အထိတ်တလန့်ဖြစ်ခြင်
Vol. 1 Ch. 7
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1693963959513-300x225.jpg
အခန်း (၇) အထိတ်တလန့်ဖြစ်ခြင်း
'အင်း ဒါကတော့ ကိုးရိုးကားရားနိုင်တဲ့ အခြေအနေပဲ။ ငါဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ထွက်သွားလိုက်ရမလား' ဟန်ရှောင်း တွေးမိလိုက်သည်။
ဟန်ရှောင်းသည် မည်သည့်အစုအဖွဲ့ကိုမျှ ဆန့်ကျင်ခြင်းမရှိပေ။ သူက လူများ၏ ဝါသနာနှင့် စိတ်ဝင်စားမှုများကို လေးစားပါသည်။ ဤလူ၂ယောက်သည် အထီးကျန်ဆန်နေပြီး သူတို့၏ စိတ်ခံစားမှုများကို ထွက်ပေါက်ရှာမရ ဖြစ်နေကြသည့် လူများသာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၂ယောက်ကြားရှိ ရင်းနှီးမှုသည် အထူးအခြေအနေတစ်ခုဆီသို့ တိုးတက်လာပြီး...
'ဒါက မင်းတို့အမှားတော့ မဟုတ်ပါဘူး။ ဒါက တိုကီယိုမီ ၁ - ငါပြောချင်တာက - ကိစ္စတွေက ဒီလိုဖြစ်သွားတတ်တယ်ဆိုတာပဲ။"
(TL Note: Tokiomi’s 1 ဆိုတာ ဘာလဲတော့ မသိဘူး။ သိတဲ့သူရှိရင် အလင်းပြကြပါဦး။)
ဟန်ရှောင်း၏ စိတ်ထဲတွင် ထိုသို့သော အတွေးများဖြင့် အုံ့မှိုင်းနေသော်လည်း၊ သူ၏ ခန္ဓာကိုယ်ကတော့ လျှင်မြန်စွာ လှုပ်ရှားနေသည်။ ဓါးကို နောက်ပြန်ဆုပ်ကိုင်လိုက်ပြီး အနီးရှိ အစောင့်တစ်ယောက်ကို တိုက်ခိုက်ရန် ရှေ့သို့တိုးလိုက်သည်။အစောင့်သည် အချိန်မီမတုန့်ပြန်နိုင်ပေ။ သေနတ်ကို ဆွဲထုတ်ရန် ဝေဝါးနေစဉ်မှာပင် ဟန်ရှောင်းက သတ်ဖြတ်ရန် ပြေးလာသည်။
ကံမကောင်းစွာနှင့်၊ ဒုတိယအစောင့်က ထိုအစောင့်ကို ဘေးကင်းရာသို့ ကန်ထုတ်လိုက်သည်။
ဟန်ရှောင်း၏ အငိုက်ဖမ်း တိုက်ခိုက်မှုက မအောင်မြင်သော်လည်း၊ စိတ်ဓါတ်မကျခဲ့ပေ။ လက်ထဲရှိ ဓါးကို လှည့်လိုက်ပြီး ပုံမှန်အတိုင်း ဆုပ်ကိုင်ကာ ဒုတိယအစောင့်၏ ဗိုက်ကို ထိုးထည့်လိုက်သည်။ တဆက်တည်းပင် လည်ပင်းကို အားနေသောလက်ဖြင့် ရိုက်လိုက်ရာ၊ အစောင့်မှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
လွှမ်းမိုးနိုင်သောအင်အား...
သင့်တွင် ခွန်အား ၂၅ ရှိသည်။ ပစ်မှတ်တွင် ခွန်အား ၁၀ ရှိသည်။
သင့်တွင် ပစ်မှတ်ထက် ခွန်အား ၂ဆ ပိုရှိသောကြောင့်၊ သင်၏ တိုက်ခိုက်မှုသည် ထိခိုက်စေမှု ၅၀% ပိုရှိစေသည်။
ပစ်မှတ် သတိမေ့သွားပါပြီ။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
တစ်ယောက်ကျပြီ။
ကန်ထုတ်ခံလိုက်ရသည့် အခြားအစောင့်တစ်ယောက်မှာ ဘေးလွတ်ရာသို့ လှိမ့်ထွက်သွားပြီး သူနှင့် ဟန်ရှောင်းကြားရှိ အကွာအဝေးကို ခြားထားလိုက်ကာ သေနတ်ဖြင့်ပစ်ရန် လက်ကိုမြှောက်လိုက်သည်။
ဟန်ရှောင်းက ချက်ချင်းပင် သူ့ကိုခုန်အုပ်လိုက်ပြီး သူ၏လက်ကို ကြမ်းပြင်နှင့်ရိုက်လိုက်သည်။ နာကျင်မှုကြောင့် သေနတ်လွတ်ကျသွားသည်။သူသာ သေနတ်ဖြင့် ပစ်နိုင်လိုက်ပါက ဟန်ရှောင်းအတွက် ကပ်ဆိုက်မှု ဖြစ်သွားပေလိမ့်မည်။
ဟန်ရှောင်းက အစောင့်၏နှာခေါင်းကို ခေါင်းဖြင့်တိုက်လိုက်ကာ မူးဝေသွားစေပြီး နောက်ဘက်သို့ ပတ်သွား၍ ချုပ်ထားလိုက်သည်။
အနောက်မှ အသက်ရှူမရအောင် ချုပ်ထားခြင်းပင်။
အစောင့်၏ မျက်နှာမှာ ရုန်းကန်ရင်း ပြာနှမ်းလာသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင်သည် [ချုပ်ကိုင်ခြင်း]ကို ဆောင်ရွက်ခဲ့သည်။
သင့်တွင် ခွန်အား ၂၅ ရှိသည်။ ပစ်မှတ်တွင် ခွန်အား ၁၁ ရှိသည်။
သင်၏ပစ်မှတ်သည် မလွတ်မြောက်နိုင်ပါ။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အစောင့်က တခဏမျှ ရုန်းကန်ပြီးနောက် မေ့မြောသွားတော့သည်။
"တော်သေးတာပဲ... ငါသာ တိုက်ခိုက်သူတစ်ယောက်ဆိုရင် ပိုပြီးလွယ်သွားမှာ။"
ဟန်ရှောင်း မောမောနှင့် ထလာပြီး ပြောလိုက်သည်။
တိုက်ခိုက်သူအတန်းအစားသည် "Galaxy" တွင် လူကြိုက်အများဆုံး အတန်းအစားဖြစ်သည့် ရိုးရှင်းလှသော အကြောင်းအရင်းမှာ အလန်းဆုံး ပုံပန်းသွင်ပြင်များကြောင့် ဖြစ်သည်။
သူတို့၏ ကျွမ်းကျင်မှုများ (စကေးများ)သည်လည်း "ငရဲမီးတောက်လှုပ်ခတ်ခြင်း" ၊ "နတ်ဆိုးရောင်ခြည်"၊ "ကြယ်ဖြိုခွင်းခြင်း" စသည့် အမိုက်စား နာမည်များဖြစ်ကြသည်။ သေချာတာပေါ့၊ ထိုကျွမ်းကျင်မှု(စကေး)များသည် နာမည်များကဲ့သို့ စွမ်းအားမပြင်းထန်သော်လည်း၊ အဓိကအချက်မှာ ကြားရသည်မှာ အမိုက်စားများပင် မဟုတ်လား။
ကျွမ်းကျင်မှု(စကေး) တစ်ခုကို အသုံးပြုစဉ် ထိုနာမည်ကို အော်ဟစ်ခြင်းက ပိုကြမ်းသည်ဟု ထင်ရသည်။ ကစားသမားအများစုက ထိုသို့ပြုလုပ်ရန် အရေမထူကြသော်လည်း ဟန်ရှောင်းကတော့ အော်လိုက်ရသည်ကို ကြိုက်၏။
တိုက်ခိုက်သူများအတွက် ကစားရသည်မှာ အခြေခံအားဖြင့် ပို၍ရိုးရှင်းသည်၊ သူတို့လုပ်ရမည်မှာ ရန်သူများကို တိုက်ခိုက်ရန်သာဖြစ်သည်။ တောင်းဆိုမှုအများဆုံးဖြစ်သည့် ယန္တရားပညာရှင်နှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်များမှာ နေ့နှင့်ညအလားပင်။
ဟန်ရှောင်းသည် မေ့မြောနေသည့် အစောင့်၂ယောက်ကို ရှင်းလိုက်ပြီးနောက် ကျည်ကပ် ၄ခု ရရှိခဲ့သည်။
အခြားအစောင့်၂ယောက်ကိုလည်း အခန်းထဲထည့်လိုက်ပြီး၊ ကော်ရစ်ဒါရှိ ပေကျံနေသော သွေးများကို သန့်ရှင်းရေးလုပ်ကာ စောင့်ကြည့်ရေးမော်နီတာများကိုလည်း ဖျက်စီးလိုက်သည်။ မည်သည့်အရာမျှ လစ်ဟာမှုမရှိသည်ကို အတည်ပြုပြီးနောက်၊ ဟန်ရှောင်းသည် အခန်းတွင်းမှ သူ၏ပုံမှန် ငေးကြောင်ကြောင် အမူအရာနှင့် ပြန်ထွက်လာခဲ့သည်။
စောင့်ကြည့်ရေးအခန်းကို ဖျက်စီးခြင်းသည် ဟန်ရှောင်း၏ လွတ်မြောက်ရေးအတွက် အရေးပါလှပေသည် - ထိုအရာက သူ့ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ကို ပေး၏။
ဟန်ရှောင်း ဒုတိယထပ်သို့ ပြန်ရောက်သောအခါ အစောင့်၁ယောက်က သူ့ကို ရုတ်တရက် တားလိုက်သည်။
"မစ္စတာ လင်ဝေရှန်းက မင်းကို တွေ့ချင်နေတယ်။"ဟန်ရှောင်း၏ မျက်လုံးများ လင်းလက်သွားသည်။
လင်ဝေရှန်းသည် အဓိကဂိတ်တံခါး၏ လုံခြုံရေးကတ်ကို ကိုင်ဆောင်ထားသည့် စခန်းအတွင်းရှိ လူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ သူက ယခု ဟန်ရှောင်း သူ့ကို ရှာဖွေရမည့်ဒုက္ခမှ ကူညီပေးနေသည်။
ဟန်ရှောင်း အစောင့်နောက်မှ လင်ဝေရှန်း၏ သီးသန့်ဓါတ်ခွဲခန်းသို့ လိုက်လာသည်။ ဓါတ်ခွဲခန်းသည် မီးမှိန်မှိန်လေး ထွန်းထားပြီး နံရံပေါ်တွင်လည်း ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများရှိသည့် ပုလင်းများရှိသည်။ စိတ္တဇလူသတ်သမား၏ စုဆောင်းမှုများနှင့်ပင် တူလှ၏။
"အဖွဲ့အစည်းက နောက်ဆုံးတော့ မင်းကိုငါ့ဆီပေးလိုက်ပြီ။ မင်းကို ခွဲစိတ်ပြီးသွားရင်၊ မင်းနဲ့ အခြားစမ်းသပ်ခံတွေ ဘာတွေမတူတာလဲဆိုတာ သိရမှာပဲ။ မင်းရဲ့ ခန္ဓာကိုယ်ထဲက တန်ဖိုးရှိတဲ့ အချက်အလက်တွေအကုန်လုံး ဆွဲထုတ်ပြီးရင်၊ မင်းရဲ့ ရုပ်အလောင်းကို စမ်းသပ်စစ်ဆေးဖို့ နမူနာအနေနဲ့ ထားထားမယ်။ မင်းကို အဖွဲ့အစည်းရဲ့ ပထမဆုံးစမ်းသပ်ခံအဖြစ် သတိတရ ရှိနေကြမှာပါ။"
ဟန်ရှောင်း အမှောင်ထဲတွင် တိတ်တိတ်လေးသာ ရပ်နေသည်။
"မင်း၊ သူ့ကို ကြိုးသေချာချည်လိုက်။ ရုန်းလို့မရစေနဲ့၊ အဲဒါက ငါ့စမ်းသပ်မှုကို ပျက်စီးစေလိမ့်မယ်။" လင်ဝေရှန်းက အမိန့်ပေးလိုက်သည်။
ထို့နောက် တစ်ဖက်သို့လှည့်ကာ ကိရိယာဘူးထဲမှ ထူးဆန်းသည့် ခွဲစိတ်ဓါးများကို လှမ်းယူလိုက်သည်။ ဟန်ရှောင်းမတိုင်မီ၊ လူဘယ်လောက်များ အဲဒီဓါးတွေရဲ့ သားကောင်ဖြစ်ခဲ့ပြီးပြီလဲ။
ရုတ်တရက်၊ လင်ဝေရှန်းသည် အနောက်ဘက်မှ အသံအုပ်အုပ်တစ်ချက် ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ၊ ဟန်ရှောင်းသည် သူ့နောက်တည်တည့်တွင် ရပ်နေသည်ကို တွေ့ရ၏။
ဘာမှမတုန့်ပြန်နိုင်မီ၊ ရင်ဘတ်မှ နာကျင်မှုကို လင်ဝေရှန်း ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ၊ သူ၏နှလုံးသားတည့်တည့်ကို စိုက်နေသည့် ဓါးတစ်ချောင်းကို တွေ့လိုက်ရသည်။
သူ၏မျက်လုံးများ အထိတ်တလန့်ဖြင့် ပြူးကျယ်သွားပြီး လက်ထဲတွင်ကိုင်ထားသော ခွဲစိတ်ဓါးသည်လည်း လွတ်ကျသွား၏။
ဟန်ရှောင်း၏နောက်တွင် မလှုပ်မယှက် ငြိမ်သက်နေသော အစောင့်နှင့် ဟန်ရှောင်း၏ မျက်လုံးများ၏ အေးစက်မှုကိုလည်း တွေ့ရ၏။
ဟုတ်တယ်၊ ဒီအခန်းက စောင့်ကြည့်မှုအောက်မှာ ရှိနေတာပဲ။
ဟန်ရှောင်းက သူဘာတွေးနေလဲ သိနေပုံရသည်။
"အရှုံးပေးလိုက်တော့၊ ငါ စောင့်ကြည့်ရေးအခန်းကိုလည်း ရှင်းပြီးသွားပြီ။"
ဒီလေသံ... ဒါကတကယ်ပဲ ဉာဏ်တိမ်တဲ့ ဇီးရိုးလား။
သူ၏မျက်နှာ ဖြူရော်လာသည်နှင့်အမျှ လင်ဝေရှန်းသည် တုန်ရီလာ၏။
"နှစ်... နှစ်ဝက်လုံး... တစ်ချိန်လုံး မင်းဟန်ဆောင်နေတာလား။"
ဟန်ရှောင်း ခေါင်းငြိမ့်လိုက်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ... မင်း လူတိုင်းကို အရူးလုပ်ခဲ့တာပဲ။"
လင်ဝေရှန်း မယုံမကြည်နှင့် ကျယ်လောင်စွာ မေးလိုက်သည်။
"ကမ္ဘာပေါ်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။" ဟန်ရှောင်းက ဓါးကို ရက်စက်စွာ ထိုးလှည့်လိုက်သည်။
လင်ဝေရှန်း ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး၊ ပြူးကျယ်နေသော မျက်လုံးထဲတွင် မခံမရပ်နိုင်ဖြစ်မှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နေသည်။
"ငါက... မင်းရဲ့... ဖန်တီးသူပဲ..."