မြေခွေးမျိုးနွယ်စု၏ အရေးအပါဆုံးလုပ်ငန်း
Vol. 71 Ch. 996
“နင်တို့က မိန်းမငမ်းချင်နေတာမလား။”
တီနာ ဒေါသထွက်နေသည်။
အန်လင်း မျက်နှာသေနှင့် ပြောလိုက်သည်။
“မြေခွေးမျိုးနွယ်စုကို လေ့လာနေတာပါ။”
“ရန်သူကို နားလည်မှ အနိုင်တိုက်နိုင်မှာပေါ့..... ဝုတ်။”
တပိုင် သဘောတူလာသည်။
ရှောင်ချိုးမှာလည်း ဖြစ်သင့်သည်ဟု ခံစားလိုက်ရသည်။
“ကျွန်တော်လည်း အခုမှ ရောက်ဖူးတာဆိုတော့ လေ့လာသင့်တာပေါ့။”
အန်လင်းနှင့် တပိုင်မှာ ဝမ်းသာသွားရသည်။
တီနာ သက်ပြင်းချကာ အန်လင်း၏ ပုခုံးပေါ်ထိုင်ရန် ပြင်လိုက်ပါသော်လည်း အန်လင်း၏ နှာခေါင်းမီးတောက်နေသော အမူအရာကြောင့် စိတ်ပျက်သွားရသည်။
ပတ်ဝန်းကျင်တွင် သွားလာနေသူ အများစုမှာ မြေခွေးမျိုးနွယ်စုများ ဖြစ်သည်။
မြေခွေးမျိုးနွယ်စုသည် လူသားများနှင့် အလွန်ဆင်တူကြသည်။
၎င်းတို့တွင် မြေခွေးနှင့် လူသားဟူ၍ အသွင်နှစ်မျိုး ရှိပါသော်လည်း အများစုမှာ လူသားအသွင်ကိုသာ နှစ်သက်ကြသည်။
မြေခွေးထီးများသည် ချောမောခန့်ညားကာ မြေခွေးမများမှာ ညှို့ငင်အားပြင်းကြပြီး အနည်းစုသည် အပြစ်ကင်းစင်သောအသွင် ရှိကြပေသည်။
၎င်းတို့၏ ဆွဲဆောင်မှုအားကောင်းသော အဝတ်အစားများကို ဝတ်ဆင်တတ်ကြသည်။
“အဲ့ဖင်ကြီး.... အဲ အဲ.... အဲ့အမြှီးတွေကိုကြည့်ဦး။ အဲ့အမြှီးအောက်မှာ လက်နက်တွေ ဘာတွေတောင် ဖွက်ထားနိုင်လောက်တယ်နော်။”
“အစ်ကိုကြီးအန် ဟိုမြေခွေးနီကိုလည်းကြည့်ဦး။ ထွားလိုက်တဲ့ ရင်သားကြီး.... သေချာကြည့်သင့်တယ်နော်။ လက်နက်ပုန်းတွေ ရှိနေနိုင်တယ်။”
“ဟုတ်တယ် တပိုင်ရေ..... မင်းပြောတာ အမှန်ပဲ။”
၎င်းတို့နှစ်ဦးမှာ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် လိုက်လံကြည့်ရှုနေလေသည်။
ရှောင်ချိုးမှာမူ ၎င်းတို့ အဘယ့်ကြောင့် စိတ်လှုပ်ရှားနေသည်ကို နားမလည်နိုင်ပေ။
ငါ့ရဲ့ မြေခွေးဖြူလေးက အလှဆုံးပဲ.... ပြီးတော့ လူသားအမြင်နဲ့ဆိုရင် တီနာက ပိုလှတာ မဟုတ်ဘူးလား..... ဒီမြေခွေးမတွေကို ဘာကြိုက်စရာ ရှိလို့လဲ.....
ခေတ္တမျှ ကြာမြင့်ပြီးနောက်.....
ရှောင်ချိုး ကူကယ်ရာမဲ့စွာ မေးလာသည်။
“အစ်ကိုကြီးအန် ဘာတွေကြည့်နေတာလဲ။ သူတို့က နာလေးလောက် လှလို့လား။”
တီနာ မျက်ရည်အဝဲသား ဖြစ်သွားသည်။
နောက်ဆုံးတော့ မျက်စိမကန်းတဲ့သူ ရှိပြီပဲ..... ငါကပြစ်မျိုးမှဲ့မထင် လှနေတာကို တခြားသူတွေကို ကြည့်နေစရာ လိုလို့လား......
အံ့အားသင့်စရာ ကောင်းစွာပင် အန်လင်းနှင့် တပိုင်မှာ ခေါင်းခါပြလာသည်။
“မင်းနားမလည်ပါဘူး။ လှလား၊ မလှလားဆိုတာ အပေါ်ယံကိုပဲ ကြည့်လို့မရဘူး။ အနေအထားကိုလည်း ကြည့်ရသေးတယ်။”
အန်လင်း လေးလေးနက်နက် ပြောလိုက်သည်။
တီနာ နှုတ်ခမ်းစူသွားသည်။
“ငါက အဆင်မပြေဘူးပေါ့လေ။”
“မဟုတ်ပါဘူး နာလေးရဲ့..... ဒါပေမယ့်....”
အန်လင်း စကားဆိုလာသည်။
“မင်းအနေအထားက ပြီးပြည့်စုံအောင် လှတယ်ဆိုပေမယ့် မြင့်မြတ်လွန်းနေတယ်လေ။ ဒီကောင်မလေးတွေကြတော့ ဟဲဟဲဟဲ.....”
အန်လင်း ရယ်မောလိုက်သည်။
တပိုင် စကားဆက်လိုက်သည်။
“ဒီကအလှလေးတွေက ညှို့အားပြင်းလွန်းလို့ ငါ့ကိုလာမိတ်လိုက်ပါလို့ ပြောနေသလိုပဲ.... ဝုတ်.....”
တီနာ မျက်နှာပျက်သွားသည်။
ရှောင်ချိုး အနည်းငယ်တွေးကာ သဘောပေါက်သွားသည်။
“အစ်ကိုကြီးအန်က အလှလေးတွေ ငမ်းနေတာပေါ့။”
အန်လင်း : “......”
တပိုင် : “......”
သိသွားပြီဟ......
အန်လင်းနှင့် တပိုင်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
ရှောင်ချိုးမှာ ၎င်းတို့၏ မျက်နှာဖုံးများအား သိသွားခဲ့လေပြီ။
“အဟမ်း...... လေ့လာတာ ပြီးပြီဆိုတော့ အခု ချင်ဟုမြို့တော်ကို သေချာလိုက်ကြည့်ကြရအောင်။”
အန်လင်း ချောင်းဟန့်ကာ ပြောလိုက်သည်။
ထိုသို့ဖြင့် ချင်ဟုမြို့တော်တခွင် လှည့်လည်သွားလာခြင်း စတင်ခဲ့သည်။
ချင်ဟုမြို့တော်သည် သဘာဝဆန်ပြီး အိမ်အများစုအား သစ်သားဖြင့်သာ တည်ဆောက်ထားသည်။ လမ်းမတိုင်းတွင် ဆိုင်အမျိုးမျိုးရှိကာ စိတ်ဝိဥာဥ်သစ်သီးများ၊ စိတ်ဝိဥာဥ်သားရဲဥများကို ရောင်းချကြသည်။
အန်လင်းသည် ရတနာများစွာ မြင်တွေ့ခဲ့ဖူးသောကြောင့် ထိုပစ္စည်းများအား ရင်ပင်မခုန်ပေ။
မည်သို့ပင်ဆိုစေကာမူ လာရန်ဆုံးဖြတ်ခဲ့သည်မှာ မှန်ကန်ပေသည်။
အလှလေးများအား တဝကြီး မြင်တွေ့ခွင့်ရသည် မဟုတ်ပါလော။
သူသည် ချောမောခန့်ညားသော သခင်ကြီး ဖြစ်သောကြောင့် မြေခွေးမလေးများမှာ သူ့အားမျက်စိမှိတ်ပြသွားကြသည်။ အချို့ဆိုလျှင် လျှာပင်ထုတ်ပြသွားသေးသည်။
ကျေနပ်စရာပဲကွာ......
တကယ့်အန္တရာယ်မလေးတွေပဲ.....
တပိုင် မကျေမနပ် ဖြစ်နေသည်။
“သူတို့က ဘာလို့ အစ်ကိုကြီးအန်ကိုပဲ ကြည့်နေကြတာလဲ..... ဝုတ်.....”
အန်လင်း ပြုံးကာပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါက ရုပ်ချောလွန်းတဲ့ ဆရာ့ရောကြီး မို့လို့ပေါ့ကွာ။”
တပိုင် : “.......”
မြေခွေးမျိုးနွယ်စုသည် လူသားအလှတရားကိုသာ ပိုမိုနှစ်သက်ကြသောကြောင့် အန်လင်းအား အာရုံစိုက်ကြခြင်းပင်။
စျေးဆိုင်များအပြင် ဆောင်ကြာမြိုင် အချို့ကိုလည်း တွေ့နိုင်ပေသည်။
မြေခွေးမလေးများသည် ဆောင်ကြာမြိုင်ရှေ့တွင် ရစ်သီရစ်သီ လုပ်နေတတ်သောကြောင့် အလွယ်တကူပင် ရှာတွေ့နိုင်သည်။
ဆောင်ကြာမြိုင်ရှေ့မှ ဖြတ်သွားသော အမျိုးသား အများစုသည် ထိုဆွဲဆောင်မှုဒဏ်အား ခံနိုင်ရည် မရှိကြပေ။
တပိုင်မှာလည်း ဆောင်ကြာမြိုင်ထဲ ပြေးဝင်ရန် ပြင်နေစဥ်မှာပင် အန်လင်းမှ ဖမ်းဆွဲထားလိုက်သည်။
“မင်းရူးနေတာလား။”
အန်လင်း ဆူပူလိုက်သည်။
“ကျွန်တော်တို့ လူစုခွဲရအောင်လေ။ အန္တရာယ်တွေကို ကျွန်တော် ရင်ဆိုင်ပါရစေ..... ဝုတ်။”
တပိုင်မှာ မြေခွေးမလေးများထံမှ အကြည့်မခွာပေ။
အန်လင်း : “ ..... “
သူသည် မည်သည့်စကားမှ မဆိုပဲ တပိုင်အား မလွှတ်တမ်း ဆွဲထားလိုက်သည်။
အမျိုးသား ဆောင်ကြာမြိုင်များကိုလည်း လမ်းတလျှောက် တွေ့မြင်နိုင်ပေသည်။
အမျိုးသမီးများနှင့် အမျိုးသား အချို့မှာ ထိုဆောင်ကြာမြိုင်ထဲ ဝင်ထွက်သွားလာနေကြသည်။
အမျိုးသား ပြည့်တန်ဆာများမှာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အားကောင်းမည့်ပုံ ပေါ်သောကြောင့် မည်သူကမှ မငြင်းဆန်လိုကြပေ။
အန်လင်းနှင့် တပိုင်မှာ ကြည့်နေရင်း ကြက်သီးပင် ထလာသည်။
ချင်ဟုမြို့တော်၏ အရေးအပါဆုံး လုပ်ငန်းများထဲတွင် ပြည့်တန်ဆာ လုပ်ငန်းလည်း ပါဝင်ပြီး လူသားမျိုးနွယ်၊ နဂါးမျိုးနွယ်၊ တောင်ပံနက်မျိုးနွယ်စုနှင့် အခြားမျိုးနွယ်ဝင်များမှာ မြေခွေးများအား လာရောက်အရသာခံကြသည်။
အန်လင်းသည် အံ့ဖွယ်အာရုံ ဖြန့်ကျက်ကာ ပတ်ဝန်းကျင်အား လေ့လာနေလေသည်။
စစ်ဆေးခဲ့သမျှ မြေခွေးမျိုးနွယ်ဝင် တစ်သောင်းကျော်တွင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ခုနစ်ဦးထိ အာရုံခံမိခဲ့သည်။
ကြောက်စရာပဲ.... မင်္ဂလာဆောင် ရှိလို့များလား.....
အန်လင်းတို့သည် စိတ်ဝိဥာဥ်သစ်သီး ဆိုင်တစ်ဆိုင်ထဲ ဝင်ထိုင်ခဲ့ကြသည်။
မြေခွေးမျိုးနွယ်စုများထံမှ သစ်သီးများသည် အလွန်စွဲမက်ဖွယ် အရသာရှိပြီး တစ်ခါစားမိပါက မရပ်တန့်နိုင်တော့ပေ။ အချို့ဆိုလျှင် ထိုသစ်သီးများ အလွန်အကျွံ စားသုံးမှုကြောင့် ကုန်းကောက်စရာ မရှိအောင် မွဲတေသွားကြရသည်။
စိတ်ဝိဥာဥ်သစ်သီး ရောင်းချခြင်းမှာလည်း မြေခွေးမျိုးနွယ်စု၏ စီးပွားရေး လုပ်ငန်းတစ်ခုပင်။
ထိုသို့စွဲမက်ဖွယ်ကောင်းကြောင်း သတင်းမွှေးနေပါသော်လည်း အားလုံးမှာ စမ်းသပ်လိုကြသည်ချည်းပင်။
အချို့သည် သူများထက် ထူးခြားသည်ဟု ထင်ကြပါသော်လည်း ၎င်းတို့သည်လည်း စွဲလမ်းသွားကြသည်သာ ဖြစ်သည်ဇယ
အန်လင်းသည်လည်း အရသာ ရှိလွန်းသော သစ်သီးများကြောင့် ပါးစပ်ထဲ တစ်လုံးပြီးတစ်လုံး ပစ်သွင်းနေမိသည်။
ထိုအချိန်တွင် အနီးမှ စကားဝိုင်းတစ်ခုအား ကြားလိုက်ရသည်။
“ဓားမော့မဟူရာဂိုဏ်းက သခင်လေးလည်း လက်ထပ်ဖိတ်စာ ရတယ်ဆို....”
“ငါလည်း မြေခွေးမင်းသားလေး မင်္ဂလာပွဲကို သွားချင်လိုက်တာ။”
“အိပ်မက်မက်မနေစမ်းပါနဲ့။ သခင်တစ်ယောက်ယောက်ရဲ့ အစေခံ အနေနဲ့မှ နင်သွားလို့ရလောက်မှာ။”