စစ်သူကြီး
Vol. 49 Ch. 686
တိထျန်းက သူ့စခန်းနား ရပ်နေရင်း တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည်။ သူက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို ခံစားမိလိုက်၍ ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူက မမြင်နိုင်ဖွယ် အစီအရင်နှင့် ကံကြမ္မာမြစ်ကြောင်းကို တွေ့နိုင်သည့် တစ်ဦးတည်းသောသူသာ ဖြစ်လိမ့်မည်။
ဒါက ဝမ်ဝေ့ လက်ချက်လား
သူက နှာခေါင်းရှုံ့ကာ တွေးလိုက်မိ၏။ ကောင်းကင်တာအိုက အကူအညီအတွက် သူ မျက်နှာသာပေးသည့် သားတော်ထံ သွားရောက် အကူအညီတောင်းဆိုခဲ့ကြောင်း ခန့်မှန်းထားပြီးသား ဖြစ်သည်။ ထိုသူက သဘောတူလိုက်ဟန်ပေါ်၏။
သူက ထိုအရာနှင့် တစ်ခါက အလုပ်တွဲလုပ်ခဲ့သော်လည်း ပျက်စီးနေသည့် ဟွင်သွမ်းရတနာတချို့အတွက် သူ့အနေဖြင့် ထိုအရာများ ဖြတ်ကျော်ရသည်မှာ မထိုက်တန်ဘူးဟု ထင်မိသည်။
သူ့ကို လှုပ်ရှားစေနိုင်သည့် တစ်ခုတည်းသောအရာက သူ့ဇနီးဖြစ်သူ၏ အမှတ်အသားသာ ဖြစ်၏။ သို့သော် ထိုအရာက ပေးဖို့ရာ ငြင်းဆန်နေသည်။
ကိစ္စမရှိဘူး။ ငါ့ဘာသာ ငါ ယူမယ်…
တိထျန်းက အစီအရင်ကို ဆက်မကြည့်တော့ပေ။ သူက အရှုပ်အထွေးများ မဖြစ်လို၍ ကောင်းကင်တာအိုကို တမင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
ခေတ္တမျှ စောင့်ဆိုင်းပြီးသည့်နောက်တွင် ခေါင်းဆောင်းပုံရိပ်တစ်ခုက သူ့အနားပေါ်ထွက်လာ၏။
“ဘယ်လိုလဲ”
“အားလုံးကို စုံစမ်းပြီးသွားပါပြီ”
“ရလဒ်ကရော”
“ကျွန်မ လက်ရွေးစင်တချို့ကို တွေ့ထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားကိုတော့ ကိုယ်တိုင်စမ်းသပ်ကြည့်မှ ဖြစ်မယ်”
“ကောင်းပြီ။ ရှေ့ကနေ လမ်းပြ” တိထျန်းက အမိန့်ပေးလိုက်သည်။ လက်ရှိအခြေအနေက သူ့စိတ်တိုင်းကျ လုပ်ဆောင်နိုင်သည့်အတွက် အရေးသာသည်ဟု ခံစားမိလေသည်။ သူ့အရိပ်က ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် နောက်ထပ်ပိုင်နက်တစ်ခုအတွင်း ကူးသန်းသွားလိုက်၏။
တိထျန်းက နောက်မှ လိုက်ပါလာသည်။
နှစ်ဦးသားက တစ်စုံတစ်ခုကို အပြင်းအထန် ဆွေးနွေးနေသည့် လူငယ်အဖွဲ့ဆီ ရောက်ရှိလာကြသည်။ သို့သော်လည်း တိထျန်းနှင့် အရိပ်တို့၏ နဖူးအထက် တောက်ပသည့် အမှတ်အသားက အားလုံးကို အလန့်တကြားဖြစ်သွားစေကာ သတိကြီးကြီးထားသွားစေသည်။
“ဘယ်သူလဲ” တိထျန်းက မေးလိုက်၏။ သူ့အသံက တည်ငြိမ်နေကာ ဖိအား သို့မဟုတ် အရှိန်အဝါမျိုး ပြသထားခြင်း မရှိပေ။ သို့သော်လည်း သတိကောင်းသည့် လူတချို့က နှလုံးခုန်မြန်လာမိ၏။
အရိပ်က ဆံပင်အစိမ်းရောင် ရှိသည့်လူငယ်လေးကို လက်ညှိုးထိုးပြလိုက်သည်။ သူ့အနေအထားကို သုံးသပ်ကြည့်ခြင်းအားဖြင့် သူသည် ထိုအဖွဲ့ကြား အဆင့်အတန်းရှိသူသာ ဖြစ်ရမည်။ အနည်းဆုံးတော့ သူ့စကားပြောသည်ကို ကျန်သူများက အလေးအနက် နားထောင်ပေးနေကြ၏။
“ဒါက သေမျိုးနှလုံးသားကမ္ဘာက လျိုကျုံးယင်ပါ” အရိပ်က ရှင်းပြလိုက်သည်။
“တာအိုနှလုံးသားလေ့ကျင့်ရေးအပေါ် အလေးထားတဲ့ စွမ်းအားနည်းစနစ်လား” တိထျန်းက ပြောလိုက်သည်။
“သူက အားနည်းတယ်။ ဒါပေမဲ့ သူ့အလားအလာကို ကြည့်ရအောင်”
သူက လက်သီးဆုပ်လိုက်ပြီးသည့်နောက်တွင် ထိုးချလိုက်၏။
နောက်ဆုံးထွက်သက်
သူက တုံ့ဆိုင်းမနေဘဲ သံသရာကိုးပါး လက်သီးချက်၏ ပထမလက်သီးကို အသုံးပြုလိုက်သည်။ သူ့တိုက်ကွက်က ထိုလူများ၏ နောက်ဆုံးထွက်သက်ကို ယူဆောင်သွားခြင်း ဖြစ်၏။ ထိုကောင်းကင်ရွေးချယ်ခံများက အလျင်အမြန် တုံ့ပြန်ကာ သူတို့အသက်ကို ကယ်တင်ဖို့ နည်းလမ်းမျိုးစုံကို ကြိုးစားလိုက်ကြသည်။ တိထျန်းက လက်သီးမြှောက်လိုက်သည့်အချိန် သူတို့၏ စိတ်ထဲ အန္တရာယ်အသိပေး ခေါင်းဆောင်းသံများ ထွက်ပေါ်လာ၏။ ကံကောင်းစွာဖြင့် သူတို့ကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်က အထွတ်အထိပ် တာအိုနှလုံးသားကို ဖန်တီးခြင်းဖြစ်ရာ ကောင်းမွန်သည့် စိတ်အခြေအနေမျိုးကို ပိုင်ဆိုင်ထားကြသည်။
လူများစွာ တန်ကြေးကြီးကြီးမားမား ပေးဆပ်ရသည့် လျှို့ဝှက်နည်းစနစ်တချို့ကို ထုတ်သုံးကာ သူတို့၏ အင်အားကို တိုးမြှင့်လိုက်ကြသည်။ တချို့က အစီအရင်နှင့် ထူးခြားအံ့ဖွယ် မှော်အသုံးအဆောင်ပစ္စည်းများ၊ အသက်ကယ် အဆောင်များကိုပင် အသုံးပြုလိုက်ကြသည်။ စက္ကန့်ပိုင်းလေးအတွင်း အဖွဲ့ တွေ့ဆုံမှုက ထိုနည်းစနစ်များအားလုံး ထွက်ပေါ်လာမှုကြောင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကံဆိုးစွာဖြင့် ထိုအရာက အသုံးမဝင်ပေ။ ထိုလက်သီးချက်၏ ဖျက်ဆီးစွမ်းအားက လူအများစုကို သတ်ပစ်နိုင်ခဲ့၏။ ထို့နောက် မရဏစွမ်းအားနှင့် ဖျက်ဆီးခြင်းတို့က အလုပ်ကို အပြီးသတ်လိုက်ကြသည်။
နောက်ပိုင်းအတွက်တွင်မူ အားလုံးနီးပါးက သေဆုံးသွားကြသည်။
တိထျန်းက လူတချို့၏ ဝိညာဉ်သည် မသေမျိုးအဆင့် စွမ်းအားဖြင့် ကာကွယ်ပေးခံထားရသည်ကို ကြည့်နေပြီး သူတို့နောက် လိုက်ဖမ်းလိုက်၏။
“အဲဒီလျိုကျုံးယင်က အတော်အားနည်းတယ်” သူ့တိုက်ကွက်က ပွင့်ချပ်တစ်လွှာ ထာဝရအရှင်အဆင့်မျှသာ ရှိ၏။ ထိုစွမ်းအားမျိုးက အလားအလာရှိသည့် ကောင်းကင်ရွေးချယ်ခံတချို့ ရောက်ရှိနိုင်သည့် အနေအထား ဖြစ်သည်။
အရိပ်က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် နောက်အဖွဲ့ကို ပြသလိုက်၏။ သူက ထိုလူသည် ထိပ်တန်းတာအို နှလုံးသားရှိထားပြီး အလားအလာကောင်းရှိသည်ဟု ခံစားမိသော်လည်း ဤသည်က သူမ ဆုံးဖြတ်ချက်ချရမည့်နေရာ မဟုတ်ပေ။ နောက်ထပ်ရွေးချယ်ခံအဖွဲ့က လူငါးယောက်ပါဝင်ပြီး အရိပ်အနေဖြင့် ထိုလူများထဲမှ နှစ်ယောက်သည် အလားအလာကောင်းသည်ဟု ထင်မိသည်။
တိထျန်းက ထိုငါးယောက်ကို ကြည့်ကာ အရိပ်၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေ၏။
“အလယ်က နှစ်ယောက်က ကျောက်တုံးကနေ မွေးဖွားလာတဲ့ ရှားပါးအမွှာ စိတ်ဝိညာဉ်မျိုးနွယ်ဝင်ပါ။ ခန္ဓာကိုယ်သန့်စင်ရေးမှာ ပါရမီထူးကဲတယ်”
“သူတို့က အလယ်ပိုင်းစိတ်ဝိညာဉ်ကမ္ဘာကလား”
“ဟုတ်ပါတယ်”
တိထျန်းက စိတ်ဝိညာဉ်မျိုးနွယ်အုပ်စိုးသည့် တစ်ခုတည်းသော ကမ္ဘာကသာ ဤသို့ရှားပါးလှသည့် အမွှာစိတ်ဝိညာဉ်မျိုးကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းမိသည်။
“နေရာယူကြ” ညီအစ်ကိုနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ယန်ရှစ်က ပြောလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို ကျန်သုံးယောက်က သူနှင့် သူ့ညီနား ဝိုင်းလိုက်ကြ၏။ ညီအစ်ကိုနှစ်ယောက်က ဆယ်မီတာမြင့်မားပြီး ဦးခေါင်းနှစ်လုံးရှိသည့် ဧရာမကျောက်တုံး မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားသည်။ ကျန်လူများကမူ ထိုသူများထံ ပေါင်းစပ်ဖို့ အလင်းပြောက်များအဖြစ် ပြောင်းလဲသွား၏။
“ခင်ဗျားတို့က အသင်္ချေအင်ပါယာကမ္ဘာကလား”
“ဟုတ်တယ်။ ဒါနဲ့ ဘာဖြစ်တုန်း”
“ကျုပ်ရဲ့ နောက်ဆုံးသားကောင် နှစ်ယောက်က ကျုပ်ဆီကနေ ထွက်ပြေးသွားတယ်လေ။ ဒါပေမဲ့ ဒီလိုအမှားမျိုး ထပ်မလုပ်တော့ဘူး”
“အဲလိုလား” တိထျန်းက တူညီသည့် လက်သီးချက်ကို ထုတ်သုံးလိုက်သည်။
ဝုန်း
ကျောက်တုံး မကောင်းဆိုးဝါးက အဖြစ်အပျက်ကို နားမလည်နိုင်ခင် သူ့ခန္ဓာကိုယ်တစ်ဝက်က တိုက်ကွက်အောက်တွင် ပြိုလဲသွား၏။ ထို့ကြောင့် သူတို့က ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်ကြသည်။
“သူက အရင်တစ်ယောက်ထက်တော့ ပိုကောင်းသားပဲ” တိထျန်းက ပြောလိုက်သည်။
“သူက အဆင့် ၉ပဲ ရှိသေးတယ်။ ဧကရာဇ်တစ်ပိုင်းအဆင့်သာ ရောက်သွားတယ်ဆိုရင် သေမျိုးနဲ့ မသေမျိုးကြားက အတားအဆီးကို ချိုးဖောက်နိုင်ချေ ရှိတယ်။ ဒါပေမဲ့ သူက အန္တရာယ်ကို မခံစားမိလောက်အောင် တုံးအနေတာပဲ”
သူက ခေါင်းခါလိုက်ပြီးသည့်နောက်တွင် အရိပ်အား နောက်အဖွဲ့ကို ပြဖို့ အမူအရာပြလိုက်သည်။ သူက စိတ်ဝိညာဉ်မျိုးနွယ်များကို ဖြတ်သန်းလာပြီးသည့်နောက်တွင် မရဏစွမ်းအားက သူတို့အား လွှမ်းခြုံသွားကာ သံသရာအတွင်း ပို့ဆောင်လိုက်၏။
အရိပ်က တောင်နိမိတ်တစ်ခုဆီ ကူးသန်းရောက်ရှိလာသည်။ သို့သော် သူတို့ရောက်ရှိလာသည်နှင့် သူတို့ ခေါင်းအထက်ရှိ အစီအရင်က အသက်ဝင်လာကာ ပိတ်လှောင်ထားသည်။
တိထျန်းက သူ့ခေါင်းအထက်ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည့်အခါ အတော်အတန် အားကောင်းသည့် အရှိန်အဝါ ရှိထားသော လက်နက်အမြောက်အများကို မြင်လိုက်ရသည်။ ထို့နောက် သူက သူ့ကို ဝိုင်းထားသည့် လူထောင်ချီကို ကြည့်လိုက်ပြီး အနီရောင်ဝတ်ရုံနှင့် လူငယ်လေးကို သတိထားမိသွားသည်။
“ဒါက မင်း လက်ချက်လား”
ထိုလူက ပြန်မဖြေသော်လည်း တိထျန်းက ဤအစီအရင်သည် ထိုလူနှင့် ဆက်နွယ်မှုရှိနေကြောင်း ခံစားမိ၏။
“အသင်္ချေလက်နက်ကမ္ဘာကလား”
သူက ထိုသူသည် လက်နက်တာအိုကို ကျင့်ကြံထားသည့် လက်နက်သန့်စင်သူ ဖြစ်ကြောင်း ခံစားမိသည်။ အသင်္ချေလက်နက်ကမ္ဘာက အသင်္ချေဆေးလုံးကမ္ဘာနှင့် တူညီလှသည်။ သူက ထိုသူ၏ ဇစ်မြစ်ကို ခန့်မှန်းမိလိုက်၏။
“ကျွန်မ စုဆောင်းထားတဲ့ သတင်းအချက်အလက်အရဆိုရင် တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာကပါ”
“အဲလိုလား”
အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေး ကောင်းပေါ်ချင်းက အားလုံးကို တိုက်ခိုက်ဖို့ ညွှန်ကြားလိုက်သည်။
တိထျန်းက တည်တည်ငြိမ်ငြိမ်ဖြင့် စွမ်းအားစက်ကွင်းကို ထုတ်လွှတ်ကာ မှော်လက်နက်ထောင်ချီ၏ တိုက်ကွက်ကို အလွယ်တကူ တားဆီးလိုက်သည်။
သူက အစီအရင်ကို ခင်းကျင်းထားပြီးတော့ ပွင့်ချပ်နှစ်လွှာအဆင့် တိုက်ခိုက်စွမ်းအားကို ရောက်ဖို့ မှော်အသုံးအဆောင်ပစ္စည်းနဲ့ ပေါင်းစပ်ခဲ့တာပဲ…
သူ့အကြည့်များက တောက်ပလာ၏။
ထိုစဉ် ကောင်းပေါ်ချင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ သူက အန္တရာယ်ကို ခန့်မှန်းနိုင်သည့် ရတနာကို သန့်စင်ခဲ့သည်။ ထာဝရအထွတ်အထိပ် အမွေအနှစ်ဖြစ်သည့် စစ်ဆေးမှုကြောင့် ဤနေရာသို့ ရောက်ရှိလာပြီးနောက် သိပ်မကြာခင် ထိုအရာက အသက်ဝင်လာပြီး မယုံကြည်နိုင်လောက်ဖွယ် အန္တရာယ်များကို ညွှန်ပြကာ သတိပေးနေသည်။
ထို့ကြောင့် သူက တခြားသူများအား အရင်းအမြစ်အတွက် ကတိစကားခံကာ ဤအစီအရင်ကို ခင်းကျင်းခဲ့သည်။ သို့သော်လည်း အခြေအနေက ဆိုးဝါးလာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ယခု ရန်သူ၏ လွှမ်းမိုးနိုင်စွမ်းကောင်းသည့် စွမ်းအားကို သဘောပေါက်သွားပြီဖြစ်ကာ သူ့ရတနာက သူရင်ဆိုင်ရမည့် အန္တရာယ်နှုန်းထားကိုပင် အတိအကျ မဖော်ပြနိုင်တော့ပေ။
တိထျန်းက အဖွဲ့ကို ကြည့်နေရင်း အံ့ဖွယ်အသိစိတ်ကို သုံးကာ တစ်ယောက်ချင်းစီကို စစ်ဆေးကြည့်လိုက်၏။ အရိပ်က အနီရောင်ဝတ်ရုံ လူငယ်အတွက် ရောက်ရှိလာသော်လည်း ထိုအဖွဲ့ကြားတွင် ပုန်းအောင်းနေသည့် လျှို့ဝှက်ပါရမီရှင် ရှိလားဟု သေချာအောင် စစ်ဆေးကြည့်လိုက်သည်။
နှမြောစရာကောင်းလှသည်က သူက ဘာမှရှာမတွေ့ခဲ့ပေ။ သူက လက်မြှောက်ကာ ဆွဲဆုပ်သည့် လက်ဟန်မျိုး လုပ်လိုက်၏။
ဘန်း
နေရာအနှံ့ သွေးများ ပြန့်ကျဲသွားကာ အလောင်းများ၊ အရိုးများနှင့် ကြွက်သားများက ပြန့်ကျဲလျက် ကျန်ရှိနေသည်။ ထိုလှုပ်ရှားမှုတစ်ခုတည်းဖြင့် တိထျန်းက သူ့လှုပ်ရှားမှုတစ်ခုတည်း သက်သက်ဖြင့် အာကာပြင်ကို ဆွဲယူခဲ့ပြီး ထိုလူများကို သေသည်အထိ ချေမွပစ်ခဲ့လိုက်ခြင်း ဖြစ်သည်။
ထို့နောက် သူက အနီရောင်ဝတ်ရုံ လူငယ်လေးသည် ကာကွယ်ရေးမှော်ရတနာများစွာ ခြံရံလျက် ဖြူဖျော့နေသည့် အသားအရည် ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာ၏။
“မင်းပဲ” သူက ပြောပြီးသည့်နောက်တွင် ထိုလူငယ်လေးရှိရာ ပေါ်ထွက်လာ၏။ သူ့တိုက်ကွက်အောက်တွင် အသုံးအဆောင်ပစ္စည်းများက အက်ကွဲသွားပြီး အသုံးမဝင်တော့ပေ။ ထို့နောက် သူက ကောင်းပေါ်ချင်း၏ နဖူးအပေါ် လက်တင်လိုက်၏။ ထိုသူက ကြွက်သားတစ်ခုပင် လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။
တိထျန်းက ထိုသူ၏ ဝိညာဉ်ကို သေချာရှာဖွေကြည့်လိုက်သည်။ သို့သော် သူ့အင်အားစုမှ ဧကရာဇ်စည်းတံဆိပ်ကိုမူ မထိတွေ့ခဲ့ပေ။
လက်နက်သန့်စင်ရေးအတွက် ထူးခြားတဲ့ ပါရမီရှိနေတာပဲ…
သူက တွေးလိုက်မိသည်။
ပြီးတော့ အစီအရင်မှာလည်း ဆရာတစ်ဆူ...
သူက စစ်သူကြီးအတွက် ထူးချွန်ပြောင်မြောက်သည့် အရာကို ရှာဖွေတွေ့ရှိသွားမှန်း သိလိုက်သည်။ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာတွင် သူ ခံစားမိသည့် အင်အားစုတချို့ဆီမှ သံသယဖြစ်ဖွယ် အပြုအမူများအတွက်မူ သူက ဂရုမစိုက်ပေ။ သူက ထိုသူများ၏ အပြုအမူကို စိတ်ထဲမထားပေ။ သူ တာအိုကို သက်သေပြပြီး ဇနီးသည်ကို အသက်ပြန်သွင်းဖို့ လမ်းစဉ်တွင် အနှောင့်အယှက်ဖြစ်လာနိုင်သည့်အရေးကို စိတ်ထဲ မှတ်ထားလိုက်သည်။
သူက ကောင်းပေါ်ချင်း၏ ဝိညာဉ်ကို ထိန်းချုပ်ကာ ကျွန်ပြုလိုက်၏။
သံသရာတာအိုကို နားလည်ထားသည့် လူတစ်ဦးအနေဖြင့် တိထျန်းသည် ပြိုင်ဘက်ကင်း ဖြစ်၏။ သူနှင့် အင်အားတူရှိပြီး ဝိညာဉ်တာအိုကို ကျင့်ကြံထားသည့်သူမှသာ သူ့ကို ကျော်လွှားနိုင်လိမ့်မည်။ တစ်ခုတည်းသော ခြွင်းချက်က ထူးဆန်းသည့် ဝိညာဉ်ရှိနေသည့် ထိုလူသာ ဖြစ်၏။
ကောင်းပေါ်ချင်းက ခုခံဖို့ ကြိုးစားသော်လည်း အသုံးမဝင်ခဲ့ပေ။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် တိထျန်းက ကျွန်ပြုခြင်းအား ပြီးဆုံးသွားကာ ထိုသူအား သတိမေ့မြောသွားစေသည်။
ဧကရာဇ်မျိုးဆက်မှ ကောင်းကင်ရွေးချယ်ခံများသည် သူတို့၏ ဝိညာဉ်ကျွန်ပြုခံရခြင်းနှင့် ထိန်းချုပ်ခံရခြင်းတို့မှ ကာကွယ်ဖို့ အတားအဆီးများ ထားရှိတတ်၏။
သူ့နည်းလမ်းဖြင့် သူသည် ထိုအတားအဆီးများကို ကျော်ဖြတ်လိုက်သည်။ သို့သော် ထိုအရာက ယာယီမျှသာ ဖြစ်၏။ သူက အိမ်သို့ ပြန်သွားပြီး တိမျိုးနွယ်၏ စွမ်းအားကို သုံးကာ ထိုအတားအဆီးများကို အပြီးတိုင် ဖယ်ရှားဖို့ လိုအပ်သည်။
“နောက်တစ်ယောက်က ဘယ်သူလဲ။” သူက မေးလိုက်သည်။
“ဒါက ကျွန်မ အချိန်တိုအတွင်း စုံစမ်းရသလောက် ဒါက နောက်ဆုံးလူပါ” အရိပ်က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ မိစ္ဆာအကြွင်းမဲ့ဘုရင်တွေအကြောင်း သတင်းတချို့တော့ ရထားပါတယ်။ သူတို့ကို စမ်းကြည့်လို့ ရပါတယ်”
“အကြံကောင်းပဲ … သွားကြစို့”
အဝေးတစ်နေရာတွင် ပုံရိပ်တစ်ခုက တိထျန်း၏ ထွက်ခွာသွားမှုကို မျက်မှောင်ကြုတ်လျက် ကြည့်နေကြ၏။ မီတာဒါဇင်ချီမျှ ကွာဝေးသော်လည်း သူတို့က သတိမထားမိကြပေ။
***