← Chapters

သေခြင်းကသာ အကောင်းဆုံးသောအဆုံးသတ်ဖြစ်သည်

Vol. 74 Ch. 1028

သေခြင်းကသာ အကောင်းဆုံးသောအဆုံးသတ်ဖြစ်သည်

Vol. 74 Ch. 1028

ကြက်သွေးရောင်သွေးများက သူ‌ယောင်မိစ္ဆာကလန်သားတစ်ရာထံမှ အဆက်မပြတ် စီးကျလာသည်။ ‌ပက်ကြားအက်နေသောမြေများကဲ့သို့ သူတို့ခန္ဓာကိုယ်က စတင်အက်ကွဲလာသည်။ သွေးများက ချပ်ပြားပုံသဏ္ဍာန်အစီအရင်ထဲသို့ ဝင်လာ၏၊ တဖြည်းဖြည်းနှင့် ကောင်းကင်တစ်ခုလုံး သွေးနီရောင်ဆိုးသွားလေသည်။

ဤအရာက တားမြစ်ပညာရပ်ဖြစ်သည်။ သူယောင်မိစ္ဆာကလန်ပိုင်ဆိုင်သည့် ကြောက်စရာအကောင်းဆုံးပညာရပ်အား လက်ရှိအချိန်၌ ထုတ်ဖော်ပြသ‌‌နေသည်။ သွေးတိုင်များက ချပ်ပြားပုံသဏ္ဍာန်အစီအရင်မှ အောက်နိမ့်ဆင်းလာပြီး ချန်းကျီကျုံးအား ဖုံးအုပ်သွား၏။ ထို့နောက် ရှေးဦးအက္ခရာစာလုံးများက သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။

"အား...ဝူး..."

သွေးတိုင်များက သူ့အား ဖုံးအုပ်သွားသည့်အခိုက်တွင် ချန်းကျီကျုံးက နာကျင်မှုကြောင့် စူးရှစွာ အော်လိုက်သည်။ အချိန်ကြာလာသည့်အမျှ သူ့အော်သံများက သားရဲတစ်ကောင်၏ဟိန်းသံများပမာ ပြောင်းလဲလာခဲ့၏။

အစီအရင်အပြင်ဘက်တွင် ရပ်‌နေရင်း ထန်ရှုက ချန်းကျီကျုံး၏နာကျင်ရှုံ့တွနေသောမျက်နှာအား ပြုံး၍ ကြည့်နေသည်။ ထိုကဲ့သို့အမွေဆက်ခံမှုဖြစ်စဥ်က အဆုံးမရှိနာကျင်မှုအား ခံစားရသော်လည်း နာကျင်ပြီးနောက် ရရှိလာမည့်အကျိုးအမြတ်က အလားတူ ကြီးမားပေ၏။

သူက သူယောင်မိစ္ဆာနတ်ဆိုးကလန်၏အမွေအနှစ်အား ကိုင်တိုင် လက်ခံရန် စဉ်းစားခဲ့သေး၏။ သို့သော် သူက လက်ခံရန် ရွေးချယ်ခဲ့လျှင် ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်အား ဆက်ကျင့်ကြံရန် ဘယ်လိုမှ မရနိုင်‌ပေ၊ ဆုံးရှုံးမှုက အကျိုးအမြတ်ထက် ပိုကြီးမားပေလိမ့်မည်။

ထို့နောက် ထန်ရှုက ရပ်နေသောနေရာမှာတင် တင်ပျဉ်ခွေထိုင်ချသည်။ သူက ထိုးထွင်းသိမြင်မှုအား ထုတ်လွှတ်ကာ ကမ္ဘာငယ်အစီအရင်ထဲသို့ စိမ့်ဝင်စေ၏။ လက်ရှိတွင် သူ လုပ်ရမည့်အရာက ဤအစီအဉ်အား နားလည်မှု၌ နစ်မြှုပ်ခြင်းပင်။ ဤမတိုင်ခင်ဆိုလျှင် သူက လုပ်စရာမလိုဘဲ ချန်းကျီကျုံးနှင့်အတူ ပြန်ဆုတ်ခွာနိုင်သည်။

သို့သော် လက်ရှိအနေအထားက ခြားနားသည်။ သူက ဤနေရာရှိ အစိီအရင်အားလုံးအား အပြည့်အဝ နားလည်ရမည်၊ ထို့နောက် သူ့ရှေ့ရှိ အစီအရင်အား ချိုးဖြတ်ကာ ချန်းကျီကျုံးအား ကယ်ထုတ်ရမည်။ သို့မဟုတ်လျှင် သူက ထွက်သွားနိုင်သော်လည်း သူ့တပည့်က ထာဝရပိတ်မိနေပေလိမ့်မည်။

အချိန်က မျက်မိတစ်မှိတ်အတွင်း ခြောက်ရက် ကုန်ဆုံးသွားလေပြီ။

ထန်ရှုက မျက်လုံးဖွင့်လိုက်ချိန်တွင် ချန်းကျီကျုံးအား ဖုံးအုပ်ထားသည့် သွေးတိုင်က ဤကမ္ဘာမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် မရေမတွက်နိုင်လောက်သောရှေးဦးအက္ခရာစာလုံးများက ချန်းကျီကျုံး၏ကိုယ်လုံးတီးခန္ဓာကိုယ်ထဲသို့ ဒီရေလှိုင်းများပမာ တလဟော တိုးဝင်‌‌နေ၏။ ထိုအက္ခရာစာလုံးများက ချန်ကျီကျုံး၏ကြွက်သားများ၊ ကိုယ်တွင်းအင်္ဂါများနှင့်အရိုးများထဲတွင် ထွင်းခက်ပုံဖော်နေသည်ကို ထန်ရှုက မြင်နိုင်ပေသည်။

"ဒါ အောင်မြင်တာလား"

ထန်ရှုမျက်လုံးများက သိသိသာသာ မျှော်လင့်နေလေသည်။ သို့သော် သူ့မျက်လုံးများက လေထဲရှိ ဆယ်မီတာကျော်အမြင့်သို့ ရောက်သောအခါ ဝမ်းနည်းသောအကြည့်တစ်ခုက ဖြစ်တည်သွား၏။ လက်ရှိတွင် သူ‌‌ယောင်မိစ္ဆာကလန်သားတစ်ရာက လေထဲတွင် ချိတ်ဆွဲထားသော အလောင်းခြောက်များနှင့် ဆင်တူသည်၊ သူတို့က နောက်ဆုံးထွက်သက်အား ထိန်းချုပ်ထားလျက် အမွေဆက်ခံမှုပြီးမြောက်ရန် စောင့်ဆိုင်း‌နေသည်။

ထိုအချိန်တွင် ဖိနပ်မဲ့မိစ္ဆာက မျက်လုံးတို့ ဖွင့်လိုက်သည်၊ သေမင်းအရိပ်အား သူ့မျက်လုံးများထဲတွင် မြင်နိုင်၏။ သူက ချန်းကျီကျုံး၏ခန္ဓာကိုယ်အား စစ်ဆေးလိုက်သည်။ သူ့ကလန်က ကမ္ဘာမှ အပြီးတိုင် မပျောက်ကွယ်တော့သည်ကို သူ ကောင်းကောင်း သိ၏၊ ချန်းကျီကျုံးက အမွေဆက်ခံမှု အောင်မြင်ကာ ခန္ဓာကိုယ်က ပြောင်းလဲသွားပြီးလျှင် သူက သူယောင်မိစ္ဆာကလန်၏နောက်ဆုံးမျိုးစေ့ ဖြစ်လာပေမည်။ လက်ရှိတွင် သူ့သွေးမျိုးဆက်ထဲတွင် သူယောင်မိစ္ဆာကလန်သားများ၏သွေးတို့ စီးဆင်းနေပြီး သူ့စိတ်ဝိညာဉ်အတွင်းတွင် သူယောင်မိစ္ဆာကလန်၏အမှတ်အသားများအား ပုံဖော်ထား၏။ သူ မသေသရွေ့ သူယောင်မိစ္ဆာကလန်က အသစ်ပြန်လည်မွေးဖွားလာပေလိမ့်မည်။

"ဟင်္သာငှက်ဂိုဏ်းရဲ့တပည့်ထန်ရှု။ ကတိကို ဖြည့်ဆည်းပေးပြီးပြီ၊ ကျေးဇူးတရားကို ပြန်ဆပ်ပြီးပြီ။ ငါတို့တွေ ဒီကမ္ဘာကနေ ပျောက်ကွယ်သွားတော့မယ်၊ မင်းက ငါတို့ကလန်ရဲ့မျိုးစေ့ကို ကယ်ဆယ်နိုင်မယ်လို့ ငါတို့ ဆန္ဒပြုတယ်။ သူက နှစ်သောင်းချီ အသက်ရှည်ပြီး ငါတို့သူ‌ယောင်မိစ္ဆာကလန်ရဲ့သွေးမျိုးဆက်ကို ပျံ့နှံ့နိုင်ပါစေ"ဖိနပ်မဲ့မိစ္ဆာက ဖြည်းညှင်းစွာ ပြောသည်။

ထန်ရှုက ညာဘက်လက်မြှောက်ကာ ဘယ်ဘယ်ရင်ဘက်ပေါ် တင်လျက် ကတိပေးလိုက်သည်"ငါထန်ရှုက ငါ့တပည့်ကို ဒီနေရာက‌နေ ကယ်ထုတ်ပြီး အဆုံးမဲ့အောင်မြင်မှုတွေ သူ့ဆီ ရောက်လာ‌အောင် ဆောင်ကြဉ်းပေးပါ့မယ်။ မင်းတို့သူ‌ယောင်မိစ္ဆာကလန်ရဲ့သွေးမျိုးဆက်နဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်က အင်မော်တယ်ကမ္ဘာကို ပြန်ရောက်ပြီး မင်းတို့ရဲ့ကလန်က အတိတ်ရဲ့ရွှေရောင်‌နေ့ရက်တွေကို ပြန်ရလာစေပါ့မယ်"

"ကျေးဇူးတင်ပါတယ်..."

စစ်သုံးဓားက ဖိနပ်မဲ့မိစ္ဆာအရှေ့၌ ပြန်ထွက်ပေါ်လာသည်။ သူ့နောက်မှ အင်မော်တယ်လက်နက်များက သူ‌ယောင်မိစ္ဆာကလန်သားတစ်ရာ‌ရှေ့တွင် ပြန်၍ ထွက်ပေါ်လာကြ၏။

"ပြန်ကြမယ်..."ဖိနပ်မဲ့မိစ္ဆာက အော်ဟစ်ရင်း ပျောက်ကွယ်သွားခဲ့သည်။

"ပြန်ကြမယ်..."

"ပြန်ကြမယ်..."

"ပြန်ကြမယ်..."

သူယောင်မိစ္ဆာကလန်သားတစ်ရာကလည်း‌ ညီညာစွာ အော်ဟစ်လိုက်ကြသည်။ မီးလျှံများက သူတို့ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်လာပြီး အတွင်းထဲ၌ စတင်လောင်မြိုက်ကာ အပြီးတိုင် ပျောက်သွားကြတော့၏။

ချန်းကျီကျုံးက မျက်လုံးတို့ ဖြည်းဖြည်းချင်း ဖွင့်သည်။ မျက်ရည်နှစ်စက်က သူ့မျက်နှာပေါ်မှ ရင်ဘက်အထိ စီးကျနေ၏။ ထို့‌နောက် သူက မြေပြင်ပေါ်သို့ လှဲချသည်။

ထို့နောက် သူက  သုံးကြိမ် အရိုအသေပေးလိုက်သည်။

အရာအားလုံး ပြုလုပ်ပြီးနောက် ချန်းကျီကျုံးက ထန်ရှုထံ ဝမ်းနည်းပူဆွေးနေသောမျက်နှာနှင့် ကြည့်လိုက်သည်။ စွမ်းအင်ဒိုင်းကာအရှေ့တွင် ရပ်တန့်ပြီးနောက် သူက ထန်ရှုအား သုံးကြိမ် အရိုအသေပေးသည်၊ ထရပ်ပြီးနောက် သူက မေးလိုက၏"ဘာလို့လဲ၊ ဆရာသခင်"

ချန်းကျီကျုံးက ဘာရည်ညွှန်းသည်ကို ထန်ရှုက သိ၏။ သူက ခေါင်းခါယမ်းကာ ပြော၏"ဒီအစီအရင်ကို ထိုးဖောက်ပြီး သူယောင်မိစ္ဆာကလန်သားတွေကို ဒီအကျဉ်းထောင်ကနေ လွတ်မြောက်အောင် ငါ လုပ်ပေးနိုင်တာ သေချာတယ်။ သူတို့က ဒိကမ္ဘာငယ်ကနေ အပြင်ကမ္ဘာကို ထွက်လာနိုင်လိမ့်မယ်"

"ဒါဆို ဘာကြောင့်လဲ"ချန်းကျီကျုံးက ထပ်မေးသည်။

"သူတို့နဲ့ပတ်သက်ပြီး မင်း ဘာမှ မသိဘူး ဒါမှမဟုတ် သူတို့အပေါ်မှာရှိနေတဲ့သေခြင်းရှင်းခြင်းအိမ်မက်ဆိုးကျိန်စာနဲ့ ပတ်သက်ပြီး မင်း ဘာမှ မသိဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"သူတို့အတွက် အသက်ရှင်ခြင်းက အဆုံးမရှိတဲ့ညှင်းပန်းနှိပ်စက်မှုတစ်မျိုးပဲ။ သေခြင်းကသာ သူတို့ရဲ့လွတ်‌မြောက်ရာ၊ ကယ်တင်ရာပဲ"

"ဒါပေမယ့် သူတို့ အသက်ရှင်‌နေသရွေ့ အနာဂတ်မှာ မျှော်လင့်ချက်ရှိလာနိုင်တာပဲမလား"ချန်းကျီကျုံးက ပြန်ငြင်း၏"အနာဂတ်မှာ သူတို့အပေါ်မှာရှိနေတဲ့ကျိန်စာကို ဘယ်သူမှ မဖယ်ရှား‌ပေးနိုင်ဘူးလို့ ဘယ်သူက အတိအကျ ပြောနိုင်မှာလဲ။ ဆရာသခင်က ငါ့နှလုံးသားထဲမှာ အနန္တတန်ခိုးရှင်ပဲ၊ တစ်ချိန်ကျရင် ဆရာသခင်မှာ နည်းလမ်းတွေ သေချာပေါက် ရှိလာမှာပါ"

"အနာဂတ်အကြောင်း မပြောနဲ့၊ လက်ရှိကိုပဲ မြင်‌ယောင်ကြည့်ရအောင်"ထန်ရှုက နက်ရှိုင်းသောလေသံနှင့် ပြောသည်။"ငါက သူတို့ကို လွှတ်ပေးပြီး ဒီကမ္ဘာငယ်ကနေ ငါတို့ရဲ့ကမ္ဘာမြေကို ခေါ်သွားမယ်ဆိုရင် သူတို့ရဲ့သွေးဆာတဲ့သဘာဝကို ငါ ထိန်းချုပ်နိုင်မယ်လို့ မင်း ထင်လား။ ကမ္ဘာမြေပေါ်က လူသားမျိုးနွယ်က ရွှေရောင်အင်မော်တယ်ကျင့်ကြံခြင်းအဆင့်ရှိတဲ့ဒီသူ‌ယောင်မိစ္ဆာကလန်သားတွေကို တားဆီးနိုင်မှာလား။ မြေပြင်မှာ အလောင်းတွေ ထပ်ပြီး မြစ်ရေက သွေးရောင်သမ်းကုန်သွားကြမှာပေါ့"

"ငါ ပြောခဲ့တာတွေက ဖြစ်နိုင်ချေအရှိဆုံး အကောင်းဆုံးအဆုံးသတ်ပဲ။ အဆိုးဝါးဆုံးအဆုံးသတ်အကြောင်း ပြောရရင် သူတို့က ငါတို့ရဲ့ကမ္ဘာမြေနဲ့လူသားမျိုးနွယ်ကို အပြီးတိုင် ဖျက်ဆီးနိုင်တယ်။ သူတို့ရဲ့စွမ်းအားနဲ့ အခြားကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ ဟင်းလင်းပြင်အတားအဆီးကို ဆုတ်ဖြဲပြီး အင်မော်တယ်ကမ္ဘာကို ပြန်သွားနိုင်တယ်။ ကမ္ဘာမြေပျက်ဆီးတဲ့ကံကြမ္မာ၊ လူသားမျိုးနွယ်ရဲ့အဆုံးသတ်ကို မင်း ခံနိုင်ရည်ရှိလား။ မင်းရဲ့မိသားစုဝင်တွေ၊ မင်းချစ်ရတဲ့သူတွေ သူယောင်မိစ္ဆာကလန်သားတွေရဲ့လက်ထဲမှာ သေပွဲဝင်နေမှာကို မင်း ကြည့်ရဲလား"

ထန်ရှုပြောသမျှစကားလုံးတိုင်းက အားမာန်ပြည့်ဝလှပေ၏။

ထန်ရှု၏ရှင်းပြချက်ကြောင့် ချန်းကျီကျုံးက လုံးဝမှင်တက်သွား၏။ ဘာကြောင့် ထန်ရှုက သူယောင်မိစ္ဆာကလန်သားတစ်ရာအား လှည့်စားခဲ့ရသလဲကို သူက အနည်းငယ် အံ့အားသင့်မိ၏။ ယခု သူ နားလည်သွားပြီ။ သူ့ဆရာက သူတို့အား မကယ်ချင်လို့မဟုတ်၊ သူတို့အား လွှတ်ပေးပြီးနောက် ဖြစ်ပေါ်လာမည့်အကျိုးဆက်အား သူ မရင်ဆိုင်နိုင်ခြင်းပင်။

တင်းကျပ်စွာ‌ဆုပ်ထားသောသူ့လက်သီးများက ဖြေလျော့သွား၏။ သူ‌‌ယောင်မိစ္ဆာကလန်ထံ သူ့ဆရာ၏တောင်းဆိုချက်အား သူ အမှတ်ရသွားသည်။ ထိုတောင်းဆိုချက်ကြောင့် သူ ရရှိခဲ့သည့် အကျိုးအမြတ်အားလုံးအား သတိရလာသည်။ နောင်တရမှုက သူ့ရင်ထဲ၌ တဖွားဖွားပေါ်လာ၏။ ရှက်ရွံ့မှုနှင့်အတူ သူ့ဆရာအရှေ့၌ သူက ထပ်မံဒူးထောက်ပြန်သည်။

"ငါ တောင်းပန်ပါတယ်၊ ဆရာသခင်"

ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"တောင်းပန်စရာမလိုပါဘူး၊ ငါတို့က ဆရာတပည့်တွေပဲ။ အင်မော်တယ်ကမ္ဘာဆိုရင် ငါတို့နဲ့ အနီးကပ်ဆုံးလို့ပြောလို့ရတဲ့လူအမျိုးအစားနှစ်မျိုးပဲ ရှိတယ်။ ပထမတစ်ခုက သွေးချင်းဆက်ဆွေမျိုးတွေ၊ ဒုတိယတစ်ခုက အဖေနဲ့သား၊ ဆရာနဲ့တပည့်တွေလို ဆက်ဆံရေးတွေ။ မင်းက ငါ့တပည့်၊ မင်းရဲ့ငါ့ရဲ့အနီးကပ်ဆုံးဆွေမျိုးလို့ ဆိုလိုတယ်။ မင်းလုပ်ခဲ့တဲ့အမှားတွေက ပြင်လို့ရသရွေ့ ငါ မင်းကို ဘယ်တော့မှ အပြစ်မတင်ပါဘူး"

ဆရာနှင့်တပည့်က သားအဖလိုပဲလား။

ဤစာကြောင်းက ချန်းကျီကျုံး၏နှလုံးသားမှသည် စိတ်ဝိညာဉ်ထဲထိ ထွင်းထုသွားလေ၏။

"ကောင်းပြီ၊ အခု မင်း ထရပ်လို့ရပြီ"ထန်ရှုက ပြောသည်"အခု ငါ့ကို ပြော၊ သူ‌ယောင်မိစ္ဆာကလန်ရဲ့အမွေအနှစ်ကို မင်း ဘယ်လောက်ထိ နားလည်ခဲ့သလဲ၊ မင်း အကျိုးအမြတ်ဘယ်လောက် ရခဲ့လဲ"

ချန်းကျီကျုံးက ထရပ်ကာ လက်သီးဆုပ်လျက် ပြောသည်"ဆရာသခင်၊ လက်ရှိမှာ ငါ ဘယ်လောက်သန်မာသလဲဆိုတာတော့ မသိဘူး၊ ဒါပေမယ့် အရင်ကထက် အများကြီးပိုသန်မာလာတာတော့ သေချာတယ်။ ငါ့အရှေ့မှာ တောင်တစ်လုံးရှိရင်တောင် ငါက အဲဒါကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်လို့ ခံစားမိတယ်"

ထန်ရှုက ဝမ်း‌မြောက်စွာ ခေါင်းညိတ်လျက် ထပ်မေး၏"နောက်ရော"

"သူ‌ယောင်မိစ္ဆာကလန်သားတစ်ရာက သူတို့ရဲ့တစ်သက်တာအတွေ့အကြုံတွေ၊ လေ့လာမှုတွေအားလုံးကို ငါ့ဆီ လွှဲပြောင်းပေးခဲ့တယ်။ သူတို့ ငါ့ကို ပေးခဲ့တဲ့ ဗဟုသုတတွေက အရမ်းကြိီးမားတယ်၊ စုန်းကဝေအတတ်တွေ၊ လျှို့ဝှက်ပညာရပ်တွေ၊ ဂါထာမန္တန်တွေအားလုံးပါတယ်"

",အရမ်းကောင်းတယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြောသည်"ဒီကလန်ရဲ့စီနီယာတွေကို ငါ ပေးခဲ့တဲ့ ကတိကို မင်း ရှင်းရှင်းလင်းလင်း သိမှာပါ။ မင်းအနေနဲ့ သူယောင်မိစ္ဆာကလန်ရဲ့ရွှေရောင်နေ့ရက်တွေကို ပြန်ရအောင် လုပ်ပေးဖို့က ငါ့ရဲ့ဆန္ဒလဲ ဖြစ်တယ်။ မင်းက ငါ့တပည့်ပဲ၊ ငါ့ခြေလှမ်းအတိုင်းလိုက်ပြီး အင်မော်တယ်ကမ္ဘာမှာ အဆုံးမရှိတဲ့အောင်မြင်မှုတွေ ရယူပြီး အန္တိမအရှင်တစ်ယောက်ဖြစ်လာဖို့ ငါ မျှော်လင့်တယ်။ ပြီးတော့ မင်းအနေနဲ့ ငါနဲ့အတူ နတ်ဘုရားကမ္ဘာဆီ လိုက်ပါနိုင်ဖို့လဲ ငါ မျှော်လင့်တယ်"

ချန်းကျီကျုံးက ပြန်တုံ့ပြန်လိုက်သည်"ငါ သေချာပေါက် မင်းရဲ့ခြေလှမ်းအတိုင်း လိုက်ပါ့မယ်၊ ဆရာသခင်။ အင်မော်တယ်ကမ္ဘာမှာပဲ ဖြစ်ဖြစ်၊ နတ်ဘုရားကမ္ဘာမှာပဲ ဖြစ်ဖြစ်၊ ငါက ဆရာသခင်ရဲ့အနီးကပ်ဆုံးတပည့် ထာဝရဖြစ်စေရမယ်"

ထန်ရှုက ကျယ်လောင်စွာ ရယ်မောလျက် ပြန်တုံ့ပြန်လိုက်သည်"ကောင်းတယ်။ တစ်ချိန်ကျရင် ငါက အင်မော်တယ်ကမ္ဘာရဲ့အန္တိမအရှင် ပြန်ဖြစ်ပြီး နတ်ဘုရားကမ္ဘာရဲ့အန္တိမအရှင်လဲ ဖြစ်လာလိမ့်မယ်။ ငါ့တပည့်အနေနဲ့ မင်းက ငါ့ထက် ညံ့လို့မရဘူး"

"ဘာ..."

မယုံကြည်နိုင်သောမျက်လုံးတို့နှင့်အတူ ချန်းကျီကျုံး၏အမူအရာက ရုတ်တရက် အေးခဲသွား၏။ သူက ထန်ရှုအား ကြည့်ကာ ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်သည်"ဆရာ...ဆရာသခင်...စောစောက ပြောခဲ့တာကို ပြန်ပြောပြပါအုံး။ သင် ပြောတယ်...သင်...သင်က အင်မော်တယ်ကမ္ဘာမှာ အန္တိမအရှင်တစ်ယောက် ဖြစ်ခဲ့တာလား"

"မင်းက သူ‌ယောင်မိစ္ဆာကလန်သားတွေရဲ့အမွေအနှစ်ကို လက်ခံပြီးဆိုမှတော့ ငါ မင်းကို ထပ်ဖုံးကွယ်မနေတော့ပါဘူး"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"တစ်ချိန်က ငါက အင်မော်တယ်ကမ္ဘာရဲ့အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့တယ်၊ မျိုးနွယ်စုအသင်္ချေရဲ့ထိပ်မှာ ရပ်နိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်ပေါ့။ ငါ့ရန်သူတွေက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်၊ အဲနောက် ငါက ကမ္ဘာမြေကို ပြန်ရောက်လာတာပဲ။ ဒါပေမယ့် ဒီကိစ္စကို မင်း ဘယ်သူ့ကိုမှ မပြောရဘူး။ မဟုတ်ရင် ငါ အသက်ရှင်နေသေးတဲ့သတင်းကို အင်မော်တယ်ကမ္ဘာက ငါ့ရန်သူတွေဖြစ်တဲ့အန္တိမအရှင်တွေ သိသွားရင် ငါတို့အားလုံး သေသွားရလိမ့်မယ်"

***

All Chapters