← Chapters

အရောင်းအဝယ်

Vol. 74 Ch. 1036

အရောင်းအဝယ်

Vol. 74 Ch. 1036

ကြေးစားများက ဆန်းကြယ်ကာ မခန့်မှန်းနိုင်သော စွမ်းရည်များပိုင်ဆိုင်သည့် လူတစ်စုဖြစ်ပြီး သားကောင်ကို လိုက်ရင်း သေခြင်းရှင်ခြင်းအစွန်အဖျား၌ အမြဲတမ်း လျှောက်လှမ်း‌နေရသည်။ ကမ္ဘာရှိ ဆိုးယုတ်သောမျိုးနွယ်များက သူတို့၏ပစ်မှတ်များဖြစ်ကြ၏။

သတ်ဖြတ်ခြင်းက ထိုလူများ၏အသက်မွေးမှုအတွက် အခြေခံကျဆုံးနည်းလမ်းများ ဖြစ်ကြသည်။ သူတို့၏သားကောင်ကို သတ်ဖြတ်ခြင်းဖြင့်သာ ၎င်းတို့အား အနက်ရောင်ဈေးကွက်တွင် ရောင်းနိုင်ပြီး လိုချင်သောပစ္စည်းများအား ရရှိနိုင်သည်။ ကြေးစားများ၏‌တစ်ခုတည်းသောစည်းမျဉ်းက သာမန်လူများအား သတ်ဖြတ်ရန် ခွင့်မပြုခြင်းပင်။

"ငါတို့ အခု ဘာလုပ်ကြမလဲ၊ ဆရာသခင်"အနက်ရောင်နေကာမျက်မှန်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအမျိုးသမီးက တိုးတိုးလေး မေးလိုက်သည်။

"ဟမ်၊ တရုတ်စွမ်းရည်အသုံးပြုသူတွေနဲ့ ငါ ရင်ဆိုင်ဖူးတယ်။ သူတို့က အားနည်းတဲ့လူတစ်အုပ်သာသာပဲ"လူအိုကြီးက နှာခေါင်းရှုံ့လိုက်သည်"သားကောင်တွေကို ဖမ်းတဲ့အချိန်မှာ ငါတို့ကို မနှောင့်ယှက်ရင် သူတို့ကို လစ်လျူရှုလိုက်ပါ။ သူတို့က ငါတို့ရဲ့လမ်းမှာ ပိတ်နေရင်တော့ ငဲ့ညှာမနေဘဲ သတ်ပစ်"

"ဒါပေမယ့် ဒါက တရုတ်ပိုင်နက်လေ၊ ဆရာသခင်"သက်လတ်ပိုင်းအမျိုးသမီးက ခပ်တိုးတိုး ပြော၏"ငါတို့က သူတို့လူတွေကို မဆင်မခြင် သတ်ဖြတ်ခဲ့ရင် ဒုက္ခတွေ ဆွဲဆောင်မိသွားနိုင်တယ်။ ငါတို့က ခြင်္သေ့တွေ ဖြစ်နိုင်ပေမယ့် ဝံပုလွေတစ်အုပ်ကိုတော့ မခုခံနိုင်ဘူးလေ"

လူအိုကြီးက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်"မင်း မှန်တယ်။ ဒါပေမယ့် ငါ့ရဲ့ဒဏ်ရာကို မကုသ‌ရသေးဘူး၊ ဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်ကို ဆက်လိုက်မယ်ဆိုရင် ငါ့ရဲ့ပျောက်ကင်းနှုန်းကို သက်ရောက်စေလိမ့်မယ်။ ဟုတ်ပြီ၊ ငါတို့ကို စောင့်ကြည့်နေတဲ့လူတွေကို သွားရှာ။ သူတို့ရဲ့ခေါင်းဆောင်ကို ငါ တွေ့ချင်တယ်လို့ သူတို့ကို ပြော"

သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းညိတ်လိုက်သည်။ သို့သော် သူမက ငါးဖမ်းလှေမှ ထွက်သွားမည့်ဆဲဆဲတွင် လူအိုကြီး၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွား၏၊ သူက အပြင်သို့ ပျံသန်းသွားကာ ငါးဖမ်းလှေကုန်းပတ်ပေါ်၌ ထွက်ပေါ်လာလာသည်။

"သူတို့ လာနေပြီ"

သူ့မျက်နှာပေါ်တွင် လေးနက်သောအကြည့်တစ်ခုအား ပြသထားသည်။ သူက အလွန်သန်မာသည်ဟု သတ်မှတ်နိုင်သော်လည်း တရုတ်အထူးစွမ်းရည်ဗျူရို၏စွမ်းရည်အသုံးပြုသူများအား ယှဉ်နိုင်ရုံမျှသာ။ သူက ဤဗျူရို၏ညွှန်မှူးဖြစ်သည့်သွမ်မုလင်အား နိုင်မည်ဟု အာမမခံနိုင်ပေ။ ထို့ပြင် သူ့ဒဏ်ရာက မပျောက်ကင်းသေးပေ။

တစ်မိနစ်ဝက်ကြာပြီးနောက် သွမ်မုလင်က အထူးစွမ်းရည်ဗျုရို၏စွမ်းရည်အသုံးပြုသူဆယ်ယောက်ကျော်နှင့်အတူ ကမ်းစပ်သို့ ရောက်လာခဲ့သည်။ သူ့ဘေးနားတွင် ထန်ရှုက လက်နောက်ပစ်ရပ်ကာ လူအိုကြီးအား ကြည့်နေ၏။ လမ်းတွင် ထိုလူများ၏သရုပ်မှန်အား သွမ်မုလင်ထံမှ သိခဲ့ရသည်။ သူတို့က ကြေးစားများပင်။

"ငါတို့ထပ်တွေ့ပြီပေါ့၊ လူအိုကြီးကျုံး"

ခပ်ရေးရေးပြုံးလျက် သွမ်မုလင်က နှုတ်ဆက်လိုက်သည်။

"ငါတို့နောက်ဆုံး‌‌တွေ့ခဲ့တဲ့လွန်ခဲ့တဲ့၂နှစ်ကတည်းက မင်းက အခုထိ အသက်ရှင်နေသေးမယ်လို့ ငါ မထင်ထားခဲ့ဘူး၊ သွမ်မုလင်"လူအိုကြီးက မျက်ခုံးတွန့်ကာ ပြောလိုက်သာ်"မင်းဘေးနားကလူတွေက တရုတ်ရဲ့အထူးစွမ်းရည်ဗျူရိုမှစွမ်းရည်အသုံးပြုသူတွေလား။ သူတို့ကို ကြည့်ရတအမှိုက်တွေလိုပဲ"

"မင်း မသေမှတော့ ငါက ဘယ်လိုလုပ် သေရမှာလဲ ၊ သက်ကြားအိုကြီးရဲ့"သွမ်မုလင်က ပြုံးကာ ပြောသည်" ဒါပေမယ့် ငါ မင်းရဲ့မှတ်ချက်ကို လိုအပ်တယ်။ အဲနေ့တုန်းက မင်း ကယ်ခဲ့တဲ့ကလေးနှစ်ယောာက်က ဒီအထိ အရွယ်ရောက်လာပြီလား။ သူတို့က မင်းရဲ့အမွေကိုလဲ ရရှိခဲ့တယ်ထင်တယ်။ ငါ့ရဲ့အမှိုက်ငယ်သား‌တွေနဲ့ မင်းလူတွေကို ယှဉ်ပြိုင်ခိုင်းရင် ဘယ်လိုလဲ"

"ဒီနေရာက မင်းတို့တိုင်းပြည်ရဲ့ပိုင်နက်ဆိုတာ ငါ သိတယ်၊ သွမ်မုလင်။ ဒါပေမယ့် ငါတို့လိုကြေးစားတွေက ဘယ်လိုနိုင်ငံတကာသဘောတူစာချုပ်တစ်ခုနဲ့မှ မကန့်သတ်ထားဘူး။ မူမမှန်တဲ့မျိူးနွယ်တွေကို အမဲလိုက်တဲ့အခါ ငါတို့က နေရာတိုင်းမှာ ထွက်ပေါ်လာနိုင်တယ်"လူအိုကြီးက သာမန်မျှစွာ ပြော၏"ပြီးတော့ ငါက မင်းတို့ဗျူရိုရဲ့ရန်သူဖြစ်ဖို့ ဒီနေရာကို လာတာမဟုတ်ဘူး၊ သားကောင်တွေကို လိုက်ဖမ်းဖို့အတွက်ပဲ"

"မင်း ပြောတာ မှန်ပါတယ်။ ငါက မင်းကို မကြိုဆိုဘူးလို့ မဆိုလိုပါဘူး"သွမ်မုလင်က ခေါင်းညိတ်ကာ‌ ပြောလိုက်သည်"ဒီတစ်ကြိမ် မင်းရဲ့သားကောင်က တရုတ်ရဲ့ဖြစ်ရပ်ကြီးတစ်ခုနဲ့ ဆက်စပ်နေလို့ပဲ၊ ဒါကြောင့် မင်း ရပ်တန့်ပြီး ငါတို့ရဲ့ကိုယ်ပိုင်ခြံဝင်းမှာ ငါတို့ကို ရှင်းလင်းခွင့်ပြုဖို့ မျှော်လင့်တယ်"

"ဟမ့်၊ ဒါ ဖြစ်နိုင်မယ်လို့ မင်း ထင်လား"လူအိုကြီးက အေးစက်စွာ ပြောသည်"ငါတို့သားကောင်ရဲ့အချက်အလက်ကို အတည်ပြုဖို့အတွက် ဒိီနေရာအထိ ရောက်လာခဲ့တာ၊ ငါတောင် ဒဏ်ရာရသွားသေးတယ်။ မင်း ပြောကြည့်၊ ငါတို့က လအနည်းငယ် ကြိုးပမ်းထားတာကို လက်လျှော့လိုက်ရမှာလား"

သွမ်မုလင်က နှုတ်ဆိတ်သွားသည်။ သူက ကြေးစားများ၏စည်းမျဉ်းအား ကောင်းကောင်း သိသည်။ သူ့အရှေ့ရှိလူအိုကြီးက အလွန်သံသယလွန်ကဲသူဖြစ်ပြီး  သားကောင်အား အောင်မြင်ရန်အတွက်ဆိုလျှင် ဘယ်လိုအန္တရာယ်ကိုမှ ဂရုစိုက်မည်မဟုတ်ပေ။

"ဒါဆို ဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်အတွက် ဘယ်လောက်ပေးရမှာလဲ" ထန်ရှုက ခြေလှမ်းတစ်ဝက် ‌ရှေ့တိုးကာ လူအိုကြီးအား မေးလိုက်သည်"သူတို့က ဈေးပေါမယ်ဆိုရင် ကျုပ်တို့‌တွေ ပူးပေါင်းလို့ရပါတယ်"

လူအိုကြီးက သရော်သောအကြည့်နှင့်အတူ မျက်မှောင်ကြုတ်လိုက်သည်။"မင်းရဲ့အထူးစွမ်းရည်ဗျူရိုရဲ့တစ်ယောက်ယောက်က ဒီလိုထောင်လွှားမယ်လို့ ငါ မထင်ထားခဲ့ဘူး၊ သွမ်မုလင်။ ဘယ်အချိန်ကတည်းက နောက်လိုက်တစ်ယောက်က မင်းအတွက် ဆုံးဖြတ်ချက် ချပေးနိုင်ရတာလဲ။ မကြာခင်မှာ မင်း အနားယူပြီး မင်းနေရာကို ဒီကောင်စုတ်လေးကို ပေးဖို့များလား"

သွမ်မုလင်က ထန်ရှုအား လှည့်ကြည့်လိုက်သည်၊ ခေါင်းခါယမ်းလျက် ပြုံး၍ ပြောလိုက်သည်"လူအိုကြီးကျုံး၊ ဒီကလေးကသာ ငါ့နေရာကို လိုချင်ရင် တုံ့ဆိုင်းနေဘဲ ချက်ချင်းပေးလိုက်မှာ။ သူ့အမိန့်အောက်က စစ်သားတစ်ယောက် ဖြစ်ရလို့လဲ ငါ့အတွက် ပြဿနာမရှိပါဘူး"

"မင်း ဘာပြောတာလဲ"

လူအိုကြီး၏မျက်နှာက ပြောင်းလဲသွားပြီး သူက သွမ်မုလင်နှင့်ထန်ရှုတို့အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သွမ်မုလင်၏စရိုက်အား သူ သိ၏။ သစ္စာရှိသည့် လူတစ်ယောက်ဖြစ်ပြီး သူ့တိုင်းပြည်အတွက် အရာအားလုံးနှစ်မြှုပ်ထားသူပင်၊ အထူးစွမ်းရည်ဗျုရို၏၏ညွှန်မှူးနေရာကိုလည်း အလွန်ဂရုစိုက်သည်။ လက်ရှိအချိန်မှာ သူက ပေးဖို့ ဆန္ဓရှိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အပြုံးတစ်ခုက ထန်ရှုမျက်နှာပေါ်တွင် တွားသွားခဲ့ပြီး သူက ပေါ့ပေါ့ပါးပါးပြုံးကာ ဆိုလိုက်သည်"အထူးစွမ်းရည်ဗျူရိုရဲ့ညွှန်မှူးလုပ်ဖို့ ကျုပ် နည်းနည်းလေးမှ စိတ်မဝင်စားဘူး။ ဘာမှ သဘောထားကွဲလွဲစရာမရှိပါဘူး၊ စီနီယာကျုံး။ ဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်အတွက် ဈေးနှုန်းကိုပဲ ပြောပါ"

လူအိုကြီးက ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ လက်တစ်ချောင်း ထောင်ပြသည်"‌ဒေါ်လာဆယ်သန်း"

ထန်ရှုက အဆင်ပြေကြောင်း ပြကာ ‌ပြုံးလိုက်သည်"ဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်ကို ခင်ဗျားတို့ကိုယ်တိုင် ဖမ်းဆီးပြီး အနက်ရောင်ဈေးကွက်မှာ ရောင်းတာထက် ကျုပ်တို့ကို ရောင်းရင် ပိုကောင်းတယ်လို့ ကျုပ် ထင်တယ်။ သေချာတာကတော့ ဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်ကို ရှာဖို့ ကျုပ်တို့က ခင်များတို့ကို ကူညီနိုင်သေးတယ်၊ သူတို့ကို သတ်ဖို့ ကျုပ်တို့နဲ့အတူ ပါဝင်နိုင်တယ်"

လူအိုကြီးက မျက်လုံးကျဉ်းမြောင်းသွားသည်။ တစ်ဖက်၏အကြံပြုချက်က သူ့ကို စိတ်ဝင်စားစေသည်။ ထို့ပြင် အထူးစွမ်းရည်ဗျူရိုက ကတိမတည်မှာကို သူ မစိုးရိမ်ပေ။ ထိုအချိန်တွင် ထန်ရှု၏သရုပ်မှန်အား သိရန် သူက ပိုစိတ်ဝင်စားလာ၏"မင်းနာမည်ဘယ်လိုခေါ်လဲ၊ လူငယ်လေး"

"ထန်ရှု"ထန်ရှုက ပြုံးကာ ဖြေလိုက်သည်။

"မင်းတော်တယ်၊ ကောင်လေး။ လူအိုကြီးက မင်းလို လူငယ်ပါရမီရှင်တစ်ယောက်ကို သဘောကျတယ်"လူအိုကြီးက ခေါင်းညိတ်ကာ ပြော၏။"ကောင်းပြီ၊ အပေးအယူကို ငါ သဘောတူတယ်၊ ဒါပေမယ့် ငါ ကုသပြီးတဲ့အထိ မင်းတို့ စောင့်ပေးရမယ်"

ကျောက်စိမ်းပုလင်းတစ်လုံးက ထန်ရှုလက်ထဲ၌ ထွက်ပေါ်လာသည်။ သူက ပြောလိုက်၏"စီနီယာကျိုး၊ ခင်ဗျားတို့လိုကြေးစားတွေက သွေးနဲ့ဓားသွားတွေကြားမှာ အလုပ်လုပ်ရတယ်မလား။ ဒဏ်ရာတွေက ခင်ဗျားတို့ကို ကြီးကြီးမားမား သက်ရောက်မှာပဲလေ။ ကျုပ်မှာ ဆေးလုံးအချို့ရှိတယ်၊ သူတို့က ခင်ဗျားအတွက် အသုံးဝင်သလား ကျုပ် မြင်ချင်တယ်။ ဈေးနှုန်းကို ကျုပ်တို့ ဆွေးနွေးရပါတယ် ..."

"ဆေးလုံးလား။ ကုသရေးဆေးလုံးတွေလား"လူအိုကြီးက ထူးဆန်းသောမျက်နှာထားနှင့် ပြော၏။"မင်းက စွမ်းရည်အသုံးပြုသူတစ်ယောက် မဟုတ်လား ဒါမှမဟုတ် ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့အရှေ့တိုင်းကျင့်ကြံသူတစ်ယောက်လား"

ထန်ရှုက ဖုံးကွယ်ရန် မကြိုးစားဘဲ ပြုံးကာ ပြောလိုက်သည်"ဟုတ်တယ်။ ကျုပ်က‌ ဆေးလုံးတွေ သန့်စင်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါကြောင့် ဒီအရောင်းအဝယ်ကို ခင်ဗျား စိတ်ဝင်စားလား"

"ငါ အဲဒါကို အရင်စစ်ဆေးဖို့ လိုအပ်တယ်"လူအိုကြီးက ပြော၏"ဆေးစွမ်းက တကယ်ပဲ ကောင်းတယ်ဆိုရင် ငါ ဝယ်မှာပါ။ ဒါပေမယ့် ဆေးစွမ်းက မပြောပလောက်ဘူးဆိုရင် မေ့လိုက်ပါ"

ကျောက်စိမ်းပုလင်းကို ဖွင့်ကာ ထန်ရှုက သန့်စင်ဒဏ်ရာပျောက်ဆေးတစ်လုံးအား ယူထုတ်လိုက်၏။ သူက ဆတ်ခနဲ လှုပ်ရှားလိုက်သည်၊ ဆေးလုံးက လူအိုကြီး၏မျက်နှာအရှေ့၌ လွင့်မျောသွား၏။ ထို့နောက် သူက ပြုံးကာ ပြောလိုက်သည်"ဒီသန့်စင်ဒဏ်ရာပျောက်ဆေးက ဒေါ်လာသန်းနှစ်ဆယ်ကျတယ်။ ခင်ဗျား စမ်းသပ်ကြည့်ပေါ့၊ ဆေးစွမ်းကောင်းတယ်ဆိုရင် ကျုပ်ကို ဒေါ်လာသန်းနှစ်ဆယ်ပေးရမယ်။ ဆေးစွမ်းမကောင်းရင် တစ်ပြားတစ်ချပ်မှ ကျုပ် မယူဘူး"

"မင်းရဲ့ဈေးနှုန်းက ငါ့ကို ငွေညှစ်နေတာ မဟုတ်လား"လူအိုကြီးက အော်ပြောလိုက်သည်"ဒေါ်လာသန်းနှစ်ဆယ်လား။ မင်း ဘာလို့ ငါ့ကို တိုက်ရိုက်မလုယက်တာလဲ"

ထန်ရှုမျက်နှာပေါ်ရှိအပြုံးက မှေးမှိန်သွား၏။"တိုက်ခိုက်နေချိန်မှာ ခင်ဗျားက ဒဏ်ရာအပြင်းအထန်ရထားပြီး ခင်ဗျားရဲ့တိုက်ခိုက်ရေးစွမ်းအားကို ထိခိုက်စေမယ်ဆိုရင် ခင်ဗျားရဲ့သေနေ့ကို စောင့်မျှော်နေရမယ်။ ဒါပေမယ့် ကျုပ်ရဲ့ဆေးတစ်လုံးက ခင်ဗျားကို အမြန်ဆုံးကုသပေးပြီး အသက်တစ်ဝက် ရှိတာနဲ့ ညီမျှတယ်။ ကျုပ်ကို ပြော၊ ဘယ်ဟာက ပိုအရေးကြီးလဲ၊ ဒေါ်လာသန်းနှစ်ဆယ်လားဒါမှမဟုတ်အသက်တစ်ဝက်လား"

"ဒါက..."

လူအိုကြီးက ပြန်မချေပနိုင်ပေ။ ပိုက်ဆံဘယ်လောက်ပဲရှိရှိ သေလျှင် အသုံးမဝင်ပေ။ သို့သော် ဒေါ်လာသန်းနှစ်ဆယ်က ကြိီးမားလွန်းသည်။ သူက ချမ်းသာ‌နိုင်သော်လည်း သန့်စင်ဒဏ်ရာပျောက်ဆေးဝယ်ယူခြင်းက သူ့အား ဆင်းရဲမွဲတေစေနိုင်သည်။

"ကောင်းပြီ၊ ကျန်တာ ခင်ဗျားအပိုင်းပဲ"ထန်ရှုက ပြော၏"လက်ခံမလားမလက်ခံဘူးဆိုတာ ခင်‌ဗျား ဆုံးဖြတ်"

လူအိုကြီးက သူ့မျက်လုံးရှေ့တွင် လွင့်မျောနေ‌သောဆေးလုံးအား ကြည့်လိုက်သည်။ အကောင်းအဆိုးချိန်ဆပြီးနောက် နောက်ဆုံးတွင် သူက သဘောတူခဲ့သည်၊ ဆေးလုံးကို ကိုင်ကာ တိုက်ရိုက်မျိုချလိုက်၏။

"အဆိပ်သတိထားပါ၊ ဆရာ"ရွှေရောင်ဆံပင်အမျိုးသားက အမူအရာပြောင်းလဲသွားလျက် ကမန်းကတန်း အော်ပြောလိုက်သည်။

"အခြားတစ်ယောက်ဆိုရင် ငါ သတိထားမှာပါ"လးအိုကြီးက ခေါင်းခါယမ်းကာ‌ ပြောလိုက်သည်"ဒါပေမယ့် သူက သွမ်မုလင်ရဲ့လူဆိုရင်  စိတ်ချလို့ ရပါတယ်"

သွမ်မုလင်၏ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ရေးခြယ်သွား၏။ ခပ်ဖျော့ဖျော့ပြုံးလျက် သူက လက်သီးဆုပ်ကာ ပြောလိုက်သည်"ခင်ဗျားလို စကားထက်တဲ့လူတစ်ယောက် ဒီလိုနွေးထွေးတဲ့စကားကို ပြောနိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး၊ အဖိုးကြီးကျိုး။ ဒါမျိုး ခင်ဗျားဆီမှာ မြင်တာ ရှားတယ်။ ကောင်းပါပြီ၊ ထန်ရှုရဲ့စရိုက်ကို ကျုပ် သိတယ်။ သူ ခင်‌ဗျားကို ထိခိုက်အောင် မလုပ်ပါဘူး"

ထန်ရှုက မပြောပေ၊ သို့သော် သွမ်မုလင်ပြောသည်ကား မှန်ကန်၏။ ကြေးစားများ၏တည်ရှိမှုအား သိရှိပြီးနောက် ဒီလိုပရော်ဖယ်ရှင်နယ်ဆန်သောလူတစ်ယောက်အား ထိခိုက်အောင် သူ မလုပ်ပေ။ ကြေးစားများက ဘဝရပ်တည်ရေးအတွက် သတ်ဖြတ်ခြင်းကိုသာ မှီခိုသော်လည်း သူတို့၏ပစ်မှတ်များက မူမမှန်သောမျိုးနွယ်များ ဖြစ်ကြ၏။ သူတို့က ဆိုးယုတ်သောအရာများ ပြုလုပ်ခဲ့ခြင်းမရှိသူများအား ဘယ်တော့မှ မသတ်ပေ။

အခြားစကားဖြင့်ဆိုရလျှင် ကြေးစားအများစုအား လူကောင်းဟု သတ်မှတ်နိုင်သည်။

ဆေးလုံးမျိုချပြီးနောက် ဆေးလုံးမှ အပူတစ်ခု ကန်ထွက်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းက သူ၏လည်ချောင်းကို ဖြတ်ကာ ရင်ဘက်ထဲသို့ စီးဆင်းသွားပြီးနောက် ဝမ်းဗိုက်ထဲသို့ ကျရောက်သွား၏။ အဆုံးတွင် ‌ဆေးအာနိသင်က ခြေလက်များနှင့်အတွင်းအင်္ဂါငါးခုထံ ပျံ့နှံ့သွားလေသည်။

"ဟမ်"

လူအိုကြီး၏အမူအရာက ပြောင်းလဲသွားပြီး သူက ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်သည်။

သွမ်မုလင်က ထန်ရှုအား လှည့်ကြည့်ကာ ပြောလိုက်သည်"ဒီမတိုင်ခင်တုန်းက မင်း ဆေးလုံးတွေ သန့်စင်နိုင်တယ်ဆိုတာ ငါ မသိခဲ့ဘူး။ ဒေါ်လာသန်းနှစ်ဆယ်က မင်းရဲ့သန့်စင်ဒဏ်ရာပျောက်ဆေးအတွက် မျှတတဲ့‌ဈေးနှုန်းတစ်ခုလို့ ငါ ထင်တယ်၊ ထန်ရှု။ မင်းမှာ အဲဒါတွေ ဘယ်လောက်ထိ ရှိလဲ။ ငါလဲ ဝယ်ချင်တယ်"

ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြန်ဖြေလိုက်သည်"နှစ်စဉ် ဒေါ်လာဆယ်သန်းနှုန်းနဲ့ ဆေးလုံးတစ်ရာ ရောင်းပေးနိုင်တယ်။ ဒါက...ကျုပ် ထုတ်လုပ်နိုင်တဲ့သန့်စင်ဒဏ်ရာပျောက်ဆေးရဲ့အကန့်အသတ်ပဲ"

သွမ်မုလင်က လက်မထောင်ကာ ချီးကျုးလိုက်သည်။"မင်းက ငါတို့လူတွေထဲက တစ်ယောက်ဖြစ်ဖို့ တကယ် ထိုက်တန်တယ်။ ဒါက ကောင်းမွန်တဲ့‌ကမ်းလှမ်းမှုတစ်ခုပဲ။ မင်း ပြောတဲ့ အတိုင်းပါပဲ။ အထူးစွမ်းရည်ဗျူရိုက မင်းဆီကနေ နှစ်တိုင်း သန့်စင်ဒဏ်ရာပျောက်‌ဆေးအလုံးတစ်ရာဝယ်မယ်"

***

All Chapters