← Chapters

သူရဲကောင်းများ

Vol. 74 Ch. 1032

သူရဲကောင်းများ

Vol. 74 Ch. 1032

ဤနေရာက အထပ်မြင့်တိုက်ကြီးများ၊ ကုန်ပစ္စည်းကောင်းများစွာ ခင်းကျင်းပြသထားသည့် ဆိုင်တန်းများနှင့် ပြည့်နှက်နေသော ဘလောက်တစ်ခုဖြစ်၏။ သို့သော် လက်ရှိတွင် ဤ‌နေရာက သေနတ်သံများဆူညံနေသလို သွေးရနံ့များက လွှင့်ပျံနေလျက်ရှိသည်။

ထန်ရှုက ဤဘလောက်နှင့် နီးကပ်လာသည်နှင့်အမျှ သေနတ်သံများက ပိုပီသလေဖြစ်၏။ သူတို့က လမ်းဆုံသို့ ရောက်ရှိလာသည်။ ဝမ်းနည်းစရာကောင်းသောမြင်ကွင်းတစ်ခုက သူတို့အား စောင့်ကြိုနေခဲ့သည်။ ကားဒါဇင်ကျော်က ပျက်ဆီးနေပြီး နေရာတိုင်းတွင် ဒုက္ခသည်များက ရှိနေပေ၏။

"ဘယ်လိုတောင် ရှုပ်ထွေးနေတာလဲ"

ရဲကားဒါဇင်ကျော်က ပတ်ဝန်းကျင်တစ်ဝိုက် လမ်းများအား ပိတ်ဆို့ထားသည်ကို မြင်တွေ့လိုက်ရသည်။ သေနတ်ကိုင်ထားသည့်ရဲသားဆယ်ယောက်က လူဆိုးကောင်လေးဒါဇင်နှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေသည်။ အကူအညီမဲ့သောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ ထိုလူဒါဇင်ကျော်မှ အလောင်းစွမ်းအင်အား သူ အာရုံခံနိုင်သည်။

"မင်းတို့ကောင်တွေ ဒီလူတွေနဲ့ ရင်ဆိုင်လိုက်"ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည်။

ထန်၂၈က ခေါင်းညိတ်လိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွား၏၊ သို့သော် သူ့အဖော်များက ရပ်‌နေသေးသည်ကို မြင်ပြီး သူက ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက ထန်ရှုအား ချက်ချင်းကြည့်ပြီးနောက် အဖော်လေးယောက်ထံ ပြန်ပြောင်းလျက် ဆိုလိုက်သည်"ငါ မင်းတို့ကို ရွေးထားတာ၊ ဒါကြောင့် မင်းတို့က ဂိုဏ်းချုပ်နောက်ကို လိုက်ချင်တယ်ဆိုရင် ငါ့အမိန့်ကို နာခံရမယ်"

"ဒါပေမယ့် ငါတို့ အရင်က လူမသတ်ဖူးဘူး"ကောင်လေးတစ်ယောက်က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ပြန်ဖြေသည်။

ထန်၂၈က ထန်ရှုအား တုံ့ဆိုင်းနေသောမျက်နှာထားနှင့် ပြန်ကြည့်လိုက်သည်။ သူက လူတစ်ယောက်မှ မသတ်ဖူးပေ။ သူက ခါးသီးကြမ်းတမ်းသောဘဝတစ်ခု ရှိခဲ့သော်ငြား၊ အခြားကလေးများနှင့် ရန်ဖြစ်ခြင်း၊ လူအများ၏အနိုင်ကျင့်ခံရခြင်းတို့က သူ့အတွက် သာမန်ကိစ္စတစ်ခုသာ ဖြစ်သော်ငြား လူသတ်ရမည့်အချိန်တွင် သူ့ထံတွင် မရှင်းပြတတ်သောကြောက်ရွံ့မှုတစ်ခုက တည်ရှိနေပေသည်။

ကလေးငါးယောက်အား ကြည့်ရင်း ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"သူတို့နဲ့ ရင်ဆိုင်ဖို့ပဲ ငါ ပြောခဲ့တယ်၊ သူတို့ကို သတ်ရမယ်လို့ ငါ မပြောခဲ့ဖူးဘူးလေ။ ဒီအနေအထားက သတ်ဖြတ်ဖို့အတွက် မသင့်လျော်ဘူး။ ဒါကြောင့် မင်းတို့တွေအနေနဲ့ သူတို့ကို သတိလစ်‌မေ့မြောသွားအောင် လုပ်ဖို့ပဲ လိုတယ်"

ထန်၂၈က ခေါင်းညိတ်ကာ လျင်မြန်စွာ ပြောလိုက်သည်"ငါတို့ ချက်ချင်း ထွက်သွားပါ့မယ်၊ ဂိုဏ်းချုပ်"

သူ့အသံပျောက်ကွယ်သွားပြီးနောက် သူနှင့်အဖော်လေးယောက်က အဝေးသို့ ပြေးသွားသည်။ သူတို့၏အရှိန်အရ သူတို့အား အာရံစိုက်နေသူများလျှင်ပင် သူတို့၏နောက်ဆက်တွဲပုံရိပ်များကိုသာ မြင်နိုင်ပေသည်။

ထို့နောက် ထန်ရှုက လမ်းဆုံရှိ အလောင်းများအား လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူ့အာရုံက မြေပြင်ပေါ် လဲခွေ‌နေသည့် ဒဏ်ရာရအမျိုးသားတစ်ယောက်ထံ ရောက်ရှိသွား၏။

"လူတွေကို ကယ်ဆယ်ဖို့အချိန်ပဲ"

သူက တုံ့ဆိုင်းမနေပေ၊ ကျည်ဆံများအား မကြောက်သည့်အတိုင်း သူက လမ်းဆုံသို့ ပြေးသည်။ကျည်ဆံများ ရှောင်တိမ်းရန် တိုက်မိထားသောကားများအား အကာအကွယ်ယူလျက် ကားပျက်တစ်စီးအနီးသို့ လျင်မြန်စွာ ရောက်ရှ်ိလာခဲ့၏။

"ငါ့ကို ကူညီပါ၊ ငါ့ခြေထောက်တွေ ပိနေတယ်"

r’s door.

ယာဉ်မောင်းခုံတံခါးတစ်ခု ပွင့်သွား၏၊ မျက်နှာတွင် သွေးတို့ ပြည့်နေသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ထန်ရှုအား အသနားခံစွာ ကြည့်လိုက်ချေသည်။

ထန်ရှုက မီတာတစ်ရာအား လွှမ်းခြုံရန် သူ၏ထိုးထွင်းသိမြင်မှုအား ထုတ်လွှတ်လိုက်သည်။ လွှမ်းခြုံထားသည့်ဧရိယာတစ်ဝိုက်တွင် ကျည်ဆံများ ပျံသန်း‌နေသည်ကိုပင် သူက အမိအရ ဖမ်းယူနိုင်၏။ ထို့နောက် သူ့ရှေ့ရှိသက်လတ်ပိုင်းအရွယ်ယောက်ျားအား ကြည့်ကာ ထရပ်ပြီး ကားထဲသို့ ဝင်လိုက်သည်။ သို့နောက် ထိုလူကြီး၏ခြေထောက်အား ဖိထားသည့် အရာဝတ္ထုအား ဖယ်ရှားလိုက်၏။

ဝှစ်၊ ဝှစ်...

ထန်ရှုက ငွေရောင်အပ်များအား ကမန်းကတန်း ထုတ်ကာ လူကြီး၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာနှစ်ခုတစ်ဝိုက်ရှိသွေးကြောဆုံမှတ်များအား ထိုးဖောက်လိုက်သည်။ ထို့နောက် ထိုလူအား ကားထဲမှ ဆွဲထုတ်ပေး၏။ ထို့နောက် သူက အသံနိမ့်လျက် ပြောလိုက်သည်"မစိုးရိမ်ပါနဲ့၊ ကျုပ်က တရုတ်တိုင်းရင်းဆေးဆရာတစ်ယောက်ပါ။ ခင်ဗျားက ဒဏ်ရာအပြင်းအထန် ရထားတယ်၊ ခင်‌ဗျားရဲ့ခြေထောက်က ကျိူးသွားပြီ။ ကျပ် ခင်ဗျားရဲ့ဒဏ်ရာတွေကိုတော့ သွေးမထွက်အောင် ပိတ်ထားပြီးပြီ၊ ဒါကြောင့် ခင်များရဲ့အသက်အန္တရာယ်ကို စိုးရိမ်စရာမလိုတော့ဘူး။ ဒီမှာပဲ နေပြီး ဘယ်မှ မရွေ့နဲ့။ လူဆိုးကောင်းလေးတွေကို ရဲသား‌တွေ ဖမ်းပြီးသွားရင် ခင်ဗျားကို ကုသဖို့ ဆရာဝန်တွေ ရောက်လာမှာပါ"

သက်လတ်ပိုင်းအမျိုးသားက ထန်ရှုလက်အား ဆုပ်ကိုင်ကာ ကမန်းကတန်း မေးလိုက်သည်"ကျုပ်ရဲ့ခြေထောက်တွေကို ကုသနိုင်မှာလား၊ ဒေါက်တာ။ ကျုပ်..."

သူ့ပခုံးအား ပုတ်လျက် ထန်ရှုက ခေါင်းညိတ်ကာ ပြောသည်။"စိုးရိမ်စရာမလိုဘူး၊ ဒါတွေ အားလုံးပြီးတာနဲ့ ဆေးရုံမှာ မင်းကို လာရှာမယ်။ မင်းခြေထောက်တွေကို ငါ ကုသနိုင်တာမို့ စိတ်အေးအေးထားပါ။ အခြားသူတွေကိုလဲ ငါ ရှာဖွေကုသရအုံးမယ်၊ ဒါကြောင့် မင်းရဲ့ကိုယ်ပိုင်ဘေးကင်းမှုကိုပဲ အာရုံစိုက်ပါ"

"မင်းက လူတွေ ထပ်ကယ်အုံးမလို့လား၊ ဒေါက်တာ။ မြတ်စွာဘုရား...မင်း ရူးနေလေား...အဲဒီလူဆိုးတွေက ရဲသားတွေနဲ့ ပစ်ခတ်နေတာ။ မင်းသာ အခုလို လိုက်ပတ်သွားနေမယ်ဆိုရင်...ကျည်ဆံတွေမှာ မျက်လုံးမပါဘူးနော်၊ ဒေါက်တာ။ မင်း အပစ်ခံရရင် ဘယ်လိုလုပ်မှာလဲ"

"မစိုးရိမ်ပါနဲ့"ထန်ရှုက တည်ငြိမ်စွာ ပြုံးပြလျက် ပြောလိုက်သည်"ငရဲမင်းလက်ထဲက‌နေတောင် လူတွေရဲ့အသက်ကို လုယူနိုင်တာ၊ ဒါကြောင့် ကျုပ်ရဲ့အသက်ကို ကာကွယ်ဖို့ နည်းလမ်း ကျုပ်မှာ ရှိပါတယ်"

ထန်ရှုက ဆုံးဖြတ်ချက်ချထားလျက် လှုပ်ရှားတော့မည်ကို မြင်ပြီး ထို‌‌ယောက်ျားက ချက်ချင်း‌မေးလိုက်သည်"မင်းနာမည်ဘယ်လိုခေါ်လဲ၊ ဒေါက်တာ။ မင်းငါ့ကို ကယ်ခဲ့တယ်၊ ဒါကြောင့် ငါ မင်းနာမည်ကို သိချင်ပါတယ်"

"ကျုပ်နာမည်က ထန်ရှု"

ထန်ရှုက လှည့်မကြည့်ဘဲ ပြန်ဖြေသည်။ သူက နောက်ကားတစ်စီးအား အကာအကွယ်အဖြစ် သုံးလျက် ခုနှစ်မီတာအကွာတွင် လဲကျနေသော ဒဏ်ရာရလူနာထံ ပြေးသွား၏။ ကျည်ဆံများက သူ့ဘေးနားတစ်ဝိုက် ပျံသန်းနေပြီး ရဲများက အော်နေသော်ငြား သူက လစ်လျူရှုခဲ့သည်။

ခဏကြာပြီးနောက် ထန်ရှုက လူနာအား ကိုင်ထားသည်။ ထို့‌နောက် လူနာအား ပွေ့ချီကာ မီတာအနည်းငယ်အကွာရှိ ပျက်ဆီးနေသောSUVကားတစ်စီးထံ ပြေးသွား၏။ သို့သော် ထိုစက္ကန့်အနည်းငယ်လေးအတွင်း ရဲသားဒါဇင်က စိုးရိမ်လွန်းသဖြင့် ချွေးတို့နှင့် အေးစိမ့်စိမ့်ဖြစ်သွားကြသည်။

လမ်းဆုံမှ အရှေ့‌မြောက်ထောင့်တွင်။

အထပ်သုံးဆယ်ပါသည့် ရွှေလင်းယုန်စတိုးဆိုင်တွင် ပထမအထပ်မှ ဆယ့်နှစ်ထပ်အထိ အရောင်းကုန်ပစ္စည်းများနှင့် ပြည့်နေသည်။ ဆဌမအထပ်က အဝတ်အစားထားရှိသည့်‌နေရာဖြစ်ပြီး နာမည်ကြီးပြည်ပအဝတ်အထည်အမှတ်တံဆိပ်မျိုးစုံ ရှိ၏။ သို့သော် ပြတင်းပေါက်တစ်ခုအနားတွင် ထျန်ရှောင်မုံ့က ချွေးတို့ ထွက်နေလေ၏၊ သူမက ကင်မရာအား အောက်ဘက်ရှိတိုက်ပွဲထံ ချိန်လှည့်ထားလျက်ရှိသည်။

"ငါ့ကောင်တို့၊ ငါ အရမ်းဒေါသထွက်တယ်၊ ဝမ်းနည်းတယ်။ငါ မ‌ကျေနပ်တာက အပြစ်မရှိတဲ့သူတွေအတွက်ပဲ။ ဒါပေမယ့်...ကိုယ့်ကိုယ်ကိုယ် အရမ်း ဒေါသထွက်တယ်...ငါ ဘာမှ မလုပ်နိုင်တဲ့အတွက်...သူတို့ရဲ့အသက်တွေ ဆုံးရှုံးနေတာကို ဒီအတိုင်း ကြည့်‌နေရတယ်။ ဒီရွံစရာကောင်းတဲ့လူဆိုးတွေက ဘာလို့ ဒီလောက် ရက်စက်ရတာလဲ။ သူတို့က ဒီလိုလူစည်ကားတဲ့ဘလောက်မှာတောင် လူ သတ်ရဲကြတယ်"

"ငါ့ရဲ့ချစ်လှစွာသောပရိသတ်တို့၊ ဒီလိုကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခု တွေ့ကြုံရမယ်လို့ မုံ့ မထင်ထားခဲ့ဘူး။ ဖျော်ဖြေရေးအစီအစဉ်တစ်ခုတက်ရောက်ဖို့ ပေကျင်းကို လာခဲ့တာပဲ၊ ဒါပေမယ့်  အခုတော့ ဒီလိုငရဲတစ်ခုကို မြင်နေရတယ်။ ဒီရုပ်သံထုတ်လွှင့်ပလက်ဖောင်းကို ကြည့်နေကြတဲ့ ချစ်လှစွာသာပရိသတ်နဲ့သူငယ်ချင်းတို့ရေ၊ ကျေးဇူးပြု၍ ငါနဲ့ ပူးပေါင်းပြီး သူတို့အသက်ရှင်နိုင်အောင် ဆုတောင်းပေးကြပါ"

ထိုအချိန်တွင် ထျန်ရှောင်မုံ့၏ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ချန်နယ်အား ကြည့်ရှု‌သူအရေအတွက်က တစ်သိန်းကျော်သို့ ရောက်ရှိလာခဲ့သည်။ အချိန်ကြာလာတာနှင့်အမျှ ကြည့်ရှုသူအရေအတွက်က မယုံနိုင်လောက်သောအမြန်နှုန်းနှင့် တိုးလာခဲ့သည်။ ငါးမိနစ်အတွင်း subscriberအရေအတွက်က သုံးသိန်းကျော်လာခဲ့၏။

သို့သော် တစ်ယောက်မှ စကားမပြောကြသလို လက်ဆောင်များ မပို့‌ကြပေ။

ရုတ်တရက် ထျန်‌ရှောင်မုံ့က အနည်းငယ် တုန်ယင်သွားသည်။ သူမ၏တောက်ပသောမျက်လုံးများထဲတွင် မယုံကြည်နိုင်မှုတို့ ဖြစ်လာ၏။ ကင်မရာကိုင်ထားသည့်လက်က တုန်ယင်နေသော်လည်း သူက အံ့အားသင့်စွာ ပြောလိုက်သည်"သူ ဘယ်သူလဲ။ အဲ‌နေရာက ဒီလောက်အန္တရာယ်များတာ။ ဘာလို့ သူက ပြေးလွှားနေရတာလဲ"

"ဘယ်သူလဲ"

သူမအသံကို ကြားပြီး လူသိန်းချီက သိလိုစိတ်တို့ ပြင်းထန်လာခဲ့သည်။ ထိုအချိန်တွင် လူအချို့က ပုံရိပ်အား ဖော်ထုတ်နိုင်နေပြီဖြစ်၏။

"ထန်ရှု"

အမည်မသိလူတစ်ယောက်၏မှတ်ချက်စကားလုံးနှစ်လုံးက ထွက်ပေါ်လာခဲ့၏။

ရုတ်တရက် လူသိန်းချီသောကြည့်ရှုသူများအား မြင်ကွင်းက ဆွဲခေါ်သွားခဲ့သည်။ ထို‌နေရာတွင် ပုံရိပ်တစ်ခုက ပျက်ဆီးနေသောSUVကားတစ်စီးထံ ပြေးနေ၏၊ သူကား ထန်ရှု၊ နာမည်ကြိီးစီးပွားရေးလုပ်ငန်းပိုင်ရှင်တစ်ယောက်၊ ရွှေရောင်နှလုံးသားရှိသည့်ဆရာဝန်တစ်ယောက်အဖြစ် လျင်မြန်စွာ မှတ်မိသွားကြသည်။

"အဲဒါ ထန်ရှုပဲ"

"ထန်ရှုပဲ"

"ထန်ရှုပဲ"

“…”

"..."

ကြည့်ရှုသူများစွာက မှတ်ချက်များ စတင်ပေးလာကြတော့၏။

ထန်ရှုပုံရိပ်အား မလွတ်တမ်း စိုက်ကြည့်နေရင်း ထျန့်ရှောင်မုံ့၏အသက်ရှုသံက မြန်ဆန်လာသည်။ သူမမျက်လုံးထဲတွင် စိုးရိမ်မှုနှင့်ဂနာမငြိမ်မှုတို့ ပြည့်နေ၏။ မျက်ရည်များက မျက်လုံးအိမ်များမှ စီးကျနေလျက် ရှိသည်။

"သူက သူတို့ကို ကယ်နေတာပဲ..."

ရှိုက်ကြီးတငင်ရေရွတ်ရင်း ထန်ရှုက မြေပြင်ပေါ်တွင် ခွေလဲနေသောလူနာအား ကယ်ဆယ်ခဲ့သည်ကို ထျန်ရှောင်မုံက ကြည့်နေခဲ့သည်။

ရုတ်တရက် သူမက တစ်ခုခုအား သတိရသွားပုံပေါ်၏။ သူမအသံက သိန်းချီသောကြည့်ရှုသူများထံ ပျံ့နှံ့သွားလေသည်-

"ချစ်မိတ်ဆွေတို့၊ မင်းတို့အားလုံး မမှားဘူး။ သူက  တကယ်ကို ထန်ရှုပဲ။ ငါအလေးစားဆုံးပုဂ္ဂိုလ်၊ ငါတို့တိုင်းပြည်ရဲ့လူငယ်နတ်ဆေးဆရာဝန်ပဲ။ အခု သူက ကျည်ဆံမိုး‌‌တွေကြားထဲမှာ ဒဏ်ရာရသူတွေကို ကယ်ဆယ်နေတယ်။ ကျွန်မထျန်ရှောင်မုံ့က ကောင်းကင်ဘုံနှင့်နတ်ဘုရားတွေကို အသနားခံပါတယ်- ကျေးဇူးပြုပြီး သူ့ကို ကောင်းချီပေးသနားတော်မူပါ။ ကျေးဇူးပြုပြီး သူ့ကို ဘေးကင်းအောင် စောင့်ရှောင်ပေးတော်မူပါ..."

"သူ့ကို ကောင်းချီပေးပါ"

"သူ့ကို ကာကွယ်ပေးပါ"

"..."

မှတ်ချက်ထဲတွင် "ကောင်းချီးနှင့်ကာကွယ်ခြင်း"စာလုံးများက ထန်ရှုနာမည်အား အစားထိုးသွားသည်။ သူတို့၏ဆုတောင်းမှုများက  မှတ်ချက်တစ်လျှောက် ပြည့်နှက်သွား၏။ ထန်ရှုနာမည်အား သူတို့နှလုံးသားထဲ၌ နက်ရှိုင်းစွာ ထွင်းထုထားသည်၊ သူတို့က ဤမျက်နှာအား အမြဲတမ်း အမှတ်ရ‌နေမည်ဖြစ်၏။

သတ္တိရှိတယ်ဆိုတာ ဘာလဲ။ သူရဲကောင်းတစ်ယောက်က ဘယ်လိုမျိုးလဲ။

ဤမတိုင်ခင်တုန်းက သူရဲကောင်းတစ်ယောက်၏တည်ရှိမှုက ယနေ့ခေတ်တွင် ရှာတွေ့ရန် ခက်ခဲသည်ဟု ပြောကြသည်။ သို့သော် ယခု သူရဲကောင်းတစ်ယောက်အား သူတို့ မြင်တွေ့ခဲ့ရချေပြီ။ တစ်ယောက်ယောက်က သူ၏ဘေးကင်းမှုကို လစ်လျူရှုကာ အချိန်မရွေးသေနိုင်သောကျည်ဆံမိုးအောက်တွင် လူအများအား ကယ်ဆယ်ရန်အတွက် အပြးအလွှားလှုပ်ရှားနေခဲ့သည်။

အချိန်က တရွေ့ရွေ့ ကုန်လွန်လာ၏၊ ထျန်ရှောင်မုံ့၏ချန်နယ်အား ကြည့်ရှုသူအရေအတွက်က ပိုပိုတိုးလာပြီး ဆယ်မိနစ်အတွင်း ၁.၅ဘီလီယံအား ‌ကျော်လွန်ခဲ့သည်။ သို့သော် ထိုပုံရိပ်က ကျည်ဆံမိုးများအောက်၌ မရပ်မနားပြေးလွှားနေသေးသည်ကို မြင်ပြီး လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ရှစ်ယောက်မြောက်။ သူက လူနာရှစ်ယောက်ကို ကုသပေးပြီး ယာယီဘေးကင်းတဲ့နေရာဆီလဲ ခေါ်သွားပေးတယ်။ ဒီလူက ငါ့ရဲ့စံပြပဲ။ ငါ အလေးစားဆုံး လူတစ်ယောက်ပဲ။ သူ ဘေးကင်းပါစေ"မျက်နှာပေါ်ရှိ မျက်ရည်စက်များနှင့်အတူ ထျန်ရှောင်မုံ့၏အသံက လူ၁.၅သန်းကျော်၏နားထဲသို့ ဖြတ်သန်းသွားခဲ့၏။

***

All Chapters