← Chapters

ဂုဏ်ထူးဆောင် မျှော်စင်

Vol. 71 Ch. 983

ဂုဏ်ထူးဆောင် မျှော်စင်

Vol. 71 Ch. 983

“ ကျုပ်တို့က နေစရာ မရှိလို့လေ။ အဲဒါ ခင်ဗျားရဲ့ အခန်းကို ပေးလိုက်ပါ။ ပြီးတော့ ကျုပ်က အဆင့်မြင့် နတ်ဘုရားကျောက် ငါးသန်းလဲ လိုသေးတယ် ” မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

အကယ်၍ ဤလောကတည်ဆေးလုံးကို လေလံပွဲ၌ ရောင်းချမည်ဆိုလျှင် ဈေးနှုန်းမှာ အင်မတန် မြင့်တက်သွားမည် ဖြစ်၏။ သို့သော် ယခုတွင် မိုဝူကျိက အဆင့်မြင့် နတ်ဘုရားကျောက် ငါးသန်းနှင့် သူ့အခန်းကိုသာ တောင်းနေလေသည်။ ကျင်းရုံဝူက တုံ့ဆိုင်းမနေဘဲ တည့်တိုးသာ ပြောလိုက်သည် “ ကောင်းပြီလေ … ကျုပ် အခန်းကို ဖယ်ပေးမယ် ”

ကျင်းရုံဝူ နိဗ္ဗာန်တာအိုမြို့သို့ ရောက်လာသည့် အဓိက အကြောင်းအရင်းမှာ လောကနတ်ဘုရားအဆင့် တက်လှမ်းရန် နည်းလမ်း ရှာတွေ့ရန် ဖြစ်၏။ ယခု ပြိုင်ဖက်ကင်းအဆင့် လောကတည် ဆေးလုံးက သူ့ရှေ့မှောက် ရောက်နေပြီ ဖြစ်ရာ သူ့အနေနှင့် ငြင်းပယ်မည်ဆိုလျှင် အရူးသာ ဖြစ်ပေတော့မည်။ အဆင့်မြင့် နတ်ဘုရားကျောက် ငါးသန်းကို ထည့်ပြောနေဖိုပင် မလိုပေ။ မိုဝူကျိက ပို၍ တောင်းလျှင်ပင် သူက တုံ့ဆိုင်းခြင်းမရှိ ပေးဦးမည် ဖြစ်၏။

“ ဒီလိုဆိုမှတော့ တာအိုရောင်းရင်းကျင်းကို ကျေးဇူးတင်ပါတယ် ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။

သူက လောကလမ်းကြောင်းကို ပိုင်ဆိုင်ထားသည့်အတွက် သူ ဖော်စပ်သော လောကတည် ဆေးလုံးများမှာ ပြိုင်ဖက်ကင်းအဆင့်သာ ဖြစ်ကြသည်။ ထို့အပြင် သူက ထိုသို့ လုပ်ရဲခြင်းမှာ သူ့နှင့် အတူ ချီပင်း ရှိနေ၍ ဖြစ်သည်။ ချီပင်းကြောင့်သာ မဟုတ်လျှင် မိုဝူကျိက လောကတည် ဆေးလုံးအား ပွင့်လင်းမြင်သာ ထုတ်ရဲမည် မဟုတ်ချေ။

ဝန်ထမ်း၏ ယောင်ဝါးဝါးအကြည့်အောက်တွင် မိုဝူကျိတို့က အခန်း ၇၃ (က)ဆီ ရွေ့ပြောင်းသွားကြသည်။ ချီပင်းပင် အနည်းငယ် ဆွံ့အနေမိ၏။ မိုဝူကျိ တစ်ယောက်တည်းသာ လောကတည်ဆေးလုံးဖြင့် နေစရာ လဲလှယ်မည့်သူ ဖြစ်လိမ့်မည်။ ထို့အပြင် သူမက လောကတည်ဆေးလုံးအတွက် သူ့အား လရောင်အသီး ပေးခဲ့သူ ဖြစ်၏။

ပျော်ရွှင်မှု ရိပ်သာသည် နိဗ္ဗာန်တာအိုမြို့အတွင်း ထိပ်တန်းအဆင့် တည်းခိုဆောင်ဟု ယူဆ၍ ရပေသည်။ (က) အမျိုးအစား အခန်းများသည် ဇိမ်ခံအခန်းများ ဖြစ်ကြသည်။ အခန်း ၇၃ (က) တွင် အခန်းလေးခန်း ပါရှိပေသည်။ ချီပင်းနှင့် ချီချွမ်းက တစ်ခန်းစီ ယူကြစဉ် တာ့ဟွမ်နှင့် ရွိုက်ကောတို့က အခန်းမျှသုံးကြလေသည်။

ချီပင်းက နတ်ဘုရားဘုရင်အဆင့် ရောက်သည်မှာ မကြာမြင့်သေးသောကြောင့် သူမ အခန်းထဲ ရောက်သည်နှင့် ကျင့်ကြံဖို့ရာ အားထုတ်လိုက်သည်။ တစ်ဖက်တွင် တာ့ဟွမ်၏ လွှမ်းမိုးမှုကြောင့် ချီချွမ်းလည်း သည်းသည်းမည်းမည်း ကျင့်ကြံဖို့ရာ ဆိုင်းပြင်းနေတော့သည်။

ရွိုက်ကောသာ ဘာမှမလုပ်ဘဲ နေနေခြင်း ဖြစ်ပြီး သူက မိုဝူကျိနောက်မှ အကုန်လျှောက်လိုက်ကြည့်ချင်သည်။ သို့သော် မိုဝူကျိက အခန်းပတ်လည် အတားအဆီးများ ချထားပြီးနောက် ရွိုက်ကောကို သူနှင့် ခေါ်မလာမိပေ။ ရွိုက်ကောက ကူကယ်ရာမဲ့စွာဖြင့် တာ့ဟွမ်နှင့်သာ ကျင့်ကြံရတော့သည်။

မိုဝူကျိက ရွိုက်ကောအား ခေါ်လာခြင်းမှာ ပုံမှန်သာ ဖြစ်၏။ သူက နိဗ္ဗာန်တာအိုမြို့ထဲ ဆေးလုံးတာအိုအတွက် ဘုရင်ဂုဏ်ပုဒ်ရရန် သွားမည်သာ ဖြစ်၏။

နိဗ္ဗာနတာအိုမြို့သည် အလွန်ဘေးကင်းပြီး ချီပင်းသည် မိုဝူကျိက အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်ကြောင်း သိထားသည့်အတွက မိုဝူကျိနောက်မှ လိုက်လာရန် မလိုတော့ပေ။

သူက လက်ဝဲဘက်ရှိ ရင်ပြင်ကို ဖြတ်သွားသည့်အခါ ခဏ ရပ်ကြည့်လိုက်သည်။ မြို့အပြင်ဘက်ရှိ ကျင့်ကြံသူက လိမ်ညာနေခြင်း မဟုတ်ပေ။  ပြိုင်ပွဲစင်မြင့်ပေါ်ရှိ ကနဦး နတ်ဘုရားများက အလွန်အားကောင်းလှသည်။ စင်မြင့် စုစုပေါင်း ၃၀ ရှိပြီး မိုဝူကျိက စင်မြင့်ပေါ်မှ ကျင့်ကြံသူများသည် အရက်စက်ဆုံး ဆယ်ဦးထဲမှ ဝူလျန့်ထက်ပင် အားမနည်းကြောင်း သိလိုက်သည်။

သို့သော်လည်း သူ ကနဦး နတ်ဘုရားအဆင့် ၆ သို့ ရောက်ရှိပြီးနောက် ဝူလျန့်သည် သူ့အား ယှဉ်ဖို့ မဖြစ်နိုင်တော့ချေ။ မိုဝူကျိက ထွက်သွားတော့မည့်ဆဲဆဲတွင် ကနဦး နတ်ဘုရားအဆင့် ၇ ကျင့်ကြံသူတစ်ယောက် ကနဦး နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် လက်ချက်ဖြင့် နှစ်ပိုင်း ပြတ်သွားပြီး သူ့ကမ္ဘာဦး စိတ်ဝိညာဉ်သာ ကျန်ရှိတော့သည်။

ထိတ်လန့်နေသည့် ကမ္ဘာဦး စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်နှင့် ပြန်လည် ဆက်သွယ်ဖို့ ကြိုးစားသော်လည်း တစ်ဖက်လူ၏ တိုက်ခိုက်မှုမှ တာအိုစွမ်းအားများကြောင့် ကူကယ်ရာမဲ့နေသည်။ သူ မည်သို့ပင် လုပ်စေကာမူ ကမ္ဘာဦး စိတ်ဝိညာဉ်က ခန္ဓာကိုယ်အတွင်း ပြန်မဝင်နိုင်တော့ပေ။

စင်မြင့်ဘေးမှ ဒိုင်များက သိပ်ဂရုမစိုက်ပေ။ သူက မီးလုံးတစ်ချက် ပစ်လွှတ်ကာ ခန္ဓာကိုယ်အား ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ခက်ခက်ထန်ထန် ပြောလိုက်သည်  “ကမ္ဘာဦး စိတ်ဝိညာဉ်တွေကို နိဗ္ဗာန်တာအိုမြို့ထဲ ဝင်ခွင့် မပြုထားဘူး။ မင်း မြို့ကနေ ထွက်သွားဖို့ နှစ်နာရီ အချိန်ရမယ် ”

ကံဆိုးရှာသည့် ကမ္ဘာဦး စိတ်ဝိညာဉ်က ဆက်လက် မနေရဲတော့ဘဲ မြန်မြန် ထွက်ခွာသွားတော့သည်။

လူအုပ်ကြီးက ပုံမှန်ကိစ္စရပ်တစ်ခု ကြုံတွေ့ရသည့်အလား တည်ငြိမ်နေလေသည်။

မိုဝူကျိက တာအိုလမ်းစဉ် လျှောက်လှမ်းရာ၌ အခက်အခဲများကို တွေးမိပြီး သက်ပြင်းချလိုက်သည်။ ပြိုင်ပွဲအပြီးတွင် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ မည်မျှ သေဆုံးသွားမည်နည်း။ ထိုအပြင် တိုက်ပွဲတွင် တိုက်ခိုက်ရဲသူများမှာ နည်းလမ်းများ ရှိတတ်ကြ၏။ ပြိုင်ပွဲ ပြီးဆုံးသွားသည့်နောက်တွင် တတ်စွမ်းသည့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများ သိသိသာသာ လျော့ကျသွားလိမ့်မည်။

မိုဝူကျိ တွေးတောမိနေစဉ် ကျင့်ကြံသူ တစ်ဦး စင်မြင့်ပေါ်မှ လွှင့်စင်လာသည်။ ကျင့်ကြံသူက လေထဲတွင် ရှိနေစဉ် ရုတ်ချည်း ပေါက်ကွဲထွက်သွားလေ၏။ သူ့ခန္ဓာကိုယ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်တို့မှာ ပျောက်ကွယ်သွားပြီး ဗလာနတ္ထိသာ ကျန်ရှိခဲ့သည်။

မိုဝူကျိက ခေါင်းခါလိုက်သည်။ သူက ဆက်လက် မကြည့်လိုတော့ပေ။ သူက ပြိုင်ပွဲရင်ပြင်ကို ဖြတ်ကျော်၍ တာအိုဂုဏ်ထူးဆောင် မျှော်စင်ဆီသာ ဦးတည်လိုက်တော့၏။

ဤသို့မျိုး တိုက်ပွဲများ၌ အနိုင်နှင့် အရှုံးသာ ရှိပေသည်။ တခြားတားမြစ်ချက်များ မရှိသည့်အတွက် သေခြင်းတရားမှာလည်း ထူးဆန်းသည့် မြင်ကွင်း မဟုတ်ပေ။

သူက လက်ယာဘက်ရှိ ရင်ပြင်ဆီ ရောက်လာသည့်အခါ နေရာက ကျယ်ကျယ်ဝန်းဝန်း ဖြစ်လာသည်။ မျှော်စင် ခုနှစ်ခုကို အတန်းလိုက် တည်ဆောက်ထားသောကြောင့် ဇွန်းတစ်ချောင်းလိုမျိုး ဖြစ်နေသည်။ သို့သော်လည်း မျှော်စင်တစ်ခုချင်းစီ၏ လက်ရာက ခြားနားလှသည်။ နမူနာအားဖြင့် ဆေးလုံးတာအို မျှော်စင်သည် ဆေးကြိုအိုးအကြီးကြီး ပုံသဏ္ဍာန်မျိုး ဖြစ်၏။

မျှော်စင် တစ်ခုချင်းစီ၌ စာလုံးများ ချိတ်ဆွဲထားသည်။ ဆေးလုံးတာအို မျှော်စင်ရှေ့တွင် “ ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင် ” ဟူ၍ ရေးထွင်းထားသည်။ ဆေးလုံးတာအို ဂုဏ်ထူးဆောင်မျှော်စင်အပြင် ပစ္စည်းတာအို၊ အစီအရင်တာအို၊ အဆောင်တာအို၊ မိစ္ဆာတာအို၊ စုန်းတာအိုနှင့် လျို့ဝှက်တိုက်ကွက် တာအိုဟူ၍ အမျိုးမျိုး ရှိပေသည်။

မိုဝူကျိက စုန်းတာအိုသည်လည်း မျှော်စင်သပ်သပ် ရှိနေလိမ့်မည်ဟု မထင်ထားပေ။

မိုဝူကျိက ကျင့်ကြံသူများစွာ တာအိုဂုဏ်ထူးဆောင်မျှော်စင်များမှ ဝင်သွားကြသည်ကို မြင်လိုက်ရသလို ထွက်လာသူများစွာလည်း မြင်လိုက်ရသည်။

ယနေ့တွင် သူက ဆေးလုံးတာအို တရားဝင် အထောက်အထား လုပ်ရန် ရောက်ရှိလာခြင်း ဖြစ်၏။ သူ့အစီအရင်တာအိုမှာ အဆင့် ၄ ဖြစ်နေသော်လည်း ယခုအချိန်၌ သူ့ဆေးလုံးတာအိုမှာ အကောင်းဆုံး တာအို ဖြစ်နေသည် မဟုတ်ပါလော။

“ ခင်ဗျားက နယ်လှည့်ကျင့်ကြံသူလား ” မိုဝူကျိက ဆေးလုံးတာအိုဂုဏ်ထူးဆောင် မျှော်စင်ထဲ ဝင်ဝင်ချင်း အဝါရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက သူ့ဆီ ချည်းကပ်လာသည်။

မိုဝူကျိက ထိုလူအား မရေမရာ ကြည့်လိုက်ရင်း တာအိုဂုဏ်ထူးဆောင် မျှော်စင်သို့ ဝင်ရန် စာရင်းပေးသွင်းရန် လိုလားဟု ပြန်တွေးတောနေမိသည်။

“ ဟုတ်တယ် ကျုပ်က နယ်လှည့်ကျင့်ကြံသူပါ ” မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။

“ခင်ဗျားက ဘယ်အဆင့်လဲ ” အဝါရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ဆက်မေးလိုက်သည်။

မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်  “ ကျုပ်အဆင့်က ကျုပ်ကိစ္စပါ။ ခင်ဗျားနဲ့ ဘာဆိုင်လဲ ”

အဝါရောင်ဝတ်ရုံနှင့် လူငယ်လေးက ကျောက်စိမ်းပြားကို ထုတ်ကာ  ဆက်ပြောလိုက်၏  “ ငါက နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးရဲ့ ဆေးလုံးတာအို စစ်ဆေးမှုကို တာဝန်ယူတဲ့သူပဲ … အဲဒါကြောင့်မလို့ စစ်ဆေးမှု ခံယူမဲ့ နယ်လှည့်ကျင့်ကြံသူအားလုံးက ငါ့ကို ဖြတ်သွားရမယ်။ မဟုတ်ရင် မင်းဘာသာ အဆင့် ၄ နတ်ဆေးလုံးဆရာ ဖြစ်နေရင်တောင် မင်းအနေနဲ့ အစည်းအရုံး ရွေးချယ်ပွဲမှာ ဝင်ခွင့် ရှိမှာ မဟုတ်ဘူး ”

“ ကျုပ်က ဘာလုပ်ပေးရမှာလဲ ” မိုဝူကျိက အေးအေးဆေးဆေး မေးလိုက်သည်။

“ တကယ်လို့ ခင်ဗျားက အဆင့် ၃ နတ်ဆေးဆရာဆိုရင်အဆင့်မြင့် နတ်ဘုရားကျောက် နှစ်သောင်းနဲ့ အဆင့် ၃ ဆေးနှစ်ပုလင်းကို ဝင်ကြေးအနေနဲ့ ပေးရမယ်။ တကယ်လို့ ခင်ဗျားက အဆင့် ၄ ဆေးလုံးဆရာဆိုရင် အဆင့်မြင့် နတ်ဘုရားကျောက် ငါးသောင်းနဲ့ အဆင့် ၄ နတ်ဆေးလုံး တစ်ပုလင်း ပေးရမယ် ” အဝါရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ရှင်းပြလိုက်၏။

မိုဝူကျိက မပြောင်းမလဲ ရယ်မောကာ  “ အားနာပါတယ်။ ကျုပ်ဆီမှာ နတ်ဘုရားကျောက်လဲ မရှိသလို နတ်ဆေးလုံးလည်း များများစားစား မရှိဘူး ”

အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူက စိတ်မဆိုးပေ။ ထို့အစား သူက သားရေစာလိပ်တစ်ခုကို ထုတ်ကာ ပြောလိုက်၏  “ ဒီတစ်ခါ ငါတို့က ဆေးလုံးဆရာ ရှစ်ယောက်ပဲ ရွေးမှာ … အဆင့် ၄ ဆေးလုံးဆရာ ဘယ်လောက် စာရင်းသွင်းထားလဲဆိုတာ ကြည့်ပါဦး။ ခင်ဗျားကို ပြောပြမယ်။ ဒီစာလိပ်ပေါ်က နာမည်တွေက တာအိုဂုဏ်ထူးဆောင်မျှော်စင်ရဲ့ အထောက်အထား ရထားတဲ့သူတွေပဲ … ကျုပ်က အဆင့် ၃ ဆေးလုံးဆရာတွေတောင် ထုတ်မပြရသေးဘူးနော်။ အများကြီး ပိုရှိသေးတယ် ”

“ အဆင့် ၄ ဆေးလုံးဆရာက ဘယ်လိုလုပ် အဲလောက် များနေတာလဲ ” မိုဝူကျိက တအံ့တဩ ရေရွတ်လိုက်သည်။

မိုဝူကျိက နယ်လှည့်ကျင့်ကြံသူ တစ်ယောက်အနေနှင့် အဆင့် ၄ နတ်ဆေးလုံးဆရာ ဖြစ်ဖို့ အလွန်ခက်ခဲကြောင်း သိထားသည်။ ထို့အပြင် အားလုံးက သူ့လိုမျိုး အင်မော်တယ် မော်တယ်ကျင့်စဉ်ကို  ကျင့်ကြံကြခြင်း မဟုတ်ပေ။ အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့် သူ့ရွှေရောင် နိဗာနတာအိုသဲကြောင့်သာ မဟုတ်ပါက သူ့အနေနှင့် အဆင့် ၅ ဆေးလုံးဘုရင် အဖြစ် တက်လှမ်းနိုင်ဦးမည် မဟုတ်ပေ။

“ ဒါပေါ့ … နယ်လှည့်ကျင့်ကြံသူ သိပ်မများသေးပါဘူး ” အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူက စာလိပ်အား သိမ်းကာ  “ တကယ်လို့ ခင်ဗျားက နတ်ဘုရားကျောက် မပေးချင်ဘူးဆိုရင်လည်း ထားလိုက်တော့။ ဒါပေမဲ့ ခင်ဗျားက နယ်လှည့်ကျင့်ကြံသူ ဖြစ်ကြောင်း ကျုပ်တို့ဘက်က သက်သေမပြပေးရင် ခင်ဗျား နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးအတွက် ရွေးချယ်ပွဲကို ဝင်လို့ ရမှာ မဟုတ်ဘူး ”

မိုဝူကျိက သတိပြုမိသွားသည်။ အဆင့် ၄ နတ်ဆေးဆရာများ ပေါများနေခြင်းမှာ မထူးဆန်းတော့ပေ။ အများစုက ဂိုဏ်းကြီးများက ဖြစ်ကြလိမ့်မည်။ အပိုနေရာ ရရှိစေရန်အတွက် ဂိုဏ်းကြီးများက သူတို့ ဆေးလုံးဆရာများအား နယ်လှည့်ကျင့်ကြံသူအဖြစ် ဟန်ဆောင်ခိုင်းလိမ့်မည်။ အဆင့် ၄ နတ်ဆေးဆရာ ဖြစ်သည့် နယ်လှည့်ကျင့်ကြံသူ အရေအတွက်မှာ တစ်ယောက်၊ နှစ်ယောက်မျှသာ ရှိပေလိမ့်မည်။ တခြားနည်းဖြင့်ဆိုရလျှင် နယ်လှည့် ဆေးလုံးဆရာများအတွက် နေရာ ရှစ်နေရာစာမှာ ဂိုဏ်းကြီးများထံ အဆုံးသတ်သွားလိမ့်မည်။

ကံကောင်းသည်မှာ သူက အဆင့် ၅ နတ်ဆေးလုံးဘုရင် ဖြစ်နေလေသည်။ မဟုတ်လျှင် သူ့အနေနှင့် နတ်ဘုရားကျောက်များကို ပေးချေရတော့မည်။ ထို့အပြင် မိုဝူကျိက ထိုပမာဏသည် ဝင်ကြေးမျှသာ ဖြစ်ကြောင်း မှန်းဆမိ၏။ အကယ်၍ သူက အဆင့် ၄ နတ်ဆေးဆရာအဖြစ် အထောက်အထားရသွားလျှင် နောက်ပိုင်း သူ ပေးချေရမည့် နတ်ဘုရားကျောက် အရေအတွက်မှာ နည်းနည်းနောနော မကလောက်ပေ။

“ ကျုပ်က အဆင့် ၄ နတ်ဆေးဆရာ အထောက်အထား ရပြီးသွားရင် ရွေးချယ်ပွဲမှာ ပါဖို့ နတ်ဘုရားကျောက် ထပ်ပေးရဦးမှာမလား ” မိုဝူကျိ လေသံမှာ မကျေမနပ် အရိပ်အယောင်တချို့ ပါဝင်နေသည်။

“ ဟုတ်တာပေါ့ ” အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူက မိုဝူကျိအား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ မိုဝူကျိက သူ့အား နတ်ဘုရားကျောက် ပေးမည်မှန်း သိနေသည်။ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော် ဝင်ရန် အခွင့်အရေးမှာ အမှန်တကယ် ရှားပါးလွန်းလှသည်။ ၁ ရာခိုင်နှုန်းမျှသာ ရှိနေလျှင်ပင် အဆင့် ၄ နတ်ဆေးဆရာများက ပေးကြမည် ဖြစ်၏။ ကံစမ်းရန် ရောက်လာကြသော အဆင့် ၃ နတ်ဆေးဆရာများလည်း ရှိပေသည်။

“ ကျုပ်ဆီမှာ နတ်ဘုရားကျောက် တစ်တုံးတောင် မရှိတာ ကံဆိုးတာပဲ ” ထိုသို့ပြောပြီးနောက် မိုဝူကျိက အဝါရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို ဆက်လက်၍ အာရုံမစိုက်တော့ဘဲ ဆေးလုံးတာအို ဂုဏ်ထူးဆောင်မျှော်စင်ထဲ ဝင်သွားတော့သည်။

ဤအဝါရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက မိုဝူကျိ ရပ်ခဲ့သည့် နေရာအား ကြောင်အမ်း ကြည့်နေမိသည်။ သူက သူ့မျက်လုံးပင် မယုံနိုင်ပေ။ နတ်ဘုရားကျောက်လေးကြောင့် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးအား မမှီခိုလိုသည့် လူကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။

ဤလူက သူ့ကိုယ်သူ အဆင့် ၅ နတ်ဆေးလုံးဘုရင်လို့များ ထင်နေတာလား ….

ထို့အပြင် ဆေးလုံးဆရာတစ်ယောက်အတွက်  နတ်ဘုရားကျောက် သောင်းဂဏန်းမှာ ပမာဏများများစားစားလည်း မဟုတ်ချေ။

ဆေးလုံးတာအို ဂုဏ်ထူးဆောင်မျှော်စင်သို့ ဝင်သွားပြီးနောက် မိုဝူကျိက ဆယ်ပေ ပတ်လည်ရှိသည့် ဆေးလုံးအခန်းတစ်ခန်းကို မြင်လိုက်ရသည်။ အဖြူရောင် ကျောက်စိမ်းနံရံအပြင် အခန်းထဲ၌ ဘာမှ ရှိမနေချေ။

နံရံပေါ်၌ အဆင့် ၁ ဆေးလုံးအမျိုးမျိုးကို စာရင်းပြုစုထား၏။ နာမည်ဘေးတွင် အချိန်ကန့်သတ်ချက်များ ပါရှိပေသည်။ ထို့အပြင် ညွှန်ကြားချက်တချို့လည်း ရှိနေပြီး

“ ဆေးလုံး ဖော်စပ်ပြီးနောက် ပေးထားတဲ့ ကျောက်စိမ်းပုလင်းထဲ ထည့်ပြီးတော့ နာမည်ကို ရေးထွင်းခဲ့ရမယ် ”

မိုဝူကျိက လှည့်ပတ် ကြည့်လိုက်သည်။ ဤနေရာတွင် ဆေးမီးဖို၊ ဆေးပင် သို့မဟုတ် မီးတောက်လည်း မတွေ့ကြောင်း အတည်ပြုပြီးနောက် ကနဦး နတ်ဆေးလုံးကို နှိပ်ချလိုက်သည်။ အချိန်သတ်မှတ်ချက်မှာ နှစ်နာရီ ဖြစ်၏။

မကြာခင် ကူးပြောင်းရေး ဝဲကတော့တစ်ခု ပေါ်လာသည်။ ထိုအပေါ်၌ စာလုံးတချို့ကို ရှင်းရှင်းလင်းလင်း ရေးသားထား၏။

“ နတ်ဘုရားကျောက် ၂၉ တုံး ”

မိုဝူကျိက ကူးပြောင်းရေး ဝဲကတော့ထဲ နတ်ဘုရားကျောက် ၂၉ တုံး ချပေးပြီးနောက် ဆေးပင်များနှင့် ကျောက်စိမ်း ပုလင်း ပေါ်လာသည်။

မိုဝူကျိက အင်မော်တယ်လောက၏ ဆေးလုံးတာအို စစ်ဆေးမှု၌ ပါဝင်ခဲ့ဖူးသည်။ ဤနည်းလမ်းက အင်မော်တယ်လောကနှင့် ခြားနားသော်လည်း ကောင်းကင်ဖွေရှာနန်းတော်ရှိ နည်းလမ်းနှင့် ဆင်တူပေသည်။ အင်မော်တယ်လောကရှိ ဆေးလုံးတာအိုမျှော်စင်သည် ဆေးဖော်စပ်နည်း ထောက်ပံ့ပေးသော်လည်း ဤနေရာ၌ ဆေးနာမည်သာ ပြောပြထား၏။

မိုဝူကျိက ဆေးမီးဖိုနှင့် မီးတောက်ကို ထုတ်ယူလိုက်သည်။ ကနဦး နတ်ဆေးလုံးသည် အဆင့် ၁ ဆေးလုံးများ၌ အနိမ့်ဆုံးဖြစ်သောကြောင့် ဆေးဖော်စပ်မှု ပြီးစီးဖို့ရာ အမွေးတိုင်ဝက်စာမျှသာ ကြာမြင့်လိုက်၏။

ကနဦး နတ်ဆေးလုံးကို ကျောက်စိမ်းပုလင်းထဲ ထည့်ပြီးနောက် နာမည်အား “ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ” ဟု ရေးသွင်းလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပုလင်းအား ကူးပြောင်းရေး အစီအရင်ပေါ် ထားလိုက်သည်။

မိုဝူကျိက မိုးကောင်းကင်ဂိုဏ်းသည် သူ့အား ဆက်လက် ရှာနေမည်ကို စိုးရိမ်သောကြောင့် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်သို့ မဝင်ခင် နာမည်ကို ဖော်ပြရန် စိတ်ကူး မရှိပေ။ ထို့အပြင် နာမည်က ဤသို့မျိုး စစ်ဆေးမှု၌ အရေးမပါပေ။ ထို့ကြောင့် သူက နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဟု ပေးလိုက်ခြင်း ဖြစ်၏။

အမွေးတိုင်ဝက်စာအတွင်း သူ့ရှေ့၌ အနက်ရောင် အမှတ်အသားပြားတစ်ခု ပေါ်လာသည်။ အမှတ်အသားပြားပေါ်၌ ရေးသားထားသည်မှာ

 “ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅၊ အဆင့် ၁ ဆေးလုံးဆရာ ”

ထို့နောက် သူ့ရှေ့မှောက် မှိန်ဖျော့ဖျော့ လှေကားထစ်လေး ပေါ်လာသည်။ မိုဝူကျိက နောက်တဆင့်မှာ အဆင့် ၂ ဆေးလုံး စစ်ဆေးမှုမှန်း ခန့်မှန်းမိလိုက်သည်။ အမြင်နှင့်တင် ဆေးလုံးဆရာ တစ်ယောက်ချင်းစီက ဆေးလုံးတာအို ဂုဏ်ထူးဆောင် မျှော်စင်ထဲ ဝင်ဝင်ချင်း ကိုယ်ပိုင် နေရာတစ်ခုစီ ကူးပြောင်းပို့ဆောင်ခံလိုက်ရပေသည်။

***

All Chapters