← Chapters

အပြောင်းအလဲများ

Vol. 49 Ch. 682

အပြောင်းအလဲများ

Vol. 49 Ch. 682

ဒေါသက ထိုသတင်းကို ကြားသည့်အခါ အမူအရာ ပျက်ယွင်းသွားသည်။ သူမက ဝမ်ဝေ့သည် ပိုင်နက်ခုနစ်ခုလုံးကို လေ့လာနေကြောင်း ကြားလိုက်သည်နှင့် ထိုရလဒ် ရမည်မှန်း ခံစားချက် ရနေမိသည်။ သူမက ချက်ချင်းလက်မလျှော့ဘဲ စံအိမ်တစ်ခု၏ အခန်းအတွင်းရှိ စင်မြင့်ကို သုံးကာ ကောင်းကင်တာအိုနှင့် ညှိနှိုင်းဖို့ ဆက်သွယ်လိုက်သည်။

ခဏအကြာတွင် ဒေါသက မျက်လုံးဖွင့်လိုက်ပြီး သူမဘာသာသူမ မသောင်းကျန်းမိစေရန် အတင်း ထိန်းချုပ်ထားရသည်။ သူမက ကောင်းကင်တာအိုနှင့် ဆွေးနွေးကာ ပေါင်းစည်းမှုကို ပြန်လည်စဉ်းစားဖို့ ဖျောင်းဖျခဲ့သည်။ သူမက သူမ၏ မျိုးနွယ်ကို ကောင်းမွန်စွာ ကိုင်တွယ်ပြီး အနှောင့်အယှက်မဖြစ်စေရန် သိုသိုသိပ်သိပ် နေမည်ဟုပင် ပြောဆိုခဲ့သည်။

သူမက သူတို့၏ အမုန်းတရားများကို ကိုင်တွယ်ဖြေရှင်းကာ အနောက်ပိုင်းကုန်းမြေရှိ မိစ္ဆာကျင့်ကြံသူများနှင့် မပူးပေါင်းဖို့ရာအထိပင် ကျိန်ဆိုခဲ့သည်။ နှမြောစရာကောင်းလှသည်က ကောင်းကင်တာအိုသည် တခြားအလွှာများသာ မိစ္ဆာမျိုးနွယ်၏ ပြန်လည်ရှင်သန်မှုကို တွေ့ရှိသွားလျှင်  ဒိုင်မေးရှင်းအမြင့်အပေါ် သက်ရောက်မှုရှိစေနိုင်သည့် အကြောင်းအထိ ပြန်လည်ပြောဆိုခဲ့၏။

ဒေါသ၏ နောက်ဆုံးကြိုးစားမှုက ကောင်းကင်တာအိုကို ဤကုန်းမြေခွဲရှိ လူသားသွေးမျိုးဆက် အတော်အတန် ရှိထားသည့် လူတချို့ကို လက်ခံပေးဖို့အထိ ကတိတောင်းဆိုခဲ့သည်။ သို့သော် ထိုအရာက ငြင်းပယ်ခဲ့၏။

သူမက ပလ္လင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေရင်း နောက်အဆင့်ကို စဉ်းစားနေသည်။ ရှည်ကြာလှစွာ စီစဉ်ထားခဲ့သည့် အစီအစဉ်က မစတင်ရသေးခင် အဆုံးသတ်သွားသည့်အတွက် ထိုးနှက်ချက် ကြီးကြီးမားမား ဖြစ်လာသည်။ သူမက အသက်ပြင်းပြင်းရှူလိုက်ပြီးသည့်နောက်တွင် သူမ၏ ရွေးချယ်မှုများကို ပြန်လည်စဉ်းစားလိုက်၏။

……………………………………………………………………..

ဒုစရိုက်ခုနစ်ပါး အစည်းအဝေး

“ဒေါသ ဘာဖြစ်လို့လဲ”

“အစီအစဉ် ကျရှုံးသွားပြီ။ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကောင်းကင်တာအိုက သဘောတူညီမှုကို နောက်ဆုတ်သွားပြီ”

“ဘယ်လို”

“ဝမ်ဝေ့ လုပ်တာပဲ နေမယ် ဟုတ်တယ်မလား” မာနက မေးလိုက်၏။

“ဟုတ်တယ်”

“သူက တခြားပိုင်နက်တွေထဲ ရောက်ကတည်းက ဒီရလဒ်ကို မျှော်လင့်ထားပြီးသား မဟုတ်ဘူးလား” မနာလိုမှုက ထပ်ပြောလိုက်သည်။

“အဲဒါဆိုတော့ နောက်ထပ် ဘာလုပ်ကြမှာလဲ” အစားကြူးသူက မေးလိုက်၏။

အားလုံးက ဒေါသကို ကြည့်ကာ သူမ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြ၏။

“အစီအစဉ်ကို ဆက်လုပ်မယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ မတူဘူး” ဒေါသက ပြောလိုက်သည်။

“ဘာကိုပြောချင်တာလဲ”

“ငါတို့တွေ မိစ္ဆာမျိုးနွယ်ဆိုတဲ့ ဇစ်မြစ်ကို စွန့်ပစ်ပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာဆီ ဝင်ရောက်ကြမယ်။ ငါတို့သာ တာအိုကို သက်သေပြနိုင်သရွေ့ စည်းတံဆိပ်ကို ဖယ်ရှားပြီး ငါတို့မျိုးနွယ်ကို ကာကွယ်ပေးနိုင်လိမ့်မယ်။”

“တစ်မျိုးနွယ်စုလုံးအစား ငါတို့အတွက်ပဲ အစီအရင်ကို သုံးမှာလား” မာနက သုံးသပ်လိုက်၏ “အဲဒါက အလုပ်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကောင်းကင်တာအိုက တန်ကြေးတစ်ခုတော့ တောင်းဦးမှာပဲ”

“မိစ္ဆာနတ်ဘုရားတစ်ပါးက တန်ကြေးအတွက် လုံလောက်ပါတယ်” ဒေါသက ပြောလိုက်သည်။

“တကယ်လို့ ငါတို့ခုနစ်ယောက် …အဲ …  ခြောက်ယောက်ထဲဆိုရင် ကောင်းကင်တာအိုက လက်ခံမှာပါ။ ဒါပေမဲ့ ငြင်းပယ်နိုင်ချေလည်း ရှိတယ်”

“အဲဒါက ငါ့ရဲ့ တစ်ခုတည်းသော စိုးရိမ်မှု …”

ဒေါသက စကားမဆုံးခင် အဖွဲ့နှင့် ဆက်သွယ်နေသည့် ပုံရိပ်ယောင် နေရာလွတ်က စတင် တုန်ခါလာသည်။ သူတို့က မတုံ့ပြန်နိုင်ခင် ပုံရိပ်ယောင်နေရာလွတ်က အားလုံးကို ငြင်းဆန်ပြီး အပြင်ပြန်ထုတ်လိုက်၏။ အစည်းအဝေးက ဤသို့ဖြင့် အဆုံးသတ်သွားသည်။

“ဘာတွေဖြစ်နေတာလဲ” ဒေါသက စံအိမ်အခန်းအတွင်း ပြန်လည်ပေါ်ထွက်လာကာ ရေရွတ်လိုက်၏။ သူမက ကောင်းကင်ကို မော့ကြည့်ကာ ကောင်းကင်သည် အပြာရောင် မဟုတ်တော့ကြောင်း သတိထားမိလိုက်၏။ ထိုအရာက ယခုအခါ လေးပိုင်းကွဲနေပြီး အပြာရောင်၊ အနီရောင်၊ အနက်ရောင်နှင့် အဖြူရောင်ဟူ၍ ဖြစ်နေသည်။

ကောင်းကင်အထက် အက်ကြောင်းများစွာ ပေါ်ထွက်နေပြီးသည့်နောက် ကောင်းကင်တာအိုလည်း ကိုယ်ထင်ပြလာသည်။

[အမည်မသိ ဝင်ရောက်စွက်ဖက်မှု… ကစားပွဲ စည်းမျဉ်းတွေ ပြိုလဲပျက်စီးနေပြီ…တန်ပြန်တိုက်ကွက်ကို အသက်သွင်းနေပါတယ်။ တာဝန် ကျရှုံး]

ဒေါသက ကောင်းကင်အထက် ထိုသတင်းအချက်အလက်ကို မြင်တွေ့ပြီးသည့်နောက်တွင် အမူအရာက ပြောင်းလဲသွား၏။ သူမက အခြေအနေကို မည်သို့ ဖြေရှင်းရမည်မှန်း မစဉ်းစားနိုင်ခင် သူမရှေ့တွင် အဆောင်တစ်ခု ပေါ်ထွက်လာသည်။ သူမက ထိုအရာသည် သူမ၏ ဆရာဖြစ်သူ ပြောခဲ့ဖူးသည့် အရာဖြစ်ကြောင်း ချက်ချင်းမှတ်မိလိုက်သည်။

သူမက အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ အဆောင်ကို သန့်စင်လိုက်၏။

“အဲ့လောက်တောင် အားနည်းတယ်လား။ ဒါပေမဲ့ လုံလောက်ပါတယ်…”

သူမက ဤကုန်းမြေ၏ ကောင်းကင်တာအို၏ လက်ကျန်စွမ်းအားကို ထိန်းချုပ်ကာ ကမ္ဘာငယ်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူမက မိစ္ဆာမျိုးနွယ်အားလုံး သေမျိုးဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ ထိုကမ္ဘာငယ်အတွင်း ဆင့်ခေါ်လိုက်၏။

ငါ တခြားသူတွေကို မကယ်နိုင်တာ နှမြောစရာပဲ။ ဘာဖြစ်ဖြစ် ဒါက စွမ်းအားတချို့တော့ ကျန်ပါသေးတယ်…

ဒေါသက မိစ္ဆာဒဏ်ခတ်ရေး ဓားရှိရာ အခန်းဆီ ဦးတည်လာလိုက်သည်။ သူမက တုံ့ဆိုင်းမနေဘဲ ကောင်းကင်တာအို၏ လက်ကျန်စွမ်းအားများကို ထိုအရာ၏ ကြီးထွားမှုအတွက် အရှိန်မြှင့်တင်ပေးလိုက်သည်။

လာစမ်းပါ…

ဒေါသက တစ်စုံတစ်ခုကို အာရုံမခံမိခင်အထိ တွေးနေမိသည်။ သူမက လှည့်ကြည့်လိုက်သည့်အခါ နှလုံးခုန်မြန်သွားမိ၏။ သူမအနောက်ဖက်တွင် ခေါင်းအထက် အနီရောင် အမှတ်သားရှိနေသည့် လူတစ်ယောက် ပေါ်ထွက်လာသည်ကို ရုတ်ချည်း မြင်လိုက်ရသည်။

……………………………………………………………..

အစားကြူးသူ ပိုင်နက်

ဘေးနားမှ တပ်ဖွဲ့များက ဆူညံနေသော်လည်း မျက်လုံးစိမ်းရှိသည့် လူငယ်လေးက မီးပုံဘေးတွင် ထိုင်ရင်း အတွေးနက်နေမိ၏။

တပ်ဖွဲ့သန်းတစ်ရာ ကန့်သတ်ချက်က များလွန်းတယ်ဆိုပေမဲ့ အဲဒီနှစ်ယောက်ရှေ့မှာ သူတို့က ဘာမှဟုတ်မှာ မဟုတ်ဘူး…

ကပ်ပါးက တွေးလိုက်မိသည်။

သန်းတစ်ရာ တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့လိုက်ရင်တောင် နာရီပိုင်းကြာနဲ့ အားလုံးကို သတ်နိုင်လောက်တယ်…

သူက မြေပြင်ပေါ် ထိုင်နေသည်။ ထိုအရာက ထူးထူးဆန်းဆန်း အစိမ်းရောင် ဖြစ်နေလေ၏။

ဘာပဲဖြစ်ဖြစ် ဒီအမြှောက်စာတွေရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ရေးဆွဲသူရဲ့ လက်နက်ကို အသုံးပြုဖို့ရာ အချိန်ဆွဲထားဖို့ပဲ…

ဤသို့သော လက်နက်မျိုးက အင်မတန် အကုန်အကျများပြီး အသုံးပြုနိုင်သည့် အရေအတွက် ကန့်သတ်ချက်လည်း ရှိပေသည်။ ထို့အပြင် သူတို့က တခြားသော အပြောင်းအလဲများ ကျူးကျော်လာနိုင်ချေကိုလည်း ထည့်သွင်း စဉ်းစားရမည်။

ကပ်ပါးက တစ်စုံတစ်ခုကို ခံစားမိ၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက ကောင်းကင်တာအို၏ သတင်းစကားနှင့် အရောင် ပြောင်းလဲသွားသည်ကို  မြင်လိုက်ရ၏။

အပြင်ဘက်က တစ်ယောက်ယောက်က ကျူးကျော်နေတာလား…

သူက အပြောင်းအလဲ အဆုံးသတ်သွားသည်အထိ စောင့်ဆိုင်းလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ပျောက်ဆုံးသွားသလို ခံစားလိုက်ရ၏။ သူက အဝေးတစ်နေရာသို့ ချက်ချင်းကူးသန်းသွားလိုက်ပြီးသည့်နောက် နဂိုနေရာတွင် ပြန်လည်ပေါ်ထွက်လာသည်။

ကပ်ပါးက ဆက်သွယ်ရေး အဆောင်ကို ထုတ်ကာ တခြားလူများနှင့် ဆက်သွယ်လိုက်၏။ သို့သော်လည်း  သူက မအောင်မြင်ခင် သူ့ခေါင်းအထက် အနီရောင်အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။

ပစ်မှတ်လား…

သူက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူက ထိုအရာကို ဖယ်ရှားဖို့ သူသိထားသည့် ကျင့်စဉ်တချို့ စမ်းကြည့်ခဲ့သော်လည်း ထိုအမှတ်အသား နောက်ကွယ်မှ စွမ်းအားက သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေ၏။

ဒီစွမ်းအားက ရင်းနှီးနေတဲ့ အငွေ့အသက်အတက်အကျမျိုး ရှိနေတယ်…

ကပ်ပါးက ခေတ္တမျှ တွေးလိုက်ပြီးသည့်နောက်တွင် ဘယ်နေရာတွင် သတိထားမှန်း ပြန်လည်မမှတ်မိပေ။ ထို့နောက် သူက တခြားသူများကို ဆက်သွယ်လိုက်၏။

“မင်းတို့တွေ ဘာဖြစ်နေတယ်ဆိုတာ သိကြလား”

“ပြင်ပအင်အားစုတချို့က ငါတို့ ရှင်းလင်းရေးမှာ ဝင်ရောက်စွက်ဖက်တဲ့ပုံပဲ” ထာဝရမီးတောက်က ပြောလိုက်သည်။

“အဲ့လောက်တော့ ငါလည်း သိတယ်” ကပ်ပါးက ပြန်လည်ချေပလိုက်၏။

“အာကာပြင် မတည်ငြိမ်မှုတွေကို ခံစားမိတယ်။ လူတချို့က ဒီကုန်းမြေဆီ ကူးသန်းရောက်ရှိလာတယ်လို့ ထင်တယ်” ရေးဆွဲသူက ပြောလိုက်သည်။

“ငါတို့ခေါင်းအထက်က ပစ်မှတ်အပေါ် မူတည်ပြီး သူတို့ရဲ့ ပစ်မှတ်က အသင်္ချေအင်ပါယာကမ္ဘာကလူတွေ ဖြစ်နေနိုင်တယ်”

“အဲဒါဆိုတော့ အလွှာတချို့က ဒီနည်းလမ်းကိုသုံးပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာက ကောင်းကင်ရွေးချယ်ခံတွေကို ဖယ်ရှားပြီး သူတို့ရဲ့ နှောင့်နှေးမှုကို မြင့်တက်စေချင်တာပေါ့” ကပ်ပါးက သုံးသပ်ကာ ပိုမိုဒေါသထွက်လာမိ၏။

“အရေးမပါတဲ့ အပြုအမူပဲ။ သူတို့လုပ်တာက အားနည်းတဲ့သူတွေကိုပဲ သတ်ပြီးတော့ အဲဒီနှစ်ယောက်တာအိုကို သက်သေပြဖို့ ပိုလွယ်ကူအောင် လုပ်ပေးနေသလိုပဲ”

တခြားကောင်းကင်ရွေးချယ်ခံများကို အမြှောက်စာအဖြစ် အသုံးပြုမည့် သူတို့၏ အစီအစဉ်ပင် အနှောင့်အယှက် ဖြစ်လာစေသည်။ သို့သော်လည်း ဤကုန်းမြေတွင် လတ်တလော အပြောင်းအလဲများက ဝမ်ဝေ့နှင့် တိထျန်းအပေါ် သက်ရောက်မှု မရှိပေ။ သူတို့၏ မဟာမိတ်များပေါ်သာ သက်ရောက်မှုရှိသည့်အတွက် အစီအစဉ်ကို ပျက်ပြားစေသည်။

“ဒီလိုအခြေအနေမှာ ငါတို့တတ်နိုင်တာ နည်းနည်းပဲ ရှိတယ်။ အဲဒီနယ်ခြား ကောင်းကင်ရွေးချယ်ခံတွေကို အမဲလိုက်ဖို့ပဲ။” ထာဝရမီးတောက်က ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့တွေ စွမ်းအားပြတာ များသွားရင် ငါတို့တွေ ဝမ်ဝေ့ရဲ့ စက်ကွင်းထဲ ကျရောက်သွားလိမ့်မယ်။ မင်း သိတဲ့အတိုင်း သူက သံသယဝင်နေတာဆိုတော့ ငါတို့ကို သတ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”

“ငါတို့ကို အမဲလိုက်ဖို့ သူ့ဆီမှာ အကန့်အသတ်တွေရှိမယ် မဟုတ်ဘူးလား။ ခေတ်ကာလရဲ့ သားတော်အနေနဲ့ သူ့အပြုအမူတွေက ကမ္ဘာရဲ့ ကြီးထွားမှုကို နှောင့်နှေးစေနိုင်တယ်လေ” ကပ်ပါးက ရေးဆွဲသူကို အဖြေမေးလိုက်၏။

“ခေတ်ကာလရဲ့ သားတော်က ကံကြမ္မာအတွက် တစ်ယောက်ကိုတစ်ယောက် သတ်လို့ရတယ်။ ကိစ္စတွေက အဲ့လိုမျိုးဖြစ်ခဲ့တာ။ ဒါပေမဲ့ တစ်ယောက်ထဲကို ကံကြမ္မာ စုပုံပေးတာကတော့ ပထမဦးဆုံး အကြိမ် ကြားဖူးတာဆိုတော့ သိပ်မသေချာဘူး”

“ဘာဖြစ်ဖြစ် သူ ငါတို့ကို အမဲလိုက်လို့ မရဘူးဆိုတဲ့ ဖြစ်နိုင်ချေအပေါ် လုံးဝယုံကြည်ထားလို့ မဖြစ်ဘူး” ထာဝရမီးတောက်က ပြောလိုက်သည်။

“အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေက ငါတို့အတွက် မျက်နှာသာပေးနေတာပဲ” ကပ်ပါးက ပြောလိုက်သည်။

“တပ်ဖွဲ့သန်းတစ်ရာ ကန့်သတ်ချက် မရောက်နိုင်တဲ့ ငါတို့မဟာမိတ်တချို့ကို ကူညီပေးနိုင်တယ်။ ကောင်းကင်ရွေးချယ်ခံအားလုံးက ဒီနေရာမှာ စုစည်းနေတာဆိုတော့ မဟာမိတ်ဖွဲ့ဖို့ ပိုတောင် လွယ်ကူသေးတယ်”

“ဒါက အရင်းအမြစ်တွေ စုစည်းဖို့ အခွင့်အရေးကောင်းပဲ” ရေးဆွဲသူက ပြောလိုက်သည်။

“ငါတို့တွေ အဲဒီနယ်ခြားကောင်းကင်ရွေးချယ်ခံတွေကို ပြန်ပေးဆွဲပြီးတော့ သူတို့ရဲ့ အင်အားစုဆီ သူတို့ကို အကောင်းအတိုင်း ပြန်လိုချင်ရင် ရက်ရက်ရောရော ပေးဖို့ တောင်းဆိုကြမယ်”

“အဲဒါက အလုပ် ဖြစ်နိုင်တယ်” ကပ်ပါးက သဘောတူလိုက်၏။

“ဒါပေမဲ့ ငါတို့တွေ ညှိနှိုင်းမှုအတွက် တတိယမြောက်အဖွဲ့သုံးဖို့ သတိထားရမယ်။ ပြောရမယ်ဆိုရင် ငါတို့တွေ သိုသိုသိပ်သိပ် နေဖို့လိုတယ်”

“ငါတို့တွေ တခြားသူတွေနဲ့ ဆက်သွယ်သင့်လား” ထာဝရမီးတောက်က မေးလိုက်စဉ် တခြားသုံးယောက်က ချက်ချင်းဆိုသလို တိတ်ဆိတ်သွားကြ၏။ သူတို့က သူ ဆိုလိုသည့် အကြောင်းအရာကို နားလည်ကြသည်။

လမင်းခုနစ်စင်းက တခြားကမ္ဘာ့အသိုက်အဝန်းများဆီ သူလျှိုများ စေလွှတ်ထားခဲ့သည်။ သို့သော်လည်း သူတို့၏ တည်ရှိမှုက အသင်္ချေအင်ပါယာကမ္ဘာရှိ လူများ ကျရှုံးသွားသည့်အခါ အရန်အစီအစဉ်အနေဖြင့်သာ ဖြစ်၏။

ထိုသူလျှိုများက တခြားကမ္ဘာ့အသိုက်အဝန်းများတွင် တာအိုကို သက်သေပြကာ အသင်္ချေအင်ပါယာကမ္ဘာ၏ ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်အောင် ပူးပေါင်းကာ တိုက်ခိုက်ကြလိမ့်မည်။ အကယ်၍ ထိုသို့ဖြစ်လာပါက ပြန်လည်ကောင်းမွန်ဖို့ရာအတွက် မျိုးဆက်များစွာတိုင် နှောင့်နှေးထားနိုင်လိမ့်မည်။

လမင်းခုနစ်စင်းက အသင်္ချေအင်ပါယာကမ္ဘာ မြင့်တက်လာမှုသည် ကံဖန်နေသည့် ကိစ္စဖြစ်ကာ မပြီးမပြတ်အခြေအနေတွင် ရှိနေသည့် တခြားသောစံပြများ ပြန်လည်ရောက်ရှိလာနိုင်သည့် ဓာတ်ကူး ဖြစ်နိုင်ကြောင်း သိထားကြသည်။ သို့သော်လည်း ကျင့်ကြံရေးလောက၏ ထိပ်ဆုံးတွင် ရှိနေသည့်သူများအနေဖြင့် ကံကြမ္မာ သို့မဟုတ် ကံကို အနေအထားတစ်ခုအထိ ကြိုးဆွဲနိုင်ကြ၏။

ပိုမိုကောင်းမွန်စွာ ပြောပါက ထိုအရာ၏ စွမ်းအားကို လွှမ်းမိုးရုံမျှသာ ဖြစ်သည်။

“ငါတို့အကြောင်း ပေါက်ကြားသွားရုံအပြင် အဲဒီလူတွေကို ဆက်သွယ်လို့ အကျိုးကျေးဇူး မရှိဘူး” ကပ်ပါးက သဘောမတူပေ။

“ငါတို့တွေ တာဝန်ကျရှုံးသွားတဲ့အနေနဲ့ သတင်းအချက်အလက် လဲလှယ်ဖို့ ပြင်ဆင်ထားနိုင်တယ်”

“ငါတို့တွေ ကျရှုံးမှာ မဟုတ်ပါဘူး”

“တုံးတုံးအအ မောက်မာနေတဲ့သူတွေကပဲ အဲ့လိုမျိုး အကြွင်းမဲ့အရာမျိုးကို ယုံကြည်ကြတာ” ထာဝရမီးတောက်က ပြောလိုက်သည် “ငါတို့အစီအစဉ်က ဘယ်လိုပဲဖြစ်ဖြစ် ကျရှုံးနိုင်ချေလည်း ရှိတယ်။ အဲဒါကြောင့် အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်”

“သူ ပြောတာမှန်တယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းလည်း သိပါတယ်” ရေးဆွဲသူက ပြောလိုက်သည်။

သူတို့က ဒိုင်မေးရှင်းအမြင့်မှဖြစ်၍ သူတို့၏ အင်အားစုများသည် လမင်းခုနစ်စင်းနှင့် တိုက်ရိုက် ဖြစ်စေ၊ တိုက်ရိုက် မဖြစ်စေ ဆက်နွယ်နေကြသည်။ သူတို့က ထိုအုပ်ချုပ်သူများအပေါ် သစ္စာရှိကြသည့်အတွက် သူတို့၏ ကံကြမ္မာကလည်း ဆက်နွယ်နေလေ၏။ အကယ်၍ လမင်းခုနစ်စင်းသာ ကျရှုံးသွားခဲ့လျှင် သူတို့ကံကြမ္မာလည်း ကောင်းမွန်မည် မဟုတ်ပေ။

“ကောင်းပြီ။ သူတို့ကို ဆက်သွယ်လိုက်ရအောင်”

***

All Chapters