← Chapters

အပိုင်း(၄၉၄)

Vol. 33 Ch. 494

အပိုင်း(၄၉၄)

Vol. 33 Ch. 494

“နေအုံး”

ထျန်းခွန်းဂိုဏ်းမှ အဘိုးအိုအး ရှစ်ဖုန့်သတ်ပြီးလမ်းမပေါ်သို့ပြန်လည်

ရောက်ရှိလာ၍ သူ့အောက်ရှိကျားဖြူက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင်  သာယာဖွယ်ကောင်းသော အသံတစ်ခုထွက်ပေါ်လာသည်။  ထို့နောက် နှင်းကဲ့သို့ဖြူစွတ်သော ဝတ်ရုံနှင့် ရှည်လျားသောဆံပင်နက်တို့အား  အနက်ရောင် ဖဲကြိုးဖြင့်စည်းထားသည့်ချောမောသော လူတစ်ယောက်က သူနှင့်ကျားဖြူတို့၏လမ်းအား

ပိတ်ကာထားသည်ကိုတွေ့လိုက်ရသည်။

“ဒါကယောက်ျားတစ်ယောက်လား”

ဖြူဖွေးနူးညံ့အလွန်လှပသိမ်မွေ့သော ညို့ဓာတ်အပြည့်ရှိသည့် ချောမောသော မျက်နှာအား ရှစ်ဖုန့်စိုက်ကြည့်လိုက်သည်။ ယင်းက အမျိုးသမီးတစ်ဦး၏မျက်နှာထက်ပင်ပို၍ လှပသည်ဖြစ်၏။ဆည်းလည်းသံကဲ့သို့ နှစ်လိုဖွယ်ကောင်းသောအသံအား ထပ်မံအမှတ်ရလိုက်မိသော်လည်း ၎င်းက ယောက်ျားတစ်ယောက်ဖြစ်နေ

လိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။ ရှစ်ဖုန့်၎င်း၏လည်ပင်းအား စိုက်ကြည့်လိုက်ပြီးနောက် လည်စိနှင့်ပြားချပ်သော ရင်ဘက်အားတွေ့လိုက်ရသည်ဖြစ်သည်။

ကမ္ဘာပေါ်တွက် ဤကဲ့သို့လှပသော ယောက်ျား တစ်ယောက်ရှိနေသည်ဟု ယုံကြည်ရန်မှခက်ခဲသည်ဖြစ်သည်။ အကယ်၍ ဤမျက်နှာ က အမျိုးသမီးတစ်ယောက်ဆီ၌ရှိနေမည်ဆိုလျှင် ယင်းက ကြီးစွာ ပျက်စီးကိန်းတို့ကိုဆိုက်ရောက်စေနိုင်လောက်မည့်အလှတရားတစ်ခုဖြစ်သွား

လိမ့်မည်ဖြစ်သည်။  ယောက်ျားတစ်ဦးအားအန္တရာယ်ရှိအောင်ညှို့ယူဆွဲဆောင်နိုင်သောမိန်းမ

တစ်ယောက်ဖြစ်လိမ့်မည်ဟုပြောလျှင်ပင် ယင်းက ချဲ့ကားပြောဆိုရာရောက်လိမ့်မည်မဟုတ်ပေ။

“ဘာကိစ္စရှိလို့လဲ”

ရှစ်ဖု်န့က ထိုလူအားမေးလိုက်သည်။

“ဘာလို့မင်းက ခုဏတုံး အဲ့အဘိုးကြီးကိုသတ်လိုက်ရတာလဲ”

ထိုလူက ရှစ်ဖုန့်အား အပြစ်ဖော်ဆုံးမသည့်လေသံဖြင့်

ပြောလိုက်သည်။

“ဒီသခင်လေး အဲ့အဘိုးကြီးကိုသတ်တာက မင်းနဲ့ဘာများသက်ဆိုင်လို့လဲ. သူကမင်းအဘိုးလား”

ရှစ်ဖုန့်ကမေးလိုက်သည်။  အကယ်၍ထိုသို့သာဆိုလျှင် ရှစ်ဖုန့်အနေဖြင့် အဖြူရောင်ဝတ်စုံနှင့်လူအား

သတ်ရလိမ့်မည်ဖြစ်သည်။

ပေါင်းပင်များအား အမြစ်မှသုတ်သင်ရှင်းလင်းခြင်းမပြုလျှင် နွေဦးလေပြည်တိုက်ခက်လာသောအချိန်၌ ၎င်းတို့ထပ်မံကြီးထွားလာလိမ့်မည်ဖြစ်သည်။

“မဟုတ်ပါဘူး”

အဖြူရောင်နှင့်လူက ခေါင်းကိုခါယမ်းပြလိုက်ပြီး

ရှစ်ဖုန့်အားပြောလိုက်သည်။

“ငါက မင်းရဲ့ အပြုအမူအပေါ်မှာရပ်ကြည့်မနေနိုင်ရုံတင်ပါ”

လှပသောအမျိုးသားက အမှန်အတိုင်းပြောလိုက်၏။ထို့နောက်သူကဆက်ပြောသည်။

“သူက အသက်ကြီးနေပါပြီ. မင်းကသူ့ကိုအနိုင်ယူပြီးဖြစ်တာကြောင့်မို့ အနိုင်ယူတယ်ဆိုရင်နဲ့တင်ရပြီလေ..  ဘာလို့သူ့ကိုသတ်လိုက်ရတာလဲ”

၎င်းမှာ မဆီမဆိုင်ဘဲဝင်စွတ်ဖတ်

တတ်သည့်အပါးမဝသောသောလူသစ်လေးဖြစ်ပုံရသည်။

ထိုလူအားကြည့်၍ ၎င်း ၏စကားတို့အားကြားရပြီးနောက် ရှစ်ဖုန့်မှာ ၎င်းကရယ်ဖို့ကောင်းသည်ဟု သူ့ဖာသာသူတွေးမိလိုက်သည်။

ဤကဲ့သို့သော လူမျိုးမှာဖန်လုံအိမ်ထဲ၌ကြီးပြင်းလာခဲ့ရသော ပန်းလေးတစ်ပွင့်ဖြစ်လိမ့်မည်ဖြစ်သည်။  သူသည်လက်တွေ့ပြင်ပကမ္ဘာကြီး ရက်စက်ကြမ်းကြုတ်ခြင်းနှင့်

အကြင်နာတရားခေါင်းပါးခြင်းတို့အားနားလည်ပုံမရချေ။  အားနည်းသူများမှာ အားကြီးသူတို့၏ သားကောင်များသာဖြစ်သည်။  အကယ်သင်ကသူ့ကိုမသတ်လျှင် သူကသင့်ကိုသတ်လိမ့်မည်ဖြစ်၏။  အကယ်၍သူသာထိုသူတောင်းစားအိုကြီးအားမသတ်ခဲ့လျှင် ထိုသူတောင်းစားကြီးက သူ၏အသက်အားနှုတ်ယူရန်အတွက်နည်းလမ်းများကိုစဉ်းစားလိမ့်မည်ဆိုသည်အား ရှစ်ဖုန့်သံသယဝင်ခြင်းမရှိပေ။

“မင်းကငါ့ရဲ့ ထျန်းလျန်အင်ပါယာကလမ်းမပေါ်မှာ တစ်စုံတစ်ယောက်ကိုသတ်ဖြတ်ခဲ့တယ်.. ငါ့ရဲ့ထျန်းလျန်အင်ပါယာမှာ ဘာဥပဒေမှ မရှိဘူးလို့မင်းထင်နေတာလား”

ထိုလူက  ရှစ်ဖုန့်အား လက်ညှိုးထိုး၍   အော်ပြောလိုက်သည်။

အဖြူရောင်နှင့်ချောမောသော

လူအားကြည့်နေပြီးရှစ်ဖုန့်က ၎င်း၏မေးခွန်းအားပြန်လည်

ဖြေကြားခြင်းမရှိပေ။ ထိုအစား သူကမေးလိုက်သည်။

“ဒါဆိုဒီသခင်လေးမင်းကိုမေးပါရစေ

အကယ်၍ ဒီသခင်လေးက မင်းကိုသတ်ချင်နေပြီးမင်းကဒီသခင်လေးကို အနိုင်ရသွားတဲ့အခါမင်းဘာလုပ်မလဲ”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ထိုလူမှာ ပြောစရာစကားမဲ့သွားသည်။ ဤမေးခွန်းမျိုးအားသူယခင်ကတစ်ခါမျှမတွေးခဲ့ဖူးပေ။သူ၏အဆင့်အတန်းဖြင့်  ထျန်းလျန်အင်ပါယာ၌သူ့အားသတ်ရဲသောသူရှိလိမ့်မည်လော။လုံးဝမရှိနိုင်ပေ။

ထို့နောက်ထိုလူက ခေတ္တမျှစဉ်းစားလိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“အကယ်၍ ငါသာမင်းကိုနိုင်ရင် မင်းကိုအာဏာပိုင်တစ်ယောက်

ဆီကိုပို့မှာပေါ့ …လူသတ်မှု ၊ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေအတွက် ငါ့ရဲ့ထျန်းလျန်အင်ပါယာမှာ  မျှတတဲ့တရားဥပဒေတွေရှိတယ်.

.မင်းရဲ့မကောင်းတဲ့လုပ်ရပ်တွေအတွက်  တရားဥပဒေကပဲဆုံးဖြတ်ပေးလိမ့်မယ်”

“အာဏာပိုင်နဲ့တွေ့ရမယ်..ဥပဒေ ..အကဲဖြတ်မှု ဟုတ်လား”

ဤလူပြောသည်အားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်အနည်းငယ်ရယ်ချင်သွားသည်။ ထျန်းဟန်တိုက်ကြီးပေါ်တွင် စစ်တပ်အင်အားစုအသီးသီးရှိကြသည်ဖြစ်သည်။ ဥပဒေနှင့်စည်းမျဉ်းများဆိုသည်ကား အားနည်းသူများအတွက်သာဖြစ်၏။

စွမ်းအားကြီးသောခွန်အားနှင့် ရင်ဆိုင်ရချိန်၌အရာအားလုံးက အချည်းအနှီးသာဖြစ်လေသည်။

အကယ်၍သင်ကအခြားသူများအား အကဲဖြတ်ဆုံးဖြတ်လိုလျှင်   ထိုသို့ လုပ်နိုင် သော အရည်အချင်းပြည့်မှီရန်အတွင်သင်အခြားသောသူများထက် ပိုမိုအစွမ်းထက်အားကြီးနေရန်လိုအပ်သည်။

ထင်ရှားသော ဥပမာကရှစ်ဖုန့်ပင်ဖြစ်သည်။ အကယ်၍တစ်စုံတစ်ယောက်ကသူ၏အပေါ်လာပြီးစီရင်ချက်ချရဲလျှင် ထိုလူအား စီရင်ချက်ချခြင်း၏အရသကိုပြန်လည်မြည်းစမ်းခွင့်ပေးလိမ့်မည်သာဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်ကပြုံးရုံပြုံးလိုက်သည်။  ဤအပါးမဝသေးသောလူသစ်လေးနှင့်ထပ်မံစကားပြော၍ အချိန်မဖြုန်းလိုတော့ပေ။  အတွေးတစ်ချက်ဖြင့်  သူ၏အောက်တွင်ရှိနေသောကျားဖြူက ၎င်း၏ခွာလေးဖက်တို့အားချက်ချင်းလှုပ်ရှားလိုက်ပြီး   ကောင်းကင်ထဲသို့ပျံသန်းလိုက်သည်။

“ဟင့်အင်း မင်းထွက်ပြေးလို့မရဘူး..အဲ့မှရပ်နေလိုက်စမ်း”

အဖြူရောင်ဝတ်ရုံနှင့်လူ၏မျက်လုံးအတွင်းရှစ်ဖုန့်က သူ့အောက်ရှိကျားဖြူအား ကောင်းကင်ထဲသို့ဒုန်းဆိုင်းမောင်းနှင်သွားသည်ဟုမြင်၏။ ယင်းမှာ ၎င်းအနေဖြင့် ရာဇဝတ်မှုတစ်ခုအား ကျူးလွန်ပြီးနောက် ထွက်ပြေးသည့် သင်္ကေတတစ်ခုသာဖြစ်သည်။ သူကလည်းခန္ဓာကိုယ်အား လှုပ်ရှားလိုက်ပြီး ကောင်းကင်ထဲသို့တစ်ဟုန်ထိုး

ဦးတည်လိုက်သည်။

သို့သော် သူဟင်းလင်းပြင်ထဲသို့ရောက်သောအချိန်တွင် ရှစ်ဖုန့်ကကျားဖြူပေါ်၌ တင်ပျဉ်ခွေထိုင်နေပြီး  တော်တော်ဝေးဝေးသို့ ထွက်ပြေးရောက်ရှိသွားပြီဖြစ်၏။

“ရပ်လိုက်..မင်းအခုထွက်ပြေးသွားရင်   မင်းရဲ့ပြစ်မှုကို ပိုပြီးဆိုးရွားသွားစေလိမ့်မယ်.. အာဏာပိုင်အဖွဲ့ထံမှာ မင်းကိုယ်မင်း လက်နက်ချအဖမ်းခံရင် မင်းရဲ့ပြစ်မှုကလျော့ပေါ့လိမ့်မယ်”

အဖြူရောင်နှင့်လူက သူ့ရှေ့မှထွက်ပြေးနေသော ရှစ်ဖုန့်အားအော်ပြောလိုက်သည်။  သူကရှစ်ဖုန့်နောက်သို့လျှင်မြန်စွာ

လိုက်ဖမ်းနေ၏။

သူ့နောက်မှအော်သံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့် ခေါင်းခါယမ်းပြီးပြုံးလိုက်သည်။

“ဒီအပါးမဝတဲ့လူသစ်လေးက ဆက်ပြီးတိုက်ပွဲဝင်ချင်နေသေးတာပဲ”

ပုလဲမြို့၏အပြင်ဘက်သို့ ရှစ်ဖုန့်လျှင်မြန်စွာရောက်ရှိလာသည်။ သူ့ခေါင်းအားလှည့်လိုက်ပြီး  သူ့အနောက်သို့ ဆက်လက်လိုက်ဖမ်းနေသေးသော အဖြူရောင်ဝတ်ရုံနှင့်လူအားတွေ့လိုက်ရသည်။  ရှစ်ဖုန့်က ကျားဖြူအား ပုလဲမြို့ပြင်ဘက်ရှိကွင်းပြင်၌ဆင်းသက်ရန် အမိန့်ပေးလိုက်သည်။ ဤအချိန်တွင်  အဖြူရောင်ပုံရိပ်က ရှစ်ဖုန့်ရှေ့သို့ ဖျက်ခနဲရောက်ရှိလာသည်။ အဖြူရောင်ပုံရိပ်က သူနှင့်ကျားဖြူ၏ရှေ့တွင် နောက်တစ်ကြိမ်ထပ်မံရပ်နေပြန်၏။

“အဲ့မှာရပ်နေလိုက် မင်းထပ်ပြီးထွက်ပြေးရန် ရိုင်းပျမှုအတွက်

ငါ့ကိုအပြစ်လာမတင်နဲ့”

နှင်းကဲ့သို့ဖြူစွတ်သော ဓားရှည်တစ်လက်က  အဖြူရောင်ဝတ်စုံနှင့်ချောမောသောလူ၏လက်၌ ပေါ်လာသည်။  သူကရှစ်ဖုန့်အား ထိုးညွှန်ပြီးအော်ငေါက်လိုက်သည်။

“မင်းကဒီသခင်လေးကို ရိုင်းပျချင်တာလား”

အဖြူရောင်နှင့်သူသစ်လေးအား ကြည့်ရင်း ရှစ်ဖုန့်က စနောက်ချင်သည့်သဘောဖြင့် ပြောလိုက်သည်။

“မင်းက ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ် တစ်ယောက်..ဒီသခင်လေးက သူတော်စင်နယ်ပယ်တစ်ယောက် ..ဒီသခင်လေးက မင်းသတ်တာကိုကြောက်ရမှာလား”

“ငါ..ဟမ့်..”

ရှစ်ဖု့န်၏စကားအားကြားပြီးနောက်   အဖြူရောင်နှင့်လူက နှာခေါင်းရှုံ့လိုက်သည်။

“ငါကအရမ်းကိုစွမ်းအားကြီးတ. ..ငါကရှားပါးတဲ့ သိုင်းပါရမီရှင်တစ်ယောက်ပဲ. သူတော်စင်နယ်ပယ်တစ်ယောက်ကို

ငါစိန်ခေါ်နိုင်တယ်”

“မင်းကလား”

ရှစ်ဖုန့်ကထိုလူအားကြည့်လိုက်သည်။မိန်းမတစ်ယောက်ထက်ပိုမိုချောမောသောရုပ်ရည်မှလွဲ၍  သူက သိုင်းပါရမီရှင်တစ်ယောက်ဖြစ်သည်ကို ရှစ်ဖုန့်မပြောနိုင်ပေ။  သို့သော်သူက အရမ်းကို လေးနက်နေပြီး လိမ်နေသည့်ပုံစံမရှိသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

ရှစ်ဖုန့်အနေဖြင့် ဆယ်နှစ်ကျော်လောက်သေဆုံး

သွားခဲ့ရပြီးနောက် ထျန်းဟန်တိုက်ကြီးပေါ်၌တစ်ခုခုကပြောင်းလဲသွားခဲ့ပြီး လူများအားသူထွင်းဖောက်မြင်နိုင်ခြင်းမရှိတော့သည်များဖြစ်နိုင်မည်လော။

“မင်းထပ်ပြီးထွက်ပြေးရဲရင် ငါမင်းကို ယဉ်ကျေးနေမှာမဟုတ်တော့ဘူး. ..အခုမင်းမှာ သွားစရာလမ်းတစ်ခုပဲရှိတယ်..ငါနဲ့အတူတူအာဏာပိုင်တွေဆီကိုလိုက်ခဲ့ပါ. မဟုတ်ရင် ငါ့ဓားရဲ့စွမ်းအားကို မင်းကို မြည်းစမ်းခိုင်းရလိမ့်မယ်”

အဖြူရောင်နှင့်လူငယ်ကရှစ်ဖုန့်အားထပ်မံအော်ပြောလိုက်သည်။ သူကသူ၏ဓားဖြင့်တိုက်ခိုက်ရန်အ

သင့်ဖြစ်နေ၏။အကယ်၍ရှစ်ဖုန့်များ  တကယ်ထွက်သွားခဲ့လျှင်  ၎င်းကသူ့အားတကယ်ဓားဖြင့်ထိုးလိမ့်မည်ဖြစ်သည်။ ရှစ်ဖုန့်၏သိုင်းနယ်ပယ်က

သူတော်စင်နယ်ပယ်ဖြစ်ပြီးသူကဘိုးဘေး

နယ်ပယ်ဖြစ်နေခြင်းကြောင်း

လည်းဆုတ်ခွာသွားရန်ရည်ရွယ်ချက်၎င်း၌လုံးဝရှိမနေပေ။

ရှစ်ဖုန့်မှ ၎င်းဓား၏စွမ်းအားအားတွေ့မြင်လိုပြီးစပ်စုချင်သွားသည်။  ထို့နောက်သူ၏ကျားဖြူအားနောက်သို့ဆုတ်ရန်မောင်းနှင်လိုက်၏။

“အာ”

ရှစ်ဖုန့်ထပ်မံလှုပ်ရှားလိုက်သည်အားတွေ့လိုက်ရသောအခါတွင်  အဖြူရောင်နှင့်လူထံမှ အံ့အားသင့်သောအသံထွက်ပေါ်လာသည်။ ထို့နောက် သူ၏လက်ထဲမှာ နှင်းဖြူရောင်ဓားက ရုတ်တရက်လှုပ်ခါသွားသည်။ဓားရှည်ထံမှ နှင်းဖြူရောင်ဓားအလင်းတန်း

တစ်ခုထွက်လာပြီးရှစ်ဖုန့်၏ရင်ဘက်ထံသို့ တိုက်ရိုက်ဦးတည်သွား၏။

“အား”

ဓားအလင်းတန်းပေါ်လာသောအခါတွင် အဖြူရောင်ဝတ်စုံနှင့်လူမှာ ရုတ်ခြည်းထပ်မံအော်ဟစ်လိုက်သည်။ သူကအလျှင်အမြန်ရှစ်ဖုန့်အားအော်ပြောလိုက်၏။

“မြန်မြန်ရှောင်လိုက်..ငါ့ရဲ့ဓားအလင်းတန်းအောက်မှာမင်းသေသွားလိမ့်မယ်.. ဒီသခင်လေးရဲ့ဓားအလင်းတန်းက မင်းရင်ဆိုင်နိုင်လောက်တဲ့အထိရိုးရှင်းတာမဟုတ်ဖူး”

ရှစ်ဖုန့်ထံသို့ မရည်ရွယ်ပါဘဲထိုးသွင်းဦးတည်သွားသည့်ဓားအလင်းတန်းအားကြည့်၍ စိုးရိမ်သောအမူအယာက

သူ့ထံတွင်ပေါ်လာသည်။

သူ၏ရင်ဘက်ထံသို့လာနေသော

ဓားအလင်းတန်းအားကြည့်၍ ရှစ်ဖုန့်စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းခါယမ်းလိုက်ပြီး  ခပ်ရိုင်းရိုင်းပင်ပြောလိုက်သည်။

“မင်းရဲ့ဓားအလင်းတန်းက  မလုံလောက်သေးဘူး. မင်းရဲ့တိုက်ခိုက်မှုမှာဟာကွက်

တွေနဲ့ပြည့်နေတယ်..မင်းရဲ့ဓားအလင်းကို တောင်မင်းလွတ်လွတ်လပ်လပ်မထိန်းချုပ်နိုင်ဘူး. မင်းမှာတိုက်ခိုက်ရေးအတွေ့

အကြုံလုံးဝမရှိတာသိသာတယ်”

ထို့နောက်မကြာခင် ၎င်း၏ဓားအလင်းတန်းက သူနှင့်နီးသည်ထက်နီးကပ်လာသည်အားတွေ့လိုက်ရသောအခါတွင် အဖြူရောင်နှင့်လူက သူ၏မျက်လုံးတို့အားကြောက်လန့်စွာပိတ်လိုက်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။  ၎င်းအနေဖြင့် ဆက်လက်ကြည့်နေနိုင်စွမ်းရှိမနေပေ။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters