ဖိအားပေးခံရတာလား
Vol. 71 Ch. 997
မြေခွေးမင်းသား မင်္ဂလာပွဲလား......
အန်လင်း ချက်ချင်းပင် အာရုံစိုက်လိုက်သည်။
ငါတို့မှာလည်း ဖိတ်စာမရှိဘူး..... ဘာလုပ်ကြမလဲ.....
လုံခြုံရေး သိပ်မကြပ်ရင်တော့ ခိုးဝင်လို့ ရလောက်တယ်.......
ဒါပေမယ့် လုံခြုံရေး တင်းကြပ်နေရင် ပြဿနာပဲ..... ဖိတ်စာရှိတာတော့ အကောင်းဆုံးပေါ့.....
ဖိတ်စာခိုးလိုက်ရင်ရော.....
အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။
သူသည် ရှောင်ချိုးအား အတင်းအကြပ် ပွဲမဖျက်စေလိုပေ။
မြေခွေးမျိုးနွယ်စုတွင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ မရှိပါသော်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် ခြောက်ဦးရှိသောကြောင့် ပါချီပါချက် မဟုတ်ပေ။ အန်လင်းသည်လည်း ၎င်းတို့အား အနိုင်တိုက်နိုင်ရန် မလွယ်ကူပေ။
အန်လင်းသည် ရှောင်ချိုးအား အတိတ်ကို လက်လွှတ်စေလိုသည်။
သို့သော် ပိုင်ယောင်သည် ရှောင်ချိုးအား ချစ်ပင်မချစ်ခဲ့ဖူးကြောင်း ပြောမပြရက်ပဲ သူ့ဘာသူ ခံစားချက်များအား ထားရစ်ခဲ့စေချင်မိသည်။
“သေမျိုးကမ္ဘာမှာဆို တစ်နှစ်၊ နှစ်နှစ်လောက် ဝေးသွားရင် အဲ့ဆက်ဆံရေးက အဆင်မပြေတော့ဘူး။ မင်းနဲ့ ပိုင်ယောင် မတွေ့ဖြစ်တာ နှစ်တစ်ရာနီးပါး ရှိနေပြီလေ။ ခံစားချက်တွေ ပြောင်းမသွားနိုင်ဘူးလား။”
“မဟုတ်ဘူး။ ကျွန်တော့် ပိုင်ယောင်က ထူးခြားတယ်။ သူမ ဖိအားပေးခံရတာဖြစ်မှာ။”
“.......”
ရှောင်ချိုးမှာ မည်သည်ကိုမှ နားမဝင်ပေ။
သူ၏အတွေးကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသည်။
မည်သို့ပင်ဆိုစေကာမူ အားလုံး၏ လုံခြုံရေးအတွက် အလောတကြီး မလှုပ်ရှားပဲ အခြေအနေအား သုံးသပ်ရန် သဘောတူထားကြသည်။
ထိုအချိန်တွင် အနီးမှ မြေခွေးများ စကားပြောလာကြပြန်သည်။
“ဟဲ့ နင်သိလား။ မင်းသမီး ပိုင်ယောင်က မင်းသား ချန်းနန်ကို လက်မထပ်ချင်ဘူးတဲ့။ ငါတို့မသိတဲ့ ကိစ္စတွေ ရှိချင်ရှိနေမှာ။”
မြေခွေးမ စကားဆိုလိုက်သည်။
ရှောင်ချိုး မျက်ဝန်းများ တောက်ပသွားသည်။
အန်လင်းလည်း အသက်ရှူသံများ ပြင်းသွားရသည်။
သောက်ကျိုးနည်း..... တကယ်ကြီး ရှောင်ချိုး တွေးထားသလို ဖြစ်နေတာလား......
“နင်က အမြဲတမ်း ကောလဟလတွေကို ယုံနေတော့တာပဲ။”
“မင်းသမီး ပိုင်ယောင်က ငါတို့ မြေခွေးမျိုးနွယ်စုမှာ အလှဆုံးလေ။ မြေခွေးဖြူတွေထဲမှာလည်း ရှားမှရှား ရတနာလေး။ မင်းသား ချန်းနန်ကလည်း မြေခွေးနက်တွေထဲက တစ်ဦးတည်းသော မင်းသားလေ။ ပြီးတော့ ကျင့်ကြံရေးလည်း ပါရမီပါပြီး အရမ်းတော်တယ်။”
“နတ်ဖတ်တဲ့ဖူးစာကို ဘာပြဿနာ ရှိရမှာလဲ။ နင့်လိုမျိုး ရုပ်ဆိုးဆိုး တစ်ယောက်က မင်္ဂလာပွဲ ဝင်ဖျက်မှာမျိုးလား။”
ရှောင်ချိုး မျက်ဝန်းများ မှေးမှိန်သွားသည်။
အခြားမြေခွေးလည်း ဒေါသထွက်သွားလေသည်။
“ငါက ဘာလို့ရုပ်ဆိုးရမှာလဲ။ ဟိုဘက်ဝိုင်းက မျောက်ကမှ သေအောင်ရုပ်ဆိုးတာလေ။”
“ဟင်း.... ပြောတိုင်းယုံစရာလား။”
ထိုမြေခွေးမှာ လှည့်ကြည့်လိုက်ပြီးနောက် မျက်လုံးပြူးသွားရသည်။
“တကယ်ရုပ်ဆိုးတယ်ဟ.....”
အန်လင်းမှာ ထိုစားပွဲဝိုင်းထံ သွားလိုက်သည်။
“ထပ်ပြောကြည့်ပါလား။”
“ဘာဖြစ်လို့လဲ။ ငါက.....”
ထိုမြေခွေးသည် အန်လင်းအား ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် အခြားမြေခွေးမှ လှမ်းဆွဲထားလိုက်သည်။
၎င်းတို့အနေဖြင့် ပြဿနာ မတက်လိုပေ။
အန်လင်း အေးစက်စွာ ရယ်မောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါကတော့ မပြီးလိုက်နိုင်ဘူး။”
ထိုစကားနှင့်အတူ သူ၏လက်သီးလည်း ထွက်ပေါ်လာသည်။
ဒုန်း.... ဒုန်း.... ဒုန်း.....
ဘန်း.... ဘန်း.... ဘန်း.....
ဖုံး..... ဖုံး.... ဖုံး.....
ခွပ်.... ခွပ်..... ခွပ်......
“အား.....”
မြေခွေးနှစ်ကောင်မှာ အလူးအလဲ ထိုးခံလိုက်ရသည်။
စိတ်ဝိဥာဥ်သစ်သီး ဆိုင်ပိုင်ရှင်သည်ပင် စိုးထိတ်သွားရလေသည်။
အန်လင်းမှာ စိတ်ဝိဥာဥ်ကျောက်တုံးများအား ဆိုင်ရှင်ထံ ပစ်ပေးလိုက်သည်။
“သူတို့စားတာကို ငါရှင်းလိုက်မယ်။ ငါတို့က ညီအစ်ကိုတွေ၊ မောင်နှမတွေလိုပဲ။”
မြေခွေးနှစ်ကောင် သွေးအန်သွားချင်မိသည်။
ဘယ်သူက နင်နဲ့သိလို့လဲ......
၎င်းတို့မှာ ဒေါသထွက်နေပါသော်လည်း ထုတ်မပြောရဲပေ။
“ဟုတ်တယ်။ အချင်းချင်း နှုတ်ဆက်နေကြတာပါ။”
အန်လင်း ခေါင်းညိတ်ထောက်ခံကာ ဆိုင်ထဲမှ ထွက်ခွာသွားသည်။
ရှောင်ချိုး သက်ပြင်းချလိုက်သည်။
“အစ်ကိုကြီးအန် အဲ့လိုလုပ်စရာ မလိုပါဘူး။ သူတို့က အမှန်ကို ပြောနေတာပဲလေ။”
အန်လင်း ပြုံးကာပြောလိုက်သည်။
“ငါတစ်ယောက်ပဲ မင်းကို ရုပ်ဆိုးတယ်လို့ ပြောခွင့်ရှိတယ်။”
ရှောင်ချိုး တွေဝေသွားသည်။
“နာလေးနဲ့ တပိုင်လည်း ကျွန်တော့်ကို ရုပ်ဆိုးတယ်လို့ ပြောကြတယ်။”
တီနာ : “....”
တပိုင် : “.....”
အန်လင်း မျက်နှာပျက်သွားသည်။
မတူဘူးလေ.....
သူရှင်းပြလိုက်ရသည်။
“သူတို့က ပိုင်ယောင် မင်္ဂလာပွဲအကြောင်း ပြောနေတုန်း မင်းကို ရုပ်ဆိုးတယ်ပြောလို့ သမလိုက်တာကွာ။”
ရှောင်ချိုး မျက်ရည်ဝဲသွားသည်။
အခြေအနေမှာ အမှန်တကယ် ကွဲပြားပေသည်။
ပိုင်ယောင်၏ နတ်ဖတ်သောဖူးစာအကြောင်း ပြောနေစဥ် သူ့အား ရုပ်ဆိုးလွန်းသည်ဟု ပြောခဲ့ကြသည်။
ရှောင်ချိုးသည် ရုပ်ဆိုးခြင်းနှင့် အသားကျနေပါသော်လည်း ထိုသည်မှာ ရင်နာစရာ ကောင်းလှ၏။
ထို့ကြောင့်ပင် အန်လင်းမှာ ၎င်းတို့အား ဆော်ပလော်တီးခဲ့သည်။
ရှောင်ချိုးမှာ ထိုသည်ကိုတွေးကာ ရင်ထဲထိသွားရသည်။ အန်လင်းသည် သူ၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကိုပင် ကာကွယ်ပေးသည်။
လမ်းလျှောက်လာရင်း အချို့မှာ ရှောင်ချိုးအား ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြသည်။
ရှောင်ချိုး သက်ပြင်းချလိုက်သည်။ သူသည် ပိုင်ယောင်နှင့် ပြန်တွေ့ရတော့မည် ဖြစ်သောကြောင့် ရုပ်ရည်နှင့် ပက်သတ်၍ အတွေးများလာရသည်။
သူသည် သိုလှောင်လက်စွပ်ထဲမှ မျက်နှာဖုံးအား ထုတ်လိုက်သည်။
ထိုသည်မှာ အရှိန်အဝါ အားကောင်းစေသော အဆင့်မြင့် စိတ်ဝိဥာဥ် ရတနာပင်။
စုရှောင်လန် လက်ဆောင်ပေးခဲ့သော မျက်နှာဖုံးလည်း ဖြစ်သည်။
ရှောင်ချိုးမှာ မျက်နှာဖုံးအား တိတ်တဆိတ် တပ်ဆင်လိုက်သည်။
အန်လင်းတို့မှာ သတိထားမိပါသော်လည်း ဘာမှမပြောကြပေ။
၎င်းတို့မှာ မြို့လယ်သို့ တဖြည်းဖြည်း ရောက်ရှိလာသည်။
အန်လင်းသည် မြေခွေးနှစ်ကောင်၏ စကားဝိုင်းအား တွေးတောနေဆဲပင်။
ပိုင်ယောင်က ဖိအားပေးခံရတာ ဟုတ်လား မဟုတ်ဘူးလား.....
ဖိအားပေးခံရတာဆိုရင် နည်းလမ်းပြောင်းမှဖြစ်မယ်....
မကြာမီပင် နန်းတော်ကြီး တစ်ခုအား တွေ့မြင်လိုက်ရသည်။
နန်းတော်ကြီးမှာ အဖြူရောင်ဖြစ်ပြီး မျက်စိတဆုံး ကျယ်ပြန့်ကာ တောင်ကုန်းများ ရေတံခွန်များပင် ထည့်သွင်းတည်ဆောက်ထားသေးသည်။ သလင်းကျောက်များကြောင့် နေရောင်အောက်တွင်လည်း လက်လက်ထနေလေသည်။
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
“ဒါက မြေခွေးဖြူမျိုးနွယ်ရဲ့ နန်းတော်ပဲ။”