ထူးဆန်းသော အဆုံးသတ်
Vol. 74 Ch. 1033
ကျည်ဆံများ ဝဲပျံနေသည့် အန္တရာယ်များသည့်အနေအထားက ထန်ရှုအား လုံးဝ မသက်ရောက်ခဲ့ပေ။ သူ၏ထိုးထွင်သိမြင်မှုကိုသာ မှီခိုရင်း ကျည်ဆံများအား ရှောင်တိမ်းကာ ဒဏ်ရာရထားသူများအား ဆက်လက်ကုသနေခဲ့၏။ ထျန်ရှောင်မုံ့၏ချန်နယ်အား ကြည့်ရှုနေသူ လူတစ်သန်းကျော်ကလွဲပြီး အနီးနားရှိ လမ်းများထဲတွင် ပုန်း အောင်းနေသော လူထောင်ချီက သူ့ထံတွင်သာ မျက်လုံးတို့ တွယ်ငြိနေလေသည်။
ထိုမျက်လုံးများက စိုးရိမ်မှုများနှင့် ပြည့်နေသလို ရိုသေလေးစားမှုများနှင့်လည်း ပြည့်နေသည်။
သူတို့၏နှလုံးသားအတွင်းမှ ပေါ်ထွက်လာသည့် စစ်မှန်သောခံစားချက်များ ဖြစ်ကြသည်။
ဤအချိန်အတောအတွင်း ပေကျင်း၊ ကျင်းဖန်ခရိုင်၏ပြည်သူ့လုံခြုံရေးဗျူရို၏ဒုညွှန်မှူးဖြစ်သည့်ဝမ့်ဟိုင်လည်း ရောက်ရှိနေသည်။ သူက တစ်ချိန်က စစ်တပ်ထဲတွင် လေးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်၏။ သတင်းရရှိပြီးနောက် သူက ဌာနမှ ရဲသားများကို ဦးဆောင်ကာ ဤနေရာသို့ ရောက်လာခဲ့သည်။
သို့သော် သတ်ဖြတ်သူများအား ရင်ဆိုင်ရခက်ခဲနေခြင်းက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်သည်။ သတ်ဖြတ်သူအနည်းငယ်အား သတ်နိုင်ခဲ့သော်လည်း တိုက်ပွဲက မဆုတ်သာမတိုးသာအခြေအနေတွင် ရှိနေ၏။ သူက အထက်မှ စစ်ကူတောင်းထားသော်လည်း လွန်ခဲ့သောမိနစ်အနည်းငယ်အတွင်း ရောက်ရှိလာသည့် ရဲသားအရေအတွက်က လေးဆယ်ကျော်ကျော်သာ ရှိ၏။
"သူ ဘယ်သူလဲ"
ရဲကားတစ်ကားနောက်တွင် မှီကာ ကားနောက်တွင်ပုန်းနေသောထန်ရှုအား ကြည့်ရင်း ဝမ့်ဟိုင်၏မျက်နှာက လေးစားမှုတို့ ရှိနေလေသည်၊ သို့သော် ဤလူငယ်က ဒဏ်ရာရထားသူများအား ကုသပေးနေသည်ကို မြင်ပြီး သူက ပဟေဠိတို့ ဖြစ်နေ၏။ စစ်တပ်ထဲရှိ စစ်ဆရာဝန်များထက် ပိုရဲရင့်သည့်ဆရာဝန်တစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။
သူ့ဘေးနားတွင် ပုန်းနေသော အခြားရဲသားတစ်ယောက်လည်း ရှိ၏။ သူက ပြန်ပြောသည်"ခေါင်းဆောင်ဝမ်၊ သူ့နာမည်က ထန်ရှု၊ တိုင်းပြည်ရဲ့အလွန်ကျော်ကြားတဲ့တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ယောက်ပဲ။ သူ့ကို နတ်ဆေးဆရာဝန်လို့ သာမန်လူတွေက ခေါ်ကြတယ်။ ဒိီလိုတိုက်ပွဲကြားမှာ သူက အန္တရာယ်ကို လစ်လျူရှုပြီး လူတွေကို မကြောက်မရွံ့ ကယ်တင်ပေးမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
သေချာပေသည်။ သူက ဆရာဝန်တစ်ယောက်ဖြစ်၏။
ဝမ့်ဟိုင်၏လေးစားမှုက ပိုနက်ရှိုင်းလာပြီး သူက လေးနက်သောအသံနှင့် ပြောလိုက်သည်"တရုတ်ရဲ့ဆရာဝန်တွေအားလုံး သူ့လိုပဲဆိုရင် ငါတို့ပြည်သူလူထုအတွက် ကောင်းချီးပေးတာပဲ။ လောလောဆယ် သူ့အကြောင်း မပြောနဲ့အုံး၊ သူ ဘေးကင်းဖို့ပဲ မျှော်လင့်ကြတာပေါ့။ ငါတို့ရဲ့အထက်ကို မြန်မြန် ဆက်သွယ်ပြီး စစ်ကူပို့ဖို့ ပြောလိုက်"
"နားလည်ပါပြီ"
ရဲသားက ပြန်ဖြေ၏။ သို့သော် စကားပြောစက်အား ထိလိုက်ချိန်တွင် တစ်ဖက်အဖွဲ့မှ ကျည်ဆံအရေအတွက်က လျော့နည်းလာသည်ကို သိလိုက်ရသဖြင့် သူက နားမလည်နိုင်ဖြစ်သွားသည်။
"ဘာဖြစ်နေတာလဲ။ သူတို့က ကျည်ကုန်သွားလို့များလား"
ထိုအချိန်တွင် ဝမ့်ဟိုင်လည်း အနေအထားအား အာရုံခံနိုင်သည်။ ပတ်ဝန်းကျင်အား လေ့လာရန် သူက ခေါင်းပြူကြည့်လိုက်သည်၊ သံသယတို့က သူ့ထံ မြင့်တက်လာတော့၏။ တစ်ဖက်အဖွဲ့မှ တစ်ယောက်သာ ပစ်ခတ်နေသေးပြီး ကျန်သူများအားလုံးက ငြိမ်နေလေသည်။
"ဒါ ဆိုးတာပဲ၊ သူတို့တွေ ထွက်ပြေးသွားကြတာလား"
ဤအချက်အား စဉ်းစားမိပြီး ဝမ့်ဟိုင်က ရုတ်တရက် အော်လိုက်သည်။"မင်းတို့အချို့ ငါနဲ့အတူ အဲနေရာကို လိုက်လာခဲ့၊ ငါတို့တွေ ဒီလူသတ်သမားတစ်ယောက်မှ ထွက်ပြေးခွင့်ပြုလို့မရဘူး"
ရဲသားလေးယောက်က ဝမ့်ဟိုင်နောက်သို့ ချက်ချင်း လိုက်လာသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့က လူသတ်သမားများရှိရာအနောက်ဘက်၌ ထွက်ပေါ်လာခဲ့၏။ သို့သော် ထိုအချိန်တွင် နောက်ဆုံးသေနတ်ပစ်သံက အဆုံးသတ်သွားပြီဖြစ်၏။
"ဘာတွေ ဖြစ်နေတာလဲ"
သံသယနှင့်ပဟေဠိဖြစ်မှုတို့နှင့်အတူ ဝမ့်ဟိုင်က ရှေ့သို့ လျင်မြန်စွာ ပြေးသွား၏။ လူသတ်သမားများ၏ကားများအား မြင်လိုက်ရသလို သူတို့တစ်ယောက်ချင်းစီက မြေပြင်ပေါ်၌ လဲကျနေသည်ကို တွေ့လိုက်ရသည်၊ သူတို့က သေသလားရှင်သလားကိုပင် မသိပေ။ မယုံကြည်နိုင်သောမျက်လုံးများနှင့်အတူ သူက အမြန်စစ်ဆေးလိုက်သည်၊ ခုခံနေသောလူသတ်သမားတစ်ယောက်မှ မတွေ့တော့ပေ။
"သွား သွား သွား..."
ဝမ်ဟိုက်က ဦးဆောင်လျက် လူသတ်သမားများ၏ကားများဆီသို့ အမြန်ပြေးလာသည်။ ထို့နောက် သူတို့အား လျင်မြန်စွာ လက်ထိပ်ခတ်လိုက်သည်။
သို့သော် သူတို့အား ဖမ်းမိနေချိန်တွင် လူသတ်သမားအားလုံးက သတိလစ်နေသည်။ လက်မောင်းအား ဓားမြှောင်ထိုးဖောက်ခံထားရသူကလွဲပြီး တစ်ယောက်မှ ဒဏ်ရာတစ်ခုတစ်လေပင် ရှိမနေခဲ့ပေ။
"ဒါ...ဒါက ဆန်းကြယ်လွန်းတယ်"
အချိန်အတော်ကြာ နှုတ်ဆိတ်သွားပြီးနောက် ဝမ့်ဟိုင်က ထန်ရှုထံ လျှောက်လာသည်။ သူက ထန်ရှုအား အလွန်လေးစားသော်လည်း စိတ်ဆိုးမာန်ဆိုးနှင့် အော်ပြောလိုက်၏မင်းက ဆရာဝန်ထန်မလား။ မင်းက တကယ်ကို သတိလက်လွတ်လုပ်ခဲ့တာပဲ။ လူနာတွေကို ကယ်တင်ရင်း မင်းကိုယ်တိုင် အန္တရာယ်ဖြစ်မှာကို မသိဘူးလား"
ဤအချိန်တွင် ထန်ရှုက ဒဏ်ရာအပြင်းအထန်ရထားသောလူတစ်ယောက်အား ကုသနေသည်။ ဝမ့်ဟိုင်၏ဒေါသတကြီးအော်သံကို ကြားပြီး သူက ပြုံးလိုက်သည်။ မော့ကြည့်ကာ ခေါင်းခါယမ်းလိုက်ပြီးနောက် လူနာအား ဆက်ကုသ၏။
ထန်ရှု၏တုံ့ပြန်ချက်ကို မြင်ပြီး ဝမ်ဟိုင်က ချက်ချင်း မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်သည်"မင်းက ရဲရင့်တဲ့လူတစ်ယောက်၊ စိတ်ကောင်းနှလုံးကောင်းရှိသူတစ်ယောက်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် မင်းရဲ့အသက်ကို ဟာသလုပ်လို့မရဘူးဆိုတာ သိရမယ်လေ။ ကံမကောင်းရင် လူသတ်သမားတွေရဲ့သေနတ်အောက်မှာ မင်း သေသွားရလိမ့်မယ်။ မင်းက တဇွတ်ထိုးလုပ်နေတာပဲ"
ဤတစ်ခါတွင် ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ဒဏ်ရာရထားသောအမျိုးသားအား အမြန်ဆုံး ကုသပေးလိုက်သည်။ ထို့နောက် သူက ဝမ့်ဟိုင်ထံ လျှောက်သွားကာ အစိမ်းရောင်စာအုပ်အား ယူထုတ်လျက် သူ့မျက်နှာရှေ့၌ လှုပ်ယမ်းပြလိုက်၏။ ထို့နောက် ပြန်သိမ်းကာ သူ ပြောလိုက်သည်"အသက်တွေ ကယ်ဖို့ဆိုတာ ငါ့တာဝန်ပဲ၊ အရေးအခင်းတွေကို ထိန်းသိမ်းဖို့ဆိုတာ ငါ့ဝတ္တရားပဲ။ လူသတ်သမားတွေကို ဖြေရှင်းပြီးပြီ၊ အခု နောက်ဆက်တွဲလုပ်ရမှာတွေက မင်းတို့ရဲ့တာဝန်ပဲ။ ပြီးတော့ ဒီနေရာက မင်းရဲ့စီရင်ပိုင်ခွင့်အောက်မှာရှိတယ်ဆိုရင် ငါ မင်းကို အကြံတစ်ခု ပေးမယ်- ဒီနေရာကို ချက်ချင်း ပိတ်ပြီး နေထိုင်သူတွေအားလုံးက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ယူနေတာကို တားလိုက်။ ဒီမတော်တဆဖြစ်ရပ်က တိုင်းပြည်မှာ ပျံ့နှံ့သွားမယ်ဆိုရင် ထိပ်ပိုင်းပုဂ္ဂိုလ်တွေက အရမ်းဒေါသထွက်သွားကြလိမ့်မယ်"
ဝမ့်ဟိုင်က ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ခဏက ထန်ရှုယူထုတ်ခဲ့သည့်အစိမ်းရောင်စာအုပ်က သူ့နှလုံးခုန်သံအား ပိုမြန်ဆန်သွားစေ၏။
"ဟုတ်ကဲ့ပါ၊ ဆရာ၊ လုပ်လိုက်ပါ့မယ်၊ ဆရာ"
အရိုအသေပေးပြီးနောက် ဝမ့်ဟိုင်က သူ့လက်အောက်ရှိရဲသားများကို ခေါ်ကာ အနီးနားတစ်ဝိုက်အား ပိတ်ဆို့လိုက်သည်။ ဓာတ်ပုံ၊ ဗိီဒီယိုရိုက်ကူးနေသူတိုင်းအား တားမြစ်လိုက်သည်။ တစ်ခုတော့ သူ ကောင်းစွာ သိ၏။ ဤဖြစ်ရပ်က ကြီးမားလွန်းသောကြောင့် သူတို့အားလုံးက သတင်းများ ဖုံးကွယ်ထားလျှင်ပင် ယနေ့ခေတ်က မီဒီယာခေတ်ဖြစ်သည်၊ ဘယ်အရာမဆို အင်တာနက်ပေါ်၌ အချိန်မရွေး ပျံ့နှံ့သွားနိုင်သည်။
ထို့နောက် ထန်ရှုက လှည့်ပတ်ကြည့်သည်၊ ပျက်ဆီးနေသောကားများထဲတွင် ဒဏ်ရာရသူအချို့အား တွေ့လိုက်ရ၏။ ထို့နောက် သူက ဒဏ်ရာရသူများအား လျင်မြန်စွာ စတင်ကုသတော့၏။
ရွှေရောင်လင်းယုန်စတိုးဆိုင်ထဲတွင်။
ခြောက်ထပ်မြောက်ရှိ ပြတင်းပေါက်နားတွင် ရပ်နေရင်း ထျန့်ရှောင်မုံ့မျက်နှာက စိတ်လှုပ်ရှားမှုတို့အပြည့်ဖြစ်နေသည်။ သူမမျက်နှာပေါ်တွင် မျက်ရည်တို့ ရှိနေသေးသော်ငြား အပြုံးတစ်ခု တောက်ပနေလျက် ရုပ်သံဆက်လွှင့်နေ၏"ချစ်လှစွာသောမိတ်ဆွေတို့၊ သေနတ်တိုက်ပွဲက ပြီးသွားပါပြီ။ လူဆိုးတွေကို ဘယ်လိုဖြေရှင်းလိုက်သလဲဆိုတာ ငါ မသိသေးပေမယ့် ရဲတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးသွားပါပြီ။ ဒါက ငါတို့အားလုံးအတွက် သေချာပေါက် ပျော်ရွှင်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပဲ။ ငါ့စံပြထန်ရှုလဲ အန္တရာယ်ကင်းလျက် ရှိနေပါတယ်။ သေနတ်မိုးရွာသွန်းနေချိန်မှာ ဒီလောက်များတဲ့လူတွေကို ကယ်တင်ခဲ့ပေမယ့် ဘာဒဏ်ရာမှ မရခဲ့ဘူး။ ဘုရားသခင်က သူ့ရဲ့ကြိုးစားအားထုတ်မှုကို သိပြီး သူ့ကို ကောင်းချီးပေးခဲ့တယ်လို့ ငါ ထင်ပါတယ်"
လက်ရှိတွင် သူမ၏ရုပ်သံထုတ်လွှင့်မှုအား ကြည့်ရှုနေသူအရေအတွက်က နှစ်သန်းကျော်ရှိ၏။ လူတိုင်းက ထန်ရှုအား လေးစားကြောင်း ရေးခဲ့ကြပြီး လူသတ်သမားများထံ သူတို့၏အမုန်းနှင့်ဒေါသတို့အား ဖော်ထုတ်ခဲ့ကြသည်။
သို့သော် ရုပ်သံထုတ်လွှင့်နေစဉ်အတွင်း ဝေးဝေးဝါးဝါးပုံရိပ်တစ်ခုက ထျန့်ရှောင်မုံ့အနောက်တွင် ထွက်ပေါ်လာပြီး ဓားမြှောင်တစ်လက်က သူမလက်ထဲရှိဖုန်းအား ထိုးဖောက်သွားခဲ့သည်။ ကြမ်းပြင်ပေါ်သို့ ကျသွားချိန်တွင် ထန်၂၈က ဖုန်းအား တက်နင်းခြေပစ်လိုက်၏။
ထျန့်ရှောင်မုံ့က ထန်၂၈အား ကြောက်စရာကောင်းသောအကြည့်နှင့် ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်က အသက်ရှစ်နှစ်ကျော်ကလေးတစ်ယောက်သာ ဖြစ်သည်ကို သိသွားသောအခါ သူမ၏ကြောက်စရာကောင်းသောအကြည့်က ချက်ချင်း ပျောက်ကွယ်သွားပြီး အနည်းငယ် ဒေါသထွက်စွာ ကြိမ်းမောင်းလိုက်သည်"ဟေး၊ မင်း ဘာလုပ်လိုက်တာလဲ။ မင်းက ကလေးဆိုပေမယ့် ငါ့ဖုန်းကို ဓားမြှောင်နဲ့ ထိုးဖောက်ခဲ့တယ်ပေါ့လေ။ မင်း...မင်းရဲ့မိဘတွေက ဘယ်သူလဲ၊ ကလေး။ ငါ့ကို မင်းမိဘတွေဆီ ခေါ်သွား၊ သူတို့ရဲ့ရှင်းပြချက်ကို ငါ လိုချင်တယ်"
"ငါ့အရှင်က လုပ်စရာတွေ အများကြီးရှိတယ်၊ လက်ရှိအချိန်မှာ မင်းနဲ့ ဖြေရှင်းဖို့အချိန် သူ့မှာ မရှိဘူးလို့ ငါ့ကို ပြောခိုင်းလိုက်တယ်"ထန်၂၈က အေးစက်သောအသံနှင့် ပြောလိုက်သည်"မင်းရဲ့ရုပ်သံထုတ်လွှင့်တာက ပြဿနာဖြစ်လိမ့်မယ်လို့ သူ ပြောခဲ့တယ်"
ထျန့်ရှောင်မုံ့က သူ့အား ခြေလှမ်းအနည်းငယ်အတွင်း လိုက်မီခဲ့ပြီး လမ်းပိတ်ကာ ဒေါသတကြီး ပြောလိုက်သည်"မင်း ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ မင်းက ပေါကြောင်ကြောင်ဖြစ်နေတာလား။ မင်းရဲ့အရှင်က ဘယ်သူလဲ။ ငါ ရုပ်သံထုတ်လွှင့်တာက သူနဲ့ ဘာပတ်သက်လို့လဲ။ မင်းရဲ့မိဘကို ငါ့ဆီခေါ်လာပြီး ငါ့ဖုန်းကို ပြန်လျော်ခိုင်းပါ"
ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီး သူ့အိတ်မှ ယွမ်ရာတစ်ပုံအား ယူထုတ်ကာ ထျန့်ရှောင်မုံ့ထံ ပစ်ပေးပြီးနောက် ပြောလိုက်သည်"ယွမ်တစ်ထောင်က ခင်ဗျားရဲ့ဆုံးရှုံးမှုအတွက် လုံလောက်မှာပါ။ ကျုပ်သခင်က ဘယ်သူလဲဆိုတာ ခင်ဗျားကို ပြောဖို့ လိုမယ်လို့ မထင်ဘူး။ ဒီမှာပဲ စောင့်နေ၊ ပြဿနာအချို့ပြီးရင် ခင်ဗျား အဆင်ပြေသွားမှာပါ"
ထိုသို့ပြောပြီးနောက် သူက ထျန့်ရှောင်မုံ့အား ကျော်ဖြတ်ကာ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။ သူမ တားချင်သော်လည်း ထျန့်ရှောင်မုံ့က ထန်၂၈အား မရပ်တန့်နိုင်ခဲ့ပေ။ ကော်ရီဒါတွင် ရပ်နေရင်း သူမလက်ထဲရှိယွမ်ငွေများအား ကြည့်နေလေသည်။ ငိုချင်သလို ဖြစ်မိသော်လည်း သူမမျက်လုံးများထဲမှ မျက်ရည်များ မထွက်ကျလာခဲ့ပေ။
သူမက ပိုက်ဆံနှင့် ပတ်သက်ပြီး ဂရုမစိုက်ပေ။ သူမ ဂရုစိုက်သည်ကား သူမ၏ရုပ်သံထုတ်လွှင့်မှုသည်သာ။ သို့သော် သူမက ရုတ်တရက် အနှောင့်အယှက်ခံလိုက်ရသည်။ လက်ရှိအချိန်တွင် သူမ၏ကြည့်ရှုသူနှစ်သန်းက အလွန်ဒေါသထွက်နေမည်ဟု သူမက ပြောနိုင်သည်။
လမ်းဆုံတွင်။
လူနာတင်ယာဉ်တစ်စီး ရောက်ရှိလာသောကြောင့် ထန်ရှုက ကုသနေသည်အား လက်စသပ်ကာ ဝမ့်ဟိုင်ထံ လျှောက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်"ငါ မင်းနဲ့ သီးသန့်ပြောစရာအချို့ ရှိတယ်"
"ဟုတ်ကဲ့ပါ"ဝမ့်ဟိုင်က ကမန်းကတန်း ပြန်ဖြေသည်။
ခဏကြာပြီးနောက် သူတို့နှစ်ယောက်က ချောင်ကျသောနေရာတစ်ခုသို့ ရောက်လာသည်။ ဝမ့်ဟိုင်က ထန်ရှုအား သိလိုစိတ်နှင့် ကြည့်ကာ ပြောလိုက်သည်"မင်း ငါ့ကို ဘာပြောချင်လို့လဲ၊ နတ်ဆေးဆရာဝန်ထန်"
"မင်း ငါ့ရဲ့သရုပ်မှန်ကို သိပြီးဆိုပေမယ့် အဲဒါကိုလူသိရှင်ကြားမဖြစ်စေချင်ဘူး"ထန်ရှုက ပြော၏"လူသတ်သမားတွေကို ဖြေရှင်းလိုက်တဲ့သူတွေက ငါ့လူတွေပဲ။ ထိပ်ပိုင်းပုဂ္ဂိုလ်တွေက စုံစမ်းမှုတစ်ခု ပြုလုပ်ချင်တယ်ဆိုရင် သူတို့ကို ငါ့ဆီ လာဖို့ ပြောလိုက်။ နောက်ရက်အနည်းငယ်အထိ ငါ ထန်မိသားစုအိမ်တော်မှာ ရှိနေမယ်"
သတ်ဖြတ်သူဒါဇင်ကျော်အား ဖြေရှင်းခဲ့သူက ထန်ရှု၏လူများ ဖြစ်နေမည်ဟု ဝမ့်ဟိုင်က မထင်ထားခဲ့ပေ။ သူက သူတို့၏အရိပ်ကိုပင် လုံးဝသတိမထားမိခဲ့။ သို့သော် ထန်ရှုက ထပ်မရှင်းပြချင်သည်ကို မြင်ပြီး သူက အားတင်းလျက် ထပ်မေးလိုက်သည်"နတ်ဆေးဆရာဝန်ထန်ပြောခဲ့တာက ဘယ်ထန်မိသားစုအိမ်တော်ဆိုလဲခင်ဗျာ"
"ဟမ်။ မြို့တော်မှာ ထန်မိသားစုတွေ ဘယ်လောက်တောင် ရှ်ိလို့လဲ"ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးလျက် မေးလိုက်သည်။
"ထန်..."ဝမ့်ဟိုင်က ပါးစပ်ဟလျက် မျက်လုံးများက ရုတ်တရက် ကျည်းမြောင်းသွားလေသည်။ ထိတ်လန့်တုန်လှုပ်နေသောမျက်နှာနှင့် သူက ထပ်မေးလိုက်သည်"မင်း...မင်းက ထန်အိမ်ကလား"
"ငါ့ရဲ့မိသားစုနာမည်က ထန်၊ ဒါကြောင့် ငါက ထန်အိမ်ရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ"ထန်ရှုက ရယ်ကာ ပြောလိုက်သည်"ဒါနဲ့ ငါ မင်းကို ပြောဖို့လိုအပ်တဲ့အရာအားလုံး ငါ ပြောပြီးပြီ။ မင်း ပြောလို့ရတဲ့အရာတွေ၊ ပြောလို့မရတဲ့အရာတွေ ရှိတယ်။ ခပ်တိုတိုပြောရရင် ကိစ္စတွေကို ဒီမှာပဲ ဖြေရှင်းလိုက်။ ငါ့အဖိုးရဲ့မွေးနေ့ကို ကျင်းပဖို့ သွားရတော့မှာ ဖြစ်တဲ့အတွက် ငါ ဆက်မနေတော့ပါဘူး"
***