← Chapters

သံမဏိအစေခံက စွမ်းအားများ ထုတ်ဖော်ပြသခြင်း

Vol. 4 Ch. 51

သံမဏိအစေခံက စွမ်းအားများ ထုတ်ဖော်ပြသခြင်း

Vol. 4 Ch. 51

နံ့သာပေါင်းပိုးအဆိပ်ကို မိလိုက်သည်နှင့် အဆိပ်များက သွေးကြောများမှတဆင့် ဝင်ရောက်သွားပြီး တဖြေးဖြေးနှင့် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားမည်ဖြစ်သည်။

သာမန်သေမျိုးများက မည်သည့်အန္တရာယ်မှ ရှိလိမ့်မည်မဟုတ်သော်လည်း ကျင့်ကြံသူများအတွက် ထိုအဆိပ်သည် အချိန်တိုအတွင်း သေလောက်သည်အထိ ဖြစ်သွားနိုင်ပေသည်။ အဆိပ်မိသွားသည့် ကျင့်ကြံသူက ထိုအချိန်အတွင်း စစ်မှန်သောအတွင်းချီကို မဆင်မခြင် ထုတ်သုံးခြင်းမပြုသင့်ပေ။ သို့မဟုတ်လျှင် အဆိပ်ကို လှုံ့ဆော်မိသလိုဖြစ်ကာ ခန္ဓာကိုယ်အတွင်း သွေးများက နောက်ပြန်စီးဆင်းသွားပြီး အလွန် ပြင်းထန်သည့် နာကျင်မှုကို ခံစားရလိမ့်မည် ဖြစ်သည်။

သို့သော် တစ်စုံတစ်ယောက်က အချိန်ကြာမြင့်စွာ အဆိပ်ခံရပြီးနောက် အဆိပ်က ခန္ဓာကိုယ်အတွင်း ထိုးဖောက်ပျံ့နှံ့သွားပြီး အခြေအနေကို ဆိုးရွားအောင် ပြုလုပ်လိမ့်မည် ဖြစ်သည်။

ထိုသူက သူ၏ စစ်မှန်သောချီကို ထိန်းချုပ်၍ သက်သာလာအောင် စီမံနိုင်ခဲ့လျှင်ပင် နေ့စဥ် အဆိပ်ဖြေဆေးကို သောက်သုံးနေရလိမ့်ဦးမည် ဖြစ်သည်။ မဟုတ်လျှင် အရိုးများအတွင်း တဖြေးဖြေး အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ကာ ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်က ပျက်စီးလာလိမ့်မည် ဖြစ်သည်။ ခန္ဓာကိုယ်က ခြောက်ကပ်လာပြီး အကြောများဆိုင်းကာ လှုပ်ရှား၍ ရတော့မည် မဟုတ်ပေ။ တဖြေးဖြေးနှင့် ခန္ဓာကိုယ်က ရွှံ့အိုင်တစ်ခုအဖြစ် ပျော်ဝင်သွားရပေလိမ့်မည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ အရိုးများကို အဆိပ်က ထိုးဖောက်ဝင်ရောက်သွားသည်နှင့် ၎င်းကို ဖယ်ရှားရန်မဖြစ်နိုင်တော့ပေ။ အဆိပ်မိသူတိုင်းက အသက်ရှင်ရန် ကာလရှည်ကြာသည့် ကုသမှုကိုသာ ပြုလုပ်နိုင်ပေသည်။ အဆိပ်က အချိန်တစ်ခုအထိ ထကြွလိမ့်မည်မဟုတ်ဘဲ အဆိပ်မိသူ၏ ခန္ဓာကိုယ်ကို ထာဝရဒုက္ခပေးနေမည့် ခြိမ်းခြောက်မှုဖြစ်လာပေလိမ့်မည်။

အဆိပ်ကို များပြားလှသည့် ပါဝင်ပစ္စည်းအမျိုးမျိုးနှင့် ပြုလုပ်ထားပြီး အများစုကို အစားထိုးနိုင်သည်။ အပြီးသတ်ထုတ်ကုန်က တူညီသော်လည်း ထူးခြားသည့် အဆိပ်သည် ဖော်စပ်သူ၏ အလိုအတိုင်း ပြောင်းလဲနိုင်ပြီး တစ်မူထူးခြားသော အဆိပ်မျိုး ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် ဖြေဆေးကလည်း တစ်မူထူးခြားမည်သာ ဖြစ်သည်။ အဆိပ်ကို ဖော်စပ်ထားသည့်သူသာလျှင် ၎င်းအဆိပ်ကို ဖိနှိပ်နိုင်မည့် မှန်ကန်သော ဖြေဆေးအားဖော်စပ်နိုင်မည် ဖြစ်သည်။ အခြားလူများက နံ့သာပေါင်းပိုးအဆိပ်၏ ဖော်စပ်နည်းကို သိလျှင်ပင် သူတို့က အခြားတစ်စုံတစ်ယောက် ဖော်စပ်ထားသော နံ့သာပေါင်းပိုးအဆိပ်အား ဖိနှိပ်နိုင်မည့် ထူးခြားသည့် ဖြေဆေးကို ဖော်စပ်နိုင်မည်ဟု မဆိုလိုပေ။

ဤနည်းလမ်းကြောင့် နံ့သာပေါင်းပိုးအဆိပ်မိသွားသူ၏ အသက်သည် သူ့အား အဆိပ်ခတ်လိုက်သော တစ်စုံတစ်ယောက်၏ လက်ထဲ၌သာ ရှိနေလိမ့်မည် ဖြစ်သည်။ ခုခံကာကွယ်ခြင်း သို့မဟုတ် ပုန်ကန်၍ မရနိုင်ဘဲ အဆိပ်ခတ်ခံရသူက နာခံရုံသာလျှင် တတ်နိုင်ပေသည်။

သမားတော်မော့က သူ၏ ကျယ်ပြန့်သော ဗဟုသုတများကြားထဲမှ နံ့သာပေါင်းပိုးအဆိပ်နှင့် ပတ်သတ်သည့် မှတ်ဉာဏ်များကို စစ်ထုတ်လိုက်သည်။ ထို့နောက်တွင် သူက ဟန်လိ၏ အကြောက်အလန့်ကင်းမဲ့ခြင်း နောက်ကွယ်မှ အကြောင်းရင်းကို နားလည်သွားခဲ့ပေသည်။

သမားတော်မော့က သူ့နှလုံးသားထဲမှ လှောင်ပြောင်သရော်လိုက်သော်လည်း မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ခြင်းမရှိပေ။ သူက မေးလိုက်၏။ "ဒါက မင်းရဲ့ နောက်ဆုံးဝှက်ဖဲလား။"

"ကောင်စုတ်လေး မင်းကို ကြည့်ရတာ အကွက်တွေကုန်သွားတဲ့ပုံပဲ။ အဲဒီတော့ နာနာခံခံနဲ့ အရှုံးကို ဝန်ခံလိုက်။"

သမားတော်မော့၏ အမူအရာက နည်းနည်းမှ ပြောင်းလဲမသွားသည်ကို မြင်သောအခါ ဟန်လိ နှလုံးသားက နစ်မြုပ်သွားပေသည်။ ဤအခြေအနေ၌ပင် သမားတော်မော့က ဟန်လိ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်သည့်အတွက် သူ့တွက်ချက်မှုက တစ်ခုခုမှားယွင်းသွားသည်ကို ဟန်လိအနေနှင့် သေချာသွားခဲ့သည်။

သမားတော်မော့က အနည်းငယ်မျှပင် ရန်စခံရပုံမပေါ်ဘဲ နံ့သာပေါင်းပိုးအဆိပ်ခတ်ခံရခြင်းကို အမှန်တကယ် အာရုံမစိုက်ပုံပေါ်သည်။

ထို့ကြောင့်ပင် ဟန်လိက သူ့အနေနှင့် အလွန် အရေးနိမ့်သော အခြေအနေ၌ ရှိနေကြောင်း ရှင်းလင်းသွားခဲ့သည်။ ဟန်လိ၏ ပြိုင်ဘက်က သူ့ကို ထိန်းချုပ်နိုင်မည်ဟု အလွန် သေချာနေပုံရသည်။

ဟန်လိက တိတ်ဆိတ်နေသည်ကို မြင်သောအခါ သမားတော်မော့က ရယ်မောလိုက်ပြီး ဉာဏ်နီဉာဏ်နက်များသည့် အကြည့်တို့နှင့် ဟန်လိအား ကြည့်နေရင်း ကျယ်လောင်စွာ ပြောလိုက်သည်။ "သံမဏိအစေခံ၊ ငါ့အတွက် သူ့ကို ဖမ်းလာခဲ့ပေး။"

ဟန်လိက ထိုစကားကို ကြားသည့်အခါ ချက်ချင်းပင် သူ အိမ်ထဲသို့ ဝင်ရောက်လာပြီးနောက် အလွန် အရေးကြီးသော တစ်စုံတစ်ခုကို မေ့နေခဲ့သည်ကို တွေးမိကြောင်း သတိရလိုက်သည်။ ၎င်းက သံမဏိအစေခံ ဖြစ်လေသည်။ သို့သော် သူက ထိုအကြောင်းကို အလေးအနက်တွေးနေရန် အချိန်မရှိခဲ့ပေ။ ထို့အစား ဟန်လိက သူ့ခြေထောက်ဘေးရှိ ဆူးချွန်လက်နက်ကို ကောက်ယူရန် သူ၏ ခြေဖျားကို အသုံးပြုလိုက်သည်။ ခြေဖျားနှင့် ခတ်ယူခြင်းခံလိုက်ရသည့် ဆူးချွန်လက်နက်က သူ့လက်ထဲသို့ အလိုအလျောက် ခုန်ဝင်လာပေသည်။

ချက်ချင်းပင် အခန်းထောင့်မှ ကြီးမားသည့် အရိပ်ကြီးတစ်ခုက ပြင်းထန်သော လေအလျင်ဖြင့် ဟန်လိအနီးသို့ ရောက်ရှိလာသည်။ ၎င်း၏ အရှိန်က အလွန် လျင်မြန်လှပြီး စက္ကန့်ပိုင်းအတွင်း ဟန်လိ ရှေ့၌ ပေါ်ပေါက်လာကာ ရှောင်တိမ်းရန် အချိန်ပင် မရခဲ့ပေ။

အကူအညီမဲ့စွာနှင့် ဟန်လိက သူ့လက်ထဲမှ ထက်ရှသော ဆူးချွန်နှင့် ထိုအရိပ်၏ ဝမ်းဗိုက်အောက်ပိုင်းသို့ ထိုးစိုက်လိုက်ရုံသာ တတ်နိုင်သည်။ သူသည် အနည်းဆုံး တခဏမျှ ခုခံကာကွယ်နိုင်စွမ်းရှိပြီး နောက်ပြန်ဆုတ်ဖို့ရာ အခွင့်အရေးရကာ အသက်ရှုရန် အခွင့်အရေးရလာစေရန် မျှော်လင့်မိသည်။

ဝမ်းဗိုက်အား ဆူးချွန်အသေးလေးနှင့် ထိုးစိုက်ခြင်းက အကောင်းဆုံး လှုပ်ရှားမှု မဟုတ်သော်လည်း ဟန်လိတွင် အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သူ့ပြိုင်ဘက်က အလွန် အရပ်မြင့်မားပြီး ဟန်လိအသုံးပြုသည့် လက်နက်က လက်မအနည်းငယ်သာလျှင် ရှည်လျား၍ ၎င်းက တစ်ခုတည်းသော ရောက်ရှိနိုင်သည့် နေရာမှာ ဝမ်းဗိုက်သာ ဖြစ်သည်။

ဟန်လိသည် ရုတ်တရက် သူက မကောင်းဆိုးရွားအချို့ကို ရင်ဆိုင်တိုက်ခိုက်နေရသလို ခံစားမိလိုက်ပေသည်။ သူ၏ ဆန့်ထုတ်ထားသော လက်သည် ကြီးမားသော သစ်သားတုံးကြီးနှင့် ထိသွားသကဲ့သို့ဖြစ်ကာ သူ့လက်မှ တိုက်ခိုက်မှုက နေရာလွဲသွားခဲ့ပေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ထိုအဖြစ်၏ သက်ရောက်မှုကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရသည်။ သူ့လက်ထဲမှ ဆူးချွန်လက်နက်က ကျောက်တုံးတစ်တုံးကို ထိုးမိလိုက်သလိုဖြစ်ကာ လွင့်စင်သွားပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားသည်။

ဟန်လိက အလွန် ထိတ်လန့်သွားသလို ဒေါသလည်း ထွက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းညှိပြီးနောက် မျက်တောင်တစ်ခတ်အတွင်း ကြီးမားသော ပုံရိပ်က သူ့ရှေ့တွင် ပေါ်ပေါက်လာပေသည်။ ချက်ချင်းပင် ဟန်လိသည် သူ့ပခုံးရိုးပေါ်သို့ ကြီးမားသော လက်ကြီးနှစ်ဖက်က ဖိကာ ဆုပ်ကိုင်လာခဲ့ပြီး သူ့အား အတင်းအကျပ်ဖိနှိပ်ထားကာ သူ့ပခုံးများတွင် စူးရှသည့် နာကျင်မှုကို ခံစားခဲ့ရပေသည်။

ဟန်လိက အစွမ်းရှိသမျှ ရုန်းကန်နေခဲ့သော်လည်း သူ့ခန္ဓာကိုယ်အား တောင်ကြီးတစ်လုံးက ဖိထားသလို ခံစားခဲ့ရပြီး လှုပ်ရှား၍ပင် မရနိုင်လောက်အောင် ဖြစ်စေခဲ့သည်။

သူက ဤကဲ့သို့သော အခြေအနေမျိုးတွင် လုပ်နိုင်သည့်အရာ များများစားစား မရှိပေ။ ဤသို့ စိတ်ဓာတ်ကျဖွယ် ကောင်းလှသည့် အခိုက်အတန့်တွင် သူက ဒူးကို မြှောက်ကာ ကြီးမားသော အရိပ်ကြီး၏ အားနည်းချက်ဖြစ်သည့် ခြေထောက်ကြားနေရာသို့ ရက်စက်စွာ ကန်ချလိုက်သည်။

"အုချ်!"

ဟန်လိက နာကျင်လွန်းသဖြင့် ချွေးသီးချွေးပေါက်များ အဆက်မပြတ် ကျဆင်းလာပေသည်။ သူ၏ တိုက်ခိုက်မှုသည် ပုံမှန်အားဖြင့် ပြိုင်ဘက်အား သေလောက်အောင် နာကျင်စေမည့် ထိုးနှက်ချက်မျိုး ဖြစ်နိုင်သော်လည်း ထိုကြီးမားသော ပုံရိပ်ကြီးက နှိုင်းယှဥ်၍မရအောင် မာကျောလှသည်ကို ရှာဖွေတွေ့ရှိလိုက်ရပေသည်။ ကျောက်တုံးကို ပေါက်လိုက်သည့် ကြက်ဥက အစိတ်စိတ်ကွဲကြေသွားရသကဲ့သို့ သူ့ခြေထောက်များလည်း ကျိုးကြေသွားသလို ခံစားလိုက်ရသည်။

သို့သော် ဟန်လိ၏ လှုပ်ရှားမှုက သူ့ပြိုင်ဘက်ကို ရန်စရုံသာလျှင် ဖြစ်သွားခဲ့သည်။ သူ့ပခုံးထက်မှ ကြီးမားသော လက်များ၏ ဖိအားက ရုတ်တရက် တိုးလာသည်။ ဟန်လိသည် အလွန် နာကျင်လွန်းသဖြင့် မြေပေါ်သို့ ပြိုလဲကျသွားပြီး အသိစိတ်လွတ်လုနီးပါး ဖြစ်သွားခဲ့ပေသည်။

"ဖြေးဖြေးသက်သာလုပ်လေ။ ငါ ဒီကောင်ကို အသုံးချရဖို့ရှိသေးတယ်။" သမားတော်မော့က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ထိုစကားလုံးများကို ပြောပြီးနောက် ဟန်လိသည် သူ့ပခုံးများ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး နာကျင်မှုကလည်း များစွာ လျော့ကျသွားခဲ့သည်။ ဟန်လိက နှလုံးသားထဲတွင် သက်သာရာရစွာ သက်ပြင်းချလိုက်ပေသည်။ ဤတစ်ကြိမ်၌ သမားတော်မော့အသံက သာယာနာပျော်ဖွယ်ကောင်းသည်ဟု သူက တွေးလိုက်ပေသည်။ သို့သော် တခဏမျှ ဝမ်းမြောက်သွားပြီးနောက် သံသယများက သူ့စိတ်ထဲ ပြန်လည်ထွက်ပေါ်လာပေသည်။

သူတို့ တိုက်ခိုက်သည့် အစပိုင်းကတည်းက ဟန်လိသည် မသိနိုင်သည့်အကြောင်းရင်းတချို့ကြောင့် သူတို့တိုက်ခိုက်မှုအတွင်း ဟန်လိ အကျပ်အတည်းထဲ ကျရောက်သွားတိုင်း သမားတော်မော့က ဟန်လိ သူ့ကိုယ်သူ ထိခိုက်နာကျင်စေမည်ကို စိုးသည့်နှယ် အလျှော့ပေးတတ်ကြောင်း တွေ့ရှိခဲ့ရသည်။ ဟန်လိသည် ပုံမှန်အားဖြင့် သမားတော်မော့က ကြင်နာသနားတတ်သော သူမျိုးမဟုတ်သဖြင့် သူ့ကို အလွယ်တကူ အလွတ်ပေးလိမ့်မည် မဟုတ်သည်အား သိရှိပေသည်။ ဟန်လိ သတိမပြုမိသည့် အကြောင်းရင်းတချို့ ကျိန်းသေပေါက် ရှိနိုင်ပေသည်။ သမားတော်မော့သည် ဟန်လိက သူ့ကိုယ်သူ နာကျင်မိသွားစေမည်ကို စိုးရိမ်ပြီး ဟန်လိအား ပြင်းပြင်းထန်ထန် မတိုက်ခိုက်ရဲသောကြောင့် သူတို့အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ရာ၌ သမားတော်မော့က သတိထားနေခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့နှစ်ယောက်က အချင်းချင်း၏ လည်မျိုများကို ဖြတ်ပြီးဖြစ်နေပေလိမ့်မည်။

ဟန်လိသည် ပြိုင်ဘက်၏ ရက်စက်သော ဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းကို စဥ်းစားပြီးနောက် သမားတော်မော့နှင့် ညှိနှိုင်းရာတွင် ဤအချက်ကို နင်းကာ စွန့်စားရန် စိတ်ထဲတေးမှတ်ထားလိုက်သည်။

သမားတော်မော့က ဟန်လိရှေ့သို့ လျှောက်လာနေရင်း ဟန်လိ တွေးနေသည့် အရာအားလုံးကို ဖြတ်မြင်နိုင်ပေသည်။ သူ့မျက်နှာထက်တွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားပြီး ဟန်လိ၏ ရင်ဘတ်ထဲ၌ တစ်ခုခုရှိနေသည်ကို တွေးမိကာ သွားဆွဲထုတ်လိုက်သည်။ ထိုအခါ မှန်တစ်ချပ်ထွက်လာပြီး သူသည် ထိုအရာဝတ္ထုကြောင့် ကြက်သေသေသွားခဲ့ရပေသည်။ ၎င်းသည် ဟန်လိကို သမားတော်မော့၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

မည်သည့်စကားမှမဆိုဘဲ သူက ခေါင်းကို အသာညိတ်လိုက်ကာ သူ့အင်္ကျီရင်ဘတ်ထဲမှ ထောင့်မှန်စတုဂံသဏ္ဌာန် အဝါရောင်သစ်သားသေတ္တာလေးကို ထုတ်ယူလိုက်သည်။ ထိုသေတ္တာလေးက အလွန် လက်ရာမြောက်ပြီး ၎င်း၏ မျက်နှာပြင်တွင် နဂါးနှင့် ဖီးနစ်အား ရေးထွင်းထားပေသည်။ ၎င်းက ရှားပါးကာ အဖိုးတန်သော အရာဖြစ်ကြောင်း သိနိုင်ပြီး သာမန်လူများအတွက် မြင်ရခဲလှသည်။

သမားတော်မော့က ဟန်လိအား မျက်နှာချင်းဆိုင်ရင်း တည်ငြိမ်စွာနှင့် သေတ္တာကို ဖွင့်လိုက်ပြီး အနည်းငယ် ထူးဆန်းသည့် သဏ္ဌာန်တူ ငွေရောင်ဓားများကို ထုတ်ဖော်ပြလာသည်။ ၎င်းတို့က ဓားမြှောင်နှင့် ဓားရှည်တို့ကြားမှ ပေါင်းစပ်မှုတစ်ခုဖြင့် ဆင်တူပေသည်။ ဓားသွားများ၏ ကိုယ်ထည်က အလွန် ထူးခြားပြီး လခြမ်းပုံစံခပ်ကွေးကွေးရှိကာ ၎င်းတို့၏ အလျားရ ဓားမြှောင်အရွယ်အစားနှင့် ဆင်တူသည်။

သမားတော်မော့က ငွေရောင်ဓားသွားတစ်ခုကို ထုတ်ယူလိုက်သည့်အခါ ဟန်လိသည် ထိုထူးဆန်းသည့် ဓားသွားက စက္ကူတစ်ရွက်ကဲ့သို့ ပါးလွှာသည်ကို မြင်လိုက်ရသည်။ အေးစက်သောအလင်းက ဓားသွားမျက်နှာပြင်တွင် ရောင်ပြန်ဟပ်နေပြီး ထိုဓားသွားက သင်တုန်းဓားကဲ့သို့ ထက်ရှကြောင်း ဟန်လိကို သိရှိစေရန် လုံလောက်ပေသည်။ လူ၏ အသားကို လှီးဖြတ်လျှင် အသုံးပြုလျှင် အဝတ်အစားများ ဖြတ်သကဲ့သို့ လွယ်ကူလိမ့်မည် ဖြစ်သည်။ ငွေရောင်ဓားသွား၏ လက်ကိုင်အရိုးက ပို၍ပင် ထူးဆန်းပြီး ထိပ်ဖျားတွင် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားကာ ဦးချိုတစ်စုံရှိသည့် အလွန် ရက်စက်ဟန်ရသော ကြောက်မက်ဖွယ် နတ်ဆိုးခေါင်းကို ထွင်းထုထားသည်။

သမားတော်မော့က ထိုထူးဆန်းသည့် ဓားကို ကိုင်လိုက်ပြီး မျက်လုံးထောင့်များမှနေ၍ ဟန်လိကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဤအပြုအမူက ဟန်လိအား ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့သည်။ သူ၏ အလိုလိုသိစိတ်က ပြောနေသည်မှာ အမှန်ဖြစ်လျှင် သမားတော်မော့က ထိုထူးဆန်းသည့် ဓားများကို သူ့အား လှီးဖြတ်ရန် အသုံးပြုချင်နေပေသည်။

All Chapters