အပြန်လမ်းတစ်လျှောက် မတော်တဆဖြစ်ရပ်မျာ
Vol. 74 Ch. 1030
ထန်ရှုက ချန်းကျီကျုံးနှင့်ထန်၂၈တို့ငါးယောက်အဖွဲ့အား ခေါ်ကာ လေထဲတွင် ရပ်ရင်း ပျက်ဆီးသွားသောတောင်ထိပ်အား ကြည့်နေလေသည်။
သူယောင်မိစ္ဆာကလန်က သနားစရာကောင်းပြီး မြင့်မြတ်ရှေးမူလနန်းတော်က စက်ဆုပ်ရွံ့စရာကောင်းသည်။
လွန်ခဲ့သော နှစ်တစ်သိန်းက ဘာပဲ ဖြစ်ခဲ့ပါစေ၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ယခု ကမ္ဘာငယ်နှင့်တောင်ထိပ်တို့ ပျက်ဆီးသွားသည်နှင့်အတူ ရန်ငြိုးတွေအားလုံးက အဆုံးသတ်သွားခဲ့ပေပြီ။ လက်ရှိတွင် ထန်ရှု၏စိတ်ထဲတွင် ပဟေဠိတစ်ခုသာ ရှိတော့၏။ ကမ္ဘာမြေရဲ့တည်ရှိမှုက ဘာများလဲ။ ဘာလို့ ဒီလောက်များတဲ့ အိတ်ဆောင်ကမ္ဘာငယ်တွေက ၎င်းနဲ့ ချိတ်ဆက်နေရတာလဲ။
သို့သော် သူ့အနေနှင့် ဤကိစ္စအား အချိန်တိုအတွင်း ဖော်ထုတ်ရန် ခက်ခဲသည်ကို သိ၏။ ထို့ကြောင့် ဤအရာအား သူ ထပ်မတွေးတော့၊ ချန်ကျီကျုံးနှင့်ထန်၂၈တို့ငါးယောက်အား ခေါ်လျက် ချန်ပုတောင်မှ လျင်မြန်စွာ ထွက်လာခဲ့သည်။ လမ်းတစ်ဝက်တွင် သူက ချန်းကျီကျုံးနှင့် လမ်းခွဲခဲ့သည်။
"ကျေးဇူးပြုပြီး ဂရုစိုက်ပါ၊ ဆရာသခင်။ ငါ ဆရာ့ကို ကြယ်တာရာမြို့မှာ စောင့်နေပါ့မယ်"
ချန်းကျီကျူံးက အတော်ကလေး တွန့်ဆုတ်နေပုံပေါ်၏။ ဤတစ်ကြိမ်၏ခရီးနှင့်အတွေ့အကြုံက ထန်ရှုအပေါ် ဆရာသခင်အနေနှင့် သူ့ခံစားချက်တို့အား အလွန်နက်ရှိင်းသွားစေသည်။
"ငါ မြို့တော်မှာ အကြာကြီးမနေပါဘူး"ထန်ရှုက ပြုံးကာ ပြောသည်"မင်းရဲ့စီးပွားရေးကို ဂရုစိုက်ပါ။ ငါ ပြန်ရောက်တာနဲ့ မင်းကို နဂါးကိုးကောင်ကျွန်းဆီ ခေါ်သွားမယ်"
"သိပါပြီ၊ ဆရာသခင်"ပြန်ဖြေပြီးနောက် ချန်းကျီကျုံးက လျင်မြန်စွာ ထွက်ခွာသွား၏။
****
ပေကျင်း။
ထန်၂၈တို့ကလေးငါးယောက်က မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ ပေကျင်းက တရုတ်နိုင်ငံ၏မြို့တော်ဖြစ်သည်ကို သူတို့အားလုံး သိကြသည်။ ဤအရာက သူတို့အား စပ်စုချင်စိတ်တို့ ဖြစ်ပေါ်စေ၏။
"ငါတို့ ဘယ်သွားမလို့လဲ၊ ဂိုဏ်းချုပ်"လေဆိပ်မှ ထွက်လာပြီးနောက် ထန်၂၈က မေး၏။
"နောက်ကျရင် မင်းတို့တွေ ငါ့ကို မေးခွန်းတစ်ခုမှ မေးဖို့ ခွင့်မပြုဘူး၊ အဲဒါကို မှတ်ထားပါ"ထန်ရှုက ပြောသည်"ငါ ဘယ်ပဲ သွားသွား မင်းတို့ ငါ့နောက်ကို လိုက်ဖို့ပဲ လိုတယ်။ မင်းက ငါ့အရိပ်၊ မင်းတို့က ထန်၂၈ရဲ့အရိပ်တွေဆိုတာ စွဲစွဲမြဲမြဲမှတ်ထားကြ။ မင်းတို့ ငါနဲ့ ရှိတဲ့အခါတိုင်း ငြိမ်ငြိမ်နေပြီး ငါ့အမိန့်ကို လိုက်နာဖို့ပဲ သင်ယူထားကြ"
ထန်၂၈တို့ငါးယောက်က ကမန်းကတန်း ခေါင်းညိတ်လိုက်ကြသည်။
ပေကျင်းသို့ ထန်ရှုလာရခြင်း၏ရည်ရွယ်ချက်က သူ့အဖိုးထန်ကောရှန့်၏ရှစ်ဆယ်နှစ်ပြည့်မွေးနေ့ကြောင့် ဖြစ်သည်။ သူက ပြည်ပတွင် ရှိနေမည်ဆိုလျှင် အလျင်စလို ပြန်လာလိမ့်မည်မဟုတ်ပေ။ သို့သော် ယခု သူက တရုတ်ပြည်ထဲနှင့် အိမ်အပြန်လမ်းတွင် ရှိနေသည်၊ ထို့ကြောင့် မြို့တော်တွင် ရပ်ကာ သူ့အဖိုးအား ဂုဏ်ပြုရန် ဆုံးဖြတ်ခဲ့၏။
တက္ကစီတစ်စီးငှားကာ ထန်မိသားစုလိပ်စာသို့ လိုက်ပို့ပေးရန် ပြောလိုက်ချိန်တွင် ဒရိုင်ဘာက ထန်ရှုအား ထူးဆန်းသောအကြည့်တစ်ချက်နှင့် ကြည့်ကာ မေးလိုက်သည်"မင်းတို့က ပေကျင်းက မဟုတ်ကြဘူး ထင်တယ်၊ ညီလေး။ မကြာသေးခင်ကမှ အဲနေရာမှာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်မရ အမိန့်တစ်ခု ထုတ်ထားတယ်။ ငါ လိုက်ပို့ရင်တောင် မင်းတို့က အဲလိပ်စာအထိ မရောက်နိုင်ဘူး။ အနီးနားက ကားပါကင်မှာပဲ ရပ်ရမှာ"
"အာ။ အမိန့်တစ်ခု ထုတ်ထားတာလား။ ဘာလို့လဲ"ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။
အံ့ဩတကြီးဖြစ်သောလေသံနှင့် ဒရိုင်ဘာက ပြန်ဖြေသည်"ဒါဆို မင်းက အပြင်လူတစ်ယောက်ပဲ ဖြစ်မယ်၊ ညီငယ်လေး။ ဒါကြောင့် မင်း မသိတာ။ မနက်ဖြန်က ထန်မိသားစုခေါင်းဆောင်ဟောင်းရဲ့အသက်ရှစ်ဆယ်နှစ်ပြည့်မွေးနေ့လေ။ ထန်တွေက အတိတ်မှာ နှိမ့်နှိမ့်ချချနေခဲ့ပေမယ့် မကြာသေးခင်ကမှ သူတို့က ပိုပိုအားကောင်းလာတယ်။ ထန်ခေါင်းဆောင်ဟောင်းရဲ့အသက်ရှစ်ဆယ်ပြည့်မွေးနေကျင်းပဖို့အတွက် ထန်တွေက အကြီးအကျယ် ပြင်ဆင်နေကြတယ်။ ဒါကြောင့် ပြဿနာတွေ မဖြစ်စေဖို့အတွက် သူတို့ရဲ့ပိုင်နက်တစ်ဝိုက်လမ်းတွေမှာ အမိန့်တစ်ခု ထုတ်ထားတယ်လေ။ နေ့အချိန်ဆိုရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် ညဆယ်နာရီကစပြီး လမ်းတွေ ပိတ်ထားတယ်၊ တစ်ယောက်မှ ချဉ်းကပ်ခွင့်မရှိဘူး"
"အာ၊ ဒီထန်မိသားစုက အရမ်းကျော်ကြားပုံပဲ"ထန်ရှုက ခေါင်းညိတ်လိုက်သည်။
ဒရိုင်ဘာက ထန်ရှုအား တစ်ချက်ကြည့်လိုက်သည်၊ သူ့အကြည့်တွင် 'စကားအား လက်လွတ်စပယ်မပြောရန်'ဟူသောအဓိပ္ပါယ်တစ်ခု ပါရှိ၏။ ထို့နောက် သူက ထပ်ပြောလိုက်သည်"မြို့တော်တစ်ခုလုံးမှာ ထန်တွေကို မသိတဲ့သူ ဘယ်သူရှိလို့လဲ၊ ညီငယ်လေး။ တရုတ်မှာ စွမ်းအားအနည်းအကျဉ်းရှိတဲ့သူတိုင်း ထန်ရှုကို သေချာပေါက်သိမယ်လို့ ငါ ပြောရဲတယ်။ ထန်မိသားစုရဲ့ခေါင်းဆောင်ဟောင်းက နိုင်ငံ့အကြီးအကဲတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါ့အပြင် ယောင်မိသားစုရဲ့အဖြစ်ဆိုးကို မင်း ကြားဖူးတယ်မလား။ လက်ရှိထန်မိသားစုက မြို့တော်မှာ အကောင်းဆုံးမဟုတ်ရင်တောင် ထိပ်တန်းမိသားစုသုံးခုထဲ သေချာပေါက် ဝင်တယ်"
"သူတို့က အဲလောက် အားကောင်းတာလား"ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် အတည်ပြုလိုက်သည်။
တက္ကစိီဒရိုင်ဘာက ထန်ရှု၏အမူအရာအား သတိမပြုမိပေ။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒါပေါ့၊ သူတို့က အားကောင်းတာပေါ့။ မြို့တော်ထဲမှာ ထန်မိသားစုဝင်တွေက ဘယ်လောက်ထိ ဩဇာတိက္ကမရှိသလဲဆိုတာ မင်း သိလား။ မကြာသေးခင်က ထန်အိမ်ရဲ့မျိုးဆက်တစ်ယောက်ဖြစ်တဲ့ထန်ဝေက ပေကျင်းရဲ့နာမည်ကြီးကောင်းကင်ဘုံကျက်သရေကလပ်ကို ပြဿနာရှာခဲ့တာလေ။ တစ်ယောက်မှ အဲဒီသခင်လေးထန်ဝေကို ဘာမှ မလုပ်ရဲဘူး။ အခြားတစ်ဖက်မှာ သူ့ကို ဆန့်ကျင်ခဲ့တဲ့ကောင်းကင်ဘုံကျက်သရေကလပ်ရဲ့သူဌေးနဲ့သူ့နောက်လိုက်တွေက သူ့ကို ဒူးထောက်တောင်းပန်ခဲ့ရတယ်လေ။ တစ်ဆင့်စကားနဲ့ ကြားသိသလောက်ဆိုရင် သခင်လေးထန်ဝေက သူတို့ပေးတဲ့လျော်ကြေးကနေ ကံကောင်းမှုတစ်ခု ရခဲ့တယ်ဆိုပဲ"
"ထန်ဝေလား"
ထန်ရှုက ငိုရမလားရယ်ရမလား မသိတော့။ ထန်ဝေက ထိုကဲ့သို့သော အရှုပ်ထုပ်တစ်ခု ဖြစ်စေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် တစ်ခုတော့ သေချာသည်၊ ထိုအကောင်က ဘယ်လိုကံကောင်းမှုကြီးပဲ ရရှိခဲ့ပါစေ၊ အိမ်ပြန်ရောက်ပြီးနောက် သူက ထိန်းသိမ်းခံရပေလိမ့်မည်။ သေချာပေသည်၊ ဂျူနီယာများက အပြင်ဘက်၌ ပြဿနာမရှိရန် ထန်မိသားစု၏အကြီးအကဲများက အမိန့်ထုတ်ထားသောကြောင့်ပင်။
နာရီဝက်ကြာပြီးနောက် တက္ကစီက မြို့လယ်ခေါင်အား ဖြတ်ကျော်သွားသည်။ မိုးပျံလမ်းအား ဖြတ်သန်းပြီးချိန်တွင် အရှေ့၌ ပိတ်ဆို့မှုတစ်ခု ဖြစ်နေ၏။
"ဘာလို့ ချင်းဖန်လမ်းကို ထပ်ပိတ်ဆို့ထားရတာလဲ။ အရှေ့မှာ ယာဉ်မတော်တဆတစ်ခု ဖြစ်နေလို့လား"တက္ကစီဒရိုင်ဘာက ဆက်သွယ်ရေးကိရိယာအား အသုံးပြုကာ မေးသည်။ သူ လိုချင်သောအဖြေအား ချက်ချင်း ရရှိသွား၏။
"ယာဉ်မတော်တဆတစ်ခုကြောင့်ပဲ။ ပြီးတော့ မြင်ကွင်းက နာမည်ကြီးရုပ်ရှင်ကားတွေထက်တောင် သာသေးတယ်။ ကားတချို့က အပူတပြင်း လိုက်ဖမ်းနေပြီး ဒုက္ခရောက်သူတွေရဲ့အရေအတွက်က ဆယ်ယောက်ကျော်တယ်။ ပေကျင်းမှာ ဒီလို ကိစ္စကြီးတစ်ခု မဖြစ်တာ အတော်ကြာပြီ။ မင်းက ကံမကောင်းတာပဲ၊ ညီအက်ို။ ချင်းဖန်လမ်းမှာ ပိတ်မိပါစေလို့ ဘုရားမှာ မင်း ဆုတောင်းခဲ့တာ ဖြစ်မယ်။ နောက်ထပ်နာရီအနည်းငယ်ကြာတာတောင် မင်း ပိတ်မိနေမယ် ထင်တယ်"
"ဘယ်သူက မြို့တော်မှာ ဒီလိုရုတ်ရုတ်သဲသဲဖြစ်ရပ်တစ်ခုကို လုပ်ရဲတာလဲ"တက္ကစီဒရိုင်ဘာက မေးလိုက်သည်"ဧကရာဇ်ရဲ့မြင့်မြတ်နယ်မြေမှာ ဒီလောက်များတဲ့သူတွေ သေသွားတာ သူတို့က ကံဆိုးမှာကို မကြောက်ကြဘူးလား"
"ငါလဲ ဒီထက် ပိုမသိဘူး"
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်"
စကားပြောပြီးသွားသဖြင့် တက္ကစီဒရိုင်ဘာက ထန်ရှုအား ကြည့်လိုက်သည်။ ထို့နောက် သူက အားတင်းပြုံးလျက် ပြော၏"ဒီအတိုင်းဆို ငါတို့တွေ ဒီနေရာမှာ မနက်အထိ ပိတ်မိနေအုံးမယ်ထင်တယ်၊ ညီလေး။ အခုမှ ပြန်လှည့်ဖို့ဆိုတာကလဲ မဖြစ်နိုင်ဘူး။ မင်း အလျင်လိုနေရင် ဒီမှာ ဆင်းပြီး မြေအောက်ရထားကနေ ဆက်သွားလို့ရပါတယ်"
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပိုက်ဆံအိတ်မှ ယွမ်၂၀၀ယူကာ တက္ကစီဒရိုင်ဘာထံ ပေးပြီးနောက် ပြောလိုက်သည်"ဒါဆို ငါတို့ ဒီမှာပဲ ဆင်းတော့မယ်၊ ဦးလေး"
ထန်ရှုက ဒီလောက် ရက်ရောမည်ဟု မမျှော်လင့်ထားသဖြင့် တက္ကစီဒရိုင်ဘာက လျင်မြန်စွာ ပြောလိုက်သည်"ဒါ များလွန်းတယ်၊ ညီငယ်လေး။ ငါ လက်မခံနိုင်ဘူး"
ထန်ရှုက တံခါးတွန်းဖွင့်ကာ ပြုံးလျက် လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူက ထန်၂၈တို့ငါးယောက်အဖွဲ့အား ဦးဆောင်ကာ လမ်းတစ်လျှောက် ဆက်လျှောက်သွားသည်။ တက္ကစိီဒရိုင်ဘာက မတော်တဆမှုအကြောင်း မေးနေချိန်တွင် သူလဲ အလွန်သိချင်ခဲ့သည်၊ ဘယ်လိုလူကများ မြို့လယ်ခေါင်မှာ ဒီလိုအရှုပ်အထွေးတစ်ခုကို လုပ်ရဲတာပါလဲ။
ဆယ်မိနစ်ကြာပြီးနောက် ထန်ရှုနှင့်ထန်၂၈တို့ငါးယောက်က မတော်တဆဖြစ်သည့်နေရာအနီးသို့ ရောက်ရှိလာခဲ့သည်၊ ထိုနေရာတွင် ကားဒါဇင်ကျော် ပျက်ဆီးနေပြီး အတော်လေး ရှုပ်ထွေးလျက်ရှိသည်။ ကယ်ဆယ်ရေးသမားများက ဒဏ်ရာများ ကုသပေးနေသလို အလောင်းများအားသယ်ဆောင်နေကြ၏၊ ဤမြင်ကွင်းက ထန်ရှုအား အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။
"ဒီနေရာမှာ ဘာဖြစ်ခဲ့တာလဲ၊ အကို"
ထန်ရှုက သက်ပြင်းချနေသောသက်လတ်ပိုင်းအရွယ်လူတစ်ယောက်ထံ ချဉ်းကပ်ကာ စီးကရက်တစ်လိပ်ကမ်းပေးပြီးနောက် မေးလိုက်သည်။
"အဲဒီဆိုးသွမ်းတဲ့ကောင်စုတ်လေးတွေကြောင့်ပေါ့"သက်လတ်ပိုင်းလူက အားတင်းပြုံးလျက် ရှင်းပြသည်"လူတချို့က ဒုတိယသခင်လေးဖန်ကို မသိနားမလည်ဘဲ ရန်စခဲ့မိတယ်လေ။ သူက သူ့လူတွေကို ကားနဲ့ ခေါ်လာပြီး လိုက်လံသတ်ဖြတ်ခဲ့တယ်၊ အဲကနေ အခုလို မတော်တဆတွေ ဖြစ်လာရတာပဲ။ သုံးယောက်က သေသွားပြီး ကျန်တဲ့လူတွေက ဒဏ်ရာအနာတရနဲ့ ထွက်ပြေးသွားကြတယ်။ ဒါပေမယ့် သခင်လေးဖန်က သူတို့ကို သွားခွင့်မပြုဘဲ သူ့လူတွေကို လိုက်သွားခိုင်းတယ်"
"ဒီဒုတိယသခင်လေးဖန်က ဘယ်သူလဲ"ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သက်လတ်ပိုင်းအရွယ်ယောက်ျားက ထန်ရှုအား စိုက်ကြည့်ကာ မေးလိုက်သည်"မင်းရဲ့လေသံအရ မင်းက သခင်လေးဖန်ကို မသိဘူးဆိုတော့ ဒီဒေသခံမဟုတ်ဘူးထင်တယ်၊ ညီလေး"
"ငါ သူ့ကို တကယ် မသိတာ။ ငါက ကြယ်တာမြို့ကပါ၊ ဒီနေ့မှ ပေကျင်းမြို့ကို ရောက်လာတာ"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။
"ငါ သိပြီ၊ ဒါ အံ့ဩစရာမရှိပါဘူး"သက်လတ်ပိုင်းအရွယ်ယောက်ျားက ခေါင်းညိတ်ကာ ရှင်းပြ၏"ဒုတိယသခင်လေးဖန်က ဖန်အိမ်တော်ခေါင်းဆောင်ရဲ့သားပဲ။ ဒီမိသားစုထဲကတစ်ယောက်မှ နိုင်ငံရေးထဲ မပါဝင်ပေမယ့် အလွန်ကျော်ကြားပြီးချမ်းသာကြွယ်ဝတဲ့မိသားစုတစ်ခုပဲ။ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီငါးရာထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ခိုအုပ်စုကို မင်း သိလား။ အဲဒါက ဖန်မိသားစုရဲ့ကုမ္ပဏီပဲ။ ဒီမတော်တဆဖြစ်ရပ်မတိုင်ခင်တုန်းက ဖန်မိသားစုက ပေကျင်းမှာ ဂုဏ်သတင်းကောင်းတစ်ခု ရှိတယ်၊ ဒါပေမယ့် အခု ဒုတိယသခင်လေးက ဒီလိုအရှုပ်အထွေးတစ်ခု ဖြစ်စေခဲ့တယ်ဆိုတော့ သူတို့က နာမည်ဆိုးနဲ့ ကျော်ကြားလာမယ် ထင်တယ်။ ငါ့မှာသာ သူ့လို သားတစ်ယောက်ရှိရင် သူ့ရဲ့ခြေထောက်ကို ရိုက်ချိုးပြီး အိမ်မှာပဲ သံကြိုးနဲ့ ချည်ထားမှာ"
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ကာ သိလိုစိတ်နှင့် မေးလိုက်သည်"အခု သူတို့ ဘယ်နေရာကို ဦးတည်သွားလဲ"
"ငါ ဘယ်လိုလုပ်သိမှာလဲ။ တစ်ဖွဲ့က အပူတပြင်း လိုက်နေပြီး အခြားတစ်ဖွဲ့က ငရဲလို ထွက်ပြေးနေတယ်"သက်လတ်ပိုင်းလူက ပြောသည်"သူတို့ ဘယ်နေရာကို သွားလဲဆိုတာ ဘယ်သူ သိမှာလဲ"
"သူတို့သွားတဲ့ဦးတည်ဘက်ကိုရော မသိဘူးလား"ထန်ရှုက ထပ်မေးလိုက်သည်။
သက်လတ်ပိုင်းယောက်ျားက အရှေ့မြောက်ဘက်သို့ လက်ညှိုးထိုးကာ ပြောပြသည်"အဲဒါတော့ ငါ သိတယ်။ သူတို့က အဲဘက်ကို ဦးတည်သွားကြတာ။ ဒီတိုက်ပွဲမှာ ပါဝင်ဖို့ မင်း စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။ ညီငယ်လေး၊ မဝင်ပါစမ်းပါနဲ့၊ မင်းရဲ့စပ်စုချင်စိတ်ကို ခဏတဖြုတ် ဘေးချိတ်ထားသင့်တယ်"
"ငါ နားလည်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ အကို"ထန်ရှုက ပြုံးလိုက်သည်။
ထို့နောက် ထန်ရှုက ထန်၂၈တို့ငါးယောက်အား ဦးဆောင်ကာ အရှေ့မြောက်ပိုင်းသို့ လျင်မြန်စွာ ပြေးသွားသည်။ ဤမတော်တဆဖြစ်ရပ်နှင့် မကြုံကြိုက်ခဲ့လျှင် သူက ဤကိစ္စထဲသို့ ပါဝင်လိမ့်မည် မဟုတ်။ သို့သော် လက်ရှိတွင် ဖြစ်ရပ်က သူ့ရှေ့တွင် ဖြစ်ပျက်ခဲ့သည်၊ ဘာဖြစ်ခဲ့သည်အား သူ ဖော်ထုတ်ရမည်။ ဖန်မိသားစုအား သူ ကြားဖူးသည်၊ သူတို့နှင့် အဆယ်အသွယ်မရှိသော်လည်း သူ့သူငယ်ချင်းတစ်ယောက်ဖြစ်သည့်ချင်ရှောင်ယန်နှင့် အဆက်အသွယ်ရှိသည်။
ချင်ရှောက်ယန်ထံမှ သူ သိထားသည်အရ ဖန်မိသားစု၏ပထမသခင်လေးက သူ၏သွေးသောက်ညီအကိုဖြစ်ပြီး ယခင်က ထန်ရှုနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ခဲ့သည်။ အရေးကြီးဆုံးအရာက ချင်ရှောက်ယန်က ဖန်မိသားစုနှင့် မိတ်ဖက်စီးပွားရေးတစ်ခု ရှိနေခြင်းပင်၊ ဤဖြစ်ရပ်က ချင်ရှောက်ယန်အား သက်ရောက်စေနိုင်သည်။
"မင်္ဂလာပါ၊ ရှောက်ယန်။ ဖန်မိသားစုရဲ့ဒုတိယသခင်လေးက အရှုပ်ထုပ်တစ်ခု လုပ်ခဲ့တာကို မင်း ကြားပြီးပြီးလား"အရှေ့မြောက်ဘက်သို့ ဦးတည်သွားနေရင်း ထန်ရှုက ချင်ရှောက်ယန်အား ဖုန်းဆက်လိုက်သည်။
"ငါလဲ အဲသတင်းကြားပြီးပြီ"ချင်ရှောက်ယန်က အလျင်စလို ပြောသည်"ဒီဖန်ဒုတိယသခင်လေးက တကယ် ရက်စက်တယ်။ သူက ဖန်မိသားစုတစ်ခုလုံးကို ငြိစွန်းစေမှာကို ငါ စိုးရိမ်တယ်။ ငါ အခု အိမ်မှာပဲ၊ ဖန်တွေနဲ့တွဲဖက်လုပ်နေတဲ့စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ငါ့အဖေနဲ့ ဆွေးနွေးနေတယ်။ အလိုလေး၊ အခန့်မသင်ရင် ငါ့မိသားစုပါ လောင်ကျွမ်းခံရနိုင်တယ်"
***