← Chapters

အရှေ့ပင်လယ် နဂါးဘုရင်အား တိုက်ခိုက်ခြင်း (ဒုတိယပိုင်း)

Vol. 70 Ch. 981

အရှေ့ပင်လယ် နဂါးဘုရင်အား တိုက်ခိုက်ခြင်း (ဒုတိယပိုင်း)

Vol. 70 Ch. 981

မီးနတ်ဘုရားအသွင်ကြောင့် အန်လင်း၏ အလျင်နှင့် အစွမ်းမှာ ကြောက်မက်ဖွယ် ဖြစ်နေသည်။

အံ့ဖွယ်မီးတောက် ခြောက်ခုနှင့် မြင့်မြတ်မီးတောက် တစ်ခုတို့အား အန်လင်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းထားသောကြောင့် ပေါက်ကွဲမှုအားမှာ ထိတ်လန့်ဖွယ်ကောင်းကာ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ဖြစ်သော အော့မန်သည်ပင် လွင့်ထွက်သွားရသည်။

အော့မန်သည်လည်း နဂါးလက်သည်းများဖြင့် ပြန်လည်တိုက်ခိုက်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း အမှုန့်ကြေနေလေပြီ။ အော့မန်သည် ရေစွမ်းအင်အားသုံးရန် စီစဥ်ထားပါသော်လည်း နေတစ်လုံးကဲ့သို့ ပူလောင်နေသော အန်လင်း၏ ခန္ဓာကိုယ်မှာ အရာအားလုံးကို လောင်ကျွမ်းစေနိုင်သောကြောင့် အလုပ်မဖြစ်ပေ။

အချီပေါင်းများစွာ တိုက်ခိုက်ပြီးနောက် ၎င်းတို့နှစ်ဦးလုံးမှာ ဒဏ်ရာဒဏ်ချက်များ ဖြစ်နေပြီပင်။

တစ်ဦးနှင့်တစ်ဦး လက်ရည်တူနေပါသော်လည်း အန်လင်းသည် တိုက်ပွဲအတွက် အထောက်အကူ ဖြစ်စေသော ဆေးများအား သောက်သုံးနေသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုလက်ရည်တက်လာကာ အော့မန်မှာမူ ခွန်အားများ လျော့ကျလာသည်။

နဂါးမျိုးနွယ်စု ကျင့်ကြံသူများမှာ မယုံကြည်နိုင် ဖြစ်နေမိကြသည်။

အန်လင်းသည် ထူးချွန်လွန်းသူဖြစ်ကြောင်း သိရှိနေပါသော်လည်း နဂါးဘုရင်နှင့် ထိုကဲ့သို့ တိုက်ခိုက်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"ဝေါင်း....."

အော့မန်၏ နဂါးလက်သည်းများတွင် မိုးပြာရောင် အံ့ဖွယ်သင်္ကေတများ ထွက်ပေါ်လာသည်။

"မင်းကငါ့ကို ဖိအားပေးနေတာပဲ။ မင်းဘာသာ ဘာကောင်ပဲဖြစ်ဖြစ် ဒီနေ့သေကိုသေရမယ်။"

အော့မန်၏ အရှိန်အဝါများမှာ သိသိသာသာ ထိုးတက်လာသည်။

အော့မင်ယွီ အမူအရာ ပြောင်းလဲသွားရသည်။

"ခမည်းတော်က အဲ့ဒါကို သုံးတော့မှာလား။"

"အခုထိ ကျိုးကြောင်းဆီလျော်မှု မရှိသေးပါလား။"

နဂါးမျိုးနွယ်စု အမျိုးသားတစ်ဦး ပြုံးကာပြောလာသည်။

"ဒါကိုသုံးလိုက်ရင် နောက်ဆက်တွဲက တော်တော်ဆိုးမှာပဲ။ ခမည်းတော်က ဒီလောက်အထိ ဖိအားပေးခံရမယ်လို့တောင် မထင်ထားဘူး။"

အန်လင်းမှာ တည်တည်ငြိမ်ငြိမ်နှင့်ပင် အော့မန်ထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ထိုလက်သီး၏ ပြင်းထန်လှသော ဖိအားများကြောင့် လေထုသည်ပင် အက်ကွဲသွားရသည်။

အော့မန်မှာ မိုးပြာရောင် အလင်းများနှင့်အတူ အန်လင်းအား လှမ်းကန်လိုက်သည်။

အန်လင်းသည် ဂွမ်းစိုင်တစ်ခုအား ထိတွေ့မိသလို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကျုံ့လိုက်သည်။

သူ၏လက်သီးအား မိုးပြာရောင် နဂါးခြေချောင်းများမှ ဖမ်းဆုပ်ထားခြင်းပင်။

နဂါးခြေချောင်းများတွင် အကာအရံတစ်ခု ရှိနေပြီး ၎င်းအားထိတွေ့လိုက်သည်နှင့် သူ၏စွမ်းအင်များ ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။

"ဘာ......"

အန်လင်း အံ့သြသွားရသည်။

စွမ်းအင်များသည် အဘယ်ကြောင့် ပဟေဠိဆန်စွာ ပျောက်ကွယ်သွားရပါသနည်း။

အော့မန် လျှို့ဝှက်စွာ ပြုံးလိုက်သည်။

"ငါ့ရဲ့ သွေးယစ်ပုလ္လင်တွင်းနက်ကို သဘောကျရဲ့လား။"

အော့မန်သည် ရက်စက်သော အမူအရာဖြင့် အန်လင်း၏ လက်သီးအား အလွတ်မပေးပဲ တင်းကြပ်စွာ ဆွဲယူလိုက်သည်။

အန်လင်းမှာ ချက်ချင်းပင် လက်သီးတစ်လုံး ထပ်မံပစ်သွင်းလိုက်သည်။

အော့မန်သည်လည်း ကျန်ရှိနေသော နဂါးခြေတစ်ဖက်ဖြင့် လျင်မြန်စွာ ကာကွယ်လိုက်လေသည်။

ကျယ်လောင်သော အသံများ ထွက်လာသင့်ပါသော်လည်း မည်သည့်အသံကိုမှ မမကြားရပေ။

အန်လင်းမှာ ယခုကဲ့သို့ အဖြစ်အပျက်မျိုးနှင့် မကြုံဖူးသောကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားမိသည်။

အော့မန်သည် မီတာပေါင်း ရာနှင့်ချီ လွင့်ထွက်သွားသင့်ပါသော်လည်း အန်လင်းမှာ ဗလာနယ်အား ထိုးနှက်မိသလိုသာ ခံစားနေရသည်။

ထိုအချိန်တွင် စူးရှလှသော နာကျင်မှုတစ်ခုကို လက်သီးနှစ်ခုလုံးထံမှ ရရှိလိုက်သည်။

"မင်းရဲ့လက်တွေကို ဖျက်စီးလိုက်ရင်ရော မင်းဘယ်လို ဆက်တိုက်မှာလဲ။"

အော့မန်၏ လက်သည်းများထံမှ အံ့ဖွယ်အလင်းများ ထွက်ပေါ်လာသည်။

အန်လင်း အသက်ပြင်းပြင်းရှူကာ ပါးစပ်ဟလိုက်သည်။

အော့မန် : "......"

ကြောက်မက်ဖွယ် အပူစွမ်းအင်များ ဖြာထွက်လာလေသည်။

ထိုရွှေရောင်စွမ်းအင်များသည် ချော်ရည်မြစ် တစ်ခုအလား အရှိန်အဟုန် ပြင်းစွာဖြင့် အော့မန်ထံ ဦးတည်လာကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုလည်း ဖျက်စီးပစ်လိုက်သည်။

ထိုသည်မှာ ယီရှီထံမှ ရရှိထားသော အဆီများအား အပူစွမ်းအင်အဖြစ် လောင်ကျွမ်းစေသော နည်းစနစ် ဖြစ်သည်။

မီးနတ်ဘုရားအသွင်ကြောင့် ထိုစွမ်းအင်မှာ ပိုမိုအားကောင်းသွားလေသည်။

အော့မန်မှာ သတိလက်လွတ် ဖြစ်သွားကာ ထိုတိုက်ခိုက်မှုအား ခံလိုက်ရသည်။

အန်လင်းသည်လည်း အခွင့်အရေးအား အမိအရယူကာ အနောက်သို့ ဆုတ်ခွာလိုက်သည်။

ရွှေရောင်စွမ်းအင်များ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

အော့မန်မှာ မျက်နှာတစ်ခုလုံး မည်းတူးနေလေပြီ။

သောက်ကျိုးနည်း..... ဒင်းက လူရောဟုတ်ရဲ့လား..... ဘယ်လူက အဲ့လိုလုပ်နိုင်လို့လဲ......

နဂါးမျိုးနွယ်စု ကျင့်ကြံသူများလည်း မျက်လုံးအပြူးသား ဖြစ်နေကြသည်။

အန်လင်းသည် ဝှက်ဖဲအိတ်ကြီးအား ပိုင်ဆိုင်ထားသူလိုပင်။

အန်လင်း၏ တိုက်ခိုက်မှုသည် ၎င်းတို့စွမ်းဆောင်ရည်ထက်ပင် အဆပေါင်းများစွာ သာနေသေးသည်။

အန်လင်းသည် တစ်ကီလိုမီတာကျော် ဆုတ်ခွာကာ အော့မန်အား လေးလေးနက်နက် ကြည့်ရှုလိုက်သည်။

အော့မန်၏ သွေးယစ်ပုလ္လင်တွင်းနက်သည် အထူးသတိထားရမည့် တိုက်ခိုက်မှုတစ်ခုပင်။

"မင်းကငါ့ကို ဒေါသထွက်အောင် လုပ်နိုင်တာပဲ။"

အော့မန်မှာ စိတ်တိုလွန်းသဖြင့် သွေးမျက်ရည်များပင် စီးကျလာသည်။

အန်လင်း မျက်နှာပျက်သွားသည်။

တိုက်ခိုက်နေတုန်း ဘယ်သူက ဒေါသမဖြစ်လို့လဲ......

ကျယ်လောင်လှသော နဂါးဟိန်းသံ ပဲ့တင်ထပ်သွားသည်။

အော့မန်၏ ခန္ဓာကိုယ်အား အဖြူရောင် မြူခိုးများ ဖုံးကွယ်သွားပြီးနောက် ကြီးမားလှသော မိုးပြာရောင် နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။

နဂါးဘုရင်၏ အသွင်အစစ်အမှန် ပေါ်ထွက်လာပြီပင်။

"မင်းကိုသတ်ဖို့ တစ်မိနစ်တောင် ကြာမှာမဟုတ်ဘူး။"

မိုးပြာရောင် နဂါးကြီး အေးစက်စွာ ပြောလိုက်သည်။

အန်လင်းမှာ သွေးနီရောင် မြှားတစ်စင်းဖြင့် နဂါးခေါင်းအား ချိန်၍ပစ်လိုက်သည်။

မိုးပြာရောင် နဂါးကြီးမှာ ရှောင်ပင်မရှောင်ပေ။

၎င်း၏ရှေ့တွင် သွေးအကာအရံတစ်ခု ဖြစ်ပေါ်လာကာ ထိုမြှားအား ဖျက်စီးပစ်လိုက်သည်။

"ငါ့ရဲ့ သွေးယစ်ပုလ္လင်တွင်းနက်က ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို သုံးလို့ရတယ်။ မင်းငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။"

မိုးပြာရောင် နဂါးကြီးမှာ အန်လင်းထံ ကြောက်မက်ဖွယ် ပျံဝဲလာသည်။

အန်လင်းမှာ မီးတောက်စွမ်းအင်များ မရှိတော့သဖြင့် မီးနတ်ဘုရားအသွင်ကို ရုတ်သိမ်းလိုက်ရသည်။

တစ်ချိန်တည်းမှာပင် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား အသက်သွင်းလိုက်သောကြောင့် သူ၏အရှိန်အဝါမှာ ပိုမိုအားကောင်းလာလေသည်။

ဝါယောဓား......

ခွမ်းဖန်၏ခရီးစဥ်........

အန်လင်းမှာ အော့မန်ထံ ပျံဝဲသွားရင်း ဘောလုံးတစ်လုံးအား ထုတ်ယူလိုက်သည်။

ရေဘောလုံးကြီးရေ.... မင်းအလှည့်ပဲ....

All Chapters