← Chapters

ဥတ္တရအလင်း

Vol. 70 Ch. 977

ဥတ္တရအလင်း

Vol. 70 Ch. 977

ဇွန်ဘီနတ်ဘုရားမမှာ နှလုံးခုန်သံများ မြန်နေရသည်။

တောင်ပေါ်တွင် ၎င်းတို့နှစ်ဦးသာ ကျန်ရစ်တော့သည်။

ဇွန်ဘီနတ်ဘုရားမသည် အန်လင်းအားကြည့်ကာ ရှက်ရွံ့စွာ ခေါင်းငုံ့ထားလေသည်။

အန်လင်း : "......."

သူမက ဘာဖြစ်နေတာလဲ......

ယခင်က ဇွန်ဘီနတ်ဘုရားမသည် ဆွဲဆောင်မှုပြင်းကာ ရဲတင်းလွန်းသည်ကို သူကောင်းစွာ မှတ်မိနေသေးသည်။ ယခုတွင်မူ အဘယ့်ကြောင့် အပျိုဖြန်းလေးလို ဖြစ်နေရပါသနည်း။

ထိုသည်မှာ အဓိပ္ပါယ် မရှိပေ။

"အဟမ်း...... ဘာကိစ္စမှ မရှိတော့ရင် ငါသွားပြီနော်။"

အန်လင်းသည် တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

"ဟင်....."

ဇွန်ဘီနတ်ဘုရားမမှာ ထိုသည်ကို မမျှော်လင့်ထားသောကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။

သူမသည် တစ်စုံတစ်ခု ပြောချင်နေပါသော်လည်း ခေါင်းသာညိတ်ပြလိုက်သည်။

အန်လင်းမှာ အုတ်ခဲနက်ပေါ် တက်လိုက်လေသည်။

"အမ်..... နင့်နာမည်က ဘာလဲ။"

"အန်လင်းလေ။"

သူသည် လိမ်ညာရန် လိုအပ်သည်ဟု မထင်မိပေ။

"ငါ့နာမည်က ထျန်းရန်ပါ။"

ဇွန်ဘီနတ်ဘုရားမ တုံ့ပြန်လာသည်။

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

"မင်းနာမည်က ဇွန်ဘီနတ်ဘုရားမ မဟုတ်ဘူးလား။"

ထျန်းရန် : "......"

"အဲ့ဒါဆို နင့်နာမည်ကရော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလား။"

သူမ မကျေမနပ် ဖြစ်သွားသည်။

"အာ....."

ထိုမှသာ ဇွန်ဘီနတ်ဘုရားမဟူသော အမည်သည် လူသားကျင့်ကြံသူများမှ ပေးထားခြင်းဖြစ်ကြောင်း အန်လင်း သဘောပေါက်သွားသည်။

"ငါ့အသက်ကို ကယ်ပေးတာ တကယ်ကျေးဇူးတင်ပါတယ်။"

ထျန်းရန် ခါးညွတ်ကာ အရိုအသေ ပေးလာသောကြောင့် အဖြူရောင် ဖရဲသီးနှစ်လုံး လှုပ်ယမ်းသွားရသည်။

အန်လင်း တည်တည်ငြိမ်ငြိမ်ပင် အကြည့်လွှဲလိုက်ရလေသည်။

"သခင်မလေး ထျန်းရန်..... ကျင့်ကြံရေးကို အာရုံစိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။ တစ်နေ့နေ့တော့ ပြန်ဆုံကြတာပေါ့။"

ထိုစကားနှင့်အတူ အန်လင်းမှာ ပျံသန်းထွက်ခွာသွားတော့သည်။

ချန်ပိုင်တောင်တွင်သာ ဆက်နေနေပါက အရိုင်းစိတ်များ ဝင်လာမည်ကိုပင် စိုးရိမ်ရပေသည်။

ထျန်းရန်မှာ ထွက်ခွာသွားသော ပုံရိပ်အား တိတ်တဆိတ် ငေးကြည့်နေမိသည်။

သူမ၏ ပတ်ဝန်းကျင်မှာ ဝံပုလွေ အော်သံများမှလွဲ၍ အထီးကျန်စရာ ကောင်းလွန်းလှသည်။

ချန်ပိုင်တောင်မှ ထွက်လာပြီးနောက် အန်လင်းမှာ စနစ်အား စစ်ဆေးကြည့်လိုက်သည်။

သူသည် ယင်းနတ်ဘုရားကျင့်စဥ် အဆင့်တစ်အား ရရှိကာ ယင်းစွမ်းအင်ကိုလည်း ပိုမိုနားလည်လာလေပြီ။ ရေကိုယ်ပွားနည်းစနစ်ကိုလည်း ပို၍ကျွမ်းကျင်လာပြီ ဖြစ်သည့်အပြင် ချိပ်ပိတ်သော စွမ်းရည်ဖြစ်သည့် အေးခဲမြူနှင်း ဝဲဂယက်ကိုပါ ရရှိထားသည်။

အန်လင်းထံတွင် ယင်း၊ ယန်ကျင့်စဥ်၊ ဒြပ်စင်ငါးမျိုး၊ လေနှင့် လျှပ်စီးအမျိုးအစားတို့ ရှိနေပြီဖြစ်ကာ သတ္ထုအမျိုးအစား ကျင့်စဥ်သာ လိုအပ်တော့သည်။ အံ့ဖွယ်ဆေးလုံး ရရှိမည့် အရေးမှာ ချောမွေ့နေပြီ ဖြစ်သောကြောင့် အံ့ဖွယ်လက်နက်သာ လိုအပ်တော့သည်။

ဟင်းလင်းပြင်သို့အပြန် အဆင့်သို့တက်ရန် လိုအပ်ချက် အတော်များများ ရှိနေပြီပင်။

"ဒီနှစ်ကုန်လောက် ဟင်းလင်းပြင်သို့အပြန် အဆင့်ကို တက်သင့်တယ်။"

အန်လင်း၏ မျက်ဝန်းများမှာ တောက်ပနေသည်။

သူ၏အုတ်ခဲနက်မှာလည်း လျင်မြန်စွာ ပျံဝဲနေလေသည်။

သူသည် လေယာဥ်တစ်စီးနှင့်ပင် ဘေးချင်းယှဥ်ကာ ပျံသန်းလိုက်သေးသည်။

ဖုံးကွယ်ခြင်းမန္တာန်အား အသုံးပြုထားသောကြောင့် စိုးရိမ်စရာ မရှိပေ။

အန်လင်းမှာ ထိုလေယာဥ်နှင့် အချိန်တစ်ခုကြာအောင် အတူတကွ ပျံသန်းနေခဲ့သည်။

ထိုခံစားချက်မှာ ထူးခြားကာ ကောင်းမွန်လွန်းလှပြီး အတိတ်ကာလတွင်သာဆိုပါက စိတ်ကူးကြည့်ဖူးမည်ပင် မဟုတ်ပေ။

ထိုသည်မှာ အိပ်မက်တစ်ခုဟုပင် ထင်မှတ်ရလေသည်။

အန်လင်းသည် ကျင့်ကြံရေးလောကထဲ ရောက်ရှိလာခြင်းအပေါ် အလွန်ပင် ကျေးဇူးတင်မိသည်။

စိတ်အေးလက်အေး ခံစားပြီးမှသာ သူသည် တောင်ဝင်ရိုးစွန်းသို့ ထွက်လာလိုက်သည်။

တောင်ဝင်ရိုးစွန်း၏ နှင်းခဲများကြားတွင် ကြယ်ရောင်စုံသော ညဥ့်ကောင်းကင်ယံမှာ လှပလို့နေသည်။

တီနာနှင့် တပိုင်မှာ ဥတ္တရ အလင်းတန်းများအား သာသာယာယာ ကြည့်ရှုနေလေသည်။

"ဘီလူးအန်လင်း.... ဥတ္တရ အလင်းတန်းက အရမ်းလှတာပဲ။ ဘာလို့ ဝင်ရိုးစွန်းတွေမှာ ဒါမျိုးရှိတာလဲဟင်။"

တီနာ မေးမြန်းလာသည်။

အန်လင်းမှာ ကျောင်းတွင်သင်ခဲ့ရသော ရူပဗေဒ သင်ခန်းစာများအား ကျေးဇူးတင်မိသွားသည်။

"ဥတ္တရ အလင်းတန်းက နေကနေ ထုတ်လွှတ်လိုက်တဲ့ လျှပ်စစ်ဓာတ်ဆောင် အမှုန်လေးတွေ ကမ္ဘာ့လေထုထဲ ရောက်လာပြီး လေထုထဲက မော်လီကျူတွေနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်လာတာပဲ။"

တီနာမှာ သေသေချာချာ နားမလည်ပါသော်လည်း ချီးကျူးလိုက်သည်။

"ဘီလူးအန်လင်းက အရမ်းဗဟုသုတ ရှိတာပဲ။"

အန်လင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"အစ်ကိုကြီးအန် ချန်ပိုင်တောင်မှာ ဘာလုပ်ခဲ့လဲ.... ဝုတ်။"

တပိုင် မေးခွန်းထုတ်လိုက်သည်။

အန်လင်း : "......."

"ချန်ပိုင်တောင်မှာ ကျင့်စဥ်အသစ် သွားယူတာ။"

အန်လင်း လေးနက်စွာ တုံ့ပြန်လာသည်။

တပိုင် ပြုံးကာပြောလာသည်။

"ဇွန်ဘီနတ်ဘုရားမကို သွားရှာပြီး သင်လာတာလား။ ဟီးဟီး...... အင်္ဂလိပ်စာကို နိုင်ငံခြားမလေးနဲ့ အိပ်ရာထဲ သင်သလိုပေါ့။"

အန်လင်း တပိုင်အား ခေါင်းရိုက်လိုက်သည်။

"ယီးစကားတွေ ပြောနေရင် ခွေးခေါင်းသုပ် လုပ်စားလိုက်မယ်။"

တပိုင်မှာ မကျေမနပ် ခေါင်းငုံ့သွားရသည်။

အန်လင်း၊ တီနာနှင့် တပိုင်မှာ အရေးကြီးသော အကြောင်းအရာများအား မပြောဖြစ်ကြပေ။

၎င်းတို့သည် တောင်ဝင်ရိုးစွန်းတွင် ရက်အနည်းငယ်ခန့်နေကာ သန္ဓေပြောင်းသားရဲ အချို့အား ရှင်းလင်းခဲ့ကြသည်။

ရေခဲတောင် အနက်ပိုင်းတွင် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ရေခဲတောင်ပံငှက်ကိုပင် တွေ့ခဲ့ရသေးသည်။

အန်လင်းသည် ထိုသို့သော သတ္တဝါအား မစားဖူးသောကြောင့် ငှက်စွပ်ပြုတ် လုပ်ပစ်လိုက်သည်။

စွပ်ပြုတ်မှာ စားကောင်းလွန်းသဖြင့် အန်လင်းတို့မှာ စား၍ပင် မဝခဲ့ပေ။

ထို့နောက် ၎င်းတို့မှာ ဟွားနိုင်ငံသို့ ပြန်လာခဲ့ကြသည်။

တပိုင်သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သို့တက်ရန် ကြိုးကြိုးစားစား ကျင့်ကြံနေသည်။

အန်လင်းသည် အံ့ဖွယ်လက်နက် ရလာသည်နှင့် အဆင့်တက်ရန် သေချာနေပြီ ဖြစ်သောကြောင့် ဘာမှကျင့်ကြံစရာ မလိုအပ်ပေ။

တီနာ၏ ကျင့်ကြံရေးမှာ ကောင်းမွန်လွန်းလှပြီး ကောင်းကင်နှင့်မြေပြင်အား လေ့လာရန်သာ လိုအပ်သည်။ ခရီးသွားခြင်းနှင့် ကမ္ဘာကြီးအား စူးစမ်းခြင်းသည် သူမအတွက် များစွာအထောက်အကူ ဖြစ်စေသည်။

အန်လင်းသည် အဖေဖြစ်သူအား မန္တာန်များ၊ ကျင့်စဥ်များနှင့် အတွေ့အကြုံများကို သင်ကြားပေးခဲ့သည်။

အန်မင်ချွန်၏ ကျင့်ကြံရေး တိုးတက်နှုန်းမှာလည်း မြန်ဆန်ပေသည်။

အန်လင်းသည် ဒြပ်စင်ငါးပါး၊ ယင်း၊ ယန်၊ လေ၊ လျှပ်စီးနှင့် ဓားလမ်းစဥ်တို့တွင် အဆင့်မြင့် ကျင့်ကြံသူ အများစုထက်ပင် နားလည်သဘောပေါက်နေသေးသည်။

ထိုဗဟုသုတများအား ရရှိလိုက်ခြင်းမှာ အန်မင်ချွန်အတွက် တန်ဖိုးရှိလှသည်။

အန်လင်းသည် စိတ်ဝိဥာဥ်ဆေးလုံးနှင့် စိတ်ဝိဥာဥ်သစ်သီးများစွာကိုလည်း အန်မင်ချွန်အား ပေးလိုက်သည်။

မကြာမီပင် ရွှမ်းယွမ်ချန်ထံမှ သတင်းကောင်း ရောက်ရှိလာသည်။

"အတန်းဖော်အန်လင်း ကောင်းကင်ဘုံခုံရုံးကိုပြန်ဖို့ လမ်းပြင်ပြီးသွားပြီ။"

All Chapters