားနည်းသည့်သူကို ဧကရာဇ်တစ်ဝက်အဆင့်ဟု ခေါ်ဆိုကြောင်း သင်ယူခဲ့ရသည်။

အတုအယောင်ဧကရာဇ်များက သူတို့၏ တာအိုနှလုံးသားကို ပြင်ဆင်နိုင်သရွေ့ တတိယတန်းစားဧကရာဇ် ဖြစ်လာနိုင်သည်။ သို့သော်လည်း ဧကရာဇ်တစ်ဝက်အဆင့်များကမူ အဆင့် ၅ တာအိုဘိုးဘေးလောက် အားနည်းကြသည်။ မှတ်တမ်းများအရ သူတို့သည် သာမန်ဧကရာဇ်များကဲ့သို့ ထာဝရစွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း သူတို့က တာအိုနှင့် ပြဿနာကို ဖြေရှင်းခြင်း သို့မဟုတ် တိုးတက်ခြင်းတို့ ပြုလုပ်နိုင်လား မသိရပေ။

ဝမ်ဝေ့က အပူဧကရာဇ်သည် ပထမဆုံးဧကရာဇ်တစ်ဝက် ဖြစ်မည်ဟု ကောက်ချက်ချထား၏။ ကောင်းကင်တာအိုက သူ့အလှည့်အပြီးတွင် ထိုအမှားအယွင်းကို ဖြေရှင်းခဲ့သည်။ အရင်းအမြစ် ဟွင်သွမ်းကမ္ဘာများကဲ့သို့သော တခြားနေရာများတွင် ဧကရာဇ်တစ်ဝက်အဆင့် ရှိနိုင်ချေ ရှိ၏။

ဖန်းလီကျွမ်းက သူမ၏ ချဉ်းကပ်မှုကို ပိုမိုပြင်းထန်စေဖို့ ဆုံးဖြတ်လိုက်သည်။

“ ကျွန်မတို့အတွက် အရေးကြီးဆုံးအရာတွေက မမြင်တွေ့နိုင်ဘူး”

လီကျွင်းအတွက် အရေးကြီးဆုံးအရာတွေက ဘာတွေလဲ …

သူ့မိသားစု၊ သစ္စာရှိမှု၊ ဂိုဏ်းနှင့် တာအိုလမ်းစဉ်တို့ ဖြစ်သည်။ ထို့နောက် ရုတ်ချည်းဆိုသလို ထိုအရာများသည် သူ့အတွက် အရေးမပါတော့ကြောင်း ခံစားမိလာပြီး သူ့ထံမှ အလျင်အမြန် ပျောက်ကွယ်သွားကာ သူ့တစ်စိတ်တစ်ပိုင်း မဟုတ်တော့သလို ခံစားလိုက်ရသည်။

“ ငါ့ရဲ့ သတ်ဖြတ်ရေးတာအိုက စောင့်ရှောက်ရေးအတွက် တည်ရှိနေတာ။ ငါ ကာကွယ်ရမဲ့လူတွေ၊ ကာကွယ်ဖို့ လိုအပ်နေတဲ့သူတွေ ရှိနေသရွေ့ ငါ့ရဲ့ အနှစ်သာရကို ဘယ်အရာကမှ ပြောင်းလဲမပစ်နိုင်ဘူး”

ဝှစ်

ဖန်းလီကျွမ်းက ထိုနည်းစနစ်၏ ကျဆုံးမှုကြောင့် တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရသည်။ သို့သော် သူမက ပထမအစီအစဉ်သာ ဖြစ်သည့်အတွက် ဂရုမစိုက်ပေ။

အရိပ်တွယ်ကပ်ခြင်း

သူမ၏ ခန္ဓာကိုယ်မှ အာရုံမခံနိုင်ဖွယ် အရိပ်တစ်ခု ထွက်ပေါ်လာပြီး လီကျွင်း၏ အရိပ်နှင့် ဆက်နွယ်သွားသည်။

“ အခု ရှင့်ရဲ့ စွမ်းအားတွေက ကျွန်မအပိုင်ပဲ” ဖန်းလီကျွမ်းက ပြောလိုက်၏။ အရိပ်ဆက်နွယ်မှုမှာ သူမသည် တစ်ဖက်လူ၏ စွမ်းအားကို ရယူနိုင်လေသည်။ ဤသည်က သူမသည် ဝမ်ဝေ့နှင့် တိထျန်းတို့၏ အင်အားအကြောင်း သိပြီးသည့်နောက်တွင် ရင်ဆိုင်ထားခဲ့သည့် နည်းဗျူဟာတစ်ခုလည်းဖြစ်၏။ သူမက ထိုအရာသည် အလှမ်းဝေးနေသေးကြောင်း သိထားသည်။

“ ငါ့စွမ်းအားလား။ မင်းက အဲဒီဝန်ထုပ်ကို ကိုင်တွယ်နိုင်လို့လား။ မင်းက သေဆုံးမှု ဝန်ထုပ်ဝန်ပိုးကို ကိုင်တွယ်နိုင်ရဲ့လား။ ကျဆုံးသွားရတဲ့လူတွေရဲ့ အော်သံတွေကိုရော ကိုင်တွယ်နိုင်ရဲ့လား”

“ အား” ဖန်းလီကျွမ်းက အော်ဟစ်လိုက်ရပြီး သူမ၏ အသံက ဆိုးဆိုးရွားရွား နာကျင်မှုတို့ ပါဝင်နေသည်။

“အသံတွေ ရပ်အောင် လုပ်ပေးပါ”

သူမအား သူတို့ကို အဘယ်ကြောင့် သတ်ခဲ့တာလဲဟု မေးမြန်းနေသည်။ လူများစွာ၏ အသံကို ကြားလိုက်ရသည်။ သူမက လီကျွင်း သတ်ခဲ့သည့်လူများစွာ၏ ဝိညာဉ်၏ အငြိုးတရားနှင့် ရင်ဆိုင်နေရ၏။ သို့သော်လည်း သူက ထိုလောက် လူအများကြီးကို သတ်ခဲ့နိုင်ချေ မရှိပေ။

လီကျွင်းက ထိုလူများစွာကို မသတ်ခဲ့ပေ။ သို့သော်လည်း ဂိုဏ်း၏ စစ်ဆေးမှုအတွင်း သူတို့၏ လက်တွင် သွေးများစွာ စွန်းထင်းနေသည့် ဧကရာဇ်များစွာ၏ သတ်ဖြတ်ငွေ့နှင့် အရှိန်အဝါတို့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ သူက ထိုနည်းလမ်းကို အသုံးပြုကာ စိတ်နှင့် စိတ်စွမ်းအားကို လေ့ကျင့်နေ၏။ ထို့ကြောင့် သူက ထိုဝန်ထုပ်ဝန်ပိုးကို ဖန်းလီကျွမ်းထံ မြည်းစမ်းစေရန် ကူးပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

“ ဒီတိုက်ပွဲက အတော်လေးကို စိတ်ပျက်ဖို့ ကောင်းတာပဲ” သူက မှတ်ချက်ပေးလိုက်၏။ သူ့ထာဝရအရှင် စွမ်းအားကိုပင် ထုတ်မသုံးရသေးပေ။ မဟုတ်ပါက သူသည် သူမကို ချက်ချင်း ချေမှုန်းပစ်နိုင်လိမ့်မည်။

“ မပြီးသေးဘူး” ဖန်းလီကျွမ်းက အော်ပြောလိုက်ပြီးသည့်နောက်တွင် အရိပ်ဆက်နွယ်မှုကို ပယ်ဖျက်ကာ ယခင်နည်းဗျူဟာကို စွန့်ပစ်လိုက်၏။

“ကျွန်မမှာ နောက်ထပ်တိုက်ကွက်တစ်ခု ရှိသေးတယ်”

ထို့နောက် သူမ၏ အရှိန်အဝါက ချက်ချင်းဆိုသလို တိုးမြှင့်လာ၏။ ထို့နောက် သူမ၏ဆံပင်က မိန်းမအိုကြီးကဲ့သို့ ဆံပင်အဖြူရောင် ပြောင်းလဲသွားပြီး မျက်နှာ၌ အရေးအကြောင်းများ ထွက်ပေါ်လာသည်။ သူမ၏ ဓမ္မခန္ဓာကိုယ်မှ ကိုယ်ပျောက်စွမ်းအားက ပိုမိုပြင်းထန်လာသည်။

“ နောက်ဆုံးတော့ ကိစ္စတွေက စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ” လီကျွင်းက သူမသည် သက်တမ်းကို စတေးကာ ကိုယ်ပျောက်အဆောင်၏ စွမ်းအားကို မြှင့်တင်နေကြောင်း ပြောနိုင်လေသည်။ သူမက ပွင့်ချပ်တစ်လွှာ ထာဝရအရှင်စွမ်းအားကိုပင် ရောက်ရှိနိုင်၏။

ကံကြမ္မာရဲ့ မမြင်နိုင်ဖွယ် လက်ဝါး

ကံကြမ္မာစွမ်းအား ပါဝင်သည့် ခဲဖြူရောင် လက်ကြီးက လီကျွင်းကို သုတ်သင်ပစ်ဖို့ ရည်ရွယ်ချက်ဖြင့် ကောင်းကင်မှ ဆင်းသက်လာသည်။

သူက ကောင်းကင်ကို တုန်လှုပ်တကြီး ကြည့်နေမိ၏။

ငါ နိုင်ပြီ…

ဖန်းလီကျွမ်းက တွေးလိုက်မိသည်။ သူမက ကံကြမ္မာတာအို၏ စွမ်းအားကို ပုံဖော်ဖို့ ကိုယ်ပျောက်တာအိုကို အသုံးပြုသည့် ဤနည်းစနစ်အား ဖန်တီးဖို့ အချိန်များစွာ ယူခဲ့ရသည်။ သို့သော်လည်း သူမအနိုင်ရရှိမည်ဟု ယုံကြည်သည့် အကြောင်းအရင်းတော့ မဟုတ်သေးပေ။ သူမအနေဖြင့် လီကျွင်းတွင် ထာဝရအရှင် စွမ်းအားရှိထားကြောင်း သုံးသပ်ထားမိ၏။

ဒါက ရှင် ဘယ်လိုလူလဲဆိုတာပဲ။ ရှင်က ရှင့်အစ်ကိုကြီးကို ကိုးကွယ်ယုံကြည်တယ်။ သူ့ရဲ့အင်အား၊ အသိဉာဏ်နဲ့ သူ့ရဲ့တာအိုအထိကို ကိုးကွယ်လွန်းတယ်…

သူမက နှာခေါင်းရှုံ့ကာ တွေးလိုက်သည်။

ဒီစွမ်းအားနဲ့ ရင်ဆိုင်ရတဲ့အခါ ရှင်က လွှမ်းမိုးခံရပြီး ရှင် ဘာမှမလုပ်နိုင်ဘူးဆိုတာကို တွေးမိသွားလိမ့်မယ်…

လီကျွင်းက ကျဆင်းလာသည့် လက်ဝါးကို ကြည့်နေရင်း မလှုပ်နိုင်တော့ပေ။ သူက လေ့ကျင့်စဉ်အတွင်း ထိုလက်ဝါးကို အကြိမ်များစွာ ရင်ဆိုင်ခဲ့ဖူးပြီး အကြိမ်တိုင်းလိုလို ကူကယ်ရာမဲ့ခဲ့ရသည်။ ယနေ့တွင် ထိုမှတ်ဉာဏ်များက အသက်ပြန်ဝင်လာ၏။

သူက သေလုနီးပါး ချေမွခံရတော့မည့်ဆဲဆဲတွင် ရင်းနှီးသည့် အသံကို ရုတ်ချည်း ကြားလိုက်ရ၏။

ကံကြမ္မာကိုလည်း သတ်လို့ရတယ်…

သူ့အကြည့်များက တောက်ပလာကာ လှံကိုကိုင်ဆွဲလိုက်၏   “မိုးမြေကြားမှာ ငါ မသတ်နိုင်တဲ့အရာဆိုတာ မရှိဘူး”

ကံကြမ္မာ သတ်ဖြတ်ရေးလှံ

သူက သတ်ဖြတ်ရေးတာအို စွမ်းအား အားလုံးကို စုစည်းပြီး လှံဖြင့် ထိုးစိုက်လိုက်သည်။ ထိုလက်ဝါးကြီးက ခဲဖြူရောင်မှ အပြာရောင် ပြောင်းလဲသွားပြီး အလင်းပျောက်များအဖြစ် ပြိုကွဲသွားသည်။

***

All Chapters