← Chapters

ခမ်းနားသောဖန်ဆင်းခြင်းနယ်မြေ

Vol. 71 Ch. 995

ခမ်းနားသောဖန်ဆင်းခြင်းနယ်မြေ

Vol. 71 Ch. 995

အထင်နှင့် အမြင်မှာ တက်တက်စင်အောင် လွဲနေလေသည်။

အန်လင်းသည် ရှောင်ချိုးနှင့် ဆက်ဆံရေး နည်းပါးခဲ့မှုအပေါ် ကိုယ့်ကိုယ်ကို အပြစ်မြင်နေမိသည်။

အခုလိုဆိုရင် စုံတွဲတစ်တွဲကို ခွဲပစ်သလို ဖြစ်မနေဘူးလား........

ပိုင်ယောင်က ရှောင်ချိုးကို သူငယ်ချင်းလိုပဲမြင်လို့ တခြားသူကို လက်ထပ်ချင်တာပေါ့.....

ရှောင်ချိုးကသာ မင်္ဂလာပွဲ သွားဖျက်ရင် ပြဿနာတွေ ကြီးကုန်မှာပဲ.....

မြေခွေးမျိုးနွယ်စုက သူ့ကိုသတ်ပစ်မှာ မဟုတ်ဘူးလား....

မဖြစ်ဘူး...... ငါသူ့ကိုတားရမယ်.....

ရှောင်ချိုးသည် ကျောက်ဆောင်ပေါ်တွင်ထိုင်ကာ ကောင်းကင်အား ရည်ရွယ်ချက်မဲ့စွာ ငေးမောနေသည်။

အန်လင်းမှာ ထိုသည်ကိုကြည့်ကာ အထီးကျန်သော ခံစားချက်ကို ရရှိလိုက်သည်။

သူ့အနေဖြင့် ရှောင်ချိုး၏ ခံစားချက်အား မဖျက်စီးရက်တော့ပေ။

အဆုံးတွင်မူ အန်လင်းမှာ စကားလုံးများအား မြိုသိပ်ထားလိုက်မိသည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေလေသည်။

“ရှောင်ချိုး မင်းဆုံးဖြတ်ပြီးပြီလား။”

အန်လင်း မေးမြန်းလိုက်သည်။

“ကျွန်တော် သေချာပြီ အစ်ကိုကြီးအန်.... အဲ့ဒါ စုကျိုးအင်မော်တယ်ဂိုဏ်းကနေ ခွင့်တောင်းချင်လို့။”

“ရတယ်လေ။ ငါပါလိုက်ခဲ့မယ်။”

အန်လင်း တုံ့ပြန်လာသည်။

“အမ်.....”

ရှောင်ချိုး ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လာသည်။

အန်လင်း ပြုံးကာပြောလိုက်သည်။

“ငါက မင်းရဲ့အစ်ကိုကြီးလေ။ မင်္ဂလာပွဲ ဖျက်မှာကို တစ်ယောက်တည်း ပေးသွားစရာလား။”

ရှောင်ချို ပျော်ရွှင်ကာ မျက်ရည်ဝဲသွားသည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးအန်.....”

ရှောင်ချိုးမှာ အန်လင်းအား တင်းကြပ်စွာ ဖက်ထားလိုက်သည်။

“ကျွန်တော့်ကို ဆူမယ်ထင်နေတာ။”

ရှောင်ချိုး စိတ်လှုပ်ရှားနေသည်။

ဆူလိုက်လို့သာ ဖြစ်မယ်ဆိုရင် ဆူပြီးလောက်ပြီပေါ့ကွာ.....

အန်လင်းမှာ ရှောင်ချိုးအား ပုခုံးပုတ်ပေးလိုက်သည်။

“ကလေးလည်း မဟုတ်တော့ပဲနဲ့ မငိုနဲ့တော့။”

သာယာသော လရောင်အောက်တွင် ၎င်းတို့နှစ်ဦး ညီအစ်ကို ပီသစွာ ဖက်ထားခဲ့ကြသည်။

........

နောက်တစ်နေ့၌

အန်လင်းမှာ အနားယူပြီးနောက် အခန်းထဲမှ ထွက်လာလိုက်သည်။

သူသည် အရာအားလုံး စီစဥ်ပြီးသွားပြီပင်။

ရှောင်ချိုးသည် သူ၏အကူအညီနှင့်အတူ မင်္ဂလာပွဲအား ဖျက်စီးပေလိမ့်မည်။

ရှောင်ဇယ်သည် အခြေအနေ အချို့အတွက် ဂိုဏ်းတွင်သာ ကျန်ရစ်ခဲ့မည် ဖြစ်သည်။

တီနာသည် အမြင်ကျယ်လာရန် ရည်ရွယ်ကာ အန်လင်းနောက်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။

တပိုင်သည် ရှောင်ဇယ်ထံလာရန် စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာပြီး သတင်းများ ကြားသိရပြီးနောက် အန်လင်းတို့နှင့်လိုက်ရန် တောင်းဆိုလာသည်။

ဒါမျိုးကို လက်လွှတ်ခံစရာလား.......

တပိုင်အား စီးနင်းသွားရသည်မှာ ပိုမိုကောင်းမွန်သောကြောင့် အန်လင်းလည်း သဘောတူလိုက်သည်။

ဖန်ဆင်းခြင်းခန်းမသည် ထိုက်ချူကုန်းမြေ၏ အနောက်မြောက်အရပ်တွင် တည်ရှိသည်။

တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်၏ အနောက်တောင်အရပ်ဟုလည်း ဆိုနိုင်သည်။

ဖန်ဆင်းခြင်းခန်းမနှင့် ကိုးပြည်ထောင်သည် ရင်းနှီးကျွမ်းဝင်ကြသောကြောင့် အန်လင်းတို့သည် ဖန်ဆင်းခြင်းခန်းမ၏ ဗဟိုဒေသသို့ နေရာကူးပြောင်းခြင်း အစီအရင်မှတဆင့် တိုက်ရိုက်သွားကြမည်ပင်။

ထိုသို့ဖြင့် အန်လင်းတို့၏ အနောက်ဘက် ခရီးစဥ်မှာ စတင်ခဲ့သည်။

ဝှစ်.....

နေရာကူးပြောင်းခြင်းကြောင့် အနည်းငယ် မူးနောက်နောက် ဖြစ်သွားကြရသည်။

၎င်းတို့သည် ဖန်ဆင်းခြင်းခန်းမ၏ အဓိကမြို့တော်များထဲမှ တစ်ခုဖြစ်သော ချင်ဟုမြို့တော်သို့ ရောက်လာကြသည်။

ဖန်ဆင်းခြင်းခန်းမ၏ အဓိကမြို့တော် ဆယ်ခုအနက် အရေးအပါဆုံးမှာ ဖန်ဆင်းခြင်းမြို့တော် ဖြစ်သည်။ ဖန်ဆင်းခြင်းခန်းမသည်လည်း ဖန်ဆင်းခြင်းမြို့တော်တွင် တည်ရှိသည်။

သို့သော် မြေခွေးမျိုးနွယ်စုသည် ချင်ဟုမြို့တော်တွင် နေထိုင်ကြသောကြောင့် အန်လင်းတို့သည်လည်း ချင်ဟုမြို့တော်သို့ ရောက်လာကြရသည်။

အန်လင်းမှာ စိတ်ကျေနပ်စရာ ခံစားချက်အား တမုဟုတ်ချင်း ရရှိလိုက်သည်။

“ခံစားလို့ ကောင်းလိုက်တာ။”

သူကျယ်လောင်စွာ ရေရွတ်လိုက်သည်။

တပိုင်မှာ စကားပင် မပြောနိုင်ပဲ အသက်တဝကြီး ရှူသွင်းနေလေသည်။

တီနာသည်လည်း ခပ်ဖွဖွ ပြုံးနေသည်။

“ဒီမှာ လေကတောင် ချိုမြိန်သလိုပဲ။”

ထိုသည်မှာ အပိုစကား မဟုတ်ပေ။

ရှောင်ချိုး သက်ပြင်းချလိုက်သည်။

“ဖန်းဆင်းခြင်းနယ်မြေက ထိုက်ချူကုန်းမြေရဲ့ အကောင်းဆုံး နေရာတွေထဲကတစ်ခုလို့ ပြောကြတယ်။”

အန်လင်းတို့အားလုံး ခေါင်းညိတ်သဘောတူလိုက်သည်။

ရှူသွင်းလိုက်သောလေသည် စွမ်းအင်ဝင်ပေါက်များအား သန့်စင်ပေးသည်။

ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံထားရသော နေရာတစ်ခု ဖြစ်သောကြောင့် သစ်ပင်၊ ကျောက်တုံး၊ မီး၊ ရေ အစရှိသည်များပင် အသိစိတ် ရှိလာနိုင်၏။

ချိုမြိန်လွန်းသော ထိုလေသည်လည်း သိစိတ်တချို့ ရှိနေသလိုပင်။

ဖန်ဆင်းခြင်းနယ်မြေမှာ ထိုသို့ထူးခြားပေသည်။

မြေခွေးမျိုးနွယ်စုသည် ဖန်ဆင်းခြင်းနယ်မြေ၏ အင်အားအကောင်းဆုံး အဖွဲ့အစည်း ဆယ်ခုအနက် တစ်ခုအပါအဝင်ဖြစ်ကာ ချင်ဟုမြို့တော်အား ကြီးစိုးထားသည်။

အန်လင်းတို့သည် ချင်ဟုမြို့တော်တခွင် လှည့်လည်ကြည့်ရှုလိုက်ကြသည်။

“ဒီနေရာက လုံးဝရှယ်ပဲ။”

အန်လင်း ရေရွတ်လိုက်သည်။

တပိုင်မှာ မျက်လုံးအပိုပါရန် ဆုတောင်းနေမိသည်။

“တကယ့်ကို နတ်ဘုံပဲ။”

မြေခွေးမလေးများသည် ရင်သားထွားထွား၊ ခါးသွယ်သွယ်နှင့် ခြေတံရှည်လေးများ ပိုင်ဆိုင်ထားသည့်အပြင် ၎င်းတို့၏ အမြှီးများမှာ စိတ်ဝိဥာဥ်အား ညှို့ငင်နိုင်လောက်သည်။

အန်လင်းနှင့် တပိုင်မှာ မျက်တောင်ပင် မခတ်မိကြတော့ပေ။

ရှောင်ချိုးမှာမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။

တီနာ မျက်စောင်းထိုးလာသည်။

“နှာဘူးတွေ....”

အဖြူရောင် မြေခွေးမလေးသည် အန်လင်းတို့အား သတိထားမိသွားကာ ရင်ကော့လျက် မျက်စိတစ်ဖက် မှိတ်ပြလာသည်။

“ဝါး......”

အန်လင်း ငေးမောမိသွားသည်။

တပိုင်မှာ နှာခေါင်းသွေးပင် လျှံသွားလေသည်။

မြေခွေးမလေးသည် ဆွဲဆောင်မှုရှိစွာ ပြုံးပြပြီးနောက် အေးအေးဆေးဆေး ထွက်ခွာသွားတော့သည်။

“ကျွန်တော်တော့ ကျရှုံးသွားပြီဗျာ..... ဝုတ်။”

တပိုင် ရေရွတ်လိုက်သည်။

“ရှောင်ချိုး..... ပိုင်ယောင်ကရော သူတို့လိုပဲလား။”

အန်လင်း မေးမြန်းလိုက်သည်။

ရှောင်ချိုး နှာခေါင်းရှုံ့လိုက်သည်။

“ယှဥ်စရာလား။ သူမက တောက်ပတဲ့ မျက်ဝန်းတွေနဲ့ နှင်းလိုဖွေးနေတဲ့ သားမွေးတွေရှိတယ်။ သူမရဲ့ အလှတရားက တကယ်ကို ပြစ်ချက်မဲ့လွန်းတယ်။”

အန်လင်း မျက်ဆံလှန်လိုက်သည်။

အလှတရားက ကြည့်တဲ့သူနဲ့ပဲ ဆိုင်တာပါ.....

ဒင်းကို သွားမမေးသင့်တာ....

“ဘီလူးအန်လင်း..... အရေးကြီးတာကို အရင်အာရုံစိုက်သင့်တယ်။”

တီနာမှာ သွားရေတမျှားမျှား ဖြစ်နေသော အန်လင်းနှင့် တပိုင်တို့ကြောင့် ရှက်ရွံ့နေလေပြီ။

အန်လင်း မဆိုင်းမတွ ငြင်းပယ်လိုက်သည်။

“မရဘူး။”

“အခုမှ ရောက်ခါစကို အခြေအနေဘာညာ လေ့လာရမှာပေါ့။”

“အရင်ဆုံး အားလုံးကို သေသေချာချာ လိုက်ကြည့်သင့်တယ်။”

တပိုင် ထောက်ခံလိုက်သည်။

“အစ်ကိုကြီးအန် ပြောတာမှန်တယ်..... ဝုတ်။”

တီနာ : “......”

ရှောင်ချိုး : “......”

All Chapters