← Chapters

ယီလျန်ချန်း

Vol. 48 Ch. 671

ယီလျန်ချန်း

Vol. 48 Ch. 671

“တပ်ဖွဲ့တွေကို တတ်နိုင်သမျှ ဝေးဝေးကို ခေါ်သွား” ဝမ်ဝေ့က အနောက်တောင်ဘက်ကို မပျံသန်းသွားခင် ပြောလိုက်သည်။

သူက ယွီလျန်ချန်းသည် စစ်တပ်သားတစ်ယောက်ကို သယ်ဆောင်ပြီး လာနေသည်ကို မြင်လိုက်ရ၏။ သူ့ကို သတိထားမိပြီးသည့်နောက်တွင် ထိုသူက တပ်သားကို ပစ်ချကာ ရပ်တန့်လိုက်သည်။

ဝမ်ဝေ့က ယွီလျန်ချန်းကို ယခင်ကထက် နီးနီးကပ်ကပ် လေ့လာလိုက်ပြီးသည့်နောက် သူ့ဝန်းကျင်ရှိ ကြက်သီးထဖွယ် လေထုသည် ပိုမိုပြင်းထန်လာကြောင်း သဘောပေါက်သွားသည်။ ထို့အပြင် သူက အန္တရာယ် အငွေ့အသက်တချို့ကို ခံစားမိနေ၏။ အတိအကျပြောရလျှင် မရဏအငွေ့အသက်များက သူ့ကို လွှမ်းခြုံထားသည်။

“မင်းက ငါ့အတွက် ရောက်လာတာလား”  သူက မေးလိုက်သည်။

“ဒါပေါ့”  ယွီလျန်ချန်းက နှုတ်ခမ်းသပ်ကာ​ ပြောလိုက်၏။

“ငါ့ကို သားကောင်းအဖြစ် သတ်မှတ်တယ်ဆိုတော့ စိတ်ဝင်စားစရာပဲ ”  ဝမ်ဝေ့က မှတ်ချက်ပေးလိုက်၏။

“မင်းက လေလုံးမကြီးဖို့ဘဲ မျှော်လင့်တယ်”

"မင်း သိလာပါလိမ့်မယ်။”

ဘန်း

ဝမ်ဝေ့က သူ့ရှေ့မှာ ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီး လက်သီးဖြင့် ထိုးချလိုက်ကာ သူ့ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်သွားစေပြီး အစိမ်းရင့်ရင့်သွေးများက နေရာအနှံ့ ပြန့်ကျဲသွားစေသည်။ ထို့နောက် သူက သွေးများကို ရှောင်ရှားဖို့ နောက်ပြန်ဆုတ်လိုက်၏။ သူက လောင်ကျွမ်းရာ အနည်းငယ် ရှိနေသည့် သူ့လက်ကို ကြည့်လိုက်မိသည်။

တိုက်စားနိုင်တဲ့ သွေးလား...

အစိမ်းရင့်ရင့်သွေးက ဆက်လက်မကျတော့ဘဲ အသိရှိနေသည့်အလား လှုပ်ရှားလာကြသည်။ သူတို့က ပုံသဏ္ဌာန်တစ်ခုအဖြစ် ဖွဲ့စည်းသွားသော်လည်း လူသားအသွင် မဟုတ်ပေ။ ထိုအရာက လက်တံရာချီနှင့် မီတာ ၅၀ ရှိသည့် ကင်းမွန်ကြီးတစ်ကောင်အသွင် ဖြစ်၏။

ထို့နောက် ဝမ်ဝေ့ကို မျက်မှောင်ကြုတ်စေသည့် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့သည်။ ထိုကင်းမွန်၍ ခန္ဓာကိုယ်အနှံ့ မျက်လုံးများစွာ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အသွင်အပြင် ဖြစ်လာစေသည်။ သူ့အနားရှိ အရှိန်အဝါကပင် ပိုမိုကြက်သီးထဖွယ် ကောင်းလာလေ၏။

အဲဒါတော့ မဟုတ်ဘူးမလား...

သူက သူ တွေးနေသည့်အရာကို အသိအမှတ် မပြုလိုပေ။

အကြောက်တရားမျက်လုံး

ယီလျန်ချန်း၏ မျက်လုံးများက တောက်ပလာပြီး ဝမ်ဝေ့အား ကြည့်လိုက်သည်။ ဝမ်ဝေ့က ထူးဆန်းသည့် စွမ်းအားတစ်ခု သူ့ဝိညာဥ်အတွင်း ဝင်ရောက်လာကာ သူ့စိတ်အခြေအနေကို သက်ရောက်မှု ရှိဖို့ ကြိုးစားနေကြောင်း ခံစားမိလိုက်၏။

အဲဒါကိုး ..

သူက သူ့ဓမ္မခန္ဓာကိုယ်ကို အသက်သွင်းပြီး လူဝင်စားများ၏ စွမ်းအားကို ငှားယူဖို့ တွေးလိုက်မိသည်။ တစ်ဖက်လူကို တတ်နိုင်သမျှ မြန်မြန်သတ်ဖို့ လုပ်ဆောင်ရမည် ဖြစ်၏။

ဖျက်ဆီးခြင်း အမြှောက်စာ

ဓမ္မခန္ဓာကိုယ်က ဖျက်ဆီးခြင်းတာအို ပါဝင်နေသည့် အနီရောင်အလင်းတန်းတစ်ခု ပစ်ခတ်လာသည်။ ထိုအငွေ့အသက်က အတန်းအဆင့်ရှိ အရာကိုပင် သုတ်သင်ပစ်နိုင်စွမ်းရှိပြီး အသားနှင့် သွေးတစ်စက်မျှ ချန်ထားမည် မဟုတ်ပေ။

ကာလံဒေသံ မျက်ဝန်း

ယီလျန်ချန်းရှေ့မှောက်တွင် ကာလံဒေသံ စွမ်းအား ပါဝင်သည့် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာပြီး ထိုတိုက်ကွက်ကို အဝေးဆီ ပို့ဆောင်လိုက်၏။ ကံဆိုးစွာဖြင့် ဖျက်ဆီးရေးအလင်းတန်းက ကာလံဒေသံကို ဖျက်ဆီးပစ်သောကြောင့် လိုဏ်ခေါင်းက စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်ပြီး အလင်းတန်းက သူ့အား ထိမှန်သွားသည်။ ထိုကင်းမွန်၏ တစ်ဝက်ကသာ ဖျက်ဆီးခံလိုက်ရ၏။

ဝမ်ဝေ့က အချိန်မီ တုံ့ပြန်ကာ ကျန်ရှိနေသည့် ကိုယ်တစ်ပိုင်းအထက်တွင် ပေါ်ထွက်လာသည်။ သူက ခန္ဓာကိုယ်၏ ခွန်အားအကုန်စုစည်းကာ ယီလျန်ချန်းအား ထိုးချလိုက်သည်။

ဝုန်း

ဘာမှဖြစ်ပျက်မလာပေ။ ထိုတိုက်ကွက်၏ တုန်ခါနှုန်းပင် ထွက်မလာခဲ့ပေ။

ခွန်အားအတွက် ခံနိုင်ရည်ရှိနေတာလား...

ဒီလူက  ခွန်အားအစစ်အမှန်တာအိုအတွက် ရန်သူပဲ...

အကယ်၍ လူတစ်ယောက်က ခန္ဓာကိုယ်ကိုသာ ကျင့်ကြံပြီး ခွန်အားကိုသာ ဂရုစိုက်ခဲ့လျှင် ယီလျန်ချန်းက သူတို့အတွင် အိမ်မက်ဆိုး ဖြစ်လာလိမ့်မယ်။

ခုခံနိုင်စွမ်းလား။ ငါတို့တွေ ကြည့်ရသေးတာပေါ့။...

ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ တွေးလိုက်၏။

အယူအဆ သဘောထား လက်သီးချက်

ဝုန်း ဝုန်း ဝုန်း

သူက စက္ကန့်ပိုင်းလေးအတွင်း သန်းတစ်ဝက်လောက် ထိုးချလိုက်ပြီး အမှုန် ဖြစ်သွားစေသည်။ သူ ကုရွှမ်း၏ စစ်ဆေးမှုမှ ရရှိထားသော ရာသီခွင် ၁၂ခု၏ နည်းစနစ်တွင် စိတ်ဝင်စားစရာကောင်းသည့် ရာသီခွင်များ ပါရှိပြီး စိတ်ဝင်စားစရာ အကောင်းဆုံးက နဂါးရာသီခွင် ဖြစ်သည်။ သူက ခွန်အားကို အသုံးပြု၍ အယူအဆ သဘောတရားအပေါ် တိုက်ခိုက်နိုင်သည့် အယူအဆ သဘောတရား လက်သီးချက်ဟု ခေါ်ဆိုသည့် ကျင့်စဥ်ကို သင်ယူခဲ့သည်။

နမူနာအားဖြင့် သူသည် ထိုကျင့်စဥ်ဖြင့် သေဆုံးခြင်း သို့မဟုတ် ဖန်ဆင်းခြင်းကိုပင် ထိုးနှက်နိုင်လိမ့်မည်။ ယီလျန်ချန်း ဖြစ်ရပ်တွင်မူ သူက ထိုသူ၏ ခုခံနိုင်စွမ်းကို ထိုးနှက်လိုက်ခြင်း ဖြစ်၏။ သူက ထိုသူထက် ပိုမိုအားကောင်းသည့်အတွက် ခုခံနိုင်စွမ်းကို ကျော်လွန်နိုင်လောက်သည်။

ဝမ်ဝေ့အမြင်အရ ထိုနည်းစနစ်သည် အလားအလာများစွာ ရှိ၏။ အထူးသဖြင့် သူသာ မဟာဧကရာဇ်နှင့် ထာဝရဧကရာဇ်များ၏ ထာဝရဓာတ်သဘာဝကို ချိုးဖောက်ဖို့ အသုံးပြုမည်ဆိုလျှင် တာအိုဆန္ဒကို သတ်စရာမလိုဘဲ သူတို့အားလုံးကို သတ်နိုင်လိမ့်မည်။

ဝမ်ဝေ့၏ အပြုအမူက ပေါ့ပါးသွက်လက်ကာ တိကျလှပြီး နာနိုစက္ကန့်ပိုင်းအတွင်း ဖြစ်ပွားသွားခဲ့၏။ သို့သော်လည်း တိုက်ပွဲက အဆုံးသတ် မဟုတ်သေးကြောင်း သိလေသည်။ သူက ယီလျန်ချန်း၏ ခန္ဓာကိုယ် ပြန်လည်ပေါ်ထွက်လာသည်ကို ကြည့်နေလိုက်၏။

ငါ့ရဲ့ တုယီနယ်ပယ်ကတောင် သက်ရောက်မှု မရှိဘူးပဲ...

“အခု မင်းလည်း နားလည်လောက်ပြီ”  ယီလျန်ချန်းက ပြောလိုက်သည်။

“ငါက မသေမျိုးပဲ။ ငါက မင်းလောက် အားမကောင်းပေမဲ့ မင်းကို အနိုင်မပိုင်းခင် ဘယ်လောက်ကြာကြာဖြစ်ဖြစ် အားလျော့အောင် လုပ်နိုင်တယ်။”

ဝမ်ဝေ့က ထိုလူအား လျစ်လျူရှုထားပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။ သူ့လက်သီးချက်က မြန်မြန်ဆန်ဆန် လှုပ်ရှားလာပြီး အရိပ်များနှင့် ပုံရိပ်ယောင်များသာ ချန်ထားခဲ့၏။ သူက ထိုလူ၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်ထဲ မရေတွက်နိုင်လောက်သည့် အပေါက်များစွာ ချန်ထားခဲ့သည်။

ငါ့အယူအဆ သဘောတရား လက်သီးချက်က သူ့ရဲ မသေနိုင်စွမ်းအပေါ်မှာ အလုပ်မဖြစ်ဘူးပဲ...

အိမ်မက်ဆိုးကမ္ဘာ

ယီလျန်ချန်းက ပတ်ဝန်းကျင်ကို ငရဲရှုခင်းအဖြစ် ပြောင်းလဲပြီး စကြဝဠာအကြောက်တရားများစွာကို ပုံဖော်လိုက်သည်။ ဤ​နေရာတွင် အဆင့်(၅)တာအိုဘိုးဘေးပင် သူတို့၏ အသိစိတ်ကို ထိန်းထားဖို့ ခက်ခဲလိမ့်မည်။

သို့သော်လည်း ဝမ်ဝေ့က မည်သူနည်း။

သူ့စိတ်စွမ်းအားက ပြိုင်ဘက်များထက် ကျော်လွန်နေသူ ဖြစ်၏။ သူ့မျက်နှာအထက် အမူအရာ အပြောင်းအလဲမရှိဘဲ ထိုအိမ်မက်ဆိုးကမ္ဘာကို ရှင်းထုတ်ပစ်နိုင်သည့် ရွှေရောင်အလင်းတန်းကို ဖွဲ့စည်းလိုက်သည်။

သူ့မျက်ဝန်းထဲ ကာလံဒေသံစွမ်းအား ထွက်ပေါ်လာ၏။ ထို့နောက် သူက နက်နဲကင်းမွန်မျိုးနွယ်ဝင်ငယ် တစ်ယောက်သည် ခန့်မှန်းရခက်သည့် စီးကြောင်းတွင် ဖမ်းယူခံလိုက်ရပြီး သမုဒ္ဒရာ၏ ကြမ်းပြင်ဆီ ရောက်ရှိသွားခဲ့သည်။ ထို့နေရာမှ သူသည် တစ်ဘဝတာလုံးကို ပြောင်းလဲပစ်နိုင်သည့် ကံအပြောင်းအလဲကို ရင်းနှီးတွေ့ဆုံခဲ့၏။

ငါက သူ ဒီစွမ်းအားကို ဘယ်တုန်းကမှ မရခဲ့ဖူးသလိုမျိုး အတိတ်နဲ့ ကံကြမ္မာကို မပြောင်းလဲပစ်နိုင်ဘူး။...

ဤသည်က ယီလျန်ချန်းကို သတ်ဖို့ သူ့အစီအစဥ် ဖြစ်ပေါ်လည်း ကျရှုံးခဲ့ရသည်။ သူက လက်ကို ဝှေ့ယမ်းကာ သင်္ကေတများစွာနှင့် ကောင်းကင်ကို ဖုံးလွှမ်းစေလိုက်ပြီး ကင်းမွန်ကို စည်းပိတ်ဖို့ ကြိုးစားလိုက်သည်။

ဝုန်း ဝုန်း ဝုန်း

ယီလျန်ချန်းက သူ့ခန္ဓာကိုယ်ကို ပေါက်ကွဲစေလိုက်ပြီး သူ့မသေနိုင်စွမ်းကို အခွင့်ကောင်းယူကာ စည်းတံဆိပ်မှ ထွက်လာခဲ့သည်။

“ဟားဟား မင်း စိတ်ဝင်စားဖို့ကောင်းတာ သိချင်လား။ ငါက ဒိုင်မေးရှင်းအမြင့်က ကြွက်တွေလို မဟုတ်ဘူး။ ငါ့ရဲ့ မသေနိုင်စွမ်းက အကြွင်းမဲ့ဖြစ်ပြီးတော့ နောက်ဆုံးတိုက်ပွဲမှာတောင် အလုပ်ဖြစ်လိမ့်မယ် ဟားဟားဟား။” ယီလျန်ချန်းက ရယ်မောလိုက်၏။

ဝမ်ဝေ့က ဖျက်ဆီးခြင်းစွမ်းအား ပါဝင်သည့် အနက်ရောင် စွမ်းအင်လုံးကို ဖန်တီးလိုက်ပြီး သူ့အား ထပ်မံ သုတ်သင်လိုက်သည်။ ထို့နောက် သူ့ဓမ္မခန္ဓာကိုယ်က တင်ပျဉ်ခွေလျက် လေထုထဲ ပေါ်ထွက်လာသည်။ ထိုအရာက ကံကြမ္မာတာအိုကို အသုံးပြုကာ ယီလျန်ချန်းနှင့် ဆက်နွယ်နေသည့် ကံကြိုးများစွာကို ရှာဖွေလိုက်၏။

ပင်မခန္ဓာကိုယ်က ယီလျန်ချန်းကို သုတ်သင်ထားပြီး သူ့စွမ်းရည်တွင် ဟာကွက်ရှိလားဟု စစ်ဆေးနေစဥ် ဓမ္မခန္ဓာကိုယ်က ကြိုးမျှင်ကို ရှာဖွေတွေ့ရှိသွားသည်။ ကံဆိုးစွာဖြင့် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုကလည်း သူ့ကို ရှာဖွေတွေ့ရှိသွား၏။

ဝမ်ဝေ့က သူ့စိတ်သည် အမည်မသိ နေရာတစ်ခုသို့ ရောက်ရှိသွားကြောင်း တွေ့ရှိလိုက်ရသည်။ ပထမဦးစွာ သူ့ကို အပေါ်စီးမှ ကြည့်နေသည့် ဧရာမသတ္တဝါကြီး တစ်ကောင်ကို မမြင်လိုက်ခင်အထိ ဘာမှမခွဲခြားနိုင်ခဲ့ပေ။ ထိုအရာက ကင်းမွန်ခေါင်း၊ တောင်ပံနှင့် လက်သည်းများစွာရှိထားသည့် လူသားအသွင်ဖြစ်လေသည်။ သူက ထိုသတ္တဝါ၏ မျက်နှာမှလွဲ၍ တခြားအရာများကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူက ဘာနဲ့ ရင်ဆိုင်နေရသည်ဆိုသည်ကို ချက်ချင်းသိလိုက်၏။

"တားမြစ်ချက် ၁၃ခုထဲက တစ်ခု၊ သက်တမ်းအရင့်ဆုံး၊ ကြီးမြတ်သော အိမ်မက်မက်သူ၊ အိပ်စက်နေသူ၊ ကသုလူ"

ဝမ်ဝေ့က သူ့အလိုလိုသိစိတ်သည် သူ လုပ်ဖို့ လိုအပ်သည်က ကြောက်ရွံ့ဖို့သာ ဖြစ်ကြောင်း ပြောပြနေသည့်အတွက် အကြောက်တရားက လွှမ်းခြုံတော့မည့်ဆဲဆဲ ဖြစ်နေသည်။ ထို့အစား သူက ထိုသတ္တဝါကြီးနှင့် မျက်နှာချင်းဆိုင်လိုက်၏။

သူက ထိုသို့ လုပ်လိုက်ခြင်း ဖြစ်သည်။ သူက ကသုလူ၏ မျက်ဝန်းကို စိုက်ကြည့်လိုက်ပြီး မဟာဧကရာဇ်များနှင့် ကောင်းကင်ဘုံအဆင့်များကိုပင် ရူးသွပ်သွားစေနိုင်သည့် တီးတိုပြောဆိုသံများကို လျစ်လျူရှုထားလိုက်သည်။

ဝမ်ဝေ့က သတ္တဝါ၏ မျက်ဝန်းအတွင်း စိုက်ကြည့်နေရင်း ယခင်က သတိမထားမိခဲ့သည့် ကိစ္စတချို့ကို စတင်သတိထားမိလာသည်။ နမူနာအားဖြင့် ကသုလူသည် ခန္ဓာကိုယ်အထက် သံကြိုးများ ရှိနေပြီး လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ခံထားရသည်။ သံကြိုးများဆီမှ သူ ခံစားမိသည့်စွမ်းအားက ထိုသတ္တဝါကြီးထက်ပင် ပိုမိုကြောက်ဖို့ ကောင်းနေ၏။

အချိန်အတော်ကြာ ကြာမြင့်သည်ဟု ခံစားရပြီးသည့်နောက်တွင် ဝမ်ဝေ့၏ မြင်ကွင်းက အဆုံးသတ်သွားပြီး လက်တွေ့သို့ ပြန်ရောက်ရှိလာသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ စိတ်စွမ်းအားနှင့် တုယီနယ်ပယ် စွမ်းအားကို စုစည်းလိုက်ပြီး ပေါင်းစပ်လိုက်သည်။ ထို့နောက် သူက ယီလျန်ချန်းနှင့် ထိုသတ္တဝါကြီးကြားမှ ကံဆက်နွယ်မှုကို ဖြတ်တောက်လိုက်၏။

“ဘာတွေဖြစ်နေတာလဲ။ က ….”  သူက ထိုနာမည်ကို မပြောနိုင်ပေ။ သူက အနောက်ပိုင်းမှော် သို့မဟုတ် တခြားဟွင်သွမ်းကမ္ဘာများတွင် တခြားမျိုးနွယ်များ ရှိလားဟု ဝူဟုန်အား မေးခဲ့ဖူးသည်။ သူမသည် သူတို့က ဟွင်သွမ်းစကြဝဠာအတွင်း မတည်ရှိကြောင်း ပြောပြခဲ့၏။ ကမ္ဘာမြေက မျိုးနွယ်သီးသန့်ရှိသည့် နေရာတစ်ခုဖြစ်ပြီး သူမပင် လျို့ဝှက်ချက်များကို မသိသည့် သီသန့်နေရာတစ်ခု ဖြစ်လိမ့်မည်။

သို့သော် ကသုလူက အနောက်ပိုင်း ဒဏ္ဍာရီလာတစ်ခုဖြစ်ပြီး မတည်ရှိသင့်ပေ။

မဟုတ်သေးဘူး။ ဒါက အရေးမကြီးသေးဘူး။...

ဝမ်ဝေ့က သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းလိုက်ပြီး စတင်တွေးတောလိုက်သည်။

ကြောက်မက်ဖွယ်ရာ ဒဏ္ဍာရီများတွင် ကသုလူနှင့် နတ်ဘုရားကြီးများက ကာလံဒေသအပြင်ဘက်ရှိ သတ္တဝါများအဖြစ် ဖော်ညွှန်းလေ့ရှိသည်။ သူတို့က အားကောင်းလွန်းသည့်အတွက် ကိုယ်ပွားများ သို့မဟုတ် လူဝင်စားများနှင့်သာ ဆက်သွယ်နိုင်ကြသည်။

ငါ မြင်လိုက်တဲ့အရာက တကယ့်သတ္တဝါကြီး မဟုတ်ဘဲနဲ့ ကိုယ်ပွားပဲ ဖြစ်နေရင်ရော...

ထိုသဘောတရားအရ တကယ်ခန္ဓာကိုယ်သည် ဟွင်သွမ်းစကြဝဠာ၏ အပြင်ဘက်တွင် တည်ရှိနေနိုင်သည်။ ထိုအရာက ဟုန်မုန့်တွင် တည်ရှိနေနိုင်၏။ ဤတစ်ခုအပြင် တခြားသော ဟွင်သွမ်းစကြဝဠာများရှိကြောင်း ကောက်ချက်ချမှုကို အတည်ပြုပေးလိုက်သည်။

ဝမ်ဝေ့က ထိုသတင်းအချက်အလက်သည် သူ့၏ နောက်ပိုင်း ကျင်ကြံရေးခရီးလမ်းတွင် အရေးပါလာမည်ဖြစ်ကြောင်း ခံစားမိလိုက်၍ အကြည့်များ တောက်ပလာ၏။ သူက အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

ငါက ဘာလို့ တားမြစ်ချက်တွေကို ဆွဲဆောင်မိနေတာလဲ။ ငါက ဇာတ်လိုက်ဖြစ်ရတာ မုန်းတယ်။...

သူက ပြဿနာ မည်မျှဆွဲယူမိကြောင်း စဥ်းစားမိသည့်အခါ ဇာတ်လိုက်အဖြစ် သူ့ကံကြမ္မာကို လက်ခံလိုက်၏။

"ဘာလုပ်လိုက်တာလဲ" ယီလျန်ချန်းက စိတ်ခြောက်ခြားစွာဖြင့် အော်ပြောလိုက်သည်။

***

All Chapters