← Chapters

ဝေ့ကျိ၏ တာဝန်အသစ်

Vol. 71 Ch. 993

ဝေ့ကျိ၏ တာဝန်အသစ်

Vol. 71 Ch. 993

အန်လင်းမှာ စိတ်ကျေနပ်နေသည်။

သူ၏လုပ်ဆောင်မှုသည် ကောင်းမွန်ပြီး လေလိုလွင့်ပါးပျောက်ကွယ်သည်ကို ချွီနီမာ မေ့နိုင်မည် မဟုတ်ပေ။

“ဟူး.... လေဟာနယ် စိတ်ဝိဥာဥ် မျိုးနွယ်စု ပြဿနာက တကယ်ခက်တာပဲ။”

တီနာ မျက်မှောင်ကျုံ့လိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ငါတို့မှာ အချိန်တွေ ရှိတာပဲ။”

အန်လင်းမှာ စိတ်ပူခြင်း မရှိပေ။

သူအတွေးတစ်ခု တွေးမိသွားသည်။

“နာလေး.... တခြားမျိုးနွယ်စုတွေရော ဘယ်လိုအခြေအနေရှိလဲ။”

“အင်း.....”

တီနာ တုံ့ပြန်လာသည်။

“မျိုးနွယ်စုတွေအားလုံး ပုံမှန်တိုးတက်နေတယ်။ တော်ဝင်သိုင်းကလန်က သူတို့ရဲ့ စစ်ဗျူဟာတွေ ပြီးပြည့်စုံအောင် လုပ်နေတယ်။ နဂါးမျိုးနွယ်စုတွေကလည်း ကမ္ဘာအနှံ့ ရတနာ ရှာနေတုန်းပဲ။ ဗာမီလီယမ်ငှက် မျိုးနွယ်စုကလည်း လွတ်လွတ်လပ်လပ် နေကြတုန်းပဲ။ ဒါပေမယ့် လူသားမျိုးနွယ်မှာတော့ ပဋိပက္ခ တချို့ရှိတယ်။”

“ဘာပဋိပက္ခလဲ။”

အန်လင်း မေးမြန်းလိုက်သည်။

“လူသားမျိုးနွယ်မှာ တိုင်းပြည်ငါးခု ရှိနေပြီ။ သူတို့ရဲ့ ကျင့်ကြံရေး ဒါမှမဟုတ် သိပ္ပံပညာနဲ့ ပက်သတ်ပြီး ခွဲခြားမှုတွေရှိတယ်။ အဲ့ဒါကြောင့် လူသားမျိုးနွယ်မှာ ပဋိပက္ခတွေ ရှိနေတယ်။”

တီနာ ရှင်းပြလိုက်သည်။

“လူသားမျိုးနွယ်နဲ့ တခြားမျိုးနွယ်စုတွေက အဲ့ဒါကြောင့် မတူတာလေ။”

အန်လင်း ပြုံးကာပြောလာသည်။

အခြားသော မျိုးနွယ်စုများသည် ၎င်းတို့၏ ရင်းမြစ်များအား တွေးပင်မတွေးပဲ ကျင့်ကြံရေးထဲ မြှုပ်နှံလိုက်မည်သာ ဖြစ်သည်။

စွမ်းအားထက်ပို၍ ကောင်းမွန်သောအရာ မရှိပေ။

သို့သော် လူသားများသည် သိပ္ပံပညာ၏ အရေးပါမှုအား သိရှိနေသောကြောင့် လူသားမျိုးနွယ်အား အကျိုးဖြစ်ထွန်းစေရန် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား သုတေသန လုပ်ငန်းများထဲသို့ ရောက်ရှိစေပေလိမ့်မည်။

“သူတို့ကို လွှတ်ထားလိုက်ပါ။ ဝင်ပါစရာမလိုဘူး။”

အန်လင်း စကားဆိုလိုက်သည်။

တီနာ ခေါင်းညိတ်ပြလိုက်သည်။

“ဒီကလူသားတွေက နင့်ရဲ့ ဇာတိမြေက လူသားတွေလို တိုးတက်လာရင်ကောင်းမယ်။”

“သိပ်မလိုတော့ပါဘူး။ ကံကောင်းရင် ဆယ်စုနှစ် တစ်ခုစာလောက်ပဲ ကြာလိမ့်မယ်။”

အန်လင်း တုံ့ပြန်လိုက်သည်။

တီနာ နှုတ်ခမ်းစူသွားသည်။

“ဆယ်စုနှစ်က အရမ်းကြာလွန်းတယ်။”

“စိတ်ရှည်ရှည်ထားပါ။”

အန်လင်း တီနာအား ခေါင်းပုတ်ပေးလိုက်သည်။

“လူသားတွေဆီ သွားလည်ကြတာပေါ့။”

တီနာသည် အန်လင်းလက်အားဆွဲကာ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မြင်ကွင်းများ ပြောင်းလဲကာ လူသားမျိုးနွယ်ထံ ရောက်သွားသည်။

အန်လင်း အောက်သို့ငုံ့ကြည့်ကာ အံ့အားသင့်သွားသည်။

“စည်လိုက်တဲ့မြို့ကြီး....”

အောက်တွင် မိုးမျှော်တိုက်ကြီးများ၊ အဆက်မပြတ် သွားလာနေသော ယာဥ်တန်းများကို တွေ့နိုင်ပေသည်။

အဆောက်အဦး အများစုများအား သံမဏိ၊ သဲများနှင့် တည်ဆောက်ထားပါသော်လည်း ဝိဥာဥ်ရိုးများနှင့် တည်ဆောက်ထားသော မိုးမျှော်တိုက် အမြင့်ကြီးများကို တွေ့မြင်နိုင်သည်။

ယာဥ်များသည် အပူစွမ်းအင်နှင့်ရော သက်ရှိစွမ်းအင်နှင့်ပါ မောင်းနှင်သွားလာနိုင်၏။

သေမျိုးလူသားများနှင့် ကျင့်ကြံသူများသည် စည်းချက်ကျကျ ယှဥ်တွဲနေထိုင်ကာ နတ်ဘုရားမ၏အောက်တွင် အားလုံးသည် တန်းတူညီမျှဖြစ်သည်ဟူသော အာဒံနှင့်ဧဝတို့၏ စကားကို လက်ခံကျင့်သုံးကြသည်။

ကိုးပြည်ထောင်တွင်လည်း ဆင်တူသော ဆုံးမစကား ရှိပါသော်လည်း ကျင့်ကြံသူများသည် သေမျိုးလူသားများအား တန်းတူဆက်ဆံပေးခြင်း မရှိကြပေ။

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတွင်မူ သေမျိုးလူသားများနှင့် ကျင့်ကြံသူများသည် သွားအတူ၊ လာအတူ၊ စားအတူ လုပ်ကြသည်အထိ အမှန်တကယ် ခင်မင်ရင်းနှီးကြသည်။

၎င်းတို့သည် ရည်မှန်းချက်များ ကွဲပြားကြပါသော်လည်း မျဥ်းပြိုင်ဖြစ်နေစရာ မလိုအပ်ပေ။

“ဒီက ကျင့်ကြံသူတွေ ဘာလို့အပျင်းကြီးသလို ဖြစ်နေတာလဲ။”

အန်လင်း မေးမြန်းလိုက်သည်။

ဒီက ကျင့်ကြံသူတွေက အပျော်အပါး လိုက်စားကြသလိုပဲ......

ဤမြို့တွင် ကျင့်ကြံသူ ငါးသောင်းခန့်ရှိပြီး စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် တစ်ဦးသာ ရှိသည်။

“အားကောင်းတဲ့ ကျင့်ကြံသူကရော ဘာလို့နည်းနေတာလဲ။”

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားသည်။

စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာသော လူသားများမှာလည်း စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်သာ ရှိကြသည်။ အခြားမျိုးနွယ်စုများနှင့်ယှဥ်လျှင် ကွာခြားချက်အချို့ ရှိနေလေသည်။

“ဒီမှာ ပျော်စရာ ပိုများလို့ ဖြစ်မှာပေါ့။”

တီနာ လျှာထုတ်ပြလိုက်သည်။

အန်လင်း စိတ်ပူသွားရသည်။

“အဲ့လိုဆို အဆင်ပြေပါ့မလား။”

“အဆင်ပြေမှာပါ။”

တီနာ တုံ့ပြန်လာသည်။

အန်လင်း မျက်နှာပျက်သွားသည်။

“နာလေး.... မင်းက ဖန်ဆင်းရှင် နတ်ဘုရားမ မဟုတ်ဘူးလား။”

“စိတ်ပူစရာ မရှိလို့ပါ။”

လူသားမျိုးနွယ်ဝင် ကျင့်ကြံသူများ အပျော်အပါး လိုက်စားခြင်းကို သူမအနေဖြင့် ဘာမှမလုပ်တတ်ပေ။

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာအား လှည့်ပတ်ကြည့်ရှုပြီးနောက် ၎င်းတို့မှာ ထိုက်ချူကုန်းမြေသို့ ပြန်လာခဲ့ကြသည်။

အန်လင်းသည် ဝေ့ကျိအား တာဝန်အသစ် ပေးလိုက်သည်။

ဝေ့ကျိမှာ ဝမ်းသာအားရ လက်ခံလာလေသည်။

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတွင် ဖန်ဆင်းရှင် နတ်ဘုရားမအား ကိုးကွယ်ကြသူ အများအပြားရှိပြီး ဝေ့ကျိသည် ၎င်းတို့၏ ခေါင်းဆောင် ဖြစ်သည်။

သူသည် နတ်ဘုရားမအတွက် စိတ်အားထက်သန်လွန်းသောကြောင့် အခြားသူများအား ဆွဲဆောင်နိုင်ခဲ့သည်။

ထိုသည်မှာ အခြားသူများအား မလွှမ်းမိုးခင် အလိမ်အညာတစ်ခု ဖြစ်နေပါစေ ထိုအရာအား မိမိကိုယ်မိမိ ယုံကြည်ရမည် ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ဝေ့ကျိနောက်တွင် ဖန်ဆင်းရှင် နတ်ဘုရားမ ရှိနေခြင်းပင်။

အန်လင်းသည် သူ၏ခန်းဆောင်သို့ ပြန်လာခဲ့လိုက်သည်။

လာရာလမ်းတွင် ကျောက်ဆောင်ပေါ်တွင် ထိုင်နေသော အရိပ်တစ်ခုကို တွေ့လိုက်ရသည်။

၎င်း၏မျက်ဝန်းများမှာ အမှောင်ထုထဲတွင်ပင် တောက်ပနေ၏။

အန်လင်းမှာ ထိုအရိပ်အား ပုခုံးပုတ်လိုက်သည်။

“ရှောင်ချိုး..... မင်းဘာလုပ်နေတာလဲ။”

အန်လင်းသည် ယခုကဲ့သို့ ကြယ်စင်များအား ငေးကြည့်နေသော ရှောင်ချိုးကို မမြင်ခဲ့ဖူးပေ။

ရှောင်ချိုးသည် စူပုတ်ပုတ်ဖြင့် တစ်စုံတစ်ခုအား အလိုမကျနေဟန် ရှိသည်။

အန်လင်းသည် သူ၏သားရဲအား ရုပ်ဆိုးသည်ဟု မထင်ပါသော်လည်း တည့်တည့်မကြည့်နိုင်ပေ။

“အစ်ကိုကြီးအန်..... ကျွန်တော် ငြင်းခံလိုက်ရပြီ။”

ရှောင်ချိုး မျက်ရည်အဝဲသားနှင့် ပြောလာသည်။

အန်လင်း မျက်လုံးပြူးသွားသည်။

အန်လင်း စကားဆိုလိုက်သည်။

“မင်းငါ့ကို ပြောပြချင်လား။”

ရှောင်ချိုးက ဘယ်တုန်းက ဒီလိုဆက်ဆံရေး ရှိလာတာလဲ......

သေချာတာကတော့ ငါမသိလိုက်ဘူး.....

ငြင်းခံလိုက်ရမှ သိတယ်ဆိုတော့ သခင်အနေနဲ့ ငါတော်တော်လေး ညံ့တာပဲ......

ရှောင်ချိုး နာကျင်စွာ စကားစလာသည်။

“ဖြစ်ပုံကတော့.....”

All Chapters