← Chapters

လျှို့ဝှက်စည်းမျဉ်းများ

Vol. 49 Ch. 678

လျှို့ဝှက်စည်းမျဉ်းများ

Vol. 49 Ch. 678

ဝုန်း

ဝမ်ဝေ့နှင့် အဖွဲ့က မိုးထိလုမတတ် မြင့်မားနေသည့် တောင်ထိပ်ပေါ်ရှိ စံအိမ်ကို လှမ်းကြည့်လိုက်ကြသည်။ ထိုအရာက နှင်းများကြောင့် ဖြူဖွေးနေသည့် ကမ္ဘာတစ်ခု ဖြစ်နေပြီး အောက်ခြေမှ ထိပ်ဆုံးအထိ လမ်းတစ်ခုသာ ရှိ၏။

“ဒီဟာက အုပ်စိုးဖို့အတွက် အိပ်မက်ဆိုးပဲ” ထျဲ့ကန်က ပြောလိုက်သည်။

“လမ်းက တစ်ခုပဲ ရှိတယ်။ ကျုပ်တို့ တပ်ဖွဲ့တွေ ထိပ်မရောက်ခင် သုတ်သင်ခံရနိုင်တယ်။ မသေနိုင်တဲ့ တပ်ဖွဲ့နဲ့ဆိုရင်တောင် စံအိမ်ဆီ ရောက်ဖို့ ဆုံးရှုံးမှု အမြောက်အများ ရှိလိမ့်မယ်”

“ဒါက နှစ်လွှာအစီအရင်ပဲ” ယန်းလီလင်းက ထပ်ပြောလိုက်သည်။

“အပြင်ပိုင်းအစီအရင်က တောင်ကို ဖုံးလွှမ်းထားပြီးတော့ အတွင်းပိုင်းအလွှာက စံအိမ်ကို ကာကွယ်ထားတယ်။ နှစ်ခုလုံးက မသေမျိုးအဆင့်ပဲ”

“အစီအရင်အဖျက်ကောင်လည်း ဒီအစီအရင်တွေအတွက် အလုပ်မဖြစ်လောက်ဘူးမလား” လီကျွင်းက မေးလိုက်သည်။

“မရဘူး” ဝမ်ကျူက ပြန်ဖြေလိုက်၏။

“ဒီအစီအရင်နဲ့ဆိုရင် လျှို့ဝှက်လှိုဏ်ခေါင်း တူးပြီးတော့ ထိပ်ရောက်ဖို့ကလည်း မဖြစ်နိုင်ဘူး” လီကျွင်းက ထပ်ပြောလိုက်သည်။

“သူတို့က အရင်းအမြစ် အပြည့်အဝရှိတဲ့ ကမ္ဘာငယ်တစ်ခုလိုဖြစ်နေတော့ ပိတ်ဆို့တဲ့ နည်းဗျူဟာကလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ဒီအပူချိန်တွေ နိမ့်ကျမှုက ကျုပ်တို့တပ်သားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလာမလဲဆိုတာကို မသိရသေးဘူး။ ဒီတုံးအအ ကစားပွဲအရ အကျိုးဆက်တွေက ရှိလာလိမ့်မယ်”

အားလုံးက မြေပုံကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်ကြ၏။ ကန့်သတ်ချက် မရှိလျှင် သူတို့က တောင်ကို အုပ်စိုးဖို့ရာ ရွေးချယ်မှုများစွာ ရှိလေသည်။ သို့သော် ယခုတွင် ထိုးဖောက်မဝင်ရောက်နိုင်ပေ။

“အကောင်းဆုံးနည်းဗျူဟာက သူတို့ကို မျှားခေါ်ဖို့ပဲ။ ဒါပေမဲ့ ရန်သူက တုံးအပါ့မလား။ ပျင်းရိခြင်းဘုရင်ရဲ့ အပြုအမူတွေအရ အတော်လေးကို သတိထားတဲ့သူဆိုတာ သိသာတယ်။ သူက အခြေစိုက်စခန်းမှာတောင် ရှိချင်မှရှိမှာ”

“နောက်ဆုံးသုံးသပ်မှုက ငါတို့တွေ ဒီနေရာကို အုပ်စိုးနိုင်တယ်ဆိုရင်တောင် ငါတို့တပ်ဖွဲ့တွေရဲ့ ပျက်စီးနှုန်းက ကပ်ဘေးလိုမျိုး ဖြစ်လာလိမ့်မယ်။ အဲဒါက မထိုက်တန်ဘူး” လီကျွင်းက ဝမ်ဝေ့ကို ကြည့်ကာ သုံးသပ်လိုက်၏။

“အစ်ကိုကြီးရော ဘယ်လိုထင်လဲ”

“ငါက ပျင်းရိခြင်းကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီအခြေစိုက်စခန်းကို ရမယ်ဆိုရင် အစီအစဉ်ကျမှု၊ မကျမှုတာအိုအပေါ် နားလည်နိုင်စွမ်းက တိုးမြင့်လာပြီးတော့ ငါ့အတွက် အကျိုးကျေးဇူး ရှိလိမ့်မယ်”

“အစ်ကိုကြီးက စွန့်စားချင်တာလား။ ကျွန်တော်တို့ ပေးဆပ်ရမဲ့တန်ကြေးက အကျိုးအမြတ်အတွက် မထိုက်တန်ဘူး။ ဒီကစားပွဲကနေ စည်းမျဉ်းနားလည်ဖို့ နောက်ထပ်နည်းလမ်း ရှိမှာ သေချာပါတယ်။” လီကျွင်းက သူ့လူများအတွက် အချိန်များစွာ ကုန်ဆုံးခဲ့ရသည့်အတွက် မလိုအပ်ဘဲ မသေစေလိုပေ။

“ငါတို့တွေ များများစားစား ဆုံးရှုံးစရာ မလိုဘူး။ ငါတို့တွေ သူတို့စည်းမျဉ်းနဲ့ ပြန်ရင်ဆိုင်မယ်” ဝမ်ဝေ့က သူ့နည်းဗျူဟာကို ရှင်းပြလိုက်၏။

“ဒါက အလုပ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ အစီအရင်တွေနဲ့ ပတ်သက်ပြီး အစ်ကိုကြီး ဖြေရှင်းရလိမ့်မယ်”

“ငါနဲ့ လီလင်းဆီမှာ အပ်ထားလိုက်”

လီကျွင်းက သူ့တပ်ဖွဲ့များအား အလျင်အမြန် ရွေ့လျားစေကာ အဖွဲ့များ ခွဲခြားပြီး သူတို့အုပ်စိုးခဲ့သည့် ယခင်မြို့များဆီ စေလွှတ်လိုက်သည်။ ထိုစဉ် ဝမ်ဝေ့နှင့် ယန်းလီလင်းတို့က တောင်ရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ မသေမျိုးအဆင့် အစီအရင်ကို သုံးသပ်နေကြ၏။

ဝမ်ဝေ့ ဦးဆောင်ထားသည့်အတွက် ထိုဖြစ်စဉ်က ချောမွေ့လှသည်။ သူ့ပင်မခန္ဓာကိုယ်က ကျွမ်းကျင်အတတ်ပညာများကို လေ့လာထားစဉ် တခြားသော လူဝင်စားများကလည်း အချိန်များစွာ ရှိသည့်အတွက် သူတို့လေ့ကျင့်မည့် အခွင့်အရေးကို အရယူထားကြသည်။ ထို့ကြောင့် သူက သူတို့၏ ဗဟုသုတနှင့် အတွေ့အကြုံများကို ပြန်လည်စုပ်ယူလိုက်ရုံသာ ဖြစ်၏။

နှစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် ပြင်ဆင်မှုများက အပြီးသတ်သွားပြီ ဖြစ်၏။

ဝမ်ဝေ့နှင့် ယန်းလီလင်းတို့က သူတို့ပြင်ဆင်ထားသည့် အစီအရင်အလံများကို တောင်တစ်ဝိုက်တွင် အသက်သွင်းကာ အစီအရင်ကို တန်ပြန်ရင်ဆိုင်လိုက်ကြသည်။ ထို့နောက် လီကျွင်းနှင့် ထျဲ့ကန်တို့က တပ်ဖွဲ့ကို ဦးဆောင်လိုက်ကြ၏။

တပ်ဖွဲ့နှစ်ခုဝန်းကျင်တွင် နောက်ထပ် အဖွဲ့များ ရှိ၏။ ထိုလူများက ဖန်းလီကျွမ်း၏ လူများနှင့် သေမျိုးမိစ္ဆာများ ဖြစ်ကြသည်။ သူတို့၏ ချစ်မြတ်နိုးရသူများ၏ ဆာလောင်မှုဖြင့် ခြိမ်းခြောက်ထားသည့်အတွက် ထိုမိစ္ဆာများသည် အမိန့်အတိုင်း လိုက်လုပ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။

ထို့နောက် အဖွဲ့က သူတို့ကို ကုတ်အားအဖြစ် အသုံးပြုခဲ့သည်။အကယ်၍ ရန်သူက သူတို့ကို ပစ်ခတ်လျှင် သူတို့က သေမျိုးများကို ထိမှန်မည်ဖြစ်ကာ စည်းမျဉ်း၏ အပြစ်ပေးခြင်းကို ခံရလိမ့်မည်။

ထင်ထားသည့်အတိုင်း တပ်ဖွဲ့ဆီ မည်သူကမှ မပစ်လွှတ်ကြပေ။ သူတို့က စံအိမ်ရှိရာ တောင်ထိပ်ဆီ ဖြည်းဖြည်းချင်း ချီတက်လာကြ၏။ လမ်းခုလတ်တစ်နေရာတွင် ဝမ်ဝေ့နှင့် ယန်းလီလင်းတို့က အစီအရင်အလံများကို နေရာအသီးသီးတွင် ထပ်မံ စိုက်ထူလိုက်ကြသည်။

……….

“ကျစ်” စံအိမ်တပ်ဖွဲ့ ခေါင်းဆောင်က ရန်သူ၏ နည်းဗျူဟာကို ကြည့်နေရင်း အံကြိတ်လိုက်သည်။ ထိုနည်းလမ်းဖြင့် သူတို့သည် တပ်သားများကို တိုက်ခိုက်ဖို့ ကြီးမားသည့် တိုက်ခိုက်ရေးနည်းလမ်းကို အသုံးမပြုနိုင်ပေ။ သူတို့က တစ်ဟုန်ထိုး တိုက်ခိုက်ရေးကိုလည်း နည်းဗျူဟာအဖြစ် အသုံးမပြုနိုင်ပေ။

“လေးသမား လေးသမားတွေ အလယ်ကလူတွေကိုပစ်” သူက အမိန့်ပေးလိုက်သည်။ သူ့တပ်ဖွဲ့များက လှုပ်ရှားလိုက်ကြ၏။

ကံဆိုးစွာဖြင့် လီကျွင်း၏ တပ်ဖွဲ့များကလည်း ကျွမ်းကျင်သူများဖြစ်ကာ တိုက်ခိုက်မှုများကို သူတို့၏ မြှားများဖြင့် ပြန်လည်ရင်ဆိုင်လိုက်သည်။ ထို့အပြင် သူတို့က လိုအပ်လာသည့်အခါ ဖန်းလီကျွမ်း၏ လူများကို ဒိုင်းအဖြစ် သုံးထားသည်။

တောင်၏ လေးပုံတစ်ပုံသို့ ချီတက်လာပြီးသည့်နောက်တွင် လီကျွင်းက သူ့လူများ၏ သက်လုံသည် ယခင်ထက် ပိုမိုလျော့ကျလာကြောင်း သတိပြုမိလိုက်သည်။ ထိုအရာက နှင်းကြောင့် ဖြစ်နေနိုင်သည်။ ထို့ကြောင့် သူက သူတို့အား ရပ်တန့်ကာ စခန်းချဖို့ အမိန့်ပေးလိုက်၏။

လေးသမားအဖွဲ့က တစ်ဖွဲ့ပြီး တစ်ဖွဲ့စောင့်ကြပ်ဖို့ တာဝန်ယူထားကြသည်။

ယန်းလီလင်းက သူမ လူများကို အနားယူဖို့ အချိန်ရစေရန် ကိုယ်ပိုင်အစီအရင်တစ်ခုကို ခင်းကျင်းခဲ့သည်။ သူမက သေမျိုးမိစ္ဆာများသည်လည်း သင့်တော်သည့် အပူဓာတ်ရှိဖို့ သေချာအောင် လုပ်ပေးခဲ့သည်။ အဖွဲ့အနေနဲ့ နောက်ဆုံးလိုအပ်သည့် အရာက ထိုလူများသည် သူတို့ကြောင့် သေဆုံးသွားနိုင်၏။

……………………………………………………

စံအိမ်အတွင်း

တပ်ဖွဲ့ခေါင်းဆောင်က မျောလွင့်နေသည့် ကြေးမုံရှေ့တွင် စကားပြောရင်း ဒူးထောက်လိုက်သည်။

“ အသင်္ချေအင်ပါယာကမ္ဘာက လူတွေဆီက ဒီလိုရက်စက်တဲ့ နည်းလမ်းတွေ ထွက်လာမှာကို ထင်ထားပြီးသားပဲ”

“အရှင် ဘယ်လိုတိုက်ခိုက်ချင်ပါသလဲ။ ကျွန်တော်တို့တွေ အကျိုးဆက်ကို ခံယူဖို့ လိုလားပါတယ်”

“မဟုတ်ဘူး။ ကောင်းကင်တာအိုက ငါတို့ဘက်ကဖြစ်နေတာက ငါတို့စွမ်းဆောင်ရည်ရဲ့ အကောင်းဆုံးကြိုးစားပြီးတော့ လူတွေကို ကာကွယ်ပေးလို့ပဲ။ ဒီအရာကို လုပ်လိုက်တာက ငါတို့ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတယ်” ပျင်းရိခြင်းက သဘောမတူပေ။

“ဒါပေမဲ့ ဒီနှုန်းနဲ့ဆိုရင် သူတို့က မကြာခင် စံအိမ်ကို ရောက်လာလိမ့်မယ်။ အစီအရင်က သူတို့ကို တားနိုင်ပါ့မလား”

“ငါ သိတယ်။ မင်းတို့တွေက နည်းဗျူဟာ ၁၅ ကို သုံးဖို့လိုတယ်။ အခြေစိုက်စခန်းအတွက် မင်းကို အာဏာအပြည့်အဝ ပေးတယ်”

တပ်ဖွဲ့ခေါင်းဆောင်က ခေတ္တမျှတုန်လှုပ်သွားပြီး “အရှင့်အမိန့်အတိုင်းပါ”

ပျင်းရိခြင်းက သူ့စံအိမ်ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးသည့်နောက် အဆက်အသွယ်ကို ဖြတ်တောက်ပြီး ဒေါသဆီ တင်ပြဖို့ ထွက်သွားလေသည်။

အဖွဲ့က စံအိမ်မရောက်ခင် သုံးရက်ကြာ ဖြည်းဖြည်းချင်း ချီတက်လာ၏။

“မင်း သတိထားမိလား” ထျဲ့ကန်က စံအိမ်ကို ကြည့်ရင်း မေးလိုက်သည်။

“အင်း သူတို့ရဲ့ တိုက်ခိုက်မှုတွေက ပထမနေ့ကလောက် ဆက်တိုက် မဟုတ်တော့ဘူး” လီကျွင်းက တခြားအလံနှစ်ခုကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အစီအရင်က ပွင့်သွားလေသည်။ လီကျွင်းက လှံတစ်ချောင်း ကိုင်စွဲလျက် ဂိတ်ကို ထိုးဖောက်ဝင်ရောက်လိုက်၏။

သူက တပ်သားများကို ဦးဆောင်သွားနေစဉ် မူမမှန်မှုကို မြန်မြန်ဆန်ဆန် သတိထားမိသွားသည်။ ထိုနေရာတွင် တပ်သားအနည်းငယ်သာ ရှိနေသည်။

မိစ္ဆာတပ်ဖွဲ့က ကျူးကျော်လာသူများအား အမုန်းတရားအပြည့်ဖြင့် ကြည့်နေကြသည်။ ထို့နောက် ဆုံးဖြတ်ထားသည့် အမူအရာဖြင့် ဦးဆောင်ထားသည့် စစ်သူကြီးက အော်ပြောလိုက်သည်။

“မိစ္ဆာမျိုးနွယ် ကြီးပွားကြွယ်ဝပါစေ။ လူသားမျိုးနွယ် ကျိန်စာသင့်ပါစေ”

သူက အဆောင်ကို ချေမွလိုက်သည့်အခါ စံအိမ်အထက် သင်္ကေတမြောက်များစွာ ထွက်ပေါ်လာစေသည်။

“ထင်ထားတဲ့အတိုင်း သူတို့က စံအိမ်ကို ဖောက်ခွဲပြီး ငါတို့ကိုပါ သတ်ဖို့ ကြိုးစားနေတာပဲ” ယန်းလီလင်းက တည်တည်ငြိမ်ငြိမ်ဖြင့် အစီအရင်အလံများကို ထုတ်ကာ နေရာအနှံ့ ထိုးစိုက်လိုက်ပြီး စံအိမ်၏ အစီအရင်ကို ထိန်းချုပ်ကာ မိစ္ဆာ၏ ကြိုးစားမှုကို ပယ်ဖျက်လိုက်သည်။

လီကျွင်းက သူ့လူများကို ဦးဆောင်ကာ ကျန်ရှိနေသည့် မိစ္ဆာတပ်သားများအား သတ်ဖြတ်နေစဉ် ဝမ်ကျူက စံအိမ်ကို စစ်ဆေးကြည့်လိုက်သည်။ အရာအားလုံးက မရှိတော့ဘဲ တန်ဖိုးရှိသည့်အရာ မကျန်ရှိပေ။ သို့သော်လည်း သူတို့က အခြေစိုက်စခန်းအလယ်တွင် ကြေးမုံတစ်ချပ်ကို တွေ့လိုက်ရ၏။

“ကစားပွဲရဲ့ စည်းမျဉ်းအရ ငါတို့တွေက အုပ်စိုးပြီးတဲ့နောက်မှာ အခြေစိုက်စခန်းရဲ့ စွမ်းအားကို အသုံးပြုနိုင်တယ်” ဝမ်ဝေ့က ကြေးမုံကို ကြည့်ရင်း ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့က စီစဉ်ထားသလိုမျိုး ဖျက်ဆီးခဲ့တော့ ငါတို့တွေ ဘာမှမရဘူး”

“အဲဒီကြေးမုံက ဘာလုပ်နိုင်တုန်း” လီကျွင်းက မေးလိုက်သည်။

“ငါက ပျင်းရိခြင်းနယ်မြေတစ်ခုလုံးကို စောင့်ကြည့်ပြီး တစ်ရက်မှာတစ်ခါ ကူးသန်းသွားလာနိုင်တယ်”

“ဒါပဲလား”

“ ဘာတွေများ မျှော်လင့်နေတာတုန်း” ထျဲ့ကန်က ပြောလိုက်သည်  “ဒီအရာတစ်ခုလုံးက ငါတို့ကို ထိန်းချုပ်ထားဖို့ပဲ”

“ဒါက လုံလောက်တာထက် ပိုတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ကြေးမုံကို အသုံးပြုပြီး တပ်သားသန်းတစ်ရာကို ရယူရမယ်။ ငါ ဒီနေရာမှာ သီးသန့်ကျင့်ကြံလိုက်ဦးမယ်”

ဝမ်ဝေ့က စံအိမ်၏ ပင်မအခန်းအတွင်း သီးသန့်ကျင့်ကြံဖို့ ဝင်ရောက်သွားသည်။ သူက ဤအခြေစိုက်စခန်းနှင့် ဆက်သွယ်ကာ အခြေစိုက်စခန်းတည်ရှိမှု၏ နောက်ကွယ်မှ သဘောတရားကို ဖန်တီးခဲ့စဉ်အခါက အစီအစဉ်ကျမှု၊ မကျမှုစည်းမျဉ်းကို နားလည်အောင် ကြိုးစားလိုက်၏။

ထိုဖြစ်စဉ်က ချောမွေ့လွန်းပြီး မြန်ဆန်လှသည်။ သူက သီးသန့်စည်းမျဉ်းအကြောင်း ဆရာတစ်ယောက်ယောက်က သင်ပြလိုက်သလိုမျိုး ဖြစ်၏။ ထို့ကြောင့် ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူ့စိတ်ဝိညာဉ်အမှုန်များနှင့် အနာဂတ်ဗုဒ္ဓကိုယ် ၃၆၀ကို အသုံးပြုကာ အသစ် တစ်စုံတစ်ခု ကို သင်ယူခဲ့ရသည်။

အစီအစဉ်ကျမှု၊ မကျမှုတာအိုကို အသုံးပြုပြီး လျှို့ဝှက်စည်းမျဉ်းများကို မည်သို့ပေါင်းထည့်ရမည် သို့မဟုတ် မည်သို့တားဆီးရမည်ကို သိခဲ့ရ၏။

“အတော်လေးကို အကျိုးရှိတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက်တွင် မျက်လုံးဖွင့်လိုက်သည်။

“အခု မိစ္ဆာမျိုးနွယ်က ဘာတွေကြံစည်နေတယ်ဆိုတာကို ဖော်ထုတ်ရမဲ့အချိန်ပဲ”

သူက အခန်းမှ ထွက်လာသည့်အခါ ဝမ်ကျူက စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏  “အခြေအနေကဘယ်လိုလဲ”

“လီကျွင်းက သူ့ခွဲတမ်း ပြည့်သွားပါပြီ”

“အိုး” ဝမ်ဝေ့က သူ့ဝင်ခွင့်အမှတ်အသားပြားကို စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည်  “သူ့ကို အားကိုးလို့ရတယ်ဆိုတာ သိတယ်”

“ကျွန်မတို့တွေ ကစားပွဲကနေ ထွက်သွားပြီးတော့ တပ်သားတစ်ယောက်ကိုပဲ ချန်ထားခဲ့စေချင်လား”

“အဲဒီအတွက် မလိုဘူး” ဝမ်ဝေ့က သူ့အစီအစဉ်ကျမှုတာအိုကို အသက်သွင်းပြီး ပြောလိုက်သည်။ နည်းစနစ်တစ်ခုကို အသုံးပြုပြီးသည့်နောက်တွင် သူ့ခေါင်းအထက် ဂုဏ်ပုဒ်က ရုတ်ချည်းဆိုသလို ကြားနေဘုရင်ဟု ပြောင်းလဲသွား၏။ သူက ဤပိုင်နက်အတွင်း ဘယ်နေရာမဆို သွားလာနိုင်ပြီ ဖြစ်သော်လည်း တားဆီးချက်အနေဖြင့် သူသည် မည်သူ့ကိုမှ မတိုက်ခိုက်နိုင်ပေ။ တစ်ဖက်လူက စတင်မတိုက်ခိုက်လာသရွေ့ဖြစ်သည်။

“သခင်လေးဆိုတဲ့အတိုင်းပဲ”

“မင်းက ဘယ်အချိန်က ချီးကျူးတတ်သွားတာတုန်း”

“တစ်ခါတစ်လေ ခေါင်းဆောင်ကို ချီးကျူးတာက အလုပ်သဘောကို ပိုမိုချောမွေ့စေတယ်လို့ သခင်လေးပဲ ပြောခဲ့တာလေ။ ကပ်ဖားပုံစံ မပေါက်ဘဲနဲ့ ဘယ်လိုပြောရမယ်ဆိုတဲ့ စကားလုံးတွေတောင် အတိအကျ မှတ်မိသေးတယ်”

“ဟား ဟား ဟား ငါက အဲ့လိုပြောခဲ့တာလား။ ကောင်းပြီလေ ဘယ်သူက ချီးကျူးမှုကို ငြင်းဆန်မှာတုန်း” ဝမ်ဝေ့က ကောင်းကင်ကို ကြည့်ရင်း ပြောလိုက်သည်။

“တပ်ဖွဲ့တွေကို အိမ်ပြန်ပို့ဖို့ လီကျွင်းကို ပြောလိုက်။ ဒါပေမဲ့ ချန်မထားနဲ့။ ကြီးကြီးမားမား တစ်စုံတစ်ခု ဖြစ်ပျက်တော့မယ်လို့ ခံစားနေရတယ်”

“ကြီးကြီးမားမား တစ်စုံတစ်ခုလား။ အဲဒါက ဘာကိုပြောချင်တာလဲ”

“ခံစားချက်တစ်ခုပါပဲ” ထို့နောက် ဝမ်ဝေ့က ပျံသန်းသွားလိုက်သည်။ သူ့အဆင့်အတန်းအသစ်ဖြင့် သူသည် ကူးသန်းမသွားလာနိုင်သေးသော်လည်း သူ့အမြန်နှုန်းဖြင့် သက်ရောက်မှုရှိလှသည်။

***

All Chapters