← Chapters

အော့မန်အားဖိနှိပ်ခြင်း

Vol. 70 Ch. 982

အော့မန်အားဖိနှိပ်ခြင်း

Vol. 70 Ch. 982

အော့မန်မှာ အန်လင်း၏ အမြန်နှုန်းကြောင့် အံ့အားသင့်သွားရသည်။

သို့သော် မထီမဲ့မြင် အမူအရာသာ ရှိနေလေသည်။

“မင်းမြန်တော့ရော ဘာဖြစ်လဲ။ ငါ့ကို တိုက်ခိုက်လို့မှ မရတာ။”

အန်လင်းမှာ ထိုသည်ကို ဂရုမစိုက်ပေ။ လောကနိယာမ အစွမ်းသာ မဟုတ်ပါက အခြားသော အစွမ်းများ အားလုံးတွင် အကန့်အသတ်တစ်ခု ရှိကိုရှိပေလိမ့်မည်။

ထိုသို့မဟုတ်ပါက အော့မန်သည် သွေးယစ်ပုလ္လင်တွင်းနက်အား အသက်သွင်းထားသမျှ ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါး ဖြစ်နေမည်ပင်။

အန်လင်းသည် အော့မန်ကျောပေါ် တက်လိုက်သည်နှင့် သွေးများမှာ ၎င်း၏ခန္ဓာကိုယ်အား ဝါးမြိုရန် ရောက်ရှိလာသည်။

တစ်ချိန်တည်းမှာပင် အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသော ရေစွမ်းအင် ဓားများလည်း ပျံဝဲလာကြသည်။

အန်လင်းသည် ထိုသည်ကို ဂရုမစိုက်ပဲ သက်ရှိစွမ်းအင်များအား ဘောလုံးထဲ ထည့်သွင်းကာ လက်သင်္ကေတအချို့ ပြုလုပ်လိုက်သည်။

“ရေဘောလုံးကြီးရေ.... ဒင်းကိုဖျက်စီးပစ်လိုက်....”

ဝုန်း......

အန်လင်းသည် အပြာရောင် ရေဓားကြောင့် လွင့်ထွက်ကာ ဒဏ်ရာရသွားပါသော်လည်း ၎င်း၏မျက်ဝန်းများမှာ တောက်ပနေသည်။

“ဟားဟားဟား...... မင်းကငါ့ကို ဘောလုံးတစ်လုံးနဲ့ ဖိနှိပ်နေတာလား။ ငါတော့ ရယ်ရလွန်းလို့ အူတက်တော့မှာပဲ။ ငါက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က နဂါးဘုရင်ပါကွ။”

အော့မန်မှာ ကျောပေါ်ရှိ ရေဘောလုံးအား အနည်းငယ်ပင် အလေးမထားပေ။

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

ရေဘောလုံးမှာ သူ့ကိုဖိနှိပ်ဖို့ စွမ်းအင်မလုံလောက်ဘူးလား......

သူထိုသို့တွေးလိုက်မိစဥ်မှာပင် အော့မန်မှာ သိသိသာသာ မျက်နှာပျက်သွားသည်။

“ဘာလဲဟ.....”

အော့မန် ရေရွတ်လိုက်စဥ်မှာပင် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖိနှိပ်ပစ်နိုင်လောက်မည့် စွမ်းအင်များ ကျဆင်းလာသည်။

“အား......”

အော့မန်မှာ မြင်းခွာတစ်ခုသဖွယ် ကောက်ကွေးကာ ကောင်းကင်ထက်မှ ပြုတ်ကျလာတော့သည်။

ဝုန်း.......

မိုးပြာရောင် နဂါးကြီး၏ အရှိန်ကြောင့် ကောင်းကင်နှင့်မြေပြင်သည်ပင် ပြင်းထန်စွာ တုန်ခါသွားရသည်။

အော့မန်မှာ ဂြိုဟ်တစ်လုံးနှင့် ဖိနှိပ်ခံထားရသလို ခံစားနေရသည်။

“ကူညီကြပါဦး.... အား....”

အော့မန်မှာ သွေးယစ်ပုလ္လင်တွင်းနက်အား ထုတ်ဖော်လိုက်ပါသော်လည်း ရေဘောလုံးကြီး၏ ဖိနှိပ်ဖျက်စီးမှုကို ခံလိုက်ရသည်။

အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

ရေဘောလုံးထဲတွင် တန်နှင့်ချီသော ရေများပါဝင်နေသောကြောင့် ယခုကဲ့သို့ ဖိအားပြင်းထန်နေသင့်သည်။

ထိုသည်မှာ တစ်တန်းအလေးချိန်ရှိသော ကျည်ဆံတစ်တောင့်လိုပင်။

ရေဘောလုံးကြီးကြောင့် နဂါးအရိုးကျိုးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

“အား.....”

အော့မန်မှာ ရူးလောက်အောင် နာကျင်နေလေပြီ။

“ခမည်းတော်.....”

အော့မင်ယွီ မနေနိုင်တော့ပဲ အော့မန်ထံ ပျံဝဲလာသည်။

ထိုအချိန်မှာပင် ရှောင်ဇယ်မှာ အော့မင်ယွီအား အမြှီးဖြင့် ရိုက်ချပစ်လိုက်သည်။

“ငါ့ဆရာကို မနှောင့်ယှက်နဲ့။”

ရှောင်ဇယ် ဟစ်ကြွေးလိုက်သည်။

“အစ်ကိုတော်..... ဒီတိုင်းဆိုရင် ခမည်းတော် သေသွားလိမ့်မယ်။”

အော့မင်ယွီ အော်ဟစ်လိုက်သည်။

“ဟူး.....”

သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာလေသည်။

နဂါးမျိုးနွယ်စု အမျိုးသားတစ်ဦးမှာ ဓားတစ်လက်အားကိုင်ကာ အော့မန်ထံ လျှောက်လှမ်းလာသည်။

ရှောင်ဇယ်မှာ ချက်ချင်းပင် ၎င်းထံပျံဝဲသွားသည်။

“လစ်လိုက်စမ်း.....”

ရှောင်ဇယ်သည် လေဟာနယ်ချိပ်စည်းအား ပြုလုပ်ကာ အမြှီးနှင့် ရိုက်ချလိုက်သည်။

သို့သော် ထိုအမျိုးသားမှာ မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

ထို့နောက် အန်လင်းအနီးတွင် ပြန်လည်ပေါ်ထွက်လာသည်။

၎င်းသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အများစုထက် လေဟာနယ် ခုန်ကျော်ခြင်း ပိုမိုသာလွန်နေသည်။

၎င်းထံမှ အကန့်အသတ်မဲ့သော ဓားစိတ်ဆန္ဒများ ဖြာထွက်လာ၏။

ရွှယ်ကျန်ထျန်း ပြေးသွားရန် ပြင်လိုက်ပါသော်လည်း တီနာမှ လှမ်းဆွဲထားလိုက်သည်။

“နာလေး...... ဘာလုပ်နေတာလ”

ရွှယ်ကျန်ထျန်း စိတ်မရှည်နိုင် ဖြစ်နေသည်။

“အရင်ဆုံး ဘီလူးအန်လင်းကို ယုံပေးကြရအောင်။”

တီနာ လေးနက်စွာ ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ။”

ရွှယ်ကျန်ထျန်း လက်မခံချင်ပေ။

တီနာ တိုးညင်းစွာ ရှင်းပြလာသည်။

“သူက နဂါးဘုရင် အော့မန်ထက် အများကြီးသာတယ်။”

ရွှယ်ကျန်ထျန်း မျက်လုံးပြူးသွားရသည်။

သူသည် တီနာ၏ လေးနက်သော အမူအရာကြောင့် အခြေအနေအား သေသေချာချာ သုံးသပ်လိုက်သည်။

“အစ်ကိုကြီးအန်က ပြိုင်ဘက်ကင်းပဲဟာ။ ငါတို့ ဝင်ပါစရာ မလိုလောက်ပါဘူး။”

ရွှယ်ကျန်ထျန်း စကားဆိုလာသည်။

တီနာ : “.......”

အန်လင်းမှာ ရောက်ရှိလာသော အမျိုးသားအားကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။

သူသည် ၎င်း၏ကျင့်ကြံရေးအဆင့်အား ခန့်မှန်းရန် ကြိုးစားကြည့်ခဲ့ပါသော်လည်း အရာမထင်ပေ။

ယခုတွင်မူ ၎င်းသည် အရှိန်အဝါများ ထုတ်ဖော်ထားသောကြောင့် အော့မန်ထက်ပင် ပိုမိုအားကောင်းသော ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူဖြစ်ကြောင်း သိလိုက်ရသည်။

အသက်ရှူရန်ပင် ခက်ခဲနေသော အော့မန်မှာ ထိုသည်ကိုကြည့်ကာ အားရကျေနပ်စွာ ပြုံးလိုက်သည်။

“မင်းက ဘယ်သူလဲ။”

အန်လင်း မေးမြန်းလိုက်သည်။

“နဂါးဘုရင်ရဲ့ ပဉ္စမမြောက် သားတော် အော့ချင်းယွီ...”

ထိုအမျိုးသားမှ အေးစက်စွာ တုံ့ပြန်လာသည်။

သူသည် အန်လင်းအား အထင်အမြင်သေးစွာ စူးစိုက်ကြည့်ရှုလိုက်သည်။

အန်လင်း ခေါင်းညိတ်လိုက်သည်။ နဂါးဘုရင်၏ ပဉ္စမမြောက် သားတော်သည် အလွန်ထူးချွန်ကာ တာအိုပေါင်းစည်းခြင်း အဆင့်သို့တက်ရန် အနီးစပ်ဆုံး သူတစ်ဦးဖြစ်ကြောင်း သူကြားသိခဲ့ရဖူးသည်။

“ငါဓားတစ်ချက်ပဲ ထုတ်မယ်။ အဲ့ဒါပြီးရင် ဒီတိုက်ပွဲမှာ ဝင်မပါတော့ဘူး။”

အော့ချင်းယွီ၏ အရှိန်အဝါများ ထိုးတက်လာသည်။

“ဒါပေမယ့် ငါ့ဓားတစ်ချက်နဲ့တင် မင်းအသက် ပါသွားနိုင်တယ်။”

အန်လင်း ထိတ်လန့်သွားမိသည်။

သို့သော် တည်တည်ငြိမ်ငြိမ်ပင် ပြုံးလိုက်လေသည်။

“ကောင်းပြီလေ။ မင်းရဲ့ အကောင်းဆုံး တိုက်ကွက်ကို ထုတ်သုံးပေါ့။”

အော့ချင်းယွီ မျက်မှောင်ကျုံ့လိုက်သည်။

သူသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်သောကြောင့် မာနအရ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးအား မတိုက်ခိုက်လိုပေ။

မည်သို့ပင်ဆိုစေကာမူ ထိုလူသားသည် ခမည်းတော်အား ဆိုးဆိုးရွားရွား ဖိနှိပ်ထားသောကြောင့် ရွေချယ်စရာ မရှိတော့ပေ။

ထို့အပြင် သူ့ကိုပါ မထီမဲ့မြင် ဆက်ဆံနေသေးသည်။

“ဟမ့်..... သတိသာထားပေတော့။”

အော့ချင်းယွီမှာ စကားများတတ်သူ မဟုတ်ပေ။

အကန့်အသတ်မဲ့သော ဓားစိတ်ဆန္ဒများမှာ ပတ်ဝန်းကျင် တခွင်လုံးအား ဖုံးလွှမ်းသွားသည်။

အော့ချင်းယွီ၏ ဓားစိတ်ဆန္ဒမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

အံ့ဖွယ်တာအို အစွမ်းများပါ ပါဝင်နေသောကြောင့် ၎င်း၏ဓားနယ်ပယ်ထဲတွင် အရာအားလုံးကို ဖျက်စီးပစ်နိုင်သည်။

အော့ချင်းယွီသည် အန်လင်းအားကြည့်ကာ အပြင်းထန်ဆုံး ဓားချက်အား ထုတ်ဖော်လိုက်တော့သည်။

All Chapters