← Chapters

အကျဉ်းချခံထားရသူများ

Vol. 74 Ch. 1026

အကျဉ်းချခံထားရသူများ

Vol. 74 Ch. 1026

ချန်းကျီကျုံးကဲ့သို့ သတ္တိရှိသူတစ်ယောက်ပင် အထိတ်တလန့် ဖြစ်သွားသည်။ သူ့ရှေ့ရှိ မြင်ကွင်းက သူ စိတ်ကူးနိုင်သည်ထက် ကျော်လွန်၏။ သူက နောက်သို့ ချက်ချင်း လှည့်ပြေးသည်။ နောက်ထပ်ကျောက်တုံးမြင့်တစ်ခုသို့ ရောက်သောအခါမှ သူက ရပ်လိုက်သည်။

ခေါင်းပြတ်လူသားများ၊ လက်ပြတ်လူသားများ၊ ခြေပြတ်လူသားများ....

အချို့က ရင်ဘက်တွင် ဆယ်မီတာကျော်ကျယ်သည့်အပေါက်များ ရှိကြသည်။

ဤလူသားများက အလောင်းများသာ ဆိုလျှင် ချန်းကျီကျုံးက ကြောက်ရွံ့မည်မဟုတ်ပေ၊ သို့သော် ထိုလူများက လုံးဝမသေသေးသည်ကို မြင်ပြီး သူက ထိတ်လန့်သွားသည်။ သူတို့အားလုံးက အသက်ရှင်နေသေး၏။

ဟုတ်သည်၊ သူတို့အားလုံး အသက်ရှင်နေသည်။

ဘယ်လိုသက်ရှိမျိုးက ခေါင်းမရှိဘဲ အသက်ရှင်နိုင်သလဲဆိုသည်ကို သူ့အနေနှင့် စိတ်ကူးရန် ခက်ခဲသည်။

"ဟီးဟီး....ဒါ ရယ်စရာကောင်းတယ်၊ စိတ်ဝင်စားစရာလဲ ကောင်းတယ်။ သက်ရှိသတ္တဝါအချို့က ဒီနေရာမှာ ထွက်ပေါ်လာတာပဲ။ နှစ်ဘယ်လောက်တောင် ရှိနေပြီလဲ။ တစ်ထောင်လား။ ဒါမှမဟုတ် တစ်သောင်းလား။ ‌နောက်ဆုံး‌တော့ တခြားသက်ရှိတွေကို မြင်ရပြီ....ဒါ လူသားတစ်ယောက်ပဲ။ ဟီးဟီးဟီး...."ခန္ဓာကိုယ်အစိတ်အပိုင်းမစုံမလင်သောလူရာ‌ကျော်ထဲတွင် လက်မောင်းပြတ်ကာ ရင်ဘက်ပေါ်တွင် ဒဏ်ရာတစ်ခုနှင့် လူတစ်ယောက်ရှိ၏။ သူက ခေါင်းမော့သည်၊ သူ့မျက်လုံးများက ချန်ကျီကျုံးပုန်းနေသော‌‌နေရာသို့ အကြည့်ရောက်သွား၏။

"ဒီနေရာမှာ အသက်ရှိလူသားတစ်ယောက် ထွက်ပေါ်လာတာ အရမ်းစိတ်ဝင်စားစရာပဲ။ သူလဲ ပစ္စန္ဓရာဇ်‌‌နေရာကို နှင်ထုတ်ခံလိုက်ရတဲ့သူလား။ ဘာလို့ သူက ပြစ်ဒဏ်တစ်ခုတောင် မရှိရတာလဲ။ သူက အရာရှိတစ်ယောက်ကို လာဘ်ထိုးခဲ့တာများလား။ သူ့ရဲ့နောက်ခံကြောင့်များလား"

"သူ့ရဲ့နောက်ခံ၊ သူ့ရဲ့ဇာစ်မြစ် ဘာပဲဖြစ်ဖြစ်၊ အကောင်းပတိနဲ့ ဒီနေရာကို ရောက်လာတယ်ဆို‌တော့ သူက မိတ်ဆွေမဟုတ်ဘူး၊ ရန်သူပဲ။ သူ့ကို ရန်သူတစ်ယောက်အဖြစ် သတ်မှတ်ပြီး သတ်ကြ...."

"ဟီးဟီး....သူနဲ့ အရင်ကစားပြီး သူ့ခွန်အားကို စမ်းသပ်ကြည့်ကြတာပေါ့၊ ငါ့ကောင်တို့။ ပြီးမှ သူ့ကို သတ်လို့လဲ နောက်မကျပါဘူး"

"ဘယ်သူအရင်လာမလဲ"

"ငါ့အလှည့်...."

"ငါ"

"..."

အံ့အားသင့်စွာနှင့် ချန်းကျီကျုံးက ဤလူများအား ကြည့်လိုက်သည်...မဟုတ်ဘူး...သူတို့က မွန်းစတား‌တွေပဲ။ နောက်ထပ်အခွင့်အရေးတစ်ခုပေးလျှင် သူက ဤနေရာသို့ ဘယ်တော့မှ လာချင်မည်မဟုတ်တော့။

သူပုန်းနေသောနေရာအား ရှာတွေ့ပြီဖြစ်သောကြောင့် ချန်းကျီကျုံးက ထပ်ပုန်းမနေတော့ပေ။ သူက ကျောက်တုံးဘေးသို့ ရွေ့ကာ အော်လိုက်သည်"မင်းတို့က ဘယ်သူတွေလဲ"

သက်လတ်ပိုင်းအရွယ်ခြေပြတ်ယောက်ျားတစ်ယောက်၊ မုတ်ဆိတ်ရှိသည်၊ အလွန်ရန်လိုပုံပေါ်၏။ တစ္ဆေသရဲပမာ လွင့်မျောလျက် သူက ချန်းကျီကျုံးမှ ဆယ်မီတာအကွာတွင် ရပ်ကာ ရယ်မောလိုက်သည်"ဟားဟားဟား၊ ငါတို့ ဘယ်သူလဲဆိုတာ မင်း တကယ် မသိတာလား။ မင်းလိုငချွတ်တစ်‌‌ယောက်ကို ဒီ‌‌ နေရာမှာ အကျဉ်းချတယ်ဆိုတော့ ဘယ်အချိန်ကတည်းက ရှေးမူလနန်းတော်က ဒီလောက် စိတ်ဝင်စားဖို့ ကောင်း‌‌သွားရတာလဲ"

"မြင့်မြတ်ရှေးမူလနန်းတော်က ဘာလဲ"ချန်းကျီကျုံးက မျက်မှောင်ကြုတ်ကာ ပြောသည်"မင်း ဘာဆိုလိုလဲ ငါ မသိဘူး။ ငါ့ကို ဘယ်သူမှ မခေါ်လာဘူး။ ငါ့ဆရာနဲ့ ဒီ‌နေရာကို လာခဲ့တာ"

"မင်းရဲ့ဆရာလား"ခြေပြတ်လူက မျက်တောင်ခတ်ကာ ရုတ်တရက် ရယ်လိုက်သည်"ဟားဟားဟား၊ မင်းက နှင်ထုတ်ခဲ့ရတာ မဟုတ်ဘဲ မင်းဆရာနောက်ကို လိုက်လာရင်း ဒီအကျဉ်းထောင်ကို ရောက်လာတာပေါ့လား။ အဓိပ္ပါယ်မရှိတာတွေ။ ဒီအကျဉ်းထောင်ထဲကို စိတ်ကြိုက် ဝင်ချင်ထွက်ချင်လုပ်လို့ရတဲ့သူတစ်ယောက်ယောက် ရှိတာလား။ ငါကပဲ မှားနေတာလား ဒါမှမဟုတ် မင်းကပဲ ငါ့ကို ပေါက်ပန်းလေးဆယ် ပြောနေတာလား"

နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ထားလျက် ချန်းကျီကျုံးက မေးလိုက်သည်"ခင်ဗျားတို့က တကယ်ပဲ ဘယ်သူတွေလဲ"

ခြေပြတ်ယောက်ျား၏မျက်နှာက ပြောင်းလဲသွားသည်၊ သူ့အရှိန်အဝါက လေမုန်တိုင်းတစ်ခုပမာ ရှေ့သို့ ချက်ချင်း ပေါက်ကွဲထွက်လာ၏၊ ချန်းကျီကျုံးအား ချက်ချင်း ဖိနှိပ်သည်။ သို့သော် သူ့အရှိန်အဝါက အရှေ့ငါးမီတာကျော်အကွာထိ ရောက်လာချိန်တွင် ၎င်းအား ဒိုင်းကာတစ်ခုက တားဆီးလိုက်သည်၊ အနက်ရောင်ချိန်းကြိုးနှစ်ခုက လေထဲမှ ထွက်လာကာ သူ့လည်ပင်းနှင့်ခါးအား ရစ်ပတ်သွား၏။

"ချီးပဲဟေ့...."

ခြေပြတ်ယောက်ျားက ဒေါသထွက်သွားသည်၊ အကြိမ်အနည်းငယ်အော်ဟစ်ဆဲဆိုပြီးနောက် သူ့အရှ်ိန်အဝါအား ပြန်ရုတ်သိမ်းလိုက်သည်။ သို့သော် သူ့မျက်လုံးများက ချန်းကျီကျုံးအား စူးစိုက်ကြည့်ရင်း နက်ရှိုင်းသောအသံနှင့် ပြော၏"ငါတို့အားလုံးက သူယောင်မိစ္ဆာကလန်ရဲ့မြင့်မြတ်တဲ့စစ်သည်တော်တွေပဲ။ အဲဒီမြင့်မြတ်ရှေးမူလနန်းတော်ရဲ့စက်ဆုပ်စရာကောင်းတဲ့ဓားပြတွေက ငါတို့ကလန်ကို သုံးပြီး သူတို့ရဲ့ပိုင်နက်ကို ချဲ့ထွင်ခဲ့တယ်။ ငါတို့က ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးရဲ့ဓားစာခံဖြစ်ခဲ့သလို ဒင်းတို့ရဲ့သစ္စာဖောက်တာကိုလဲ ခံခဲ့ရတယ်။ ဒင်းတို့က ငါတို့ရဲ့ဘုရင်ကို သတ်တယ်၊ ငါတို့ကလန်သားတွေကို ရက်ရက်စက်စက်သတ်ပစ်တယ်၊ ငါတို့ကလန်ရဲ့သစ္စာရှိတဲ့တပည့်တွေကို အကျဉ်းချပစ်တယ်။ မင်းတို့ကောင်တွေအားလုံးက စက်ဆုပ်စရာကောင်းတဲ့အယုတ်တမာတွေပဲ"

သူယောင်မိစ္ဆာကလန်လား။ မြင့်မြတ်ရှေးမူလနန်းတော်လား။

ချန်းကျီကျုံးက အမြီးလဲမသိ၊ ခေါင်းလဲ မသိပေ။ သူက လုံးဝ ခေါင်းရှုပ်နေသည်။ ယခင်က သူက ကျင့်ကြံသူတစ်ယောက်မဟုတ်ခဲ့၊ ကျင့်ကြံခြင်းကမ္ဘာနှင့် ပတ်သက်၍ သူ သိတာ နည်းနည်းပင်။ လက်ရှိတွင် တစ်ခုတော့ သူ သေချာသိ၏။ ‌ဤလူများ၏လှုပ်ရှားမှုအား ကန့်သတ်ထားသည်ကိုပင်။ သူတို့က စွမ်းအင်ဒိုင်းကာမှ မထွက်လာနိုင်ပေ၊ သို့မဟုတ် သူတို့က အနက်ရောင်သံကြိုးများမှ မလွတ်နိုင်ပေ။ ထို့ကြောင့် သူတို့က သူ့အတွက် ခြိမ်းခြောက်မှုမရှိ။

"ဒီနေရာကနေ အမြန် ထွက်သွားရမယ်"

ချန်းကျီကျုံးက ခဏတွေး၏၊ ထို့နောက် ပြန်လှည့်ကာ လာရာလမ်းအတိုင်း ပြန်ပြေးသည်။ မိနစ်နှစ်ဆယ်ကြာပြီးနောက် သူက ထန်ရှုအရှေ့၌ ထွက်ပေါ်လာ၏။

"ဆရာသခင်"

ထန်ရှုက မျက်လုံးဖွင့်ကာ အံ့အားသင့်စွာ မေးလိုက်သည်"မင်း လိုက်ပတ်ရှာနေတာမလား။ ဘာလို့ ပြန်လာရတာလဲ"

ချန်းကျီကျုံးက တံတွေးမျိုချကာ ကမန်းကတန်းပြော၏"ဒီကနေ ဆယ်ကီလိုမီတာအကွာမှာရှိတဲ့တောင်ကြားထဲမှာ မွန်းစတားအချို့ တွေ့ခဲ့တယ်၊ ဆရာသခင်။ သူတို့က သူယောင်မိစ္ဆာကလန်ကလို့ ပြောကြတယ်၊ မြင့်မြတ်ရှေးမူလနန်းတော်နဲ့ ပတ်သက်ပြီးတော့ ငါ အများကြီး မသိဘူး။ ဒါကြောင့် ဒီကို အမြန်ပြန်လာတာ။ အာ၊ ဟုတ်တယ်။ ဒီမွန်းစတားတွေအားလုံးကို ဒီနေရာမှာ အကျဉ်းချထားတာ"

သူ‌ယောင်မိစ္ဆာကလန်နှင့် မြင့်မြတ်ရှေးမူလနန်းတော်လား။

မယုံကြည်နိုင်မှုတို့က ထန်ရှုမျက်နှာပေါ်တွင် သိသိသာသာ ပေါ်လာ၏။ သူက ဒီနာမည်နှစ်ခုအား ကြားဖူးသည်၊ ကမ္ဘာမြေပေါ်တွင် မဟုတ်ဘဲ အင်မော်တယ်ကမ္ဘာတွင်သာ ဖြစ်၏။

သူယောင်မိစ္ဆာကလန်နှင့်မြင့်မြတ်ရှေးမူလနန်းတော်တို့၏တည်ရှိမှုအား အင််မော်တယ်ကမ္ဘာတွင် မှတ်တမ်းတင်ထားသည်။ သို့သော် ရှေးဟောင်းမှတ်တမ်းများအရ သူတို့က လွန်ခဲ့သောနှစ်တစ်သိန်းကျော်ပတ်လည်မှ ဖြစ်၏။

"အဲနေရာဆီ ငါ့ကို‌ ခေါ်သွား"ထန်ရှုက နက်ရှိုင်းသောအသံဖြင့် ပြောပြီးနောက် ချက်ချင်း ထရပ်လိုက်သည်။

များမကြာမီ ထန်ရှုက တောင်ကြားသို့ ရောက်ရှိလာသည်။ မွန်းစတားရာကျော်အား မြင်သောအခါ သူက အတော်လေး ထိတ်လန့်သွားသည်။ ကမ္ဘာမြေပေါ်တွင် သူယောင်မိစ္ဆာကလန်ရှိလိမ့်မည်ဟု သူ့အိမ်မက်ထဲတွင်ပင် ထည့်မမမက်ဖူးပေ။ အင်မော်တယ်ကမ္ဘာတွင် လွန်ခဲ့သောနှစ်တစ်သိန်း‌ကျော်က ဤကလန်အား မြင့်မြတ်ရှေးမူလကလန်က သုတ်သင်ဖယ်ရှားခဲ့သည်ဟု မှတ်တမ်းတင်ထားကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် လူမျိုးတုံးသတ်ဖြတ်ခြင်းတစ်ခုပင်။ ဤဖြစ်ရပ်က ‌မြင့်မြတ်ရှေးမူလနန်းတော်အား အပြောင်းအလဲများ ဖြစ်စေခဲ့ပြီး သူ့ရန်သူများ၏ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။

"နောက်ထပ်လူသားတစ်ယောက်လား"

ခေါင်းမဲ့လူသားက စွမ်းအင်ဒိုင်းကာအနောက်တွင် ပေါ်ထွက်လာ၏၊ သူ့အသံက လေထဲမှ ပျံ့ထွက်လာ၏။ သူက ထန်ရှုအား လက်ညှိုးထိုးကာ ထပ်ပြောသည်"မင်းက ဒီအင်းဆက်ရဲ့ဆရာလား။ မင်းက ဒီနေရာကို ကိုယ်တိုင်လာတာလား။ မြင့်မြတ်ရှေးမူလနန်းတော်က ကောင်စုတ်တွေက မင်းတို့ကို အကျဉ်းချထားတာ မဟုတ်ဘူးလား"

ထန်ရှုက သူ့မျက်စိရှေ့ရှိလူများအား လေ့လာလိုက်သည်၊ နောက်ဆုံးတွင် သူ့မျက်လုံးများက ခေါင်းမဲ့လူထံ ကျရောက်သွား၏။ ထို့နောက် သူက သာမန်မျှသောမျက်နှာဖြင့် ပြော၏"ခင်ဗျားတို့က သူယောင်မိစ္ဆာကလန်ကလို့ ကျုပ်တပည့်က ပြောတယ်။ အဲဒါ ဟုတ်လား"

"ဟုတ်တယ်"‌ခေါင်းမဲ့လူ၏အသံက ပိုကျယ်လာပြီး သတ်ဖြတ်ခြင်းဆန္ဒအား သူ့အသံမှ အာရုံခံနိုင်၏။

ခြေပြတ်လူက ထန်ရှုအား စိုက်ကြည့်ကာ မေးသည်"မင်း ဘယ်သူလဲ။ မင်း ဘယ်လိုလုပ်ပြီး ဒီအကျဉ်းထောင်ထဲ ဝင်လာတာလဲ"

"ခင်ဗျားရဲ့နာမည်ကို သိခွင့်ရှိမလား"ထန်ရှုက မေး၏။

"ဒီအရှင်က သူယောင်မိစ္ဆာကလန်၊ ငဟစ်ငှက်ကွန်မန်ဒိုတပ်ဖွဲ့ရဲ့ဗိုလ်ချုပ်ပဲ၊ ငါ့ရန်သူတွေကတော့ ငါ့ကို ဖိနပ်မဲ့မိစ္ဆာလို့ သိကြတယ်"ခြေပြတ်လူက ပြန်ဖြေ၏"မင်း ငါတို့ရဲ့မေးခွန်းကို မဖြေရသေးဘူးနော်၊ ကောင်လေး"

"သူယောင်မိစ္ဆာကလန်ရဲ့ဖိနပ်မဲ့မိစ္ဆာလား"ထန်ရှုက မယုံကြည်နိုင်စွာ အံ့အားတကြီး ပြော၏"ခင်ဗျားက အင်မော်တယ်တိုင်းပြည်၃၆ခုကို ဖျက်ဆီးပြီး ရန်သူသန်းတစ်ရာကို သတ်ဖြတ်ခဲ့တဲ့ သူယောင်မိစ္ဆာကလန်ရဲ့ဘုရင်လက်အောက်မှာရှိတဲ့ဗိုလ်ချုပ်ဆယ့်ရှစ်ယောက်ထဲကတစ်ယောက်လား"

"မင်း ဒါကို သိတာလား။ မင်းက ဘယ်သူလဲ"ခြေပြတ်လူက အံ့အားသင့်စွာ ‌မေး၏။

ထန်ရှုက လက်သီးဆုပ်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်"ကျုပ်နာမည်က ထန်ရှု၊ ဟင်္သာငှက်ဂိုဏ်းရဲ့ဂျူနီယာတစ်ယောက်ပဲ။ ကျုပ်တို့ရဲ့ဟင်္သာငှက်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ တည်ရှိလာတာ နှစ်တစ်သန်းရှိပြီ၊ ဒါကြောင့် ခင်ဗျား ကြားဖူးချင်ကြားဖူးမှာပါ"

သူယောင်မိစ္ဆာကလန်သားရာကျော်၏မျက်နှာများက အပြင်းအထန် ပြောင်းလဲသွားသည်။ သူတို့၏အင်မော်တယ်တိုင်းပြည်က ဟင်္သာငှက်ဂိုဏ်းပိုင်နက်မှ အဝေးတွင် တည်ရှိလျှင်တောင်မှ ဟင်္သာငှက်ဂိုဏ်း၏ကြောက်စရာကောင်းသောဂုဏ်သတင်းကြောင့် ဤဂိုဏ်းနာမည်က သူတို့အတွက် မစိမ်းပေ။

"ထန်ရှုလား။ မင်းမှာ ထူးခြားတဲ့အရှ်ိန်အဝါတစ်ခုရှိတယ်၊ မင်းရဲ့စိတ်ဝိညာဉ်ကလဲ အရမ်းထူးဆန်းတယ်။ မင်း သေသွားပြီး မင်းရဲ့စိတ်ဝိညာဉ်က တစ်ယောက်ယောက်ကို သိမ်းပိုက်ခဲ့တာလား"ထန်ရှုအား လေ့လာပြီးနောက် ခြေပြတ်လူက မေးလိုက်သည်။

ထန်ရှုက မျက်လုံးမြှင့်လျက် ပြော၏"ဟုတ်တယ်"

"ဒါဆို မင်း ဒီနေရာကို ဘယ်လိုလာတာလဲ။ ဒါက ငါတို့ကို အကျဉ်းချဖို့ မြင့်မြတ်ရှေးမူလနန်းတော်ဖန်တီးထားတဲ့အကျဉ်းထောင်ကမ္ဘာပဲ"ဖိနပ်မဲ့မိစ္ဆာက မေး၏"မြင့်မြတ်ရှေးမူလနန်းတော်ရဲ့လူတွေက လွဲပြီး ဒီနေရာကို တစ်ယောက်မှ ဝင်လို့မရဘူး"

"ဒီကမ္ဘာက အင်မော်တယ်ကမ္ဘာတစ်ခုမဟုတ်ဘူး၊ အခြားကမ္ဘာတစ်ခုပဲ"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ဒီအကျဉ်းထောင်က ကမ္ဘာမြေနဲ့ ဘယ်လိုချိတ်ဆက်နေလဲ ကျုပ် မသိပေမယ့် ခင်ဗျားပြောတဲ့မြင့်မြတ်ရှေးမူလနန်းတော်က လွန်ခဲ့တဲ့နှစ်တစ်သိန်းကျော်က ပျက်ဆီးသွားခဲ့တာ ကြာပြီ။ ဒီဂိုဏ်းရဲ့ကျန်ရှိနေတဲ့တပည့်တွေအားလုံးကို ရှေးသွေးမိစ္ဆာက သတ်ဖြတ်ခဲ့တယ်"

"သက်ကြားအိုသွေးမိစ္ဆာလား"

"ဟားဟားဟား၊ ဒါဆို သွေးမိစ္ဆာလက်ချက်ပေါ့"

"ဒါ ဝဋ်လည်တာပဲ၊ ဒါတွေအားလုံးက ကံကြမ္မာရဲ့အပြစ်ပေးတာပဲ။ ငါတို့သူယောင်မိစ္ဆာကလန်မရှိဘဲနဲ့ မြင့်မြတ်ရှေးမူလနန်းတော်က သူတို့ရန်သူတွေရဲ့လက်စားချေတာကို ဘယ်လိုလုပ် အံတုနိုင်မှာလဲ။ ရှေးသွေးမိစ္ဆာ၊ ဟားဟားဟား....အတိတ်မှာ ဒီအရှင်က သူနဲ့ လက်တွဲပြီး ကလန်နဲ့မျိုးနွယ်သောင်းချီကို သတ်ဖြတ်ခဲ့တယ်။ သူက မိစ္ဆာအင်မော်တယ်ပင်လယ်က‌နေ ပြန်ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး"

"ဒါဆို သူတို့တွေ သေသွားကြပြီပေါ့။ ဒီအရှင်က ဒီ‌နေရာက‌နေ ထွက်သွားလို့ မရတာ ဝမ်းနည်းစရာပဲ၊ မဟုတ်ရင် သူတို့ကို ငါကိုယ်တိုင် ခေါင်းဖြတ်နိုင်မှာ သူတို့ရဲ့နှလုံးကို ဆုတ်ဖြဲပြီး သူတို့ရဲ့စိတ်ဝိညာဉ်ကို ငါ့လက်နဲ့ ကြေမွအောင် လုပ်နိုင်မှာ"

"..."

သူယောင်မိစ္ဆာကလန်သားတစ်ရာက ပီတီဖြာသွားကြသည်။ သို့သော် ရုတ်တရက် သူတို့အားလုံးက နှုတ်ဆိတ်သွားကြ၏၊ သူတို့က မျက်လုံးများ မှိတ်ကာ မြေပြင်ပေါ် လှဲချသည်၊ အောက်မေ့သတိရအထိမ်းအမှတ်လုပ်နေသည့်အလား ထူးဆန်းသောဂီတသင်္ကေတများက သူတို့ထံမှ ထွက်ပေါ်လာသည်။

သူတို့အားလုံး ထရပ်ပြီးသည်အထိ ထန်ရှုက တည်ငြိမ်စွာ လေ့လာနေခဲ့သည်။ ထို့နောက် သူက မေးလိုက်၏"ခင်ဗျားတို့နဲ့မြင့်မြတ်ရှေးမူလနန်း‌တော်ကြားမှာ ဘာဖြစ်ခဲ့သလဲဆိုတာတော့ ကျုပ် မသိဘူး။ ကျုပ် တစ်ခုတော့ သိချင်တယ်။ ခင်ဗျားတို့ရဲ့ရန်သူတွေ ဖျက်ဆီးခံလိုက်ရပြီဆိုတာ အခု သိသွားပြီဆိုတော့ အနာဂတ်အတွက် ခင်ဗျားတို့မှာ အစီအစဉ်တစ်ခုများ ရှိသလား"

"အစီအစဉ်လား"

သူ‌ယောင်မိစ္ဆာကလန်သားတစ်ရာက တွေဝေသွားကြသည်။ သူတို့အား အသက်ရှင်နေရန် တွန်းအားပေးသည့်အရာက မြင့်မြတ်ရှေးမူလနန်းတော်အား ဖျက်ဆီးရန် ဖြစ်၏။ ယခု သူတို့၏ရန်သူအားလုံး မရှိတော့သဖြင့် သူတို့တည်‌ရှိနေရသည့်အကြောင်းပြချက်အား ရုတ်တရက် ဆုံးရှုံးသွားကြသည်။

ရုတ်တရက် ထန်ရှုက ထပ်‌မေး၏"ခင်ဗျားတို့ အဲဒီအကြောင်း မစဉ်းစားရသေးဘူးဆိုရင် ကျုပ်ရဲ့မေးခွန်းကို ပြောင်းလဲပါရစေ။ ခင်ဗျားတို့ကို မြင့်မြတ်ရှေးမူလနန်းတော်က ဒီနေရာမှာ နှစ်တစ်သိန်းကျော် အကျဉ်းချထားခဲ့တယ်။ ဒါပေမယ့် ကမ္ဘာစိတ်ဝိညာဉ်စွမ်းအားမပြောပလောက်ပဲရှိတဲ့ဒီလိုနေရာတစ်ခုမှာ အချိန်အကြာကြီး အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး။ ခင်ဗျားတို့တတွေ အခုထိ ဘယ်လိုလုပ် အသက်ရှင်နေရတာလဲ"

"အဲဒါက သူယောင်မိစ္ဆာတားမြစ်ကျိန်စာဖြစ်တဲ့သေခြင်းရှင်ခြင်းအိမ်မက်ဆိုးကြောင့်ပဲ"

သူယောင်မိစ္ဆာတားမြစ်ကျိန်စာလား။

သေခြင်းရှင်ခြင်းအိမ်မက်ဆိုးလား။

မယုံကြည်နိုင်လောက်သောအကြည့်နှင့် ထန်ရှုက အလျင်စလိုမေး၏"အဲဒီဒဏ္ဍာရီက တကယ်ပဲလား။ ဒီလိုကြောက်စရာကောင်းတဲ့ကျိန်စာက တကယ်ပဲ တည်ရှိတာလား"

***

All Chapters