← Chapters

ထန်ဂိုဏ်းတိုကင်များ

Vol. 74 Ch. 1024

ထန်ဂိုဏ်းတိုကင်များ

Vol. 74 Ch. 1024

"သူတို့က ကလေးစစ်တပ်ထဲက အကောင်းဆုံးကျင့်ကြံခြင်းပါရမီရှင်တွေပဲ၊ သူတို့ရဲ့သက်တူရွယ်တူတွေထက်လဲ အများကြီး ပိုရင့်ကျက်တယ်"ထန်ရှုက သက်ပြင်းချလိုက်သည်"ဆင်းရဲတဲ့ကလေးတွေက အရွယ်ရောက်တာ ပိုစောတယ်ဆိုတဲ့ ရှေးစကားပုံလိုပေါ့။ သူတို့က ငယ်ငယ်ကတည်းက မိသားစုကို ဆုံးရှုံးခဲ့ကြတယ်လေ။ ခက်ခဲကြမ်းတမ်းတဲ့ဘဝက သူတို့ကို လေ့ကျင့်ပေးခဲ့တာပေါ့"

"ဒါဆို သူတို့အားလုံးက ရှင် အရင်က မွေးစားခဲ့တဲ့ လမ်းပေါ်ကကလေးတွေပေါ့"ခန်းရှက တုန်လှုပ်သွားသည်။"ဒါပေမယ့် သူတို့ငါးယောက်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိနေတာကို ငါ အာရုံခံမိတယ်။ သူတို့က အသက်ဘယ်လောက် ရှိအုံးမှာလဲ။ ဘယ်လိုလုပ်ပြီး သူတို့က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိနေရတာလဲ။ အထူးသဖြင့် ထန်၂၈ပဲ။ သူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအလယ်အဆင့်မှာ ရှိတယ်"

"ကလေးစစ်သားထောင်ကျော်ထဲမှာ သူတို့က အလွန်ပါရမီရှိတဲ့သူတွေပဲ"ထန်ရှုက ရှင်းပြလိုက်သည်"ကျင့်ကြံခြင်းအရင်းအမြစ်တွေ အဆက်မပြတ်ထောက်ပံ့ပေးရင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိဖို့က ဖြစ်နိုင်ပါတယ်"

"ရှင်က ပိုပိုအံ့အားသင့်စရာကောင်းလာတယ်၊ ထန်ရှု"ခန်းရှက ထန်ရှုအား ချီးကျူးလိုက်သည်။

"အခြေအနေက ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာ၊ ငါ့လက်အောက်မှာ အားကောင်းတဲ့ကျွမ်းကျင်သူတွေကို လေ့ကျင့်ပေးဖို့ ငါ အကောင်းဆုံးလုပ်ရမယ်"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်"အနာဂတ်မှာ ငါတို့ ရင်ဆိုင်ရမယ့်အန္တရာယ်က မင်း စိတ်ကူးနိုင်တာထက် ကျော်လွန်တယ်၊ ငါတို့ရဲ့အင်အားကို အဆက်မပြတ်တိုးပွားအောင် လုပ်မှသာ အသက်ရှင်ဖို့အခွင့်အလမ်းတွေ ပိုရလာမှာ။ ပြီးတော့ ခန်းရှ၊ မင်းက ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုကို တစ်ချိန်လုံး စီမံခန့်ခွဲနေရတယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် ငါ မင်းကို ကျင့်ကြံခြင်းကို ပို အချိန်ပေးစေချင်တယ်။ ပိုသန်မာလာမှပဲ မင်း ကာကွယ်ချင်တဲ့သူတွေကို ကာကွယ်နိုင်မှာ"

"သေချာတာပေါ့။ ငါ အကောင်းဆုံးလုပ်မှာပါ"ခန်းရှက ခေါင်းညိတ်လိုက်သည်။

ညစာစားပြီးနောက် ထန်ရှုက မိခင်စုလင်းယွမ်နှင့်ခန်းရှတို့နှင့်အတူ ခဏတစ်ဖြုတ် စကားပြောခဲ့သည်။ ထို့နောက် သူက ထန်၂၈ကို ခေါ်ကာ ချန်းကျီကျုံး၏နေထိုင်ရာသို့ ထွက်ခွာလာခဲ့သည်။

‌ရှေးပုံစံအိမ်ရာထဲတွင် ချန်ကျီကျုံးက တင်ပျဉ်ခွေထိုင်လျက် ကမ္ဘာ့စိတ်ဝိညာဉ်စွမ်းအားအား ငြိမ်သက်စွာ စုပ်ယူနေသည်။ ကျင့်ကြံခြင်းလမ်းကြောင်းစတင်ချိန်တွင် သူက အနည်းငယ် အသက်ကြီးနေခဲ့သည်၊ ထို့ကြောင့် ကျင့်ကြံခြင်းအရင်းအမြစ်များစွာရှိသော်လည်း သူ၏ကျင့်ကြံခြင်းတိုးတက်မှုက နှေးကွေးနေရသည်။ သူက ယခုထိ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်သာ ရောက်ရှိသေး၏။

"ဆရာ"

သူက မျက်လုံး ရုတ်တရက် ဖွင့်လိုက်သည်၊ သူ့ရှေ့တွင် ငြိမ်သက်စွာ ရပ်နေသော ထန်ရှုအား မြင်လိုက်ရသည်။ သူက ချက်ချင်းထကာ ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။

"မင်းရဲ့တိုးတက်မှုက ကျင့်ကြံခြင်းပါရမီရှင်တွေနဲ့ ယှဉ်ရင် အများကြီးပိုနှေးတာပဲ"ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်"မင်းက ငါမွေးစားထားတဲ့မိဘမဲ့ကလေးတွေထဲက ပါရမီအရှိဆုံးကလေးတွေထက်‌တောင် ဆိုးတာပဲ"

"တပည့်က တုံးလွန်းတော့ ဆရာ့ကို မကျေမနပ်ဖြစ်စေမိပါပြီ"ချန်ကျီကျုံးက ရှက်ရွံ့စွာနှင့် ပြောလိုက်သည်။

"အဲလိုတော့ မဟုတ်ပါဘူး။ အသက်အရွယ်ရောပါရမီရောက အတူတူအရေးကြီးပါတယ်"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်"ပြီးတော့ အရင်တုန်းက ငါ့မှာ အရင်းအမြစ်‌တွေ သိပ်မရှိခဲ့ဘူး၊ ဒါကြောင့် ငါ မင်းကို အများကြီးမကူညီပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ မတူတော့ဘူး၊ ငါ့မှာ အဖိုးတန်ဆေးပင်တွေ အများကြီး ရှိလာပြီ။ မင်းရဲ့ပါရမီပြဿနာနဲ့ ပတ်သက်ပြီး ငါ ဆေးလုံးအချို့ ဖော်စပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ငါက စိတ်ဝိညာဉ်ဆေးပင်တွေ ကင်းမဲ့နေသေးတယ်။ မင်း ငါ့အတွက် ရှာပေးဖို့ လိုတယ်"

ချန်ကျီကျုံးက ချက်ချင်း အားတက်ပျော်ရွှင်သွားလေသည်"ဘယ်လိုပါဝင်ပစ္စည်းမျိုးကို ဆရာလိုအပ်တာလဲ"

"နဂါးအရိုးဆေးပင်"ထန်ရှုက ပြော၏။

"နဂါးအရိုးဆေးပင်လား။ ငါ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး၊ ဆရာသခင်"ချန်ကျီကျုံးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်"အဲဒါက ဘာနဲ့တူလဲ။ ပုံသဏ္ဍာန်နဲ့ ထင်ရှားတဲ့ဝိသေသလက္ခဏာတွေက ဘာတွေလဲ"

"နဂါးအရိုးဆေးပင်မှာ အဖူးအတက်ကိုးခုရှိပြီး‌တော့ မိုးခပင်ရဲ့အဖူးအတက်တွေနဲ့ တူတယ်"ထန်ရှုက ရှင်းပြသည်"အပေါ်မှာ အဖြူရောင်အကွက်ကိုးခုရှိပြီး ကြယ်ငါးပွင့်အင်းကွက်တစ်ခုနဲ့ တူတယ်။ အဲဒါကို ဆေးဝါးပစ္စည်းသုတကျမ်းမှာလဲ မှတ်တမ်းတင်ထားပေမယ့် ၎င်းရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အပြည့်အစုံတော့ မရှိဘူး။ မင်းမှာ ဆေးပင်လုပ်ငန်းရှိတယ်၊ အဆယ်အသွယ်တွေလဲ အများကြီး ရှိတယ်။ အချိန်ယူပြီး ဒီနဂါးအရိုးဆေးပင်ကို ရှာပေါ့။ မင်း ရလာတဲ့အခါ ခြင်ဆီသန့်စင်ဆေးကို ငါ မင်းအတွက် ဖော်စပ်ပေးမယ်။ မင်း အဲဒါကို သောက်လိုက်တာနဲ့ မင်းရဲ့ခန္ဓာကိုယ်က ပြန်မွေးဖွားလာသလို ဖြစ်သွားမှာ"

"စိတ်ချပါ၊ ဆရာသခင်။ ငါတို့တိုင်းပြည်မှာ ဒိီနဂါးအရိုးဆေးပင်ရှိသရွေ့ ဘယ်လောက်ပဲကုန်ကျကုန်ကျ ငါ ရအောင် ရှာပါ့မယ်"ချန်ကျီကျုံးက စိတ်လှုပ်ရှားစွာ ပြောသည်။

"ဒါနဲ့ ဒီနေရာမှာ မင်းပဲ နေတာလား။ ငါ ဒီကို လာတုန်းက သတိထားမိတယ်"ထန်ရှုက မေးလိုက်သည်။

"ဟုတ်ပါတယ်။ ငါ့သားက တိုးတက်ဖို့အတွက် မြို့တော်မှာပဲ နေနေတယ်။ လက်ရှိမှာ သူ့ကို ကုမ္ပဏီလွှဲပေးဖို့ ရည်ရွယ်ချက်တော့ ငါ့မှာ မရှိပါဘူး"ချန်းကျီကျုံးက ပြော၏။"ငါ့မိဘ‌တွေကျတော့ ကြယ်တာရာမြို့မှာ မနေချင်ဘူးလေ၊ သူတို့ရဲ့မွေးရပ်မြေမှာပဲ နေချင်တယ်တဲ့၊ ဒါကြောင့် ငါ့မိန်းမက သူတို့ကို စောင့်ရှောက်ဖို့အတွက် အဲမှာပဲ နေတယ်၊ ရံဖန်ရံခါမှ သူ ဒီကို ပြန်လာတာပေါ့"

"ဒါဆိုရင် မင်းရဲ့ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး လမ်းညွှန်ပေးရင်း ဒီနေရာမှာ ငါ တစ်ခုခုကို သန့်စင်အုံးမယ်"ထန်ရှုက ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ဆရာ့အတွက် အခန်းစီစဉ်ပေးဖို့ ငါ့လူတွေကို အခုပဲ ခိုင်းလိုက်မယ်"ချန်းကျီကျုံးက ချက်ချင်းပြော၏။

"မလိုဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"မင်းရဲ့လူတွေကို ကားဂိုဒေါင်ကို ရှင်းထားပေးဖို့ပဲ ပြောလိုက်ပါ။ ပြီးတော့ သန့်စင်ခြင်းလုပ်ငန်းစဉ်အတွက် ရက်အနည်းငယ်လိုတယ်၊ ဒါကြောင့် မင်းရဲ့လူတွေကို ငါ့ကို မနှောင့်ယှက်ဖို့ပြော"

"ငါ သူတို့ကို ချက်ချင်းပြောလိုက်ပါ့မယ်။ ပြီး‌တော့ တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို အသိပေးပါ၊ ဆရာသခင်"ချန်းကျီကျုံးက ပြော၏။

"ကောင်းပါပြီ"ထန်ရှုက ခေါင်းညိတ်လိုက်သည်။

နောက်ရက်အနည်းငယ်အတွင်း နေ့ခင်းတွင် ထန်ရှုက သူ့အမေနှင့် အချိန်ပေးပြီး ရံဖန်ရံခါတွင်မူ ကုမ္ပဏီသို့ သွားလည်၏၊ ညဘက်တွင် ချန်းကျီကျုံးအိမ်သို့ လျှို့ဝှက်လာခဲ့သည်။

ထန်ရှုသန့်စင်ချင်သည့်ပစ္စည်းများက အထောက်အထားတိုကင်များဖြစ်သည်။ သန့်စင်ထားသည့်တိုကင်တိုင်းတွင် ကာကွယ်ရေးအဆောင်များနှင့်ဆင်တူသည့်ကာကွယ်ရေးလုပ်ဆောင်ချက်တစ်ခု ရှိ၏။ သို့သော် ဤတိုကင်အား ပိုင်ရှင်အန္တရာယ်ဖြစ်ချိန်တွင်သာ အသက်သွင်းရမည်ဖြစ်ပြီး တစ်ခါသုံးပြီးနောက် ၎င်း၏ကာကွယ်ရေးသက်ရောက်မှုအား ဆုံးရှုံးသွားရပေလိမ့်မည်။

ရက်အနည်းငယ်အတွင်း ထန်ရှုက တိုကင်တစ်သောင်း သန့်စင်ခဲ့ပြီး ထန်ဂိုဏ်းတိုကင်အဖြစ် အမည်ပေးခဲ့သည်။

တစ်ချိန်တည်းတွင် သူက နဂါးကိုးကောင်ကျွန်း၏အနေအထားအား အာရုံစိုက်သည်။ အမှတ်ကိုးစွန့်ပစ်ကျွန်းအနီးတစ်ဝိုက်ရှိရေပိုင်နက်တွင် ထွက်ပေါ်လာသော သင်္ဘောများက အရေအတွက်တိုးလာသည်။ အဖွဲ့အချို့က ရန်လိုကြပြီး ပွတ်တိုက်မှုအချို့ ရှိခဲ့သည်။ သို့သော် တိုက်ခိုက်မှုအတိုင်းအတာက သေးငယ်ပေ၏။

ရက်အနည်းငယ်ကြာပြီးနောက် ထန်ရှုက သူ့အမေအား နှုတ်ဆက်ကာ ချန်းကျီကျုံးနှင့်အတူ ချန်ပုတောင်တန်းသို့ ထွက်ခွာလာခဲ့သည်။

ချန်ပုတောင်တန်းက ဧရိယာစုစုပေါင်း၁၉၆၄စတုရန်းကီလိုမီတာရှိသည်။ ချန်ပုတောင်တန်း၏အမြင့်ဆုံးတောင်ဖြစ်သည့်ကျန်းကျွင်းတောင်က မြောက်ကိုးရီယားနယ်နိမိတ်အတွင်း တည်ရှိကာ ပင်လယ်ပြင်ထက်အမြင့်၂၇၄၉မီတာရှိသည်။ လက်ရှိတွင် ထန်ရှုဦးတည်နေသည့် တရုတ်ပြည်တွင် အမြင့်ဆုံးတောင်က အရှေ့မြောက်‌တောင်ဖြစ်ပြီး ပင်လယ်ပြင်ထက်အမြင့်၂၆၉၁မီတာရှိသည်။

ဤနေရာသို့ မလာခင် စာအုပ်ထဲတွင်မှတ်တမ်းတင်ထားသည့်အချက်အလက်များက မှန်ကန်သည်ဟု ထန်ရှုက ယုံကြည်ခဲ့သည်။ သို့သော် ကိုယ်တိုင်ရောက်လာပြီးနောက် ချန်ပုတောင်တန်းက ပို၍ ရှုပ်ထွေးကာ အလွန်မတ်စောက်သည်ကို သတိပြုမိလိုက်၏။ ဧရိယာတော်တော်များများတွင် သဘာဝအလျောက်ဖြစ်ပေါ်နေသောအစီအရင်များ ရှိကြသည်။

"ဒီနေရာက စိတ်ဝင်စားစရာပဲ"

ပင်မတောင်ထွတ်၏အလယ်တစ်ဝက်သို့ ရောက်လာချိန်တွင် အပြုံးတစ်ခုက ထန်ရှုမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူ့အရှေ့ရှိအစီအရင်အား လေ့လာလိုက်ပြီး လူအချို့၏ပါဝင်ပတ်သက်မှုမရှိဘဲ ဤကဲ့သို့ကြီးမားသောအစီအရင်တစ်ခုက သဘာဝအလျောက် မဖြစ်ပေါ်နိုင်ဟု သူက တွေးလိုက်သည်။

"ဒီနေရာမှာ ပြဿနာတစ်ခုခုရှိလို့လား၊ ဆရာသခင်"

ရက်အနည်းငယ်အတွင်း ထန်ရှု၏ညွှန်ကြားချက်များကြောင့် ချန်းကျီကျုံး၏ကျင့်ကြံခြင်းက တိုးတက်မှုကြီးကြီးမားမားရှိလာသည်။ သူ၏ကျင့်ကြံခြင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းစဦးအဆင့်တွင်သာ ရှိသေးသော်လည်း အလယ်ဆင့်သို့ ချိုးဖြတ်မည့် လက္ခဏာများ ရှိလာ၏။ သူ့ဆရာသခင်၏မျက်နှာပေါ်ရှိအပြုံးကို မြင်သောအခါ သူက ချက်ချင်း မေးလိုက်သည်။

"တောင်တွေမှာ ဝင်္ကပါတွေ အများအပြားရှိတယ်၊ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့အဲဒီလိုအစီအရင်တွေက အရမ်းစွမ်းအားကောင်းတယ်၊ ဒါပေမယ့် ဆန်းကြယ်မှုတို့တော့ နည်းပါးတယ်။ ငါတို့အရှေ့မှာရှိတဲ့အစိီအရင်ကတော့ အဲလိုမဟုတ်ဘူး။ သာမန်လူတွေက အစီအရင်ထဲကို ဝင်နိုင်လိမ့်မှာ မဟုတ်ဘူး။ ဒီချန်ပုတောင်တန်းက မျက်စိနဲ့မြင်ရတာထက် ပိုတာပဲ"

ထန်ရှု၏ရှင်းပြချက်မှ တစ်လုံးတစ်လေကိုပင် ချန်းကျီကျုံးက မဆုပ်ကိုင်နိုင်ပေ။

"ဒါဆို ငါတို့ ဘာဆက်လုပ်မှာလဲ၊ ဆရာသခင်"

"ငါတို့ ဒီနေရာကို ဖြတ်ကျော်ပြီး လိုဏ်ဂူဆီကိုပဲ တည့်တည့်မတ်မတ်သွားမယ်"ထန်ရှုက ပြော၏။"သွေးစိတ်ဝိညာဉ်ကျောက်တုံးက တန်ဖိုးရှိတဲ့သတ္တုတစ်ခုဖြစ်ပြီး အဲနေရာမှာ အများကြီး ရှိတယ်။ လိုဏ်ဂူထဲမှာဆိုရင် ပိုကောင်းတဲ့အရာတွေ ရှာဖွေနိုင်ဖို့ များတယ်။ ဒါပေမယ့် မင်းက အားနည်းလွန်းတယ်၊ ဒါကြောင့် ဘေးကင်းဖို့အတွက် မင်းကိုယ်မင်း ဂရုစိုက်ရမယ်"

"‌ဟုတ်ကဲ့ပါ၊ ဆရာသခင်"ချန်ကျီကျုံးက ပြောသည်။"ကျွန်တော်တို့ ဒီတောင်ကို ဖြတ်ပြီးရင် လိုဏ်ဂူရှိတဲ့နှင်းတောင်ထွတ်တစ်ခုကို တွေ့လိမ့်မယ်။ အဲနေရာကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ လူအချို့ ခေါ်လာခဲ့တယ်၊ နှင်းတောင်ထွတ်မှာရှိတဲ့တောင်လမ်းကြောင်းတွေက နှင်းတွေနဲ့ ဖုံးလွှမ်းနေတယ်၊ ဒါကြောင့် ဖြတ်ကျော်သွားလာဖို့ ခက်ခဲတယ်"

ထန်ရှုက ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။ သူက ချန်းကျီကျုံး၏ပခုံးအား ကိုင်ပြီး လေထဲသို့ ပျံသန်း၏။ တစ်မိနစ်ဝက်အတွင်း သူတို့က တောင်အား ဖြတ်ကျော်လာခဲ့သည်။ ထန်၂၈လည်း သူ့အဖွဲ့ဝင်များအား ဦးဆောင်လျက် နောက်မှ အလွန်လျင်မြန်စွာ လိုက်ပါလာ၏။

"ဘယ်‌နေရာမှာလဲ"

လေထဲတွင် ရပ်နေရင်း ထန်ရှုက မေးလိုက်သည်။

ပတ်ဝန်းကျင်အား ခဏလေ့လာပြီးနောက် ချန်းကျီကျုံးက အဝေးရှိ နှင်းဖုံးတောင်ထွတ်များအား လက်ညှိုးထိုးကာ ပြောလိုက်သည်"အဲ‌နေရာမှာ တောင်ကြားကို မြင်လား၊ ဆရာသခင်။ လိုဏ်ဂူက တောင်ကြားအလယ်မှာ ရှိတယ်။ ဆရာသခင်ရဲ့မြန်နှုန်းနဲ့ဆိုရင် လိုဏ်ဂူဝင်ပေါက်ကို ရောက်ဖို့ တစ်မိနစ်လောက်ပဲ ကြာမယ်"

ချန်ကျီကျုံးညွှန်ပြသည့် ဦးတည်ဘက်ဆီ ပျံသန်းပြီးနောက် ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်လိုက်သည်၊ လိုဏ်ဂူဝင်ပေါက်အား လျင်မြန်စွာ တွေ့သွား၏။

နောက်ထပ်အစီအရင်တစ်ခုလား။

မြေပြင်ပေါ်သို့ ဆင်းသက်ချိန်တွင် ထန်ရှု၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး သူက ဧရိယာအား စိတ်ဝိညာဉ်အာရုံနှင့် လွှမ်းခြုံလိုက်သည်။ လက်မအရွယ်အစားသွေးစိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးအား အလွယ်တကူ ဆွဲယူလိုက်သည်။ သူက အစီအရင်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း ဤနေရာရှိ အစီအရင်အား ချက်ချင်းမလေ့လာသေးဘဲ အနီးနားဧရိယာမှာ စေ့စေ့စပ်စပ်စစ်ဆေးလိုက်သည်။

သွေးစိတ်ဝိညာဉ်ကျောက်တုံးက အလွန်တန်ဖိုးရှိသောသတ္တုတစ်ခု ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်၏စိတ်ဝိညာဉ်ထည့်စရာတစ်ခုအဖြစ် အသုံးပြုနိုင်သည်။ ထို့ပြင် ၎င်းအထဲတွင်ပါဝင်သည့်သွေးအဆီအနှစ်က ဆေးလုံးများဖော်စပ်ရန်အတွက် ထိပ်တန်းပါဝင်ပစ္စည်းတစ်ခု ဖြစ်၏။

တအောင့်လောက်ကြာပြီးနောက် ထန်ရှုက အနည်းငယ်မကျေမနပ်ဖြစ်စွာနှင့် လိုဏ်ဂူသို့ ပြန်ရောက်လာသည်။ အနီးနားဧရိယာတွင် သွေးစိတ်ဝိညာဉ်ကျောက်တုံးမှ လွဲ၍ ဘာတစ်ခုမှ သူ မတွေ့ခဲ့။

"ဒါဆိုလဲ ငါ အစီအရင်ကို လေ့လာလိုက်မယ်"

ထို့နောက် ထန်ရှုက လိုဏ်ဂူအပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်လျက် အစီအရင်အား အဓိပ္ပါယ်ဖော်၏။ အချိန်ခဏကြာ အကဲဖြတ်ပြီးနောက် အစီအရင်၏သဘောတရားအား ဖော်ထုတ်ခဲ့ပြီး ချိုးဖြတ်နိုင်မည်ဟု သူက ယုံကြည်ချက်ရှိသည်။

***

All Chapters