အပိုင်း(၄၉၅)
Vol. 33 Ch. 495
အဖြူရောင်နှင့်လူက သူ၏မျက်လုံးတို့အား ပိတ်ပြီးခေါင်းကိုလှည့်လိုက်သည်ကိုတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့် သူ၏ခေါင်းအားခါယမ်းလိုက်သည်။ ၎င်းမှာတကယ့်ကိုဖန်လုံအိမ်ထဲမှပန်းငယ်လေးတစ်ပွင့်ဖြစ်သည်။သူ့ထက်နယ်ပယ်မြင့်မားသော သူတော်စင်နယ်ပယ်တစ်ယောက်ကိုစိန်ခေါ်ဖို့အသာထားသူ့အားရိုင်းပျရနအသာထား သူ့ထက် အဆင့်ပိုမြင့်မားသော လူတစ်ယောက်အားစိန်ခေါ်လျှင်ပင် ၎င်းအတွကပြဿနာဖြစ်လိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်ကခေါင်းခါယမ်းလိုက်သကဲ့သို့ သူ၏ညာလက်အား ဆန့်ထုတ်၍ သူ၏လက်ချောင်းဖြင့်တောက်လိုက်သည်။ ရှစ်ဖုန့်၏လက်ချောင်းကြောင့်ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်စွမ်းအားတို့ပါဝင်သောဓားအလင်းတန်းမှာ ရုတ်ခြည်းပျောက်ကွယ်သွားသည်။
ပင်ကိုယ်အားဖြင့် ဤကဲ့သို့သောစွမ်းအားမျိုးအား ချိုးဖျက်ရန်မှာလွယ်လွန်းသည်ဖြစ်၏။ျ
ထို့နောက်ရှစ်ဖုန့်၏မျက်လုံးတို့က အဖြူရောင်နှင့်လူအပေါ်သို့ကျရောက်သွားသည်။ သူဒဏ်ရာရသွားမည်စိုးသောကြောင့် မျက်လုံးတို့ကိုပိတ်ထားကာတစ်ဖက်သို့လွှဲထားသော လှပသည့်မျက်နှာအားစိုက်ကြည့်လိုက်သည်။အကြောင်းပြချက်အချို့ကြောင့်၎င်းက ပြားချပ်သောရင်ဘက်နှင့် အဖြူရောင်နှင့်လူကယောက်ျားတစ်ယောက်ဖြစ်သည်မှာသေချာသော်လည်း ထိုလူ၏မျက်နှာအားကြည့်၍သူစကားပြောပုံပြုမူပုံများအား တွေ့ရသောကြားရသောအခါတွင် ရှစ်ဖုန့်မှာ မိန်းကလေးတစ်ယောက်နှင့်ရင်ဆိုင်နေရသကဲ့သို့ခံစားရသည်။
“ဒီလိုဖြစ်စေတဲ့အကြောင်းပြချက်က ဒီလှပတဲ့မျက်နှာကြောင့်ပဲဖြစ်ရမယ်”
ရှစ်ဖု့န်က သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။
ထို့နောက်စိုးရိမ်သောပုံစံနှင့်မျက်နှာအားရှစ်ဖုန့်ကြည့်လိုက်သည်။ သူ၏ဓားချက်အောက်၌ ဒဏ်ရာရသွားမည်ကို စိုးရိမ်နေခြင်းဖြစ်လောက်သည်။ထို့နောက် အဖြူရောင်နှင့်အမျိုးသားက ခေါင်းလှည့်လိုက်ပြီး သူ၏မျက်လုံးတို့အားဖွင့်လိုက်၏။သို့သော် ရှစ်ဖုန့်ကသူ၏ရှေ့၌ ပကတိအတိုင်းရပ်နေသည်အားတွေ့ရသောအခါတွင် စိုးရိမ်မှုတို့ဖြင့် သူ၏မျက်နှာမှာ အံ့အားသင့်မှုအဖြစ်ချက်ချင်းပြောင်းလဲသွား၏။သူကအာမေဋိတ်သံထွက်သွားသည်။
“အာ”
ထို့နောက်အဖြူရောင်နှင့်လူက ရှစ်ဖုန့်အား အထက်အောက်ကြည့်၍ပြောလိုက်၏။
“မင်းငါ့ဓားချက်အောက်မှာ တကယ်အဆင်ပြေတာလား.မင်းဘယ်လိုလုပ်လိုက်တာလဲ..ဒါကတကယ့်ကိုထူးဆန်းတာပဲ”
အဖြူရောင်နှင့်သခင်လေး၏ အမူအယာနှင့်စကားတိုက ရှစ်ဖုန့်အားထပ်မံရယ်အောင်ပြုလုပ်နေသည်။သူကပြောလိုက်သည်။
“အကယ်၍ဟော့ဒီကသခင်လေးကိုယ်တိုင်ဒီမှာရပ်နေရင်တောင် မင်းအနေနဲ့ဒီသခင်လေးကို ဒီလိုတိုက်ခိုက်မှုမျိုးနဲ့ဒဏ်ရာရအောင်လုပ်ဖို့ဆိုတာခက်ခဲလိမ့်မယ်”
“မင်း..မင်းငါ့ကို အတင်းအကျပ်တိုက်တွန်းနေတာပဲ”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက်အဖြူရောင်နှင့်လူက သူအား စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး ထပ်မံတိုက်ခိုက်ရန်လုပ်လိုက်သည်။သို့သော် ဤအချိန်တွင် ကောင်းကင်ထဲ၌ဧရာမအရိပ်ကြီးတစ်ခုပေါ်လာပြီးကမ္ဘာတစ်ခုလုံးရုတ်တရက် မည်းမှောင်သွား၏။
“အမ်”
ကောင်းကင်၏ပြောင်းလဲမှုအားအာရုံခံမိသောအခါတွင်ရှစ်ဖုန့် ချက်ချင်းပဲခေါင်းမော့လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ကြည့်လိုက်သည်။ ဟင်းလင်းပြင်ထဲတွင် နဂါးဦးခေါင်းနှင့်ဆင်ခန္ဓာကိုယ်ရှိသော ခရမ်းပြာရောင်နတ်ဆိုးသားရဲတစ်ကောင်ကသူတို့၏အထက်၌ပေါ်လာ၏။ ဤနတ်ဆိုးသားရဲက အိမ်တစ်လုံးစာမျှကြီးမားသည်ဖြစ်သည်။ ၎င်း၏ကိုယ်အား ခရမ်းပြာရောင်အကြေးခွံများဖြင့်ဖုံးအုပ်ထားပြီးအရောင်စိုသောခရမ်းပြာရောင်ကိုထုတ်လွှတ်နေသည်။
“ဒါက..ခရမ်းပြာနဂါးဆင် နတ်ဆိုးသားရဲပဲ”
ရှစ်ဖုန့်မှာ ဖြည်းဖြည်းချင်း ခရမ်းပြာနတ်ဆိုးသားရဲအားမှတ်မိသွားသည်။ ဤနတ်ဆိုးသားရဲမှာ အဆင့်ခြောက်ဘိုးဘေးနယ်ပယ်တွင်ရှိသည်ဖြစ်သည်။၎င်း၏ကျောထက်တွင် ခရမ်းပြာရောင်ချပ်ဝတ်အားဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ယောက်ရှိပြီး လှံရှည်တစ်ချောင်းအားကိုင်ထားသည်။ သူ၏မျက်နှာကခံ့ညားသောအသွင်ရှိလေသည်။
“အမ်”
ရှစ်ဖုန့်မှာတစ်ခုခုအားထပ်မံအာရုံခံမိလိုက်သည်။ ခေါင်းပြန်ငုံ့လိုက်သောအခါတွင် အဖြူရောင်နှင့်လူပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။ ရှစ်ဖုန့်ကသူ့ခေါင်းအားထပ်မံလှည့်လိုက်သောအခါတွင် အစောပိုင်းကသူ့အားဒေါသထွက်နေသော အဖြူရောင်နှင့်လူက ကြောက်လန့်နေသောသမင်လေးတစ်ကောင်ကဲ့သို့ သူနှင့်ကျားဖြူ၏နောက်၌ ပုန်းနေသည်ကိုတွေ့လိုက်ရသည်။
“သူကမင်းရန်သူလား”
ရှစ်ဖုန့်က စိတ်ဝင်စားစွာဖြင့်ပြုံး၍မေးလိုက်သည်။
“ဘာဖြစ်လို့လဲ..သူကမင်းရန်သူလား”
အဖြူရောင်နှင့်လူမှာ ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် ခေါင်းညိမ့်လိုက်သည်။ သူကအထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်၏။
“အ..အင်း.အဲ့..အဲ့လိုမျိုးပဲ”
ရှစ်ဖုန့်ဆက်လက်၍ပြုံးကာပြောလိုက်သည်။
“နဂါးဆင်ရဲ့ အပေါ်မှာ ထျန်းလျန်အမှတ်တံဆိပ်နဲ့စာလုံးနှစ်လုံးကိုငါတွေ့ရတယ်.. ဒီလူက ထျန်းလျန်အင်ပါယာက ဗိုလ်ချုပ်တစ်ဦးဖြစ်လောက်မယ်..မင်းက ထျန်းလျန်အင်ပါယာက အလိုရှိရာဇဝတ်သားတစ်ယောက်များဖြစ်နေမလား..မင်းဘာလုပ်ခဲ့လို့လဲ. မင်းငါ့လိုပဲတစ်ယောက်ယောက်ကိုသတ်ခဲ့လို့လား.ဒါဆိုမင်းကငါ့ထက်တောင်ကံဆိုးပြီးတော့ အင်ပါယာကတောင်အလိုရှိနေတာလား”
“မဟုတ်ဖူ..အဲ့လိုမဟုတ်ဖူး..ငါကဘယ်လိုလုပ်ပြီးတော့ မင်းလိုဖြစ်မှာတုံး ..ဘယ်လိုဖြစ်ပြီးတော့ငါကတစ်ယောက်ယောက်ကိုသတ်ရမှာတုံး..”
အဖြူရောင်နှင့်လူကချက်ချင်းပဲရှစ်ဖုန့်၏စကားတို့အားငြင်းဆိုလိုက်သည်။
“အဲ့တာဟုတ်ဟုတ်မဟုတ်ဟုတ်အရေးမကြီးဘူး.အဲ့လူကမင်းကိုရှာတွေ့သွားတဲ့ပုံပဲ..မင်းဘာလုပ်မလဲဆိုတာငါကြည့်အုံးမယ်”
ပွဲကောင်းတစ်ခုအားကြည့်ရတော့မည်ဟုတွေးနေသကဲ့သို့ရှစ်ဖုန့်ကပြုံးလိုက်သည်။
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် အဖြူရောင်နှင့်လူကသူ၏အကြည့်တို့အား ရှစ်ဖုန့်ထံမှအဝေးသို့လွှဲလိုက်ပြီး ကောင်းကင်ထဲသို့ကြည့်လိုက်သည်။ခရမ်းပြာရောင်နဂါးဆင်က ဗိုလ်ချုပ်အားသယ်ဆောင်၍ သူတို့ရှိရာ မြေပြင်သို့ ဆင်းလာနေသည်ကိုတွေ့လိုက်ရသည်။
“ဟင်အင်း.မဟုတ်ဖူး”
အဖြူရောင်နှင့်လူ၏မျက်လုံးတို့ပြူးသွားသည်။သူ၏ပုံစံမှာကြောက်လန့်နေပုံရပြီးအော်လိုက်၏။
ခရမ်းပြာနဂါးဆင်၏ကျောထက်၌ရပ်၍ ခရမ်းပြာချပ်ဝတ်နှင့်ဗိုလ်ချုပ်က ခေါင်းငုံ့ကာအောက်သို့ကြည့်လိုက်သည်။ သူ၏မျက်နှာကလေးနက်နေကာ အေးစက်သောမျက်လုံးတို့ဖြင့် အဖြူရောင်ဝတ်လူငယ်အား စိုက်ကြည့်နေသည်။
“အိုး.မဟုတ်သေးဘူး..မဟုတ်သေးဘူး ..အဲ့တာက ကျိရှောင်းပဲ”
အဖြူရောင်နှင့်လူမှာ ခရမ်းပြာနဂါးဆင်ပေါ်မှလူအား မြင်လိုက်ရသောအခါတွင် သူ၏မျက်နှာထက်၌ မလိုမရှိမှုနှင့် မျှော်လင့်ချက်ပျက်သုဉ်းမှုတို့ဖြစ်ပေါ်လာသည်။ဤလူအားသူအရမ်းကြောက်လန့်သည့်ပုံပေါ်၏။
“ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်”
ရှစ်ဖုန့်သည်လည်း စစ်သည်၏ကျင့်ကြံမှုအားအသိအမှတ်ပြုလိုက်သည်။ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်သာရှိသော အဖြူရောင်နှင့်လူက ကြယ်ကိုးပွင့် သူတော်စင်နယ်ပယ်တစ်ယောက်၏ ရန်သူဖြစ်နေလိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့ပေ။
ထို့နောက် အဖြူရောင်နှင့်လူက ရှစ်ဖုန့်နှင့်ကျားဖြူပေါ်သို့သူ၏အကြည့်တို့ကျရောက်လာသည်။ သူကလေးနက်စွာပြောလိုက်သည်။
“မင်းရဲ့ကျားဖြူက အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ပဲ..အဲ့တာက ခရမ်းပြာနဂါးဆင်ထက်တစ်ပန်းသာတယ်မလား”
“မင်းဘယ်လိုထင်လဲ”
အဖြူရောင်နှင့်လူဘာဆိုလိုချင်သည်အားရှစ်ဖုန့်သိသည်ဖြစ်သည်။
“ငါ့ကိုဒီကနေခေါ်သွားပေးပါ. ငါအောင်အောင်မြင်မြင်နဲ့လွတ်သွားရင်ငါမင်းကို ရက်ရက်ရောရောဆုချမယ်”
အဖြူရောင်နှင့်လူက စိုးရိမ်စွာပြောသည်။
ရှစ်ဖုန့်ကသူ၏ခေါင်းအားခါယမ်းလိုက်ပြီး ပြုံး၍ပြောလိုက်သည်။
“ဒီသခင်လေးက မင်းရဲ့ဆုတွေကိုစိတ်မဝင်စားဘူး”
“မင်း”
ခရမ်းပြာနဂါးဆင်ကမြေပြင်နှင့်နီးကပ်လာသည်အားတွေ့ရသောအခါတွင် အဖြူရောင်နှင့်လူမှာ ပို၍ စိုးရိမ်တကြီးဖြစ်လာသည်။ကျီစယ်သည့်အပြုံးဖြင့်ရှစ်ဖုန့်အားသူကြည့်လိုက်သည်။ ဟုတ်ပါသည်။ ရှစ်ဖုန့်က သူ၏မျက်လုံးထဲ၌ကျီစယ်သည့်အပြုံးဖြင့်ပြုံးနေသည်ဖြစ်သည်။
“အား..အား.အား..မင်းဘာလို့ဒီလိုလုပ်ရတာလဲ..မင်းဘာလို့ငါ့ကိုဒုက္ဒရောက်နေတုံးပစ်ထားရတာလဲ”ျ
အဖြူရောင်နှင့်လူမှာ သူ၏ခြေထောက်အား အမောတကောဆောင့်နင်းလိုက်သည်။ဤအချိန်တွင် သူက ရှစ်ဖုန့်၏ရှေ့၌ မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ပြုမူနေ၏။
“ထားလိုက်ပါတော့ တက်လာခဲ့”
ရှစ်ဖုန့်ကခေါင်းခါယမ်းလိုက်ပြီး အမောတကောခြေကိုဆောင့်နေသော အဖြူရောင်နှင့်လူအားပြောလိုက်သည်။
“တကယ်လား”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် အဖြူရောင်နှင့်လူ၏ စိုးရိမ်နေသော မျက်နှာမှာ ရုတ်ခြည်းပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်သွားသည်။သူ့ဖာသာသူလည်းတွေးလိုက်၏။
“မင်းနောက်ဆုံးတော့အသိတရားရှိသားပဲ”
ထို့နောက်အဖြူရောင်နှင့်လူကလှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်၏နောက်သို့ခုန်တက်လိုက်သည်။
“သွားစို့”
ရှစ်ဖု့န်က အော်ပြောလိုက်သည်။
“ဝေါင်း”
သူ့အောင်ရှိကျားဖြူကချက်ချင်းဟိန်းဟောက်လိုက်သည်။၎င်း၏ခွာများအားယက်၍ရှေ့ရှိကွင်းပြင်သို့ ဦးတည်လိုက်သည်။၎င်းကရှေ့သို့ဦးတည်လိုက်သကဲ့သို့ ရှစ်ဖုန့်နှင့်အဖြူရောင်ဝတ်လူတို့အားသယ်ဆောင်က လေထဲသို့ဒေါင်လိုက်ဦးတည်လိုက်သည်။
“ဘာ”
ဤအချိန်တွင် ခရမ်းပြာနဂါးဆင်ထက်ရှိ ဗိုလ်ချုပ်မှာကျားဖြူပေါ်မှ ထွက်ပြေးသွာသော အဖြူရောင်နှင့်လူကိုတွေ့လိုက်ရသည်။သူကမျက်မှောင်ကြုတ်လိုက်ပြီး သူ၏ခရမ်းပြာရောင်လှံရှည်အား အဖြူရောင်နှင့်ထူထံထိုးညွှန်လိုက်၏။ထို့နောက် ခရမ်းပြာလှံရှည်က သူ၏လက်ထဲမှပျံသန်းထွက်သွားပြီး ခရမ်းပြာအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ၎င်းက တောက်ပကသောကြယ်တစ်စင်းကဲ့သို့ ဟင်းလင်းပြင်အား ထိုးခွင်းဖြတ်သန်းသွားသည်။
“ဂါး”
တောက်ပသောခရမ်းပြာအလင်းထံမှ နဂါးအော်သံတစ်ခုထွက်ပေါ်လာသည်။ အလင်းပေါ်တွင် ဧရာမ ခရမ်းပြာ နဂါးဆင်အရိပ်ကြီးပေါ်လာ၏။နဂါးဆင်၏မျက်နှာမှာ ကြမ်းကြုတ်ခက်ထန်နေသည်။ ၎င်းက၎င်း၏ပါးစပ်အားဖွင့်ဟ၍ ရှစ်ဖုန့်နှင့် အဖြူရောင်ဝတ်လူတို့ထံဦးတည်ပျံသန်းလာသည်။ျ
“ဟမ့်…မင်းက မင်းရဲ့ ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်စွမ်းအားအပြည့်ကိုမသုံးဖူးလား”
နောက်မှလာနေသော တိုက်ခိုက်မှုအားအာရုံခံမိပြီး နဂါးဆင်အရိပ်အားတွေ့လိုက်ရသော အခါတွင် ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE