← Chapters

လှုပ်ရှားခြင်း

Vol. 71 Ch. 988

လှုပ်ရှားခြင်း

Vol. 71 Ch. 988

မိုဝူကျိက သူ့ဘေးပတ်လည်ရှိ နေရာတစ်ခုလုံးမှာ အက်သံများ  ထွက်လာသည်ကို ခံစားမိလိုက်သည်။ ချက်ချင်းဆိုသလို သူ့အမြင်နှင့် စိတ်စွမ်းအားတို့က ဤအခန်းအတွင်း ပိတ်လှောင်ခံလိုက်ရသည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သူ့စိတ်စွမ်းအားအား ထုတ်လွှင့်၍ ရမည် မဟုတ်ပေ။

အားပြင်းပြင်း ဖိအားကျရောက်လာသောကြောင့် မိုဝူကျိက အန္တရာယ်ကို ခံစားမိလိုက်သည်။

မိုဝူကျိက အဆင့် ၄ အစီအရင်ဆရာ တစ်ယောက် ဖြစ်ပေသည်။ မကြာခင် သူက အဖြစ်အပျက်ကို နားလည်သွားတော့သည်။ သူက အစီအရင်တစ်ခုအတွင်း ပိတ်မိသွားခြင်း ဖြစ်၏။ ဤအစီအရင်မှာ အဆင့်အားဖြင့် မြင့်ပေသည်။ အဆင့် ၅ အကျဉ်းချအစီအရင် ဖြစ်ပေလိမ့်မည်။

သူ့နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိကာ စိတ်ဆန္ဒတစ်ခု ပေါက်ဖွားလာ၏။ အကြောင်းမှာ ဤသည်က အားကောင်းသည့် အကျဉ်းချ အစီအရင် ဖြစ်နေပေသည်။ အချိန်ကုန်လွန်လာသည်နှင့် ထိုစိတ်ဆန္ဒမှာ ပို၍ အားကောင်းလာကာ သူမွန်းကျပ်သည့်အထိ အားကောင်းလာသည်။ ဤမွန်းကျပ်မှုမှာ အသက်မရှုနိုင်၍လည်း မဟုတ်ပေ။ ထို့အစား သူ့တစ်ကိုယ်လုံးမှ ဖြစ်ပေါ်လာခြင်းသာ ဖြစ်၏။

ဤသည်က မိုဝူကျိအား ထကြွသောင်းကြမ်းလိုစိတ် ဖြစ်ပေါ်လာစေသည်။ သူက ထိုအမျိုးသမီး ကျင့်ကြံသူကို သတ်ပစ်၍ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးမှ ပြေးထွက်လိုမိသည်။

မိုဝူကျိက  သူ ရောက်မလာခင် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးသည် ကလိမ်ကျသည့် နေရာဖြစ်ကြောင်း သိထားပြီးသား ဖြစ်သော်လည်း ဤနေရာ၌ အကျဉ်းချ အစီအရင်အား အသုံးပြုရဲလိမ့်မည်ဟု မထင်ထားပေ။

အကယ်၍ ဤကိစ္စသာ ထွက်ပေါ်လာလျှင် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ အမျက်ဒေါသနှင့် သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး တစ်ခုလုံး အပြတ်ရှင်းပစ်ခံရသည့်အထိ ဖြစ်လာနိုင်သည်။ မိုဝူကျိက ဤအစည်းအရုံးသည် ဤသို့လုပ်ရဲဖို့ရာ မည်သို့များ သတ္တိကောင်းနေကြောင်း တွေးမိသွား၏။

မိုဝူကျိက သတိကြီးကြီးထားထားသော်လည်း ဘာမှတော့ မလုပ်ချေ။ သူက နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးသည် သူ့အား ဤကဲ့သို့ သတ်ပစ်လိုက်လျှင် နိဗ္ဗာန်တာအိုမြို့သည် နတ်ဘုရားကုန်းမြေ၌ ဘေးအကင်းဆုံးမြို့အဖြစ် ဂုဏ်သတင်း ရှိနေမည် မဟုတ်ပေ။ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးနှင့် နိဗ္ဗာန်တာအိုမြို့သည် တကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်နေလျှင်ပင် သူတို့က ဤမျှ မျက်နှာပြောင်တိုက်မည် မဟုတ်ပေ။ ထို့အပြင် လူအနည်းငယ်မျှ အကျင့်ပျက် ခြစားခြင်းက  ပို၍ ဖြစ်နေနိုင်သည်။

အရိုးသားဆုံးပြောရလျှင် မိုဝူကျိက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအား မျက်လုံးထဲပင် မထည့်ပေ။ သူက နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးသည် သူ့အပေါ လက်ပါလိုလျှင် ထိုအမျိုးသမီး တစ်ယောက်တည်း ပို့လွှတ်မည် မဟုတ်ပေ။

မိုဝူကျိက သတိကြီးကြီးထားထားစဉ် သူ့ချီသွေးကြော ၁၀၈ ခုက အဓိက လှည့်ပတ်မှု တစ်ခု ဖြစ်ပေါ်လာသည်။ သူ့အသိစိတ်ပင်လယ်အတွင်းရှိ ခရမ်းရေကန်မှ အေးစက်စက် ခံစားချက်တစ်ခု ပြန့်နှံ့လာလေ၏။ မကြာခင် ထိုခံစားချက်က သူ့အသက်ရှုလမ်းကြောင်းဆီ ပြန့်လာသည်။ သူ့အသက်ရှုလမ်းကြောင်းဆီ ဖြတ်သန်းလာပြီးနောက် မွန်းကျပ်မှုမှာ သိသိသာသာ အားပျော့သွားတော့သည်။ မိုဝူကျိက သက်ပြင်းချလိုက်မိ၏။ သူက စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းကို တိတ်တခိုး အသုံးပြု၍ ဖြစ်ပျက်ခဲ့သမျှ ကိစ္စများအား သလင်းကျောက်ထဲ မှတ်တမ်းတင်ထားလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ထိုအမျိုးသမီးအား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။

အသက်ဆယ်ရှိုက်စာမျှ ကြာမြင့်ပြီးနောက် မိုဝူကျိတွင်  တိုက်ခိုက်သည့် လက္ခဏာ မရှိကြောင်း သတိထားမိကာ အမျိုးသမီး ကျင့်ကြံသူက အေးစက်စွာ ပြောလိုက်သည်  “ ရှင်က တကယ်ကြီး နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ လား ”

မိုဝူကျိက တည်တည်ငြိမ်ငြိမ်ဖြင့်  “ဟုတ်တယ်။ ကျုပ်က နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ပဲ။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးမှုကို နယ်လှည့်ကျင့်ကြံသူ ပြိုင်ပွဲကနေ နေရာ ရထားတာ။ အခု ကျုပ်ရဲ့ ကျောက်စိမ်းပြားကို လာယူတာ ”

“ အရင်ဆုံး အတည်ပြုပါရစေဦး။ ခဏ စောင့်ပါ ” ထိုအမျိုးသမီး ကျင့်ကြံသူက စိုးရိမ်မိလာသည်။ သူမကို ပြောထားသည့်အတိုင်းဆိုလျှင် မိုဝူကျိက သူမကို တိုက်ခိုက်ဖို့ ကြိုးစားမည် ဖြစ်၏။

“ ကောင်းပြီလေ ” မိုဝူကျိက ပြန်ဖြေပေးလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကျုတ်ကာ  ပြောလိုက်သည် “ ကျုပ် ဝင်လာတုန်းက အကုန်လုံးက ပုံမှန်ပါပဲ။ ဒါပေမဲ့ ခင်ဗျားလက်က ပုံကားချပ်ကို ဖိလိုက်မှ ကျုပ် ဖိအားကို ခံစားမိလာတာမလား။ ကျုပ်ကို စိတ်ဂနာမငြိမ် ဖြစ်သွားစေသေးတယ်။ ကျုပ်က ခင်ဗျားနဲ့ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးကို လေးစားရက်သားနဲ့  ကျုပ်ရဲ့ စိတ်က အတိုက်ခိုက်ခံခဲ့ရတယ်။ ဘာတွေဖြစ်နေတာလဲ ”

အမျိုးသမီး ကျင့်ကြံသူက မိုဝူကျိအား ကြောင်အမ်းစွာ ကြည့်လိုက်သည်။ ဤသည်က သူမ ဤသို့ လုပ်ဖူးသည့် ပထမဆုံးအကြိမ် မဟုတ်ပေ။ ပုံမှန်အားဖြင့် တစ်ဖက်လူက သူမကို တိုကခိုက်မည် ဖြစ်ပြီး သူမက အကျဉ်းချ အစီအရင်အား ပြန်ဖျက်ပေးလိုက်မည် ဖြစ်၏။ ဤနည်းဖြင့် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက အမှန်တရားဘက်တွင် ရှိနေကာ သူတို့အနေဖြင့် တိုက်ခိုက်သူနှင့် ဖြေရှင်းရန် နိဗ္ဗာန်တာအိုမြို့ဆီ သွားစရာ မလိုတော့ပေ။

တိုက်ခိုက်သူက သူမအပေါ် အမှန်တကယ် ဘာမှမလုပ်ခဲ့လျှင်ပင် ဤသို့ လုပ်ရန် ကြိုးစားမှုကပင် သူမ၏ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက နိဗ္ဗာန်တာအိုမြို့အား အကြောင်းကြားနေစရာ မလိုတော့ပေ။ ဤသို့ကိစ္စအသေးလေးအတွက် မည်သူက များများစားစား တွေးနေမည်နည်း။

မိုဝူကျိက ဖိအားကို ခံနိုင်ရည်ရှိသည့် ပထမဆုံး ကျင့်ကြံသူ ဖြစ်ပြီး ထိုအကြောင်းကိုပင် မေးမြန်းနေသေး၏။

“ ရှင်က တိုက်ပွဲတွေ ဆက်တိုက် တိုက်လာတာဆိုတော့ စိတ်ရှုပ်ထွေးနေတာ နေမှာပါ။ ရှင့်ရဲ့လက်ကို ဒီအရာလေးထဲ ထည့်လိုက်။ အဲဒါက ရှင့်အကြောင်းကို အတည်ပြုပေးလိမ့်မယ် ” အမျိုးသမီး ကျင့်ကြံသူက မိုဝူကျိ၏ မေးခွန်းကို ပုံမှန်အလား ပြန်ဖြေလိုက်ပြီး အစီအရင် ပိတ်ကားချပ်အောက်ရှိ လက် သဏ္ဍာန် အမြောင်းအရာအား ညွှန်ပြလိုက်သည်။

ဤတစ်ကြိမ် မိုဝူကျိက တုံ့ဆိုင်းမနေပေ။ သူက ထိုနေရာသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်ပြီး လက်ကို တင်လိုက်သည်။ ထိုအမြောင်းအရာကို သူ ဝင်ဝင်လာချင်း မြင်မိပြီးသား ဖြစ်၏။ အကယ်၍ ဤအရာက တစ်ခုခု ဖြစ်နေလျှင် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက လူသိရှင်ကြား ပြသထားမည် မဟုတ်ပေ။

အမျိုးသမီး ကျင့်ကြံသူက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။ မိုဝူကျိက သိချင်ဟန် ပေါ်နေသော်လည်း ဤအမြောင်းအရာအကြောင်း အဘယ်ကြောင့် ဘာမှ မမေးသနည်း။ အကယ်၍ မိုဝူကျိက မေးခွန်းများ မေးလာလျှင် သူမအား တိုက်ခိုက်စေရန် သူ့ကို စိတ်ဆိုးဒေါသထွက်လာအောင် လုပ်မည် ဖြစ်၏။ ယခု မိုဝူကျိက နာနာခံခံ ရှိနေသောကြောင့် သူမအနေနှင့် လုပ်စရာ မလိုတော့ပေ။

မိုဝူကျိက လက်ထည့်ပြီးသည်နှင့် ဘောင်လွတ်တစ်ခု ပေါ်လာသည်။

အမျိုးသမီး ကျင့်ကြံသူလေးက မြန်မြန် ပြောလိုက်သည်  “ ကုံးစုန့်ချိုက်ဆိုပြီး ရေးလိုက်ပါ ”

မိုဝူကျိက အံ့အားသင့်သွားသည်။ ကုံးစုန့်ချိုက် နာမည်တစ်ခုမှန်း သိသာလှသည်။ ဤဘောင်အလွတ် ပေါ်လာသည်က သူလက် အမှတ်အသားကြောင့် ဖြစ်ပြီး အဘယ်ကြောင့် ကုံးစုန့်ချိုက်ဟု ရေးရမည်နည်း။

“ မြန်မြန်  … ကျွန်မမှာ အချိန်သိပ်မရှိဘူး ” အမျိုးသမီး ကျင့်ကြံသူ၏ စိတ်မရှည်လက်မရှည်အသံက ထွက်ပေါ်လာသည်။

မိုဝူကျိက တုံ့ဆိုင်းမနေဘဲ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဟု ရေးသားလိုက်သည်။

ကုံးစုန့်ချိုက်က ဘာကြီးလဲ … သူ့နာမည်ကိုပဲ ရေးမည် …

“ ချွမ် ”မိုဝူကျိက သူ့နာမည်သူ ရေးပြီးသည်နှင့် ကျောက်စိမ်းပြားလေးက ထွက်လာသည်။ မိုဝူကျိက ကျောက်စိမ်းပြားကို မြန်မြန် စစ်ဆေးကြည့်လိုက်ပြီး သူ့နာမည်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သိမ်းထားလိုက်သည်။

ဘောင်အလွတ်ပေါ်မှ နာမည်မှာ ကျောက်စိမ်းပြားသည် ထိုလူ၏ အပိုင် ဖြစ်ကြောင်း သက်သေ ဖြစ်၏။ ဤသည်က ဧရာမ အဖျက်ကောင် ရှိကြောင်း ပြနေခြင်း ဖြစ်၏။ အားလုံးက အဖျက်ကောင် ရှိကြောင်း သိထားသောကြောင့် မည်သို့ အဓိပ္ပါယ် ဖြစ်မည်နည်း။

မိုဝူကျိ၏ အပြူအမူမှာ သေသပ်သော်လည်း အမျိုးသမီး ကျင့်ကြံသူ၏ မြင်ကွင်းမှ လွတ်မသွားချေ။ သူမက မိုဝူကျိသည် ကုံးစု့န်ချိုက်ဟု မရေးဘဲ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဟု ရေးသားလိုက်သည်ကို မြင်သောအခါ သူမ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေ၏။ သူမက ဆက်သွယ်ရေး ပုတီးစေ့ကို ချက်ချင်း ဖိလိုက်သည်။ အခန်းထဲ၌ တံခါးတစ်ချပ် ရုတ်ချည်း ပေါ်လာပြီး လူနှစ်ယောက် ပေါ်လာသည်။

တစ်ယောက်က မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ခပ်ထွားထွား အမျိုသား တစ်ဦး ဖြစ်ပြီး သူ့မျက်လုံးများမှာ အနည်းငယ် ကျဉ်းလေသည်။ သူ့အရှိန်အဝါဖြင့် မိုဝူကျိအား ဖိအားမပေးထားသော်လည်း မိုဝူကျိက ထိုလူသည် နတ်ဘုရားဘုရင် ဖြစ်ကြောင်း ပြောနိုင်ပေသည်။ နတ်ဘုရားဘုရင်အပြင် ကပ်ဘေးကို ဖိတ်ခေါ်နေသည့် သွင်ပြင်ရှိသည့် အမျိုးသမီးတစ်ဦးလည်း ရှိသေးသည်။ မိုဝူကျိက ထိုအမျိုးသမီး၏ ကျင့်ကြံဆင့်မှာ လောကနတ်ဘုရား အဆင့် ၆ ဖြစ်ကြောင်း ပြောနိုင်ပေသည်။

“ မင်းက နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ လား။ မဆိုးဘူးပဲ  … မင်းက ငါတို့ လူနှစ်ယောက်ကို သတ်ပြီးတော့ နေရာတောင် ရသွားသေးတယ် ” နတ်ဘုရားဘုရင် ဝင်လာသည်နှင့် သူက မိုဝူကျိအား မေးခွန်း ထုတ်လိုက်သည်။ သို့သော်လည်း သူက မိုဝူကျိ အဖြေကို မစောင့်ဘဲ ဆက်တိုက် ပြောလိုက်သည်။

“ ဟုတ်တယ် ” မိုဝူကျိက မထူးမခြားနား ပြောလိုက်၏  “ အခု ကျုပ်က ကျောက်စိမ်းပြား ရပြီးပြီဆိုတော့ သွားလို့ ရပြီလား ”

“ အလျှင်မလိုပါနဲ့ဦး ” နတ်ဘုရားဘုရင်က အေးစက်စက် ပြောလိုက်သည် “မင်းရဲ့ ကျင့်စဉ်က အတော်လေး အံ့ဩဖို့ ကောင်းတာပဲ ”

မိုဝူကျိက သူ ပြောနေသည်ကို နားလည်ပေသည်။ သာမာန် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူသည် အကျဉ်းချ အစီအရင်၏ ဖိအားအား ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ သို့သော်လည်း သူက အလွယ်လေး လုပ်နိုင်ခဲ့သည်။

“တကယ်လို့ ငါ မင်းကို ချက်ချင်း သတ်လိုက်ရင်တောင် ဘယ်သူမှ မသိဘူးလို့ ပြောရင် ယုံမှာလား ” ဤနတ်ဘုရားဘုရင်က အေးစက်စွာ ဆက်မေးလိုက်သည်။

မိုဝူကျိ၏ နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိသည်။ သူက စိတ်ဝိညာဉ်လမ်းကြောင်းနှင့် သလင်းကျောက် မှတ်တမ်းတင်နေခြင်း ဆက်နွယ်မှုကား မြန်မြန် ဖြတ်လိုက်ရသည်။ အကယ်၍ နတ်ဘုရားဘုရင်က သူ့အား ဖိအားပေးလာခဲ့လျှင်  သူက စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြုနေလျှင်ပင် သူ့မှတ်တမ်းကို သေချာပေါက် ရှာတွေ့သွားလိမ့်မည်။

ယခင် သူက ကောင်းကင်နတ်ဘုရားအဆင့်ရှိ အမျိုးသမီး ကျင့်ကြံသူကို မကြောက်ခဲ့ပေ။ သို့သော်လည်း နတ်ဘုရားဘုရင်သည် သူ့အား လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်နိင်သော တည်ရှိမှုမျိုး ဖြစ်နေ၏။ ထို့အပြင် မိုဝူကျိက နိဗ္ဗာန်တာအိုမြို့သည် နတ်ဘုရားဘုရင် တစ်ယောက်ကြောင့် သေဆုံးသွားသည့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအတွက် ရပ်တည်ပေးမည် မဟုတ်ကြောင်း မှန်းဆမိသည်။

“ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို ကျုပ် ယုံကြည်တယ် ” မိုဝူကျိက ပြောနေစဉ် လျို့ဝှက်တိုက်ကွက်ကို ထုတ်လွှင့်လိုက်သည်။ သူ့ပစ်မှတ်မှာ ကောင်းကင်နတ်ဘုရားအဆင့်ရှိ အမျိုးသမီး ကျင့်ကြံသူဆီ ဖြစ်၏။

မိုဝူကျိက လျို့ဝှက်တိုက်ကွက် သုံးသည်ကို မြင်သောအခါ နတ်ဘုရားဘုရင်က အံ့ဩမသွားဘဲ ပျော်ရွှင်မိသွားသည်။ ဤကလေးက နောက်ဆုံးတော့ လှုပ်ရှားလာလေပြီ။ မိုဝူကျိက တိုက်ခိုက်မှု အစပြုသူ ဖြစ်လာလျှင် ကိစ္စများက ပိုမို လွယ်ကူသွားနိုင်သည်။

မိုဝူကျိက လှုပ်ရှားရုံမှအပ တခြားရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ နတ်ဘုရားဘုရင်က အရင်လှုပ်ရှားလျှင် သူ့အနေနှင့် ဘာမှလုပ်လိုက်နိုင်မည် မဟုတ်ပေ။

“ဘမ်း ”  အပေါ်ယံ၌ မိုဝူကျိက ကောင်းကင်နတ်ဘုရားအဆင့် အမျိုးသမီးကို တိုက်ခိုက်လိုက်ဟန် ပေါ်သော်လည်း လက်တွေ့၌ သူက အစီအရင်ဗဟိုချက်အား တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

တံခါးပေါ်မှ အတားအဆီးများက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ သို့သော် ထိုအရာက မိုဝူကျိကြောင့် မဟုတ်ဘဲ ရှီလင်းယုကြောင့် ဖြစ်၏။

ရှီလင်းယုက အပြင်ဘက်၌ တစ်ချိန်လုံး စောင့်နေခဲ့ခြင်း ဖြစ်ပေသည်။ သူက သဘာဝစွမ်းအားလှိုင်းတချို့ကို သတိပြုမိသည်နှင့် တံခါးမှ အတားအဆီးကို ဖျက်ဖို့ရာ တုံ့ဆိုင်းမနေချေ။

မိုဝူကျိက ရှီလင်းယုကို မြင်လိုက်သောအခါ သက်ပြင်းချလိုက်မိ၏။ ရှီလင်းယုသည် သူနှင် မိတ်ဆွေဖွဲ့ခြင်းမှာ  ရည်ရွယ်ချက် ရှိသော်လည်း ရှီလင်းယုသည် မိတ်ဆွေဖွဲ့ထိုက်သောသူ ဖြစ်၏။ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးရှိ အတားအဆီးကို အကြောင်းပြချက်မရှိ ဖျက်စီးလိုက်ခြင်းမှာ ပစ်မှုအကြီးကြီး ဖြစ်၏။ ထို့အပြင် ရှီလင်းယုက သူ့တွင် သက်သေအနေနှင့် သလင်းကျောက် မှတ်တမ်းတင်ထားခြင်းလည်း မသိပေ။

နတ်ဘုရားဘုရင်လား ….

ရှီလင်းယု ဝင်လာသည်နှင့် နတ်ဘုရားဘုရင်၏ မျက်ဝန်းက အလေးအနက် ပြောင်းလဲသွားသည်။ သူက သူ့အပြုအမူကို ချက်ချင်း ရပ်တန့်လိုက်လေ၏။

“ဂိုဏ်းချုပ်ရှီ … ဒါက ဘာအဓိပ္ပါယ်လဲ။ ကျုပ်တို့ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးက နယ်လှည့်ကျင့်ကြံသူတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုပေမဲ့ တခြားသူတွေ အလွယ်တကူ ကျူးကျော်လာရမဲ့ နေရာ မဟုတ်ဘူး ” ထိုနတ်ဘုရားဘုရင်က ရှီလင်းယုကို မှတ်မိလိုက်သည်။ ရှီလင်းယုသည် နတ်ဘုရားမြေနိမ့်၏ မိုးကောင်းကင်ဂိုဏ်းချုပ် ဖြစ်၏။ သူက ရှီလင်းယုသည် သူ့ထက်မြင့်သော နတ်ဘုရားဘုရင် အဆင့် ၄ ဖြစ်ကြောင်း သိထားသေး၏။

ရှီလင်းယုက ဘာမှမပြောခင် ပြတင်းပေါက်မှ ဖိအားတစ်ခု ကျရောက်လာသည်။ အနီဝတ် ကျင့်ကြံသူတစ်ဦးက နယ်လှည့်ကျင့်ကြံသူ အစည်းအရုံး အခန်းအတွင်း ရောက်ရှိလာသည်။

“ ဒီမှာ ဘယ်သူက ရုတ်ရုတ်သည်းသည်း လာလုပ်တာလဲ ” အနီဝတ် အမျိုးသားက လူအုပ်စုကို ဝေ့ကြည့်လိုက်သည်။ သူ့ရင်ဘတ်ပေါ်၌ နိဗ္ဗာန်တာအိုမြို့၏ တာဝန်ရှိသူ ဟု၍ ပါရှိ၏။

ထိုမေးခွန်းကို မေးပြီးနောက် အနီဝတ် အမျိုးသားက သတင်းပို့ ဓားပျံတစ်ချို့ ပို့လွှတ်လိုက်သည်။

အနီဝတ် အမျိုးသား၏ ကျင့်ကြံဆင့်မှာ လောကနတ်ဘုရား အလယ်အလတ်အဆင့် ဖြစ်၏။ မိုဝူကျိက သူသည် ဤနေရာတွင် နတ်ဘုရားဘုရင် နှစ်ယောက် ရှိနေကြောင်း မြင်ကာ အကူအညီ လှမ်းတောင်းခြင်း ဖြစ်လိမ့်မည်မှန်း ခန့်မှန်းမိလိုက်သည်။

နတ်ဘုရားဘုရင်က လက်နှစ်ဖက် ယှက်ကာ  “ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးရဲ့ လော့ယွီက တာဝန်ခံဖူကို  ကြိုဆိုပါတယ်။ ဒီငတိ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူလေးက ကျုပ်တို့ အစည်းအရုံးမှာ လာတိုက်ခိုက်နေလို့ပါ။ သူ့အပေါင်းအပါကလည်း  ကျုပ်ရဲ့ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးပစ်ခဲ့ပါတယ်။ ဒီငတိလေးက သူ့မှာ နတ်ဘုရားဘုရင် နောက်ခံရှိတယ်ဆိုပြီး ဘာမဆို လုပ်လို့ ရတယ်လို့ တွေးနေတာ နေမယ် ”

***

All Chapters