← Chapters

နဂါးမင်းပိုင်နက်၏ အနာဂတ်အတွက် အညံ့ခံခြင်း

Vol. 71 Ch. 985

နဂါးမင်းပိုင်နက်၏ အနာဂတ်အတွက် အညံ့ခံခြင်း

Vol. 71 Ch. 985

အော့မင်ယွီမှာ အလွန်အမင်း ဒေါသထွက်နေပါသော်လည်း ဘာမှမပြောနိုင်ခဲ့ပေ။ ယခုအချိန်တွင်သာ အန်လင်းအား ဆဲဆိုမိပါက အသတ်ခံရနိုင်ခြေ ရှိသည်။

ဒုတိယ အစ်ကိုတော် သေဆုံးသွားပြီ ဖြစ်သောကြောင့် ခမည်းတော် အနေဖြင့်လည်း သားတော်တစ်ပါးအား ထပ်မံဆုံးရှုံးချင်မည် မဟုတ်ပေ။

အန်လင်းသည် ပြင်းထန်လှသော ဓားစိတ်ဆန္ဒများ ထုတ်ဖော်လိုက်သောကြောင့် လေထုသည်ပင် အက်ကွဲကုန်သည်။

အော့မန်သည်လည်း ရေဘောလုံးကြီး၏ ဖိနှိပ်မှုအား ခံနေရသောကြောင့် အန်လင်းကို ကြည့်သာကြည့်နေနိုင်သည်။

အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ အသန်မာဆုံး ကျင့်ကြံသူ သုံးဦးလုံးမှာ အလဲလဲအကွဲကွဲ ဖြစ်နေသောကြောင့် အန်လင်းသာ သတ်ဖြတ်ချင်ပါက ၎င်းတို့အနေဖြင့် ဘာမှတက်နိုင်မည် မဟုတ်ပေ။

အန်လင်းက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကို ဂရုရော စိုက်ရဲ့လား.......

အတိတ်ကာလတွင်သာဆိုပါက အော့မန်သည် ထိုသို့တွေးနေမည်ပင် မဟုတ်ပေ။

ယခုတွင်မူ အန်လင်းအား ကြည့်ရသည်မှာ ရူးသွပ်နေသော လူသတ်စက်ရုပ် တစ်ခုလိုပင်။

နဂါးမင်းပိုင်နက်၏ ကျင့်ကြံသူများအား အရေးပင်မစိုက်ပဲ သတ်ပစ်ရန် ဆုံးဖြတ်ထားပုံ ရသည်။

မည်သူ့ထံတွင်မှ အသက်နှစ်ချောင်း မရှိပေ။

သူသာ သေသွားပါက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ ဂုဏ်သရေသည်လည်း ထွန်းလင်းနိုင်တော့မည် မဟုတ်ပေ။

ထိုသည်ကို သူလက်မခံနိုင်ပေ။

အန်လင်းမှာ အနားကပ်လာသောကြောင့် သူထိတ်လန့်နေရလေပြီ။

“သခင်လေးအန်လင်း..... စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းက အရှေ့ပင်လယ် နဂါးမင်းပိုင်နက် အမှားပါ။ ဒါပေမယ့် ရှောင်ဇယ်ကလည်း မင်းသားတစ်ပါးကို သတ်ပစ်ခဲ့တာလေ။ နှစ်ဖက်လုံး အမှားတွေ ရှိကြမှတော့ အချင်းချင်း ကြေအေးလိုက်တာ ပိုမကောင်းဘူးလား။”

အန်လင်း ခြေလှမ်းများ ရပ်တန့်သွားသည်။

နဂါးမျိုးနွယ်စု ကျင့်ကြံသူများမှ အော့မန်အား မယုံကြည်နိုင်စွာ ကြည့်ရှုနေကြလေသည်။

နဂါးဘုရင်၏ စကားမှာ ရှက်ရွံ့ဖွယ် ကောင်းလှသည်။

၎င်းတို့မှာ ဘာပြောရမည်ကိုပင် မသိတော့ပေ။

“ဘာလို့ကြေအေးရမှာလဲ။ ဒုတိယ မင်းသား သေသွားရတာကို.....”

“နဂါးမင်းပိုင်နက်ကို ဒီလိုလာကြောလို့ ရမလား။”

“သေသေချာချာ ပြန်စဥ်းစားပါဦး။”

အော့မန် မျက်နှာပျက်သွားသည်။

ယီးကိုပြန်စဥ်းစားရမှာလား.......

ငါသာ အညံ့မခံရင် ဒင်းတို့အားလုံး ဘဝကူးတော့မယ့်ဟာ.......

အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိတယ်......

စုကျိုးအင်မော်တယ်ဂိုဏ်းကို တစ်နေ့နေ့မှာ သေချာပေါက် လက်စားချေမယ်......

“အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က စုကျိုးအင်မော်တယ်ဂိုဏ်းအပေါ် အမှားလုပ်မိကြောင်း ဝန်ခံတယ်။ ဂိုဏ်းချုပ်အန်လင်းရော ဒါကိုသဘောတူလား။”

အော့မန် အားယူကာ ပြုံးလိုက်သည်။

အန်လင်း သဘောတူမည်ဟု ထင်မှတ်ထားပါသော်လည်း ခေါင်းခါပြလာသည်။

“နဂါးဘုရင် အော့မန် ကျုပ်လည်း ဒီအခြေအနေကို ပိုမဆိုးစေချင်တော့ဘူး။ အခုကစပြီး စုကျိုးအင်မော်တယ်ဂိုဏ်းကို ဒုက္ခမပေးပါဘူးလို့ တာအိုနှလုံးသားနဲ့ ကျိန်စေချင်တယ်။”

အန်လင်း စကားဆိုလိုက်သည်။

အားလုံး ကြောင်တောင်တောင် ဖြစ်သွားကြသည်။

“အန်လင်း.... မင်းကငါ့ကို မင်းပြောတိုင်း လုပ်စေချင်တာလား။”

အော့မန် ဒေါသထွက်စွာ ဟစ်ကြွေးလိုက်သည်။

“ခင်ဗျားက ငြင်းချင်တာလား။ ကျုပ်က ရန်သူတွေကို လွှတ်ပေးလေ့ မရှိဘူးနော်။”

အန်လင်း မိစ္ဆာရှင်းဓားအား ဝေ့ယမ်းလိုက်သည်။

“သဘောတူတယ်။ သဘောတူတယ်။”

အော့မန် အံကြိတ်ကာ ပြောလိုက်သည်။

သူသည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ နဂါးဘုရင်ဖြစ်ကာ ယခုကဲ့သို့ အရှက်ကွဲမှုမျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးပေ။

အော့မန်မှာ အိပ်မက်ဆိုး မက်နေသလို ခံစားနေရသည်။

အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကြောင့်သာ သူအညံ့ခံခဲ့ခြင်းပင်။

အော့မန်သည် စုကျိုးအင်မော်တယ်ဂိုဏ်းသားများအား ဒုက္ခမပေးရန် တာအိုနှလုံးသားနှင့် ကျိန်ဆိုလိုက်သည်။

အခြားသော နဂါးမျိုးနွယ်စု ကျင့်ကြံသူများပါ အတူတကွ ကျိန်ဆိုလိုက်ကြရသည်။

သို့သော် အော့ချင်းယွီမှာ ထိုသို့လုပ်ရန် ငြင်းဆန်ခဲ့လေသည်။

သူသည် အန်လင်းအား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်သည်။

“သတ်လိုက်စမ်းပါ။ သေရမယ်ဆိုရင်တောင် မင်းကို ဦးမညွတ်နိုင်ဘူး။”

အန်လင်းသည်ပင် ထိုသည်ကို မမျှော်လင့်ထားသောကြောင့် အံ့အားသင့်သွားရသည်။

“မင်းငါ့ကို မသတ်ရင် ငါကတော့ တစ်ချိန်ချိန် လက်စားချေမှာပဲ။”

အော့ချင်းယွီ ကြွေးကြော်လိုက်သည်။

“ကောင်းပြီလေ။”

အန်လင်း ခေါင်းညိတ်ပြကာ အော့ချင်းယွီထံ သွားလိုက်သည်။

အော့ချင်းယွီ : “......”

“အန်လင်း..... မင်း အစ်ကိုတော်ကို ဘာလုပ်မလို့လဲ။ နောက်ဆက်တွဲတွေ မင်းရှင်းနိုင်လို့လား။”

အော့မင်ယွီမှာ အော့ချင်းယွီရှေ့မှ ကာထားသည်။

“လစ်စမ်းပါ။”

အန်လင်းမှာ အော့မင်ယွီအား ကန်ထုတ်လိုက်သည်။

အော့မင်ယွီ အဝေးသို့ လွင့်ထွက်သွားရလေသည်။

အန်လင်း တစ်ချက်ကန်ရုံမျှဖြင့် ထိုကဲ့သို့ လွင့်ထွက်သွားမည်ဟု သူထင်မှတ်မထားခဲ့ပေ။

အော့ချင်းယွီ၏ လည်ပင်းပေါ်သို့ နက်မှောင်နေသော မိစ္ဆာရှင်းဓား ရောက်ရှိလာသည်။

“မင်းကိုသတ်ဖို့ တစ်ခွန်းပဲ ထပ်ပြောလိုက်။ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်။”

အန်လင်း စကားဆိုလိုက်သည်။

အော့မင်ယွီ အသည်းအသန် အော်ဟစ်လိုက်သည်။

“မလုပ်နဲ့။ အစ်ကိုတော်.... အသက်က ပိုအရေးကြီးတယ်နော်။ တစ်ခါလောက် အညံ့ခံလိုက်ပါ။”

အော့မန် ထိတ်လန့်လာမိသည်။

“သားတော်.... အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ရဲ့ အနာဂတ်က သားတော်ဆီမှာနော်။”

နဂါးမျိုးနွယ်စု ကျင့်ကြံသူများလည်း စိုးရိမ်နေကြသည်။

“နဂါးမင်းပိုင်နက်က အရှင့်သား မရှိရင် မဖြစ်ဘူး။”

“အခြေအနေ အချိန်အခါကို သုံးသပ်ပါ။”

“နဂါးမင်းပိုင်နက်ကိုလည်း ထည့်တွေးပေးပါဦး။”

.........

“ဘယ်သူ့ကိုမှ ဦးမညွတ်နိုင်ဘူး။”

အော့ချင်းယွီ ခက်ထန်စွာ ပြောလိုက်သည်။

နှစ်သိမ့်စကားများ ပဲ့တင်ထပ်သွားလေသည်။

အန်လင်းမှာ အချိန်မဖြုန်းလိုသဖြင့် သတ်ဖြတ်ရန် ပြင်လိုက်သည်။

အော့ချင်းယွီ ရုတ်တရက် စကားဆိုလာသည်။

“ဒါပေမယ့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ရဲ့ အနာဂတ်အတွက် ငါ့ရဲ့ မာနကို စွန့်လွှတ်လိုက်ပါမယ်။”

သူသည် မျက်ရည်အဝဲသားဖြင့် တာအိုနှလုံးသားအား တိုင်တည်ကျိန်ဆိုလိုက်သည်။

နဂါးမျိုးနွယ်စု ကျင့်ကြံသူများလည်း ငိုကြွေးကုန်ကြသည်။

အန်လင်း : “.......”

“အရှင့်သားက အတ္တကင်းလိုက်တာ။”

“အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အတွက် သူအညံ့ခံခဲ့ပြီ။”

“သေရတာ လွယ်ပေမယ့် အရှင့်သားက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အတွက် အနစ်နာခံခဲ့တယ်။ ငါတို့ဆီမှာ အရှင့်သား ရှိနေတာကိုက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ရဲ့ ဂုဏ်သရေပဲ။”

အော့ချင်းယွီသည် သေရသည်ထက် နာကျင်နေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

“လုံလောက်ပြီလား။”

အော့ချင်းယွီ စကားဆိုလာသည်။

အန်လင်း : “......”

အန်လင်းမှာ ကြောင်အမ်းအမ်းဖြင့် ဓားသိမ်းလိုက်သည်။

အော့ချင်းယွီ အညံ့ခံတာက တကယ်ရင်ထဲထိစရာပဲ....

All Chapters