← Chapters

မဟာအစီအရင်တာအို

Vol. 71 Ch. 991

မဟာအစီအရင်တာအို

Vol. 71 Ch. 991

ရှီချိုက်ဟယ်က ရယ်မောကာ  “ အဆုံးမဲ့မြစ် ဆေးလုံးတာအိုက အရမ်း အံ့ဩဖို့ ကောင်းတာတော့ အမှန်ပဲ။ ဒါပေမဲ့ မင်းက မကြားဖူးမှတော့ ထားလိုက်ပါ။ မင်းရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ဘာမှသာ အမှားအယွင်း မရှိဘူးဆိုရင် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ ရောက်လာမှာပါ။ မင်း ငါတို့ ဆေးလုံးပင်လယ်ကို ဝင်ဖို့ စိတ်ဝင်စားလား ”

မိုဝူကျိက အနည်းငယ် အားနာစွာဖြင့် “ စီနီယာ  … နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ ဝင်ချင်တဲ့ ဒီဂျူနီယာလေးရဲ့ ရည်ရွယ်ချက်က သေမျိုးနယ်မြေဆီ သွားချင်လို့ပါ။ ဂျူနီယာလေးအတွက် ဆေးလုံးတာအိုက သင်ယူဖြစ်ခဲ့တဲ့ အရာလေးတစ်ခုပါပဲ ”

သူက ဆေးလုံးပင်လယ်သို့ ဝင်ရန် စစ်ဆေးမှု ရှိလား၊ မရှိလားပင် မမေးတော့ပေ။

“ဟားဟား …” ရှီချိုက်ဟယ်က ရယ်မောကာ ထရပ်လိုက်သည်  “ မင်းက သေမျိုးနယ်မြေကြောင့် ရောက်လာတာကို သိပါတယ်ကွာ။ ငါလည်း လုပ်စရာလေးတွေ ရှိသေးလို့ အခု သွားလိုက်ဦးမယ်။ နောင်ကျ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှာ အကူအညီတစ်ခုခု လိုရင်  ငါ ရှီချိုက်ဟယ်ကို လာရှာလှည့် ”

ထိုသို့ပြောပြီးနောက် ရှီချိုက်ဟယ်က မိုဝူကျိအား ကျောက်စိမ်းပြား ပေးလိုက်သည်။ သူ့ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီးနောက် ရှီချိုက်ဟယ်၏ ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ဦးညွှတ်လိုက်သည်  “ ဒီစီနီယာက ကျုပ်အပေါ် အမြင်ကောင်းပုံရတယ်။ သူက ကျုပ်ကို ကျောက်စိမ်းပြားတောင် ပေးသွားသေးတယ် ”

ရှီလင်းယုက ခေါင်းညိတ်ကာ  “ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ ဆေးလုံးပင်လယ်ထဲ ကျုပ် အလေးစားရဆုံး ဆေးလုံးဘုရင်က နတ်ဆေးလုံးဘုရင် ချိုက်ဟယ်ပဲ။ သူ့ကျောက်စိမ်းပြားက အတော်လေး လွှမ်းမိုးမှု ရှိတယ်။ မင်း နောင်ကျရင် လိုရင် လိုအပ်လာနိုင်တယ် ”

မိုဝူကျိက ရှီချိုက်ဟယ်၏ ကျောက်စိမ်းပြား တန်ဖိုးအကြောင်း သိပေသည်။ သို့သော်လည်း သူက အသုံးပြုရန် ရည်ရွယ်ချက် မရှိပေ။ သူက ပုံမှန်စကားများအား အမှန်တရားများအဖြစ် ယူဆမည့်သူ မဟုတ်ပေ။ ရှီချိုက်ဟယ်က သူ့ပါရမီကို အသိအမှတ်ပြုလျှင်ပင် သူ့အနေနှင့် ကျောက်စိမ်းပြားကို အသုံးပြုပစ်၍ မဖြစ်ပေ။ သူ့အသက် ပါဝင်ပတ်သတ်သည့် ကိစ္စမဟုတ်သရွေ့ ဤကျောက်စိမ်းပြားကား အမှတ်တရ လက်ဆောင်အဖြစ်သာ ကျန်ရှိလိမ့်မည်။

မိုဝူကျိက ကျောက်စိမ်းပြားကို သိမ်းပြီးနောက် ရှီလင်းယုက ပြောလိုက်သည်  “ ဝူကျိ  … ငါ့ကို ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် နှစ်ဆယ်ကာတီ ပေးတာ ကျေးဇူးပါကွာ။ ငါ မင်းရဲ့စစ်ဆေးမှု ပြီးတဲ့အထိ စောင့်ပေးသင့်တာကို အခု နှင်းစက်စိမ်းဆန် ပြန်ယူသွားဖို့ အရမ်းကို အလျှင်လိုနေလို့ အခု နှုတ်ဆက်ရတော့မယ် ”

မိုဝူကျိက ရှီလင်းယု ရောက်လာသည့် အကြောင်းအရင်းမှာ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကြောင့် ဖြစ်မှန်း သိပေသည်။ သို့သော်လည်း နှင်းစက်စိမ်းဆန်ကို မည်သို့သုံးမည်ကိုတော့ မမေးလိုပေ။ ရှီလင်းယုက ထွက်သွားရန် လိုသောကြောင့် သူ့အား ရိပ်သာအဝင်ဝအထိ လိုက်ပို့ပေးလိုက်သည်။

သူ့အခန်းသို့ ပြန်လာပြီး အတားအဆီးများ ပြန်ချပြီးနောက် မိုဝူကျိ ပထမဆုံး လုပ်သည့်အရာမှာ ရှီလင်းယု ပေးခဲ့သည့် မဟာအစီအရင် တာအိုအား ထုတ်ကြည့်လိုက်ခြင်း ဖြစ်၏။

မိုဝူကျိအတွက် အစီအရင်တာအိုသည် ဆေးလုံးတာအိုထက် ပို၍ အရေးကြီးပေသည်။ သူ့အစီအရင်တာအို ဖြည်းဖြည်းချင်း တိုးတက်လာသည့် အကြောင်းအရင်းမှာ သူက သူ့ဘာသာ လေ့လာရ၍ ဖြစ်သည်။ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်က တာအိုအမျိုးမျိုး လေ့ကျင့်ရန် သင့်တော်သည်မှာ အမှန်ဖြစ်သော်လည်း အစပိုင်းမျှသာ ဖြစ်၏။ သူ့တာအိုသည် သေချာသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်နှင့် သူ့တိုးတက်နှုန်းမှာ သိသိသာသာ လျော့ကျသွားလိမ့်မည်။

သူ့ဆေးလုံးတာအိုနှင့် အတူတူ ဖြစ်ပေသည်။ အကယ်၍ သူသာ နတ်ဘုရားဘုရင် ဝတ်ရုံစိမ်းဆီက အမွေအနှစ်များနှင့် အဆင့် ၅ အပင် တစ်ထောင်ကျော် မရရှိထားပါက သူ့အနေနှင့် အဆင့် ၅ နတ်ဆေးလုံးဘုရင်အဆင့် ရောက်ဖို့ရာ အင်မတန် ခက်ခဲပေလိမ့်မည်။

ယခု သူက ရှီလင်းယု ပေးခဲ့သည့် မဟာအစီအရင်တာအိုသည် သူ့အစီအရင်တာအိုအား နောက်တဆင့် တက်လှမ်းဖို့ ကူညီပေးနိုင်ရန် မျှော်လင့်နေမိသည်။ အကယ်၍ သူသာ အဆင့် ၅ အစီအရင်ဘုရင် ဖြစ်သွားလျှင် ထိုထောင်ချောက်အစီအရင် ချိုးဖော်ရန် ရှီလင်းယု၏ အကူအညီပင် လိုမည် မဟုတ်ပေ။

မိုဝူကျိ၏ အမြင်အရ မဟာအစီအရင်တာအိုသည် အစီအရင်တာအိုအပေါ် အသေးစိတ် ရှင်းလင်းထားသည့် စာအုပ်သာ ဖြစ်လိမ့်မည်။ သူက ဤစာအုပ်မှ အစီအရင်ဗဟုသုတများစွာ သင်ယူနိုင်ဖို့ မမျှော်လင့်ထားပေ။ သူက သူ့ကိုယ်ပိုင် အစီအရင်တာအိုလမ်းကြောင်း ပွင့်သွားစေရန် ဉာဏ်ကွန့်မြူးမှုတချို့ ရှာတွေ့စေရန်သာ မျှော်လင့်ထားမိသည်။

မိုဝူကျိက စာအုပ် ပထမစာရွက်ကို လှန်ကြည့်လိုက်သည့်အခါ ကြောင်အမ်းသွားလေ၏။

ဒါက ဘယ်လိုလုပ် အစီအရင်တာအိုအပေါ် အသေးစိတ် ရှင်းလင်းထားတာ ဖြစ်နိုင်မှာလဲ ….

ဒါက တိုက်ကွက်ပဲ  … နာမည်ကိုက မဟာအစီအရင်တာအို ဖြစ်နေတာ ….

မကြာခင် မိုဝူကျိက စိတ်လှုပ်ရှားမိလာသည်။ ဤတိုက်ကွက်က တိုက်ခိုက်ရေး တိုက်ကွက် မဟုတ်ပေ။ ထို့အစား အစီအရင်များကို ချိုးဖောက်နိုင်သည့် ပညာရပ်တစ်ခု ဖြစ်၏။ အကယ်၍ အဆင့် ၃ အစီအရင်ဆရာက ဤပညာရပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်လျှင် အဆင့် ၅ အစီအရင်ကိုပင် အသက်ရှိုက်စာအနည်းငယ်အတွင်း ချိုးဖောက်နိုင်မည် ဖြစ်သည်။ အကယ်၍ သူ အဆင့် ၄ အစီအရင်ဆရာက မဟာအစီအရင်တာအိုအား အပြည့်အဝ တတ်ကျွမ်းသွားလျှင် သူ့အနေနှင့် အဆင့် ၆ အစီအရင်အကြောင်း ဘာမှမသိထားလျှင်ပင် အဆင့် ၆ အစီအရင်ကို ချိုးဖောက်နိုင်စွမ်း ရှိလာလိမ့်မည်။

ကောင်းလိုက်တာ  …

မိုဝူကျိက စိတ်ထဲကနေ  ရှီလင်းယုအား ကျေးဇူးတင်မိသွားသည်။

အစီအရင်တာအိုသည် ကျယ်ပြန့်လွန်းပြီး အဆုံးအစမရှိပေ။ မိုဝူကျိ၏ အစီအရင်တာအို အားကောင်းလာသောကြောင့် သူက အစီအရင်တာအို၏ အင်အားကို သတိထားမိ၏။ အကယ်၍ လူတစ်ယောက်က အစီအရင်အတွင်း ပိတ်မိနေလျှင် သူက မည်မျှ အားကောင်းစေကာမူ သေခြင်းတရားကိုသာ ထိုင်စောင့်နေရမည်။

ထိုအကြောင်းအရင်းကြောင့် မိုဝူကျိက အစီအရင်တာအိုကို အသေအချာ လေ့လာနေခြင်း ဖြစ်၏။ သူ့အစီအရင်တာအိုအပေါ် အသုံးပြုသည့် အချိန်မှာ ကျင့်ကြံရေးပြီးလျှင် ဒုတိယ ဖြစ်ပေသည်။ ဆေးလုံးတာအို လေ့ကျင့်ချိန်ထက်ပင် အချိန်ပိုကြာမြင့်သေး၏။

အစီအရင်တာအိုက ကျယ်ပြန့်ကာ ရှုပ်ထွေးလွန်းသောကြောင့် မိုဝူကျိက အချိန်များစွာ လေ့လာထားသော်လည်း သူ့အစီအရင်တာအိုက ဆေးလုံးတာအိုနောက် ကျန်နေခဲ့ခြင်း ဖြစ်ပေသည်။

မိုဝူကျိက အဆင့် ၄ အစီအရင်ဆရာ တစ်ယောက် ဖြစ်သည့်အတွက် မဟာအစီအရင်တာအိုကို လေ့လာရင်း စိတ်နှစ်မြှပ်သွားတော့သည်။ သူ့ချီသွေးကြော ၁၀၈ ခုလုံးက လှည့်ပတ်နေပြီး မဟာအစီအရင်တာအို ရင်းမြစ်ရှာရန် ကြိုးစားလျက် ရှိသည်။

…………..…

မိုဝူကျိက တံခါးပိတ် လေ့ကျင့်သွားခဲ့စဉ် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးအတွင်း သူ ဖြစ်ပွားခဲ့သည့် ကိစ္စများမှာ ရုတ်ရုတ်သည်းသည်း ဖြစ်မသွားချေ။ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးအတွင်းမှ လူတချို့သာ သိကြ၏။ အစည်းအရုံးကို တာဝန်ယူထားသော အကြီးအကဲ လော့ယွီက စုံစမ်းစစ်ဆေးခံရပြီး တခြားနေရာသို့ ပို့ဆောင်ခံလိုက်ရသည်။

မိုဝူကျိ၏ သလင်းကျောက်နှင့် နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးကြားရှိ ပဋိပက္ခမှာ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးအပေါ် မည်သည့် သက်ရောက်မှုမှ မဖြစ်လာပေ။ နယ်လှည့်ကျင့်ကြံသူ အစည်းအရုံးပေါ်သို့ ပြစ်ဒဏ်တစ်ခုပင် ကျရောက်မလာပေ။

အစည်းအရုံး အကြီးအကဲ ရာထူး ပျောက်ဆုံးသွားသော လော့ယွီက မိုဝူကျိအား အကောင်လိုက် ဝါးစားပစ်ချင်နေသည်။ သို့သော်လည်း သူက မိုဝူကျိသည် ပျော်ရွင်မှု ရိပ်သာအတွင်း အောင်းနေသောကြောင်း အခက်တွေ့နေသည်။ သူက ကင်းထောက်တစ်ယောက် ချန်ထားခဲ့ပြီး မိုဝူကျိ တစ်ယောက် စစ်ဆေးမှု ကျရှုံး၍ နိဗ္ဗာန်တာအိုမြို့မှ ထွက်လာသော နေ့သည် မိုဝူကျိ၏ သေနေ့စေ့သွားခြင်းသာ ဖြစ်လိမ့်မည်။

တစ်ချိန်တည်းတွင် မိုဝူကျိသည် အဆုံးမဲ့မြစ် ဆေးလုံးတာအို၏ မျိုးဆက် မဟုတ်ကြောင်း ကြားပြီးနောက် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ နတ်ဘုရားဘုရင် နှာပြားက သူ့အပေါ် စိတ်ဝင်စားမှု မရှိတော့ပေ။ မိုဝူကျိက ဆေးလုံးပင်လယ် မဝင်ခြင်းကိုတော့ သူ့ စိတ်ထဲပင် မထည့်ပေ။

သူက လူသားတာအိုအကြောင်း သိပေသည်။ လူသားတာအိုသည် ရှန်းထျန်း အခြေအနေများ၏ တားဆီးမှုကို ခံရပြီး လှိုင်းအကြီးကြီး ဖြစ်မလာစေပေ။ ကျန်းရှား၏ အမြင်အရ စိုက်ပျိုးရေး ဧကရာဇ်လိုမျိုး နောက်ထပ် ပါရမီရှင်တစ်ယောက် လူသားတာအို၌ ပေါ်လာဖို့ မဖြစ်နိုင်ပေ။ စိုက်ပျိုးရေး ဧကရာဇ်၏ ဆေးလုံးဖော်စပ်ခြင်း မြန်ဆန်သည်မှာ အမှန်ဖြစ်သော်လည်း ထိုမျှတင် ဖြစ်၏။ တခြားအသုံးဝင်မှု မရှိပေ။

နောက်ဆုံးတော့  သေမျိုးကား အမြဲတမ်း သေမျိုးသာလျှင် ဖြစ်နေမည်။

……………

မိုဝူကျိက မဟာအစီအရင်တာအိုထဲ  စိတ်နှစ်ထားရင်း မည်မျှ ရှုပ်ထွေးကြောင်း နားလည်လာသည်။ သီအိုရီ သဘောတရားအရ မည်သည့် နတ်အစီအရင်ဆရာမဆို ဤပညာရပ်အား သင်ယူနိုင်ပေသည်။ သို့သော်လည်း မိုဝူကျိက ထိုပညာရပ်ကို သင်ယူလေလေ ရှီလင်းယုသည် သူ့ကို အဘယ်ကြောင့် ပေးလိုက်ကြောင်း သိလာလေလေ ဖြစ်၏။

မဟာအစီအရင်တာအိုကို ထိန်းချုပ်နိုင်ရန် အနည်းဆုံး အဆင့် ၅ နတ်အစီအရင်ဘုရင် ဖြစ်ရမည် ဖြစ်ကာ အားပြင်းသည့် စိတ်စွမ်းအားလည်း ပိုင်ဆိုင်ရမည် ဖြစ်၏။ ထိုစဉ် သူက အစီအရင်သင်္ကေတ ထောင်ချီ၍  ရေးထွင်းဖို့ လိုအပ်နေသည်။ သင်္ကေတများက ရှုပ်ထွေးလေလေ ပညာရပ်က ပို၍ အားကောင်းလာလေလေ ဖြစ်၏။ နတ်ဘုရား အုပ်စိုးသူအဆင့်ပင် အားပြင်းလှသည့် စိတ်စွမ်းအားနှင့်လူကို ရှာဖို့ ခက်လဲလှသည်။ အကယ်၍ သူ့စိတ်စွမ်းအားသာ အားနည်းနေပါက အစီအရင်အား မချိုးဖောက်နိုင်လောက်ပေ။

အားကောင်းသော လောကနတ်ဘုရားနှင့် နတ်ဘုရားဘုရင်သာ လုပ်ဆောင်နိုင်လိမ့်မည်။ သို့သော်လည်း အကယ်၍ သူက လောကနတ်ဘုရားအဆင့် သို့မဟုတ် နတ်ဘုရားဘုရင်အဆင့်ရှိ အဆင့် ၅ နတ်အစီအရင်ဘုရင် ဖြစ်နေလျှင် ဤပညာရပ်အား အဘယ်ကြောင့် လိုအပ်တော့မည်နည်း။ နတ်ဘုရားကုန်းမြေ၌ အဆင့်မြင့်ဆုံး အစီအရင်မှာ အဆင့် ၆ ဖြစ်၏။ အကယ်၍ လူတစ်ယောက်က နတ်ဘုရားဘုရင်အဆင့်နှင့် အဆင့် ၅ အစီအရင်ဆရာ တစ်ယောက် ဖြစ်နေလျှင် ဤပညာရပ်အား နှစ်များစွာ အချိန်ပေး၍ သင်ယူမည် မဟုတ်လောက်ပေ။ လူများစွာက ဤနေရာတွင် အချိန်ဖြုန်းမည့်အစား တခြားအရာကိုသာ ရွေးချယ်ကြလိမ့်မည်။

မိုဝူကျိက အဆင့် ၄ နတ်အစီအရင်ဆရာ တစ်ယောက် ဖြစ်သော်လည်း သူက လူသားတာအိုကို ကျင့်ကြံပြီး တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို ပိုင်ဆိုင်ထားသည်။ သူ့စိတ်စွမ်းအားက အားကောင်းသည့် နတ်ဘုရားအုပ်စိုးသူနှင့်ပင် မယှဉ်နိုင်ပေ။ သို့သော် အင်အားမှာ နောက်ကောက်ကျနေမည် မဟုတ်ပေ။ အကြောင်းမှာ သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိထားသည် မဟုတ်ပါလော။ ထိုမျှတင် မကသေးဘဲ သူက အာကာပြင် အစီအရင်သင်္ကေတများ ရေးထွင်းရာ၌လည်း အရည်အချင်း ရှိပေသည်။

ထိုအချက်များ ပေါင်းထည့်လိုက်သည့်အခါ မိုဝူကျိက မဟာအစီအရင်တာအိုအား လေ့လာရန် နတ်ဘုရား အုပ်စိုးသူအဆင့် ရောက်ဖို့လည်း မလိုတော့သလို အဆင့် ၅ အစီအရင်ဆရာ ဖြစ်နေစရာလည်း မလိုတော့ချေ။

ပို၍ အရေးကြီးသည်က မိုဝူကျိသည် ဤပညာရပ်ကား သူ့အတွက် အလွန်အသုံးဝင်လာလိမ့်မည်ဟု ယုံကြည်နေမိသည်။ သူက အဆင့် ၅ နတ်အစီအရင်ဘုရင် ဖြစ်နေလျှင်ပင် သူ့အနေနှင့် အဆင့် ၅ အစီအရင်အား ခဏအတွင်း ချိုးဖောက်ရန် ခက်ခဲလိမ့်မည်။ မဟာအစီအရင်တာအိုက သူ့အား ကူညီပေးနိုင်၏။ ဤသို့သော ပညာရပ်မှာ သူ့အသက်ကို ကယ်တင်ပေးနိုင်သည့် အာမခံချက်တစ်မျိုး ဖြစ်ပေသည်။ သူ့ကျင့်ကြံရေး လမ်းကြောင်းတစ်လျှောက် သေခြင်းရှင်ခြင်း နယ်နမိတ်အား အကြိမ်ကြိမ် ကူးသန်းခဲ့ရသည်။ အသက်ကယ်တင်ပေးနိုင်သည့် မည်သည့် နည်းလမ်းမဆို သူ့အတွက် ဆွဲဆောင်မှု ရှိပေသည်။

တစ်လ ကျော်လွန်သွားလေပြီ။ မိုဝူကျိက မဟာအစီအရင်တာအိုကို အသုံးမပြုနိုင်သေးသော်လည်း ခဏလေးအတွင်း အစီအရင်သင်္ကေတ ရာချီ ရေးထွင်းနိုင်လေပြီ။ အကယ်၍ သူက အစီအရင်သင်္ကေတ တစ်ခု ထပ်မံ ရေးထွင်းလိုလျှင် အချိန်နှင့် အားထုတ်မှု ပိုသုံးရမည်။ မိုဝူကျိအတွက် မဟာအစီအရင်တာအို ထိန်းချုပ်ရန် လေ့လာခြင်းက အချိန်တစ်ခုမျှသာ ဖြစ်၏။

သို့သော်လည်း မိုဝူကျိက ရပ်တန့်ရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှု စတင်မည့်အချိန် ရောက်ရှိလာလေပြီ။ ဤနေရာသို့ သူ ရောက်လာသည့် အဓိက အကြောင်းအရင်းမှာ ဤစစ်ဆေးမှုကြောင့် ဖြစ်၏။

………….…

စစ်ဆေးမှု တစ်ရက်၊ နှစ်ရက်နှင့် ပြီးဆုံးသွားမည် မဟုတ်သောကြောင့် မိုဝူကျိက တာ့ဟွမ်နှင့် ရွိုက်ကောအား ရိပ်သာအတွင်း ဆက်လက် ကျင့်ကြံရန် မှာကြားခဲ့သည်။ မိုဝူကျိက ချီပင်းနှင့် ချီချွမ်းပင် သူ့နောက်လိုက်လာရန် မတောင်းဆိုခဲ့ပေ။

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးမှုက ပုံမှန်အားဖြင့် အန္တရာယ်မရှိပေ။ ချီပင်းလည်း ထိုအချက်ကို ကောင်းကောင်း သိထား၏။

မိုဝူကျိက ရိပ်သာအဝင်ဝဆီ ရောက်လာသည့်အခါ နိဗ္ဗာန်တာအိုမြို့အတွင်း အပြောင်းအလဲကို မြင်လိုက်ရသည်။ ယခင် နိဗ္ဗာန်တာအိုမြို့သည် လူများနှင့် စည်ကားလျက် ရှိသော်လည်း ယခုအခါတွင် ခြောက်ကပ်ကပ် လမ်းကြောင်းသာ ရှိတော့သည်။ ဤလမ်းကြောင်းကား နိဗ္ဗာန်အသိပညာရပ်ကျောင်း‌တော် စစ်ဆေးမှုထံ သွားသည့် လမ်းသာ ဖြစ်၏။

“ခဏ … ခင်ဗျားက အခန်း ၇၃ (က) မှာ နေတဲ့သူလား ” မိုဝူကျိက သွားတော့မည့်ဆဲဆဲတွင် ဖြူဖတ်ဖြူရော် ကျင့်ကြံသူတစ်ဦးက သူ့လမ်းကြောင်းကို ပိတ်လိုက်သည်။

ဤသူက ကောင်းကင်နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူ ဖြစ်၏။ အမြင်နှင့်တင် သူက ယင်စွမ်းအားကို ကျင့်ကြံမှန်း သိသာလှသည်။

“ ခင်ဗျားကို မသိဘူး ” မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည်  “ ကျုပ်ကို လာအချိန်မဆွဲပါနဲ့ ”

ထိုဖြူဖတ်ဖြူရော် အမျိုးသားက ရယ်မောကာ  “ ကိုယ့်ဘာသာ မိတ်ဆက်ပေးပါရစေ … ကျုပ်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် နတ်ဘုရားလမ်းစဉ်ရဲ့ ကျောချွမ်ပါ။ ခင်ဗျားဆီက လောကတည်ဆေးလုံးကို လာဝယ်တာပါ။ ဈေးကိုသာ ပြောလိုက်ပါ ”

မိုဝူကျိက ကျောချွမ်ကို ကြည့်လိုက်သည့်အချိန် ဤလူသည် လောကတည် ဆေးလုံးအား ဈေးမြင့်မြင့် ပေးဝယ်ရန် ရောက်လာခြင်း မဟုတ်ကြောင်း သိလိုက်သည်။ ဤလူက သူသည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှ ဖြစ်ကြောင်း ထုတ်ပြောလိုက်ခြင်းသည် မိုဝူကျိအပေါ် အခွင့်ကောင်း ယူလိုက်ခြင်းသာ ဖြစ်၏။

သူ့တွင် လောကတည်ဆေးလုံး ပိုင်ဆိုင်ထားသည့် သတင်းမှာ ကျင်းရုံဝူမှ ထုတ်ဖော်လိုက်ခြင်းသာ ဖြစ်လိမ့်မည်။ တစ်ချိန်တည်းဆိုသလို ကျင်းရုံဝူသည် သူ့တွင် နတ်ဘုရားဘုရင် ကျင့်ကြံသူတစ်ယောက် အတူ ရှိကြောင်း မပြောလိုက်မှန်း သိလိုက်၏။

“ ဘယ်လောကတည်ဆေးလုံးလဲ … ကျုပ် မသိဘူး။ ဘေးဖယ် ” မိုဝူကျိ၏ ပုံရိပ်က ဖြတ်ခနဲ ကျောချွမ်ဘေးမှ ဖြတ်သွားလိုက်သည်။ သူက ဤလူအပေါ်တွင် အချိန်ဖြုန်းရန် ဆန္ဒမရှိပေ။ ဤလူက အသေးစိတ်ကို မသိဘဲဖြင့် လောကတည် ဆေးလုံး ဝယ်ယူရန် ရောက်လာနေသေး၏။

“ အရမ်းကောင်းတယ် … ကြည့်ရသေးတာပေါ့ ” မူလက ကျောချွမ်သည် မိုဝူကျိတစ်ယောက် နိဗ္ဗာန်တာအိုမြို့မှ မည်သို့ ထွက်သွားသည်ကို ကြည့်ချင်လို၏။ သို့သော်လည်း သူက မိုဝူကျိ၏ စကားကို ကြားလိုက်သည့်အခါ သူ့စကားကို ပြန်ထိန်းထားလိုက်သည်။

 မိုဝူကျိက စစ်ဆေးမှု၌ နေရာတစ်နေရာစာ ရထားသည်လား … မဟုတ်လျှင် သူက စစ်ဆေးမှု လမ်းကြောင်းထဲ မည်သို့ ဝင်သွားမည်နည်း။

ကျောချွမ်၏ မျက်ဝန်းက ဖြတ်ခနဲ လင်းလက်သွားသော်လည်း မကြာခင် တည်ငြိမ်သွားလေသည်။ အကယ်၍ မိုဝူကျိသာ ကံကောင်းပြီး နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ ဝင်ခွင့် ရခဲ့လျှင် သူ့တွင် မိုဝူကျိအား အဆုံးသတ်ရန် အခွင့်အရေး ရလာပေမည်။ အကယ်၍ မိုဝူကျိက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ မဝင်နိုင်ခဲ့လျှင် သူ သေဖို့သာ စောင့်နေပေသည်။

***

All Chapters