ရှောင်ဇယ်ကို ကျွန်လုပ်မယ်ပေါ့လေ
Vol. 70 Ch. 979
ထိုက်ချူကုန်းမြေ၏ ဘောပျံမျိုးနွယ်စု၌
တောင်တစ်တောင်ပေါ်တွင် သက်ရှိစွမ်းအင် ကြွယ်ဝသော အစိမ်းရောင် ကျောက်တုံးကြီးတစ်ခု ချေမွခံထားရသည်။
ထိုကျောက်တုံးအနီးတွင် အဖွဲ့နှစ်ခု ရှိနေလေသည်။
ရှောင်ဇယ်သည် အနက်ရောင်ဝတ်စုံ ဆင်မြန်းထားကာ ဂိုဏ်း၏ အပြင်စည်းတပည့်များနှင့်အတူ ရှိနေသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင်မူ နဂါးဦးချိုနှင့် ရွှေရောင်မျက်ဝန်းများကို ပိုင်ဆိုင်ထားသော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ရှိသည်။
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသား၏ဘေးတွင် နဂါးမျိုးနွယ်စုမှ အမျိုးသား ကျင့်ကြံသူနှစ်ဦး ရှိနေသေးသည်။
"ရှောင်ဇယ် မင်းငါ့အစ်ကိုတော်ကို သတ်လိုက်တာတောင် ကောင်းကင်ဘုံခုံရုံး မျက်နှာနဲ့ ခမည်းတော်က အသက်ရန်မရှာဘူး။ အဲ့ဒါကို ဘာလို့ခေါင်းမာနေသေးတာလဲ။"
နဂါးမျိုးနွယ်စုဝင် အမျိုးသားတစ်ဦး ခက်ထန်စွာ ပြောလိုက်သည်။
"ငါက ဆရာ့ရဲ့ လက်အောက်ငယ်သားပဲ။ နဂါးမျိုးနွယ်စုရဲ့ ကျွန်ဖြစ်ရမယ်ဟုတ်လား။ ယီးပဲရမယ်။"
ရှောင်ဇယ် အေးစက်စွာ ရယ်မောလာသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသား စကားဆိုလိုက်သည်။
"မင်းဆက်ငြင်းနေမယ်ဆိုရင်တော့ မင်းအသက်ကို နုတ်ရုံပေါ့ကွာ။"
ဝုန်း......
သက်လတ်ပိုင်းအရွယ် အမျိုးသားထံမှ ကြောက်မက်ဖွယ် နဂါးအရှိန်အဝါများ ဖြာထွက်လာသည်။ ရှေးဟောင်း စစ်မှန်နဂါးတစ်ကောင် ရောက်ရှိလာသလို ပတ်ဝန်းကျင်ရှိ သူများမှာ အသက်ရှူများပင် ကြပ်သွားရသည်။
"အော့မန်..... ခင်ဗျားကြီး အရှက်မရှိဘူးလား။ ငါတို့ရဲ့ မိုင်းတွင်းကို လာလုတဲ့အပြင် အပြစ်ပါ တင်ချင်နေသေးတာလား။ နဂါးဘုရင်ရဲ့ စရိုက်က ဒီလိုတဲ့လား။"
လျှိုချင်းဟွမ်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသားအား ဓားဖြင့်ချိန်ရွယ်လိုက်သည်။
"ဒါက ကလေးမတစ်ယောက် ဝင်ပါသင့်တဲ့ စကားဝိုင်းမျိုး မဟုတ်ဘူး။"
အော့မန် နှာခေါင်းရှုံ့လိုက်သည်နှင့် အရှိန်အဝါများမှာ လျှိုချင်းဟွမ်ထံ ရောက်ရှိလာသည်။
ရှောင်ဇယ်သည် လျှိုချင်းဟွမ် ရှေ့မှကာထားလျက် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဝုန်း.....
ကျယ်လောင်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ရှောင်ဇယ်မှာ ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်သွားရသည်။
"မင်းရဲ့သားကို သတ်လိုက်တာငါပဲ။ အရူးလိုလို၊ အပေါလိုလိုနဲ့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကို လိုက်တိုက်မနေနဲ့။ နဂါးမျိုးနွယ်စုဝင် ဖြစ်ပြီးတော့ ဂုဏ်သိက္ခာ မရှိဘူးလား။"
အော့မန် အထင်အမြင်သေးစွာ ပြောလာသည်။
"ငါ့ရဲ့သားတော် သေသွားရတဲ့အတွက် မင်းတို့အားလုံးကို သတ်ပစ်လိုက်ရင်တောင် ကောင်းကင်ဘုံခုံရုံးက ဘာမှပြောမှာ မဟုတ်ဘူး။ အခုချက်ချင်း အစေခံစာချုပ် လာချုပ်လိုက်။ ငါက အဲ့လောက်စိတ်မရှည်တတ်ဘူး။"
"ခင်ဗျားက ကျုပ်ရဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းသားတွေကို သတ်ချင်တာပေါ့လေ။ ခင်ဗျားကိုယ်တိုင် မသေအောင်သာ ဂရုစိုက်နေလိုက်။"
ချောမောခန့်ညားသော အမျိုးသားတစ်ဦး အဝေးမှ ရောက်ရှိလာသည်။
"ဟမ့်..... ဘယ်ကောင်က အဲ့လိုပြောရဲတာလဲ။"
မည်သည့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကမှ ထိုသို့မပြောဖူးသောကြောင့် အော့မန် ဒေါသထွက်သွားသည်။
ဝုန်း......
လေထုမှာ ရုတ်တရက် တွန့်လိမ်သွားလေသည်။
အဖြူရောင် အလင်းများနှင့်အတူ အန်လင်းသည်လည်း ချက်ချင်းပျောက်ကွယ်သွားသည်။
"ဘာ....."
အော့မန် ကြောင်အမ်းအမ်း ဖြစ်သွားမိသည်။
ထိုအချိန်မှာပင် အနက်ရောင် စွမ်းအင်များ ဖြာထွက်နေသော အမျိုးသားတစ်ဦး သူ၏ရှေ့သို့ ရောက်ရှိလာကာ ဓားဖြင့်တိုက်ခိုက်လိုက်သည်။
ဝှစ်.....
အနက်ရောင် ဓားပုံရိပ်မှာ ဆယ်ကီလိုမီတာခန့် ရှိပေသည်။
အော့မန်မှာ မီတာပေါင်း ရာနှင့်ချီ လွင့်ထွက်သွားပါသော်လည်း ထိခိုက်ဒဏ်ရာ မရခဲ့ပေ။
"ခင်ဗျားက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က အော့မန်လား။ အဟက်..... ဘာမှလည်း မဟုတ်ပါဘူး။"
အန်လင်း လှောင်ပြုံးပြုံးလိုက်သည်။
"မင်းကအန်လင်းလား။"
အော့မန်၏ လက်မောင်းတွင် မိုးပြာရောင် ကြေးခွံများ ရှိနေသည်။
သူသည် ထိုကြေးခွံများနှင့် ခုခံခဲ့ခြင်း ဖြစ်သည်။
"ဟုတ်တယ်။ ကျုပ်က စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် အန်လင်းပဲ။"
အန်လင်းမှာ သူ၏အမည်အား ဖုံးကွယ်ထားခြင်း မရှိပေ။
နဂါးမျိုးနွယ်စု အင်အားစုတွင် အော့မန်အပါအဝင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးဦး ရှိနေသည်။
တစ်ဦးသည် ရှေးဟောင်းထိုက်ချူကုန်းမြေတွင် တွေ့ခဲ့ဖူးသော အော့မင်ယွီဖြစ်ကာ ကျန်တစ်ဦးအား မမြင်ခဲ့ဖူးပေ။ ၎င်းသည် အရှိန်အဝါများအား လျှော့ချထားသောကြောင့် ကျင့်ကြံရေးအဆင့် အတိအကျအား ခန့်မှန်းရန် မဖြစ်နိုင်ပေ။
"ထူးချွန်တဲ့ လူငယ်သူရဲကောင်းလေးပဲ။"
အော့မန် အတုအယောင်ဆန်စွာ ပြုံးပြလာသည်။
အန်လင်း တုံ့ပြန်လိုက်သည်။
"အရှက်မရှိတဲ့ ချီးတုံးအိုကြီးပဲ။"
အော့မန် မျက်နှာပျက်သွားသည်။
"ငါ့ရဲ့သားတော် အသတ်ခံလိုက်ရတာကို မင်းနားလည်သင့်တယ်။ ရှောင်ဇယ်ကို မသေစေချင်ရင် ငါ့ကျွန်လာလုပ်ဖို့ ဖြောင်းဖြလိုက်။ ပြီးတော့ မိုင်းတွင်းကို တစ်ခါတည်းပေးလိုက်။"
"ကျုပ်တပည့်ကို ကျွန်လုပ်ချင်တယ်ပေါ့။ ခင်ဗျား အဆင့်နဲ့ တန်လို့လား။"
အန်လင်း ခက်ထန်စွာ ပြောလိုက်သည်။
"ဆရာ....."
ရှောင်ဇယ် မျက်ရည်ဝဲသွားသည်။
"ဟားဟားဟား....."
အော့မန် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိသည်။
"မင်းက ညှိမရတော့လည်း ဒီမှာပဲ အကုန်သေလိုက်တော့။"
သူသည် အရာအားလုံး စီစဥ်ထားပြီး ဖြစ်သည်။ ၎င်းတို့အား သားတော်အတွက် လက်စားချေကာ သတ်ပစ်လိုက်လျှင်ပင် ကောင်းကင်ဘုံခုံရုံးမှ ဘာမှပြောနိုင်မည် မဟုတ်ပေ။
အသုံးမကျသော သားတစ်ယောက်အား မိုင်းတွင်းတစ်ခုနှင့် လဲရသည်မှာ မဆိုးလှပေ။
အန်လင်းမှာ လက်မခံနိုင်ပေ။
"ဘယ်သူက မှားတာလဲ အရင်ပြောကြည့်ပါဦး။"
"ရှောင်ဇယ်က ငါ့သားတော်ကို သတ်လိုက်တာလေ။ အသက်နဲ့ ပြန်ဆပ်မလား၊ ကျွန်လုပ်မလား ရွေးစရာက နှစ်ခုပဲရှိတယ်။ အချိန်ဆယ်စက္ကန့်ပေးမယ်။"
အော့မန် အရှိန်အဝါများကို ဖြာထွက်စေလိုက်သည်။
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ဖြစ်သောကြောင့် အံ့ဖွယ်တာအို အစွမ်းများ ပိုင်ဆိုင်ထားလေပြီ။
အန်လင်း ဒေါသထွက်ကာ အံကြိတ်လိုက်သည်။ ။
အော့မန်သည် ၎င်းတို့မှားနေကြောင်း သိနေသောကြောင့် အဆင်ပြေပြေ ညှိနှိုင်းဆွေးနွေးခြင်း မလုပ်လိုပေ။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သည် စုကျိုးအင်မော်တယ်ဂိုဏ်းထက် ပိုမိုအင်အားကြီးသည် မဟုတ်လော။
ထို့ကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းသည် ၎င်း၏ဆုံးဖြတ်ချက်အား လက်ခံရပေလိမ့်မည်။
"ကျုပ်က ခင်ဗျားနဲ့ စကားယှဥ်ပြောဖို့ တန်မတန် ပြရသေးတာပေါ့။"
အန်လင်း၏ မျက်ဝန်းများမှာ ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။
ဝုန်း......
ပြင်းထန်လှသော စွမ်းအင်ဖိအားများလည်း ထွက်ပေါ်လာလေသည်။
အော့မန်နှင့် အခြား ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ နှစ်ဦးမှလွဲ၍ နဂါးမျိုးနွယ်စု အင်အားစုတစ်ခုလုံး မြေပြင်ပေါ် လဲကျကုန်သည်။
အန်လင်းသည် စော်ကားခြင်းအား သည်းခံမည့်သူမျိုး မဟုတ်ပေ။
အော့မန်က လက်သီးချင်းပဲ ပြောချင်တာလား.....
အဲ့ဒါဆိုလည်း ဖြစ်တာပဲ.....