ခိုးဝင်ကာ လေ့လာခြင်း
Vol. 71 Ch. 998
အန်လင်းမှာ အစီအစဥ် တစ်ခုအား တွေးလိုက်သည်။
ပိုင်ယောင် ဖိအားပေးခံရခြင်း ရှိမရှိ သိစေရန် တိတ်တဆိတ် လေ့လာသည်က အကောင်းဆုံးပင်။
မင်္ဂလာပွဲနှင့် ပက်သတ်၍ သူမ၏ စိတ်ခံစားချက်အား လေ့လာရမည် ဖြစ်သည်။
သူမသည် ပျော်ရွှင်နေပါက ချစ်ခြင်းမေတ္တာ ထုံမွှမ်းသော မင်္ဂလာပွဲ ဖြစ်နိုင်ကာ စိတ်ဆင်းရဲနေပါက ဖိအားပေးခံရခြင်း ဖြစ်နိုင်သည်။
အန်လင်း၏ အစီအစဥ်အား ရှောင်ချိုးမှာ ခက်ခက်ခဲခဲပင် သဘောတူလိုက်သည်။
ပိုင်ယောင်၏ ခံစားချက်အား သေချာနေပါသော်လည်း အခြားအရာများအား သုံးသပ်ရမည်ဖြစ်ပြီး မင်္ဂလာပွဲ ဖျက်ရန်လည်း အန်လင်းတို့၏ အကူအညီကို မဖြစ်မနေ လိုအပ်ပေသည်။
အန်လင်း၏ မျက်ဝန်းများမှာ အဖြူရောင် ဖြစ်သွားပြီးနောက် မြေခွေးဖြူနန်းတော်၏ ကာကွယ်ရေး အစီအရင်အား တွေ့လိုက်ရသည်။
သူသည် နေရာတစ်ခုအား လက်ဖြင့်ထိကာ အပေါက်တစ်ပေါက် ဖြစ်ပေါ်စေလိုက်သည်။
“သွားရအောင်။”
အန်လင်းသည် တပိုင်အားစီးကာ အရှေ့မှ ဦးဆောင်ပြီး တီနာနှင့် ရှောင်ချိုးတို့မှာ နောက်မှလိုက်ပါသွားကြသည်။
တီနာသည် အားလုံး၏ အရှိန်အဝါနှင့် ခန္ဓာကိုယ်အား ဖုံးကွယ်ရန် နည်းစနစ်တစ်ခု အသုံးပြုခဲ့သည်။
ထိုသည်မှာ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ ရရှိထားသော ကျင့်စဥ် ဖြစ်ပေသည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်ပင် ၎င်းတို့၏ တည်ရှိမှုအား သိနိုင်မည် မဟုတ်ပေ။
မြေခွေးမျိုးနွယ်စုတွင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ခြောက်ဦးရှိပြီး နှစ်ဦးသည် မြေခွေးဖြူမျိုးနွယ်မှ ဖြစ်သည်။ ထိုနှစ်ဦးသည် နန်းတော်ထဲသို့ ကျူးကျော်လာသူများအား မဖြစ်မနေ လိုက်လံစစ်ဆေးနေစရာ မရှိပေ။
အန်လင်းတို့မှာ လုံခြုံနေသည်ဟု ဆိုနိုင်သည်။
ထိုသို့ဖြင့် အန်လင်းတို့သည်လည်း နန်းတော်ထဲသို့ ရောက်ရှိလာခဲ့ကြသည်။
တီနာ၏ ဖုံးကွယ်ပေးထားမှုကြောင့် ၎င်းတို့မှာ အေးအေးဆေးဆေး၊ လွတ်လွတ်လပ်လပ်ပင် ရှိနေကြသည်။
“နန်းတော်ကြီးက ဒီလောက်လှမယ်တောင် မထင်ထားဘူး..... ဝုတ်။”
တပိုင် မျက်လုံးပြူးနေသည်။
အန်လင်း ခေါင်းညိတ်သဘောတူလိုက်သည်။
“မြင်ဖူးသမျှထဲ အလှဆုံးပဲ။”
တီနာ မကျေမနပ် ဖြစ်နေသည်။
“နန်းတော်ထဲ ရောက်လာတာတောင် ငမ်းကြောမသေသေးဘူးလား။”
အန်လင်းနှင့် တပိုင်မှာ မြေခွေးမလေးများအား လိုက်ငေးနေခြင်းပင်။
၎င်းတို့သည် ဟိုက်လွန်းသော အင်္ကျီများအား ဝတ်ဆင်ကာ ဖရဲသီးများ ထုတ်ပြထားကြပြီး စကပ်တိုတိုကြောင့် ခြေတံရှည်များ အထင်းသား ပေါ်နေသည်။
“ဒီဝတ်စုံတွေ အရမ်းလှတယ်။ ချုပ်တဲ့သူကို ကြယ်ငါလုံး မှတ်ချက်ပေးသင့်တယ်။”
အန်လင်း ရယ်မောကာ ပြောလိုက်သည်။
“မြေခွေးမလေးတွေကိုလည်း ကြယ်ငါးပွင့်ဗျာ.... ဝုတ်။”
တပိုင်မှာ အလွန်ပင် စိတ်ကျေနပ်နေသည်။
တီနာမှ အံကြိတ်ထားသည်။ ရှောင်ချိုးကြောင့်သာ မဟုတ်ပါက ထိုနှာဘူးနှစ်ကောင်အား သေအောင်လုပ်ပစ်လိုက်ပြီပင်။
ရှောင်ချိုးမှာ အဖြူရောင် သားမွေးများအား ထုတ်လိုက်သည်။
ထိုသည်မှာ ငါးကီလိုမီတာအတွင်း တစ်ဦးနှင့်တစ်ဦး တည်ရှိမှုအား သိရှိစေနိုင်သော ပိုင်ယောင်၏ အမွေးများ ဖြစ်သည်။
ရှောင်ချိုးသည်လည်း မျောက်မွေးများ ပြန်ပေးခဲ့ပါသော်လည်း တီနာမှ ဖုံးကွယ်ပေးထားသောကြောင့် ပိုင်ယောင်သည် သူ၏တည်ရှိမှုအား သိရှိနိုင်မည် မဟုတ်ပေ။
အန်လင်းမှာ ရှောင်ချိုးနှင့်အတူ နန်းတော်အတွင်းပိုင်းသို့ ဝင်လာခဲ့သည်။
ခေတ္တမျှ ကြာပြီးနောက် ရှောင်ချိုး၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။
“သူမကို အာရုံခံမိပြီ။ သူမ တကယ်မလိမ်ဘူးပဲ။”
အန်လင်း မျက်ဆံလှန်လိုက်သည်။
အဲ့ဒါက ဘာလိမ်စရာ ရှိလို့လဲ......
“သူမက အရှေ့မြောက်ဘက်မှာ။”
ရှောင်ချိုးမှာ ထိုနေရာသို့ တဟုန်ထိုး ပြေးသွားသည်။
အန်လင်းတို့လည်း အနောက်မှ လိုက်ပါသွားကြသည်။
၎င်းတို့သည် နန်းဆောင်ငယ်များ၊ ခြံဝန်းများကို ဖြတ်ကျော်လာပြီးနောက် အနုပညာ လက်ရာမြောက်သော နေရာတစ်ခုရှေ့ ရောက်ရှိလာကြသည်။
ထိုသည်မှာ ပန်းရောင်စုံ ဖူးပွင့်နေသော ဥယျာဥ်တစ်ခုဖြစ်ကာ တောင်ငယ်တစ်လုံးကိုလည်း တွေ့မြင်နိုင်သည်။ တောင်ထိပ်တွင် အိမ်လေးတစ်လုံး ရှိနေလေသည်။
“သူမက ဒီမှာပဲ။”
ရှောင်ချိုး စိတ်လှုပ်ရှားသွားသည်။
သူ၏ခြေလှမ်းများလည်း ပိုမိုနှေးကွေးလာလေသည်။
“ပိုင်ယောင်က ဖိအားပေးခံရတာ သေချာတယ်။ သူမ နာကျင်နေတာ မကြည့်ရက်နိုင်ဘူး။”
ရှောင်ချိုး ရေရွတ်လိုက်သည်။
သူအန်လင်းအား လှည့်ကြည့်လာသည်။
“ကျွန်တော်က အရူးပဲ။ ဘာလို့ သူမ မင်္ဂလာဆောင်တဲ့ထိ စောင့်နေရမှာလဲ။”
“အခုပဲ သူမကို ခေါ်သွားတော့မယ်။ မင်္ဂလာပွဲမှာဆို ပိုခက်သွားလိမ့်မယ်။ အခုက ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။”
တပိုင် လျှာထုတ်ပြလိုက်သည်။
“မင်္ဂလာပွဲကို ဖျက်တာကမှ စိတ်လှုပ်ရှားစရာ ကောင်းမှာပေါ့။”
ရှောင်ချိုး : “......”
“မင်းတွေးမိသွားပြီပဲ။”
အန်လင်း ပြုံးကာပြောလာသည်။
“ပိုင်ယောင်သာ ဖိအားပေးခံရတာဆိုရင် အခုပဲ ခေါ်သွားကြတာပေါ့။”
ရှောင်ချိုးမှာ အန်လင်းအား ကျေးဇူးတင်မိသွားကာ ရှေ့ဆက်လျှောက်လာလိုက်သည်။
အိမ်အပြင်ဘက်၌......
သစ်ပင်ကြီး၏ သစ်ကိုင်းများပေါ်တွင် ပုံရိပ်အချို့ ရှိနေသည်။
ထိုနေရာမှတဆင့် အိမ်ထဲသို့ မြင်နိုင်၏။
“ကျွန်တော် အပြစ်ရှိသလို ခံစားနေရတယ်။”
ရှောင်ချိုး စိတ်ပူနေသည်။
“ဘာလို့လဲ။ မြေခွေးမလေးကို ကယ်ပေးတာပဲဟာ။”
အန်လင်း နှစ်သိမ့်ပေးလိုက်သည်။
၎င်းတို့သည် သစ်ပင်ပေါ်တွင်ထိုင်ကာ တိတ်တဆိတ် လေ့လာနေကြသည်။
ပိုင်ယောင်အား စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေသည်။
ထိုအချိန်မှာပင် သီချင်းသံအချို့အား ကြားလိုက်ရသည်။
ထိုသည်မှာ သာယာနာပျော်ဖွယ် ကောင်းလှသော သီချင်းတစ်ပုဒ်ပင်။
“အဲ့ဒါ သူမပဲ။ အရင်ကလည်း ဒီသီချင်းကို သူမ ဆိုဖူးတယ်။”
ရှောင်ချိုး စိတ်လှုပ်ရှားလာသည်။
တပိုင် မျက်မှောင်ကျုံ့လိုက်သည်။
“ဘာလို့ ပျော်စရာ သီချင်းကို ဆိုနေရတာလဲ။”
ရှောင်ချိုးမှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားရသည်။
အိမ်ငယ်လေး၏ ပြတင်းပေါက် ပွင့်လာလေသည်။
အလွန်လှပသော ပုံရိပ်တစ်ခုအား အားလုံး တွေ့မြင်လိုက်ရသည်။
သူမသည် အဖြူရောင်ဝတ်စုံအား ဆင်မြန်းထားကာ ပြတင်းပေါက်အား လက်ထောက်၍ မေးတင်ထားသည်။ သူမ၏ အလှတရားသည် သန့်စင်ခြင်းနှင့် ဆွဲဆောင်မှုရှိခြင်းတို့ ရောယှက်ကာ ထူးခြားနေပေသည်။
အန်လင်းနှင့် တပိုင်သည်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
ရှောင်ချိုးမှာ ထိုပုံရိပ်အား ငေးမောကြည့်ရှုနေသည်။
ထိုအမျိုးသမီးသည် အဝေးသို့ငေးကာ တောက်ပစွာ ပြုံးလိုက်သည်။
“ခြောက်ရက်တောင် ကျန်သေးတာပဲ။ မစောင့်နိုင်တော့ဘူး။”
“သူမက ပိုင်ယောင်လေ။ အရင်လို လှနေတုန်းပဲ။”
“ပြီးတော့ အရမ်းပျော်နေတယ် ထင်ပါတယ်။”
ရှောင်ချိုး တုန်ရီစွာ ပြောလိုက်သည်။
မျက်နှာဖုံး တပ်ထားသောကြောင့် သူ၏အမူအရာအား မည်သူကမှ မမြင်နိုင်ပေ။
သို့သော် မျက်နှာဖုံး အစွန်မှ ကျဆင်းလာသော မျက်ရည်ကြည်များမှာ ပူလောင်လွန်းသယောင် ထင်မှတ်ရပေသည်။