← Chapters

ရှောင်ချိုး၏ လွမ်းမောဖွယ်အချစ်ပုံပြင်

Vol. 71 Ch. 994

ရှောင်ချိုး၏ လွမ်းမောဖွယ်အချစ်ပုံပြင်

Vol. 71 Ch. 994

“အစ်ကိုကြီးအန်..... ကျွန်တော် ငယ်ငယ်လေးတုန်းက ရုပ်မဆိုးတဲ့အပြင် နည်းနည်းတောင် ချစ်ဖို့ကောင်းသေးတယ်။”

ရှောင်ချိုး စကားစလိုက်သည်။

“မင်းရဲ့ ပုံစံငယ်လိုပဲလား။”

ရှောင်ချိုး ခေါင်းညိတ်ပြလာသည်။

အရွယ်အစား သေးငယ်သွားလျှင် ရှောင်ချိုးမှာ ရုပ်ဆိုးနေဆဲ ဖြစ်ပါသော်လည်း အလွန်အမင်း ထင်းထွက်မနေတော့ပေ။

လူသားများသည်လည်း ကလေးအရွယ်တွင် အားလုံး ချစ်စဖွယ် ကောင်းကြသည် မဟုတ်လော။

“ပြီးတော့ ဘာဖြစ်လဲ။”

အန်လင်း မေးမြန်းလိုက်သည်။

ရှောင်ချိုး စကားဆက်လိုက်သည်။

“တစ်နေ့တော့ ကျွန်တော် သစ်သီးသွားခူးတုန်း ကျားသစ်နက်တစ်ကောင် တိုက်ခိုက်တာခံရတယ်။ ကျွန်တော်က အရမ်းငယ်သေးတော့ ယှဥ်မတိုက်နိုင်ပဲ အလဲအကွဲ ခံရတာလေ။ သေတော့မယ်လို့ ထင်နေတုန်းမှာပဲ ပုံရိပ်ဖြူတစ်ခု ရောက်လာတယ်။”

ဇာတ်ဆောင်မင်းသမီး ပေါ်လာတော့မည် ဖြစ်သောကြောင့် အန်လင်း မျှော်လင့်နေသည်။

ရှောင်ချိုး အမူအရာ ပြောင်းလဲသွားသည်။

“သူမက အရမ်းမြင့်မြတ်ပြီး လှပတာပဲ။ အဖြူရောင် အမြှီးခြောက်ချောင်းနဲ့ မျက်ဝန်းတွေကလည်း ကြယ်တွေလို တောက်ပတယ်။ သူမက ကျားသစ်နက်ကို အကောင်လိုက် မြိုခဲ့တာလေ။”

အန်လင်း : “......”

ဘာလို့ ငါထင်ထားတာနဲ့ မတူတာလဲ.....

အန်လင်း မေးမြန်းလိုက်သည်။

“အဲ့ဒါပြီးတော့ မင်းတို့တွေ ချစ်ကျွမ်းဝင်သွားတာလား။”

“ချစ်ကျွမ်းဝင်တယ်ဟုတ်လား။”

ရှောင်ချိုး မျက်တောင်ခတ်လိုက်သည်။

“ဘာလို့ ချစ်ကျွမ်းဝင်ရမှာလဲ။”

အန်လင်း စိတ်တိုသွားသည်။

“အဲ့ဒါဆို သူမအကြောင်း ဘာလို့လာပြောနေတာလဲ။”

ရှောင်ချိုး ခပ်ဖွဖွ ပြုံးလိုက်သည်။

“သူမက ကျွန်တော်ချစ်ရတဲ့ မြေခွေးဖြူလေးရဲ့ အမေလေ။”

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သူ့ယောက္ခမကြီးလားဟ.......

အလှလေးက သားရဲကို ကယ်တင်တာ မဟုတ်ပဲ သားမက်ကိုကယ်တဲ့ ဇာတ်လမ်းကြီးလား......

ငါထင်တာနဲ့ တော်တော်လွဲနေတာပဲ.....

“နောက်တော့ ဘာဆက်ဖြစ်လဲ။”

အန်လင်းမှာ စိတ်အားတည်ငြိမ်စေလိုက်သည်။

ရှောင်ချိုး စကားဆက်လိုက်သည်။

“မြေခွေးဖြူလေးရဲ့ အမေ ပိုင်မုယွီက ကျွန်တော့်ကို ဆေးကုပေးဖို့ ခေါ်သွားတယ်။ မီးတွေတောက်နေတဲ့ အပြာရောင် ရေခဲပန်းပွင့်ကိုရော တွေ့မိသေးလားလို့ မေးတယ်။”

“သူမက အဲ့ပန်းကို လာရှာတာလေ။ ကျွန်တော်လည်း ဆေးကုနေရင်း မြေခွေးဖြူလေး ပိုင်ယောင်နဲ့ ခင်သွားကြတယ်။”

“ပိုင်ယောင်က ကျွန်တော့်နေရာအကြောင်း အကုန်သိချင်တာ။ သူမက ကယ်တင်ရှင် သမီးလေးဆိုတော့ ကျွန်တော်လည်း သိသမျှ ပြောပြတာပေါ့။”

“ကျွန်တော့်ရဲ့ ကံကြမ္မာက သူမနဲ့ နွယ်သွားတယ် ထင်ပါရဲ့။”

“သူမက အရမ်းကြင်နာတတ်တယ်။ အသီးတွေခူးတိုင်း ကျွန်တော့်ကို တဝက်ပေးတယ်။ သူမက ကျွန်တော့်ထက် သန်မာတော့ အမြဲတမ်းလည်း ကျွန်တော့်ကို ကာကွယ်ပေးတယ်။”

“ကျွန်တော် ပိုပြီးသန်မာလာရင် သူမကို ကာကွယ်ပါ့မယ်လို့ သစ္စာဆိုခဲ့တယ်။”

ရှောင်ချိုး သက်ပြင်းချလိုက်သည်။

အန်လင်း မှတ်ချက်ပြုလာသည်။

“မင်းတို့က ဖူးစာဖက်တွေ ဖြစ်မယ်။”

သူသည် ရှောင်ချိုးနှင့် ပိုင်ယောင်တို့၏ အချစ်ပုံပြင် စတင်လာမည့် အချိန်အား အမှန်တကယ် စိတ်ဝင်စားနေလေပြီ။

“အဲ့နောက်တော့.......”

ရှောင်ချိုး သက်ပြင်းချကာ ပြောလိုက်သည်။

“သူမအမေက အပြာရောင် ရေခဲပန်းပွင့်ကို တွေ့သွားပြီး ပိုင်ယောင်နဲ့အတူ ထွက်သွားခဲ့တယ်။ အဲ့ဒါက သူမကို နောက်ဆုံးတွေ့ရတာပဲ။”

အန်လင်း မျက်လုံးပြူးသွားသည်။

“ဒါပဲလား။”

“ဟုတ်တယ်လေ။”

ရှောင်ချိုး ခပ်ဖွဖွ ပြုံးလိုက်သည်။

“ဘယ်လိုလဲ။ ရင်ထဲထိတယ်မလား။”

အန်လင်း : “.......”

ယီးကို ရင်ထဲထိရမှာလား..... ဘယ်မှာလဲ သောက်ကျိုးနည်း အချစ်ဇာတ်လမ်းက......

ဒါကြီးက ဘာအဓိပ္ပါယ်မှ မရှိတဲ့ဟာကို.....

ငါထင်တာနဲ့ လွဲပြန်ပြီ.....

အန်လင်းမှာ ဒေါသထွက်နေပါသော်လည်း ညင်ညင်သာသာ မေးမြန်းလိုက်သည်။

“မင်းနဲ့ ပိုင်ယောင် ဘယ်လိုချစ်သွားတာလဲ။ အပြာရောင် ရေခဲပန်းပွင့်ကို ရှာဖို့ရော မင်းကူညီခဲ့သေးလား။ မင်းတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုအဆင့်တက်သွားတာလဲ။ တစ်ယောက်နဲ့တစ်ယောက် ချစ်နေတာကိုရော ဘယ်လိုသေချာသွားကြလဲ။”

ရှောင်ချိုး စကားဆိုလိုက်သည်။

“အပြာရောင် ရေခဲပန်းပွင့်က သာမန်ပစ္စည်း မဟုတ်ဘူးလေ။ ကျွန်တော် ဘယ်လိုလုပ် ရှာပေးနိုင်မှာလဲ။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုသည်မှာ လက်တွေ့ဆန်သော အရာတစ်ခုပင်။ အခွင့်အရေးသည် အမြဲလိုလို ရနေတတ်သော အရာမဟုတ်ပါချေ။

“ပိုင်ယောင်နဲ့က ရိုးရှင်းလွန်းတဲ့ ဆက်ဆံရေးပါ။ သူမထွက်မသွားခင် မြေခွေးမွေး လက်တစ်ဆုပ်စာ ပေးသွားတယ်။ ကျွန်တော်ကလည်း မျောက်မွေးပြန်ပေးခဲ့တယ်လေ။”

“အဲ့ဒါကြောင့် ကျွန်တော်တို့က ငါးကီလိုမီတာ အတွင်းမှာ တစ်ယောက်ကိုတစ်ယောက် ခံစားနိုင်တယ်။ အဲ့ဒါ အချစ်ပဲမလား။ ဒါပေမယ့် ခံစားချက်တွေကို နှစ်ဖက်လုံး ဖုံးကွယ်ခဲ့ကြလို့ နောက်ကျသွားရပြီ။”

ရှောင်ချိုး မျက်ရည်များ စီးကျလာသည်။

အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။

ဒါကအချစ်တဲ့လား......

သူတို့ ချစ်ရောချစ်ကြလို့လား......

ရှောင်ချိုးက စ်တ်ကူးယဥ်နေတာ မဟုတ်ဘူးလား......

မြေခွေးဖြူလေးက သူ့ကို သူငယ်ချင်းလိုပဲ သဘောထားတာ မဖြစ်နိုင်ဘူးလား......

အန်လင်းမှာ အရူးလေး ရှောင်ချိုးအား သနားသွားမိသည်။ ရှောင်ချိုးသည် ယခုကဲ့သို့ စိတ်ကူးနှင့် ရူးနေတတ်သူမှန်း သူမသိခဲ့ပေ။

ခံစားလွယ်တတ်သော မျောက်တစ်ကောင် ဖြစ်ပေလိမ့်မည်။

အန်လင်းမှာ ရှောင်ချိုး၏ အချစ်ပုံပြင်အား ဆက်မတွေးရဲတော့ပေ။

အထင်နှင့် အမြင်သည် တက်တက်စင်အောင် လွဲခဲ့ရသည် မဟုတ်လော။

ယခုအခြေအနေကိုသာ စိတ်ဝင်စားတော့သည်။

“မင်းတို့နှစ်ယောက်ကြား တစ်ခုခု ဖြစ်ခဲ့တာလား။”

ရှောင်ချိုး တုံ့ပြန်လာသည်။

“ပိုင်ယောင်က ဖန်ဆင်းခြင်းနယ်မြေကို ပြန်သွားတယ်လေ။ အဲ့ထဲက သူမနဲ့ မတွေ့ရတော့တာ။”

အန်လင်း : “......”

ဘာမှတောင် မဖြစ်ခဲ့ပါလား......

ပြီးတော့ ရှောင်ချိုးက မျောက်မကို ဘာလို့မကြိုက်တာလဲ.....

ရှောင်ချိုး စကားဆက်လိုက်သည်။

“ကျွန်တော်က စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာတော့ တော်တော်များများက ကျွန်တော့်ကို သိလာကြတယ်ဗျ။ အဲ့ထဲမှာ ပိုင်ယောင်လည်း ပါတယ်။”

အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။

နောက်ဆုံးတော့ ရှောင်ချိုးရဲ့ အောင်မြင်မှုတွေကို သူမ ကြွေသွားပြီလား......

“ဘာဆက်ဖြစ်လဲ။”

“ပိုင်ယောင်က မြေခွေးမျိုးနွယ်စုက မြေခွေးနက်မင်းသားနဲ့ လက်ထပ်တော့မယ်လို့ စာပို့လာတယ်။ ကျွန်တော့်ကို လာခဲ့ပါတဲ့။”

ရှောင်ချိုး ငိုကြွေးလိုက်သည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဘာလို့ ငါတွေးတာနဲ့ အကုန်လွဲနေတာလဲ......

ရှောင်ချိုးက အချစ်ဦး လက်ထပ်တော့မှာမို့ ဝမ်းနည်းနေတာပေါ့.....

သူမက ပြန်တောင်မချစ်မှတော့ ငိုနေစရာ လိုလို့လား.....

ထိုစကားအား ရှောင်ချိုးထံပြောရန် မသင့်တော်ပေ။

စိတ်ကူးယဥ်ကာ အရူးလွန်နေကြောင်း ပြောလျှင်လည်း ရှောင်ချိုးမှာ လက်ခံနိုင်မည် မဟုတ်ပေ။ သို့မဟုတ်ပါကလည်း ပို၍ပင် ဝမ်းနည်းသွားပေလိမ့်မည်။

“ရှောင်ချိုး မင်းမြေခွေးတစ်ကောင်ကို ဆုံးရှူံးလိုက်ရပေမယ့် တောအုပ်တစ်ခုလုံး ရှိပါသေးတယ်။”

အန်လင်း နှစ်သိမ့်ပေးလိုက်သည်။

“ကျွန်တော်မှ သစ်တောကို မကြိုက်တာ။”

ရှောင်ချိုး ငြင်းပယ်လိုက်သည်။

အန်လင်း : “......”

“ဖန်ဆင်းခြင်းနယ်မြေကိုသွားပြီး ပိုင်ယောင့် မင်္ဂလာဆောင် သွားမလို့။”

ရှောင်ချိုး စကားဆိုလာသည်။

အန်လင်း တွေးကာသဘောတူလိုက်သည်။

“မဆိုးပါဘူး။ ကောင်းချီးပေးခဲ့ပေါ့။ မင်းလည်း အတိတ်ကို လက်လွှတ်နိုင်သွားမှာပါ။”

“ဘာလို့ ကောင်းချီးပေးရမှာလဲ။ ပိုင်ယောင့်ကို သွားကယ်မှာဗျ။”

ရှောင်ချိုး လေးနက်စွာ တုံ့ပြန်လာသည်။

အန်လင်း : “.....”

All Chapters