← Chapters

ဝိညာဉ်လမ်းစဉ်

Vol. 49 Ch. 676

ဝိညာဉ်လမ်းစဉ်

Vol. 49 Ch. 676

ဟူး

ဝမ်ဝေ့က မျက်လုံးဖွင့်ကာ အသက်ရှူထုတ်လိုက်၏။ သူက ယနေ့တရားထိုင်မှု ပြီးဆုံးခါစဖြစ်ပြီး သူ့ဒဏ်ရာများမှ သက်သာလာပြီ ဖြစ်၏။

ယခင်ရက်ပိုင်းအတွင်း ပြန်လည်ကုသနေစဉ် သူက တစ်စုံတစ်ခု လစ်ဟာသွားတာရှိလားဟု သေသေချာချာ စစ်ဆေးကြည့်ခဲ့သည်။ ကံကောင်းစွာဖြင့် သူက ဘာမှမလစ်ဟာခဲ့ပေ။

သူက တဲမှ ထွက်လာသည့်အခါ တပ်ဖွဲ့နှင့် သူ့အဖွဲ့က မီးပုံနားတွင် ညစာစားနေသည်ကို မြင်လိုက်ရ၏။ သူက လီကျွင်း ပေးသည့်ပန်းကန်ကိုယူကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။

“ဝိညာဉ်က အဆင်ပြေရဲ့လား”

“ရက်ပိုင်းအတွင်း အဆင်ပြေသွားမှာပါ”

“ဝိညာဉ်ပြုပြင်ရေးဆေးလုံး ပေးချင်ပေမဲ့ အကိုကြီးအတွက် ဒါက သက်ရောက်မှု မရှိဘူးဆိုတာကို သိတယ်” ယန်းလီလင်းက ပြောလိုက်သည်။

“ကိစ္စမရှိဘူး။ ဒါနဲ့ အင်မော်တယ်ဆေးလုံး ဖော်စပ်တာရော ဘယ်လိုနေသေးတုန်း” ဝမ်ဝေ့က အထွေထွေသောင်းပြောင်း ဧကရာဇ်ဆီမှ ရရှိထားသည့် သီးသန့်အစီအရင်တစ်ခုကို သူမအား ပေးခဲ့သည်။ ထိုအရာက ဆေးလုံးဖော်စပ်ခြင်းအတွက် ထူးကဲသည့် မသေမျိုးချီကို ထုတ်လွှတ်ပေးနိုင်သည်။

(အရင်က မသေမျိုးဆေးလုံးလို့ ရေးခဲ့တာကို အခု အင်မော်တယ်ဆေးလုံးလို့ ပြောင်းရေးပါ့မယ်)

“အံ့ဖွယ်သင်္ကေတတွေကြောင့် အခုထိတော့ မအောင်မြင်သေးဘူး။ ဒါပေမဲ့ စိန်ခေါ်မှုတစ်ခုဆိုတော့ အောင်မြင်အောင် ကြိုးစားကြည့်မယ်”

အင်မော်တယ်ဆေးလုံးက မသေမျိုးချီ စုပ်ယူမှု လိုအပ်သည်သာမက ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံးပြုလုပ်တာထက် ပိုများသည့် အံ့ဖွယ်သင်္ကေတများကို လိုအပ်ပေသည်။

“အစ်ကိုကြီးက ဘာလို့ ကိုယ့်ဘာသာကိုယ် မသန့်စင်ကြည့်တာလဲ။ အစ်ကိုကြီးရဲ့ ဒဏ်ရာတွေအတွက် အကူအညီ ဖြစ်လောက်တယ်”

“အင်မော်တယ်ဆေးလုံးက သန့်စင်ဖို့ အချိန်အရမ်းကြာလိမ့်မယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏ “ပြီးတော့ အင်မော်တယ်ဆေးလုံးကို ဖော်စပ်တာက မင်းက ပထမဆုံးသေမျိုး ဖြစ်တာ ပိုအဓိပ္ပာယ်ရှိတယ်လေ”

“အဲလိုဟုတ်မှာပါ။ ဒါပေမဲ့ ကောင်းကင်တာအိုက မသေမျိုးချီ အစီအရင်ကြောင့် အသိအမှတ်ပြုပါ့မလားမသိဘူး” အစီအရင်က ဆေးလုံးဖော်စပ်ဖို့ အဓိကသော့ချက်ဖြစ်ပြီး အထွေထွေသောင်းပြောင်း ဧကရာဇ်က ဝမ်ဝေ့ထံ ပေးခဲ့သည့်အရာတစ်ခုလည်း ဖြစ်သည်။

“ငါတို့တွေ အဲဒီအစီအရင်ကို ပြန်လည်ဖန်တီးနိုင်သရွေ့ ရမှာပါ” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲ့လိုက လုံလောက်ဦးမှာ မဟုတ်ဘူး” ယန်းလီလင်းက ခေါင်းခါလိုက်၏။ သူမအနေဖြင့် ဂိုဏ်း၏ အစီအရင် ဆရာသခင်များက ဖွဲ့စည်းပုံကို လေ့လာဖို့ ကြိုးစားပြီး ပြန်လည်ဖန်တီးနိုင်မည်မှန်း ယုံကြည်ထားသည်။ သို့သော်လည်း ကောင်းကင်တာအိုက သူမကိုယ်တိုင် အင်မော်တယ်ဆေးလုံးကို ဖန်တီးဖို့  အသိအမှတ်ပြုမှုရအောင် အစီအရင်ကို လုပ်ဆောင်နိုင်ဖို့ လိုအပ်၏။

“ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် ရလဒ်က ကုသိုလ်အမြောက်အများရမှာဆိုတော့ အောင်မြင်ဖို့ရာ ကြိုးစားထား”

“ကျွန်မ ကြိုးစားမှာပါ” ယန်းလီလင်းက ဧကရာဇ်အဆင့်တွင် ကျင့်ကြံဆင့် မြန်ဆန်စေရန်အတွက် ကုသိုလ်များကို စုဆောင်းထားလေသည်။

“ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင် လုပ်ကြည့်လိုက်” ဝမ်ဝေ့က ပြောလိုက်၏။

“အဲဒီနည်းစနစ်ကို လူသိရှင်ကြား ကြေညာမှာလား”

“ဟုတ်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့သူတွေက ဂိုဏ်းဆီကို သူတို့ဖော်စပ်ထားတဲ့ မသေမျိုးဆေးလုံး ပြန်ပြီးတော့ မျှဝေပေးရမယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ဒီနည်းလမ်းကို သင်ယူနိုင်တဲ့လူက လက်တစ်ဆုပ်စာပဲ ရှိမှာဆိုတော့ အပေးအယူ ကြီးကြီးမားမားတော့ မဟုတ်ဘူး။”

“အသင်္ချေအင်ပါယာကမ္ဘာမှာဆိုရင်တော့ အဲ့လိုဖြစ်နိုင်ပေမဲ့ အဆုံးမဲ့လေဟာနယ်တစ်ခုလုံးကို စဉ်းစားကြည့်မယ်ဆိုရင်တော့ အရေအတွက် များနိုင်တယ်” ယန်းလီလင်းက ပြောလိုက်၏။

“ပြီးတော့ သူတို့အားလုံးက ငါတို့ကို မူပိုင်ခွင့်အခကြေးငွေ ပေးသင့်တာပဲလေ” ဝမ်ဝေ့က ပြောလိုက်သည်။

“အသင်္ချေဆေးလုံးကမ္ဘာမှာရှိတဲ့ အင်အားစုတချို့က ငါတို့လောက် မပြီးပြည့်စုံဘူးဆိုရင်တောင် အင်မော်တယ်ဆေးလုံးဖော်စပ်နိုင်လောက်တယ်။ တကယ်လို့ သူတို့ကသာ အမြင်ကျယ်ခဲ့ရင် မျိုးဆက်တိုင်းမှာ သူတို့ရဲ့ စုဆောင်းထားတဲ့ ချမ်းသာမှုက ဘယ်လောက်တောင်ဖြစ်နေလိုက်မလဲ။ သူတို့တွေက ဒီနည်းစနစ်ကို မျှဝေပြီးတော့ ပြင်ဆင်မှုတွေ အများကြီး လုပ်လို့ရတယ်”

“အဲလိုပြောတော့မှ အဓိပ္ပာယ်တော့ ရှိသား” ယန်းလီလင်းက ထိုနည်းလမ်းသည် သူတို့၏ ပိုင်ဆိုင်မှုများကို တခြားသူများဆီမှ မကာကွယ်နိုင်သည့် အားနည်းသည့် အင်အားစုများအတွက် အလုပ်ဖြစ်မည် မဟုတ်ကြောင်း နားလည်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ ထိုနည်းလမ်းက အင်အားလုံလုံလောက်လောက် ရှိသည့် အင်အားစုများအတွက် အကောင်းဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာနိုင်သည်။

“လျန့်ရှစ်ရှန်းရဲ့ ဝိညာဉ်လမ်းစဉ် နည်းလမ်းကရော ဒဏ်ရာတွေကို ကုသပေးနိုင်လား” လီကျွင်းက မေးလိုက်သည်။

“မရဘူး။ အဲဒါက အများကြီး လိုအပ်တယ်” ဝမ်ဝေ့က မသဲမကွဲပြောကာ စိတ်က တခြားနေရာသို့ ရောက်နေလေ၏။ သူက မိနစ်ပိုင်းကြာ တိတ်ဆိတ်သွားပြီးသည့်နောက်တွင်  “ငါက ဘယ်လောက်တောင် နှေးကွေးနေပါလိမ့်”

“တစ်ခုခုတွေးမိလို့လား” လီကျွင်းက မေးလိုက်သည်။

“ဝိညာဉ်လမ်းစဉ် ဘာလို့ မရှိရတာလဲ”

“ဘာကို ပြောချင်တာလဲ”

“ခန္ဓာ၊ ချီ၊ ဝိညာဉ်နဲ့ တာအို။ ငါတို့သိထားသလောက် သတင်းအချက်အလက်တွေဆိုရင် ငါတို့တွေက ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးတော့ ကျင့်ကြံသူတွေက မသေနိုင်စွမ်းကို ရရှိနိုင်တယ်။ ထာဝရလမ်းစဉ်က ချီလမ်းစဉ်ဖြစ်ပြီးတော့ တာအိုဘိုးဘေးက တာအိုလမ်းစဉ်လေ။ အဲဒါဆိုတော့ ဝိညာဉ်လမ်းစဉ်လည်း ရှိသင့်တာပဲ”

“ဧကရာဇ်ဆိုတာက တာအိုခန္ဓာ၊ ဧကရာဇ် ဝိညာဉ်နဲ့ မြင့်မားတဲ့ ချီ ပိုင်ဆိုင်ထားတယ်” လီကျွင်းက ပြောလိုက်သည်။  “အဲဒါက လမ်းစဉ် ၃ ခုလုံး ပေါင်းစပ်ထားတာပဲ။ အဲဒါဆိုတော့ ဝိညာဉ်လမ်းစဉ်လည်း ရှိသင့်တယ်”

“အတိအကျပဲ”

“အဲဒါဆိုတော့ ဝိညာဉ်လမ်းစဉ် ရှိခဲ့ပေမဲ့ တစ်ခုခု ဖြစ်ပျက်သွားတာမျိုးလား ဒါမှမဟုတ် တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက ဖျက်ဆီးပစ်လိုက်တာမျိုးလား” ယန်းလီလင်းက ပြောလိုက်သည်။

“အဲဒါက ဖြစ်နိုင်ချေအရှိဆုံးပဲ” ဝမ်ဝေ့က ပြောလိုက်သည် “နောက်တစ်ခုကတော့ အစစ်အမှန် ကောင်းကင်တာအိုက အကြောင်းအရင်းတချို့ကြောင့် ဒီလမ်းစဉ်ကို ဖယ်ရှားလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါကတော့ ပထမတစ်ခုဖြစ်ဖို့ပဲ မျှော်လင့်တယ်”

“အဲလိုတွေးကြည့်ဖို့တော့ ထိုက်တန်တယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ဝိညာဉ်လမ်းစဉ်ကို ဖယ်ရှားခဲ့တယ်ဆိုရင် အဲဒီလူက အသိပညာတွေ မကျန်ရှိအောင် သမိုင်းကြောင်းတွေ အပြီးတိုင် ဖျောက်ဖျက်ပစ်မှပဲ ရမယ်” လီကျွင်းက ပြောလိုက်သည်။

“နောက်နည်းလမ်းတစ်ခုက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ဝေးကွာလွန်းတဲ့ အတိတ်မှာ ဖြစ်ပျက်ခဲ့တာမျိုးလည်း ဖြစ်နေနိုင်တယ်။ အဲဒါက ဒိုင်မေးရှင်းအနိမ့်တောင် မတည်ရှိသေးတဲ့ အချိန်မျိုးပေါ့”

“အမှန်ပဲ။ ခွန်အားအစစ်အမှန် တာအိုနယ်ပယ်လည်း အဲ့လိုဖြစ်နေနိုင်တယ်။ ဂိတ်ပေါက်နှစ်ခုအစား သုံးခုရှိရမယ်လို့ ထင်နေမိတယ်။ တစ်စုံတစ်ယောက်က အဲဒီပျောက်ဆုံးနေတဲ့ ဂိတ်ပေါက်အတွက် တာဝန်ရှိမှာ သေချာတယ်။ ဒါပေမဲ့ ဝူဟုန်က ဘာမှမသိဘူးလို့တော့ ပြောတယ်။ သူမ သိထားသလောက် အမြဲတမ်း ၂ခုပဲ ရှိခဲ့တာတဲ့”

“တကယ်လို့ အဲဒီဟာ ပျောက်ကွယ်သွားမှုကြောင့် တစ်ယောက်ယောက်ကသာ တာဝန်ရှိတယ်ဆိုရင် ဝိညာဉ်လမ်းစဉ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ ပြဿနာတွေ့မယ် မဟုတ်ဘူးလား” ထျဲ့ကန်က ပြောလိုက်သည့်အခါ ဝမ်ဝေ့က ရှုံ့မဲ့သွား၏။

“ဖြစ်နိုင်ပါတယ်”

“အစ်ကိုကြီးက တကယ်ကို အန္တရာယ်သံလိုက်ပဲ”

“မင်း ပြောသလောက်တော့ မဟုတ်ပါဘူး။ အစစ်အမှန် ကောင်းကင်တာအိုက လျန့်ရှစ်ရှန်းကို ဝိညာဉ်လမ်းစဉ် ပြန်လည်အသက်သွင်းမဲ့ ကံကြမ္မာပေးထားပြီး ငါက ကူညီပေးရတာလည်း ဖြစ်နေနိုင်တယ်။ သူ့ရဲ့ ဧကရာဇ်လမ်းစဉ်အပေါ် မဆုတ်မနစ် မုန်းတီးနေတာကတော့ သံသယဖြစ်စရာပဲ”

“အစ်ကိုကြီး မှန်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ”

ဝမ်ဝေ့က သူ့အား ကြည့်ပြီးသည့်နောက်တွင် ထိုသူက သူ့ကို ကံဆိုးသည်ဟု ပြောနေကြောင်း ခံစားမိလိုက်သည့်အချိန် သူ့လက်ဝါးကို သူ ပြန်ကြည့်မိလိုက်၏။

“ဘာဖြစ်လို့လဲ” လီကျွင်းက မေးလိုက်သည်။

“ငါ့လက်ဖဝါးတွေ ယားနေလို့”

“ဘာလဲ။ ဘယ်လိုလုပ် လက်ဖဝါးက ယားမှာလဲ”

“ငါ ချမ်းသာရတော့မဲ့ လက္ခဏာ တူတယ်”

“ကံအပြောင်းအလဲ အခွင့်အရေးလား။ ဒီနေရာမျိုးမှာလေ”

“ဖြစ်နိုင်တယ်”

ဝမ်ဝေ့က ထိုဖြစ်နိုင်ချေနှင့် ပတ်သက်ပြီး အံ့ဩခြင်း မရှိပေ။ ခေတ်ကာလ၏ သားတော်အနေဖြင့် ဘယ်ညာတွင် ကံအပြောင်းအလဲ အခွင့်အရေးများ ရှိနေသင့်သည်။ သို့သော်လည်း သူက ချီကံကောင်းမှုကို ထိန်းချုပ်ထားလေ၏။ ပြောရလျှင် ကံကောင်းမှု များပြားလွန်းခြင်း၏ ဆိုးကျိုးကို သိထားလေ၏။ မည်သို့ပင်ဆိုစေကာမူ ကပ်ဘေးတစ်ခုမှ လွတ်မြောက်ကာ အသက်ရှင်လာပြီးသည့်နောက်တွင် ကံကောင်းမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ကံအပြောင်းအလဲ အခွင့်အရေးကို ပေးအပ်လာလိမ့်မည်။

ကတ်သုလူနှင့် တွေ့ဆုံကာ အသက်ရှင်ပြီးသည့်နောက်တွင် သူ့ကံကောင်းမှုက အသက်ဝင်လာလိမ့်မည်။ သူက မျက်လုံးကိုမှိတ်ကာ သူ့အင်အားကို တိုးပွားဖို့ လိုအပ်နေသည့်အရာကို စဉ်းစားကြည့်လိုက်၏။

ငါ ပိုမိုကောင်းမွန်တဲ့ တာအိုသက်သေပြပစ္စည်း လိုအပ်နေတယ်။

သူ့ဇနီးဖြစ်သူက သူမ၏ တာအိုသက်သေပြပစ္စည်းကို သန့်စင်ဖို့အတွက် ဟွင်သွမ်းအသုံးအဆောင်ပစ္စည်း မြောက်များစွာကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူက သူမထံ ရှုံးနိမ့်၍ မဖြစ်ပေ။

သူက အစီအစဉ်တစ်ခု ချမှတ်ပြီးသည့်နောက်တွင် ကံကောင်းမှုတာအိုကို အသက်သွင်းလိုက်ပြီး ချီကံကောင်းမှုအပေါ် နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်သည်။

“ပြီးသွားပြီ”

သူက ရောက်ရှိလာမည့် ကံအပြောင်းအလဲ အခွင့်အရေးသည် သူ့တာအိုသက်သေပြပစ္စည်း ပါဝင်နေကြောင်း သေချာသွား၏။

မနက်ဖြန် မနက်စောစောတွင် အဖွဲ့က ဆက်လက် ချီတက်လိုက်ကြသည်။ သူတို့က မြို့များကို တစ်မြို့ပြီးတစ်မြို့ ဖျက်ဆီးပစ်ခဲ့ကြ၏။ ဝမ်ဝေ့၏ အမှတ်အသားပြားက နောက်ဆုံးတွင် အသက်ဝင်လာခဲ့ပြီး ကောင်းကင်တာအိုက အမှတ်အသားအပြား တစ်ခုလျှင် တပ်ဖွဲ့သန်းတစ်ရာကို ခွင့်ပြုထားကြောင်း သိလိုက်ရသည်။ သို့သော် သူတို့၏ လက်ရှိအမှတ်အသားပြားက တပ်သားသန်း နှစ်ဆယ်ကိုသာ ခေါ်ဆောင်နိုင်လေသည်။ ထို့ကြောင့်အဖွဲ့က သန်းတစ်ရာ ရောက်ဖို့အတွက် ဆက်လက် သတ်ဖြတ်နေ၏။

သိပ်မကြာခင် သူတို့ကမြောက်ဘက်စွန်းတွင် ရှိသည့် ပျင်းရိခြင်းအခြေစိုက်စခန်းကို တွေ့လိုက်ကြသည်။

…………………………………………………………..

မနာလိုမှု ပိုင်နက်

အောင်းရှန်က သူ့ရှေ့တွင် ရှိသည့် အမျိုးသမီးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ ထိုအမျိုးသမီးက မျက်ဆံမှလွဲ၍ လူသားမိန်းမလှတစ်ဦးနှင့် တူညီလေသည်။ သူမ၏ မျက်ဆံများကမူ ကြေးမုံလို ဖြစ်နေလေ၏။ သူမက အမျိုးသား သားရေကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ထိုအဝတ်အစားများက သူမ၏ မိန်းမဆန်ဆန် အလှအပကို မဖုံးကွယ်ထားနိုင်ပေ။

ကြေးမုံမျက်ဝန်း မိစ္ဆာမျိုးနွယ်…

အောင်းရှန်က တွေးလိုက်မိကာ ချက်ချင်းဆိုသလို သတိကပ်သွား၏  “မင်းက ဘယ်သူလဲ”

“ငါ့ကို မနာလိုမှုလို့ ခေါ်လို့ ရတယ်”

“မင်းက ဒီပိုင်နက်ရဲ့ အုပ်ချုပ်သူလား”

“အဲလိုပြောလို့ရတယ်”

“စိတ်ဝင်စားစရာပဲ။ မင်းက အမှတ်အများကြီး တန်မှာပေါ့” အောင်းရှန်က အကြည့်များ တောက်ပလာ၏။

“အခု တိုက်ခိုက်စရာ မလိုပါဘူး” မနာလိုမှုက ပြောလိုက်သည်။

“ရှင်နဲ့ ကျွန်မက တော်တော်များများ တူညီတယ်”

“တူညီတာလား။ ကြားပါရစေဦး” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“ကျွန်မတို့တွေကို လူသားတွေက ခွေးတွေထက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံကြတယ်။ သူတို့က ကျွန်မတို့ရဲ့ မျိုးနွယ်တွေကို အရင်းအမြစ်နဲ့ ကစားစရာအဖြစ် အမဲလိုက်ကြတယ်။ သူတို့ရဲ့ ကရုဏာကြောင့်သာ ပျက်သုဉ်းမသွားသေးတာ။ အဲဒါဆိုတော့ ကျွန်မတို့တွေက တော်တော်များများ တူညီတယ်”

“မင်းတို့ရဲ့ မျိုးနွယ်က ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်ကို အတူတူဆက်ဆံခဲ့တာကလွဲပြီးတော့ပေါ့”

“အဲဒါက အတိတ်တုန်းကပါ။ ကျွန်မတို့တွေ ဘိုးဘေးရဲ့ အပြစ်ကြွေးကို ပြန်လည်ပေးဆပ်ပြီးသွားပြီ”

“အဲဒါဆိုရင် ငါတို့နတ်ဆိုးမျိုးနွယ်က ဒိုင်မေးရှင်းအနိမ့်ရဲ့ ရန်သူ မဟုတ်တဲ့အချက်ကရော”

“ရှင်က ဘာလို့ အဲ့လောက်တောင် ခက်အောင် လုပ်နေရတာလဲ” မနာလိုမှုက စိတ်တိုစွာဖြင့် ပြောလိုက်သည်။

“ငါက အဲ့လိုလုပ်နေတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောနေတာ”

“ကျွန်မတို့မျိုးနွယ်ကြားမှာ မဟာမိတ်ကို ရှင်မမြင်ဘူးလား”

“မိစ္ဆာမျိုးနွယ်က သူတို့ရဲ့ ဘိုးဘေးပြစ်ကြွေးကို ပေးဆပ်ရတာက ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး။ မင်းတို့တွေ ဘာကြံစည်နေတယ်တော့ မသိဘူး။ ဒါပေမဲ့ ဧကရီဝူရဲ့ စည်းတံဆိပ်ကို နားလည်သင့်တယ်။ တကယ်လို့ မင်းတို့တွေက လွတ်မြောက်ရင်တောင် မင်းတို့ကို အမဲလိုက်မဲ့ တခြားအလွှာတွေအများကြီး ရှိသေးတယ်”

မနာလိုမှုက ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင်  “ရှင်နားလည်မယ်လို့ မျှော်လင့်ခဲ့တာ”

“ငါ နားလည်တယ်။ နတ်ဆိုးမျိုးနွယ်ရဲ့ လက်ရှိအခြေအနေက မင်းတို့နဲ့ ပူးပေါင်းတာထက် ပိုကောင်းတယ်ဆိုတာ နားလည်တယ်။ အနည်းဆုံးတော့ ငါတို့က နေရောင်အောက်မှာ ရှင်သန်နိုင်တယ်”

“ရှင်က မဟာမိတ် မဟုတ်မှတော့ ရန်သူပေါ့”

“ငါလည်း အဲ့လိုပြောချင်နေတာ”

***

All Chapters