သူခိုးဓားပြအား ဖော်ထုတ်ခြင်း
Vol. 70 Ch. 984
အော့မန်သည် ကျေကျေနပ်နပ် လက်ခံနေပြီ ဖြစ်သောကြောင့် အန်လင်းမှာလည်း ယခုထက်ပို၍ ဖိအားမပေးလိုတော့ပေ။
အနည်းဆုံး နဂါးဘုရင်၏ ခေါင်းအား ဆက်နင်းထားမည် မဟုတ်တော့ပေ။
အန်လင်းသည် နဂါးဘုရင်၏ ခေါင်းပေါ်မှဆင်းကာ အုတ်ခဲနက်အား စီးလိုက်သည်။
သနားစဖွယ် နဂါးဘုရင်အား မြင်တွေ့ရသည်မှာ စိတ်ကျေနပ်စရာ ကောင်းပေသည်။
“ကောင်းပြီလေ။”
အန်လင်း အော့မန်အားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
“စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းကို ဘယ်သူအရင်စတွေ့တာလဲ ပြောကြတာပေါ့။”
အော့မန် အမူအရာ ပြောင်းလဲသွားရသည်။
အန်လင်း အမိန့်ပေးလိုက်သည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းနဲ့ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က ကင်းထောက်တွေ ရှေ့ကိုထွက်ခဲ့ကြ....”
စုကျိုးအင်မော်တယ်ဂိုဏ်း၏ အပြင်စည်းတပည့်များမှာ အန်လင်း၏ အမိန့်အား နာခံလိုက်ကြသည်။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ ကျင့်ကြံသူများမှာလည်း အန်လင်းအား ကြောက်ရွံ့ကြသောကြောင့် မကျေမနပ်ဖြင့် ရှေ့ထွက်လာကြသည်။
“မိုင်းတွင်းကို ဘယ်ဘက်က စတွေ့တာလဲ။ စုကျိုးအင်မော်တယ်ဂိုဏ်းက ကင်းထောက်တွေ အရင်စပြော.....”
အန်လင်း လေးနက်စွာ မေးလိုက်သည်။
“ကျွန်မတို့ အရင်တွေ့တာပါ။”
ငိုကြွေးထားပုံရသော မိန်းမငယ်လေးတစ်ဦး စကားဆိုလာသည်။
“စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းကို တွေ့တာနဲ့ ဂိုဏ်းကိုသတင်းပို့ခဲ့တာပါ။”
“ဒါပေမယ့် ဘောပျံမျိုးနွယ်စုက မုဆိုးတွေကလည်း ကျွန်မတို့ကို တွေ့သွားတယ်လေ။ မကြာခင်ပဲ နဂါးမျိုးနွယ်စုက ရောက်လာပြီးတော့ သူတို့အပိုင်ပါလို့ လုပ်တော့တာပဲ။ ကြည့်ရတာ ဘောပျံမျိုးနွယ်စု မုဆိုးတွေဆီကနေ သိသွားပုံရတယ်။”
ထိုမိန်းမငယ်လေးမှာ နဂါးမျိုးနွယ်စုအား မျက်စောင်းတထိုးထိုး လုပ်နေသည်။
“အဲ့မုဆိုးက အခုဘယ်မှာလဲ။”
အန်လင်း မေးကြည့်လိုက်သည်။
“သူတို့ သတ်ပစ်လိုက်ပြီ နေမှာပေါ့။”
မိန်းမငယ်လေး အံကြိတ်ထားသည်။
အန်လင်းသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် နဂါးမျိုးနွယ်စုဝင်များအား စူးစိုက်ကြည့်ရှုလိုက်သည်။
နဂါးမျိုးနွယ်စုဝင်များမှာ ထိတ်လန့်နေပါသော်လည်း မျက်နှာမပျက်အောင် ထိန်းချုပ်နေကြရသည်။
သက်လတ်ပိုင်းအရွယ် နဂါးမျိုးနွယ်စုဝင်တစ်ဦး ရှေ့ထွက်လာသည်။
“မင်းတို့ ကင်းထောက်တွေ မလာခင် ငါတို့ အရင်ဒီကိုရောက်တာပါ။ ဒါပေမယ့် အမှတ်အသား ထားခဲ့ဖို့ မေ့သွားတာ။ မင်းသား အော့ရှူးယွီကို သွားခေါ်ပြီး ပြန်လာတဲ့ အချိန်မှာပဲ ရှောင်ဇယ်က အရှင့်သားကို သတ်ပစ်လိုက်တာ။”
“ဘောပျံမျိုးနွယ်စု မုဆိုးအကြောင်းကတော့ သက်သေရှိမှပြောလေ။ ငါတို့ကို မဟုတ်တာတွေ လာမစွပ်စွဲနဲ့။”
ထိုအမျိုးသားမှာ မျက်ရည်အဝဲသား ဖြစ်နေသည်။
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ။ အဲ့တော့ ဒီကို မင်းတို့ အရင်ရောက်ပါတယ်ဆိုတဲ့ သက်သေကရော....”
အန်လင်းမှ ထိုသို့ပြောလာမည် မထင်ထားသောကြောင့် နဂါးမျိုးနွယ်စု အမျိုးသားမှာ ကြောင်တောင်တောင် ဖြစ်သွားရသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် မိုင်းတွင်းအားကြည့်ကာ ပြောလိုက်သည်။
“အမှတ်အသားတော့ မထားခဲ့နိုင်ဘူး။ ဒါပေမယ့် မင်းတို့ ကင်းထောက်တွေ အမှတ်အသား မလုပ်နိုင်အောင်တော့ ကာကွယ်နိုင်ခဲ့တယ်။”
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ ပြောစကားသည်သာ အမှန်တရားဖြစ်ကြောင်း ပြောချင်ပါသော်လည်း ထိုသို့ပြောလျှင် အသက်ပင် ကျန်မည်မဟုတ်ပေ။
အန်လင်းမှာ စုကျိုးအင်မော်တယ်ဂိုဏ်းသားများအား မေးမြန်းလိုက်သည်။
“ဒီမိုင်းတွင်းကို ငါတို့ အရင်တွေ့တာဆိုတဲ့ သက်သေရောရှိလား။”
မိန်းမငယ်လေး ခေါင်းညိတ်လိုက်သည်။
“ကျွန်မတို့ အမှတ်အသားတွေ ထားခဲ့တယ်။”
သူမ လက်သင်္ကေတများ ပြောင်းလဲလိုက်သည်နှင့် စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းတွင် အဖြူရောင် အလင်းများ ဖြာထွက်ကာ စုကျိုးအင်မော်တယ်ဂိုဏ်း အမှတ်အသား ဖြစ်ပေါ်လာသည်။
အန်လင်း အော့မန်အားကြည့်ကာ ပြုံးလိုက်သည်။
“အားလုံးက သက်သေရှိသင့်တာ ခင်ဗျားတို့လည်း ပြောတယ်နော်။ စုကျိုးအင်မော်တယ်ဂိုဏ်းက မိုင်းတွင်းကို အရင်တွေ့တယ်ဆိုတာ သက်သေပြနိုင်တယ်။ ခင်ဗျားတို့မှာတော့ ပြစရာ သက်သေမရှိဘူး။ အဲ့တော့ ဒီမိုင်းတွင်းက စုကျိုးအင်မော်တယ်ဂိုဏ်း အပိုင်ပဲ။ ဘာပြောချင်သေးလဲ။”
“ငါတို့မှာ အချိန်မရှိလိုက်လို့ပါ။”
သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ လက်မခံလိုပေ။
“သက်သေမရှိရင် သောက်ပေါက်ပိတ်ထား....”
အန်လင်း ဟစ်ကြွေးလိုက်သည်။
နဂါးမျိုးနွယ်စုဝင်များအားလုံး တုန်လှုပ်သွားရသည်။
၎င်းတို့သည် စုကျိုးအင်မော်တယ်ဂိုဏ်း အမှတ်အသားများအား ဖျက်စီးကာ အရှေ့ပင်လယ် နဂါးမင်းပိုင်နက် အမှတ်အသားများနှင့် အစားထိုးရန် ကြံရွယ်ခဲ့ကြသည်။
နဂါးမျိုးနွယ်စုဝင်များအားလုံး နဂါးဘုရင်အား ကြည့်ရှုလိုက်မိကြသည်။
အန်လင်းသည်လည်း အော့မန်အား မေးမြန်းလိုက်သည်။
“နဂါးဘုရင် ခင်ဗျား ဘာပြောစရာ ရှိသေးလဲ။”
အော့မန်မှာ ဒေါသထွက်နေပါသော်လည်း အံကြိတ်နေရသည်။
“မရှိပါဘူး..... ဒါပေမယ့် ငါ့သားတော်....”
“ခဏလေး....”
အန်လင်း စကားဖြတ်ပြောလာသည်။
ထို့နောက် တီနာအား လှမ်းကြည့်လိုက်သည်။
“မှတ်တမ်းတင်ထားရဲ့လား။”
တီနာမှာ အဆင်ပြေကြောင်း လက်ထောင်ပြလာသည်။
အော့မန် မျက်နှာပျက်သွားသည်။ ယခုအခြေအနေအရ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အနေဖြင့် ဘာမှမတတ်နိုင်ပါသော်လည်း သူ၏သားတော် သေဆုံးသွားရသည့် ကိစ္စတွင် စုကျိုးအင်မော်တယ်ဂိုဏ်းမှ မှားယွင်းပေသည်။
“နဂါးဘုရင်ကတောင် စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းက စုကျိုးအင်မော်တယ်ဂိုဏ်းနဲ့ပဲဆိုင်ကြောင်း ပြောလာပြီပေါ့။”
အန်လင်း တည်တည်ငြိမ်ငြိမ် စကားဆိုလာသည်။
“အဲ့ဒါဆိုရင် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က ဘာကိစ္စနဲ့ ကင်းထောက်လွှတ်ရတာလဲ။”
ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်သွားသည်။
အန်လင်း အေးစက်ခက်ထန်စွာ စကားဆက်လိုက်သည်။
“ရှင်းရှင်းလေးပါ။ စုကျိုးအင်မော်တယ်ဂိုဏ်းက အပြင်စည်းတပည့်တွေပဲ ရှိနေတာဆိုတော့ ခင်ဗျားတို့က အားသုံးပြီး အရယူဖို့ ဆုံးဖြတ်ထားတာပဲ။”
“ကျင့်ကြံရေးလောကမှာ သူခိုးဓားပြကို သတ်တာက ပုံမှန်အလုပ်တစ်ခုပဲ။”
အန်လင်း၏ စကားသံမှာ ပဲ့တင်ထပ်သွားသည်။
နဂါးမျိုးနွယ်စုဝင်များ မျက်လုံးအပြူးသား ဖြစ်ကုန်လေသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းသည် နဂါးဘုရင်၏ သားတော် သေဆုံးသွားရခြင်းအတွက် နစ်နာကြေးပေးမည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် အံ့အားသင့်စရာ ကောင်းစွာပင် အန်လင်းမှာ ဂရုစိုက်ပုံပင် မရပေ။
“ဒေါင်းဇား.... အဲ့ဒါ နဂါးဘုရင်ရဲ့ ဒုတိယ သားတော်နော်။ မင်းပြောရဲလား။”
အော့မင်ယွီ ဒေါသထွက်သွားသည်။
“မင်းက ငါ့သားတော်ကို သေသင့်တယ်လို့ ပြောနေတာလား။”
အော့မန်လည်း မကျေမနပ် ဖြစ်သွားရသည်။
အန်လင်းမှာ လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းထားလေသည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းက တန်းတူညီမျှမှုကို ဦးစားပေးတယ်။ တန်းတူညီမျှမှု ရှိဖို့အတွက် ကျိုးကြောင်းဆီလျော်မှုလည်း ရှိရတယ်လေ။ ဟုတ်တယ်မလား။”
“ခင်ဗျားတို့ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က ဒီမိုင်းတွင်းကို ဓားပြတိုက်ဖို့ ရောက်လာခဲ့တာပဲ။ အဲ့ဒါကြောင့် ခင်ဗျားသားလည်း သေသင့်တယ်။ ဒါတင်မကသေးဘူး။ ဒီမှာရှိနေတဲ့ နဂါးမျိုးနွယ်စု ကျင့်ကြံသူ အားလုံးကိုတောင် အဲ့အချက်တစ်ချက်တည်းနဲ့တင် သတ်ပစ်လိုက်လို့ရတယ်။”
စုကျိုးအင်မော်တယ်ဂိုဏ်းသားများပါ မျက်လုံးပြူးကုန်သည်။
ဂိုဏ်းချုပ်က ပြောရဲလိုက်တာ........
အော့ချင်းယွီ သွေးအန်သွားရသည်။
အော့မန်မှာ အန်လင်းအား ချေမွှဖျက်စီးပစ်ချင်လာသည်။
အန်လင်းမှာ တည်တည်ငြိမ်ငြိမ်ပင် အော့မန်အား ကြည့်ရှုနေလေသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းသာ ဂိုဏ်းငယ်တစ်ခု ဖြစ်နေပါက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ ဖျက်စီးခြင်းကို ခံယူနေရလောက်ပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် သက်ညှာနေစရာ မလိုအပ်ပေ။
အနိုင်ရခဲ့ပြီ ဖြစ်သောကြောင့် နဂါးဘုရင်အား ဦးညွတ်နေစရာ အကြောင်းမရှိပေ။
သခင်ကြီးအန်လင်းသည် ထိုကဲ့သို့လူ မဟုတ်ပေ။
ခွန်အားကြီးသူထံတွင်သာ အမှန်တရား ရှိသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းသည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ထက် သာလွန်၏။
“အန်လင်း မင်းစကားရဲ့ နောက်ဆက်တွဲကို မင်းသိရဲ့လား။”
အော့မန် မေးမြန်းလိုက်သည်။
“အိုး... ခြိမ်းခြောက်နေတာလား။”
အန်လင်းမှာ မိစ္ဆာရှင်းဓားအား ထုတ်လိုက်သည်။
“ခင်ဗျားတို့ကို ရှင်းပစ်လိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကိုတော့ တွေးနေမိတယ်။”
သူအေးစက်စွာ ပြုံးလိုက်သည်။
“စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းက စုကျိုးအင်မော်တယ်ဂိုဏ်း အပိုင်ဆိုတာ ခင်ဗျားကိုယ်တိုင် ဝန်ခံပြီးပြီပဲ။ ဓားပြတွေကို သတ်ပစ်လိုက်ရင်ရော ကောင်းကင်ဘုံခုံရုံးက ဘာပြောမယ်ထင်လဲ။”
“မင်းလုပ်ရဲလား။”
အော့မန် စိတ်တိုသွားသည်။
ဝုန်း......
အော့မန်မှာ မရဏ အငွေ့အသက်အား ခံစားလိုက်ရသည်။
အန်လင်းသည် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးအလား အော့မန်ထံ ချည်းကပ်လာသည်။
အော့မန်မှာ ကျောရိုးများပင် အေးစိမ့်သွားရလေသည်။
သောက်ကျိုးနည်း.... ဒီကောင်က တကယ်လုပ်မှာဟ....