သင်္ကေတလေးသွယ် ကြေးမုံ
Vol. 49 Ch. 675
အကြီးအကဲဟယ်က တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာအတွင်း ပေါ်ထွက်လာကာ သူ တိတ်တဆိတ် ထွက်လာခဲ့သလိုမျိုး ပြန်ရောက်လာသည့်အခါတွင်လည်း မည်သူကမှ အာရုံမခံမိကြပေ။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ အကြီးအကဲသုံးယောက် စုဝေးရာနေရာဆီ သွားလိုက်၏။
“ဘိုးဘေး ဘယ်လိုလဲ” ခေါင်းဆောင်ဟယ်က ခပ်သွက်သွက်မေးလိုက်သည်။
“ကျရှုံးတယ်” အကြီးအကဲဟယ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။
“ဘိုးဘေးတောင် သူတို့ရဲ့ ကာကွယ်ရေးအစီအရင်ကို မချိုးဖောက်နိုင်ဘူးလား”
“ငါက အခွင့်အရေးတောင် မရလိုက်ဘူး။ ဒိုင်မေးရှင်းအမြင့်က ဝင်ရောက်စွက်ဖက်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းကို ထာဝရဧကရာဇ်စွမ်းအား ရှိဖို့ ကူညီပေးထားတယ် တူတယ်”
“ဘယ်လို” ခေါင်းဆောင်ဟယ်က ထိုရလဒ်ကို မျှော်လင့်မထားပေ။ ထိုစဉ် ခေါင်းဆောင်ကျားက သက်ပြင်းချလိုက်ကာ “အဲဒါကြောင့် သူတို့အားနည်းတဲ့ အခြေအနေမှာတောင် ကျုပ်တို့တွေ ဘယ်တုန်းကမှ မဖျက်ဆီးခဲ့တဲ့ အကြောင်းအရင်း မဟုတ်ဘူးလား။ ဒိုင်မေးရှင်းအမြင့်က သူတို့ဘိုးဘေးတွေကို ကြောက်လို့လေ”
“အခု ဒိုင်မေးရှင်းအနိမ့်က ပိတ်ဆို့ခံထားရတယ်ဆိုတော့ ရဲရဲတင်းတင်း ပြုမူသင့်တယ် မဟုတ်ဘူးလား” စည်းကမ်းထိန်းက ဝင်ပြောလိုက်၏။
အကြီးအကဲဟယ်က ထိုလူများ၏ စကားဝိုင်းကို နားထောင်ကာ ခေါင်းမယမ်းဘဲ မနေနိုင်တော့ပေ။
ဒီမျိုးဆက်ရဲ့ ခေါင်းဆောင်က အတော်လေးကို သာမန်ဆန်တာပဲ…
သူအနေဖြင့် ဂိုဏ်းသည် အသင်္ချေအင်ပါယာကမ္ဘာနှင့် တာအိုအခွင့်အလမ်းဂိုဏ်းထံ ဝင်ရောက်စွက်ဖက်ဖို့ လိုအပ်ကြောင်း သဘောတူလေသည်။ သို့သော် ဧကရာဇ်တာအိုစစ်ပွဲ ဖြစ်မည်ကို သဘောမတူပေ။
စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက စစ်ပွဲကို အနိုင်ရရှိမည် ဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုက ပြင်းထန်သွားနိုင်သည်။ အကယ်၍ တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့မပျက်သုဉ်းခင် အရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့ပါက အနိုင်ရရှိခြင်းပင် မထိုက်တန်ပေ။
“ကျုပ်တို့တွေ အခု ဘာလုပ်ကြမလဲ။ ဘိုးဘေးကျားကို တောင်းဆိုလိုက်ရမှာလား” ခေါင်းဆောင်ဟယ်က ပြောလိုက်၏။
“သူ့ဒဏ်ရာတွေကို ကုသဖို့ ထားထားလိုက်ပါ” အကြီးအကဲဟယ်က သဘောမတူပေ။
“အဲဒီဆိုရင် အင်အားစုတွေဆီ ထာဝရဦးသျှောင် စေလွှတ်ဖို့ တောင်းဆိုရမယ်”
“ငါတို့တွေ တန်ကြေး ပေးရမယ်ဆိုပေမဲ့ အခုတာအိုအခွင့်အလမ်းဂိုဏ်းက ခြိမ်းခြောက်မှုကြီး ဖြစ်နေပြီ။ အဲဒါကြောင့် တုံ့ဆိုင်းမနေကြစို့” ခေါင်းဆောင်ကျားက ပြောလိုက်၏။
“ကျုပ်လည်း သဘောတူတယ်”
“ငါတို့တွေ အဲ့လိုလုပ်ဖို့မရဘူး” အကြီးအကဲဟယ်က ပြောလိုက်သည်။
“ဘာလို့လဲ”
“ငါတို့ရဲ့ အပြုအမူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ဝင်ရောက်စွက်ဖက်သလို ဖြစ်နေပြီးသား။ တကယ်လို့ ကာကွယ်ရေးကြောင့်သာ မဟုတ်ရင် ပိတ်ဆို့ထားတဲ့ ဒိုင်မေးရှင်းအနိမ့်ကတောင် ငါတို့ကို အစစ်အမှန်ကောင်းကင်တာအိုဆီကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ တိုက်ရိုက်တိုက်ခိုက်တာတွေက ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်”
“အမှန်ပဲ။ တခြားအင်အားစုတွေက ကာကွယ်ရေးမရှိဘူးဆိုတော့ ငါတို့ဘယ်လိုပဲ မက်လုံးပေးပေး စွန့်စားချင်ကြမှာ မဟုတ်ဘူး”
“အဲဒါဆို ကျုပ်တို့တတ်နိုင်တာ ဘာရှိသေးလဲ။ ဒီတိုင်းတော့ မထားလိုက်ချင်ဘူး” ခေါင်းဆောင်ဟယ်က သူ့ဘိုးဘေးကို ကြည့်လိုက်၏။
“ငါတို့ရဲ့တစ်ခုတည်းသော ရွေးချယ်မှုက သင်္ကေတလေးသွယ် ကြေးမုံကို သုံးဖို့ပဲ”
၃ယောက်သားက ထိုအရာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် “အဲဒါက လွန်လွန်းမနေဘူးလား”
“လွန်လွန်းနေတာပေါ့။ ဒါပေမဲ့ ထိုက်တန်ရဲ့လားဆိုတာ ဆုံးဖြတ်ရမယ်” အကြီးအကဲဟယ်က ပြောလိုက်သည်။ သင်္ကေတလေးသွယ် ကြေးမုံသည် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ အကြီးမားဆုံးအုတ်မြစ်ထဲမှ တစ်ခုဖြစ်ပြီး ပျက်စီးနေသည့် ကောင်းကင်ဘုံအဆင့် အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်၏။
ကောင်းကင်ဘုံအဆင့်နှင့် သက်ဆိုင်သည့်အရာအားလုံးကို ဒိုင်မေးရှင်းအနိမ့်တွင် ချန်ထားလေ့မရှိပေ။ အစစ်အမှန် ကောင်းကင်တာအိုအနေဖြင့် ကောင်းကင်ဘုံအဆင့် ပစ္စည်းက အပျက်အစီး ဖြစ်နေလျှင်ပင် သူတို့ကို ဖယ်ရှားပစ်လေ့ရှိ၏။ သို့သော်လည်း ဧကရာဇ်ကျားက ထိုအရာကို ရှာတွေ့ခဲ့ပြီး ဂိုဏ်းအတွက် ဒိုင်မေးရှင်းအနိမ့်တွင် ချန်ထားမည့် နည်းလမ်းကို ဖန်တီးခဲ့သည်။ ထိုအရာက ပျက်စီးနေသော်လည်း ကြေးမုံ၏ စွမ်းအားက အကြီးအကဲဟယ် ကြောက်ရွံ့ပြီး ထိတ်လန့်ရသည့်အရာမျိုး ဖြစ်၏။
“အဲဒါကို အသုံးပြုဖို့ တန်ကြေးက မထိုက်တန်ဘူး” ခေါင်းဆောင်ဟယ်က ရုတ်တရက် အကျိုးအကြောင်းသင့် ဆင်ခြင်သွားတတ်ဟန်ပေါ်သည်။
“အမှန်ပဲ”
ဒီလူတွေက ထင်ထားသလောက်တော့ မဆိုးဘူးပဲ…
အကြီးအကဲဟယ်က တွေးလိုက်မိသည်။ ဂိုဏ်းက မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ ခေါင်းဆောင်များ မယှဉ်နိုင်သည့် မျိုးဆက်တော့ ရှိလိမ့်မည်။ သူတို့က ဂိုဏ်း၏ အုတ်မြစ်ကို ပျက်စီးအောင် လုပ်လောက်သည်အထိ မတုံးအသရွေ့ ဘိုးဘေးများက ဝင်ရောက်စွက်ဖက်မည် မဟုတ်သလို နောက်မျိုးဆက်ကိုသာ စောင့်ဆိုင်းနေလိမ့်မည်။
“ဘယ်လိုအသုံးပြုမလဲဆိုတာကိုတော့ ဉာဏ်ကောင်းဖို့လိုတယ်”
“ဘိုးဘေးက ဘာကိုပြောချင်တာလဲ”
“ကြေးမုံကို တိုက်ရိုက်အသုံးပြုတာက ဝင်ရောက်စွက်ဖက်တာနဲ့ အတူတူပဲ။ အဲဒါကြောင့် မင်းတို့ကို သတိပေးလိုက်မယ်။ ဒါကို ဝင်ရောက်မစွက်ဖက်တဲ့ နည်းလမ်းအနေနဲ့ သုံးဖို့ လိုအပ်တယ်”
သုံးယောက်သားက မျက်မှောင်ကြုတ်လိုက်ပြီး ဘိုးဘေး၏ အဓိပ္ပာယ်ကို စဉ်းစားနေကြသည်။
“ဘိုးဘေးပဲ လမ်းညွှန်ပေးပါ”
အကြီးအကဲဟယ်က သူတို့ကို အဖြေတိုက်ရိုက်မပေးဘဲ ဖြည်းဖြည်းချင်း ပြောလိုက်သည် “အသင်္ချေအင်ပါယာကမ္ဘာကနေ နောက်ဆုံးရခဲ့တဲ့ သတင်းအချက်အလက်က ဘာလဲ”
“လူတော်တော်များများက အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်ရှိပြီးသွားတော့ ရှင်းလင်းရေးစတော့မှာပါ” စည်းကမ်းထိန်းက ဝင်ပြောလိုက်သည်။
“အခု အဲဒီသတင်းအချက်အလက်နဲ့ ကြေးမုံကို တွေးပြီးတော့ သုံး”
အဖွဲ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ကြသည်။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ခေါင်းဆောင်ဟယ်၏ အကြည့်များက လင်းလက်လာပြီး “ကောင်းကင်ရွေးချယ်ခံတွေက အခု ရှင်းလင်းရေးအတွက် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာမှာ ရောက်နေမှာပေါ့။ ကျုပ်တို့တွေ ကြေးမုံကို အဲဒီမှာ သုံးလို့ရတယ်”
“အတိအကျပဲ။ ဧကရီဝူရဲ့ စည်းတံဆိပ်က ကာကွယ်ရေးအစီအရင်နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး။ ကံကောင်းတာက တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကြောင့် အားနည်သွားပြီ” အကြီးအကဲဟယ်က ဓားအရှင်နှင့် တိုက်ပွဲအပြီးတွင် သွားရောက်စစ်ဆေးကြည့်ခဲ့၏။
“လူငယ်မျိုးဆက် ကိစ္စဆိုတာကို မှတ်ထား။ ငါတို့လူအိုကြီးတွေနဲ့ ဘာမှမဆိုင်ဘူး”
“ဟုတ်ကဲ့” ခေါင်းဆောင်ဟယ်က ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် တခြားသူများကလည်း လိုက်လံဦးညွှတ်လိုက်ကြသည်။
အကြီးအကဲဟယ်က ခေါင်းညိတ်လိုက်ပြီးနောက် ပျောက်ကွယ်သွား၏။
ဒီလူတွေက တုံးအလွန်းတယ်။ ငါ ဟယ်လန်ရင်းကို သွားပြီးတော့ စစ်ဆေးကြည့်ရမယ်။ သူက အတော်လေး ပါရမီထူးချွန်ပြီးတော့ အာဏာကိစ္စတွေမှာ စိတ်မဝင်စားဘူးလို့ ကြားတယ်။ ဒါပေမဲ့ သူ့အဖေရဲ့ တုံးအမှုကို အမွေ မရပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်…
အကြီးအကဲက ဂိုဏ်း၏ အနာဂတ်ဧကရာဇ်ကို သွားရောက်စစ်ဆေးကာ စကားစမြည်ပြောခဲ့သည်။ သူ့ သီးသန့်ကျင့်ကြံရာသို့ ပြန်ရောက်လာသည့်အခါ သူက ထိုလူနှင့် ပတ်သက်ပြီး ကျေနပ်နေမိ၏။
ထိုဖြစ်ရပ်အပြီးတွင် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင်အထိ သူက နေ့အလင်းရောင်ကို မြင်ရမည် မဟုတ်ပေ။ အစစ်အမှန် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်တွင် ထာဝရဦးသျှောင်များ၏ တည်ရှိမှုကို သဘောမကျဘဲ သူတို့ကို အတင်းအကြပ် တက်လှမ်းခိုင်းတာမျိုး သို့မဟုတ် သေဆုံးသည်အထိ အကွက်ကျကျ ကြံစည်တတ်၏။
ဂိုဏ်း၏ ကာကွယ်မှု၊ သူ့ကံကောင်းမှုနှင့် ဉာဏ်များမှုကြောင့်သာ ယနေ့အထိ စည်းပိတ်ခံရခြင်း မရှိသလို ဒဏ်ရာရရှိခြင်းလည်း မရှိဘဲ အသက်ရှည်ရှည် နေထိုင်ခြင်း ဖြစ်၏။
…………………………………………
အသင်္ချေအင်ပါယာကမ္ဘာ တာအိုအခွင့်အလမ်းဂိုဏ်း
“ငါတို့ထက် ပိုအားကောင်းတဲ့ ဂိုဏ်း ရှိနေတာကို မကြိုက်ဘူး။ အခု သူတို့က ဘယ်လောက်ခြိမ်းခြောက်နိုင်တယ်ဆိုတာကို သိပြီးတဲ့နောက်မှာ ပိုမကြိုက်တော့ဘူး” လိပ်အရှင်က ပြောလိုက်သည်။
“ငါတို့တွေ အခုမှ ဒုတိယအဆင့်ဆိုတာကို သိတာ။ မင်းက ဘာလို့ စိတ်ဆိုးနေတာတုန်း” ဖျက်ဆီးခြင်းအရှင်က ပြန်လည်ချေပလိုက်၏။ “ဘာပဲဖြစ်ဖြစ် ငါတို့တွေ သူတို့နဲ့ တိုက်ခိုက်ဖို့ ဖြစ်လာခဲ့ရင်အတွက် ပြင်ဆင်ထားရမယ်”
လိပ်အရှင်က ပြောလိုက်သည် “အဲဒီစကားက အမှန်တရားထက်ပိုတယ်။ အထူးသဖြင့် ထာဝရဦးသျှောင်တွေ တစ်ယောက်ထက်ပိုရှိနိုင်တဲ့ အခြေအနေကို ထည့်စဉ်းစားကြည့်တဲ့အခါမျိုးပေါ့”
အားလုံးက ထိုဖြစ်နိုင်ချေကို သဘောပေါက်သွားကြသည်။
“ဧကရီက ငါတို့အသုံးပြုနိုင်တဲ့ တစ်ခုခုများ ချန်ထားခဲ့သေးလား” ကြီးကြပ်ရေးမှူးက ပြောလိုက်သည်။ ထိုသူက ဝမ်ဝူချန်နှင့် ဆက်နွယ်နေသည့် အသံပိုင်ရှင် ဖြစ်၏။ ဤနှစ်များစွာတစ်လျှောက် ဆန့်ကျင် ကျင့်ကြံသူအားလုံးက သီးသန့်ကျင့်ကြံပြီး ဂိုဏ်း၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။
ထိုစဉ် ကြီးကြပ်ရေးမှူးက ဂိုဏ်း၏ ကိစ္စအဝဝကို မှန်ကန်စွာ လုပ်ဆောင်နိုင်ဖို့ တာဝန်ယူထားပြီး မျိုးဆက်များက သူတို့၏ မသိနားလည်မှုဖြင့် မဖျက်ဆီးပစ်အောင် ကွပ်ကဲဖို့ တာဝန်ယူထားသည်။
အရိပ်အုပ်ချုပ်သူက ဂိုဏ်းချုပ်နေရာနှင့် ပိုမိုထိုက်တန်ကြောင်း သက်သေပြခဲ့စဉ်အခါက ထိုအခြေအနေကို ရှေ့ထွက်ကာ ဝင်ရောက်ဖြေရှင်းပေးခဲ့သူလည်း ဖြစ်ပေသည်။ သူက အရိပ်များသည် သူတို့၏ သခင်ကို စိန်ခေါ်ကာ ဂိုဏ်းချုပ်ရာထူးကို ရယူနိုင်ကြောင်း စည်းမျဉ်းကို ချမှတ်ခဲ့သူလည်း ဖြစ်၏။
“သူမက တာအိုဆန္ဒအသုံးအဆောင်ပစ္စည်းနဲ့ ကာကွယ်ရေးအဆောင်ကိုပဲ ထားခဲ့တာ” ဓားအရှင်က ပြောလိုက်သည်။
“ သူမရဲ့ စွမ်းအားပါတဲ့အဆောင်ကို ထားခဲ့ရင် လူတချို့က အဲဒါကို အသုံးပြုပြီး နောက်ယောင်ခံလိုက်မှာစိုးလို့လို့ ပြောခဲ့တယ်”
“ငါတို့တွေ တည်ထောင်သူတွေကို မကူညီနိုင်တာ နှမြောစရာပဲ။ ဒါပေမဲ့ ငါတို့လည်း ငါတို့ဖြေရှင်းရမဲ့ ကိစ္စတွေ ရှိသေးတယ်” မူလအရှင်က ပြောလိုက်သည်။
“တကယ်ကို ငါတို့ထဲမှာ နောက်ထပ် ထာဝရစွမ်းအားသာရှိသွားရင် ပိုပြီးတော့ စိတ်အေးသွားလိမ့်မယ်။ ဒါပေမဲ့ အခု ငါတို့တတ်နိုင်တဲ့အရာ ဘာမှမရှိဘူး။” သူက သက်ပြင်းချလိုက်၏။
“ငါတို့တတ်နိုင်တဲ့အရာ ဘာမှမရှိဘူးလား” လိပ်အရှင်က မေးလိုက်သည်။
“နောင်အနာဂတ်မှာ ဂိုဏ်းချုပ် ကိုယ်တိုင် ဖြေရှင်းဖို့ မထားသရွေ့ပေါ့”
“အဲဒီကလေးကိုပဲ အကုန်ပုံအပ်နေတာကြီးကို မကြိုက်ဘူး” ဓားအရှင်က ပြောလိုက်သည်။ “ငါတို့က သူ အရွယ်မရောက်ခင်အထိ ကာကွယ်သင့်တာလေ။ သူ့ဆီကို ဝန်ထုပ်ဝန်ပိုးတွေ ပစ်ပေးနေဖို့ မဟုတ်ဘူး”
“မင်းပြောတာကို သဘောတူတယ်။ ငါတို့တတ်နိုင်တဲ့အရာ ဘာမှမရှိဘူး” မူလအရှင်က အနည်းငယ် စိတ်ဓာတ်ကျမိ၏။
“နည်းလမ်းတော့ ရှိမှာပါ”
အားလုံးက ဖျက်ဆီးခြင်းအရှင်ကို မျှော်လင့်ချက်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
“ဖျက်ဆီးခြင်းဧကရာဇ်က ငါ့ကို အုတ်မြစ်ပြန်လည်ဖွဲ့စည်းမှုကို ဖြတ်ကျော်ပြီး ဂိုဏ်းချုပ်ရဲ့ တွင်းနက်ကြီးဆုံမှတ်နဲ့ ကိုယ်ပွား၈ခုအုတ်မြစ်ကို ရယူဖို့ အကြံပြုခဲ့တယ်”
သူ့စကားနှင့် ပတ်သက်ပြီး မည်သူကမှ မပျော်ရွှင်ကြဘဲ မျက်မှောင်သာကြုတ်လိုက်ကြ၏။ မသေမျိုး ဖြစ်မလာခင် ကျင့်ကြံသူတစ်ယောက်၏ အုတ်မြစ်သည် သူတို့၏ အင်အားအပေါ် သက်ရောက်မှုရှိသည့် လမ်းစဉ်သုံးခု ရှိ၏။ ထိုအရာက ဆန့်ကျင်ကျင့်ကြံသူများအတွက်လည်း အတူတူသာ ဖြစ်၏။
အုတ်မြစ်၏ အရေးပါမှုဖြင့် တချို့သော မသေမျိုးများက သူတို့၏ အင်အားကို စည်းပိတ်ကာ သေမျိုးအဖြစ် ပြန်သွားပြီး အုတ်မြစ်ကို ပြန်လည်ထုဆစ်ကြသည်။ ထို့နောက် သူတို့က မသေမျိုးအဆီအနှစ်နှင့် စွမ်းအားများကို မစုပ်ယူခင် သေမျိုးအဆင့်ကို ပြန်လည်ကျင့်ကြံကြသည်။
သို့သော်လည်း ကိစ္စများက မရိုးရှင်းလှပေ။ သူတို့၏ မသေမျိုးစွမ်းအားကို စည်းပိတ်ထားခြင်းက အင်မတန် ရှုပ်ထွေးလှပြီး အနုစိတ်၍ ဆုံးရှုံးခြင်းမျိုး သို့မဟုတ် သေဆုံးခြင်းမျိုးပင် ဖြစ်စေနိုင်သည်။ ထိုအရာများအပြင် သူတို့က ကြောက်မက်ဖွယ် ကောင်းကင်စမ်းသပ်ချက်နှင့် တာအိုနှလုံးသား စမ်းသပ်ချက်တို့ကို ဖြတ်ကျော်ရဦးမည် ဖြစ်၏။
ကံဆိုးစွာဖြင့် ကိစ္စများက ထိုအရာများ၌ အသက်ရှင်လာပြီးသည့်နောက်တွင်ပင် ကိစ္စများက အဆုံးမသတ်သေးပေ။ ကျင့်ကြံသူများက သူတို့၏ စွမ်းအားကို စည်းပိတ်ပြီးသည့်နောက် ပြင်းထန်သည့် နာကျင်မှုမျိုးနှင့် အားနည်းသည့် ဖြစ်စဉ်ကို ကျော်ဖြတ်ရဦးမည်။ ဤသည်က မသေမျိုးဘဝကို တက်လှမ်းပြီး သေမျိုး ပြန်လည်ဖြစ်လာခြင်း၏ တန်ကြေးဖြစ်ကာ ပိုမိုမြင့်မားသည့် နယ်လွန်သက်ရှိများအဖြစ် အဆင့်အတန်းကိုလည်း လျှော့ချလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်အတွင်း သူတို့က အဆုံးမဲ့သက်တမ်း ရှိမည်မဟုတ်သလို အသတ်ခံရနိုင်ချေလည်း ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို တိုက်ခိုက်ခဲ့ပါက သူတို့သည် ပြန်လည်တိုက်ခိုက်ဖို့ စည်းတံဆိပ်ကို မဖယ်ရှားနိုင်ပေ။ လူအများစုက စမ်းသပ်ချက်ကြောင့် သူတို့၏ အုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းကြမည် မဟုတ်ပေ။
တခြားသူများက ထိုအားနည်းသည့် ဖြစ်စဉ်အတွင်း တစ်စုံတစ်ခုဖြစ်ပျက်လာမည်ကို စိုးရိမ်သည့်အတွက် ပြန်လည်လုပ်ဆောင်ဖို့ ငြင်းဆန်ကြ၏။ ထိုသို့အကြောက်တရား ရှိသည့်လူများ သို့မဟုတ် အသက်ကြီးရင့်ခြင်းကို ကြောက်ရွံ့ကြသည့်လူများက နှလုံးသားနတ်ဆိုး စမ်းသပ်မှုအတွင်း သေဆုံးသွားကြရသည်။
ထိုအဆင့် အားလုံးက သူတို့၏ အုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းလိုသည့် တာအိုဘိုးဘေးနှင့် ထာဝရအရှင်များအတွက် ဖြစ်သည်။ ဧကရာဇ်များကလည်း သူတို့၏ စွမ်းအားကို ပြန်လည်စုပ်ယူသည့်အခါ ကြောက်မက်ဖွယ်ကောင်းသည့် စမ်းသပ်ချက်ကို ပြန်လည်ဖြတ်ကျော်ရမည် ဖြစ်၏။ ထို့အပြင် ထိုဖြစ်စဉ်က ကုသိုလ်ရမှတ်နှင့် တခြားရှုပ်ထွေးသည့်ကိစ္စများလည်း ပါဝင်နေသည်။
အများစုက ထိုနည်းလမ်းကို မလုပ်ဆောင်ကြသည်မှာ အခြေခံအုတ်မြစ် ပြန်လည်ဖွဲ့စည်းခြင်းသည် ဒုတိယတန်းစားဧကရာဇ်ကို ပထမတန်းစား သို့မဟုတ် အတုအယောင်ထာဝရဧကရာဇ်ဖြစ်လာဖို့ ခွင့်ပြုမထား၍ ဖြစ်သည်။ ထိုအရာက သူတို့၏ တိုက်ပွဲခွန်အားကို ရရှိရုံမျှသာဖြစ်ပြီး နည်းလမ်းများကို မဟုတ်ပေ။
“သေချာရဲ့လား” မူလအရှင်က မေးလိုက်သည်။
“တကယ်လို့ ကျရှုံးသွားရင် မင်း သေရလိမ့်မယ်”
“ကျုပ် သိတယ်။ ကျုပ် ပြင်ဆင်ပြီးသွားပြီ”
မူလအရှင်က ခေါင်းညိတ်ကာ “တကယ်လို့ တစ်ယောက်ယောက်သာ အောင်မြင်နိုင်ချေရှိရင် မင်းပဲ ဖြစ်လိမ့်မယ်။ တစ်ခုခုလိုရင် ပြောသာပြော”
“အဲဒါဆိုရင် မင်း အားနည်းနေတဲ့အချိန်အတွင်းမှာ ငါက မင်းရဲ့ ကာကွယ်သူ ဖြစ်ပေးမယ်” ဓားအရှင်က ထပ်ပြောလိုက်၏။
“စောင့်ရှောက်ပေးပါဦး”
“အခုမှပဲ အသက်ရှူနိုင်တော့တယ်” လိပ်အရှင်က ပြုံးကာ ပြောလိုက်၏။
“ဒါနဲ့ ငါတို့တွေ စိတ်ဝိညာဉ်ဂိုဏ်းအကြောင်းကို ဂိုဏ်းချုပ်ကို ပြောဖို့ လိုမလား။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲက နီးကပ်လာပြီ။ သူ့ကို မနှောင့်ယှက်ဖို့ မပြောဘဲထားတာ ပိုကောင်းမလား”
“မလိုဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သူ့အစီအစဉ်အတွက် အကြီးမားဆုံး အတားအဆီးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတော့ ကြိုသိထားတာ ပိုကောင်းတယ်” အထွေထွေသောင်းပြောင်းအရှင်က ပြောလိုက်သည်။
“သူ့အနေနဲ့ သိထားပြီးတော့ ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းတာပေါ့” မူလအရှင်က အလိုက်အထိုက် ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့တွေ ရှင်းလင်းရေး ပြီးတဲ့အထိ စောင့်လို့ရတယ်”
***