← Chapters

လူသားတာအိုကို ပြန်လည် နားလည်ခြင်း၊ အဆင့် ၅ နတ်ဆေးလုံးဘုရင်

Vol. 70 Ch. 977

လူသားတာအိုကို ပြန်လည် နားလည်ခြင်း၊ အဆင့် ၅ နတ်ဆေးလုံးဘုရင်

Vol. 70 Ch. 977

မိုဝူကျိ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ ထို့နောက် သူက သူ့ကိုယ်သူ ရေရွတ်လိုက်သည်  “ ငါ နားလည်သွားပြီ ”

သူက လူသားတာအိုကို ဖန်တီးခဲ့သောသူတစ်ယောက်အနေနှင့် လူသားတာအို၏ ဘိုးဘေးဟု အမြဲတမ်း တွေးထင်မိခဲ့သည်။ သို့သော်လည်း ဆေးလုံး ဖော်စပ်ခြင်း၊ ပန်းပဲ ထုလုပ်ခြင်း သို့မဟုတ် အဆောင် ဖန်တီးခြင်းတို့နှင့် ပတ်သတ်လာလျှင် သူက မိုးမြေ တာအိုစည်းမျည်းအား ဌားယူရ၏။ အားလုံးက ထိုသို့ လုပ်နေသည့်အတွက် သူလည်း အတူတူ လုပ်မိခြင်း ဖြစ်သည်။

တကယ်တော့ ထိုအရာအားလုံးက သာမည ဖြစ်၏။ ထိုကိစ္စများမှာ သူ့ခန္ဓာကိုယ် အပြင်ဘက်မှ ဖြစ်၏။ ထိတ်လန့်စရာ အကောင်းဆုံးအရာမှာ သူက ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြီးသည့်နောက်တွင် သဘာဝအမြုတေများကို အသုံးပြု၍ ပြီးပြည့်စုံဖို့ ကြိုးစားခဲ့သည်။

ဤသည်မှာ ဧရာမ အမှားကြီး ဖြစ်ပြီး သူ့လူသားတာအိုနှင့် လုံးဝ မညီညွှတ်ပေ။

သူ ထာဝရကမ္ဘာကို ဖန်တီးနိုင်သည့် အကြောင်းအရင်းမှာ သူ့လောကလမ်းကြောင်းကြောင့် ဖြစ်၏။ သူ့လောကလမ်းကြောင်း ဖြစ်တည်လာပြီးနောက် သူ လိုအပ်နေသည့်အရာမှာ  ကမ္ဘာ ပြီးပြည့်စုံစေဖို့ သဘာဝအမြုတေများဆီမှ အင်အားကို ဌားခြင်း မဟုတ်ဘဲ သူ့လူသားတာအိုကို အသုံးပြုရန်  ဖြစ်သည်။

သူ့ထာဝရကမ္ဘာအတွင်း သဘာဝဓာတ်ငါးမျိုး၊ လေ၊ လျှပ်စီး၊ ရေခဲ သဘာဝနှင့် အလင်း အမှောင် သဘာဝတို့ လိုအပ်နေလျှင်ပင် သူ့အနေနှင့် ကိုယ်ပိုင် အသိအမြင်ကနေ ဉာဏ်အလင်းပွင့်လာဖို့ လိုအပ်ပေသည်။ သူ့ကမ္ဘာကို ပြီးပြည့်စုံစေဖို့ ပြင်ပပစ္စည်းများ အားကိုးမိခြင်းက မြင်းမဝယ်ခင် လှည်းဝယ်ထားသကဲ့သို့ ဖြစ်နေသည်။

မိုဝူကျိက တုန်လှုပ်မိသွား၏။ ကံကောင်းစွာဖြင့် သူ့ထာဝရကမ္ဘာက သဘာဝငါးမျိုးလုံး မပြည့်စုံသေးပေ။ အကယ်၍ ထိုသို့ ဖြစ်လာပါက သူ့ထာဝရကမ္ဘာသည် အပြည့်စုံဆုံး အခြေအနေကို ရောက်ရှိနိုင်တော့မည် မဟုတ်ချေ။

တခြားနည်းဖြင့်ဆိုရလျှင် ပြင်ပ သဘာဝဓာတ်ငါးမျိုးဖြင့် ဖန်တီးထားသည့် ကမ္ဘာသည် သူ မိုဝူကျိနှင့် ဆက်နွယ်မှု ရှိတော့မည် မဟုတ်ပေ။ သူ့ကမ္ဘာသည် သူနှင့် ဝေးကွာသွားနိုင်သည့် အချိန်အခါပင် ရှိလာနိုင်သည်။ သူ့ကမ္ဘာလေးက စကြဝဠာကြီးထဲက နောက်ထပ် ကမ္ဘာလေးတစ်ခု ဖြစ်လာနိုင်သည်။

လောကလမ်းကြောင်းက သူ့အပိုင် ဖြစ်ပြီး သူ့ထာဝရကမ္ဘာကို လောကလမ်းကြောင်းမှ ဖန်တီးထားခြင်း ဖြစ်၏။ သူ့လူသားတာအို၏ တာအိုစည်းမျည်းများကသာ ထာဝရကမ္ဘာအတွင်းရှိ စည်းမျည်းများကို ပြီးပြည့်စုံစေနိုင်သည်။ ဤနည်းဖြင့် သူ့ထာဝရကမ္ဘာလေးက သူ့ကိုယ်ပိုင်အဖြစ် အစစ်အမှန် ယူဆ၍ ရပေလိမ့်မည်။

မိုဝူကျိက လေအေးများ မှုတ်ထုတ်လိုက်သည်။ သူ့အသိဉာဏ်ပွင့်ခြင်းက ကိစ္စများ မဆိုးရွှားခင် ရောက်ရှိလာ၏။ သူ့ကိစ္စများ ပြေလည်ပြီးနောက် ထာဝရကမ္ဘာငယ်ထဲ ဝင်ကာ မြေ၊ သတ္တုနှင့် ရေသဘာဝအမြုတေများအား ပြန်လည် ထုတ်ယူဖို့ လိုအပ်ပေသည်။ ထို့နောက် သူက သူ့အပိုင်ဖြစ်သည့် ကိုယ်ပိုင် လူသားတာအိုစည်းမျည်းများဖြင့် လူသားကမ္ဘာကို ဖန်တီးရမည်။ ထာဝရကမ္ဘာ မဖြစ်နိုင်တော့ပေ။

ထိုအခါမှ သူ့ကိုယ်သူ လူသားတာအို၏ တည်ထောင်သူဘိုးဘေးဟု ခေါ်ဆိုနိုင်မည် ဖြစ်၏။

ဤတာအိုအသိအမြင်များက အမြဲတမ်းလိုလို  ဝေဝါးနေခဲ့သည်။ သူ ဖမ်းဆုပ်မိသည့် အချိန်တချို့ ရှိခဲ့သော်လည်း ယနေ့မှ အပြည့်အဝ နားလည်လာခြင်း ဖြစ်၏။ ထိုစဉ် မိုဝူကျိက နတ်ဘုရားဘုရင် တစ်ဦးကို ရန်စမိပြီး နတ်ဘုရားနယ်မြေမှ လိုက်ဖမ်းခံခဲ့ရသည်ကိုပင် ပျော်ရွှင်လာမိတော့သည်။ မဟုတ်လျှင် သူ့အနေနှင့် သဘာဝအမြုတေ ငါးမျိုးလုံး  စုဆောင်းမိသည့်အခါမှ ဤအမှားကို သတိပြုမိမည် ဖြစ်၏။ ထိုအခါ ပြန်လည် မွေးဖွားခြင်းကပင် သူ့နောင်တတရားကို ဖြေဖျောက်ပေးနိုင်မည် မဟုတ်တော့ချေ။

အဆင့် ၅ ဆေးလုံးကို ဖော်စပ်ခြင်းလည်း အတူတူ ဖြစ်၏။ အဆင့် ၅ ဆေးလုံးသည် နတ်ဘုရားကုန်းမြေ၌ ထိပ်ဆုံးအဆင့် ဆေးလုံး ဖြစ်နေလေပြီ။ ယခု သူ့ထာဝရကမ္ဘာသည် သဘာဝ အမြုတေများဖြစ်သည့် မြေဓာတ်၊ ရေဓာတ်နှင့် သတ္တုဓာတ်တို့နှင့် ပေါင်းစပ်သွားပြီ ဖြစ်ရာ မပြည့်စုံသေးပေ။ အကယ်၍ သူ့တွင် ထာဝရကမ္ဘာ မရှိပါက ဆေးလုံးဖော်စပ်ခြင်းက ပိုမို လွယ်ကူနိုင်ပေ၏။ သူက ဆေးလုံး ဖော်စပ်သည့်အခါ လောကလမ်းကြောင်းနှင့် ချိတ်ဆက်ဖို့ လိုအပ်ရုံမျှသာ ဖြစ်လိမ့်မည်။ သို့သော်လည်း လောကလမ်းကြောင်းမှ ဖြစ်တည်လာသော ထာဝရကမ္ဘာက မပြီးပြည့်စုံသေးသောကြောင့် သူက ဆက်တိုက် ကျရှုံးနေရခြင်း ဖြစ်၏။

မိုဝူကျိက ဆေးမီးဖိုဘေးကို ရိုက်ကာ ဆေးမီးဖိုအတွင်းမှ အညစ်အကြေးများကို ထုတ်လိုက်သည်။ ထို့နောက် သူ့ပညာရှင်နှလုံးသားကို လောင်မြိုက်စေလိုက်ပြီး အဆင့် ၄ ဆယ်ပင်နှင့် အဆင့် ၅ ဆေးပင်များကို ဆေးမီးဖိုထဲ ပစ်ထည့်လိုက်သည်။

အကြိမ်များစွာ လေ့ကျင့်ပြီးနောက် မိုဝူကျိက မျက်လုံးပိတ်လျက် ဆေးကို ဖော်စပ်နိုင်သွားပြီ ဖြစ်၏။

ဆေးအဆီအနှစ် သန့်စင်ခြင်းနှင့် ပတ်သတ်လာလျှင် နတ်ဘုရားကုန်းမြေရှိ မည်သူကမှ သူနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ သူက ဆေးအဆီအနှစ်ကို ၉၉ ရာခိုင်နှုန်းကျော်အထိ သန့်စင်နိုင်ပေ၏။

ဆေးအဆီအနှစ်ကို ပေါင်းစပ်လိုက်ပြီး အညစ်အကြေးများကို ဖယ်ရှားကာ သူ့စည်းမျည်းများကို ထည့်သွင်းလိုက်၏။ ထို့နောက် စိတ်စွမ်းအားဖြင့် ဆေးလုံးများကို ပိုင်းခြားစေလိုက်ပြီး စည်းမျည်းများကို စိမ့်ဝင်စေလိုက်သည်။

ဆေးမီးဖိုအတွင်း ဆေးနည်းစနစ် တစ်ခုပြီး တစ်ခု ကျရောက်လာသည်။ ဖြည်းဖြည်းချင်းဖြင့် ဆေးရနံ့ သင်းသင်းလေး ထွက်ပေါ်လာလေ၏။

မိုဝူကျိ၏ လက်ဟန် နည်းစနစ်များက တစ်ခုပြီး တစ်ခု ဆက်တိုက် ကျရောက်လာပြီး ဆေးရနံ့ကို ပိုမို သင်းလာစေသည်။ တစ်နာရီကြာပြီးနောက် မိုဝူကျိ လက်ကို ဖြန့်လိုက်သည့်အခါ ဆေးမီးဖိုအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာလေ၏။

ကျောက်စိမ်းပုလင်းလေးအတွင်း သန့်စင်နေသည့် ဆေးနီကိုးလုံး ရောက်ရှိသွားလေပြီ။

မိုဝူကျိက ဆေးကိုးလုံးကို ကျေနပ်စွာ ကြည့်လိုက်သည်။ သူ အသိဉာဏ်ပွင့်ပြီးနောက် ပထမအကြိမ် ကြိုးစားမှု၌ အဆင့် ၅ မီးတောက်စု ဆေးလုံး ကိုးလုံး ဖော်စပ်နိုင်ခဲ့သည်။ ထိုအထဲ၌ အဆင့်မြင့် ဆေးငါးလုံးနှင့် အလယ်အလတ်အဆင့် ဆေး လေးလုံး ဖြစ်၏။ အဆင့်နိမ့်ပင် မပါရှိချေ။

နတ်ဘုရားကုန်းမြေ ရောက်ရှိလာသည်မှာ ကြာမြင့်နေပြီ ဖြစ်ရာ မိုဝူကျိက အဆင့် ၅ ဆေးလုံး၏ တစ်သုတ်စာမှာ ကိုးလုံး မဟုတ်ဘဲ ခြောက်လုံးသာ ဖြစ်ကြောင်း သိထား၏။

သူက ကိုးလုံး ဖော်စပ်နိုင်သည့် အကြောင်းအရင်းမှာ သူ့လူသားတာအိုနှင့် သေချာပေါက် ဆက်နွယ်နေခြင်းသာ ဖြစ်လိမ့်မည်။

မီးတောက်စု ဆေးလုံးသည် မီးဓာတ် သဘာဝ ကျင့်ကြံသူများ သူတို့ကျင့်ကြံဆင့်၌ အကူအညီရရန် အသုံးပြုသော ဆေးလုံး ဖြစ်၏။ သဘောတရားအရ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ အဆင့်နိမ့်နေသည့်အတွက် ဤသို့မျိုး ဆေးလုံးကို မသောက်သုံးနိုင်ပေ။

သို့သော်လည်း မိုဝူကျိက လုံးဝ ဂရုမစိုက်ပေ။ သူက အဆင့်မြင့် မီးတောက်စု ဆေးလုံးကို ထုတ်ပြီး ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ဤဆေးလုံးမှာ သူ့လူသားတာအိုကို အသုံးပြု၍ ဖော်စပ်ထားသော ဆေးလုံး ဖြစ်၏။ အကယ်၍ သူက သူ့ကိုယ်ပိုင် တာအိုကိုပင်  မထိန်းချုပ်နိုင်လျှင် မီးတောက်စု ဆေးလုံးကြောင့် လောင်ကျွမ်းသေလျှင်ပင် ထိုက်တန်ပေသည်။

မီးတောက်စု ဆေးလုံးသည် သူ့ပါးစပ်အတွင်း ရောက်သည်နှင့် ပူလောင်လာသည်။ မကြာခင် ပူနွေးနွေး စွမ်းအင်လှိုင်းအဖြစ် ပြောင်းလဲသွားကာ မိုဝူကျိ၏ ချီသွေးကြောများအတွင်း ဝင်ရောက်သွားလေ၏။ သူ့ချီသွေးကြော ၁၀၈ ခုလုံးက အလိုလို လှည့်ပတ်သွားသောကြောင့် မိုဝူကျိအနေနှင့် ဘာမှလုပ်စရာ မလိုလိုက်ပေ။

မိုဝူကျိက ဝိညာဉ်ကြော မရှိသောကြောင့် မည်သည့် သဘာဝဓာတ်မဆို စုပ်ယူနိုင်ပေသည်။ သူက သူ့ကျင့်ကြံဆင့် အလျှင်အမြန် တိုးတက်လာသည်ကို ခံစားလိုက်မိ၏။ သူ့မီးဓာတ် သဘာဝ တိုက်ကွက် ဖြစ်သည့် စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်ပင် နောက်တဆင့် တိုးတက်သွားလေသည်။ သူ့တွင် ဝိညာဉ်ကြော မရှိသည့်အတွက် ဤကဲ့သို့ သဘာဝသီးသန့် ဆေးလုံးများက သူ့အပေါ်တွင် သက်ရောက်မှု ၉၉ ရာခိုင်နှုန်းလောက် လျော့ကျသွားမည် ဖြစ်၏။

နှစ်နာရီကြာမြင့်ပြီးနောက် မိုဝူကျိက မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့မီးတောက်စု ဆေးလုံးသည် အဆင့်မြင့် ဆေးလုံး ဖြစ်သော်လည်း အစစ်အမှန် ပြိုင်ဖက်ကင်း ဆေးလုံးအဆင့်ထက် အောက်မကျကြောင်း အသေအချာ သိနေသည်။

သူက သူ့လူသားတာအိုကို အသုံးပြုပြီး မီးတောက်စု ဆေးလုံးအတွက် လိုအပ်သော ဆေးအဆီအနှစ်များကို ဆေးလုံး ဖြစ်တည်လာစေရန် ပေါင်းစပ်ခဲ့သည်။ ဤသို့သော ဆေးလုံး ပါးစပ်ထဲ ဝင်သွားသည့်အခါ မည်သည့် ကွဲလွဲမှုမှ မဖြစ်လာပေ။ စွမ်းအားက တိုးတက်လာပြီး သိသာထင်ရှားလာသည်။ သူ့ကိုယ်ပိုင် တာအိုစည်းမျည်းကိုပင် အသိဉာဏ်ပွင့်လာစေရန် ကူညီပေးနိုင်၏။ လူသားတစ်ယောက်က တစ်ကြိမ် အားတစ်ဆင့် တိုးလာသကဲ့သို့ ဖြစ်၏။

ဤလောက၌ ဤသို့ဆေးမျိုးကို ဖော်စပ်နိုင်သူမှာ သူ တစ်ယောက်တည်းသာ ရှိလိမ့်မည်။

မိုဝူကျိက အားရပါးရ လေပူများ မှုတ်ထုတ်လိုက်သည်။ သူက ထိုးထွင်း အသိအမြင်များအပေါ်  ပြန်လည် သုံးသပ်ဖို့ အခွင့်အရေး လိုအပ်ခဲ့ခြင်းသာ ဖြစ်ပြီး သူ အင်မော်တယ် ဘုရင်ဆေးလုံးကို ဖော်စပ်စဉ်အခါကတည်းက ဤသို့အမြင်မျိုး ရရှိခဲ့၏။ သူ့အင်မော်တယ် ဘုရင်ဆေးလုံးသည်လည်း လူသားတစ်ယောက် အင်မော်တယ် မသေမျိုးတစ်ယောက်အဖြစ် တက်လှမ်းခြင်းနှင့် ဖြစ်စဉ် တူပေသည်။ ကံဆိုးစွာဖြင့် သူက ဆက်တိုက် ပြေးလွှားနေရသလို ကျင့်ကြံဆင့် တက်အောင်လည်း အသည်းအသန် ကြိုးစားနေခဲ့ရသည်။ ဤသို့မျိုး ဆေးလုံးတာအိုအပေါ် လပိုင်းခန့် အချိန်ပေးထားနိုင်သည့် အခိုက်အတန့်လေးက အလွန်ရှားပါးလှသည်။

ဆေးမီးဖိုကို သန့်ရှင်းပြီးနောက် မိုဝူကျိက နောက်ထပ် အဆင့် ၅ ဆေးလုံးများကို ငါးသုတ် ဖော်စပ်မည် ဖြစ်၏။ ငါးသုတ်စာလုံး ကျရှုံးမှု မရှိပေ။ တစ်ခုတည်းသော နောင်တမှာ သူက ပြိုင်ဖက်ကင်းအဆင့် ဆေးလုံးကို မဖော်စပ်နိုင်သေးခြင်း ဖြစ်၏။ သို့သော်လည်း ထိုအရာက သူ့ကျင့်ကြံဆင့်ပေါ် မူတည်နေပေရာ မိုဝူကျိအနေနှင့် များစွာ စိတ်ထဲ မထားတော့ပေ။

ခရမ်း နိဗာနတာအိုသဲ၊ သင်္ကေတငါးသွယ် အသီးနှင့် ရေပျော်ကြာအား ဂရုတစိုက် ထုတ်ပြီးနောက် မိုဝူကျိက သီးခြားနတ်ဆေးလုံးကို ဖော်စပ်ဖို့ ပြင်ဆင်လိုက်သည်။

သူ့စိတ်စွမ်းအားက နောက်ဆုံး အခြေအနေ ဖြစ်နေသည့် ချီချွမ်း အစ်မဖြစ်သူ ချီပင်းထံ ရောက်ရှိသွားလေ၏။ အကယ်၍ သူသာ သီးခြားနတ်ဆေးလုံးကို မဖော်စပ်လျှင် ချီပင်းက သေချာပေါက် သေဆုံးတော့ပေမည်။

မိုဝူကျိတွင် ခရမ်း နိဗာနတာအိုသဲ သုံးခု ရှိသော်လည်း သင်္ကေတ ငါးသွယ် အသီးနှင့် ရေပျော်ကြာတို့မှာ တစ်ခုစီသာ ရှိပေသည်။ အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင် သူ့အနေနှင့် အပြစ်ရှိစိတ် ခံစားမိပေလိမ့်မည်။

ကံကောင်းစွာဖြင့် မိုဝူကျိက အဆင့် ၅ ဆေးလုံးများအပေါ် ထိန်းချုပ်နိုင်သွားပြီ ဖြစ်ရာ သီးခြားနတ်ဆေးလုံးကို ဖော်စပ်သည့်အခါ အတားအဆီးတို့နှင့် ရင်မဆိုင်ရလောက်ပေ။ တစ်ခုတည်းသော ပြဿနာမှာ သူ အရည်ဖျော်သည့်အခါ  ခရမ်း နိဗာနတာအိုသဲပေါ်ရှိ တာအိုသင်္ကေတများ ဖြစ်၏။ သို့သော်လည်း မိုဝူကျိက ထိုတာအိုသင်္ကေတများကို မကြောက်ပေ။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်းက ထိုတာအိုသင်္ကေတများကို ဘာမှမကျန်အောင် ဖယ်ရှားပစ်နိုင်၏။

လေးနာရီကြာမြင့်ပြီးနောက် သီးခြားနတ်ဆေးလုံး ကိုးလုံးက ကျောက်စိမ်းပုလင်းအတွင်း ရောက်ရှိလာသည်။ ဆေးလုံး ကိုးလုံးလုံးက အဆင့်မြင့်များ ဖြစ်ကြသည်။

အနည်းငယ် ပင်ပန်းနွမ်းလျနေသည့် မိုဝူကျိက သန့်ရှင်းရေး လုပ်ပြီးနောက်  အခန်းထဲမှ ထွက်လာလိုက်သည်။

“ အစ်ကိုကြီးမို ထွက်လာပြီပဲ …” ဒုတိယအထပ်ကို မိုးလင်းမိုးချုပ် စောင့်ကြည့်နေသည့်  ချီချွမ်းက မိုဝူကျိကို မြင်မြင်ချင်း ပြောလိုက်သည်။ သူ့လေသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေဟန် ပေါ်သော်လည်း တစ်ချိန်တည်းဆိုသလို မသေချာမှုများလည်း ပါဝင်နေသည်။

“ စိုးရိမ်နေဖို့ မလိုတော့ဘူး။ မင်းအစ်မကို တစ်ချက် သွားကြည့်ရအောင် ” မိုဝူကျိက ချီချွမ်း ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“ ဆရာမို …” နောက်ထပ် တအံ့တဩ ရေရွတ်သံကိုလည်း ကြားလိုက်ရသည်။ မိုဝူကျိက လှည့်ကြည့်လိုက်သည့်အခါ သူ့ဆေးခန်း အဝင်ပေါက်၌ တာ့ကျဲနှင့် ချူချန်းတန်တို့ကို မြင်လိုက်ရသည်။

ထိုသူနှစ်ယောက်၏ ပျော်ရွှင်နေသည့် အမူအယာကို ကြည့်လိုက်ပြီး မိုဝူကျိက သူတို့နှစ်ယောက်သည် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်ခဲ့ကြောင်း တန်းသိလိုက်သည်။

မိုဝူကျိက နှစ်ယောက်လုံးကို ခေါင်းညိတ်ပြလိုက်ပြီးနောက်  “ မင်းတို့ နှစ်ယောက် ခဏစောင့်ဦး။ ငါ သွားကုပေးလိုက်ဦးမယ် ”

ထိုအရာကို ကြားပြီး ချူချန်းတန်နှင့် တာ့ကျဲတို့က မိုဝူကျိသည် အမှန်တကယ် ဆေးခန်း ဖွင့်ထားကြောင်း အမှတ်ရသွားလေ၏။

………….…

ချီပင်း၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ နှစ်ဝက်လောက် မတွေ့ပြီးသည့်နောက်တွင် သူမက မိန်းမအိုကြီးတစ်ယောက်ကဲ့သို သွင်ပြင်ပင် မရှိတော့ဘဲ အရိုးစုသာသာ ဖြစ်နေလေ၏။ ပို၍ ကြောက်စရာအကောင်းဆုံးအရာမှာ သူမ ခန္ဓာကိုယ်မှာ သေခြင်းတရား အငွေ့အသက်များ ထွက်ပေါ်နေခြင်း ဖြစ်၏။ ချူချန်းတန်နှင့် တာ့ကျဲပင် ချီပင်း၏ ဝိညာဉ်လမ်းကြောင်းများနှင့် ဝိညာဉ်ကြောမှာ ပုပ်သိုးပျက်စီးသွားပြီ ဖြစ်ကြောင်း ပြောနိုင်လေ၏။

“ သူမကို ကယ်နိုင်သေးတာလား ” တာ့ကျဲက သူမဘာသာ ရေရွတ်လိုက်သည်။

မိုဝူကျိက သူမစကားကို ဘာမှပြန်လည် မပြောပေ။ သူက သာမာန်နှင့် တူသည့် ဆေးတစ်လုံးကို ချီပင်း ပါးစပ်ထဲ တိုက်ပေးလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့အသက်ဓာတ်လမ်းကြောင်းမှ အသက်ဓာတ် တစ်မျှင်အား ချီပင်း၏ ပျက်စီးလုနီးပါး ဖြစ်နေသည့် ဝိညာဉ်လမ်းကြောင်းဆီ ပို့လွှတ်ပေးလိုက်သည်။

ဤအသက်ဓာတ်လေးက ချီပင်း ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသောကြောင့် သေခြင်းတရား အငွေ့အသက်များက နည်းနည်း ပျောက်ကွယ်သွားလေ၏။ မိုဝူကျိက သီးခြားနတ်ဆေးလုံးကို တိုက်ကျွေးပြီးနောက် ချီပင်း ခန္ဓာကိုယ်ထဲ အသက်ဓာတ်တချို့ ထပ်မံ ပို့လွှတ်ပေးလိုက်သည်။

သီးခြားနတ်ဆေးလုံးသည် ချီပင်း၏ ဝေဒနာကို အမှန်တကယ် ပျောက်ကင်းကုသပေးနိုင်သည့် ဆေးလုံး ဖြစ်၏။ ကံဆိုးသည်က နှစ်များစွာကြာပြီးနောက် ချီပင်း၏ အသက်မှာ မီးစာကုန်သည့် ဖယောင်းတိုင်ကဲ့သို့ ဖြစ်နေလေ၏။ အကယ်၍ သူသာ သူမထဲ အသက်ဓာတ်တချို့ မပို့လွှတ်ပေးခဲ့လျှင် သူ့သီးခြားနတ်ဆေးလုံးပင် သူမအား ကယ်တင်ပေးနိုင်တော့မည် မဟုတ်ချေ။

ချီချွမ်းက ချီပင်း အိပ်ယာဘေး ဒူးထောက်လျက် ရှိနေသည်။ သူ့လက်များက အနည်းငယ် တုန်ယင်နေလေ၏။ သူ့အစ်မဖြစ်သူကို ယခုအချိန်မှ မကယ်တင်နိုင်လျှင် ထာဝရ ဆုံးရှုံးလိုက်ရမည် ဖြစ်ကြောင်း နားလည်ထား၏။

ချီချွမ်းကို စိတ်လှုပ်ရှားသွားစေပြီး တာ့ကျဲနှင့် ချူချန်းတန်တို့အား မယုံကြည်နိုင်ဖွယ် ဖြစ်သွားစေသည်က ချီပင်း၏ ဝိညာဉ်စွမ်းအားများက ရုတ်ချည်း အားကောင်းလာခြင်း ဖြစ်၏။ ထိုမျှတင် မကဘဲ ဘေးပတ်လည်ရှိ နတ်ဝိညာဉ်စွမ်းအားတို့မှာ ဝဲကတော့ပုံစံလေး ဖြစ်နေပြီး ချီပင်းအတွင်း စီးဝင်နေကြသည်။ နတ်ဝိညာဉ်စွမ်းအား အမြောက်အများ ဆက်တိုက် စီးဝင်နေသောကြောင့် ချီပင်း၏ အရှိန်အဝါမှာ ဖြည်းဖြည်းချင်း အားကောင်းလာလေ၏။

မိုဝူကျိက အချိန်ကိုက် အဆင့်မြင့် နတ်ဘုရားကျောက်များ ထုတ်ပေးလိုက်သည်။

အကြွင်းမဲ့ ကုထုံး ဆေးခန်း၌ စွမ်းအား စုစည်းရေး အစီအရင် ရှိနေပြီးပြီ ဖြစ်ရာ မိုဝူကျိ၏ နတ်ဘုရားကျောက် အကူဖြင့် ချီပင်း၏ နတ်ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာ ပိုမို မြန်ဆန်လာပေသည်။

*

All Chapters