← Chapters

ဆေးအလွန်အကျွံသုံးစွဲခြင်

Vol. 74 Ch. 1023

ဆေးအလွန်အကျွံသုံးစွဲခြင်

Vol. 74 Ch. 1023

ထန်ရှုက တောင်ဘက်ဂိတ်မြို့သို့ လျင်မြန်စွာ ရောက်ရှိလာသည်၊ စိုးရိမ်တကြီးဖြစ်နေသောခန်းရှအား သူ မြင်လိုက်ရ၏။ သူမအား နှစ်သိမ့်ပေးရန် အချိန်မရှိဘဲ သူက သူမအား ဖြတ်ကျော်ကာ ဧည့်ခန်းထဲရှိသတိလစ်‌မေ့မြောနေသောအန်ဒီအား ကြည့်ရန် ခပ်သုတ်သုတ်နှင်လိုက်သည်။

"ငါ့ကို တစ်ယောက်မှ မနှောင့်ယှက်စေနဲ့"

အမိန့်ပေးပြီးနောက် သူက အန်ဒီ၏လက်ကောက်ဝတ်အား ကိုင်ကာ သူမ၏သွေးခုန်နှုန်းအား စမ်းသပ်လိုက်သည်၊ သူမက ဆေးအလွန်အကျွံသုံးစွဲခဲ့သည်ကိုသာ တွေ့လိုက်ရ၏။ သူမခန္ဓာကိုယ်က ဆေးအာနိသင်အား မခံနိုင်သဖြင့် ထိန်းချုပ်နိုင်စွမ်းအား တဖြည်းဖြည်း ကင်းမဲ့သွား၏။ လက်ရှိတွင် သူမ၏သွေးကြောက ဖရိုဖရဲဖြစ်‌နေပြီး အစစ်အမှန်အဆီအနှစ်က လုံးဝကစဉ့်ကလျားဖြစ်နေသည်။ စွမ်းအင်စီးဆင်းမှုအား အချိန်မီမပိတ်ဆို့နိုင်လျှင် သူမက မသေလျှင်ပင် အပြည့်အဝပြန်ကောင်းလာရန်အတွက် သူမ၏ကျင့်ကြံခြင်းအား အစမှ ပြန်စရန်က တစ်ခုတည်းသောရွေးချယ်စရာဖြစ်သည်။

သူမက ရူးသွားတာများလား။

ထန်ရှုက ရှုံ့မဲ့ပြုံးလျက် သူမ၏လက်ကောက်ဝတ်နှင့်သွေးကြောအား လွှတ်လိုက်သည်။ သူက ခေါင်းခါယမ်းကာ သက်ပြင်းချလျက် သူမအား အိမ်ရာပေါ်မှ ချီမသည်။ သူမအား တင်ပျဉ်ခွေထိုင်စေပြီးနောက် သူမ၏မရီးဒျာန်များထဲရှိအစစ်အမှန်အဆီအနှစ်အား ချိန်ညှိုပြုပြင်ပေးလိုက်သည်။ ကံကောင်းသည်ကား သူမ၏ကျင့်ကြံခြင်းအဆင့်က အားနည်းလွန်းကာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအလယ်ဆင့်၌သာ ရှိသေး၏၊ သို့မဟုတ်လျှင် သူမ၏ရုပ်ပိုင်းဆိုင်ရာအခြေအ‌နေအား ကုသပေးရန်အတွက် သူက စွမ်းအင်အမြောက်အများ သုံးစွဲရပေလိမ့်မည်။

အချိန်က ကုန်ဆုံးသွား၏။ ခြောက်နာရီအတွင်း ထန်ရှုက စွမ်းအင်များစွာ သုံးစွဲကာ အန်ဒီ၏အခြေအနေအား ပြုပြင်ပေးခဲ့သည်။ သူမအား အိပ်ရာပေါ်တွင် လှဲစေပြီးနောက် သူက အခန်းမှ ထွက်လာသည်။

"သူမအခြေအ‌နေဘယ်လိုလဲ"အခန်းအပြင်ဘက်တွင်စောင့်နေသောခန်းရှက ကမန်းကတန်း မေး၏။

"သူမရဲ့အခြေအနေက တည်ငြိမ်သွားပြီ"ထန်ရှုက ခေါင်းညိတ်လိုက်သည်။"သူမက အဆင်ပြေပါတယ်။ သူမနိုးလာပြီးရင် ပြဿနာမရှိတော့ဘူး။ ချီဖောက်ပြန်သွားတာကြောင့်မဟုတ်ဘူး။ သူမက ဆေးလုံးတွေ အလွန်အကျွံသုံးစွဲခဲ့လို့ပဲ။ ဒီလိုဆေးလုံးတွေက သူမရဲ့ကျင့်ကြံခြင်းအဆင့်အရ ခံနိုင်တဲ့အရာတွေ မဟုတ်ဘူး၊ ဒါကြောင့် ဒီပြဿနာ ဖြစ်လာတာ"

"အာ။ သူမက ဆေးလုံးအလွန်အကျွံသုံးစွဲခဲ့တာလား"

ခန်းရှ၏ဂနာမငြိမ်ဖြစ်မှုက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ထန်ရှု၏ရှင်းပြချက်ကို ကြားပြိီးနောက် သူမက ပြောစရာစကားမဲ့သွားပုံရ၏။

ထန်ရှုက ပြုံးကာ သူမပခုံးအား ပုတ်လိုက်သည်။"မင်းတို့တွေ မကြာသေးခင်က ဘယ်လောက်တောင် ချမ်းသာသွားလို့လဲ။ ကောင်းပြီ၊ မင်းတို့တွေ ပိုက်ဆံအများကြီး ရလာရင်တောင် မင်းတို့ရဲ့ပိုက်ဆံတွေကို ဆေးလုံးပေါ်မှာပဲ မသုံးနဲ့။ သူမက ဒီတစ်ခေါက် အတော်လေးကံကောင်းတယ်၊ အသက်အန္တရာယ်မရှိခဲ့ဘူး၊ ဒါပေမယ့် သူမက အဆင့်မြင့်ဆေးတစ်လုံးကို ထပ်သောက်ခဲ့ရင် သူမခန္ဓာကိုယ်က ဆေးအာနိသင်ကြောင့် ပေါက်ကွဲထွက်သွားရလိမ့်မယ်"

ခန်းရှက ပြုံးကာ ပြောလိုက်သည်"ငါတို့တွေ တကယ်ပဲ အချီကြီး ရခဲ့တယ်။ ရှင့်ရဲ့အကောင့်လက်ကျန်ငွေကို မစစ်‌ဆေးကြည့်ရသေးဘူးလား"

"ပြည်ပမှာ ကိုင်တွယ်စရာတွေ များလွန်း‌တော့ ငါ့ရဲ့အကောင့်ကို မစစ်ဆေးခဲ့ရဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ဒါနဲ့ အတိအကျ ဘာဖြစ်ပျက်ခဲ့လို့လဲ။ ငါတို့ ဒီလောက်များတဲ့ပိုက်ဆံကို ဘယ်‌နေရာက ရခဲ့တာလဲ"

”ရှင့်အတွက်က ပိုက်ဆံက အရေအတွက်တစ်ခုမျှသာဆိုတာ ကျွန်မ သိပါတယ်" ငိုရမလားရယ်ရမလားမသိသောအမူအရာနှင့် ခန်းရှက ပြောလိုက်သည်"ငါတို့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ထုတ်ကုန်တွေက အရောင်းအဝယ်မတရားကောင်းနေပြီး လိုအပ်ချက်ကို မဖြည့်‌ဆည်းနိုင်လောက်တဲ့အထိပဲ။ ဒါပေမယ့် ကုန်ပစ္စည်းတွေက ရသမျှဝင်‌ငွေအားလုံးကို ရှန်းဟိုင်မှာတဲ့ကုမ္ပဏီဌာနချုပ်ထဲမှာပဲ ထည့်ဝင်ခဲ့တယ်။ ဒါပေမယ့် မြို့သစ်ရဲ့ရှယ်ယာအရောင်းအဝယ်ကို မမေ့နဲ့အုံး။ အိမ်ခြံမြေတန်ဖိုးက ယခင်အဖွင့်‌ဈေးထက် သုံးဆ ပိုမြင့်လာတာလေ။ အခုဆိုရင် တစ်ဝက်လောက်ကို ရောင်းထားပြီးနေပြီ"

"အစောပိုင်းအဆင့်မှာ ငါတို့ကုမ္ပဏီက ဘယ်လောက်ရင်းနှီးခဲ့တာလဲ"ထန်ရှုက သိလိုစိတ်နှင့် ‌မေး၏။

ခန်းရှက လက်ဟန်အမူအရာ လုပ်ပြလိုက်သည်။ ရယ်လျက် သူမက ‌‌မေး၏"ဘယ်လောက်လို့ ထင်လဲ"

"ယွမ်၁၂ဘီလီယံလား"ထန်ရှုက အံ့အားသင့်စွာနှင့် အတည်ပြုလိုက်သည်။

"တော်တယ်။ ငါခန်းရှရွေးချယ်ခဲ့တဲ့ ယောက်ျားဆိုတာ အံ့ဩစရာမရှိဘူးပဲ"ခန်းရှက လက်မထောင်ကာ ချီးကျူးလိုက်သည်"ယခင်အဆင့်မှာ ငါတို့ မြှုပ်နှံခဲ့တဲ့ရင်းနှီးငွေက ယွမ်၁၂ဘီလီယံပဲ။ နေထိုင်ဖို့အတွက်ပဲဖြစ်ဖြစ်၊ စီးပွားရေးအဆောက်အအုံအတွက်ပဲဖြစ်ဖြစ် စုစုပေါင်းဈေးကွက်တန်ဖိုးက ယွမ်၄၀ဘီလီယံထိ ရောက်ရှိနေတယ်။ အများစုကိုတော့ ယွမ်၁၈.၅ဘီလီယံနဲ့ ရောင်းထုတ်ထားတယ်၊ အဲထဲက ယွမ်၁၅ဘီလီယံကို ရှင့်အကောင့်ထံ လွှဲထားတယ်။ သုံးဘီလီယံကိုတော့ ထန်စီးပွားရေးလုပ်ငန်းစုရဲ့အကောင့်ထဲ ထည့်ထားတယ်၊ ကျန်တဲ့သန်းငါးရာက အစုပေါ်အမြတ်တွေပေါ့"

"ကြည့်ရတာ အိမ်‌ခြံမြေလုပ်ငန်းက တကယ်ကို အကျိုးအမြတ်များတာပဲ"ထန်ရှုက သက်ပြင်းချလိုက်သည်"တိုင်းပြည်ရဲ့အချမ်းသားဆုံးလူတွေထဲမှာ အများစုက အိမ်ခြံမြေကုမ္ပဏီပိုင်ရှင်တွေဆိုတာ အံ့ဩစရာမရှိဘူးပဲ။ ဒါနဲ့ လက်ရှိလုပ်ငန်းစဉ်ကရော ဘယ်လိုရှိနေလဲ"

"ဆောက်လုပ်ရေးစီမံကိန်းရဲ့ပထမအဆင့်က ပြီးသွားပြီ၊ လက်ရှိမှာ အချို့သောအလုပ်တွေကို အဆုံးသတ်နေတယ်"ခန်းရှက ပြန်ဖြေသည်"ဒုတိယအဆင့်ရဲ့လုပ်စရာတွေအများစုကို လုပ်ပြီးသွားပြီ၊ နောက်နှစ်အစောပိုင်းလောက်ကျရင် အကုန်လုံးပြီးမယ်လို့ မှန်းထားကြတယ်။ စီမံကိန်းရဲ့တတိယနဲ့စတုတ္ထအဆင့်တွေက စထားနှင့်ပြီ၊ ဒုတိယအဆင့် ပြီးတဲ့အခါကျရင် တော့ တတိယအတင့်နဲ့စတုတ္ထအဆင့််ကို တစ်ပြိုင်နက်တည်း လုပ်ဖို့ ဖြစ်နိုင်တယ်။ လုံဟန်ဝမ်က ရှင့်ကို ‌တွေ့ဖို့ စောင့်နေတာ၊ ဒါပေမယ့် သူက ရှင့်ကို ဆက်သွယ်လို့ မရခဲ့ဘူး"

"သူက ဘာလိုချင်တာလဲ"ထန်ရှုက မေး၏။

"ဗိသုကာဒီဇိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့။ ရှင်က ဒီဇိုင်းဆွဲခဲ့တဲ့သူဆိုတာ မေ့နေတာလား"ခန်းရှက အားတင်းပြုံးလျက် ပြောလိုက်သည်"အဲဒါက ရောင်းချမှု အခုလိုကောင်းနေရတဲ့၊ တိုင်းပြည်မှာရှိတဲ့ချမ်းသာကျော်ကြားသူတွေအားလုံး ဒီအိမ်ရာတွေကို ဝယ်ရတဲ့အကြောင်းပြချက်ပဲ။ မြို့သစ်ရဲ့ဗိသုကာဒီဇိုင်းနဲ့အဆောက်အဦးတွေက ချီးကျူးမှုတွေ အရမ်းမြင့်မားပြီး အိမ်မက်မြို့တစ်ခုလို့တောင် ပြောကြတယ်။ ဒါပေမယ့် ရှင်က အမြဲတမ်းအလုပ်များနေတဲ့လူတစ်ယောက်လေ၊ စီမံကိန်းရဲ့ပထမအဆင့်နဲ့ဒုတိယအဆင့်ကိုပဲ ဒီဇိုင်းဆွဲခဲ့တယ်။ အခုထိ ရှင်က တတိယအဆင့်နဲ့ဒုတိယအဆင့်အကြောင်း မပြောသေးဘူး။ လုံဟောင်ဝမ်တစ်ယောက်ပဲ အဲဒါနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာ မဟုတ်ဘူး၊ ကျွန်မရောပဲ"

?”

"အစိုးရက တကယ်ပဲ ငါတို့ကို အခွင့်အာဏာအပြည့်ပေးထားတာလား"ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်"သူတို့က တကယ်ပဲ ပါဝင်ဖို့ ဆန္ဒမရှိဘူးလား"

"သူတို့က ပါဝင်ရမယ်၊ ဒါပေမယ့် ဒီလိုကိစ္စတွေက အမြဲတမ်း ရှုပ်ထွေးတယ်။ လုံဟောင်ဝမ်နဲ့အဖွဲ့အမျိုးမျိုးက အစိုးရနဲ့ ဆွေးနွေးနေတယ်၊ ဒါကြောင့် ငါတို့ကုမ္ပဏီက ပိုစိတ်အေးအေးထားလို့ရတယ်"ခန်းရှက ပြောလိုက်သည်။

"ငါ သိပြီ"ထန်ရှုက ခေါင်းညိတ်ကာ ထပ်‌မေးလိုက်သည်"ဆောက်လုပ်ရေးစီမံကိန်းရဲ့ပထမလေးဆင့်က‌ နေရာယူထားတဲ့မြို့သစ်ရဲ့ဧရိယာက ဘယ်လောက်ကြီးလဲ"

"ငါးပုံပုံတစ်ပုံ"ခန်းရှက ပြန်ဖြေသည်။

အဟွတ်၊ အဟွတ်....

ရယ်ရမလားငိုရမလားမသိစွာနှင့် ထန်ရှုက ခန်းရှအား ကြည့်ကာ ပြောလိုက်သည်"စီမံကိန်းရဲ့ပထမလေးဆင့်က မြို့သစ်တစ်ခုလုံးရဲ့ငါးပုံတစ်ပုံကိုပဲ နေရာယူထားတာလား။ ဒါက ငါ့အနေနဲ့ ဗိသုကာဒီဇိုင်းတွေ အများကြီး ဆွဲရအုံးမယ်လို့ ဆ်ိုလိုတာမလား"

"စွမ်းရည်ရှိတဲ့သူတွေက အလုပ်အများဆုံးလုပ်ရတယ်ဆိုတာ ရှင်လဲ သိပါတယ်"ခန်းရှက ပြုံးဖြဲဖြဲနှင့် ပြောသည်"ပြီးတော့ ဒါက စွန့်စားရတဲ့စီးပွားရေးတစ်ခုဖြစ်ပြီး ဈေးအပေါဆုံးနည်းလမ်းနဲ့ အကျိုးအမြတ်အများဆုံး ရနိုင်တာလေ"

ထန်ရှုက အကူအညီမဲ့စွာနှင့် ခေါင်းသာ ခါယမ်းနိုင်တော့သည်။ ကံကောင်းသည်ကား ဗိသုကာဒီဇိုင်းများက တစ်ခါတည်းနှင့် အားလုံးဆွဲစရာမလိုပေ။ သူက နောက်အဆင့်နှစ်ခုအတွက်သာ ဒီဇိုင်းဆွဲနိုင်ပြီး အနေအထားအား ကိုင်တွယ်ရန် လုံလောက်ပေသည်။

စင်္ကြံလမ်းထောင့်တွင်။

စုလင်းယွမ်က ထွက်ပေါ်လာသည်။ ထန်ရှုနှင့်ခန်းရှတို့က အလွန်ရင်းနှီးစွာ စကားပြော‌နေသည်ကို မြင်သောအခါ သူမက ရုတ်တရက် ပြုံးကာ မေးလိုက်သည်"အန်ဒီရဲ့ကုသမှုက ဘယ်လိုရှိလဲ၊ ရှုအာ"

ထန်ရှုက သူမထံ လျှောက်သွားရင်း ပြောလိုက်သည်"သူမ အဆင်ပြေပါတယ် အမေ။ နိုးလာပြီးရင် သူမက ပြန်ကောင်းသွားပါလိမ့်မယ်။ ပြီး‌တော့ အိမ်မှာ မင်းကို ကူညီဖို့ အိမ်ဖော်တစ်ယောက်တောင် မရှိဘူးလား၊ အမေ။ ဘယ်လို့ အမေက ချက်ပြုတ်နေရတာလဲ"

"ငါ့သား အိမ်ပြန်လာမှ‌တော့ ငါ ဘာလို့ ကိုယ်တိုင်မချက်ပြုတ်ရမှာလဲ"စုလင်းယွမ်က ပြုံးကာ ပြန်မေးသည်"ငါ ရှရှကို နေ့လည်က မေးခဲ့တယ်၊ သူမ အစာမစားရတာ နှစ်ရက်လောက် ရှိပြီတဲ့။ အခု အန်ဒီလဲ အဆင်ပြေသွားပြီဆို‌တော့ သူမက အရမ်းဆာနေမှာပေါ့"

"အာ၊ ရှရှတဲ့လား"

ထန်ရှုက ခန်းရှအား ထူးဆန်းသောအကြည့်နှင့် စိုက်ကြည့်လိုက်သည်။"ဘယ်အချိန်တုန်းက သူတို့ ဒီလောက် ရင်းနှီးသွားရတာလဲ။ အမေပြောတာက အတိအကျ ဘာဆိုလိုတာလဲ"

ခန်းရှက မျက်နှာနီရဲသွားသည်။ သူမက စုလင်းယွမ်ဘေးသို့ လျှောက်လာကာ ပြုံးလျက် ပြောလိုက်သည်"ငါ မဆာပါဘူး၊ အန်တီ"

စုလင်းယွမ်က ပြုံးကာ ပြောလိုက်သည်"မင်း ဘာလို့ ရှက်နေရတာလဲ၊ ကလေး။ မင်းက မကြာခင် ဒါမှမဟုတ် နောက်ကျရင် ထန်မိသားစုရဲ့ချွေးမ ဖြစ်လာမှာပဲလေ။ ဒါကြောင့် မင်း ဘာလို့ ပိုမစားရမှာလဲ။ မင်း ကျန်းမာမှ ငါ့အတွက် ဝဝကစ်ကစ်မြေးလေးတစ်ယောက် မွေးပေးနိုင်မှာပေါ့"

"ဂါး....."

ထန်ရှုက လုံးဝမှင်တက်သွားသည်။ သူ့အမေက သူနှင့်ခန်းရှအကြားဆက်ဆံရေးအား သိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူမက ခန်းရှမှ ဝဝကစ်ကစ်ကလေးတစ်ယောက် မွေးပေးရန် မျှော်လင့်‌‌နေသည်ကို စဉ်းစားကြည့်လျှင်....မုဝမ်းရင်က အနာဂတ်မှာ သူ တကယ်လက်ထပ်ရမယ့်မိန်းမဆိုတာ ရှင်းလင်းနေတာမဟုတ်လား။ သူ့မှာ မိန်းမအများကြီးရှိမှာကို သူ တကယ်ပဲ အသိအမှတ်ပြုတာလား။

သူ့အမေက ဘာ‌တွေးနေသလဲကို သူ လုံးဝမဖော်ထုတ်နိုင်ပေ။ ခေါင်းကို တိတ်တဆိတ်ခါယမ်းပြီး‌နောက် သူက ပြုံးကာ ပြောလိုက်သည်"ဟုတ်ပါပြီ၊ အန်ဒီက နိုးဖို့ အချိန်အချို့ လိုအုံးမှာ၊ ဒါကြောင့် အရင်စားကြရအောင်။ ဒီနေ့လည်မှာ  အတော်လေးအလုပ်ရှုပ်သွားတယ်၊ ဒါကြောင့် အခု ငါ အတော်လေးဗိုက်ဆာနေတယ်။ မင်း အရသာရှိတာတွေ ချက်ထားတယ်မလား၊ အမေ"

"မစိုးရိမ်ပါနဲ့၊ ကလေး။ အမေက မင်းကြိုက်တာတွေအားလုံး ပြင်ဆင်ပေးထားပြီးပြီ"စုလင်းယွမ်က ပြုံးကာ ပြန်ပြောသည်။

ညစာစား‌နေစဉ် စုလင်းယွမ်က အာရုံမစိုက်နေသည့်အချိန်တွင် ထန်ရှုက သူ့ဘေးနားရှိခန်းရှအား တီးတိုးမေးလိုက်သည်"ဟေး၊ ဘယ်အချိန်တုန်းက မင်းက အမေနဲ့ ဒီလောက် နီးကပ်သွားရတာလဲ။ ကြည့်ရတာ သူမက မင်းကို ထန်မိသားစုရဲ့ချွေးမလို့ သတ်မှတ်ထားပြီးပုံပဲ"

ခန်းရှက ပြုံးလျက် တိုးတိုးပြော၏"ပြီးခဲ့တဲ့လတွေက အန်တီက ကုမ္ပဏီကို မကြာခဏလာပြီး ငါ့အတွက် စားစရာတွေ ယူလာပေးတယ်။ တစ်ခါတလေကျရင် ငါတို့က အတူတူဈေးဝယ်ထွက်ကြတယ်"

"အာ၊ ဘယ်လိုလုပ်ပြီး သိသွားကြတာလဲ"ထန်ရှုက ခေါင်းရှုပ်သွားသည်။

"ဒါက လွန်ခဲ့တဲ‌ခြောက်လက ကုမ္ပဏီရဲ့ညစာစားပွဲကြောင့်ပေါ့၊ ငါတို့က မင်းမိသားစုဆိုင်မှာ ပါတီလုပ်ဖို့‌ ရွေးချယ်ခဲ့တာလေ။ ‌စားသောက်ပြီးတာနဲ့ ငါက အိမ်ပြန်အနားယူဖို့ စီစဉ်ထားတာ၊ အဲမှာ မင်းအမေနဲ့ တိုက်မိသွားတယ်။ သူမက ဒဏ်ဖြစ်သွားတယ်၊ အဲတာကြောင့် ငါ သူမကို အနီးနားကတရုတ်တိုင်းရင်းဆေးရုံဆီ ကမန်းကတန်းခေါ်သွားခဲ့တယ်။ အဲကတည်းက ငါတို့တွေ မကြာခဏ တွေ့ကြတော့တာပဲ"

"ငါ သိပြီ"ထန်ရှုက အမြန်နားလည်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်"ဟုတ်ပါပြီ၊ မင်းက မင်းရဲ့ယောက္ခမကို ဖားဖို့အတွက် ဒီလိုအကွက်တစ်ခု သုံးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အနာဂတ်မှာ မင်းက ထန်မိသားစုရဲ့တရား‌ဝင်ချွေးမအဆင့်အတန်းကို မရရင်တောင် အမေက မင်းကို သေချာပေါက် အများကြီးချစ်မှာပါ"

"ဘာ....သွားတော့....သွားတော့...."

ရှက်ရွံ့မှုကြောင့် ခန်းရှက ထန်ရှု၏ကျီစားမှုအား ရှောင်တိမ်းရန် မျက်နှာအား ဘေးသို့ အလျင်အမြန် လွှဲလိုက်သည်။ သူမက ထန်မိသားစု၏အမည်ခံချွေးမ မဖြစ်နိုင်သည်ကို သူမက ကောင်းကောင်းသိ၏။ ထိုသို့သောအဆင့်အတန်းမျိုး မလိုဟု သူမကိုယ်သူမ အကြိမ်ကြိမ်အခါခါ သတိပေးခဲ့သည်၊ ထန်ရှုက သူမအား အမှန်တကယ်ချစ်နေသရွေ့ အရာအားလုံး လုံလောက်ပေသည်။

ထို့ကြောင့် ထန်ရှုထံမှ ထိုစကားများ ကြားပြီး သူမက အနည်းငယ် ခံစားခဲ့ရသော်လည်း သူမကိုယ်သူမ အမြန်ပြင်ဆင်ခဲ့သည်။

ရုတ်တရက် ခန်းရှက ပြန်လှည့်လာကာ တီးတိုးပြောလိုက်သည်"အဲဒီကောင်လေးငါးယောက်က ဘာတွေလဲ။ သူတို့က အတော်လေးထူးဆန်းတယ်၊ စက်ရုပ်တွေလိုပဲ။ တစ်ချိန်တည်းမှာပဲ သူတို့က အရမ်း စည်းစနစ်ကျပြီး လူကြီးတွေ ကျနေတာပဲ"

***

All Chapters