လေဟာနယ်စိတ်ဝိဉာဉ်မျိုးနွယ်စု
Vol. 71 Ch. 991
“တီနာ လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုက ဘာလို့တစ်ယောက်မှ မပါတာလဲ။”
အန်လင်း မေးကြည့်လိုက်သည်။
ဝိဥာဥ်ဝါးမြိုသော သားရဲများအား လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုအဖြစ်သာ အန်လင်း သတ်မှတ်ထားသည်။
တီနာမှာ အန်လင်း ပုခုံးပေါ် ထိုင်ချလိုက်သည်။
“ဘယ်သူကမှ သူတို့နဲ့ နီးနီးကပ်ကပ် မနေချင်ကြဘူး။ ဉာဏ်ရည်မြင့် သတ္တဝါတွေ ဖြစ်လာပြီဆိုပေမယ့် အားလုံးက ခါးခါးသီးသီး ဖြစ်နေကြတုန်းပဲ။”
အန်လင်း အံ့အားသင့်သွားသည်။
ငါတို့အမှားလုပ်မိပြီလား.......
သူစကားဆိုလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ တစ်ချိန်ချိန်ကြရင် တခြားမျိုးနွယ်စုတွေက အခွင့်အရေး ပေးလာကြမှာပါ။”
“ထိုက်ချူကုန်းမြေမှာရော လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုနဲ့ ရင်းနှီးကြတဲ့သူတွေရှိလား။”
တီနာ မေးမြန်းလာသည်။
အန်လင်း : “.......”
အန်လင်းမှာ ဦးနှောက်ခြောက်မတတ် စဥ်းစားလိုက်ရသည်။
“ဘယ်လိုပဲဖြစ်ဖြစ် လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုကို သဘောကျတဲ့သူ မရှိဘူးထင်တယ်။”
လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုသည် ဝိဥာဥ်စုပ်ရန် ကြိုးစားကာ ရူးသွပ်နေသလို နေထိုင်ပြုမူကြသောကြောင့် ၎င်းတို့အား မည်သူကမှ သဘောမကျကြပေ။
“အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာက လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုကလည်း သမိုင်းဆိုးတွေရှိတော့ အခြေအနေတွေ ပြောင်းလဲဖို့ မလွယ်လောက်ဘူး။”
တီနာ သက်ပြင်းချလိုက်သည်။
“ဝေ့ကျိကို သွားကြည့်ခိုင်းရင်ရော.....”
အန်လင်း အကြံပြုလိုက်သည်။
တီနာ စိတ်ဝင်စားသွားသည်။
“ဘယ်လိုမျိုးလဲ။”
“လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုက တခြားမျိုးနွယ်စုတွေအတွက် စမ်းသပ်မှုဖြစ်ပြီးတော့ မိစ္ဆာတွေ မဟုတ်ပဲ တိုးတက်ဖို့ အခက်အခဲတစ်ခုဖြစ်ကြောင်း ပြောခိုင်းလိုက်လေ။”
အန်လင်း စကားဆိုလာသည်။
“အဲ့ဒါကြ မများဘူးလား။”
အန်လင်း လေးလေးနက်နက် တုံ့ပြန်လိုက်သည်။
“ဝေ့ကျိစကားသာဆိုရင် ဘာပဲဖြစ်ဖြစ် တလောကလုံး ယုံကြလိမ့်မယ်။”
တီနာမှာလည်း ထိုအချက်အား ဖြစ်နိုင်ခြေ ရှိသည်ဟု ခံစားလိုက်မိသည်။
“ကောင်းပြီလေ။ စမ်းကြည့်ကြတာပေါ့။”
လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုအား အားလုံးမှ ဖယ်ရှောင်နေခြင်းသာ ပြဿနာကြီးတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ဆက်ဖြစ်နေပါက ထိုက်ချူကုန်းမြေရှိ လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုများလို ဖြစ်သွားပေလိမ့်မည်။
လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုသည် ဝိဥာဥ်ခန္ဓာ ဖြစ်သောကြောင့် ထူးကဲသော တာဝန်များစွာကို ထမ်းဆောင်နိုင်ပေသည်။ စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းများ ရှာဖွေခြင်း၊ နောက်ယောင်ခံလိုက်ခြင်း၊ ဖောက်ခွဲခြင်း၊ အကာအရံများအား ဖြတ်ကျော်ခြင်းနှင့် သဘာဝ မှော်နယ်မြေများအား ရှာဖွေခြင်းတို့တွင် များစွာအသုံးဝင်သည်။
ထို့ကြောင့်ပင် လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုအား လိုအပ်ခြင်း ဖြစ်သည်။
ထိုက်ချူကုန်းမြေတွင် နေထိုင်သူများသည်လည်း ထိုအချက်များကို သိရှိထားကြပြီး လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုနှင့် ပူးပေါင်းရန် မဖြစ်နိုင်သောကြောင့်သာ အလုပ်မဖြစ်ခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းနှင့် တီနာမှာ ကြိုးစားကြည့်လိုသည်။
“အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာက လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုကို သွားလည်ကြတာပေါ့။”
အန်လင်း အကြံပေးလိုက်သည်။
“ကောင်းပြီလေ။”
တီနာ ခေါင်းညိတ်ပြလာသည်။
လေဟာနယ် စွမ်းအင်များမှာ အန်လင်းနှင့် တီနာအား လွှမ်းခြုံသွားလေသည်။
အနည်းငယ် မူးနောက်နောက် ဖြစ်သွားကာ အန်လင်းမှာ နေရာတစ်ခုသို့ ရောက်ရှိလာသည်။
“ဒါက......”
အန်လင်း အံ့အားသင့်သွားသည်။
ကောင်းကင်သည် အရောင်စုံကာ မြေပြင်တွင် ရေမှော်ကဲ့သို့ အပင်များ ပေါက်နေပြီး ကျောချမ်းဖွယ် ရယ်မောသံများ တစ်စွန်းတစ်စ ကြားနေရသည်။
“လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုက ဘာလို့ဒီလိုနေရာမျိုးမှာ နေနေတာလဲ။”
အန်လင်း မျက်နှာပျက်သွားသည်။
တီနာ စကားဆိုလိုက်သည်။
“ငါလည်း ဘယ်သိမှာလဲ။ သူတို့ဘာသာ ဒီလိုဖြစ်အောင် လုပ်ထားတာလေ။ ဝိဥာဥ်ခန္ဓာတွေရဲ့ အကြိုက်က ငါတို့နဲ့ မတူလို့များလား။”
ထိုစကားမှာ အဓိပ္ပါယ်ရှိသလို ခံစားလိုက်ရသည်။
“ဝူးလားလား..... ဝူလားလား....”
ခေါင်းကြီးလွန်းသော လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုဝင် တစ်ဦးမှာ 'ဝူးလားလား'ဟု ငြီးငြူးရင်း ၎င်းတို့ထံ ချည်းကပ်လာသည်။
“အဲ့ရုပ်ဆိုးကောင်ကို နည်းနည်းပါးပါး မေးကြည့်ရအောင်။”
အန်လင်း အကြံပေးလိုက်သည်။
“ချစ်စရာလေးပါဟ.....”
တီနာ မကျေမနပ် ဖြစ်သွားသည်။
“ဒါကြီးက ချစ်စရာလေးလား။”
အန်လင်းမှာ ရုပ်ဆိုးလွန်းသော လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုဝင်အားကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားရသည်။
တီနာ : “......”
ချစ်စရာ မကောင်းသလိုပဲ......
ထိုလေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုမှာ ဝတုတ်ကြီး ဖြစ်သည်။
ထို့ကြောင့် ရုပ်ဆိုးကောင်ဟူသော အမည်နှင့် ပနံသင့်ပေသည်။
'ဝူးလားလား'ဟု ငြီးငြူနေသည်မှာလည်း ချစ်စဖွယ် တစ်စက်မရှိပေ။
အန်လင်းမှာ နှုတ်ဆက်စကားဆိုလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်။”
“ဝိုး..... ဒီဝိဥာဥ်က ထူးခြားလိုက်တာ။ ယူကိုယူရမယ်။”
ဖက်တီးကောင်သည် အန်လင်းအားကြည့်ကာ မျက်ဝန်းများ တောက်ပလာပြီးနောက် ပါးစပ်ကြီး အတင်းဖြဲကာ အနားကပ်လာတော့သည်။
အန်လင်း : “......”
ဒီကောင်ဘာလဲဟ.....
အန်လင်း အံ့ဖွယ်အာရုံအား ဖြန့်ကျက်လိုက်သည်။
ဝုန်း.....
ကြောက်မက်ဖွယ် ဖိအားများကြောင့် အန်လင်းမှာ ဒေါသထွက်နေသော နတ်ဘုရား တစ်ပါးသဖွယ် ထင်မှတ်ရသည်။
“အား... အသက်ချမ်းသာပေးပါ။”
ဝတုတ်ကောင်မှာ ကြောက်လန့်တကြား အော်ဟစ်လာသည်။
လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုသည် ဝိဥာဥ်စုပ်ယူကြပါသော်လည်း ကိုယ့်အသက်နှင့် လဲရသည်အထိ မရူးမိုက်ကြပေ။
“မကြောက်ပါနဲ့။”
အန်လင်း ပြုံးကာပြောလိုက်သည်။
“မင်းနာမည်ကဘာလဲ။”
ဝတုတ် တုံ့ပြန်လာသည်။
“ချွီနီမာ”
အန်လင်း ဒေါသထွက်ကာ ပါးရိုက်လိုက်သည်။
ဖြောင်း.....
“အား.....”
ဝတုတ်မှာ သေမလို ဖြစ်သွားရသည်။
အန်လင်းမှာ ပေါက်ကွဲနေလေပြီ။
“နာမည်မေးတာ ငါ့ကိုဆဲတယ်ပေါ့။”
ဝတုတ် မျက်ရည်ဝဲသွားသည်။
“ချွီနီမာက......”
ဖြောင်း......
အန်လင်း ပါးချလိုက်ပြန်သည်။
“မင်းဆက်ပြောနေရင် ငါသတ်တော့မှာ။”
ချွီနီမာ : “......”
အန်လင်းမှာ ထိုလေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုဝင်အား အမှန်တကယ် ဒေါသထွက်နေသည်။
လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စု တစ်ခုလုံး အဲ့လိုရိုင်းစိုင်းကြတာလား......
ချွီနီမာမှာ ကိုယ့်ဘာသာ အရင်စကားစီလိုက်ရသည်။
ထို့နောက် အန်လင်းအား သေသေချာချာ ရှင်းပြလိုက်သည်။
“ဘာလို့ အဲ့နာမည်ကြီး ရွေးထားတာလဲ။”
ချွီနီမာ စိတ်ဓာတ်ကျသွားရသည်။
အန်လင်း စကားဆိုလာသည်။
“ချွီနီမာ...... ငါလေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စုကို စိတ်ဝင်စားလို့ မင်းကိုမေးခွန်းတွေ မေးလို့ရလား။”
ချွီနီမာ မျက်နှာပျက်သွားသည်။
ငြင်းလို့ရမှာတဲ့လား......
“စီနီယာ ကျွန်တော် ဖြေပေးဖို့ အသင့်ပါပဲ။”
ချွီနီမာ တုံ့ပြန်လိုက်သည်။
ချွီနီမာဟူသော နာမည်အား အန်လင်း အသားမကျသေးပေ။
ဒင်းမိဘတွေက ဘာလို့များ အဲ့လောက်ဆိုးရွားတဲ့ နာမည်ကို ပေးခဲ့ရတာလဲ......
ထိုသို့ဖြင့် မေးမြန်းခြင်းများ စတင်ခဲ့လေသည်။
(စာကြွင်း : ချွီနီမာက တရုတ်လို မင်းမေယိုးဆိုတဲ့ စကားနဲ့ အသံထွက် ဆင်တူပါတယ်။)