အဘေး
Vol. 49 Ch. 680
ဝမ်ဝေ့က သူ့ရှေ့ မြောလွင့်နေသည့် လူငယ်လေးတစ်ဦးကို မြင်လိုက်ရသည်။ ထိုလူငယ်က ချောမောပြီး ဝိညာဉ်ကိုပင် ထိုးဖောက်မြင်နိုင်သည့် အနီရောင် မျက်ဝန်းမျိုး ပိုင်ဆိုင်ထား၏။ ထိုသူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူတို့က တကယ့်အဝတ်အစား မဟုတ်ဘဲ အရိပ်မှ ပြုလုပ်ထားသည့် ဝတ်စုံမျိုးသာ ဖြစ်နေသည်။
သူ့အသက်အရွယ်က ငယ်ရွယ်ဟန်ထင်ရသော်လည်း လောကဓံတရားတို့ ကျော်ဖြတ်လာရသည့် အငွေ့အသက်မျိုးရှိနေကာ သူ့ဂိုဏ်းမှ ဘိုးဘေးများထက်ပင် ပိုမိုရှေးကျသည်ဟု ယူဆနိုင်လေသည်။
“ခင်ဗျားက ဘယ်သူလဲ” ဝမ်ဝေ့က သတိကြီးကြီးထားကာ မူလအရှင် ပေးထားသည့် အဆောင်ကို အသက်သွင်းဖို့ အသင့်ပြင်ထားရင်း မေးလိုက်သည်။
“လူတွေက ငါ့ကို မိစ္ဆာအဘေးလို့ခေါ်ကြတယ်။ ဒါပေမဲ့ ငါ့နာမည်က မော့ယွမ်”
“မိစ္ဆာအဘေးလား။ ခင်ဗျားက မိစ္ဆာမျိုးနွယ် ဒိုင်မေးရှင်းအနိမ့်ကို ကျူးကျော်တဲ့ကိစ္စမှာ တာဝန်ရှိတဲ့ အစစ်အမှန်မိစ္ဆာလား”
“မင်းက အဲဒါတောင် သိတယ်လား။ ဘာမှတော့ အံ့ဩစရာတော့ မရှိပါဘူးလေ။ ဒါပေမဲ့ မင်း ပြောတာမှန်တယ်”
“ခင်ဗျားက သေသွားပြီ မဟုတ်ဘူးလား”
“ငါလည်း အဲ့လို ထင်ခဲ့တာပဲ။ ဒါပေမဲ့ အမုန်းတရား၊ အငြိုးတရား၊ စိတ်ဆန္ဒနဲ့ စွဲလမ်းမှုတွေက ဆန်းကြယ်မှုတွေကို ဖန်တီးနိုင်တယ်လေ”
“အဲလိုဖြစ်နိုင်ပါတယ်” ဝမ်ဝေ့က ကိစ္စများစွာကို ရုတ်ချည်း နားလည်သွားသည့်အတွက် ပြန်ပြောလိုက်သည်။ ယခု ဝမ်ဝေ့အနေနှင့် ထိုသူက ဤကုန်းမြေ၏ ကောင်းကင်တာအိုကို ဖန်တီးခဲ့ပြီး ဤနေရာရှိ မိစ္ဆာများကို ကာကွယ်ဖို့ စွမ်းအားပေးကာ အဆင့်မြှင့်တင်ထားခဲ့သူဖြစ်ကြောင်း သိလိုက်ရသည်။
“အရှင်မော့ယွမ်အတွက် ဘာလုပ်ပေးရမလဲ”
“ငါ မပျောက်ကွယ်သွားခင် နောက်ထပ် အစစ်အမှန်မိစ္ဆာတစ်ယောက်နဲ့ တွေ့ရမယ်လို့ ထင်မထားမိဘူး။ ငါ သိချင်လို့ လာကြည့်တာ”
“အစစ်အမှန်မိစ္ဆာတွေက အဲ့လောက်ရှားပါးတယ်လို့တော့ မထင်မိဘူး”
“သူတို့က ရှားတာပေါ့။ ဟွင်သွမ်းစကြဝဠာထဲမှာ မျိုးစေ့တွေ အများကြီး ရှိတယ်။ စည်းမျဉ်းတွေ၊ အချုပ်အနှောင်တွေကို မုန်းတီးပြီး မွေးဖွားလာတဲ့လူတွေက အကြွင်းမဲ့လွတ်လပ်မှုကို ရယူလိုကြတယ်။ ဒါပေမဲ့ လူတချို့ကပဲ ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်ကြတယ်။ အဲဒီထက်နည်းတဲ့ လူတချို့ကပဲ အစစ်အမှန်မိစ္ဆာရဲ့ ဇစ်မြစ်ကို ဉာဏ်အလင်းပွင့်ပြီးတော့ လက်ခံနိုင်ကြတယ်”
“တကယ်လို့ အဲ့လိုပြောမယ်ဆိုရင်တော့ ကျုပ်တို့က တကယ်ကို ရှားပါးတာပဲ”
“အစစ်အမှန်မိစ္ဆာ ဖြစ်တာကို မင်းက သိပ်ဂရုစိုက်ပုံမပေါ်ဘူးပဲ”
“အဲ့လိုဖြစ်တာက ဘာမှအကျိုးကျေးဇူး ရှိတာတော့ မဟုတ်ဘူးလေ” ဝမ်ဝေ့က ပြောလိုက်သည်။
“ပြီးတော့ ဒါက ကျုပ် ဘယ်လိုခံစားရတယ်၊ ယုံကြည်ထားတဲ့ ပြုမူတယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ခေါင်းစဉ်တစ်ခုပဲ မဟုတ်ဘူးလား။ ကျုပ်က အစစ်အမှန်မိစ္ဆာလား။ ကောင်းပြီလေ။ ဒါက ကျုပ်ဘဝကို များများစားစား မပြောင်းလဲစေနိုင်ဘူး”
မော့ယွမ်က ထိုစကားကိုကြားပြီးသည့်နောက်တွင် အားပါးတရ ရယ်မောလိုက်ပြီး “ငါသာ အဲ့လိုစိတ်ထားမျိုးရှိခဲ့ရင် ကိစ္စတွေက ကွဲပြားသွားလောက်တယ်”
“ခင်ဗျားက ဘာတွေဖြစ်ခဲ့လို့လဲ”
“မင်းကို ဘာလို့ပြောပြရမှာလဲ” မော့ယွမ်က စိတ်သက်သာရာရသည့်အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“လာပါ။ ကျုပ်တို့ အစစ်အမှန်မိစ္ဆာရောင်းရင်းအချင်းချင်း ကူညီပါ ”
“ဟား…ဟား…ဟား…စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ။ မင်းရဲ့ မေးခွန်းကို ဖြေမဲ့အစား ငါ့ဆီမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို မင်းရဲ့ အထင်အမြင်ပဲ ပြောပြစမ်းပါ”
“အဲဒါက သိသာတယ် မဟုတ်ဘူးလား။ ဒိုင်မေးရှင်းအနိမ့်မှာရှိတဲ့ မိစ္ဆာမျိုးနွယ်ရဲ့ ကံကြမ္မာအပေါ် မူတည်ပြီး ခင်ဗျားရဲ့ အပြုအမူတွေက မိတ်ဆွေနည်းပါးပြီး ရန်သူတွေအများကြီး ဖန်တီးခဲ့မိမှာပဲ။ အဲဒါကြောင့် ရလဒ်အနေနဲ့ ခင်ဗျားက ဝိုင်းဝန်းတိုက်ခိုက်တာကို ခံရလိမ့်မယ်။”
မော့ယွမ်၏ ပျော်ရွှင်နေသည့် အနေအထားက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ ဒေါသ၊ အမုန်းတရား၊ ဝမ်းနည်းမှုနှင့် မလိုလားမှုတို့ဖြင့် အစားထိုး ဝင်ရောက်လာသည်။ ထို့နောက် သူက သက်ပြင်းချကာ “မင်းပြောတာမှန်တယ်။ ငါက အရူးတစ်ယောက် ဖြစ်လောက်အောင်အထိ လွတ်လပ်မှုကို စွဲလမ်းခဲ့တယ်။ ငါ့ရဲ့အပြုအမူတွေက ငါ့မျိုးနွယ်ကို အန္တရာယ်ဖြစ်စေပြီးတော့ သူတို့ကို နှစ်များစွာ ခံစားစေခဲ့မိတာပဲ”
မော့ယွမ်က အဝေးတစ်နေရာမှ စည်းပိတ်ထားသည့် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကို လှမ်းမကြည့်ခင် ဤကုန်းမြေခွဲကို စစ်ဆေးကြည့်လိုက်သည်။
“ဝမ်းနည်းစရာအကောင်းဆုံးအရာက ဘာလဲဆိုတာ သိလား။ ငါ့ရဲ့အပြုအမူတွေက လှည့်ကွက်အကြီးကြီးရှေ့မှာ အဓိပ္ပာယ် မရှိတော့တာပဲ။ ငါက အစစ်အမှန် ကောင်းကင်တာအိုအပေါ် အမုန်းတရားတွေ အကုန်ပုံအောခဲ့ပြီးတော့ ငါသာ အဲဒီဟာကို ဖျောက်ဖျက်နိုင်ရင် လွတ်လပ်သွားလိမ့်မယ်လို့ ယုံကြည်ထားခဲ့တယ်။ ငါ ဘယ်လောက်တောင် တုံးအခဲ့လိုက်သလဲ။ အဲဒီအရာက တကယ်တော့ ယန္တရားကြီးတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုကလွဲပြီး ဘာမှမဟုတ်ဘူး။
ငါ ဒီထက်ပိုပြီး အမြင်ကျယ်ခဲ့သင့်တာ။ ကောင်းကင်တာအိုကို အစစ်အမှန် လွတ်လပ်ခွင့်ကို ရယူဖို့ ခြေနင်းတုံးကလွဲပြီး ဘာမှမဟုတ်ဘူးဆိုတာမျိုးကို တွေးခဲ့မိသင့်တာ။ ပိုကောင်းတာက ငါ့ရဲ့ရည်မှန်းချက်ကို ရဖို့ အဲဒါနဲ့တောင် မဟာမိတ်ဖွဲ့ခဲ့သင့်တယ်”
မော့ယွမ်က ခေါင်းအသာယမ်းလိုက်သည်။ ထို့နောက် သူက ဝမ်ဝေ့အား ကြည့်ကာ “ငါက ခံစားချက်တွေ ပြင်းထန်သွားလို့ ပြောမိသွားတယ်”
“ကျုပ်နားလည်ပါတယ်။ နောင်တအတွက် ကုသစရာနည်းလမ်း မရှိဘူး”
“ဒါနဲ့ မင်းရဲ့လွတ်လပ်ခွင့်ကို လိုချင်ဖို့ ဘယ်အရာကများ ဖြစ်စေခဲ့တာလဲ”
“အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ကျုပ်ဆီမှာ ချစ်ရတဲ့သူတွေ၊ မိသားစုတွေ ရှိတယ်။ သူတို့ဆီမှာ တစ်ခုခုဖြစ်ပျက်ခဲ့ရင် ကျုပ်က မကာကွယ်နိုင်ဘဲ မပြုပြင်နိုင်တဲ့ အရာမျိုးကို မဖြစ်စေချင်ဘူး။”
“ငါသိပြီ” မော့ယွမ်က သူ့စိတ်ထဲ ဒေါသ၏ ပုံရိပ်ကို ပြန်လည်မြင်ယောင်လာသည်။
“မင်းက မေးခွန်းတချို့ကို မေးချင်နေတာမလား။ မေးလေ”
“ခင်ဗျားက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ဒီလောက်ကြာကြာ ဘယ်လိုမျိုး အုပ်စိုးနိုင်ခဲ့တာလဲ။ တာအိုအခွင့်အလမ်းဂိုဏ်း၊ ဗုဒ္ဓဂိုဏ်း၊ ချင်သူတော်စင်ခုံရုံးနဲ့ တခြားလူတွေအများကြီးက ခင်ဗျားကို အတူတကွ တိုက်ခိုက်ခဲ့မှာပဲ။ အဲဒီလိုစံပြတွေအများကြီးရဲ့ စွမ်းအားကို ဘယ်လိုများ တားဆီးခဲ့တာလဲ”
ဝမ်ဝေ့က ဤသမိုင်းကြောင်းကို နားမလည်ပေ။ အထူးသဖြင့် မိစ္ဆာမျိုးနွယ်က ရန်သူများစွာ ဖန်တီးပြီး မဟာမိတ် လုံလုံလောက်လောက် မရှိသည့်အခါတွင် ဖြစ်၏။
“မင်းက အများကြီး သိထားတာပဲ” မော့ယွမ်က ပြန်ဖြေလိုက်သည်။
“အခုမှတော့ ဝှက်ထားစရာ မလိုတော့ဘူး။ ငါက ပျက်စီးနေတဲ့ အစွဲကင်းအဆင့်တစ်ပိုင်း ရတနာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ အဲဒီဟာရဲ့ စွမ်းအားအပြည့်အဝကို ထုတ်မသုံးနိုင်ပေမဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေကို တိုက်ခိုက်ပြီးတော့ အနိုင်ယူနိုင်တယ်”
အစွဲကင်းတစ်ပိုင်းအဆင့်လား…
ဒါက စံပြပြီးရင် အဆင့်နာမည်လား…
ကြည့်ရတာ သင့်တော်သားပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။
“အခု ကျုပ် နားလည်သွားပြီ။ ခင်ဗျား ရှုံးနိမ့်ပြီးတဲ့နောက်မှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ရွှေရောင်ခေတ်ကာလကို ဖြတ်သန်းခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်လောက်ဘူး။ ကျုပ်ဘိုးဘေး ဧကရာဇ်ချီယွမ်က ခင်ဗျားရဲ့ ရတနာဆီကနေ စံပြအဆင့်နောက်က ကျင့်ကြံရေးလမ်းစဉ်ကို သိခဲ့တာ ဖြစ်မယ်။ အဲဒီနောက် သူက ဒုတိယမြောက် မူလတိုက်ပွဲကို ကြံစည်ပြီးတော့ ရှေ့ဆက်ရမဲ့လမ်းစဉ်ကို ရှာဖွေဖို့ ရွှေရောင်ခေတ်ကာလကို ယူဆောင်ခဲ့တာပဲ”
“မှန်တယ်”မော့ယွမ်က သူ့မျက်ဝန်းအထက် အမုန်းတရားနှင့် မလိုလားမှုတို့ ဖြတ်ပြေးသွားကာ ပြောလိုက်သည်။
“အဲဒီရတနာက မဟာတာအိုက ဟွင်သွမ်းစကြဝဠာရဲ့ ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးဖို့ နယ်ရုပ်တစ်ခုပဲ”
ဝမ်ဝေ့က ထိုသူ၏ စကားကို နားလည်သည့်အတွက် အကြည့်များက တောက်ပလာသည်။
“အကြွင်းမဲ့ တားမြစ်ချက်အပြီးမှာ စံပြတွေအများကြီး သေသွားခဲ့ပေမဲ့ အစွဲကင်းတစ်ပိုင်းအဆင့်လည်း စကြဝဠာထဲမှာ ပေါ်ထွက်လာခဲ့တယ်။ မဟုတ်သေးဘူး။ သူတို့က စကြဝဠာရဲ့ စွမ်းအားအဆင့်ကို မြှင့်တင်ပေးတဲ့အတွက် ပုံမှန်လိုမျိုး ဖြစ်လာလိမ့်မယ်”
မော့ယွမ်က သူ့အား တစ်ချက်ကြည့်ပြီးသည့်နောက် “မင်းက အရမ်းအားနည်းသေးတယ်ဆိုတော့ ဒီကိစ္စတွေကို မပြောဘဲ နေရအောင်”
ဝမ်ဝေ့က ခေါင်းညိတ်ကာ ထိုကိစ္စကို ဆက်လက် မမေးတော့ပေ “ဒါနဲ့ ကျုပ်ကို ဘာလို့များလာတွေ့တာလဲ”
“မင်းကို အပေးအယူ လုပ်ချင်တယ်”
“ပြောပါ”
“ငါ့ရဲ့တပည့် ဒေါသကို မြင့်တက်ဖို့ အခွင့်အရေး ပေးစေချင်တယ်။ အပြန်အလှန်အနေနဲ့ မင်းကို အဲဒီရတနာ သိမ်းထားတဲ့နေရာကို ပြောပြမယ်”
“အဲဒါက ခင်ဗျား ရှုံးနိမ့်ပြီးတဲ့နောက်မှာ တစ်ယောက်ယောက် ယူသွားပြီ မဟုတ်ဘူးလား”
“အဲဒါတော့ ငါ မသိဘူး။ တစ်စုံတစ်ယောက်ရဲ့ လက်ထဲကျရောက်သွားတာလည်း ဖြစ်နိုင်သလို ဟွင်သွမ်းထဲမှာ ပျောက်ဆုံးသွားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ ရတနာကို ရရှိထားတဲ့ လျှို့ဝှက်နယ်မြေက အပိုင်းအစ နှစ်ခုပါဝင်တယ်။ ငါက စစ်ဆေးမှု အောင်ဖို့ တစ်ခုကို ပေးထားတယ်။ မင်းက ဒုတိယတစ်ခုကို ရှာကြည့်နိုင်တယ်”
“အဲဒါက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာလား”
“မဟုတ်ဘူး။ ကမ္ဘာဦးဟွင်သွမ်းရဲ့ တစ်နေရာရာမှာ”
“ခင်ဗျားရဲ့ မျိုးနွယ်ကို မြင့်တက်အောင် လုပ်မဲ့အစား တစ်ယောက်တည်းကိုပဲ ဘာလို့ ကူညီပေးဖို့ ပြောရတာလဲ” ဘိုးဘေးက မေးလိုက်သည်။
မော့ယွမ်က ချက်ချင်း ပြန်မဖြေပေ။ ထိုအစား သူက မိစ္ဆာကိုးပါး နတ်ဘုရားကမ္ဘာကို ကြည့်ပြီးသည့်နောက် အလွှာဝန်းကျင်ရှိ စည်းတံဆိပ်ကို ထားလိုက်သည်။
“ငါက ဧကရီဝူကို တကယ် ကျေးဇူးတင်မိတယ်။ ဒိုင်မေးရှင်းအမြင့်မှာ သူတို့တွေက မိစ္ဆာမျိုးနွယ်ဝင်တိုင်းကို သုတ်သင်ပစ်ခဲ့ကြတယ်။ ဒီနေ့အထိ ငါတို့သွေးမျိုးဆက်ရှိတဲ့သူတိုင်းက ခက်ခက်ခဲခဲ နေထိုင်ရတယ်။ ဒိုင်မေးရှင်းအနိမ့်က ငါ့ရဲ့ အပေါင်းအပါတွေလည်း တူညီတဲ့ ကံကြမ္မာမျိုး ဖြစ်ခဲ့တာပဲ။ ကံကောင်းတာတစ်ခုက စည်းတံဆိပ်က ကာကွယ်မှုပုံစံမျိုး ဖြစ်နေတော့ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ရက်စက်မှုက အဆုံးသတ်သွားပြီးတော့ မိစ္ဆာမျိုးနွယ်ကို ချမ်းသာပေးခဲ့တယ်”
“အဲဒါဆို သူတို့ကို ပိုပြီးတော့ ကယ်သင့်တာလေ”
“မင်းရဲ့တည်ရှိမှုက ကံကြမ္မာက မိစ္ဆာမျိုးနွယ်ကို နောက်ထပ် ထွက်ပေါ်လာဖို့ ခွင့်မပြုဘူးဆိုတာကို ပြသနေတဲ့ သက်သေတစ်ခုပဲ” မော့ယွမ်က ပြောလိုက်သည်။ သူ့မျိုးနွယ်မြင့်တက်မှုကို တားဆီးမည့် နောက်ထပ် အစစ်အမှန်မိစ္ဆာတစ်ယောက်ရှိနေခြင်းမှာ တိုက်ဆိုင်မှုတစ်ခုဟု မထင်မိပေ။
“ပြီးတော့ ငါ့မျိုးနွယ်က တခြားဟွင်သွမ်းကမ္ဘာမှာ တည်ရှိနေတာနဲ့တင် စိတ်သက်သာရာရမိတယ်”
“တကယ်လို့ သူမကို စောင့်ကြည့်ပေးရုံဆိုရင် ခင်ဗျားရဲ့ အပေးအယူကို လက်ခံနိုင်တယ်။ ကျုပ် ကတိပေးတယ်”
မော့ယွမ်က ပြုံးလိုက်၏။ ဤသည်က သူ့အတွက် လုံလောက်နေလေပြီ။ အစစ်အမှန်မိစ္ဆာများသည် မယုံကြည်ရဆုံးလူများ ဖြစ်မှန်း သိထားသော်လည်း သူတို့သည် သူတို့၏ ရည်မှန်းချက်နှင့် အိပ်မက်အတွက် လိမ်လည်ခိုးယူလှည့်ဖျားတတ်ကြသည်။ သို့သော်လည်း သူတို့က ပြောပြီးသား စကားကို ချိုးဖောက်မည်မဟုတ်ပေ။
သူက လက်မြှောက်လိုက်ပြီးသည့်နောက်တွင် သတင်းအချက်အလက် ပါဝင်သည့် အလုံးတစ်လုံးကို ဖွဲ့စည်းပြီး ဝမ်ဝေ့ရှေ့မှောက် ပို့ဆောင်လိုက်သည်။ ခန္ဓာကိုယ်အတွင်း တိုက်ရိုက်ထည့်သွင်းခြင်း မပြုပေ။
ထိုပစ္စည်းကို သိမ်းဆည်းပြီးသည့်နောက်တွင် ဝမ်ဝေ့က မေးလိုက်၏ “ဒေါသကို နှုတ်ဆက်စကား မပြောတော့ဘူးလား။ ခင်ဗျားက သူ့ကို အတော်လေး ဂရုစိုက်တဲ့ပုံပဲ”
“ငါ နှုတ်ဆက်ပြီးသွားပြီ” မော့ယွမ်က ပြောလိုက်သည်။
“နောက်ဆုံး အကြံတစ်ခု ပေးလိုက်မယ်။ မင်းက အစစ်အမှန်မိစ္ဆာ အဆင့်အတန်းကို ဂရုမစိုက်ပေမဲ့ လူတချို့က ဂရုစိုက်လာလိမ့်မယ်”
“ကျုပ် အဲ့လိုခန့်မှန်းမိပါတယ်” အစစ်အမှန်မိစ္ဆာ၏ တော်လှန်လိုသည့် သဘောထားအရ ဝမ်ဝေ့သည် လူတချို့က ထိုဂုဏ်ပုဒ်၏ ဂုဏ်သတင်းဆိုးရွားနေမှုပေါ် အခြေခံပြီး ဒုက္ခလာရှာမည်ကို ခန့်မှန်းမိပြီးသား ဖြစ်၏။
မော့ယွမ်က အလင်းပျောက်များအဖြစ် စတင်ကွယ်ပျောက်သွားသည်။ ယခုသူက သူ့ကဲ့သို့ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံပြီး သူ့တပည့်၏ အနာဂတ်ကို အာမခံပြီးသည့်နောက်တွင် စိတ်အေးချမ်းသွားမိသည်။ ဤနေရာတွင် ထိန်းထားသည့် စွဲလမ်းမှုကလည်း ကွယ်ပျောက်သွားပြီ ဖြစ်၏။ အရေးကြီးသည်က ရတနာ၏ လက်ကျန် စွမ်းအားကလည်း ပျောက်ကွယ်သွားသည်။
အခုတော့ အတည်ပြုနိုင်လိုက်ပြီ။ တစ်စုံတစ်ယောက်က ပင်မအချိန်စက်ဝန်းကို အတင်းအကြပ် ပြောင်းလဲပစ်ခဲ့တာပဲ။ ဘယ်သူက အဲ့လိုစွမ်းအားရှိနေတာလဲ။ သူတို့က ဘာကြောင့် လုပ်ခဲ့တာလဲ…
သူ မသေဆုံးခင် နောက်ဆုံးသော အခိုက်အတန့်တွင် မော့ယွမ်က သူ့ရတနာနှင့် ဆက်သွယ်ကာ သူ နားမလည်နိုင်သည့် ထူးထူးဆန်းဆန်း ပုံရိပ်တချို့ကို မြင်လိုက်ရသည်။ သူက ဧကရီဝူ၏ လက်အောက်တွင် သေဆုံးသွားသည်ကို မြင်လိုက်ရ၏။ သို့သော်လည်း သူ့အစစ်အမှန် သေဆုံးမှုက သူမနှင့် ဆက်နွယ်မှု မရှိပေ။
ပထမဦးစွာ မော့ယွမ်က သူ့စိတ်သည် အချိန်ပြိုင်စက်ဝန်းအတွင်း ရောက်ရှိနေသည်ဟု တွေးလိုက်မိ၏။ သို့သော် ယခုတွင် အမှန်တရားကို နားလည်သွားခဲ့သည်။ တစ်စုံတစ်ယောက်က ဖြစ်နိုင်ချေ မရှိသည့် ကမ္ဘာဦးအချိန်စက်ဝန်းကို အတင်းအကြပ် ပြောင်းလဲပစ်ခဲ့သည်။
ကောင်းပြီလေ။ ဒါက ငါ့အတွက် ကိစ္စမရှိတော့ဘူး။ ငါ့ရဲ့ ဇာတ်ကြောင်းက ဒီမှာအဆုံးသတ်သွားပြီ…
သူက ဝမ်ဝေ့ကို နောက်ဆုံးအနေနဲ့ တစ်ချက်ကြည့်လိုက်သည်။
သူ့ဇာတ်ကြောင်းက ဘယ်လိုဖြစ်လာပြီးတော့ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို မြင်ချင်မိသား…
သူက လက်ရှိအခြေအနေကို တုံ့ပြန်ဖို့ ပြင်ဆင်နေသည့် ဒေါသကို လှမ်းကြည့်လိုက်သည်။
မင်း အရွယ်ရောက်လာတာကို မြင်ချင်မိတယ်…
***