← Chapters

သူက ကြောက်စရာကောင်းသောလူတစ်ယောက်ဖြစ်သည်

Vol. 74 Ch. 1031

သူက ကြောက်စရာကောင်းသောလူတစ်ယောက်ဖြစ်သည်

Vol. 74 Ch. 1031

လက်ထဲတွင် ဖုန်းကိုင်ထားရင်း ထန်ရှု၏မျက်လုံးများက စာနာမှုတို့နှင့် ပြည့်နေသည်။ ပေကျင်းလမ်းမပေါ်ရှိ မြင်ကွင်းက လူပေါင်းမရေမတွက်များစွာ၏အာရုံအား ဆွဲဆောင်ပေလိမ့်မည်။ ထို့ပြင် ဤမတော်တဆဖြစ်ရပ်က အစသာ ဖြစ်၏၊ မြို့တော်တွင် ပိုကြောက်စရာကောင်းသောသတ်ဖြတ်ခြင်းများက ကြိုတင်စောင့်မျှော်နေပေသည်။

"မင်းအတွက် ငါ့မှာ အကြံဉာဏ်တစ်ခုရှိတယ်၊ သူငယ်ချင်း။ ဖန်တွေနဲ့ ပတ်သက်သမျှ မင်းတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ရပ်တန့်လိုက်ပါ။ မင်းတို့ရဲ့ဆုံးရှုံးမှုက ဘယ်လောက်ပဲ ကြီးမားပါစေ၊  ရှင်းရှင်းလင်းလင်းဖြစ်အောင် မင်းတို့ လုပ်ထားရမယ်"

ပြောပြီးနောက် ထန်ရှုက ချက်ချင်း ဖုန်းချလိုက်သည်။ ချင်ရှောက်ယန်နှင့်သူ့အဖေတို့ မည်သို့ ဆုံးဖြတ်ချက်ချမည်ကို သူ မစဉ်းစားတော့ပေ။

သတ်ဖြတ်ခြင်းဖြစ်ပွားသောနေရာတွင် အလောင်းချီအား သူ အာရုံခံမိသည်၊ ဤ အလောင်းစွမ်းအင်ကို ချန်ထားခဲ့သူက ဒုတိယသခင်လေးဖန်အဖွဲ့မှ တစ်ယောက်ယောက်ဖြစ်ရန် များသည်။ ဤအထောက်အထားအရ ဖန်မိသားစုက ကပ်ဘေးတစ်ခု ကျရောက်လာရန် မျှော်လင့်ထားနိုင်သည်၊ သူတို့နှင့်ဆယ်နွယ်မှုရှိသူအားလုံးကိုပါ အတူတူ ဆွဲခေါ်သွားနိုင်သည်။

****

ပေကျင်း၊ နဂါး‌ကျေးရွာစံအိမ်ဝင်း။

ဤဝင်းထဲတွင် တန်ဖိုးအကြီးဆုံးစံအိမ်က အထပ်လေးထပ်ပါသည့် ဥရောပစတိုင်ဘုရင်ကြည့်စံအိမ်ဖြစ်သည်။ ဤစံအိမ်ရှိ စာကြည့်ခန်းထဲတွင် ချင်ရှောက်ယန်က ဖုန်းချလိုက်သည်။ သူ့အရှေ့တွင် သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်နှင့် နောက်ထပ်လူငယ်တစ်ယောက်တို့က သူ့အား မကျေမနပ် ကြည့်နေ‌၏။

လူကြီးက ပိန်ပါးသောကိုယ်ထည်ရှိပြီး မျက်လုံးများက ဉာဏ်ပညာရှိပုံပေါ်၏၊ သူက အသားတင်ကြွယ်ဝမှုယွမ်ငါးဆယ်ဘီလီယံရှိသည့် ချင်အုပ်စု၏သူဌေးကြီးချင်ရွှယ်ဖန်ဖြစ်ပြီး တရုတ်ပြည်ရှိထိပ်တန်းဘီလီယံနာများထဲမှ တစ်ယောက်ဖြစ်သည်။ ဤအချိန်တွင် သူ့သားချင်ရှောက်ယန်က ဖုန်းစကားပြောသည့်အတွက် မကျေမနပ်ဖြစ်ခဲ့သော်လည်း သူက စီးကရက်တစ်လိပ်မီးညှိကာ နှစ်ဖွာသုံးဖွာရှိုက်ပြီးနောက် ပြောလိုက်သည်"ရှောက်ကျစ်က ခါတိုင်းလိုပဲ အစိုးရအရာရှိတစ်ယောက်အဖြစ် ဆောင်ရွက်လိမ့်မယ်၊ မင်းကရော ဘယ်လိုလဲ၊ ရှောက်ယန်။ ငါတို့ အခု ဘာလုပ်သင့်လဲဆိုတာ မင်းရဲ့ထင်မြင်ချက်ကို ပြောကြည့်"

"ဖန်မိသားစုနဲ့ တွဲဖက်ထားတဲ့ ငါတို့ရဲ့စီးပွားရေးလုပ်ငန်းမှန်သမျှကို ရပ်တန့်ရမယ်လို့ ငါ ထင်တယ်"ချင်ရှောက်ယန်က နက်ရှိုင်းသောလေသံနှင့် ပြန်ဖြေသည်"သူတို့နဲ့ ဘယ်လိုဆက်နွယ်မှုကိုမဆို ငါတို့က ဖြတ်သိမ်းရမယ်"

ဘန်း ...

"အဓိပ္ပါယ်မရှိတာတွေ"ချင်ရွှယ်ဖန်က အော်ပြောလိုက်သည်"မင်းက ဒီနှစ်တွေမှာ တိုးတက်လာတယ်လို့ ငါ ထင်ထားတာ၊ ဒါပေမယ့် ဒီကိစ္စမှာတော့ မင်းက ဒီလောက်တောင် တုံးအနေတာ များသွားပြီ။ ငါတို့နဲ့ဖန်တွေနဲ့ပူးပေါင်းဆောင်ရွက်ထားတာတွေက ယွမ်ဆယ်ဘီလီယံနီးပါးထိုက်တန်တယ်ဆိုတာ မင်း မသိဘူးလား။  ဒါက ဆယ်ဘီလီယံနော်။ ဒါဆို မင်းက ဒါကို ရပ်တန့်ချင်သေးတာလား။ ငါတို့မိသားစုက ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်သွားမယ်ဆိုတာ မင်း မသိဘူးလား"

ချင်ရှောက်ကျစ်က မျက်မှောင်ကြုတ်ကာ သူ့ထင်မြင်ချက်အား ပြောပြသည်"ဒီပူးပေါင်းထားတဲ့စီမံကိန်းမှာ ငါတို့က ဆယ်ဘီလီယံထိ ရင်းနှီးမြှုပ်နှံထားတာ၊ ရှောက်ယန်။ လက်ရှိအချိန်မှာ ထွက်လိုက်ရင် ငါတို့အတွက် ကြီးမားတဲ့ထိုးနှက်မှုတစ်ခု ဖြစ်သွားလိမ့်မယ်။ ဘုတ်အဖွဲ့ဒါရိုက်တာတွေက သေချာပေါက် ဒါကို ဆန့်ကျင်လိမ့်မယ်။ ငါတို့က သူတို့ကို ကောင်းမွန်တဲ့အကြောင်းပြချက်တစ်ခု မပေးရင် သူတို့ကို စည်းရုံးသိမ်းသွင်းဖို့ ခက်ခဲလိမ့်မယ်"

ချင်ရှောက်ယန်က ဖုန်းမြှောက်ပြကာ ခါးသီးစွာ ပြောလိုက်သည်"အဖေ၊ အကို၊ ခဏက ငါ့ကို ဖုန်းခေါ်တာ ဘယ်သူလဲဆိုတာ မင်းတို့ သိလား"

"ဘယ်သူလဲ"ချင်ရှောက်ကျီက သိလိုစိတ်နှင့် မေး၏။

ချင်ရွှယ်ဖန်လည်း မျက်မှောင်ကြုတ်လိုက်သည်။

"ထန်ရှု"ချင်ရှောက်ယန်က ပြန်ဖြေ၏။

"ထန်ရှု။ ဘယ်ထန်ရှုလား။ ငါ..."ချင်ရွှယ်ဖန်က လွှတ်ခနဲ ပြောလိုက်သည်။ သို့သော် သူက အဆုံးမသတ်ဘဲ ချက်ချင်း ရပ်လိုက်သည်။ ချောမောခန့်ညားသောမျက်နှာတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာပြီး သူ့နှလုံးခုန်သံက မြန်ဆန်လာ၏။ ထို့နောက် သူက ပြောလိုက်သည်"သူက ပေကျင်းထန်မိသားစုကတစ်ယောက်လို့ မင်း ပြောတာလား။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်စုရဲ့ပိုင်ရှင်၊ တရုတ်ရဲ့လူငယ်နတ်ဆေးဆရာအဖြစ် ကျော်ကြားသူလား"

"သူပဲ။ ငါ့အဖြေက သူပြောတဲ့စကားတွေပဲ"ချင်ရှောက်ယန်က အားတင်းပြုံးလျက် ပြောလိုက်သည်။

တည်ငြိမ်သောအကြည့်တစ်ခုက ချင်ရွှယ်ဖန်၏မျက်နှာပေါ်တွင် လွှမ်းခြုံသွားပြီး သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်"မင်း သူ့စကားတွေကို တစ်လုံးချင်းစီ ထပ်ပြောနိုင်လား၊ ရှောက်ယန်"

ချင်ရှောက်ယန်က ထန်ရှု၏စကားများအား ပြောပြပြီးနောက် နောက်ဆုံးတွင် သူက ဆိုလိုက်သည်"အဖေ၊ ငါတို့ မိတ်ဆွေတွေဖြစ်ပြီးကတည်းက ထန်ရှုရဲ့ဗီဇကို နည်းနည်းလေး သိထားတယ်။ သူက ဒီနှစ်မှ အသက်၂၁ပဲ ရှိသေးတယ်ဆိုနိုင်ပေမယ့် သူက အရမ်းရင့်ကျက်ပြီး တည်ငြိမ်တယ်။ သူ ပြောသမျှအရာအားလုံးက သေချာစဉ်းစားရမယ့်အရာတွေပဲ။ သူ ငါ့ကို ရုတ်တရက် ဖုန်းခေါ်တယ်ဆိုတော့ ငါတို့နဲ့ ထန်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို သူ သိတယ်လို့ ဆိုလိုတယ်၊ ဒါကြောင့်ပဲ သူက ငါ့ကို သတင်းအချက်အလက်အချို့ ထုတ်ဖော်‌ပြောပြခဲ့တာပဲ ဖြစ်မယ်"

ချင်ရွှယ်ဖန်က ကုလားထိုင်မှ ထကာ စီးကရက်သောက်ရင်း စာကြည့်ခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။ ချီတုံချတုံဖြစ်မှုအား သူ့မျက်နှာပေါ်တွင် မြင်နိုင်ပေသည်။ ထန်ရှု၏ဖုန်းခေါ်ဆိုမှုအရ သူက တစ်ခုခုကို ရေးတေးတေး အာရုံခံနိုင်သည်၊ ဖန်များက ကြီးမားသောအရှုပ်အထွေးတစ်ခုဖြစ်မည်မှာ သေချာပြီး မိသားစုနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုအား အောက်ခြေထိတိုင် ဆွဲချပေလိမ့်မည်။ ထို့နောက် သူတို့ချင်မိသားစုထံ ကြီးမားသောဒုက္ခတစ်ခု ရောက်လာနိုင်၏။

သို့သော် သူတို့က ယွမ်ဆယ်ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ သူတို့က ပူးပေါင်းဆောင်ရွက်မှုအား ချက်ချင်း ရပ်တန့်လျှင်ပင် အနိမ့်ဆုံးယွမ်ငါးလီယံအထိ ဆုံးရှုံးနိုင်ချေများသည်။

ငါ ဘာလုပ်ရမလဲ။

ချင်‌ရွှယ်ဖန်က ပြတင်းပေါက်နားတွင် ရပ်ကာ အပြင်ဘက်အား ငေးကြည့်နေခဲ့၏။ ထို့နောက် သူက ရုတ်တရက် မေးလိုက်သည်"ငါ သူနဲ့ ကိုယ်တိုင် စကားပြောလို့ရလား"

"ဒါ အရမ်းခက်ခဲလိမ့်မယ်၊ အဖေ"ချင်ရှောက်ယန်က ခါးသီးစွာ ပြန်ပြောသည်.။"ငါ့ကို ပြောပြီးတာနဲ့ ထန်ရှုက ဖုန်းတန်းချခဲ့တယ်၊ သူက ထပ်မပြောချင်တော့ဘူးလို့ ဆိုလိုတယ်။ မင်း သူ့ကို ခေါ်ရင်တောင် သူ ဘာမှ ထပ်မပြောဖို့ များတယ်"

သက်ပြင်းချလျက် ချင်ရွှယ်ဖန်က အကူအညီမဲ့စွာ ပြောသည်"ဒါဆိုလဲ လွှတ်ချလိုက်ကြတာပေါ့။ သူကိုယ်တိုင် သတင်းပေးတယ်ဆိုတော့ ဖန်‌တွေက ဒုက္ခကြီးတစ်ခု ရင်ဆိုင်ရမှာ သေချာတယ်။ ဖန်တွေနဲ့ ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းရမယ်၊ ဆုံးရှုံးမှု ဘယ်လောက်ပဲ ဖြစ်ဖြစ် ငါတို့ မြှုပ်နှံထားသမျှအားလုံးကို ရုတ်သိမ်းရမယ်"

"ဆုံးဖြတ်ချက်က အလျင်လိုလွန်းတယ်လို့ မင်း မထင်ဘူးလား၊ အဖေ"ချင်ရှောက်ကျီက ကြားဖြတ်ပြောလိုက်သည်"ထန်ရှု‌ဖုန်းခေါ်လာရုံနဲ့ မင်းက ဒီလို ဆုံးဖြတ်ချက်ကြီးတစ်ခုကို ချမှတ်ခဲ့တာပဲ။ နောက်ကျလို့ ဘာမှ မဖြစ်ဘူးဆိုရင် ငါတို့က ဖန်မိသားစုကို လုံးဝဆန့်ကျင်လိုက်တာပဲ"

"မင်း နားမလည်တဲ့အရာတွေ အများကြီး ရှိတယ်၊ ရှောက်ကျီ"ချင်ရွှယ်ဖန်က ပြောသည်"ပေကျင်းရဲ့ထန်တွေက တရုတ်ပြည်ရဲ့အားအကောင်းဆုံးမိသားစု‌တွေထဲကတစ်ခုပဲ။ ကြွယ်ဝမှု၊ အာဏာ ဒါမှမဟုတ် ကွန်ရက်အရ ဖြစ်စေ၊ သူတို့အနေနဲ့ ဖန်မိသားစုကို အလွယ်တကူ ဖျက်ဆီးလို့ရတယ်။ ဒီလိုပုဂ္ဂိုလ်တစ်ယောက်နဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိတာ အကောင်းဆုံးပဲ၊ ငါ လုပ်ချင်လွန်းလို့ စောင့်နေတဲ့အရာတစ်ခုပဲ၊ ဒါပေမယ့် မအောင်မြင်နိုင်ခဲ့ဘူး။ ဒါပေမယ့် ရှောက်ယန်က လုပ်နိုင်ခဲ့တယ်။"

"ရှောက်ယန်က ထန်ရှုနဲ့ မိတ်ဆွေဖြစ်ပြီးနောက် သူ့အကြောင်း ငါ လျှို့ဝှက်စုံစမ်းခိုင်းခဲ့တယ်။ ရလဒ်က အရမ်းထိတ်လန့်စရာကောင်းတယ်။ ထန်ရှုက ထန်တွေရဲ့အထူးချွန်ဆုံးမျိုးဆက်ပဲ။ အချက်အလက်တစ်ခုအနေနဲ့ ပြောရရင် သူက သူ့အဖေထန်ယွမ်ဒိီကို ကိုယ်တိုင်ကုသပေးခဲ့တယ်၊ ဒါက ထန်မိသားစုထဲမှာ သူ့နေရာကို မိုးထိ မြင့်တက်သွားစေတယ်၊ ထန်မိသားစုခေါင်းဆောင်ကတောင် သူ့ကို အများကြီး ဂရုစိုက်ရတယ်"

"ငါတို့မိသားစုက ယွမ်ငါးဘီလီယံကို ဆုံးရှုံးနိုင်တယ်၊ ဒါက ငါတို့မိသားစုလက်ခံရမယ့် ထိုးနှက်ချက်တစ်ခုပဲ။ ဒါပေမယ့် ‌ရှောက်ယန်နဲ့ထန်ရှုကြားဆက်ဆံရေးက ပိုနက်ရှိုင်းလာမယ်ဆိုရင် ဒါက ပိုထိုက်တန်တယ်"

ချင်ရွှယ်ဖန်၏မျက်လုံးများက ဉာဏ်အလင်းတို့ တလက်လက်ဖြာနေလေသည်။ စကားပြောခြင်းကို ရပ်တန့်ပြီးနောက် သူက သက်ပြင်းချလိုက်သည်"ထန်ရှုပေးတဲ့သတင်းက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ ရှောက်ယန်က သူ့ကို ယုံကြည်တယ်၊ ဒါကြောင့် ငါတို့က သူ့ကို ယုံကြည်ရမယ်။ ဒါပေမယ့် ကိစ္စတစ်ခုလုံးက အမှန်တကယ်ဖြစ်ပြီး ဖန်တွေက နိမ့်ကျသွားခဲ့မယ်ဆိုရင် ငါတို့မိသားစုက သူတို့နဲ့ ဘာဆယ်နွယ်မှုမှ မရှိနေတော့ဘူး။ ဒါက ငါတို့ရဲ့ဉာဏ်အရှိဆုံးရွေးချယ်မှု ဖြစ်လာလိမ့်မယ်"

"မင်းရဲ့ခွဲခြမ်းစိတ်ဖြာမှုက ကောင်းပါတယ်၊ အဖေ။ ဒါပေမယ့် ငါ မေးခွန်းအနည်းငယ် မေးချင်သေးတယ်။ ထန်ရှုက အနာဂတ်မှာ ထန်မိသားစုခေါင်းဆောင်နေရာကို တကယ်ပဲ အမွေဆက်ခံနိုင်မှာလား"

"မင်းရဲ့အမြင်က ကျဉ်းလွန်းတယ်၊ ငါ့သား"ချင်‌ရွှယ်ဖန်က ခေါင်းခါယမ်းကာ ပြောသည်"ခေါင်းဆောင်နေရာက သူ့မျက်လုံးထဲတောင် ဝင်မယ်လို့ ငါ မထင်ဘူး။ လက်ရှိမှာ သူက ဘယ်လောက်ကြွယ်ဝသလဲဆိုတာ မင်း သိလား"

"သူက ဘယ်လောက် ချမ်းသာတာလဲ။ သူ့ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုက ယွမ်ဆယ်ဘီလီယံကို ကျော်လွန်တာလား"ချင်ရှောက်ကျီက ရှုပ်ထွေးသောအကြည့်နှင့် မေးလိုက်သည်။

"မင်းက အနာဂတ်မှာ ခပ်ဝေးဝေးသွားချင်ရင် မင်းကိုယ်မင်း ခေတ်နဲ့အညီ အမြန်ပြုပြင်ရမယ်၊ ရှောက်ကျီ"ချင်ရွှယ်ဖန်က သူ့အား ငြင်းဆိုလိုက်သည်"ငါ့ရဲ့ယခင်စုံစမ်းမှုတွေအရ ထန်ရှုရဲ့ကိုယ်ပိုင်မကောင့်ထဲမှာ ယွမ်ဆယ်ဘီလီယံချီရှိတယ်။ ဒီနှစ်ဝက်အတွင်းမှာ သူ့ရဲ့ကုမ္ပဏီက အဆက်မပြတ် တိုးတက်လာနေတယ်။ ဒီကုမ္ပဏီရဲ့နာမည်ကြီးထုတ်ကုန်တွေကနေရတဲ့အကျိုးအမြတ်တွေအကြောင်း မပြောနဲ့အုံး၊ ကြယ်တာရာမြို့စီမံကိန်းကနေ‌တောင် သူက အမြတ်အစွန်း အမြောက်အများ ရခဲ့တယ်"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"ချင်ရှောက်ကျီက တုန်လှုပ်စွာ မေးလိုက်သည်။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ"ချင်းရွှယ်ဖန်က သက်ပြင်းချလိုက်သည်။"ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ထုတ်ကုန်အတွက်လိုအပ်ချက်က ဈေးကွက်ထဲမှာ ထောက်ပံ့နိုင်တာထက် ပိုလွန်တယ်။ သူတို့က အများကြီးထုတ်လုပ်နိုင်ရင်တောင် သူတို့ရဲ့ထုတ်ကုန်တွေက ဈေးကွက်ထဲမှာ ပြတ်လပ်နေတုန်းပဲ။ ဒီလိုအကျိုးအမြတ်ကြီးတဲ့အနေအထားက စီးပွားရေးလုပ်ငန်းရှင်တိုင်း မနာလိုဖြစ်ရတဲ့အရာပဲ။ ပြီးတော့ ကြယ်တာရာမြို့စီမံကိန်းမှာ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့အတူ အဖွဲ့ဘယ်လောက်ပါဝင်နေသလဲဆိုတာ မင်း သိလား"

"ငါ မသိဘူး"ချင်ရှောက်ကျီက ခေါင်းခါယမ်းလိုက်သည်။

"ငါ မင်းကို အဲဒီအကြောင်း ပြောပြမယ်၊ အကို"ချင်ရှောက်ယန်က ကြားဖြတ်ပြောလိုက်သည်။"ကြယ်တာရာမြို့စီမံကိန်းကို အင်အားစုခုနှစ်စုနဲ့ တည်ဆောက်နေတာ၊ ပေကျင်းရဲ့ထန်နဲ့ချူမိသားစု၊ ကြယ်တာရာမြို့ရဲ့လုံမိသားစု၊ ကျင်းမန်ကျွန်းရဲ့အိုးရန်မိသားစု၊ ဟိုင်ချင်းခရိုင်ရဲ့မြောင်မိသားစုနဲ့ဇာစ်မြစ်မသိတဲ့ဆန်းကြယ်တဲ့လူတစ်ယောက်ဖြစ်တဲ့ရှောက်မင်ကျန့်တို့ပဲ။ ဒီခုနှစ်ဖွဲ့ရဲ့စွမ်းအားနဲ့ကြွယ်ဝမှုက ယွမ်ဘီလီယံချီရှိတယ်။ ပြီးတော့ အဖေကတောင် မစဉ်းစားရဲတဲ့အရာတစ်ခုလဲ ရှိတယ်"

"အာ၊ ဘာများလဲ"ချင်ရှောက်ကျီက ပဟေဠိဖြစ်သောအကြည့်တစ်ခုနှင့် မေးလိုက်သည်။

"ဒီခုနှစ်ဖွဲ့ ကြယ်တာမြို့စီမံကိန်းအတွက် ပူးပေါင်းတုန်းက ထန်ရှုက ပေကျင်းထန်မိသားစုရဲ့အဖွဲ့ဝင်တစ်ယောက်တောင် မဟုတ်သေးဘူး။ အဲဒီအချိန်တုန်းက သူက ထန်မိသားစုရဲ့မျိုးဆက်ဆိုတာ သူ မသိဘူး၊ ဒါပေမယ့် သူက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကို သုံးပြီး အခြားအဖွဲ့ခြောက်ခုနဲ့ ပူးပေါင်းနိုင်ခဲ့တယ်၊ သူက ခေါင်းဆောင်နေရာတောင် ရယူနိုင်ခဲ့တယ်"

ဟူး...

ချင်ရှောက်ကျီက ထိတ်လန့်ကာ ပင့်သက်ရှိုက်မိသွားသည်။လူအချို့က ကြောက်စရာကောင်းသောပါရမီတို့ ရှိသည်ဟု ကြားဖူးသော်လည်း ဒီလိုကြောက်စ‌ရာကောင်းသောပါရမီနှင့်တစ်ယောက်က သူ ဘယ်တော့မှ မကြားဖူးသည့်အရာပင်။ ဒါက ကြောက်စရာကောင်းလွန်းပေ၏။

ချင်ရွှယ်ဖန်ကိုယ်တိုင်က အနည်းငယ်တုန်လှုပ်သွားကာ သက်ပြင်းချလိုက်သည်။"ထန်ရှုရဲ့စွမ်းအားက ဒီထက် ပိုတယ်။ အမာကျားတုန်ပိုင်ဟူကို သူ သတ်ခဲ့တယ်လို့ ကောလဟာလရှိတယ်။ ယောင်တွေကို ထန်မိသားစု အနိုင်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ပါဝင်မှုကြောင့်လို့ သတင်းစကားထွက်နေတယ်။ ကျန်းယွဲ့မင်ကို မင်း သိလား။ သူက ငါနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးလာတဲ့ ရောင်းရင်းတစ်ယောက်ပဲ။ ငါ သူနဲ့ သောက်နေတုန်းက အနာဂတ်ကမ္ဘာကို ထန်ရှုက ပိုင်ဆိုင်လိမ့်မယ်လို့ သူ ပြောခဲ့တယ်"

ချင်ရှောက်ကျီက နှုတ်ဆိတ်သွားသည်။ သူ့ညီချင်ရှောက်ယန်၏စကားအား သူ လက်မခံလို့ရသော်လည်း သူ့အ‌‌ဖေက မတူညီသောကိစ္စတစ်ခုဖြစ်၏။ ထန်ရှုက တကယ် ကြောက်စရာကောင်းသည်ဟု နှစ်ယောက်လုံးက ဆိုနေသည်။

စီးကရက်ချပြီးနောက် ချင်ရွှယ်ဖန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်"ကောင်းပြီ၊ ရှောက်ယန်။ ဖန်တွေနဲ့ပတ်သက်သမျှ ငါတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ ငါ့ကို ကူညီပေး။ ပြီးတော့ မင်း ထန်ရှုဆီ ဆယ်သွယ်ပြီး သူ့ဆီကနေ ပိုအသုံးဝင်တဲ့သတင်းအချက်အလက်တွေ ရနိုင်မလား တီးခေါက်ကြည့်။ ပြီးတော့ ရှောင်ကျီ၊ စိီးပွားရေးဘယ်လိုလုပ်ရသလဲဆိုတာ မင်း မသိတာကြောင့် မင်း အရင် ပြန်လို့ရတယ်"

***

All Chapters