← Chapters

ဒုတိယမြောက်အာဏာရှင်

Vol. 74 Ch. 1034

ဒုတိယမြောက်အာဏာရှင်

Vol. 74 Ch. 1034

ပေကျင်းရှိဖြစ်ရပ်က တိုင်းပြည်တစ်ဝှမ်းရှိ လူအများအား ဆွဲဆောင်ခဲ့သည်။ အရာအားလုံးက ထျန့်ရှောင်မုံ့၏ရုတ်သံထုတ်လွှင့်မှုကြောင့်ပင်၊ နောက်ဆုံးတွင် ပုဂ္ဂိုလ်ကြီးအားလုံးက သဘောပေါက်သွားခဲ့သည်- သူတို့ ဘယ်လောက်ပဲ ဖိနှိပ်ရန် ကြိုးစားပါစေ၊ ဤသတင်းက ပျံ့နှံ့နေပြီးဖြစ်သဖြင့် ဖိနှိပ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အဆင့်မြင့်ခွင့်ပြုချက်ရပြီးနောက် မီဒီယာများကလည်း စတင်တင်ပြခဲ့သည်။

သို့သော် အများပြည်သူထင်မြင်ချက်အား ဖန်တီးခဲ့သည်။ မီဒီယာများက ရည်ရွက်ချက်ရှိရှိနှင့် ပြည်သူများ၏ဒေါသများအား သတ်ဖြတ်သူများအပေါ် ဦးတည်ဘက်ပြောင်းလဲခဲ့၏။

သို့သော် ထန်ရှုက ထိုကိစ္စများအား လုံးဝစိတ်မဝင်စားပေ။ လက်ရှိတွင် သူ စိုးရိမ်နေသည့်အရာက ထျန့်ရှောင်မုံ့၏ရုပ်သံထုတ်လွှင့်ချက်ပင်၊ သူက မကျော်ကြားလိုပေ။

ထန်မိသားစုဘိုးဘေးစံအိမ်တွင်။

ထန်ကောရှန်က ခြံဝင်းထဲတွင် တည်ငြိမ်စွာ ထိုင်နေပြီး ပရိုဂျက်တာပေါ်ရှိ ပြကွက်အား ကြည့်နေသည်။ ပျော်ရွှင်ကျေနပ်အားရသောအပြုံးတစ်ခုက သူ၏အသက်အရွယ်ရလာသောမျက်နှာပေါ်တွင် ရေးရေးလေး ပေါ်နေ၏၊ သူ့ဘေးနားရှိ ဇနီးချင်ချန်ယွဲ့ကမူ အလွန်စိုးရိမ်နေပုံပေါ်သည်။

သူတို့အနောက်တွင် ထန်ကောရှင်း၊ ထန်ကောရှော့၊နှင့် ထန်မိသားစု၏အခြားအကြီးအကဲနှစ်ယောက်တို့ ထိုင်နေပြီး အကြီးအကဲများနောက်တွင် ထန်ယွင်ဖမ်၊ ထန်ယွမ်ဒီ၊ ထန်မင်၊ ထန်တုံ၊ ထန်ယန်နှင့် ထန်ယွင်ချင်းတို့ ရှိသည်။ ဂျူနီယာများဖြစ်ကြသည့် ထန်နင်၊ ထန်ရင်၊ ထန်ဝေ၊ ထန်ထန်၊ ထန်ကျီနှင့် အခြားသူများကလည်း စခရင်ပေါ်တွင် အာရုံစိုက်ထားကြသည်၊ သူတို့မျက်နှာပေါ်တွင် စိုးရိမ်မှုနှင့်လေးစားမှုတို့အား မြင်နိုင်ပေ၏။

နောက်ဆုံးတွင် ရုပ်သံထုတ်လွှင်ခြင်းက ရပ်သွားသည်၊ ထန်ကောရှန်က ရယ်မောလျက် ပျော်ရွှင်စွာ ပြောလိုက်သည်"ဒါက ငါထန်ကောရှန်ရဲ့မြေးပဲ။ သူက ငါ့မြေးဖြစ်ဖို့ ထိုက်တန်တယ်။ အန္တရာယ်များတဲ့အနေအထားမှာ ဒဏ်ရာရသူတွေကို အပြေးအလွှား ကုသပေးတယ်။ မနက်ဖြန်ကျရင် ငါ့မြေးရဲ့နာမည်ကို တစ်တိုင်းတစ်ပြည်လုံး သိသွားမယ်လို့ ငါ ပြောရဲတယ်။ ထန်အိမ်ရဲ့လူငယ်သူရဲကောင်းလေးပဲ"

"ဒီကောင်လေးက သူရဲကောင်းတစ်ယောက်လား"ထန်ယွင်ဒီက ပြုံးကာ ပြောသည်"မင်းက သူ့ကို လွန်ကဲစွာ ချီးကျူးနေတာပဲ၊ အဖေ"

"ရှုအာက သူရဲကောင်းတစ်ယောက်ပဲ၊ ယွင်ဒီ။ သူက ငါတို့ထန်အိမ်ရဲ့သူရဲကောင်း၊ ပြည်သူတွေရဲ့ရင်ထဲက သူရဲကောင်းတစ်ယောက်ပဲ"ထန်ကောရှန်က ခေါင်းခါယမ်းကာ ဆက်ပြောသည်"သူစိမ်း‌တွေကို ကယ်ဖို့ အတွက် ငါတို့လိုလူအိုကြီးတွေတောင် ‌သေနတ်မိုးရွာနေတဲ့အထဲကို မပြေးသွားရဲဘူး။ ဒီကောင်လေးက ငါတို့ရဲ့ကံကောင်းမှုကြယ်ပဲ၊ ငါတို့ထန်အိမ်ရဲ့မျှော်လင့်ချက်ပဲ"

"ဟမ်၊ အဲလောက်လဲ မဟုတ်ပါဘူး၊ ဒုတိယဦးလေးရယ်"ထန်ယွင်ဒီက အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်"အခြားအမြင်တစ်ဖက်ကနေကြည့်ရင်း အဲအချိန်မှာ သူ လုပ်တာ မှန်တယ်လို့ ငါ မထင်ဘူး။ ရှုအာရဲ့စွမ်းအားကို ငါတို့အားလုံး သိတာပဲ၊ သူက လူဆိုးတွေနဲ့ မရင်ဆိုင်ဘဲ အဲအစား လူတွေကို ကယ်ဆယ်ခဲ့တယ်။ ငါသာ သူ့နေရာမှာဆိုရင် လူဆိုးတွေနဲ့ ရင်ဆိုင်မှာပေါ့"

ထန်ကောရှန်၏မျက်လုံးထဲတွင် ဉာဏ်အလင်းတစ်ခု လက်သွားသည်။ သူက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ရှုအာက အခြားတစ်ခု တွေးထားတာ ဖြစ်မှာပေါ့၊ ယွင်ဒီ။ လူဆိုးတွေနဲ့ မရင်ဆိုင်တာက သူ့မှာ အကြောင်းပြချက်ရှိမှာပဲ။ ကောင်းပါပြီ၊ သူ မြို့တော်ကို လာတာဆိုတော့ မကြာခင် ဒီကို ရောက်လာလိမ့်မယ်။ အဲကျရင် ငါတို့ သိမှာပေါ့"

"ဟားဟားဟား၊ အဖိုးက ငါ့ကို သတိရနေတာလား"

ရယ်သံအား ခြံဝင်းအပြင်ဘက်မှ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထို့နောက် ထန်၂၈တို့အဖွဲ့အား ဦးဆောင်လျက် ထန်ရှုက ဝင်လာခဲ့သည်။ ခြံဝင်းထဲရှိလူတိုင်းက သူတို့အား ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

ထန်ကောရှန်က ကုလားထိုင်မှ ထရပ်လိုက်သည်။ သူက ပြုံးလျက် ပြောလိုက်သည်"မင်းက ဒီလိုကြီးမားတဲ့ကိစ္စတစ်ခုကို လုပ်ခဲ့တာပဲ၊ ရှုအာ။ အဖိုးရဲ့တစ်သက်မှာ လေးစားရတဲ့သူတွေ နည်းပါတယ်၊ ဒါပေမယ့် အဲထဲမှာ မင်း သေချာပေါက် ပါတယ်"

"ဟားဟား၊ ဒါက ချီးကျူးလွန်းနေတာပဲ၊ အဖိုး"ထန်ရှုက ရယ်ကာ ပြောလိုက်သည်"ဒါနဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က အဖိုးရဲ့ရှစ်ဆယ်နှစ်ပြည့်မွေးနေ့ရှိတယ်ဆိုတာ သိလိုက်ရတယ်၊ ဒါကြောင့် အဖိုးကို ဂုဏ်ပြုဖို့ ခရီးထွက်လာခဲ့တာပဲ၊ အဖိုး ကျန်းမာပြီး အသက်ရှည်ရှည်နေနိုင်ပါစေ"

"အာ၊ အသက်ရာချီ‌နေနိုင်ဖို့ကို ငါ စိတ်မကူးရဲပါဘူး"ထန်ကောရှန်က လက်ဝှေ့ယမ်းကာ ပြုံးလျက် ပြောလိုက်သည်"အသက်တစ်ရာအထိ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ရင်ပဲ ငါ ကျေနပ်ပါပြီ။ ဒါနဲ့ ငါတို့မိသားစုအဖွဲ့ဝင်တွေအားလုံး ဒီမှာ ရှိနေတယ်။ မင်း ဘာလို့ လူဆိုးတွေကို ရင်ဆိုင်ဖို့ မရွေးချယ်ဘဲ ဒဏ်ရာရသူတွေကို ကယ်တင်ခဲ့တာ ဘာကြောင့်ဆိုတာ ငါတို့ကို ပြောပြနိုင်မလား။ ပြီးတော့ ဒီလူဆိုးတွေကို ဘယ်လိုလုပ်ပြီး ဖြေရှင်းခဲ့တာလဲ။ သူတို့နဲ့ ရင်ဆိုင်ဖို့ မင်း လူတချို့ကို အမိန့်ပေးခဲ့တာလား"

ထန်ရှုက ထန်၂၈တို့အဖွဲ့အား လက်ညှိုးထိုးကာ ပြုံးလိုက်သည်"ကောင်းပါပြီ၊ ဒါက ထန်၂၈နဲ့သူ့အဖော်လေး‌ယောက်ပါ၊ အဖိုး။ ပြီးတော့ လူဆိုး‌တွေကို ဖြေရှင်းခဲ့တာ သူတို့ပဲ။ ငါက အနည်းငယ်အားကောင်းပေမယ့် အပြင်လူတွေကို မသိစေချင်ဘူး။ ဒါကြောင့် လူကယ်တာက အကောင်းဆုံးရွေးချယ်မှုပါပဲ"

ထန်ကောရှန်က ချက်ချင်း နားလည်ပြီး ထန်၂၈တို့ငါးယောက်အား အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။"ရှုအာ၊ သူတို့က ..."

"သူတို့အားလုံးက ငါမွေးစားထားတဲ့မိဘမဲ့ကလေးတွေပဲ၊ ကျင့်ကြံသူတွေဖြစ်အောင် ငါ လေ့ကျင့်ပေးထားတာ"ထန်ရှုက ပြောသည်"သူတို့က ‌ကလေးအယောက်တစ်သိန်းထဲမှာ အကောင်းဆုံးပဲ၊ ငါ့ဘေးနားမှာ နေဖို့ အရည်အချင်း ပြည့်မှီတယ်"

ဤက ထန်ကောရှန်အား တကယ် တုန်လှုပ်သွားစေသည်။ သူ့မြေးက မိဘမဲ့ကလေးများအား လျှို့ဝှက်မွေးစားထားသည်ကို သိသော်လည်း ထိုကလေးများအား ကျင့်ကြံခြင်းပညာရပ်များ သင်ကြားပေးကာ ကျင့်ကြံသူအဖြစ် ပြောင်းလဲပေးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ့အား အထိတ်လန့်စေဆုံးက လူဆိုးများက အားနည်းစရာအကြောင်းမရှိသည်ကို သူ သိသောကြောင့်ပင်။ သူတို့၏အပစ်အခတ်ကျွမ်းကျင်မှု၊ ခွန်အားနှင့် မြန်နှုန်းများအရ သူတို့က သေချာပေါက် ပထမတန်းစားအဆင့်ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သို့သော် ထိုကလေးများက အများဆုံးတစ်နှစ်သာ ကျင့်ကြံရသေး၏။ သူတို့က ယခုကဲ့သို့စွမ်းအား ဘယ်လိုလုပ်ရှိနိုင်ရသနည်း။

ထန်ရှုက ထန်၂၈တို့ငါးယောက်အဖွဲ့၏ကျင့်ကြံခြင်းအဆင့်အား မရှင်းပြတော့ပေ။ သူက ခြံဝင်းထဲရှိ အခြားအကြီးအကဲများအား နှုတ်ဆက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်"ဒီတစ်ကြိမ် ဖန်မိသားစုက ကံဆိုးမိုးမှောင်ကျလိမ့်မယ်လို့ ငါ ထင်တယ်။ သတ်ဖြတ်သူတွေရဲ့ခေါင်းဆောင်က ဖန်မိသားစုခေါင်းဆောင်ရဲ့ဒုတိယသားပဲ။ ဒီလို အရှုပ်အထွေးကြီးတစ်ခုကို ပြုလုပ်ခဲ့တဲ့အတွက် ဖန်မိသားစုခေါင်းဆောင်က ဒါကို ဖုံးထားနိုင်မှာမဟုတ်ဘူး"

နိုင်ငံရေးနားလည်သူတစ်ယောက်အနေနှင့် ထန်ကောရှန်က သူ့မြေး၏စကားအား နားလည်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်"ဒါ ဟုတ်တယ်။ ဖန်တွေက ဒုက္ခကြီး ဖြစ်လိမ့်မယ်၊ ဒီအချိန်မှာ သူတို့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရုပ်သံထုတ်လွှင့်ခဲ့တဲ့မိန်းကလေးက သူတို့ရဲ့ဒဏ်ရာပေါ်ကို ဆားထည့်လိုက်သလိုပဲ"

"မလုပ်ခင် သူမရဲ့ရုပ်သံထုတ်လွှင့်မှုက ဒီလိုလွှမ်းမိုးမှု ဖြစ်စေလိမ့်မယ်လို့ ရှောင်မုံ့မိန်းကလေးက သိမယ်လို့ ကျွန်တော် မထင်ဘူး"ထန်ရှုက ပြုံးကာ‌ ပြောလိုက်သည်"မိသားစုတစ်ခုလုံးကို ကပ်ဘေးသင့်စေတဲ့ ဒီလိုမျိုးဆက်တစ်ယောက်ရှိတဲ့အတွက် ဖန်အိမ်က အလွန်ကံမကောင်းဘူးလို့ ပြောနိုင်တယ်"

"အာ၊ မင်းက အဲကောင်မလေးကို သိတာလား"ထန်ကောရှန်က အံ့အားသင့်စွာ မေးလိုက်သည်။

"ငါ သူမကို သိတယ်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"သူမကြောင့်မဟုတ်ရင် ငါ ဒီလောက် ဘယ်ကျော်ကြားပါ့မလဲ။ အရင်တုန်းက ငါ ကြယ်တာရာမြို့တိုင်းရင်းဆေးရုံမှာ ရှိစဉ်တုန်းက ငါ လုပ်နေတာတွေကို သူမပဲ ရုပ်သံထုတ်လွှင့်ခဲ့တာလေ။ အခုလဲ သူမက မြို့တော်ကို လာပြီး မတော်တဆဖြစ်သည့်နေရာမှာ ရှိနေတဲ့အထိ ဒီလောက် တိုက်ဆိုင်နေမယ်လို့ ငါ မထင်ထားခဲ့တာပဲ"

"ဒီဖြစ်ရပ်က ကြီးကြီးမားမား ပေါက်ကွဲဖို့ များတယ်၊ ရှုအာ"ထန်ကောရှန်က ခေါင်းညိတ်ကာ ပြုံးလိုက်သည်"ဒါကြောင့် တစ်ခုခုကို ဖြေရှင်းဖို့ ငါ မင်းကို ပါဝင်စေချင်တယ်"

"အာ၊ ဘာများလဲ"ထန်ရှုက ခေါင်းရှုပ်သွားသည်။

ထန်မင်က လူအုပ်ကြီးထဲမှ ထွက်လာကာ အားတင်းပြုံးလိုက်သည်"ဒီတစ်ခါ မင်းရဲ့အန်တီက မင်းရဲ့အကူအညီလိုအပ်လို့ပဲ၊ ရှုအာ။ ချူတွေနဲ့ဖန်တွေက စီးပွားရေးလုပ်ငန်းတစ်ချို့မှာ ပူးပေါင်းထားတယ်။ ဖန်တွေ ပျက်ဆီးသွားတာနဲ့ ချူတွေလဲ သေချာပေါက် သက်ရောက်ခံရလိမ့်မယ်။ ငါက ထန်တွေရဲ့သမီးပဲ၊ ဒါပေမယ့် ငါက ချူတွေနဲ့ လက်ထပ်ထားတာ။ ချူမိသားစုရဲ့ချွေးမအနေနဲ့ ချူမိသားစုကို ဒီကိစ္စမှာ ကူညီပေးဖို့ ငါ မင်းကို လိုအပ်တယ်"

ထန်ရှုက ခဏ နားမလည်သလို ဖြစ်သွားပြီး အားတင်းပြုံးလိုက်သည်"အာ၊ ဒါဆို ငါ ဘာလုပ်ပေးရမလဲ၊ အန်တီ"

ထန်မင်၏မျက်လုံးများထဲတွင် အလင်းတစ်ခု လက်သွားလျက် သူမက ပြောလိုက်သည်"ဖန်တွေ ပျက်ဆီးတဲ့အခါကျရင် သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေက လုယက်ခံရလိမ့်မယ်။ ထိုအချိန်ကျရင် မင်းက လူအချို့နဲ့ တွေ့လိုက်မယ်ဆိုရင် သူတို့လုယက်ထားတဲ့စီးပွားရေးလုပ်ငန်းတွေက ချူမိသားစုလက်ထဲကို ရောက်လာလိမ့်မယ်။ အပေါ်ယံမှာတော့ ချူတွေက လက်လွှဲယူတယ်ဆိုပေမယ့် အကျိုးအမြတ်တစ်ဝက်ကို ငါတို့အိမ်က ရမှာပါ"

ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည်။"ဒီလိုဇာတ်ညွှန်းတစ်ခုကို ဖန်တီးနိုင်တဲ့အတွက် ငါ မင်းကို တကယ် လေးစားမိပါတယ်၊ အန်တီ။ ဖန်တွေနဲ့ ကင်းကင်းရှင်းရှင်းနေတာက အခြားမိသားစုတွေအတွက် ပိုကောင်းတယ်လို့ အစက တွေးထားခဲ့ပေမယ့် အထဲမှာ ဒီလိုအကျိုးအမြတ်တစ်ခုရှိသေးမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဟုတ်ပါပြီ၊ ဒါကို ငါနဲ့ဝမ်းကွဲချူရီကို လွှဲထားလိုက်ပါ"

"ကောင်းပါပြီ၊ ရှုအာ"ထန်မင်က ကျေနပ်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် ခြံဝင်းထဲရှိ ထန်မိသားစုအဖွဲ့ဝင်အားလုံးက တစ်ခု သိသွား၏။ ထန်အိမ်၏လက်ရှိခေါင်းဆောင်က ထန်ကောရှန်ဖြစ်ပြီး သူက ပြောရေးဆိုခွင့်ရှိသူဖြစ်သော်လည်း ဒုတိယမြောက်ပုဂ္ဂိုလ်က အခြားအကြီးအကဲများ မဟုတ်ကြဘဲ ထန်ရှုဖြစ်သည်။ သူ၏စွမ်းရည်က ထန်မိသားစုဝင်များ၏အနာဂတ်နှင့်ကံကြမ္မာအား တိုက်ရိုက်သက်ရောက်ပေလိမ့်မည်။

နောက်တစ်နေ့ရောက်လာချိန်တွင် ထန်ရှုက သတင်းကောင်းများအား ကြားလိုက်ရသည်၊ လက်ရှိတွင် ဖန်မိသားစုခေါင်းဆောင်အား ပြည်နယ်အာဏာပိုင်များက ထိန်းချုပ်ထားသည်။ ရလဒ်တစ်ခုအနေနှင့် လက်ရှိတွင် ဖန်မိသားစုဝင်အားလုံးက စစ်ဆေးမေးမြန်းခံ‌နေရပြီး သူတို့၏စီးပွားရေးလုပ်ငန်းအားလုံးက ရပ်နားရန် အမိန့်‌ပေးခံထားရသည်။

နောက်ထပ်ပုံပြင်တစ်ပုဒ်က သစ်ပင် ပြိုလဲပြီးနောက် မျောက်များ ပြန့်ကြဲသွားသည့်မြင်ကွင်းဖြစ်ပြီး ပျက်ဆီးသွားသောဧရာမမိသားစုအား ကန်ကျောက်သည့်တိုက်ပွဲသို့ လူတိုင်းက ပါဝင်လာခဲ့ကြသည်။

တစ်ရက်အတွင်း ဖန်မိသားစုက ပေကျင်း၏ဒုတိယတန်းစားမိသားစုမှ လူတိုင်းရှောင်တိမ်အထင်သေးသည့်တည်ရှိမှုအဖြစ်သို့ လျော့ကျသွားခဲ့သည်။ သူတို့နှင့် ရင်းနှီးမှုရှိသည့်မိသားစုများ၊လူများအားလုံးက သူတို့နှင့် ဆက်ဆံရေးအား ဖြတ်တောက်လိုက်ကြသည်။ သူတို့နှင့် ရန်ငြိုးရှိသူများက မီးလျှံထံ လောင်စာထည့်ပေးကြပြီး ဖန်မိသားစုအား အပြီးတိုင် ပျောက်ကွယ်စေရန် စတင်အားထုတ်ခဲ့ကြ၏။

သို့သော် ထိုသတင်းတစ်ခုမှ ထန်ရှုအတွက် အရေးမပါပေ။ သူက ဖန်များ၏ကံကြမ္မာသို့မဟုတ်ဆိုးဝါးလှသောအဆုံးသတ်တို့အား ဂရုမစိုက်ပေ။ လက်ရှိတွင် သူ စိုးရိမ်နေရသည့်တစ်ခုသောအရာက ဖန်မိသားစုလက်အောက်ရှိကျူးလွန်သူများကြားမှတစ်ယောက်ယောက်တွင် အလောင်းချီ ရှိနေရခြင်းပင်။

အလောင်းစွမ်းအင်က လူတို့၏စိတ်အခြေအနေအား သက်ရောက်နိုင်သည်၊ လူသတ်ရာတွင် မျက်တောင်မခတ်သည့် နတ်ဆိုးများအဖြစ် ပြောင်းလဲစေလိမ့်မည်။ ထိုဒုတိယသခင်လေးဖန်က အရေးပါသောမိသားစုတစ်ခု၌ မွေးဖွားလာသည်။ ထို့ကြောင့် မြို့တော်ထဲ၌ ထိုသို့သွေးလွှမ်းမိုးသည့်ဖြစ်ရပ်တစ်ခု ဖန်တီးခဲ့လျှင် ဘယ်လိုကံကြမ္မာမျိုးက သူတို့ထံ ကျရောက်လာနိုင်သည်ကို သူ သိရမည်။ သို့သော် သူ လုပ်ခဲ့သေးသည်၊ သူ့အသိစိတ်အား အလောင်းချီက သက်ရောက်ထားသည်ဟု ဆိုလိုသည်။

****

မြောက်ဘက်လစားသောက်ဆိုင်တွင်။

ထန်ရှုက အထူးစွမ်းရည်ဗျူရို၏ခေါင်းဆောင်သွမ်မုလင်နှင့် ချိန်းဆိုထားခဲ့သည်။ သူ၏မျက်မှောင်ကြုတ်ကာ စိုးရိမ်နေသော အကြည့်ကို မြင်ပြီး ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ သူ့ဘေးသို့ လျှောက်သွားကာ ထိုင်ခုံတွင် ထိုင်ချလိုက်သည်။ ထို့‌နောက် ထန်ရှုက ပြုံးကာ မေးလိုက်၏"ဘာတွေများဖြစ်နေလို့ ဒီလောက်တောင် မျက်နှာမသာမယာဖြစ်နေရတာလဲ၊ စီနီယာသွမ်မုလင်။ မနေ့က မတော်တဆဖြစ်ရပ်ကြောင့်လား"

သွမ်မုလင်က ခေါင်းမော့လိုက်သည်၊ ထန်ရှုကို မြင်သောအခါ အားတင်းပြုံးပြလိုက်သည်"အဲဒါပဲပေါ့။ အဲဒါအကြောင်း စဉ်းစားရလို့ ငါ့ဆံပင်တောင် ပြောင်တော့မယ်"

"ဟားဟားဟား"ထန်ရှုက ရယ်ကာ ပြောလိုက်သည်"ခင်ဗျားက အထူးစွမ်းရည်ဗျူရိုရဲ့ခေါင်းဆောင်လေ၊ ဒါကြောင့် ဒီလိုဒုက္ခနဲ့ ပတ်သက်ပြီး ခင်ဗျား စိုးရိမ်စရာမလိုပါဘူး။ ဖန်မိသားစုဝင်တွေလုပ်ခဲ့တဲ့မတော်တဆဖြစ်ရပ်ကို လူအချို့က ရှင်းပေးလိမ့်မယ် မဟုတ်လား"

သွမ့်မုလင်၏မျက်နှာက လေးနက်သွားပြီး ခေါင်းခါယမ်းလျက် သူ ပြော၏"ကိစ္စကို သာမန်လူတွေ လုပ်ခဲ့တာဆိုရင် အဲဒါက ဖြေရှင်းရ အရမ်းလွယ်တယ်။ ဒါပေမယ့် ကြိုတင်မမြင်နိုင်တဲ့မတော်တဆတစ်ခုက ရုတ်တရက် ပေါ်လာတာကြောင့် ကိစ္စတွေက ပြောင်းလဲသွားတယ်"

***

All Chapters