← Chapters

ပထမမြောက်စစ်ဆေးမှု

Vol. 72 Ch. 992

ပထမမြောက်စစ်ဆေးမှု

Vol. 72 Ch. 992

မိုဝူကျိ သီးသန့်လမ်းကြောင်းထဲ ဝင်ရောက်လိုက်ပြီးနောက် တခြားသူများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာနေသည်ကို သူ မြင်ရသည်။ ဤလမ်းကြောင်းအတိုင်း မိုဝူကျိက လူအုပ်ကြီးနောက်မှ လိုက်သွား၍ နိဗ္ဗာန်တာအိုမြို့ကို ဖြတ်ကာ ရင်ပြင်ကျယ်ကြီး တစ်ခုဆီသို့ ရောက်ရှိသွားသည်။

ရင်ပြင်တွင် လူများဖြင့် ပြည့်နေနှင့်လေပြီ။ မိုဝူကျိက တစ်ချက်မြန်မြန် ဝေ့ကြည့်လိုက်ကာ ဤရင်ပြင်တွင် အနည်းဆုံး လူအယောက် တစ်သောင်း ရှိလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။ အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းချင်းစီ သို့မဟုတ် အင်အားစု အဖွဲ့အစည်းတစ်ခုချင်းစီက လူ ၁၀ ယောက်သာ ပို့လွှတ်နိုင်မည်ဆိုပါက ဤသည်မှာ နတ်ဘုရားကုန်းမြေထဲတွင် မြောက်များစွာသော ဂိုဏ်းများနှင့်အင်အားစုများ ရှိနေသည်ဟု ဆိုလိုပေသည်။ ဤစစ်ဆေးဆုံးဖြတ်မှုတွင် အားကောင်းသော ဂိုဏ်းများနှင့် အင်အားစုအဖွဲ့အစည်းများသာ ပါဝင်ခွင့် ရှိကြောင်းကိုလည်း မိုဝူကျိက သိထားသေးသည်။ ရာထူးဂုဏ်သရေ မမြင့်မားသည့် ဂိုဏ်းအဖွဲ့များသည် တစ်ယောက်စာ သို့မဟုတ် နှစ်ယောက်စာလောက်သာ ရရှိနိုင်ပေလိမ့်မည်။ သို့မဟုတ် နေရာလွတ်များအတွက် လေလွင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်ရပေလိမ့်မည်။

ရင်ပြင်ပတ်လည်တွင် များစွာသော ဝတ်ရုံနီ စည်းကမ်းထိန်း တာဝန်ရှိသူများ ရှိနေသည်။ နတ်ဘုရားဘုရင်တစ်ယောက်က မျက်နှာသေကြီးနှင့် ရင်ပြင်၏ အရှေ့ဘက် လေထဲတွင် ရပ်နေသည်။ ရင်ပြင်ထဲတွင် လူအယောက် တစ်သောင်း ထက်မက ရှိနေသော်လည်း အလွန်ငြိမ်သက်နေလေသည်။ မည်သူကမျှ အသံမထွက်ကြပေ။

မိုဝူကျိ၏ စိတ်စွမ်းအားသည် သိပ်မကြာခင်ပင် ချူချန်းတန်နှင့်တိကျဲ ဟူသည့် ရင်းနှီးသော လူနှစ်ယောက်ကို သတိပြုမိလိုက်သည်။ သူတို့နားမှ ကျင့်ကြံသူအားလုံးမှာ မိုးကောင်းကင် နတ်ဘုရားဂိုဏ်းမှ ဖြစ်ကြကာ မိုဝူကျိက သူတို့အကုန်လုံးကို မြင်ဖူးသည်။ သူတို့တွေကို သူ မသင်ကြားပေးခဲ့ရသော်လည်း စင်မြင့်ပေါ်တွင် ရပ်ကာ သူတို့အား စကားပြောဖူးလေသည်။

ထို့နောက် သူ့အကြည့်တို့က ရင်ပြင်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။ ရင်ပြင်၏ အပြင်ဘက်တွင်လည်း လူများနှင့် ပြည့်နေသည်။ ရင်ပြင်ပတ်လည်တွင် စည်းအကြည် တစ်လွှာ ရှိသည်။ ရင်ပြင်အပြင်ဘက်မှလူများက အထဲ ဝင်မလာနိုင်သလို အထဲမှ လူများသည်လည်း အပြင်မထွက်နိုင်ပေ။

မိုဝူကျိက သူ့အကြည့်ကို ပြန်ရုတ်သိမ်းတော့မည်ဆဲဆဲတွင် သူက နောက်ထပ် ရင်းနှီးသော လူနှစ်ယောက်ကို မြင်လိုက်ပြန်သည်။ ချီခွန်းနှင့်ယွီလောတို့သည် ရင်ပြင်အပြင်ဘက်တွင် ရှိနေသည်။ မိုဝူကျိအကြည့် သူတို့အပေါ် ရောက်သွားသည့်အခိုက် သူတို့၏ အကြည့်တို့က မိုဝူကျိအပေါ် ကျရောက်လာသည်။ သူတို့နှစ်ယောက်စလုံးမှာ မယုံကြည်နိုင်သည့် အမူအယာများ ဖြစ်ပေါ်သွားလေသည်။

ရင်ပြင်ထဲတွင် လူအယောက် တစ်သောင်း ထက်မက ရှိနေသည့်အချက်ကို ရိုးရိုးလေး မတွေးလေနှင့်။ လက်တွေ့၌ ထိုလူအယောက် တစ်သောင်း ထဲ ပါနိုင်ရန်မှာ အင်မတန် ခက်ခဲကြောင်း သူတို့ သိသည်။ ရင်ပြင်ထဲမှာ ရပ်နေနိုင်ရန် မိုဝူကျိ မည်သည်ကို မည်သို့ လုပ်ခဲ့မှန်း သူတို့မသိပေ။

“ဘာဖြစ်လို့လဲ”

ချီခွန်း၏ ဘေးတွင် ရပ်နေသောသူမှာ မိုးကောင်းကင်နတ်ဘုရားဂိုဏ်း၏ လက်ဝဲမိုးကောင်းကင် တောင်သခင် လောင်ယု ဖြစ်သည်။ ချီခွန်း၏ မျက်နှာပေါ်မှ အံ့သြသည့်ပုံစံကို မြင်သောအခါ သူက ချက်ချင်း ချီခွန်းကို မေးလိုက်သည်။

“အဲ့ဒါက…”

ချီခွန်းသည် တစ်ခဏမျှ တွေဝေမိသွားသည်။ သို့သော် နောက်ဆုံးတွင် သူက ပြောပြဖို့ ရွေးချယ်လိုက်ကာ

“ကျွန်တော် ရင်ပြင်ထဲမှာ မိုဝူကျိကို တွေ့လိုက်တယ်။ သူကိုကြည့်ရတာ စစ်ဆေးဆုံးဖြတ်မှုမှာ ဝင်ဖြေမယ့်ပုံပဲ”

“မင်းပြောတာ မိုဝူကျိက ဒီရောက်နေတယ်ပေါ့ ဟုတ်လား။ ငါကျ ဘာဖြစ်လို့ သူ့ကို မမြင်မိတာလဲ”

သူတို့နောက်တွင် ရပ်နေသော ရန်ဖေးက အလျင်စလို မေးလိုက်သည်။ သူက ဆေးလုံးတာအို ဂုဏ်ထူးဆောင်မျှော်စင်၏ အပြင်ဘက်တွင် လများစွာ ကြာအောင် စောင့်နေခဲ့သော်လည်း မိုဝူကျိအား မမြင်မိပေ။

ချီခွန်းက မြန်မြန်ပြောပြလိုက်သည်။

“အရင်တုန်းက သူက ရုပ်ဖျက်ထားတာ”

“မင်း…”

ရန်ဖေးက ဒေါသထွက်သွားသည်။ တော်သေးသည်မှာ သူက ထို့ထက်ပို၍ ဒေါသမထွက်သင့်ကြောင်း သိသည်။ မိုဝူကျိ မိုးကောင်းကင်မြို့ထဲတွင် ရှိနေသေးစဉ်က ချီခွန်းသည် ဂိုဏ်းအပြင် ထွက်ဖို့ တောင်းဆိုခဲ့သည်။ ထို့နောက်ပိုင်းတွင် မိုဝူကျိ မိုးကောင်းကင်မြို့မှ ထွက်သွားပြီးနောက် သူက မိုဝူကျိအကြောင်းအား ချီခွန်းဆီ သွား၍ မမေးမိပေ။ သို့ဖြစ်ရာ အဘယ်ကြောင့်များ သူအနေနှင့် ချီခွန်းကို အပြစ်တင်၍ ရပါ့မည်နည်း။ ယွီလောအတွက်မူ သူမ၏ တမူထူးသည့် ရာထူးအဆင့်အတန်းအကြောင်း ပြောနေစရာ မလိုပေ။ သူ မိုဝူကျိကို ရှာရန် ထွက်လာစဉ်က ယွီလောသည်လည်း ဂူပိတ်ကျင့်ကြံမည်ဆိုသည့် ဆင်ခြေကို အသုံးပြုခဲ့လေသည်။

“ဘယ်တစ်ယောက်က မိုဝူကျိလဲ”

လက်ဝဲ မိုးကောင်းကင်တောင်သခင် လောင်ယုက လေးလေးနက်နက် မေးလိုက်သည်။

လက်ဝဲ မိုးကောင်းကင်တောင်သခင်ရှေ့တွင်တော့ ချီခွန်းသည် မည်သည်ကိုမျှ မဖုံးကွယ်ထားရဲပေ။ သူက မိုဝူကျိဆီ လက်ညိုး မြန်မြန် ထိုးပြလိုက်သည်။

လောင်ယုက ခေါင်းငြိမ့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အဲ့ဒီမိုဝူကျိကို သေချာစောင့်ကြည့်ထား။ တကယ်လို့ သူသာ အရွေးမခံရဘူးဆိုရင် သူ့ကို မိုးကောင်းကင်နတ်ဘုရားဂိုဏ်းဆီ ချက်ချင်း ပြန်ခေါ်ခဲ့လိုက်”

“ဟုတ်ကဲ့ပါ”

ရန်ဖေးက တုံ့ပြန်လိုက်သည်။

ချီခွန်းကလည်း နောက်ကျကျန်မနေရဲဘဲ တုံ့ပြန်လိုက်သည်။

လောင်ယုအမြင်တွင် မိုဝူကျိအနေနှင့် အရွေးခံရဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ မိုဝူကျိ၏ နေရာလွတ်မှာ ပမာဏများစွာသော အဆင့်မြင့် နှင်းစက်စိမ်းဆန်နှင့် ဝယ်ယူထားသည်ဟု သူက ယုံကြည်သည်။

……………………

လေထဲတွင် ရပ်နေသော နတ်ဘုရားဘုရင်သည် ကနဦးနတ်ဘုရားအဆင့် ကျင့်ကြံသူများကို သူ့မျက်လုံးဖြင့် ဝေ့ကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ်သောလေသံဖြင့် သူက ပြောလိုက်သည်။

“နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ စစ်ဆေးဆုံးဖြတ်မှုမှာ ပါဝင်ကြမဲ့ တပည့်အားလုံး မှတ်ထားကြပါ။ ဒီစစ်ဆေးဆုံးဖြတ်မှုမှာ စုစုပေါင်း စစ်ဆေးမှု ၇ ခုပါမယ်။ ပထမမြောက် စစ်ဆေးမှုက အစီအရင်တာအို ဖြစ်ပြီး ဒုတိယမြောက် စစ်ဆေးမှုက နှင်းစက်စိမ်း ဆန်စိုက်ပျိုးခြင်း ဖြစ်တယ်။ အဲ့ဒီနောက် လက်နက်တန်ဆာ (ပစ္စည်း)တာအို၊ ဆေးလုံးတာအို၊ အဆောင်တာအို၊ လျို့ဝှက်ပညာရပ် စစ်ဆေးမှုနဲ့ နောက်ဆုံးမှာတော့ တိုက်ခိုက်ရေး စစ်ဆေးမှု လာမယ်။ နှင်းစက်စိမ်းဆန် စိုက်ပျိုးခြင်းဖြစ်တဲ့ ဒုတိယမြောက် စစ်ဆေးမှုက လွဲရင် ကျန်တဲ့စစ်ဆေးမှုတွေ အားလုံးက အသက်အန္တရာယ် ရှိနိုင်တယ်။ စိုးရိမ်တဲ့ တပည့်တွေက နောက်ပြန်လှည့်သွားဖို့ ရွေးချယ်နိုင်တယ်”

ထိုသို့ပြောပြီးသည့်နောက် နတ်ဘုရားဘုရင်သည် လူအုပ်ကို ဆက်ကြည့်နေလိုက်သည်။ မည်သူကမျှ ထွက်သွားဖို့ မရွေးချယ်ကြပေ။ လေလွင့်ကျင့်ကြံသူများသည် ဤနေရာလွတ်များကို သူတို့အသက်နှင့်ရင်း၍ ရရှိခဲ့သည်။ ဤနေရာလွတ်များကို ရရှိခဲ့သော ဂိုဏ်းတပည့်များ အားလုံးသည်ကား သူတို့ဂိုဏ်းများ၏ သူရဲကောင်းများ ဖြစ်ကြလေသည်။ ဤနေရာသို့ရောက်ရန် သူတို့တွေအတွက် မလွယ်ကူခဲ့ပေ။ သို့ဖြစ်ရာ မည်သူကများ ထွက်သွားရန် ဆန္ဒရှိပါ့မည်နည်း။

မိုဝူကျိသည် စိတ်သက်သာသွားကာ သက်ပြင်းတစ်ချက် အသာချလိုက်သည်။ ကံကောင်းစွာပင် မိစ္ဆာနတ်ဆိုးတာအို မပါလာပေ။ သို့မဟုတ်ပါက သူ တကယ့်ကို မည်သည့်အရာကို စမ်းသပ်ရမှန်းပင် သိတော့မည်မဟုတ်ပေ။

မည်သူမျှ ထွက်သွားဖို့ မရွေးချယ်သည်ကို မြင်သောအခါ နတ်ဘုရားဘုရင်က ဆက်ပြောလိုက်သည်။

“ဒီစစ်ဆေးဆုံးဖြတ်မှုမှာ ပြိုင်ပွဲဝင် စုစုပေါင်း ၁၃၄၀၀ ရှိတယ်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က ကျောင်းသား ၅၀၀ ပဲ လက်ခံမှာ ဖြစ်တယ်။ စစ်ဆေးဆုံးဖြတ်မှုမှာ အောင်မြင်တဲ့ တပည့်အားလုံးက သူတို့သွားချင်တဲ့နေရာကို ရွေးချယ်ခွင့်ရှိတယ်။ ထိပ်ဆုံး ၁၀ ယောက်ထဲပါတဲ့ တပည့်တွေက နတ်ဝိညာဉ်စွမ်းအင်ရဲ့ နိဗ္ဗာန်မြေကို တစ်နှစ်တာ ဝင်ရောက်ခွင့်ရှိတယ်။ သူတို့ကိုယ်စားပြုထားတဲ့ ဂိုဏ်းတွေကနေ နတ်ဘုရားဘုရင် ၃ ယောက်ကို သဟဇာတနတ်ဘုရားအဆင့် အသိဉာဏ်ပွင့်မှုတွေ ရရှိဖို့ရာ နိဗ္ဗာန်မြစ်ထဲ ဝင်ခွင့်ရမယ်။ တစ်ချိန်တည်းမှာပဲ သဟဇာနတ်ဘုရားတစ်ဦးရဲ့ သင်ကြားမှုကို နာကြားခွင့်လည်း ရလိမ့်မယ်။ ထိပ်ဆုံး ၅ ယောက်ထဲက တပည့်တွေဟာ တာအိုသစ်သီးတစ်လုံးစီ ချီးမြှင့်ခြင်းခံရမယ်။ ထိပ်ဆုံး ၃ ယောက်ထဲက တပည့်တွေက တစ်ယောက်ချင်းစီဟာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ စာကြည့်တိုက်ကနေ  လျို့ဝှက်ပညာရပ် စာအုပ်တစ်အုပ်ကို ရရှိနိုင်လိမ့်မယ်”

ထိုစကားများကို ပြောပြီးသည့်နောက်တွင် ရင်ပြင်ထဲရှိ လူများသည် စတင်လှုပ်လှုပ်ရှားရှား ဖြစ်လာလေသည်။ ရင်ပြင်အပြင်ဘက်မှ ပွဲကြည့်သူများပင် စိတ်လှုပ်ရှားကုန်ကြသည်။

သဟဇာတနတ်ဘုရားဖြစ်ရန် အခွင့်အရေးသည် နတ်ဘုရားဘုရင်အားလုံးက ရည်ရွယ်ထားကြသော မှတ်တိုင်တစ်ခု ဖြစ်သည်။ ကံမကောင်းစွာပင် နတ်ဘုရားကုန်းမြေတွင် စည်းမျဉ်းများ ချို့တဲ့ လစ်လပ်နေသည်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်အပြင် သဟဇာတနတ်ဘုရားအဆင့်ပေါ် အသိဉာဏ်ပွင့်မှုကို ရရှိနိုင်သည့် တခြားနေရာမရှိချေ။ ဤသည်မှာ အရင်းအမြစ်များနှင့် ပါရမီတို့ကြောင့် မဟုတ်ပေ။ မိုးမြေစည်းမျည်း၏ ကန့်သတ်ချက်ကြောင့် ဖြစ်သည်။

သို့မဟုတ်ပါက မိုဝူကျိ၏ ရွှေရောင် နိဗာနတာအိုသဲသည် ထိုမျှလောက် ကြီးမားသည့် ဆူပူအုံကြွမှုကြီးတစ်ခုကို ဖြစ်ပွားစေလိမ့်မည် မဟုတ်ပေ။

ဂိုဏ်းများစွာက စစ်ဆေးဆုံးဖြတ်မှုထဲတွင် တပည့်များများ ပိုမိုပါဝင်နိုင်ရန်အတွက် အပြင်းအထန် တိုက်ခိုက်ကြိုးစားခဲ့ကြသည်။ သူတို့၏ အဓိက အရေးအပါဆုံး အကြောင်းအရင်းမှာ သဟဇာတနတ်ဘုရားတစ်ပါး ဖြစ်လာရန် အခွင့်အရေးတစ်ခု ရရှိဖို့ပင် မဟုတ်ပါလော။

နတ်ဘုရားဘုရင်သည် ရင်ပြင်မှလူများ စိတ်တည်ငြိမ်အောင် စောင့်ပြီးမှ ဆက်ပြောလိုက်သည်။

“အားလုံးပဲ… စစ်ဆေးဆုံးဖြတ်မှုမှာ ရလဒ်ကောင်းကောင်းတွေ ရရှိပြီး နတ်ဘုရားကုန်းမြေမှာ နောက်ထပ် သဟဇာတနတ်ဘုရား တစ်ယောက် နှစ်ယောက်လောက် ထပ်ရှိလာဖို့ လုပ်နိုင်ကြလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။ အခု စစ်ဆေးဆုံးဖြတ်မှု စတင်ပါတော့မယ် …

ပြိုင်ပွဲဝင်တပည့်အားလုံး အာကာပြင်ခြား တံခါးထဲ ဝင်ပြီး စစ်ဆေးဆုံးဖြတ်မှုကို စတင် ပါဝင်နိုင်ပါပြီ။ မင်းတို့တွေ တံခါးထဲ ဝင်သွားပြီးရင် မင်းတို့ရဲ့အသက်က မင်းတို့လက်ထဲမှာပဲ ရှိတော့တယ်။ စစ်ဆေးဆုံးဖြတ်မှု အချိန်ကာလကတော့ တစ်နှစ် ဖြစ်တယ်။

အားလုံးပဲ… စစ်ဆေးဆုံးဖြတ်မှုနေရာနဲ့ အပြင်ကမ္ဘာနဲ့ရဲ့ အချိန်အချိုးအစားက ၁၂ ပုံ ၁ ပုံ ဖြစ်တယ်ဆိုတာကို မှတ်ထားကြပါ။ စစ်ဆေးဆုံးဖြတ်မှုနေရာထဲက တစ်နှစ်ဟာ အပြင်ကမ္ဘာထဲက တစ်လနဲ့ ညီမျှတယ်။ တစ်လကြာပြီးတဲ့နောက် မင်းတို့တွေ သေသေ ရှင်ရှင် အဲ့ဒါတွေကို ဂရုမစိုက်ဘူး… အပြင် ပြန်ထွက်မလာတဲ့သူတွေ အကုန်လုံး အပယ်ခံရမှာ ဖြစ်တယ်”

ဤသို့ပြောပြီးသည့်နောက် နတ်ဘုရားဘုရင်သည် သူ့လက်ကို ဝေ့လိုက်သည်။ ရင်ပြင်၏ အရှေ့တွင် အာကာပြင်ခြား တံခါးပေါက်တစ်ခု ပေါ်လာလေသည်။

ရင်ပြင်ထဲရှိ ကျင့်ကြံသူများအားလုံးသည် တံခါးပေါက်ဆီသို့ အပြေးဝင်သွားကြသည်။ မည်သူကမျှ တွန့်ဆုတ်တုံ့ဆိုင်းမနေပေ။ လူအုပ်ကြီးကို တိုးဖြတ်ကာ မိုဝူကျိသည် အာကာပြင်ခြား တံခါးပေါက်ကို ဖြတ်ကျော်ဝင်သွားလိုက်သည်။

ပြိုင်ပွဲဝင်တပည့်များအားလုံး တံခါးပေါက်ထဲ ဝင်သွားပြီးသည့်နောက်တွင် ပွဲကြည့်သူအားလုံးက နိဗ္ဗာန်တာအိုမြို့သို့ ပြန်သွားကြလေသည်။

ဤအခိုက်အတန့်၌ သူတို့၏ တပည့်များ၏ ရလဒ်များကို မမြင်နိုင်ပေ။ သို့သော် နိဗ္ဗာန်တာအိုမြို့ထဲတွင်တော့ မြင်နိုင်လေသည်။ နိဗ္ဗာန်တာအိုမြို့ထဲတွင် ကြီးမားသော ဝင်ခွင့်ပြ ပိတ်ကားချပ်ကြီး တစ်ခုကို စိုက်ထူထားကာ ပိတ်ကားပေါ်တွင် ပြိုင်ပွဲဝင်အားလုံး၏ ဝင်ခွင့်နေရာများကို ပြသမည် ဖြစ်သည်။

……………………

အာကာပြင်ခြား တံခါးပေါက်ကို ဖြတ်ကျော်နင်းလိုက်သည့်အခိုက် မိုဝူကျိသည် သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ မြေကြီးအမာပေါ်သို့ သူ နင်းလိုက်သည့်အခါတွင်ကား သူ့အနီးအနားတွင် မည်သူမျှ ရှိမနေချေ။ သူ့ကို မီးခိုးရောင် မှုန်ဝါးဝါး အာကာပြင်က လွှမ်းခြုံ ဝန်းရံထားသည်။ မည်သည့် တိုက်ခိုက်မှုမျိုးမှ မခံစားမိသော်လည်း သူ့ဝန်းကျင် ပတ်ပတ်လည်တွင် တိုက်ခိုက်ရေးအမျိုးအစား အစီအရင်တစ်ခု ရှိနေမှန်း သူ ခံစားမိသည်။ အကယ်၍ သူသာ ခြေတစ်လှမ်းလောက် တိုးလိုက်ပါက တိုက်ခိုက်ရေးအမျိုးအစား အစီအရင်သည် သူ့ကို ပိတ်လှောင်ထားရန် တုန့်ဆိုင်းနေမည်မဟုတ်ဘဲ တိုက်ခိုက်မှုများ သူ့ဆီ အဆက်မပြတ် ပြင်းထန်စွာ ကျရောက်လာမည် ဖြစ်သည်။

မိုဝူကျိက သူ့စိတ်စွမ်းအားကို အပြင်ဘက်သို့ ပို့လွှတ်လိုက်သည်။ သိပ်မကြာမီပင် သူက ခေါင်းကို အသာခါလိုက်သည်။ ဤသည်မှာ အဆင့် ၂ နတ်ဘုရားအစီအရင် တစ်ခုမျှသာ ဖြစ်လေသည်။ ဤကဲ့သို့အစီအရင်မျိုးမှာ အမှတ် အလကားပေးနေသည်နှင့် မခြားပေ။

အသက်ရှိုက်စာ အနည်းငယ်အတွင်း မိုဝူကျိက ဤအစီအရင်ကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။ ခြေလှမ်းအနည်းငယ်ဖြင့် သူက ထိုအစီအရင်မှ လမ်းလျှောက် ထွက်လာလိုက်သည်။

အလွန့်အလွန် နက်လွန်းသော ချောက်နက်ကြီးတစ်ခုက မိုဝူကျိ ရှေ့တွင် ပေါ်လာလေသည်။ ချောက်နက်၏ အရှေ့ဘက်တွင် လမ်းကြောင်းရှိနေပုံ မပေါ်ပေ။ သို့သော် သူ နောက်ပြန်ဆုတ်လိုက်ပါက အစီအရင်ဆီ ပြန်ရောက်သွားမည် ဖြစ်သည်။

မိနစ်အနည်းငယ်စာလောက် လေ့လာကြည့်ပြီးနောက်တွင် ချောက်နက်ထဲ၌ အစီအရင်အလံတချို့ ဖုံးကွယ်ထားမှန်း မိုဝူကျိက သိလိုက်သည်။

ကြည့်ရသည်မှာ ဤချောက်နက်သည် ပြိုင်ပွဲဝင်၏ အစီအရင်ခင်းကျင်းနိုင်စွမ်းကို စမ်းသပ်ထားခြင်း ဖြစ်သည်။ မိုဝူကျိက အစီအရင်အလံ ၁၀ ခုကို အသာထုတ်ယူကာ ပစ်လွှတ်လိုက်သည်။ အသက်ရှိုက်စာ အနည်းငယ်အတွင်း သူ့အလံများမှာ ထိုဖုံးကွယ်ထားသော အလံများနှင့် ပေါင်းစည်းသွားကာ အဆင့် ၂ အာကာပြင် အစီအရင် တံတားတစ်ခုကို ဖြစ်ပေါ်သွားစေသည်။

မိုဝူကျိက အစီအရင်တံတားကို အလွယ်တကူ ဖြတ်ကျော်သွားလိုက်သည်။ သူ့ပတ်ဝန်းကျင်ကို မလေ့လာနိုင်ခင်ပင် မိုဝူကျိ၏ ပတ်ဝန်းကျင်မှာ တစ်ခါထပ်မံ၍ ပြောင်းလဲသွားပြန်သည်။

ကျောက်တုံးနှင့်သဲများက ရုတ်တရက် ပြိုဆင်းလာသည်။ ရှေ့သို့ အရူးအမူး ပြေးရုံသာ သူ တတ်နိုင်လေ၏။

သို့သော် သူ့ကို ကျောက်တုံးကြီးတစ်တုံးက ထိမှန်သွားဆဲ ဖြစ်သည်။

ကြည်လင်ပြတ်သားသည့် အာရုံတစ်ခုက သူ့အသိစိတ်ပင်လယ်အတွင်း၌ ရုတ်တရက် ပေါ်ပေါက်လာသည်။ မိုဝူကျိက ချက်ချင်း နားလည်သွားသည်။ ဤသည်မှာ ပုံရိပ်ယောင် အစီအရင်တစ်ခုပင်… ထို့အပြင် အဆင့် ၃ ပုံရိပ်ယောင် အစီအရင် ဖြစ်နေသည်။

စောစောက သူ ကြုံတွေ့လိုက်ရသည့် မြင်ကွင်းမှာ သူ ကမ္ဘာမြေပေါ်တွင် ရှိနေစဉ်က ဖြစ်ပျက်ခဲ့သည့် အရာ ဖြစ်သည်။ ထိုအချိန်တုန်းက သူ တောတောင်များအတွင်း ဆေးဖက်ဝင်အပင်များ ရှာဖွေနေစဉ် ကျောက်တုံးနှင့်သဲများ ရုတ်တရက် ပြိုဆင်းလာခြင်းနှင့် ကြုံလိုက်ရသည်။ ထိုနေရာမှာ သူ့ဘဝအား ထာဝရ ပြောင်းလဲသွားစေမည့် ချီသွေးကြောဖွင့်ခြင်း အဖြေ၏ တစ်ပိုင်းတစ်စကို ရရှိလိုက်သည့် နေရာလည်း ဖြစ်သည်။

မိုဝူကျိက တည်ကြည် လေးနက်သွားသည်။ သူသည် အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာတစ်ယောက် ဖြစ်သော်လည်း ပုံရိပ်ယောင် အစီအရင်များနှင့် သိပ်မကြုံဖူးပေ။ ဤပုံရိပ်ယောင် အစီအရင်အား မကြောက်သော်လည်း ဤအစီအရင်နောက်တွင် နောက်ထပ် အဆင့် ၄ ပုံရိပ်ယောင် အစီအရင် ရှိနေခြင်း၊ မရှိနေခြင်းအား သူ မသိပေ။ သူ စိုးရိမ်မိသည်မှာ ဤအစီအရင် တာအိုစစ်ဆေးမှုသည် ပြိုင်ပွဲဝင်တစ်ဦးချင်းစီအတွက် သီးသန့် ဖြစ်နေမည်ကို ဖြစ်သည်။ ထိုသို့ဆိုပါက အဆင့် ၅ နတ်ဘုရား အစီအရင်ကိုပင် သူ ရင်ဆိုင်ကောင်း ရင်ဆိုင်ရပေလိမ့်မည်။

သူ့မှာ အချိန် အလုံအလောက်ရှိပါက အဆင့် ၅ နတ်ဘုရား အစီအရင်ကို သူ ချိုးဖောက်နိုင်မည်ဟု မိုဝူကျိက ယုံကြည်သည်။ သို့သော် ဤသည်မှာ စစ်ဆေးဆုံးဖြတ်မှု ဖြစ်ကာ သူ့အချိန်မှာ ကန့်သတ်ခံထားရသည်။ နှင်းစက်စိမ်းဆန် စိုက်ပျိုးခြင်းကပင် အနည်းဆုံး ၆ လ ကြာပေလိမ့်မည်။ အကယ်၍ အစီအရင် တာအိုစစ်ဆေးမှုတွင် အချိန်အများကြီး ဖြုန်းပစ်လိုက်ပါက သူ့အတွက် အင်မတန် အကျိုးနည်းစေလိမ့်မည်။

မိုဝူကျိ၏ အစီအရင် တာအိုအဆင့်ဖြင့် ဤအဆင့် ၃ ပုံရိပ်ယောင် အစီအရင်ကို ချိုးဖောက်ရန် တစ်ရက်ပင် မလိုပေ။

သို့သော် မိုဝူကျိသည် ဤအစီအရင်နောက်တွင် အဆင့်ပိုမြင့်သော အစီအရင်များ ရှိနေမည်ကို စိုးရိမ်မိသည့်အပြင် ပုံရိပ်ယောင် အစီအရင်များနှင့် သိပ်မထိတွေ့ဖူးသည့် အဖြစ်ကိုလည်း စိုးရိမ်မိသည်။ ထို့ကြောင့် သူက ဤအဆင့် ၃ ပုံရိပ်ယောင် အစီအရင်ဖြင့် ပုံရိပ်ယောင် အစီအရင်များအကြောင်း လေ့လာရန် ဆုံးဖြတ်လိုက်သည်။

၁၀ ရက်ကြာပြီးနောက် မိုဝူကျိက မတ်တပ်ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အစီအရင်အတွင်းမှ လှစ်ခနဲ ပြေးသွားပြီးနောက် ကျောက်စိမ်းကျောက်တုံး တစ်တုံးပေါ်သို့ ဆင်းသက်လိုက်သည်။ ချက်ချင်းပင် လေဓားချက်များက မိုဝူကျိဆီသို့ ရုတ်တရက် ပစ်ဝင်လာသည်။ ပျာယာခတ်သွားမည့်အစား မိုဝူကျိက သက်ပြင်းချလိုက်သည်။

သူ ရင်ဆိုင်ရနေသည်မှာ အဆင့် ၄ အဆင့် ၅ အစီအရင်တွေ မဟုတ်ပေ။ အဆင့် ၃ အစီအရင်တစ်ခုသာ ဖြစ်၏။ ဤကဲ့သို့ အစီအရင်မျိုးသည် သူ့အား တစ်ခုခုလုပ်ရန် တကယ့်ကို မလုံလောက်ပေ။

***

All Chapters