ဘုရင်မ၏ အကြံအစည်
Vol. 003 Ch. 287
လို့လန်ရွှီက ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမ၏ အမူအရာက အေးစက် နေသော်လည်း သူမကိုယ်တိုင်က အနည်းငယ် ဆိုးရွားသည်ဟု တွေးသော်လည်း သူမ၏ မျက်လုံးများက ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေသည်။ အတန်ကြာလျှင် သူမက ခေါင်းယမ်းလျက် ပြောသည်... “ငါက စိတ်လိုက်မာန်ပါ လုပ်တာ မဟုတ်ဘူး...”
ယိရှောင်ရှီက လျှောက်လာကာ ရီဖူရှင်း၏ ပခုံးအား ပုတ်လိုက်သည်... “ညီငယ်လေး...” သူက ပြုံးလျက် ပြောသည်... “ဝန်ခံလိုက်ပါ...” မင်း ဘယ်လောက် အထိ အစ်မနှစ်ရှေ့မှာ ဟန်ဆောင် နေနိုင်မလဲ... ဟင်း...။
ယိရှောင်ရှီ၏ မျက်နှာပေါ်မှ စိတ်ပျက်ဖွယ်ရာ အပြုံးကို မြင်လျှင် ရီဖူရှင်းက သူ့အား အမှန် ရိုက်နှက်ချင်သည်။ သို့သော် ဝမ်းနည်းစရာက သူက ယိရှောင်ရှီအား နိုင်မည် မဟုတ်ပေ။
“သမီးတော်... ကျုပ်မှာ ချစ်သူရှိတယ်လို့ နန်းတော်မှာ ကတည်းက ပြောပြီးပြီ မဟုတ်ဘူးလား... မင်းလည်း သူ့ကို မြင်ပြီးပြီပဲ...” ရီဖူရှင်းက လို့လန်ရွှီအား ကြည့်သည်။ ဟွာဂျီယူက မှန်တောင်ကုန်းကို ရောက်လာသောအခါ သူမကလည်း ရှိနေသည်။
“ငါစိတ်ထဲ မထားဘူး...” လို့လန်ရွှီက ခေါင်းယမ်းလျက် ပြောသည်။
“အာ...” ငွေရောင်ဆံပင်နှင့် မိန်းကလေးအား ကြည့်ကာ ရီဖူရှင်း ပါးစပ်ပိတ် လိုက်သည်။ သူမက ဘာတွေကို စဉ်းစားနေသနည်း။
“ဘယ်လောက် ကြောက်စရာ ကောင်းလိုက်လဲ...” ယိရှောင်ရှီက ပျော်ရွှင်စွာ မှတ်ချက်ချသည်။
ကျူးကော့ဟွေနှင့် ပေ့ထင်ရှင်းအာတို့က ထိုမြင်ကွင်းကို ပြုံးလျက် ကြည့်နေကြသည်။ သူတို့က မည်သို့မှ မပြောကြပေ။ သူတို့က ရီဖူရှင်းအား တိတ်ဆိတ်စွာ ကြည့်နေကြသည်။
“သမီးတော်... ဟာသ မပြောပါနဲ့...” ရီဖူရှင်းကား မျက်ရည်များ ထွက်လုမတတ်ပင်။ သူတို့ အချင်းချင်း သိခဲ့ကြသည်မှာ ဘယ်လောက် ကြာသေးလို့လဲ။
ရီဖူရှင်း၏ ငြင်းပယ်မှုကို ကြားပြီးနောက် လို့လန်ရွှီ၏ ငွေရောင် မျက်လုံးဝိုင်းများက စိတ်ပျက်ဟန်များကို တွေ့ရသည်။ သို့သော်လည်း စိတ်ထဲတွင်မူကား အနည်းငယ် ပျော်ရွှင်မိသည်။ ရီဖူရှင်းက သည်အတိုင်း လက်ခံလိုက်ပါက သူမက ပိုမို၍ စိတ်ပျက်မိမည် ဖြစ်သည်။
သူမက သူမ၏ အမေ ခိုင်းသည့်အတိုင်း လုပ်ခြင်းသာ ဖြစ်သည်။ ရှေးဟောင်း လို့လန်တွင် သူမ သဘောကျသူကို ရှာဖွေရန် အလွန် ခက်ခဲပေသည်။ သူမနှင့် ဆက်ဆံမှု ရှိသောသူများ အားလုံးမှာ သူမထက် အဆင့်နိမ့်ကြသည်။ ရှေးဟောင်း လို့လန်၏ သမီးတော်က မျိုးဆက်ထားခဲ့ရန် လိုအပ်ပေသည်။ မဟုတ်လျှင် သူမက လို့လန်တွင် ထာဝရ ပိတ်မိနေလိမ့်မည်။
ရီဖူရှင်းကား အလွန် သင့်တော်သည်။ သူကား ချောမောကာ ပါရမီမြင့်သည်။ ရှေးဟောင်း မြေရိုင်းဒေသမှ သူ၏ စွမ်းဆောင်ရည်များကို သူမက မှတ်မိနေဆဲ ဖြစ်သည်။ သူမက ရီဖူရှင်းအား အလွန် သဘောကျလှသည် မဟုတ်သော်လည်း ရီဖူရှင်း အပေါ်တွင် သူမက ကောင်းမွန်သော အမြင်ရှိသည်။ သူက အလွန် ကောင်းမွန်သော ရွေးချယ်မှု ဖြစ်သည်။ ထို့အပြင် သူမအမေ၏ အတွေး တချို့ကြောင့်လည်း ဖြစ်သည်။
“အမေက နင့်နောက်ကို လိုက်ဖို့ ငါ့ကိုပြောတယ်... ငါ သဘောတူတယ်...” လို့လန်ရွှီက ရီဖူရှင်းအား ကြည့်သည်... “ရှေးဟောင်း လို့လန်မှာ နင်က အစေခံ မခေါ်ခဲ့ဘူးလား... ငါလည်း နင့်ကို ပြုစုနိုင်တယ်...”
ရီဖူရှင်းက သူမအား ငိုတော့မည့် မျက်နှာဖြင့် ကြည့်သည်။ လို့လန်ရွှီက မည်သို့သော မိန်းကလေး ဖြစ်သည်ကို သူသိသည်။ သူမကား အေးစက်သော မိန်းမလှဖြစ်ကာ ရှေးဟောင်းလို့လန်၏ သမီးတော် ဖြစ်သည်။ သူမက အစေခံ လုပ်လိုလျှင်ပင် အစေခံ အလုပ်များကို သူမက မည်သို့ သိမည်နည်း။ ထိုအရာက ဟာသဖြစ်သည်။
“သမီးတော်... ဘုရင်မက အတင်း ခိုင်းခဲ့တာလား...” ထိုမိန်းမကြီးအား တွေးမိကာ ရီဖူရှင်းက ပြောသည်။ ထိုမိန်းမက သူ့အားလည်း လို့လန်ရွှီနှင့် အတင်း လက်ထပ်ခိုင်းခဲ့သည်။ သူမက လို့လန်ရွှီအားလည်း အတင်း ခိုင်းနိုင်သည်။
“မဟုတ်ဘူး... ဒါက ငါ့သဘောလည်း ပါတယ်...” လို့လန်ရွှီက ပြောသည်... “ငါက တစ်စုံ တစ်ယောက်ကို မပြုစုတတ်ဘူးလို့ နင်ထင်ရင် ငါက သင်ယူလို့ ရတယ်...”
“ငါက ကော့တေးမှာ လေ့ကျင့်နေတယ် ... ငါက သမီးတော်ကို ဂရုစိုက်ခိုင်းဖို့ အခွင့်အရေး မရှိဘူး...” ရီဖူရှင်းက ပြောသည်... “ကော့တေးက လက်ခံမှာ မဟုတ်ဘူး...” သူက လို့လန်ရွှီအား လက်ခံ၍ မဖြစ်ရာ အစ်မနှစ်အား အားကိုးမှသာ ဖြစ်တော့မည်။ ရီဖူရှင်းက ကျူးကော့ဟွေအား သနားစဖွယ် ကြည့်သည်။
လို့လန်ရွှီက သူမအား အနည်းငယ် ကြောက်လန့်ဟန်ဖြင့် ကြည့်သည်။ ကျူးကော့ဟွေက ရီဖူရှင်းအား ကြည့်သည်။ သည်ကောင်က သူမအား လူဆိုး လုပ်စေချင်သည်လား။
သူမက လို့လန်ရွှီအား ကြည့်ကာ ပြုံးလိုက်သည်... “သူမက အစေခံ လုပ်နိုင်တယ် ဆိုရင်တော့ ငါက ခြွင်းချက် အနေနဲ့ သူမကို နေခိုင်းလို့ ရတယ်...” သူမက လို့လန်ရွှီ၏ အမူအကျင့်ကို လွန်စွာ စိတ်ဝင်စားနေသည်။
“အာ...” ရီဖူရှင်းက ကျူးကော့ဟွေအား ကြည့်သည်။ သူမက အမှန်ပင် ခြွင်းချက်ထားကာ ခွင့်ပြုခဲ့သည်။
“ကျေးဇူးတင်ပါတယ်... စီနီယာ...” လို့လန်ရွှီ၏ မျက်နှာက ပြုံးရောင်သန်း သွားသည်။ သူမက ပျော်ရွှင်သွားဟန် ရ၏။
ကျူးကော့ဟွေက သူမအား လေးနက်စွာ ကြည့်ကာ ပြောသည်... “မင်းက မောင်ငယ်လေးနဲ့ အတူနေပြီး သူ့ကို ဂရုစိုက်လို့ရတယ်...”
“ကောင်းပြီ...” လို့လန်ရွှီက အသာအယာ ခေါင်းညိတ်သည်။ ထို့နောက် သူမက ရီဖူရှင်းအား ပြောသည်... “အမေကလည်း ဒီကို ရောက်နေတယ်... အခု စာအုပ်တောင်နဲ့ သိပ်မဝေးတဲ့ နေရာက စောင့်နေတယ် ... အမေက နင့်ကို တွေ့ချင်တယ်...”
“မသွားဘူး...” ရီဖူရှင်းက ပြတ်သားစွာ ပြောသည်။ ထိုမိန်းမကား ပြဿနာပေးကာ ရင်ဆိုင်ရ ခက်ခဲသည်။
“စိတ်အေးအေး ထားပါ... သူက နင့်ကို အရမ်း ခက်ခဲအောင် မလုပ်ပါဘူး...” လို့လန်ရွှီက ပြောသည်။
ရီဖူရှင်းက မျက်လုံး ပြူးသွားသည်...“သူမက ဒါတွေ အကုန်လုံးကို စီစဉ်ခဲ့တာလား...”
ရီဖူရှင်းက သူ့အား တိတ်ဆိတ်စွာ ကြည့်ကာ မည်သို့မှ ပြန်မပြောပေ။
ရီဖူရှင်းက ထိုအေးစက်သော မိန်းမလှရှေ့တွင် တင်းမာနိုင်စွမ်း မရှိပေ။ သူ ဘာလုပ်နိုင်မည်နည်း... “ကောင်းပြီ... ငါမင်းနဲ့ လိုက်ခဲ့မယ်...”
“အင်း...” လို့လန်ရွှီက ခေါင်းညိတ်သည်။
ထို့နောက် ရီဖူရှင်းက ကျူးကော့ဟွေအား ပြောသည်... “အစ်မနှစ်... ကျွန်တော် သွားလိုက်ဦးမယ်...”
“ကောင်းပြီ...” ကျူးကော့ဟွေက ပြုံးလျက် ခေါင်းညိတ်သည်။
လို့လန်ရွှီက ရီဖူရှင်းအား တောင်အောက်ကို ခေါ်သွားသည်။ သူတို့ ထွက်သွား သော်လည်း ကျူးကော့ဟွေကား ပြုံးနေဆဲ ဖြစ်သည်။
“အစ်မနှစ်...” ပေ့ထင်ရှင်းအာက ခေါ်လိုက်သည်...“ဘာလို့ သဘော တူလိုက်တာလဲ...”
ကျူးကော့ဟွေက အဝေးကို ပျောက်ကွယ် သွားသော ရီဖူရှင်းတို့အား ကြည့်ကာ ရယ်မောလိုက်သည်... “တခြား တစ်ယောက်က ဒီလိုလုပ်ရင် သူမက ကော့တေးမှာ နေချင်လို့ တမင် လုပ်တယ်လို့ ငါထင်မိလိမ့်မယ်... ဒါပေမဲ့ ဒီမိန်းကလေးက အရမ်း ချစ်စရာ ကောင်းတယ်လို့ ငါက ဘာလို့ ထင်ရတာလဲ...”
ပေ့ထင်ရှင်းအာနှင့် ယိရှောင်ရှီတို့၏ မျက်လုံးက ပြူးကျယ် သွားကြသည်။ ရုပ်ချောခြင်းကား အရာအားလုံးကို အဆင်ပြေစေသည်။
စာအုပ်တောင်မှ ဆင်းလာပြီးနောက် သူတို့က လွတ်နေသော ကွင်းပြင်ထဲကို ရောက်လာသည်။ သိမ်းငှက်နက်က သူ၏ အတောင်ပံများကို ဖြန့်လျက် လေဟုန်စီးကာ တောင်အောက်မှ ဆင်းလာသည်။ ရီဖူရှင်းနှင့် လို့လန်ရွှီတို့က တစ်ယောက်နှင့် တစ်ယောက် စကား မပြောဖြစ်ပေ။ သူတို့ နှစ်ယောက်လုံး တိတ်ဆိတ်နေသည်။
“ငါ အရှက်မဲ့တယ်လို့ နင်ထင်လား...” လို့လန်ရွှီ၏ အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။
“မထင်ဘူး...” ရီဖူရှင်းက ခေါင်းယမ်းသည်။
“ကော့တေးကို ငါ့ရဲ့ ပါရမီနဲ့ ဝင်ရမှာ မဟုတ်ဘူးလို့ အမေက ပြောတယ်... ဒါကြောင့် ငါက ကော့တေးမှာ လေ့ကျင့်ချင်တယ် ဆိုရင် ငါက နင့်ကို အသုံးပြုမှရမယ်...”
ဒီအကြံက ထိုမိန်းမကြီး ဖြစ်မည်ကို သူ သိပြီးသား ဖြစ်သည်။ ရီဖူရှင်းက တွေးလိုက်သော်လည်း သူက ထုတ်ပြော၍ မရပေ။ သူက လို့လန်ဘုရင်မအား သူမ၏ သမီးရှေ့တွင် အပြစ်တင်၍ မရပေ။
“ဒါပေမဲ့ အမေရဲ့ သဘော တစ်ခုတည်းလည်း မဟုတ်ဘူး... ငါလည်း သဘောတူခဲ့တယ်...” လို့လန်ရွှီက ရီဖူရှင်း၏ အကြည့်ကို ရှောင်လွှဲကာ အဝေးကို ကြည့်သည်။ သူမက ရေခဲတမျှ အေးစက်သည့်တိုင် ရှက်ရွံ့ပေသည်။
“အင်း...” ရီဖူရှင်းက ခေါင်းညိတ်သာ မည်သို့မှ မှတ်ချက် မချပေ။ လူတိုင်းက ကော့တေးကို ဝင်ရောက် လိုကြသည်။
ရှေးဟောင်း လို့လန်၏ ဘုရင်မက လို့လန်အား ယခင် ခမ်းနားမှုများကို ပြန်လည် ရယူရန် ရီဖူရှင်းနှင့် လို့လန်ရွှီအား လက်ထပ် စေလိုသည်။ ယခု သူမ၏ သမီးက အရှေ့မြေရိုင်း ဒေသတွင် လာရောက် လေ့ကျင့်သည်။ ထို့ကြောင့် သူမကလည်း လို့လန်ရွှီအား အင်အား အကြီးဆုံး နေရာသို့ စေလွှတ် လိုသည်မှာ ထင်ရှားသည်။ လူတိုင်းက ကော့တေးအား သိသည်။ လို့လန် ဘုရင်မလည်း သိသည်။ ရီဖူရှင်းက ကော့တေးတွင် လေ့ကျင့်နေရာ သူမက ဤသို့သော နည်းလမ်းကို စဉ်းစားမိမည် ဖြစ်ပေသည်။
အတန်ကြာလျှင် သူတို့က ထျန်းရီမြို့၏ အိမ်တစ်လုံးသို့ ရောက်ရှိ လာကြသည်။ ရီဖူရှင်းက အထဲကို ဝင်လိုက်လျှင် စွမ်းအားမြင့် တန်ခိုးရှင်များ အများအပြား ရှိနေသည်ကို တွေ့ရသည်။ လို့လန်ဘုရင်မက ကိုယ်တိုင် ရောက်လာသည်။ လူအများက သူမအား ဦးညွှတ်ကြသည်။ ရီဖူရှင်းက သူမအား အဆောင်ငယ် တစ်ခုထဲတွင် တွေ့ရသည်။ ဤတစ်ကြိမ်တွင်ကား သူက ဘုရင်မအား အလွန် လေးစားသော အပြုအမူ မရှိတော့ပေ။ သူက လို့လန် ဘုရင်မအား တည့်တည့် စိုက်ကြည့် နေသည်။
“ဘာလဲ... မင်းက ငါ့ကို ဒီလောက်တောင် သဘောမကျဘူးလား...” ရီဖူရှင်းက သူမအား အေးစက်စွာ ကြည့်နေသည်ကို လို့လန်ဘုရင်မ မြင်သည်။
“မဟုတ်ပါဘူး... ကျွန်တော် မလုပ်ရဲပါဘူး...” ရီဖူရှင်းက ပြောသည်။
“မင်းက အခု ကော့တေးရဲ့ တပည့်ပဲ... ငါက မင်းကို ဘာမှလုပ်လို့ မရဘူး... အရှေ့မြေရိုင်း ဒေသက ဘယ်သူမှ ဘာမှ လုပ်လို့ မရဘူး...” ဘုရင်မက အေးစက်စွာ ပြောသည်။ ထို့နောက် သူမက လို့လန်ရွှီအား ကြည့်သည်...“သူက သဘော မတူခဲ့ဘူးမလား...”
လို့လန်ရွှီက ခေါင်းယမ်းလျက် ရေရွတ်သည်... “ဒါပေမဲ့ ကော့တေးက စီနီယာက ပြောတာတော့ သမီးက သူ့ရဲ့ အစေခံ လုပ်ချင်ရင် ကော့တေးမှာ နေခွင့်ပြုမယ်တဲ့...”
ဘုရင်မက ခေါင်းညိတ်သည်။ သူမက လက်ခံနိုင်ပေသည်။ သို့သော်လည်း သူမက ရီဖူရှင်းအား ကြည့်ကာ ပိုမို၍ မပျော်မရွှင် ဖြစ်လာသည်... “ငါက မင်းကို ငါ့ရဲ့ သမီးကို ပေးတယ်... မင်းက တကယ်ပဲ သူမကို အစေခံအဖြစ် သဘောထား ရဲတယ်ပေါ့... ကောင်းတယ်...” သူမက ငေါ့တော့တော့ ပြောသည်...“ငါ့သမီးက မလှလို့လား...”
“ဘုရင်မ... ခင်ဗျားက အရမ်း ခက်တာပဲ... ခံစားချက်က အတင်း လုပ်ယူလို့ မရဘူး... ကျုပ်တို့ သိကြတာ ဘယ်လောက် ကြာသေးလို့လဲ... ပြီးတော့ ကျုပ်မှာ ချစ်သူရှိတယ် ဆိုတာ သမီးတော်နဲ့ ခင်ဗျားတို့ သိကြတာပဲ... ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ...” ရီဖူရှင်းက ပြောသည်... “ခင်ဗျား ပြောသလိုပဲ... လို့လန်ရွှီက အရမ်း ပါရမီ ပါတယ်... ခင်ဗျား သမီးကို ဘာလို့ ဒီလိုတွေ လုပ်ခိုင်းရတာလဲ...”
“လောကမှာ ရှိတဲ့ လူတိုင်းက မင်းလို ပါရမီ ကောင်းမယ်ဆိုရင် ငါတို့မှာ ကော့တေးလို အင်အားကြီးတဲ့ လူတွေက ထောက်ပံ့ပေးမယ့် လူတွေ ရှိရင် ငါတို့က ဒါတွေကို သိပ်ဂရုစိုက်မှာ မဟုတ်ဘူး...” ဘုရင်မက ငေါက်ငမ်း လိုက်သည်... “သူမက အခုကစပြီး ကော့တေးမှာ လေ့ကျင့်တော့မယ်... ပြင်ပမှာ သူမက မင်းရဲ့ အစေခံပဲ... ဒါပေမဲ့ မင်းက သူမကို အနိုင်ကျင့် ရဲရင်လား...”
ရီဖူရှင်းက သူမအား ဆွံ့အစွာ ကြည့်သည်။
“ငါကလည်း မင်းကို ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး... ငါက အခု မင်းကို ရှေးဟောင်း လို့လန်ရဲ့ သားတော် အဖြစ် အပ်နှင်းမယ်... စိတ်မပူပါနဲ့ ဒါက အရင်တုန်းက ဘယ်တုန်းကမှ မရှိခဲ့တဲ့ နေရာတစ်ခုပဲ... မင်းက ဘာတာဝန်မှ ယူစရာ မလိုဘူး... ဒါပေမဲ့ မင်းမှာ အင်အား ရှိလာမယ်... အခုကစပြီး မင်းက ရှေးဟောင်း လို့လန်မှာ ငါပြီးရင် အာဏာ အမြင့်ဆုံးပဲ... ဒီတံဆိပ်က ငါ့ကို ကိုယ်စားပြုတယ်...” ဘုရင်မက ရီဖူရှင်းထံသို့ တံဆိပ်ပြားတစ်ခု ပစ်ပေးလိုက်သည်။ ရီဖူရှင်းက တစ်စုံတစ်ခု ပြောဟန် ပြင်သည်ကို မြင်လျှင် သူက ဆက်ပြောသည်... “ငြင်းဖို့ အလျင်မလိုနဲ့ဦး... မင်းက ကော့တေးက ဆိုမှတော့ မင်းက ရှေးဟောင်း လို့လန်ကို မလိုဘူးဆိုတာ ငါသိတယ်... ဒါပေမဲ့ လုပ်ကြံမှုကို ကြုံတွေ့ ရပြီးနောက် မင်းရဲ့ အစ်ကိုတွေက မင်းကို အမြဲ ကာကွယ် ပေးနိုင်မယ် ထင်လား...”
ရီဖူရှင်းက သူမ၏ စကားက အဓိပ္ပာယ် ရှိသည်ဟု ခံစားမိသည်။ အရှေ့မြေရိုင်း ဒေသတွင် မည်သူမှ သူ့အား မလုပ်ကြံရဲ သော်လည်း အရာအားလုံးကို ပုံသေ သတ်မှတ်၍ မရပေ။ သူ၏ အစ်ကိုများ ကလည်း လေ့ကျင့်ရန် လိုပေသည်။ သူတို့က ရီဖူရှင်း၏ ဘေးတွင် အချိန်တိုင်း မနေနိုင်ပေ။
“လာကြ...” ဘုရင်မက ခေါ်လိုက်သည်။ စွမ်းအားမြင့် တန်ခိုးရှင် ကိုးဦးက အဆောင်ထဲကို ဝင်လာကြသည်။ သူတို့အားလုံးက ငွေရောင် ချပ်ဝတ်များကို ဝတ်ဆင် ထားကြကာ လွန်စွာ အားကောင်းပုံ ရနေသည်။ သူတို့၏ ထက်ရှသော မျက်လုံးများက မမြင်ရသော စွမ်းအား အငွေ့အသက်များ ဖုံးလွှမ်းနေကာ ရီဖူရှင်းအား ကြည့်ကြသည်။
“သားတော်ကို ဦးညွှတ်ကြ...” ဘုရင်မက အေးစက်စွာ ပြောသည်။
“လို့လန် ငွေသက်တော်စောင့် များက သားတော်ကို နှုတ်ဆက်ပါတယ်...” သူတို့ ကိုးယောက်က တစ်ပြိုင်နက်တည်း ပြောကာ ဦးညွှတ် အရိုအသေ ပြုကြသည်။
“လို့လန် ငွေသက်တော်စောင့် တွေက လို့လန်ရဲ့ သက်တော်စောင့်တွေပဲ... သူတို့က အစောင့်တွေရဲ့ ဗိုလ်ချုပ်တွေပဲ... အားလုံးက နိုဘယ် တန်ခိုးရှင်တွေ ဖြစ်တယ်... အခုကစပြီး သူတို့က မင်းအမိန့်ကို နာခံကြလိမ့်မယ်... သူတို့ရဲ့ သစ္စာရှိမှုကို မင်းက သံသယ ဖြစ်စရာ မလိုဘူး...” ဘုရင်မက ဆက်ပြောသည်။
ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ ဤမိန်းမကား သူ့အား လွန်စွာ သဘောမကျဟန် ရသော်လည်း သူမ၏ အပြုအမူများမူကား ဆန့်ကျင်ဘက် ဖြစ်သည်။ နိုဘယ် ကိုးယောက်အား လက်ဝယ် ပိုင်ဆိုင်ရမည့်အပေါ် သူက အနည်းငယ် လောဘ တက်မိပေသည်။
ရီဖူရှင်း၏ အမူအရာကို မြင်လျှင် ဘုရင်မက စိတ်ထဲမှ ဆဲရေးလိုက်သည်။ ငါ့ကို တိုက်ခိုက်ချင်တာလား။ မင်းက ငါ့လက်ထဲက မလွတ်ပါဘူး။
***