ကြေးစားမျာ
Vol. 74 Ch. 1035
ထန်ရှုမျက်နှာက ပြောင်းလဲသွားပြီး သူက မေးလိုက်သည်"ဘာဖြစ်ခဲ့တာလဲ"
"မင်းလဲ ငါတို့အေဂျင်စီရဲ့အဖွဲ့ဝင်တစ်ယောက်ဆိုတော့ မင်းကို ပြောပြလို့ အဆင်ပြေပါတယ်"သွမ်မုလင်က အားတင်းပြုံးလျက် ဆိုသည်"ဒါပေမယ့် ဒါက လျှို့ဝှက်ထားရမယ့်ကိစ္စတစ်ခုပဲ၊ ဒါကြောင့် မင်း ပေါက်ကြားလို့မရဘူး။ ဖန်တွေရဲ့ပင်အဖွဲ့ဝင်နှစ်ယောက်က လူမဆန်တဲ့စွမ်းအားကို ပြသခဲ့တယ်၊ သူတို့ကို စောင့်ကြည့်နေတဲ့ထောက်လှမ်းရေးဒါဇင်ကျော်ကို သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်။ သတ်ဖြတ်တဲ့မြင်ကွင်းကို ငါတို့ စစ်ဆေးပြီးပြီ၊ သတ်ဖြတ်တဲ့နည်းလမ်းက အရမ်းထူးဆန်းတယ်ဆိုတာ တွေ့လိုက်ရတယ်"
အမူအရာအနည်းငယ်ပြောင်းလဲသွားလျက် ထန်ရှုက မေးလိုက်သည်"ခင်ဗျားမှာ သတ်ဖြတ်တဲ့မြင်ကွင်းရဲ့ဓာတ်ပုံတွေ ရှိလား။ ရှိရင် ကျုပ်ကို ပြပါ"
သွမ်မုလင်က သူ့ရှေ့ရှိ စက္ကူအိတ်တစ်အိတ်အား ထန်ရှုထံ တွန်းပို့လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်"မနေ့က ဖြစ်ရပ်အတွက် မင်းက ငါ့ကို ရှင်းပြချက်တစ်ခု မပေးဘူးလား"
စက္ကူအိတ်အား ဖွင့်ပြီးနောက် ထန်ရှုက ဓာတ်ပုံအား ကြည့်ရင်း ပြောလိုက်သည်"မနေ့က ကျုပ် မြို့တော်ကို ရောက်ရောက်ချင်း ဒီဖြစ်ရပ်နဲ့ ဆုံတွေ့ခဲ့တာပဲ၊ ဒါကြောင့် ကျုပ် လှုပ်ရှားခဲ့တာ။ ဒါပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ကိုယ်တွယ်ခဲ့တာ ကျုပ်မဟုတ်ဘူး၊ ကျုပ်တပည့်တွေပဲ။ ကျုပ် ကိုင်တိုင် လှုပ်ရှားလို့ ကျုပ်ရဲ့သရုပ်မှန်ကို ဖော်ပြသလို ဖြစ်သွားရင် ဒုက္ခများမှာကို ခင်ဗျားလဲ သိပါတယ်"
နောက်ဆုံးတော့ အပြုံးတစ်ခုက သွမ်မုလင်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"မင်းလူတွေ လှုပ်ရှားခဲ့တယ်ဆိုတာ ငါ သိတယ်၊ မဟုတ်ရင် အဲလူတွေကို တိတ်တဆိတ်ရင်ဆိုင်ဖို့က လုံးဝ မဖြစ်နိုင်ဘူးလေ။ ဖန်မိသားစုလက်အောက်က အပြစ်သားတွေကို အထူးစွမ်းရည်ဗျူရိုဌာနချုပ်ရဲ့အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်။ ဒါပေမယ့် သူတို့ဆီကနေ ဘာတစ်ခုမှ မေးလို့မရတာ စိတ်ပျက်စရာပဲ"
"သူတို့ရဲ့အသိစိတ်တွေ ဆုံးရှုံးနေတာမလား"ထန်ရှုက မေးလိုက်သည်။
"ဟမ့်။ မင်း ဘယ်လို သိတာလဲ"သွမ်မုလင်က ရှုပ်ထွေးသွားသောမျက်နှာနှင့် မေးလိုက်သည်"သူတို့ရဲ့အသိစိတ်တွေ ဆုံးရှုံးသွားအောင် မင်းလူတွေက တစ်ခုခု လုပ်ခဲ့တာများလား"
"မဟုတ်ဘူး ကျုပ်လူတွေကြောင့် မဟုတ်ဘူး။ ပြစ်မှုမကျူးလွန်ခဲ့ကတည်းက သူတို့ရဲ့ဆင်ခြင်တုံတရားတွေ ဆုံးရှုံးနေတာ"ထန်ရှုက ခေါင်းခါယမ်းကာ ရှင်းပြလိုက်သည်"မနေ့က သူတို့နဲ့ တွေ့တဲ့အချိန်မှာ သူတို့ဆီကနေ အလောင်းချီကို ကျုပ် အာရုံခံမိခဲ့တယ်။ သူတို့က အလောင်းစွမ်းအင်ရဲ့လွှမ်းမိုးမှုအောက်မှာ ရှိနေခဲ့တာကြောင့် ဒီလိုသွေးထွက်သံယိုဖြစ်ရပ်ကို ဖြစ်စေခဲ့တာပဲ။ ဒီဓာတ်ပုံတွေ မြင်ပြီးမှ ကျုပ် ပို သေချာသွားတာ"
ဓာတ်ပုံများက ထောက်လှမ်းရေးများအား ထန်မိသားစု၏ပင်မအဖွဲ့ဝင်နှစ်ယောက်သတ်ဖြတ်ခဲ့သည့်မြင်ကွင်းအား ပြသခဲ့သည်။ အလောင်းများတွင် လက်သည်းနှင့်သွားရာများ ကျန်ရစ်နေသည်။ သားရဲတို့၏သွားများကြောင့် မဟုတ်လျှင် အလောင်းစွမ်းအင်၏လွှမ်းမိုးခံရသောသူများကြောင့် ဖြစ်ဖို့များသည်၊ ထိုသို့သောသူများအား ဖုတ်ကောင်တစ်ပိုင်းများဟု ခေါ်ကြသည်။
မျက်လုံးတို့ လင်းလက်သွားပြီး သွမ့်မုလင်က ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ မေးလိုက်သည်"မင်းမှာ ထွက်ပြေးနေတဲ့ဖန်မိသားစုဝင်နှစ်ယောက်ကို ရှာဖွေဖို့နည်းလမ်းတစ်ခုခု ရှိလား"
"ဖန်မိသားစုဝင်တစ်ယောက်ရဲ့သွေးကို လိုအပ်တယ်။ သွေးလတ်လတ်ဆတ်ဆတ်ဖြစ်ရင် ပိုကောင်းတယ်"ထန်ရှုက ပြော၏။
"ဒါဆို ငါနဲ့အတူ အထူးစွမ်းရည်ဗျူရိုရဲ့အကျဉ်းထောင်ကို လိုက်လာပေါ့"သွမ်မုလင်က ပြော၏။
"စားပြီးမှ သွားကြတာပေါ့"ထန်ရှုက ခေါင်းညိတ်လိုက်သည်။"ပြီးတော့ ကျုပ် ခင်ဗျားဆီကနေ တစ်ခု ငှားချင်တယ်"
"မင်း ဘာငှားချင်တာလဲ"သွမ်မုလင်က မေးလိုက်သည်။
"ရေအောက်စစ်သင်္ဘော"ထန်ရှုက ပြောလိုက်သည်။
"အမ်၊ မင်း အဲဒီရေငုပ်သင်္ဘောနဲ့ ဘာလုပ်ချင်လို့လဲ"သွမ်မုလင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ကျုပ် ပြည်ပအဖွဲ့အချို့နဲ့ တိုက်ခိုက်စရာရှိတယ်"ထန်ရှုက အကူအညီမဲ့စွာ ပြော၏"လက်ရှ်ိမှာ ပစိဖိတ်သမုဒ္ဒရာမှာ ကျုပ်လူတွေက ပြည်ပကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နေတယ်။ ဒါကြောင့် ရေအောက်စစ်သင်္ဘောက ရန်သူတွေကို ဖယ်ရှားဖို့ ကျုပ်ကို ကူညီပေးနိုင်တယ်"
"ပြည်ပကျင့်ကြံသူအဖွဲ့တွေလား။ မင်း ဘာဆိုလိုတာလဲ၊ သူတို့က ဘယ်သူတွေလဲ"သွမ်မုလင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"အများကြီးရှိတယ်။ ကျုပ်ဘက်က ကမ္ဘာ့ထိပ်တန်းသုံးဖွဲ့နဲ့ တိုက်ခိုက်ရဖို့ များတယ်၊ အခြားအားကောင်းတဲ့အဖွဲ့တွေလဲ ရှိတယ်။ အကျဉ်းချုပ်ပြောရရင် ရန်သူတွေက အရမ်းသန်မာတယ်။ ထပ်ပြောရရင် လက်သည်တရားခံက ကောင်းကင်ဘုံမှော်ဆရာကလန်ပဲ၊ ခင်ဗျား ကြားဖူးမှာပါ၊ စီနီယာသွမ်မုလင်"ထန်ရှုက အားတင်းပြုံးလျက် ရှင်းပြလိုက်သည်။
သွမ်မုလင်က တုန်လှုပ်စွာနှင့် ခေါင်းညိတ်လိုက်သည်"ကြားဖူးရုံတင်ဘယ်ကမလဲ၊ သူတို့နဲ့တောင် ရင်ဆိုင်ဖူးတယ်။ ငါတို့အထူးစွမ်းရည်ဗျူရိုရဲ့လူအချို့တောင် ဆုံးရှုံးသွားတယ်။ အဲဒီကောင်းကင်ဘုံမှော်ဆရာကလန်သားတွေမှာ ဆန်းကြယ်တဲ့မှော်အတတ်အချို့ရှိတယ်၊ သူတို့က အရမ်းအားကောင်းတယ်၊ ထန်ရှု။ ပြီးတော့ မင်း...မင်းက သူတို့နဲ့ တိုက်ခိုက်မလို့လား"
"သူတို့ချည်းပဲဆိုရင် ဒီကလန်က အပြီးတိုင်ဖျက်ဆီးဖို့ ငါ့မှာ ယုံကြည်ချက် ရှိတယ်"ထန်ရှုက ပြောသည်"ဒါပေမယ့် လက်ရှိမှာ ကျင့်ကြံသူအဖွဲ့တွေ များစွာ ပါဝင်နေတော့ အောင်ပွဲရဖို့ ပိုခက်သွားတယ်၊ အထူးသဖြင့် အင်အားကြီးသုံးဖွဲ့ပေါ့။ ဒါကြောင့် ကျုပ်က ခင်ဗျားဆီကနေ ရေအောက်စစ်သင်္ဘောကို ငှားချင်တာ"
သွမ်မုလင်က ခဏနှုတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်"အဲဒါ ဘေးကင်းဖို့ မင်း အာမခံနိုင်လား။ ဒီရေငုပ်သင်္ဘောက နည်းပညာအဆင့်အတန်းပိုမြင့်တဲ့လူ့အဖွဲ့အစည်းတစ်ခုကဆိုတာ မင်းလဲ သိပါတယ်။ အဲဒါ အခြားတိုင်းပြည်တွေရဲ့လက်ထဲကို ရောက်သွားရင် အနာဂတ်မှာ ငါတို့တိုင်းပြည်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်"
"ငါ အဲဒါကို အာမခံတယ်"ထန်ရှုက ခေါင်းညိတ်လိုက်သည်။
"ဒါဆို ထိပ်တန်းအာဏာပိုင်တွေဆီ ငါ တောင်းဆိုကြည့်မယ်"သွမ်မုလင်က ခေါင်းညိတ်ကာ ပြော၏"ဒါပေမယ့် တစ်ရာရာခိုင်နှုန်းသဘောတူညီဖို့တော့ ငါ အာမမခံဘူးနော်"
"ဒါဆို ထိပ်တန်းအာဏာပိုင်ဆီ ကျုပ်ရဲ့စကားကို ပြောပြလိုက်။ သူတို့က ကျုပ်ကို ရေအောက်စစ်သင်္ဘောငှားပေးရင် စစ်တပ်နဲ့ အပေးအယူတစ်ခု ကျုပ် လုပ်မယ်"ထန်ရှုက ပြောသည်"ကျုပ်မှာ စစ်တပ်ကို ကူညီပေးနိုင်တဲ့လုပ်ဆောင်ချက်တွေပါတဲ့တံဆိပ်အသစ်နည်းပညာထုတ်ကုန်တစ်ခု ရှိတယ်"
သွမ်မုလင်က တုန်လှုပ်သွားကာ ကမန်းကတန်း မေးလိုက်သည်"ဘာထုတ်ကုန်လဲဆိုတာ မင်း ပြောလို့ရလား"
"အဲဒါက လေယာဉ်တစ်ခုပဲ"ထန်ရှုက ဆန်းကြယ်စွာ ပြုံးလျက် ပြော၏။
လေယာဉ်လား။
လေးနက်သောအကြည့်တစ်ခုက သွမ်မုလင်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ ထို့နောက် သူက ထရပ်ကာ ပြော၏"ဒီနေရာမှာ အချိန်မဖြုန်းဘဲ ဗျူရိုမှာပဲ စားကြတာပေါ့။ ဖန်မိသားစုဝင်တွေကို မြန်မြန်ရှာပြီး ရေအောက်စစ်သင်္ဘောငှားမယ့်ကိစ္စကို ဖြေရှင်းကြတာပေါ့"
ဤသည်ကို ကြားပြီးနောက် ထန်ရှုက ရွေးချယ်စရာမရှိဘဲ သွမ်မုလင်နှင့် ထွက်ခွာလာခဲ့သည်။ သူတို့နှစ်ယောက် စားသောက်ဆိုင်ဝင်ပေါက်မှ ထွက်လာချိန်တွင် ရေမိန်းကလေးက အနီးနားရှိ ကားတစ်စီးမှ လျင်မြန်စွာ ဆင်းလျက် သွမ်မုလင်နှင့်ထန်ရှုတို့ထံ ပြေးလာခဲ့သည်။ ထန်ရှုအား ခေါင်းညိတ်ပြပြီးနောက် သူမက လျင်မြန်စွာ ပြောလိုက်သည်"အခြေအနေတစ်ခု သိရပြီ၊ ခေါင်းဆောင်"
"ဘာအခြေအနေလဲ"သွမ်မုလင်က မေးလိုက်သည်။
ရေမိန်းကလေးက ထန်ရှုအား ကြည့်ကာ တုံ့ဆိုင်းသွား၏။
"မင်း ထန်ရှုကို ဖုံးကွယ်စရာမလိုဘူး။ သူလဲ ငါတို့အထူးစွမ်းရည်ဗျူရိုရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ။ ပြော၊ အခြေအနေ ဘယ်လိုလဲ"သွမ်မုလင်က အမိန့်ပေးလိုက်သည်။
"ထွက်ပြေးသွားတဲ့အဖွဲ့ဝင်နှစ်ယောက်က လျန့်ကန်းမြို့မှာ ထွက်ပေါ်လာတယ်လို့ အခုပဲ သတင်းရခဲ့တယ်။ သူတို့က တက္ကစီတစ်စီးငှားပြီးနောက် ဒရိုင်ဘာကို သတ်ဖြတ်ခဲ့တယ်၊ ဒရိုင်ဘာရဲ့အလောင်းကို ကားနဲ့အတူ ပင်လယ်ကမ်းခြေမှာ တွေ့ရတယ်။ ဒါပေမယ့် သူတို့ကို အခြားတစ်ဖွဲ့လည်း လိုက်နေတယ်လို့ ငါတို့လူတွေဆီက သတင်းရခဲ့တယ်"
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"သွမ်မုလင်၏မျက်နှာက ပြောင်းလဲသွားပြီး သူက ကမန်းကတန်း ပြောလိုက်သည်" သူတို့ကို လိုက်ဖို့ အစိုးရက ငါတို့ကို စီရင်ပိုင်ခွင့် ပေးထားတယ်၊ အခြားအဖွဲ့တွေ ပါဝင်ပတ်သက်စရာအကြောင်း မရှိဘူး။ အဲဒါ ဖန်မိသားစုရဲ့ရန်သူအဖွဲ့သစ်များလား"
"သူတို့က လူသုံးယောက်လို့တော့ ပြထားတယ်၊ လူအိုကြီးတစ်ယောက်၊ အခြားနှစ်ယောက်က သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်။ ငါတို့ရဲ့သတင်းအချက်အလက်အဖွဲ့ကို သူတို့အကြောင်း ရှာခိုင်းခဲ့တယ်၊ ဒီလူတွေက တရုတ်လူမျိုးတွေမဟုတ်ဘူးလို့ သူတို့က ကောက်ချချခဲ့တယ်"ရေမိန်းကလေးက ခေါင်းခါယမ်းလိုက်သည်။
"မင်းတို့ သူတို့ရဲ့အရိပ်အယောင်ကို ရှာဖွေနိုင်ခဲ့လား"သွမ်မုလင်က မေး၏။
"ငါတို့က ဖန်အဖွဲ့ဝင်နှစ်ယောက်ကို ရှာမတွေ့သေးဘူး။ သူတို့က ပျောက်သွားတယ်"ရေမိန်းကလေးက ပြော၏"ဒါပေမယ့် အဲဒီလူသုံးယောက်က ငါတို့ရဲ့စောင့်ကြည့်မှုအောက်မှာ ရှိတယ်။ ငါတို့တွေ လျန့်ကန်းမြို့ကို အမြန်ဆုံးသွားမယ်ဆိုရင် သူတို့ကို တွေ့နိုင်လောက်တယ်"
သွမ်မုလုလင်က ထန်ရှုဘက် လှည့်ကာ မေးလိုက်သည်"မင်း ဘယ်လိုထင်လဲ"
"အဲကို သွားကြတာပေါ့။ ပြီးတော့ လူအချို့လွှတ်ပြိး ဖန်မိသားစုဝင်တစ်ယောက်ကို လျန့်ကန်းမြို့ဆီ ခေါ်လာခိုင်းပါ"ထန်ရှုက ပြော၏"ဒိီလူတွေကို ကျုပ်တို့ ချက်ချင်းတွေ့ရင် အကောင်းဆုံးပဲ။ ဒါပေမယ့် မတွေ့ရင် ဖန်မိသားစုရဲ့သွေးကို လိုအပ်တယ်"
"ဒါဆို ငါတို့ ချက်ချင်း သွားမယ်"သွမ်မုလင်က ခေါင်းညိတ်ကာ ပြောလိုက်သည်"ရေမိန်းကလေး၊ ဖန်အဖွဲ့ဝင်တစ်ယောက်ကို သွားခေါ်ပြီး လျန့်ကန်းမြို့ဆီ ခေါ်လာခဲ့"
****
လျန့်ကန်းမြို့၊ ကမ်းခြေမြို့တစ်ခုဖြစ်ပြီး မြောက်ပိုင်းပြည်နယ်သုံးခုထဲရှိ တောင်ဘက်အကျဆုံးမြို့ဖြစ်သည်။ ဤနေရာ၏လျင်မြန်သောတိုးတက်မှုက မြို့အား မြောက်ပိုင်းပြည်နယ်သုံးခုထဲတွင် အစည်ကားဆုံးမြို့ဖြစ်လာစေ၏။
မြောက်ရွာငါးဖမ်းစခန်း။ ဤနေရာအား တောင်တန်းများနှင့် ဝန်းရံထားသည်။ ငါးဖမ်းလှေတစ်စီးပေါ်တွင် အင်္ဂလိပ်စကားပြောသံများကို ကြားနိုင်ပေ၏။
"ဆရာ၊ ခြေရာခံချပ်ပြားက အဲဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်ရဲ့ဦးတည်ဘက်ကို ပြထားတယ်။ သူတို့က လုရွှင်းခိုဒေသကို ပြေးနေတယ်။ ငါတို့ လိုက်ကြမလား"အနက်ရောင်နေကာမျက်မှန်နှင့် ရွှေရောင်ဆံပင်ရှိသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က မျက်နှာချင်းဆိုင်တွင် ထိုင်နေသောလူအိုကြီးအား မေးလိုက်သည်။
လူအိုကြီးက ခေါင်းခါယမ်းကာ ဖြည်းဖြည်းချင်း ပြော၏"သူတို့ရဲ့အလောင်းသေတ္တာကို ဒီနေရာမှာ ဖွက်ထားတာကြောင့် သူတို့ တိတ်တဆိတ် ပြန်လာလိမ့်မယ်။ အားကောင်းတဲ့ဖုတ်ကောင်တစ်ပိုင်းတွေဖြစ်ဖို့ အလောင်းသေတ္တာထဲက အလောင်းချီကို သူတို့ လိုအပ်တယ်။ သုံးရက်အတွင်း ဒီနေရာကို သူတို့ သေချာပေါက် ပြန်လာလိမ့်မယ်"
ရွှေရောင်ဆံပင်နှင့်သတ်လတ်ပိုင်းအမျိုးသားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်"ဒါပေမယ့် သူတို့မှာ အလောင်းသေတ္တာတွေ ပိုရှိနေရင်ရော၊ ငါတို့ကို ဇဝေဇဝါဖြစ်အောင်လို့ ဒီနေရာမှာ တစ်ခုဟန်ပြဖွက်ထားတာဆိုရင်ရော"
အေးစက်စက်အလင်းတစ်ခုက လူအိုကြီး၏မျက်လုံးများအား ဖြတ်သန်းသွားသည်။ သူက ခေါင်းညိတ်ကာ ပြော၏"အဲဒါ ဖြစ်နိုင်တယ်။ ဒါပေမယ့် တရုတ်ရဲ့မြို့တွေနဲ့ ပတ်သက်ပြီး ငါတို့ အများကြီး မသိဘူး၊ အဲဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်နဲ့ ယှဉ်ရင် ငါတို့အတွက် ပိုဆိုးလိမ့်မယ်။ ခြေရာခံချပ်ပြားနဲ့ သူတို့ကို ခြေရာခံလိုက်မယ်ဆိုရင် သူတို့ကို ရိတ်သိမ်းဖို့က ငါတို့အတွက် အရမ်းလွယ်ပါတယ်။ ခြေရာခံပစ္စည်းရှိတာကြောင့် သူတို့က ငါတို့နဲ့ သုံးရာကီလိုမီတာအကွာမှာ ရှိနေသရွေ့ သူတို့ရဲ့နေရာကို သုံးရက်အတွင်း ရှာနိုင်မှာပါ"
ရွှေရောင်ဆံပင်အမျိုးသားက ပြောလိုက်သည်"ဒါပေမယ့် သူတို့က သုံးရာကီလိုမီတာကျော်သွားရင် သူတို့ရဲ့ခြေရာကို ဆုံးရှုံးသွားရမယ်။ အဲအခါကျရင် သူတို့ကို ထပ်ရှာဖို့က မလွယ်လှဘူး"
"ဘာမှ မဖြစ်ဘူး။ သူတို့ထွက်ပြေးမယ့်ဦးတည်ဘက်ကို ငါ တွက်ချက်ပြီးပြီ။ ခြေရာခံပစ္စည်း ရပ်သွားတာနဲ့ လုရွှင်းခိုဒေသဆီ ငါ ချက်ချင်း ခြေရာခံသွားနိုင်တယ်။ငါတို့ရဲ့မြန်နှုန်းနဲ့ဆိုရင် သုံးရာကီလိုမီတာအတွင်း သူတို့ကို မျက်ခြေမပြတ်ဖို့က လွယ်ပါတယ်"
ဝှစ်...
ပုံရိပ်တစ်ခုက လျှပ်စီးအလား ငါးဖမ်းလှေထဲသို့ ဝင်လာသည်။ အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်၊ မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်တို့နှင့် တင်ပြလိုက်သည်"ငါတို့ကို စောင့်ကြည့်နေတဲ့မျက်လုံးတစ်စုံရှိတယ်။ သူတို့က တရုတ်အစိုးရရဲ့အရာရှိတွေပဲ ဖြစ်မယ်"
လူအိုကြီး၏မျက်နှာက ပြောင်းလဲသွားသော်လည်း သူက နှာခေါင်းရှုံ့လိုက်သည်"ဟမ့်၊ ငါတို့က အဲဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်ကို တွေ့ပြီ။ အကျိုးအမြတ်အတွက် သူတို့က ငါတို့နဲ့ ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ ဘာကိုမှ ကန့်သတ်ထားမနေနဲ့။ အဲဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်က အနက်ရောင်ဈေးကွက်မှာ ကံကောင်းမှုတစ်ခုကို ယူလာပေးလိမ့်မယ်။ ငါတို့လို ကြေးစားတွေက ဒီလိုအခွင့်အရေးကို လက်လွှတ်ခံလို့မရဘူး"
***