← Chapters

မပြီးပြတ်သေးသောကိစ္စ

Vol. 70 Ch. 974

မပြီးပြတ်သေးသောကိစ္စ

Vol. 70 Ch. 974

"အားလပ်ရက်မှာတောင် ရတနာရမယ် မထင်ထားဘူး။"

အန်လင်း ပြုံးကာပြောလိုက်သည်။

တပိုင်မှာ ထိုအခွင့်အရေးအား အမိအရ ဖမ်းဆုပ်လိုက်သည်။

"အစ်ကိုကြီးအန်.... ဒါမျိုးက အောင်ပွဲခံသင့်တယ်နော်.... ဝုတ်။"

အန်လင်း အနည်းငယ်တွေးကာ တပိုင်အား အဆင့်နှစ် စိတ်ဝိဥာဥ်ဆေးလုံးနှင့် တီနာအား အဆင့်တစ် စိတ်ဝိဥာဥ်ဆေးလုံးတို့ကို ပေးလိုက်သည်။

တပိုင် မျက်လုံးပြူးသွားသည်။

"ဘာလို့ နာလေးက အဆင့်တစ် စိတ်ဝိဥာဥ်ဆေးလုံးရပြီး ကျွန်တော်ကြတော့ အဆင့်နှစ် စိတ်ဝိဥာဥ်ဆေးလုံးပဲ ရတာလဲ။"

အန်လင်း ရယ်မောလိုက်သည်။

"နာလေးက ပင်လယ်ကြမ်းပြင်ကိုလည်း ခေါ်လာပေးတယ်။ သူမရဲ့ သွေးလည်း ပေးခဲ့သေးတယ်။ မင်းက ဘာလုပ်လို့လဲ။"

တပိုင် ပြန်မပြောနိုင်ပေ။

တီနာ တောက်ပစွာ ပြုံးလိုက်သည်။

"တပိုင်.... ငါ့ရဲ့ဆေးလုံးကိုလည်း နင်ယူလို့ ရပါတယ်။"

တပိုင် ရင်ထဲထိသွားရသည်။

"နင်.... နင်ရော စိတ်ဝိဥာဥ်ဆေးလုံး လိုမှာပေါ့။ ငါမယူရက်ပါဘူး။"

သူသည် အရှက်မရှိသော ခွေးတစ်ကောင် မဟုတ်ပေ။ အန်လင်း၏ လက်ဆောင်သည် တရားမျှတမှုရှိပြီး တီနာ၏ ဆေးလုံးကိုပါ ယူလိုက်ပါက သူသည်လည်း အန်လင်းကဲ့သို့ အရှက်မရှိသူ ဖြစ်သွားပေလိမ့်မည်။

"ဘာမှမဖြစ်ပါဘူး။ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှာ စိတ်ဝိဥာဥ်သစ်သီးပင်တွေ အများကြီးပဲလေ။ ငါလိုရင် သွားစားလိုက်မှာပေါ့။"

တီနာ စကားဆိုလာသည်။

တီနာသည် ဖန်ဆင်းရှင် နတ်ဘုရားမဖြစ်ကြောင်း သတိရသွားသောကြောင့် တပိုင်မှာ စိတ်ဝိဥာဥ်ဆေးလုံးအား တိတ်တဆိတ် လက်ခံလိုက်သည်။

"အစ်ကိုကြီးအန်.... ကျွန်တော်တို့ ဘယ်သွားကြမလဲ။"

တပိုင်သည် စိတ်ဝိဥာဥ်ဆေးလုံးအားသောက်ကာ ပျော်ရွှင်စွာ မေးလာသည်။

"အင်း....ချန်ပိုင်တောင်ကို သွားမယ်။"

အန်လင်း တုံ့ပြန်လိုက်သည်။

"ချန်ပိုင်တောင်က ပျော်ဖို့ကောင်းလား။"

တီနာ မေးမြန်းလာသည်။

အန်လင်း ရယ်မောလိုက်သည်။

"အဲ့မှာ ဇွန်ဘီနတ်ဘုရားမ ရှိတယ်လေ။"

"ဇွန်ဘီနတ်ဘုရားမကို ကြားဖူးနေသလိုပဲ။"

တပိုင်မှာ ကြောင်တောင်တောင် ဖြစ်နေပြီးမှ ပြန်လည်အမှတ်ရမိသွားသည်။

သူ၏မျက်ဝန်းများ ပြူးကျယ်သွားလေသည်။

"အစ်ကိုကြီးအန် အခုထိတောင် သူ့ကိုမမေ့သေးဘူးလား။ ဒါပေမယ့် သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားက အရမ်းမိုက်သားနော်..... ဟီးဟီး...."

တပိုင်မှာ စိတ်လှုပ်ရှားနေကြောင်း သိသာလွန်းလှသည်။

တီနာမှာ ကြောင်အမ်းအမ်းလေး ဖြစ်နေမိလေသည်။

ဘီလူးအန်လင်းက ဘာလုပ်မလို့လဲ.... ခံစားချက် မကောင်းသလိုပဲ.....

"နင်တို့ ဘာတွေပြောနေတာလဲ။"

တီနာ မေးမြန်းလိုက်သည်။

အန်လင်း ချောင်းဟန့်လိုက်သည်။

"အာ.... တပိုင် တီနာကို လျှောက်လည်ဖို့ ခေါ်သွားလိုက်နော်။ ငါချန်ပိုင်တောင်ကိုသွားပြီး မြန်မြန်ပြန်လာခဲ့မယ်။"

"အစ်ကိုကြီးအန်... ကျွန်တော်လည်း လိုက်ချင်တယ်လေဗျာ... ဝုတ်။"

တပိုင်မှာ ဇွန်ဘီနတ်ဘုရားမအား တွေ့ချင်နေသည်။

အန်လင်း တပိုင်အား ကြည့်ရှုလိုက်သည်။

"မင်းကဘာလို့ သွားချင်နေတာလဲ။"

တပိုင်မှာ သတ်ဖြတ်ခြင်း အငွေ့အသက်အား ရရှိလိုက်သောကြောင့် အားယူကာ ပြုံးလိုက်ရသည်။

"နာလေး.... ဘယ်သွားချင်လဲ။ တူတူသွားရအောင်လေ... ဝုတ်။"

တီနာမှာ အန်လင်း၏ ဆုံးဖြတ်ချက်ကြောင့် မပျော်မရွှင် ဖြစ်နေသည်။

"တောင်ဝင်ရိုးစွန်းကို သွားကြတာပေါ့။ ဥတ္တမ အလင်းတန်းတွေကို ကြည့်ချင်တယ်။"

"ကိစ္စမရှိပါဘူး။ အစ်ကိုကြီးအန်ကို အဲ့မှာစောင့်နေမယ်နော်။"

တပိုင်မှာ တီနာနှင့်အတူ ထွက်ခွာသွားတော့သည်။

အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

ယခင်က ဇွန်ဘီနတ်ဘုရားမထံ ပထမဆုံး အနမ်းအား မပေးလိုသောကြောင့် ယင်းနတ်ဘုရားကျင့်စဥ်အား မရခဲ့သည့်အပြင် ရေခဲတုံးပါ ဖြစ်ခဲ့ရသည်။

ယခုထိတိုင် ထိုအတွေ့အကြုံအား ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ယနေ့တွင် ယင်းနတ်ဘုရားကျင့်စဥ်အား ရအောင်ယူသင့်ပြီပင်။

ဟင်းလင်းပြင်သို့အပြန် အဆင့်သို့တက်ရန် လိုအပ်ချက်များထဲမှတစ်ခု ဖြစ်နေသောကြောင့် သူ့အနေဖြင့် ရွေးချယ်စရာ မရှိပေ။

အုတ်ခဲနက် တစ်ခုမှာ တိမ်စိုင်များကြား ပျံဝဲနေသည်။

"မင်းရှိနေပါစေလို့ ဆုတောင်းတယ်။"

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

အတိတ်ကာလ၌ သူ့အနေဖြင့် ဇွန်ဘီနတ်ဘုရားမအား ရှာရန်မဖြစ်နိုင်ပေ။

ယခုတွင်မူ သူ၏ သိစိတ်အာရုံသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များနှင့်ပင် ယှဥ်နိုင်နေပြီ ဖြစ်သောကြောင့် ဇွန်ဘီနတ်ဘုရားမအားရှာရန် မခက်ခဲတော့ပေ။

အန်လင်းမှာ အုတ်ခဲနက်ပေါ်တွင်ထိုင်ကာ မျက်လုံးမှိတ်လိုက်သည်။

ဝုန်း......

သူသည် သိစိတ်အာရုံအား ကီလိုမီတာ ငါးဆယ်အထိ ဖြန့်ကျက်လိုက်သည်။

ဤနေရာသည် ချန်ပိုင်တောင်၏ သက်ရှိစွမ်းအင် အကြွယ်ဝဆုံး နေရာဖြစ်သောကြောင့် ဇွန်ဘီနတ်ဘုရားမသာ ရှိနေပါက ယခုပတ်ဝန်းကျင် အနီးတွင်သာ ရှိပေလိမ့်မည်။

အန်လင်းသည် ဝံပုလွေ၊ ကျားအားမြိုနေသော သန္ဓေပြောင်းမြွေနှင့် အခြားသားရဲများအား အာရုံခံမိပါသော်လည်း ၎င်းတို့သည် အန်လင်း၏ သိစိတ်အာရုံအား သတိမထားမိကြပေ။

အန်လင်းမှာ စိတ်ရှည်လက်ရှည်ပင် အာရုံခံနေသည်။

ထိုသို့ဖြင့် ညအချိန်သို့ ရောက်ရှိလာလေသည်။

ဝံပုလွေ အူသံများမှလွဲ၍ ညအချိန်မှာ အတော်တိတ်ဆိတ်နေသည်။

ယင်းစွမ်းအင်မှာလည်း တဖြည်းဖြည်း အားကောင်းလာ၏။

အန်လင်းသည် မရဏဝိဥာဥ်များ ပိုမိုတက်ကြွလာသည်ကို အာရုံခံမိသည်။ အချို့ဆိုလျှင် အခေါင်းများထဲမှပင် ထလာကြသည်။

ရုတ်ချည်းဆိုသလို အဝေးတစ်နေရာမှ သန့်စင်သော ယန်စွမ်းအင်များ ထွက်ပေါ်လာလေသည်။

"စိတ်ဝင်စားစရာပဲ။ တာအိုသခင် တစ်ယောက်ယောက်လား။"

အန်လင်း သိချင်မိသွားသည်။

..........

ချန်ပိုင်တောင်၏ တောင်ကုန်းတစ်ခု၌

အမျိုးသား တစ်ဦးသည် မက်မွန်သစ်သားဓားနှင့် အဆင့်နိမ့် ဇွန်ဘီများအား သုတ်သင်ပစ်နေသည်။

၎င်းသည် တာအိုခန္ဓာ အဆင့်တစ်ဆယ်ရှိသူ ဖြစ်သည်။

မကြာမီပင် ရန်သူများမှာ ပိုမိုအားကောင်းလာသည်။

ဇွန်ဘီဘုရင်တစ်ပါး ပေါ်ထွက်လာကာ ၎င်း၏ခန္ဓာကိုယ်မှ မရဏစွမ်းအင်များအား ထုတ်လွှတ်လိုက်သည်။

အန်လင်းသည် ထိုအခွင့်အရေးအား အမိအရယူကာ မြူခိုးအင်မော်တယ်သိုင်းဖြင့် တိုက်ပွဲအနီးသို့ ချည်းကပ်သွားလိုက်သည်။

"ဟားဟားဟား..... ကျန်းရှန့်ယန် မင်းကဒီကို လာရဲသေးတယ်ပေါ့။ ဒီနေ့က မင်းသေတဲ့နေ့ပဲ။"

စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ဇွန်ဘီဘုရင်မှ ရက်စက်စွာ ပြုံးလိုက်သည်။

ကျန်းရှန့်ယန်သည် ဓားဖြင့်ခုခံပါသော်လည်း ဇွန်ဘီဘုရင်မှာ ထိုဓားအား လက်ဖြင့်ရိုက်ချလိုက်သည်။

ကျန်းရှန့်ယန် အဝေးသို့ လွင့်ထွက်ကာ သွေးအန်သွားရလေသည်။

ကျန်းရှန့်ယန်မှာ အပြုံးမပျက်ပေ။

"ငါ့ရဲ့ သေနေ့ပေါ့လေ။ မင်းကို ခေါ်ထုတ်ဖို့ပဲ ဒီကိုလာခဲ့တာ..... ဆရာရေ...."

အစိမ်းရောင် တာအိုဝတ်စုံနှင့် အမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။

ဇွန်ဘီဘုရင် မျက်နှာပျက်သွားရသည်။

"ရှန့်ချင်ဂိုဏ်းရဲ့ အကြီးအကဲ ရွှမ့်ဟန်ပါလား။"

ရွှမ့်ဟန် ရယ်မောလိုက်သည်။

"ဇွန်ဘီဘုရင် မင်းငါတို့ရဲ့ ထောင်ချောက်ထဲ ကျသွားပြီပဲ။ အရှုံးပေးလိုက်တော့။"

အန်လင်းမှာ တိုက်ပွဲအခြေအနေအား စိတ်ဝင်တစား ကြည့်ရှုနေမိသည်။

ရွှမ့်ဟန်သည် ယန်စွမ်းအင်များ ပါဝင်နေသော ရွှေရောင်ဓားပုံရိပ်နှင့် ဇွန်ဘီဘုရင်အား တိုက်ခိုက်လိုက်သည်။

"အား......."

ဇွန်ဘီဘုရင်၏ ခန္ဓာကိုယ်တွင် ဓားချက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ မြေပြင်ပေါ် လဲကျသွားရသည်။

ထိုသည်မှာ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်နှင့် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း စဦးအဆင့်ကြားမှ တိုက်ပွဲတစ်ခုပင်။

ထိုအချိန်မှာပင် ရယ်မောသံတစ်ခုအား ကြားလိုက်ကြရသည်။

"ဟင်းဟင်း.... ရွှမ့်ဟန် နင်ကငါ့ရဲ့ အစေခံလေးကို သတ်ပစ်ရဲတယ်ပေါ့။"

မြူခိုးနက်များမှာ လူသားနှစ်ဦးအား လွှမ်းခြုံသွားပြီးနောက် အားကောင်းသော အရှိန်အဝါများ ဖြာထွက်လာကာ ပတ်ဝန်းကျင်မှာ အေးခဲသွားရသည်။

အန်လင်းမှာလည်း မျက်ဝန်းများ တောက်ပသွားရလေသည်။

သားကောင်ရောက်လာပြီပဲ.....

ရွှမ့်ဟန်မှာ အမူအရာ ပြောင်းလဲသွားရတော့သည်။

"ချန်ပိုင်တောင်ရဲ့ ဇွန်ဘီနတ်ဘုရားမ..."

All Chapters