← Chapters

နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သို့ ဝင်ရောက်ခြင်း

Vol. 72 Ch. 997

နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သို့ ဝင်ရောက်ခြင်း

Vol. 72 Ch. 997

“ကျီဖေးယန်၊ ကြယ်ဖုံးတောင် တပည့်၊ စုစုပေါင်း ရမှတ် (၅၉၉)၊ အဆင့်(၁)”

လူတစ်ယောက်က ပိတ်ကားပေါ်မှ စာသားများကို ဖတ်ပြလိုက်သည်။

“(၅၉၉)မှတ်လား။ ကျုပ် မှတ်မိသလောက်တော့ ခြောက်ခုမြောက် စစ်ဆေးမှုအပြီးမှာ သူ့အမှတ်က (၄၇၉)ပါ။ ဒါဆို သူက တိုက်ခိုက်ရေး စစ်ဆေးမှုမှာ (၁၂၀)မှတ်ရတယ်ဆိုတဲ့ သဘောလား။ (၁၂၀)မှတ်တောင်… ဒါက…”

“မင်း မြင်တာ မမှားဘူး။ ကျီဖေးယန်မှာ ဒီလိုအရည်အချင်း တကယ်ရှိတယ်ကွ။ ခုနှစ်ခုမြောက် စစ်ဆေးမှုအတွက် စည်းကမ်းချက်တွေအရဆို ကနဦးနတ်ဘုရားအဆင့် ၈ အရုပ်ကို နိုင်ရင်(၆၀)မှတ်၊ ကနဦးနတ်ဘုရားအဆင့် ၉ အရုပ်ကို နိုင်ရင်(၇၀)မှတ်၊ ကောင်းကင်နတ်ဘုရားအဆင့် ၁ အရုပ်ဆို (၈၀)မှတ်၊ ကောင်းကင် နတ်ဘုရားအဆင့် ၂ အရုပ်ဆို (၉၀)မှတ်၊ ကောင်းကင်နတ်ဘုရားအဆင့် ၃ အရုပ်ဆို (၁၀၀)မှတ်၊ ကောင်းကင်နတ်ဘုရားအဆင့် ၄ အရုပ်ဆို (၁၂၀)မှတ်… အဲ့လို ရမှာတဲ့။ ဆိုလိုတာက ကျီဖေးယန်က ကောင်းကင်နတ်ဘုရားအဆင့် ၄ အရုပ်ကို အနိုင်တိုက်နိုင်ခဲ့တယ်လို့ ပြောရမှာပေါ့”

“ပြီးပြည့်စုံခြင်းအဆင့် ကနဦးနတ်ဘုရားတစ်ယောက်က ကောင်းကင်နတ်ဘုရားအဆင့် ၄ ကို အနိုင်တိုက်နိုင်တယ်… ဒါက…”

ဤအချိန်တွင် ကျင့်ကြံဆင့်နိမ့်သည့် တပည့်များ မဆိုနှင့် ဂိုဏ်းကြီးများ၏ နတ်ဘုရားဘုရင် ပညာရှင်များပင် ဆွံ့အသွားရသည်။ ကျီဖေးယန်သည် ဖြစ်နိုင်စရာ မရှိလောက်သည်အထိကို အားကောင်းနေသည်။ အကယ်၍ ကျီဖေးယန်သာ နတ်ဘုရားဘုရင်အဆင့် ရောက်သွားပါက သူသည် နတ်ဘုရားဘုရင်များအနက် ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မည်အား စိတ်ကူးကြည့်၍ ရပေသည်။

ပြီးပြည့်စုံခြင်းအဆင့် ကနဦးနတ်ဘုရားနှင့် ကောင်းကင်နတ်ဘုရားအဆင့် ၄ ပင်ဖြစ်လင့်ကစား ကနဦးနတ်ဘုရားနှင့် ကောင်းကင်နတ်ဘုရားအကြားတွင် ကွာခြားချက်အကြီးကြီး ရှိသည်။

ကံမကောင်းစွာပင် သူသည် ကြယ်ဖုံးတောင် ဂိုဏ်းသား ဖြစ်နေသည်။ နတ်ဘုရားကုန်းမြေတစ်ခုလုံးတွင် ကြယ်ဖုံးတောင်သည် ထိပ်တန်း တည်ရှိမှုမျိုးတစ်ခု ဖြစ်သည်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ကသာ ဦးမဆောင်သရွေ့ မည်သူမျှ ကြယ်ဖုံးတောင်အား အပြစ်ပြုရန် ဆန္ဒရှိမည် မဟုတ်ပေ။ ကျောင်းတော်ထဲရှိ ကြယ်ဖုံးတောင်အခွဲကပင် အင်မတန် အားကောင်းလေ၏။

“ရှုကျယ်၊ ကျင့်ကြံသူများ အစုံအရုံးအဖွဲ့တပည့်၊ စုစုပေါင်းရမှတ်(၅၇၁.၅)၊ အဆင့်(၂)”

“စစ်ခုန်းမြောင်၊ နတ်ဓားသွား နန်းတော်တပည့်၊ စုစုပေါင်းရမှတ်(၅၆၁)၊ အဆင့်(၃)”

“ပိုင်ယွဲ့၊ နယ်လှည့်ကျင့်ကြံသူ၊ စုစုပေါင်း ရမှတ်(၅၅၃.၂)၊ အဆင့်(၄) ”

……………………

“နောက်ထပ် နယ်လှည့်ကျင့်ကြံသူ တစ်ယောက်လား”

“နောက်ထပ် နယ်လှည့်လေလွင့်ကျင့်ကြံသူ မလား။ အစောပိုင်းတုန်းကလည်း နယ်လှည့်ကျင့်ကြံသူ၂၇၀၅ ပါလာတယ်လေ”

“အဲ့ဒီနယ်လှည့်ကျင့်ကြံသူ၂၇၀၅ က တိုက်ခိုက်ရေး စစ်ဆေးမှုမှာ သေသွားလောက်ပြီနေမှာ။ တိုက်ခိုက်ရေး စစ်ဆေးမှုက နှင်းစက်စိမ်းဆန် စိုက်တာနဲ့ မတူဘူး။ တကယ်လို့ မနိုင်ခဲ့ဘူးဆိုရင် အပြင် ပြန်ပို့ခံရမှာ မဟုတ်ဘူး။ အဲ့ဒီအစား အဲ့နားတင် အသတ်ခံရမှာလေ”

“လော့ရှန်းကျောင်း၊ အစစ်အမှန် နတ်ဘုရားလမ်းစဉ် တပည့်၊ စုစုပေါင်းရမှတ်(၅၃၀)၊ အဆင့်(၇)”

……………………

“ကိုင်ဟွားဟောင်၊  ပြန်လည်မွေးဖွားခြင်း နတ်ဘုရားတာအိုတပည့်၊ စုစုပေါင်းရမှတ်(၅၁၅)၊ အဆင့်(၁၀)”

အဆင့်နေရာလွတ်များစွာ ကျန်သေးသော်လည်း ဂိုဏ်းအများစုမှာ တော်တော်လေး စိတ်ပျက်နေပြီ ဖြစ်သည်။ အကြောင်းမှာ သူတို့ဂိုဏ်းနာမည်ကို ထိပ်ဆုံး ၁၀ ယောက်ထဲတွင် မတွေ့ရသောကြောင့် ဖြစ်သည်။ သူတို့တွေ ထိပ်ဆုံး ၁၀ ယောက်ထဲ မဝင်သရွေ့ ထိပ်ဆုံး ၅၀၀ ယောက်ထဲ ပါခဲ့လျှင်ပင် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲသို့ လက်ရွေးစင်မျိုးဆက် တစ်ယောက်လောက်သာ ထားရှိပျိုးထောင်နိုင်မည် ဖြစ်သည်။

“မိုဝူကျိ ပါမလာဘူး”

ရန်ဖေးက စိတ်သက်သာသွားကာ သက်ပြင်းချလိုက်၏။ ယခင်က သူ မိုဝူကျိအား နိဗ္ဗာန်တာအိုမြို့ထဲတွင် မရှာနိုင်ခဲ့သဖြင့် မိုဝူကျိ ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်သွားမည်ကို စိုးရိမ်နေမိသည်။

“ဟိုမှာ… ဟိုမှာ… သူ့နာမည် ပါလာပြီ”

ယွီလောက ရုတ်တရက် အံ့သြဝမ်းသာစွာ ပြောလိုက်သည်။ သူမက စိတ်ရင်းနှင့် မိုဝူကျိအတွက် ဝမ်းသာမိလေသည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်တို့မှာ ပိတ်ကားပေါ်သို့ ရောက်နေသည်။ နယ်လှည့်ကျင့်ကြံသူ၂၇၀၅ ဟူသည့်နာမည်က ပိတ်ကားပေါ်တွင် ပေါ်လာသည်။

“နယ်လှည့်ကျင့်ကြံသူ၂၇၀၅၊ လေလွင့်ကျင့်ကြံသူ၊ စုစုပေါင်းရမှတ်(၄၈၂.၅)၊ အဆင့်(၂၂)”

ရှင်းဝမ်၏ မျက်နှာပေါ်မှ အမူအယာမှာ ပြေလျော့သွားသည်။ သူက ချီခွန်းကို ပြောလိုက်သည်။

“ဒီလူက မဆိုးဘူး… တိုက်ခိုက်ရေး စစ်ဆေးမှုမှာ အမှတ်(၇၀)တောင် ရလိုက်တယ်။ သူ့ဝိညာဉ်ကြော အရည်အသွေးက ဘာပဲဖြစ်နေနေ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ ဝင်နိုင်လိုက်တယ်ဆိုတာက သူမှာ အလားအလာကောင်းတဲ့ အနာဂတ် ရှိလာမယ်ဆိုတဲ့ သဘောပဲ။ ချီခွန်း… မင်း အားတဲ့အချိန်ကျရင် သူနဲ့ ပုံမှန်အဆက်အသွယ် ရအောင်လုပ်။ တောင်သခင် လောင်၊ အကြီးအကဲစု၊ အကြီးအကဲရန်… ကျုပ် သွားနှင့်ပြီ”

ထိုသို့ပြောကာ ရှင်းဝမ်၏ ပုံရုပ်က ဖျက်ခနဲ ဖြစ်သွားပြီး နိဗ္ဗာန်တာအိုမြို့ရင်ပြင်မှ ပျောက်ကွယ်သွားသည်။

မိုဝူကျိ၏ အဆင့်(၂၂)နေရာသည် အဆင့်(၅၀၀)နေရာနှင့် ထူးမခြားနားပေ။ အနည်းဆုံးတော့ မိုးကောင်းကင်နတ်ဘုရားဂိုဏ်းအတွက် မိုဝူကျိသည် အဖိုးမတန်တော့ပေ။

…………………

နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ရင်ပြင်တွင် သူ့နာမည်ကို အဆင့်(၂၂)နေရာ၌ မြင်လိုက်ရချိန်တွင် မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူ့အတွက်မူ သူ၏ ရည်မှန်းချက်ကို အောင်မြင်ရရှိသွားပြီ ဖြစ်သည်။

“ဝူကျိ… ရှေ့နားက နာမည်တွေကို လိုက်ဂရုစိုက်မနေနဲ့။ ငါတို့တွေ ဝင်နိုင်ခဲ့ရင်တောင် ငါတို့နာမည်တွေက နောက်နားမှာပဲ ရှိလောက်တယ်။ တကယ်လို့ ငါ ကျောင်းတော်ထဲ ဝင်ခဲ့ရင် မင်းအတွက် အစေခံဂိုဏ်းထဲမှာ နေရာတစ်နေရာ ရအောင် ကူညီပေးမယ်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ အစေခံဂိုဏ်းထဲကို ဝင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးကွ”

မိုဝူကျိက အစီအရင်ပိတ်ကားအပေါ် အာရုံစိုက်နေသည်ကို တွေ့၍ လျန်လင်းယွင်က သူ့အား ဖျောင်းဖျအားပေးလိုက်သည်။

သူ့အမြင်တွင် မိုဝူကျိ ခုနှစ်ခုမြောက်စစ်ဆေးမှုကို အောင်သွားသည်ကပင် အလွန်ကံကောင်းနေပြီ ဖြစ်သည်။ သို့သော် ထိပ်ဆုံး အယောက် ၅၀၀ ထဲဝင်ဖို့ ဆိုသည်မှာကား ထိုအကြောင်း စဉ်းစားရင်း မိုဝူကျိ၏ ဦးနှောက်ဆဲလ်တွေ ကုန်သွားဖို့သာ ရှိသည်။

မိုဝူကျိက ဘာမှမပြောတော့ဘဲ ရယ်သာရယ်လိုက်သည်။ သူတွေ့ရသလောက် လျန်လင်းယွင်သည် သူ့မျက်နှာကို ဂရုစိုက်သော ငတိ ဖြစ်သည်။ အကယ်၍ မိုဝူကျိက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ ဝင်နိုင်ပြီး ထိုငတိသာ မဝင်နိုင်ခဲ့လျှင် လျန်လင်းယွင်သည် သေချာပေါက် ရှက်သွားမည် ဖြစ်သည်။

“ငါ့နာမည် ပါလာပြီ။ အဆင့်(၄၈၉)… ဟားဟားဟား… ငါ သိသားပဲ။ ငါ လျန်လင်းယွင်က နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲကို ဘယ်လိုလုပ် မဝင်ဘဲနေပါ့မလဲလို့… ဟားဟားဟား…”

လျန်လင်းယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက ပြောမပြနိုင်လောက်အောင်ကို စိတ်လှုပ်ရှားမိသည်။

လျန်လင်းယွင်၏ စိတ်လှုပ်ရှားမှုကို မိုဝူကျိက နားလည်ပေးနိုင်သည်။ အဆင့်(၄၈၉)… ထို့ထက် နည်းနည်းလောက်သာ နည်းသွားမည်ဆိုပါက သူ အပယ်ခံရတော့မည် ဖြစ်သည်။ ထို့အပြင် စိတ်လှုပ်ရှားနေသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။ လျန်လင်းယွင်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြသော အခြား ထိပ်ဆုံးအယောက် ၅၀၀ ဝင်များလည်း ရှိသည်။

သို့သော် စိတ်လှုပ်ရှားနေသူများနှင့် ယှဉ်ပါက စိတ်ပျက်သွားသူများက ပိုများနေလေသည်။

နာမည် ၅၀၀ လုံးကို ထုတ်ပေးပြီးသည့်နောက် ရင်ပြင်အလယ်မှ အသံနက်တစ်ခု ထွက်လာသည်။

“အစီအရင်ပိတ်ကားပေါ်မှာ နာမည်ပါမလာတဲ့ ကျင့်ကြံသူများ… ကျေးဇူးပြု၍ ကူးပြောင်းအစီအရင်ထဲ ဝင်ပြီး ထွက်သွားပေးကြပါ”

ကူးပြောင်းအစီအရင် တံခါးပေါက်တစ်ခုက ရင်ပြင်ထောင့်တွင် ပေါ်လာသည်။ ခုနှစ်ခုမြောက်စစ်ဆေးမှုကို အောင်သော်လည်း ထိပ်ဆုံး ၅၀၀ ထဲမပါသော ကျင့်ကြံသူများသည် ကူးပြောင်း အစီအရင်တံခါးထဲသို့ ဝင်ပြီး ထွက်သွားရုံသာ တတ်နိုင်သည်။

သူတို့အားလုံးထွက်သွားပြီးနောက် ရွှေရောင်လမ်းကြောင်း တစ်ခုက တိမ်များဆီမှ ရင်ပြင်ဆီသို့ တဖြည်းဖြည်း လှေကားအဖြစ် ဆင်းသက်လာလေသည်။

ထိုအသံက ဆက်ပြောလိုက်သည်။

“စစ်ဆေးမှုကို အောင်ပြီး ထိပ်ဆုံး ၅၀၀ ထဲဝင်တဲ့သူတွေ… ကျေးဇူးပြု၍ ရွှေရောင်လမ်းကြောင်းပေါ် တက်သွားပြီး နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ ဝင်ကြပါ”

မိုဝူကျိသည် လျန်လင်းယွင်ကို ခေါ်ချင်သော်လည်း ထိုကောင်လေးမှာ အရမ်းကို စိတ်လှုပ်ရှားနေပြီး ဤစကားပြောဖော်ပြောဖက်ကို မေ့သွားလေပြီ။ လျန်လင်းယွင်က လူအုပ်ထဲ တိုးဝင်နေနှင့်ပြီး သူ့အပျော်တွေအား အဆက်မပြတ် လိုက်လံပြောပြနေလေ၏။ ဤအချိန်တွင် စစ်ဆေးမှု အောင်သွားသည်မှာ လူ ၅၀၀ မဟုတ်ဘဲ သူတစ်ယောက်တည်းသာ ဖြစ်နေပုံ ပေါ်နေသည်။ ကျန်လူအားလုံးအား မမြင်တော့ပေ။

ပျော်ရွှင်မှုဆိုသည်မှာကား သိသိသာသာပင် ကူးစက်ပျံ့ပွားတတ်သည့် အမျိုးဖြစ်လေ၏။ လူများစွာမှာ လျန်လင်းယွင်ကဲ့သို့ လူတကာအား လိုက်ပြောပြမနေသော်လည်း အများစုမှာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၌ သူတို့၏တောက်ပနေသော အနာဂတ်အကြောင်း တွေးမိသောအခါ ဂုဏ်ယူသည့် ခံစားချက်လေးတစ်ခုအား မခံစားမိဘဲ မနေနိုင်ကြပေ။

နတ်ဘုရားကုန်းမြေ၌ လောကနတ်ဘုရားများ အများဆုံးရှိသည့်နေရာမှာ ဘယ်နေရာနည်း။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ပင်တည်း။

နတ်ဘုရားကုန်းမြေ၌ နတ်ဆေးလုံးဘုရင်များ၊ နတ်ဘုရားအစီအရင်ဆရာများ၊ နတ်အဆောင်ဆရာများနှင့် နတ်ပန်းပဲဆရာများ အများဆုံးရှိသည့်နေရာမှာ ဘယ်နေရာနည်း။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ပင်တည်း။

နတ်ဘုရားကုန်းမြေ၌ နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်သည့်ပညာရှင်များ ရှိသည့်နေရာမှာ ဘယ်နေရာနည်း။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သာ ဖြစ်၏။

ယခု သူတို့အားလုံးသည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီ။ ဤအရာထက် ပျော်စရာကောင်းသည့်အရာ မရှိပေ။

ရွှေရောင်လမ်းကြောင်းပေါ်တွင် လမ်းလျှောက်လိုက်သည့်အခါ မိုဝူကျိသည် သူ့ပတ်လည်ရှိ မိုးမြေစည်းမျဉ်းများ ပိုမိုကြည်လင်လာသည်ကို သိသိသာသာ ခံစားမိလိုက်သည်။

သူက သူများနှင့် မတူချေ။ သူ ကောင်းကင်အင်မော်တယ်ဖြစ်ကတည်းက သူက သူ့ကိုယ်ပိုင်ကမ္ဘာကို တည်ဆောက်ပြီးပြီ ဖြစ်သည်။ တခြားကျင့်ကြံသူတို့သည် သူတို့၏ ကိုယ်ပိုင်ကမ္ဘာကို လောကနတ်ဘုရားအဆင့်တွင်မှ ဖန်တီးနိုင်လေသည်။

ထို့ကြောင့် တခြားကနဦးနတ်ဘုရားများသည် မိုးမြေစည်းမျဉ်းများထဲမှ ကွာခြားချက်ကို သတိမထားမိပေ။ မိုဝူကျိက ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ဤအချက်မှ မိုဝူကျိက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သည် တာအိုကျင့်ကြံရန် သေချာပေါက် နံပါတ်တစ်နေရာ ဖြစ်ကြောင်း သိလိုက်၏။

ရွှေရောင်လမ်းကြောင်းအား ဖြတ်လျှောက်လာပြီးနောက် သူတို့ ၅၀၀ လုံးသည် ရှေးဟောင်းခန်းမ အကျယ်ကြီးတစ်ခုဆီသို့ ရောက်သွားကြသည်။ ခန်းမသည် အလွန်ကျယ်ကာ ခန်းမရှေ့တွင် အသက်ခပ်လတ်လတ် အမျိုးသား တစ်ယောက်က ရပ်နေ၏။ ထိုအမျိုးသားဘေးတွင် ကူးပြောင်း အစီအရင်တံခါးပေါက်တစ်ခု ရှိသည်။

“အယ်… ဝူကျိ… မင်းက ဘာလို့ဒီမှာရှိနေတာလဲ”

လျန်လင်းယွင်သည် နောက်ဆုံးတွင်တော့ မိုဝူကျိအား သတိပြုမိသွား၏။ သူက ချက်ချင်း တအံ့တသြ မေးလိုက်သည်။

မိုဝူကျိ ပြန်မဖြေနိုင်ခင်ပင် လျန်လင်းယွင်က သဘောပေါက်သွားဟန်ရှိကာ အားနာစွာ ပြောလိုက်သည်။

“အိုး… အားနာလိုက်တာ ဝူကျိရာ။ ငါ (၄၈၉)နောက်ပိုင်းက နာမည်တွေကို သတိမထားမိလိုက်ဘူး။ မင်းကို နောက်ဆုံးနားလေးကနေ ကပ်ပါလိမ့်ဦးမယ်လို့ မထင်ထားဘူး။ မင်းရဲ့ကံက ငါတွေ့ဖူးသမျှထဲမှာ တကယ့်ကို အကောင်းဆုံးပဲ။ ဝူကျိ… မင်းက လေလွင့်ကျင့်ကြံသူဆိုတော့ ငါတို့ ဟဲကျန့်နတ်ဘုရားမြို့ဆီ ဝင်ပါလား”

လျန်လင်းယွင်သည် မိုဝူကျိ၏ နေရာအဆင့်မှာ သူ့နောက်တွင် ရှိသည်ဟု ထင်သောကြောင့် မိုဝူကျိ၏ ကံမှာ ကောင်းသည်ဟု တွေးနေခြင်းဖြစ်သည်။ ဤသည်မှာ စစ်ဆေးဆုံးဖြတ်မှု မပြီးခင်လေးတင် မိုဝူကျိက ခုနှစ်ခုမြောက်စစ်ဆေးမှုကို အောင်သွားသည့် အချက်နှင့် တူနေလေသည်။

တစ်ခုသော ရှုထောင့်မှ ကြည့်မည်ဆိုပါက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သည် နတ်ဘုရားကုန်းမြေ၏ ပိုကောင်းသော အင်အားနှင့် အသေးစား ပုံစံငယ်တစ်ခု ဖြစ်နိုင်ပေသည်။ နတ်ဘုရားကုန်းမြေထဲ၌ ဟဲကျန့်နတ်ဘုရားမြို့ ရှိသည်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ၌ ဟဲကျန့်နတ်ဘုရားမြို့အခွဲ ရှိလေသည်။

မိုဝူကျိက ရယ်ကာ ပြောလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့ ကျုပ်မှာ ကျုပ်သွားချင်တဲ့နေရာ ရှိပြီးသားပါ”

“မင်းက နယ်လှည့်ကျင့်ကြံသူ တစ်ယောက်လား”

သူတို့နှင့် သိပ်မဝေးသည့်နေရာတွင် ရပ်နေသော အောင်းရုံက သူတို့၏စကားများကို ကြားသောအခါ ရောက်ချလာသည်။

မိုဝူကျိက ခေါင်းငြိမ့်ကာ

“ဟုတ်ပါတယ်… ကျုပ်က နယ်လှည့်ကျင့်ကြံသူ တစ်ယောက် အမှန်ပါပဲ”

အောင်းရုံက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“ငါက အောင်းမျိုးနွယ်က အောင်းရုံပါ။ မင်း ငါ့အောင်းမျိုးနွယ်ကို ဝင်ပါ့လား။ ငါ့အောင်းမျိုးနွယ်က နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲမှာ ထိပ်တန်းအင်အားစု တစ်ခုလို့ သေချာပေါက် ပြောလို့ရတယ်”

အောင်းရုံက မိုဝူကျိအား လာရောက် ဖိတ်ခေါ်သည်ကို မြင်သောအခါ လျန်လင်းယွင် မြန်မြန် ပါးစပ်ပိတ်လိုက်သည်။ အောင်းမျိုးနွယ်နှင့် ယှဉ်ပါက ဟဲကျန့်နတ်ဘုရားမြို့မှာ အလွန့်အလွန်ကို နိမ့်ပါးပေသည်။

အောင်းမျိုးနွယ်သည် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲတွင်သာမက များစွာသော ထိပ်သီးဂိုဏ်းများတွင်လည်း အင်အားစုများ ရှိသည်။ နတ်ဘုရားကုန်းမြေရှိ မျိုးနွယ်မိသားစုများအနက် အောင်းမျိုးနွယ်မှာ သေချာပေါက် ထိပ်တကာ့ထိပ်ခေါင် ဖြစ်လေသည်။

အောင်းရုံ၏ နာမည်ကို ကြားလိုက်သောအခါ မိုဝူကျိက သဘောမကျ ဖြစ်သွားသည်။ သူ ဤငတိကို သိသည်။ ဤငတိသည် စုစုပေါင်းရမှတ်(၅၂၂)ဖြင့် ရလဒ်ကောင်းကောင်းရကာ အဆင့်(၈)နေရာကို ချိတ်ခဲ့သည်။

သို့သော် နတ်ဘုရားကုန်းမြေတစ်ခုလုံးတွင် သူ ကြည့်မရဆုံး မျိုးနွယ်စုမှာ အောင်းမျိုးနွယ် ဖြစ်သည်။ အကယ်၍ ချီခွန်း၏ အကူအညီကြောင့်သာ မဟုတ်လျှင် မိုးကောင်းကင်နတ်ဘုရားမြို့ထဲ၌ အောင်းမျိုးနွယ် သတ်၍ သူ သေနေလောက်ပြီ။

“ကျုပ် ခုလောလောဆယ် တခြားဘယ်နေရာကိုမှ သွားဖို့ စိတ်ကူးမရှိဘူး”

မိုဝူကျိက စိတ်မဝင်စားသော အမူအယာဖြင့် အောင်းရုံအား ငြင်းလိုက်၏။

နယ်လှည့်ကျင့်ကြံသူတစ်ယောက်က သူ့အား ငြင်းဆိုသည်ကို ကြားသောအခါ အောင်းရုံ၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူက တစ်ချက်ရယ်လိုက်ပြီး လှည့်ပြန်သွားသည်။ မိုဝူကျိအား ဘာမှဆက်မပြောတော့ချေ။

ဤအခိုက်တွင် အရှေ့၌ရှိနေသော လူလတ်ပိုင်းကျင့်ကြံသူက ကျယ်လောင်စွာ ပြောလိုက်သည်။

“ဒီမှာရပ်နေတယ်ဆိုတော့ မင်းတို့တွေဟာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ တပည့်တွေ ဖြစ်သွားပြီလို့ ဆိုလိုတာပဲ။ ငါ့နာမည်က ယွီနိုသဲ။ မင်းတို့သွားချင်တဲ့နေရာကို ငါ ပို့ပေးမယ်။ မင်းတို့အားလုံးကို မပို့ခင် ကျောင်းတော်ရဲ့စည်းကမ်းတွေကို ပြောပြဖို့ လိုတယ်”

ယွီနိုသဲက ခဏရပ်လိုက်သည်။ ခန်းမထဲရှိ လူအားလုံး ငြိမ်ကျသွားပြီးနောက်မှ သူက ဆက်ပြောလိုက်သည်။

“နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ စည်းကမ်းတွေက အရမ်းရှင်းပါတယ်။ တကယ်တော့ တစ်ခုပဲရှိတယ်။ အနာဂတ်မှာ မင်းတို့ ဘယ်နေရာပဲ ရောက်နေပါစေ မင်းတို့တွေဟာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က လာခဲ့တယ်ဆိုတာ အမြဲ သတိရနေရမယ်။ မင်းတို့ဟာ  နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ တပည့်ဖြစ်ပါတယ်ဆိုပြီး အကျယ်ကြီး ထုတ်ပြောပြရမယ်”

သိသာစွာပင် ဤနေရာ၌ ရှိနေသော ကျင့်ကြံသူ အများစုက ဤစည်းကမ်းကို သိကြသည်။ သို့သော် မိုဝူကျိကား နည်းနည်း အံ့သြသွား၏။ ထိုမျှလောက် လွယ်သည်လား။ စည်းကမ်းတစ်ခုပဲ ရှိတယ်လား။ ဆိုလိုတာက နောင်အနာဂတ်မှာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ကို သစ္စာဖောက်သည်ဖြစ်စေ၊ မဖောက်သည်ဖြစ်စေ သူတို့တွေက ကျောင်းတော်မှ လာခဲ့ကြောင်း ပြောပြသရွေ့ ကိစ္စမရှိဘူးလား။

***

All Chapters