← Chapters

ချစ်ခြင်းမေတ္တာ

Vol. 48 Ch. 699

ချစ်ခြင်းမေတ္တာ

Vol. 48 Ch. 699

ဒေါသက ကောင်းကင်အထက် ပျံသန်းလာရင်း တောအုပ်ထဲမှ ထုံရို့ပင်းကို လှမ်းကြည့်လိုက်သည်။ သူမက နောက်ကျသွားကာ ဘက်ပြောင်းသူကို တစ်စုံတစ်ယောက်က သတ်သွားခဲ့ပြီဖြစ်ကြောင်း သိလိုက်၏။ သူမက ဒေါသကို ဖိနှိပ်ဖို့ ကြိုးစားနေရသည်။ မျှော်လင့်ချက် မရှိသည်က ကိစ္စတစ်ခု ဖြစ်သော်လည်း စိတ်ပျက်မှုက ပိုမိုဆိုးရွားသည်။

သူမက ဓားကို ထုတ်ကာ မြေပြင်ပေါ် ဆင်းသက်လာ၏။ သူမ၏ အပြုအမူကို ထုံရို့ပင်းက အာရုံခံမိကာ သတိကြီးကြီး ထားထားပြီး သူမ၏ တာအိုသက်သေပြပစ္စည်းကို ချက်ချင်းဆိုသလို အသက်သွင်းလိုက်သည့်အတွက် သူမ၏ နဖူးအထက် ခရမ်းရောင်သလင်းကျောက် တစ်ခု ထွက်ပေါ်လာသည်။

“ရှင်က ဘယ်သူလဲ” ထုံရို့ပင်းက မေးလိုက်သော်လည်း အဖြေမရခဲ့ပေ။

ကောင်းကင်သုတ်သင်ရေး ဓားချက်

အနီရင့်ရင့်ဓားစွမ်းအားက ဒေါသ၏ ဓားမှ ထွက်ပေါ်လာပြီး ထုံရို့ပင်းထံ ကျရောက်လာသည်။ ထို့ကြောင့် သူမက ကာကွယ်ရေးအဆောင်များနှင့် လမ်းကြောင်းလွှဲပြောင်းရေး အဆောင်များကို အသုံးပြုကာ တိုက်ကွက်ကို ရန်သူထံ ပြန်လည်ပို့ဆောင်လိုက်သည်။

သူမ၏ နည်းဗျူဟာက ဆိုးဆိုးရွားရွား ကျရှုံးသွား၏။ အကြောင်းမှာ လမ်းကြောင်းပြောင်းလွှဲရေး အဆောင်က ဓားချက်၏ စွမ်းအားအောက်တွင် ပျက်စီးသွားလေသည်။ ထိုစဉ် သူမ၏ အဆောင်က တိုက်ကွက်ကို တားဆီးနိုင်ရုံမျှသာဖြစ်သည့်အတွက် နောက်ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

“ရှင်က မိစ္ဆာပဲ” ထုံရို့ပင်းအနေဖြင့် ဒေါသသည် မိစ္ဆာမျိုးစိတ်၏ လက္ခဏာရပ်များ မရှိသည့်အတွက် အံ့အားသင့်သွားမိ၏။ သူမ၏ သွေးမျိုးဆက်ကပင် ဇစ်မြစ်ကို မပြောနိုင်ပေ။ ထိုမိစ္ဆာ၏ ဝိညာဉ်ထဲအထိ ကိန်းအောင်းနေပြီး သူတို့၏ အပျက်သဘောဆောင်သော ကံကြွေးများကို စုပ်ယူထားသည့် ပင်ကိုရက်စက်မှုကြောင့်သာ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။

“မဟုတ်သေးဘူး။ ရှင်က မိစ္ဆာမျိုးနွယ်ထက် လူသားနဲ့ ပိုတူတယ်” ထုံရို့ပင်းက ပြောလိုက်သည်။

“အဲဒါက အရေးပါလို့လား”

ကောင်းကင်သတ်ဖြတ်ရေး ဓားချက်

ပတ်ဝန်းကျင်က ဒေါသ၏ ဓားချက်အောက်တွင် အနီရင့်ရင့် ပြောင်းလဲသွားပြီး ကောင်းကင်က ထိုဓားချက်ကြောင့် နာကျင်မှုနှင့် အော်ညည်းနေရသည့်အလား စူးစူးဝါးဝါးအော်သံများ ထွက်ပေါ်လာ၏။

ထုံရို့ပင်းက တာတိုကူးသန်းပြောင်းရွှေ့ရေးအဆောင်ကို အသုံးပြုလိုက်ပြီး ဓားချက်ကို ရှောင်ရှားလိုက်သည်။ သူမက ဘုရင်များသည် တိုက်ပွဲတိုက်ခိုက်ရာတွင်ပင် တာတိုကူးသန်းပြောင်းရွှေ့သွားလာနိုင်ကြောင်း တွေ့ရှိခဲ့ရ၏။ နှမြောစရာကောင်းလှသည်က သူမ၏ ကြိုးစားမှုက ကျရှုံးခဲ့သည်။

“ကောင်းကင်ဘုံကို သတ်တဲ့ ဓားက တကယ်ကို အားကောင်းတယ်။ မင်းက ဘယ်လိုလုပ် ရှောင်ရှားနိုင်တာလဲ” ဒေါသက နှာခေါင်းရှုံ့ကာ မေးလိုက်၏။

ထိုဓားချက်ဖြင့် ထိမှန်ပြီးသည့်နောက်တွင် ထုံရို့ပင်း၏ ခန္ဓာကိုယ်မှ အက်တမ်တိုင်းက ပျက်စီးတော့မလို ခံစားနေရသည်။ သူမ၏ ကာကွယ်ရေးစွမ်းအားများက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နေသည့် သေမျိုးကလေးတစ်ယောက်နှယ် ဖြစ်နေသည်။

သူမက အကောင်းဆုံးအဆောင်ထဲမှ တစ်ခုဖြစ်သည့် လက်တွေ့ပုံရိပ်ယောင် ကူးပြောင်းရေးအဆောင်ကို အသက်သွင်းလိုက်သည်။

သူမက တိုက်ကွက်၏ ဒဏ်ရာများကို ကာကွယ်ဖို့ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲလိုက်၏။

“ရှင်က ဘယ်သူလဲ။ ဘာလိုချင်လို့လဲ” ထုံရို့ပင်းက သူမ၏ ဘယ်ဖက်လက်၊ ဦးနှောက်ညာဖက်အခြမ်းနှင့် ခန္ဓာကိုယ်တွင် အပေါက်များစွာ ရှိနေပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေရသည်။ တစ်ဖက်သူသာ စွမ်းအားကို မထိန်းချုပ်ထားလျှင် သူမသည် ပျောက်ကွယ်သွားနိုင်ကြောင်း သိလိုက်၏။

“အသင်္ချေအင်ပါယာကမ္ဘာက တကယ်ကို ပြန်လည်ရှင်သန်လာတာ အမှန်ပဲကို” ဒေါသက ထုံရို့ပင်း၏ ပွင့်ချပ်သုံးလွှာထာဝရအရှင်စွမ်းအားကို ခံစားမိပြီးသည့်နောက်တွင် သက်ပြင်းချလိုက်၏။ ပြောရလျှင် ထိုသူက အလားအလာများ ထပ်ရှိနေသေးသည်။

သူမအပြင် တခြားသော ဒုစရိုက်သုံးပါးကသာ ထာဝရအရှင်စွမ်းအားကို ရှိထားကြပြီး သူတို့က မြင့်မားသည့် စွမ်းအားကို ရရှိဖို့ လျှို့ဝှက်နည်းစနစ်များနှင့် ရတနာများအပေါ် မှီခိုထားရပြီး ပွင့်ချပ်တစ်လွှာမှ နှစ်လွှာအဆင့်သာ ရှိသေး၏။ သို့သော်လည်း ထိုအရေအတွက်က သူတို့သည် မည်သူဖြစ်ကြောင်း၊ မည်မျှလေ့ကျင့်ခဲ့ရကြောင်း စဉ်းစားလိုက်လျှင် များပြားသည့်ဟန်ပေါ်သည်။

ဒေါသက ထုံရို့ပင်းအား ကြည့်ကာ  “ မင်းကိုယ်မင်း ကံကောင်းတယ်လို့ မှတ်လိုက်”

ထို့နောက် သူမက ပျံသန်းထွက်သွား၏။ သူမ၏ စိတ်ခံစားချက်များ ပြင်းထန်နေသော်လည်း ထိန်းချုပ်နိုင်ခဲ့သည်။ သူမက ကောင်းကင်ရွေးချယ်ခံများကို မသတ်နိုင်ကြောင်း သိထား၏။ မဟုတ်ပါက အစီအစဉ်သည် ပျက်စီးသွားလိမ့်မည်။

သူမ၏ စံအိမ်ဆီ ပြန်ရောက်လာပြီးသည့်နောက် ဒေါသက သွေးနီရောင်ကန်အထက် အနီရောင်ဓား မျောလွင့်နေသည့် နေရာဆီ သွားလိုက်၏။ ထိုဓားထဲဝင်ရောက်ဖို့ နေရာအသီးသီးမှ ထူးခြားအံ့ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။

ငါ့ရဲ့ ပွင့်ချပ်ကိုးလွှာ အင်အားက မလုံလောက်သေးဘူး။ တာအိုဘိုးဘေးအဆင့် ရောက်ဖို့လိုတယ်။ ဒါက ငါ့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ…

သူမက ဓားကို တစ်ချက် မျက်လုံးဝေ့ကြည့်ပြီးနောက် ထွက်ခွာသွားသည်။

………………………………………

ပျင်းရိခြင်း ပိုင်နက်

အဖွဲ့က ဖန်းလီကျွမ်း၏ ပိုင်နက်များကို အညံ့ခံအောင် လုပ်ပြီးသည့်နောက် စခန်းချထားကြသည်။ ထိုစဉ် ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိလိုက်၏။

“ဘာဖြစ်လို့လဲ”

“ဖန်းလီကျွမ်းက တစ်ခုခုဖြစ်သွားပြီ ထင်တယ်” သူက ပြောလိုက်၏။

“ဘာကို ပြောချင်တာတုန်း”

“ဒီနေရာက ကောင်းကင်လျှို့ဝှက်ချက်တွေကို တွက်ချက်လို့မရတော့ မသိဘူး။ ဒါပေမဲ့ ကံကြမ္မာမြစ်ကြောင်း ပြောင်းလဲသွားတာကို ခံစားမိတယ်။ သူမရဲ့ သစ္စာဖောက်မှုကြောင့် ကံကောင်းမှု ဖယ်ရှားခံလိုက်ရပြီ။ အဲဒါကြောင့် သူမဆီ တစ်စုံတစ်ခု ဖြစ်ပျက်သွားတာပဲ နေမယ်။ သူမက သေသွားတာတောင် ဖြစ်နိုင်တယ်”

“မရှိတာပဲ ကောင်းတယ်လို့ ပြောရမှာပဲ” ယန်းလီလင်းက ပြောလိုက်သည်။

“အဲလိုသာ အမှန်ဖြစ်မယ်ဆိုရင် ငါတော့ ဝမ်းနည်းမိလိမ့်မယ်” လီကျွင်းက ခေါင်းခါကာ ပြောလိုက်၏။

“ဘာလို့လဲ”

“ပြောရရင် ကျင့်ကြံရေးလမ်းစဉ်မှာ သူမက ပထမဆုံးပြိုင်ဘက် တစ်ယောက်ပဲလေ။ ဘယ်လိုမှန်းမသိပေမဲ့ သူမ သေဆုံးသွားတာကိုတော့ ဝမ်းနည်းမိသလိုပဲ”

“သူမက သစ္စာဖောက် ဖြစ်မလာခဲ့ရင် မင်း ဒီလိုခံစားရတာကို နားလည်ပါတယ်”

လီကျွင်းက ခေါင်းအသာခါလိုက်ပြီး ရှင်းမပြပေ။ သူက သူမသည် သေရမည်ကို ကြောက်လန့်သည့်အတွက် လုပ်ဆောင်ခဲ့မှန်း သိသော်လည်း မကျေမနပ်တော့ ဖြစ်မိသည်။ မည်သို့ပင်ဆိုစေကာမူ သူက အကြောင်းအရင်းတချို့ကြောင့် ပြန်လည်တွေးတောမိနေဆဲ ဖြစ်၏။

“ဟမ်” ဝမ်ဝေ့က တည်နေရာတစ်ခုကို လှမ်းကြည့်ပြီး ရေရွတ်လိုက်သည်။ သိပ်မကြာခင် အဖွဲ့ကလည်း သူ့လိုမျိုး တူညီသည့်အရာကို ခံစားမိလိုက်ကာ လှည့်ကြည့်လိုက်စဉ် တစ်စုံတစ်ယောက်က သူတို့ဆီ ချဉ်းကပ်လာသည်။

“ဇနီးလေးလား” သူက ပြောလိုက်သည်။

“အံ့ဩသွားလား” ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်သည်။

“ဒါပေါ့ မင်းမလာချင်ဘူးလို့ ထင်နေတာ”

“အဲဒါက ရှင့်ကို အံ့ဩသွားအောင် လုပ်ချင်လို့လေ”

“ကောင်းပြီ။ တကယ်ကို အံ့ဩစရာပါပဲ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။

“ရှင် သဘောကျမယ်ဆိုတာကို သိတယ်။”

“သဘောကျတာထက် ပိုတာပေါ့။ မင်း ဒီမှာရှိရင် ဒီတုံးအအ ကစားပွဲကနေ အဆုံးသတ်ဖို့ နည်းလမ်းကို ရှာနိုင်တယ်လေ” သူ့ဇနီးလေးသာ ဘေးရှိနေပါက သူသည် တောင်ပံပါသည့် ကျားတစ်ကောင်လိုဖြစ်ကာ အမဲလိုက်သမားအနေဖြင့် အဆရာချီ ပိုမိုသက်ရောက်မှု ရှိလာလိမ့်မည်။

ဘန်း

ဝမ်ဝေ့က ဝူဟုန်၏ နှလုံးသားထဲ လက်သီးချက်ဖြင့် ပစ်ခွင်းလိုက်၏။ သူ့မျက်နှာနှင့် မြေကြီးတွင် သွေးများ စွန်းထင်းကုန်သည်။ ထို့နောက် တည်ငြိမ်ကာ မထူးမခြားနား အကြည့်မျိုးဖြင့် လက်သီးကို ပြန်နှုတ်ကာ ဒူးထောက်လျက် ဖြစ်နေသည့် သူမအား ကြည့်လိုက်၏။

“ရှင် .. ရှင် ဘယ်လိုလုပ်သိတာလဲ”

“သူမကို မြင်တိုင်း ငါ့နှလုံးသားက လှုပ်ရှားလာတယ်။ ကမ္ဘာကြီးကလည်း တောက်ပလာသလိုပဲ။ ငါတို့တွေ နှစ်တစ်သိန်းကြာ အတူတူရှိနေတာတောင် သူမ ဘေးမှာအိပ်ပြီး မနက်ခင်းမိုးလင်းလာတာနဲ့ ဒီအချက်က ဒီနေ့အထိ တစ်ခါမှ မပြောင်းလဲခဲ့ဘူး”

ဝမ်ဝေ့က သူမသည် အတုအယောင်ဖြစ်မှန်း သိသည့်အကြောင်းအရင်းတစ်ခုမှာ သူတို့၏ ကံဆက်နွယ်မှုကို မခံစားမိ၍ ဖြစ်လေသည်။ ဝူဟုန်က ဝင်ရောက်မစွက်ဖက်နိုင်ကြောင်း ပြောပြီးသည့်နောက်တွင် လွယ်လွယ်ကူကူ စိတ်ပြောင်းမည် မဟုတ်ပေ။ အကယ်၍ သူမက သူ့ကို အံ့အားသင့်အောင် လုပ်ချင်လိုလျှင် မထင်မှတ်ထားသည့် နေရာတွင် ပေါ်ထွက်လာနိုင်သည်။

သို့သော်လည်း သူမကို မြင်မြင်လိုက်ချင်း ပထမဆုံးခံစားမိသည့် ခံစားချက်က တစ်စုံတစ်ခု မှားယွင်းနေခြင်းသာ ဖြစ်၏။

“အဲဒါကြောင့်လား” တဏှာက သူမ၏ အစီအစဉ်သည် တုံးအအ အကြောင်းအရင်းတစ်ခုကြောင့် ကျရှုံးသွားလိမ့်မည်ဟု မထင်ထားမိပေ။

“ဟုတ်တယ်”

“အဲဒါဆို ရှင် မှားသွားရင် ဘယ်လိုလုပ်မလဲ”

“အဲဒါဆိုတော့လည်း ငါမှားတယ်ပေါ့” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။ အကယ်၍ သူ မှားယွင်းသွားခဲ့လျှင် ဝူဟုန်က သူမအား အဘယ်ကြောင့်တိုက်ခိုက်လဲဟု မေးမြန်းကာ သူ့အမေပင် မမှတ်မိလောက်အောင်အထိ ပြန်လည်ရိုက်နှက်လိမ့်မည်။

“ရှင်က တကယ့်ကို ရက်စက်တဲ့ ယောက်ျားပဲ။ နည်းနည်းလေးတောင် တုံ့ဆိုင်းနေမှု မရှိဘူး” တဏှာက နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး ပြောလိုက်သည်။

“တကယ်လို့ နေရာချင်းလဲလိုက်ရင်  သူမကလည်း တုံ့ဆိုင်းနေမှာ မဟုတ်ဘူးဆိုတာ အာမခံနိုင်တယ်”

“ဒါက အဆုံးသတ် မဟုတ်သေးဘူး ဝမ်ဝေ့။ နောက်ဆုံးမှာ ကျွန်မကပဲ ရယ်နိုင်တဲ့သူ ဖြစ်ရမယ်”

တဏှာက ဝူဟုန်၏ မျက်နှာနှင့်ပင် ပျောက်ကွယ်သွားသည်။

ဝမ်ဝေ့က သူမကို တိုက်ခိုက်ပြီးသည့်နောက်တွင် သူမက ပုံရိပ်တစ်ခုမျှသာ ဖြစ်ကြောင်း ခံစားမိ၍ အံ့ဩခြင်း မရှိပေ။ သူက နှာခေါင်းရှုံ့လိုက်ပြီးနောက် စောစောလေးက လုပ်ထားသည့် ကံဆက်နွယ်မှုအတိုင်း တိုက်ရိုက်လိုက်လာခဲ့၏။

တကယ့်တဏှာက မျက်လုံးပွင့်လာကာ သွေးတစ်ပွက် အန်လိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလို သူမ၏ အရှိန်အဝါက သိသိသာသာ ကျဆင်းလာ၏။

ကျစ် ဒီတိုက်ကွက်က ငါ့ရဲ့ပင်မခန္ဓာကိုယ်အထိ ရောက်လာတာပဲ…

သူမက သတိထားကာ ကိုယ်ပွားကို အသုံးပြုခဲ့ပြီး လျှို့ဝှက်နည်းစနစ်ဖြင့် ကိုယ်ပွားအား သူမ၏ တည်ရှိမှုကိုပင် ဖုံးကွယ်ထားစေခဲ့ပြီး သူမဆီ ပြန်ရောက်လာမည့် အရိပ်အမြွက်ကို အာရုံခံမိဖို့ ခက်ခဲအောင် တမင်ပြုလုပ်ထားခဲ့၏။ ကံဆိုးစွာဖြင့် သူမက ဝမ်ဝေ့၏ စွမ်းဆောင်ရည်ကို လျှော့တွက်မိခဲ့သည်။ အတိအကျပြောရလျှင် သူမက ဤအစီအစဉ်အတွက် သူ့စွမ်းရည်ကို အထင်ကြီးမိထားလျှင်ပင် မလုံလောက်သေးပေ။

“ငါ့ဆီမှာ အချိန်သိပ်မကျန်တော့ဘူး” သူမက အခြေအနေကို သုံးသပ်ကာ ပြောလိုက်၏။ သူမက မဟာမိတ်အခွင့်အာဏာကို အသက်သွင်းကာ ပျင်းရိခြင်းစံအိမ်သို့ ပြန်လာလိုက်ပြီး သူမ၏ ပိုင်နက်ထဲ ကူးပြောင်းလာလိုက်သည်။

သူမက အိမ်သို့ ပြန်ရောက်ပြီးသည်နှင့် ဟွင်သွမ်းရတနာကို ထုတ်ယူလိုက်၏။ စစ်ဆေးမှုအပြီးတွင် ဒုစရိုက်ခုနစ်ပါးလုံးတွင်  ရတနာတစ်ခုစီ ရရှိခဲ့ကြသည်။ သူမက ထိုအရာကို စတေးပြီး  ဒဏ်ရာများကို ကုသဖို့ တုံ့ဆိုင်းမနေပေ။ သို့သော်လည်း ဝမ်ဝေ့၏ တုယီနယ်ပယ်အဆင့်က အိပ်မက်ဆိုးဖြစ်သည့်အတွက် သူမ၏ ဒဏ်ရာများကို တည်ငြိမ်နိုင်အောင် လုပ်နိုင်ရုံမျှသာ ဖြစ်၏။

“ကျစ် ငါ ဒေါသဆီ သွားပြီး အကူအညီတောင်းရမှာလား” တဏှာက အံကြိတ်ကာ စဉ်းစားလိုက်၏။

“ မဟုတ်သေးဘူး။ နောက်ထပ်နည်းလမ်းတစ်ခုရှိသေးတယ်။ တိထျန်း”

သူမက တဏှာမိစ္ဆာ ဖြစ်၏။ စစ်ဆေးမှုအောင်မြင်ပြီးသည့်နောက်တွင် သူမက တဏှာတာအိုကို အမွေဆက်ခံရရှိခဲ့သည်။ သူမ၏ သွေးမျိုးဆက်နှင့် တာအိုက သီးသန့်စွမ်းရည်နှစ်ခုကို ချီးမြှင့်ပေးထားသည်။ ပထမတစ်ခုက လူတစ်ယောက်၏ အချစ်ဆုံးသူတစ်ယောက်၏ ပြီးပြည့်စုံသည့် ရုပ်ပိုင်းဆိုင်ရာ ပုံပွားအဖြစ် ပြောင်းလဲနိုင်သည်။ ထိုသူက သူတို့၏ မိတ်ဆွေ၊ မိသားစု၊ ချစ်သူ သို့မဟုတ် ကလေးပင် ဖြစ်နေနိုင်သည်။ ထိုနည်းစနစ်က ဟာကွက် မရှိသော်လည်း ထိုစွမ်းဆောင်ရည်များကို မြှင့်တင်ဖို့အတွက် တခြားနည်းလမ်းများကို အသုံးပြုရသည်။

ဒုတိယစွမ်းဆောင်ရည်က သူမက ထိုသူတို့နှင့် အိပ်ပြီးသည့်နောက်တွင် ထိုသူ၏ စွမ်းအား သို့မဟုတ် အင်အားကို အမွေရယူနိုင်ခြင်း ဖြစ်၏။ ထို့ကြောင့် သူမက ထိုအခြေအနေကို ဖြည့်စည်းပြီးသည်နှင့် ဝမ်ဝေ့၏ စွမ်းအားကို ခိုးယူဖို့ ကြံစည်ထားခဲ့သည်။

ငါ သူ့စွမ်းအားကို ရသရွေ့ ငါ့ဘာသာငါ ကုသပြီး လက်စားပြန်ချေနိုင်လိမ့်မယ်…

ခေတ္တမျှ တွေးပြီးသည့်နောက်တွင် တဏှာက ပြင်ဆင်လိုက်၏။ သူမက စိုးရိမ်နေမိသော်လည်း ပေါ့ပေါ့တန်တန် မလုပ်ရဲပေ။ သူမက ဒဏ်ရာများကို ဖုံးကွယ်မည့် နည်းလမ်းဖြင့် တိထျန်းအား အာရုံမခံမိအောင် ပြုလုပ်လိုက်သည်။ ကံဆိုးစွာဖြင့် သူမက နောက်ထပ် ကိုယ်ပွားတစ်ခုဖန်တီးရန် အားနည်းလွန်းနေသည့်အတွက် စွန့်စားရတော့မည်။

သူမက ပြင်ဆင်မှုများ ပြီးဆုံးသွားသည်နှင့် သူ့နေရာဆီ ဦးတည်လိုက်၏။

***

All Chapters