ညဇီးကွက်တပ်ဖွဲ့
Vol. 1 Ch. 10
အခန်း (၁၀) ညဇီးကွက်တပ်ဖွဲ့
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1693965023335-576x1024.jpg
အဖွဲ့ ၁သည် အဖွဲ့ ၄နှင့် ပူးပေါင်းရန် မိန်းဂိတ်သို့ ပြန်လှည့်သွားသည်။
“အဖွဲ့ ၂နဲ့ ၃ က အရှင်းခံလိုက်ရဖို့များတယ်။ ငါစစ်ကူလှမ်းတောင်းလိုက်ဦးမယ်။ ထွက်ပေါက်ကို စောင့်ကြည့်ထား။”
အဖွဲ့ ၁ခေါင်းဆောင်က ရှိနေသည့် အစောင့်များကို တစ်ချက်ကြည့်လိုက်သည်။
“ဒီမှာ ၃၁ယောက်ရှိတယ်။ သေနတ် ၃၁လက်က ကော်ရစ်ဒါကို ချိန်ထားတယ်၊ ဇီးရိုးပေါ်လာတာနဲ့ ဇကာပေါက်ဖြစ်ပြီပဲ။”
သို့သော်လည်း ရုတ်တရက်ဆိုသလို တစ်ခုခုလွဲချော်နေကြောင်း သတိပြုမိလိုက်သည်။
‘နေစမ်းပါဦး... ငါတို့တွေအားလုံးပေါင်းက ၃၀ပဲရှိရမှာ မဟုတ်ဘူးလား’
တီ တီ
တံခါးက ရုတ်တရက်ပွင့်သွားပြီး လုံခြုံရေးမီးလုံးကလည်း အစိမ်းရောင်လင်းသွားသည်။
အစောင့်များ နောက်သို့လှည့်ကြည့်လိုက်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့ကဲ့သို့ ဝတ်စုံဝတ်ထားသည့် လူတစ်ယောက် ဂိတ်တွင် ရှိနေသည်။ ထိုလူက လေချွန်လိုက်ပြီး ဦးထုပ်ကာအသာမကာ သူ့မျက်နှာကို ဖော်ပြလိုက်သည်။ အဲဒီလူက အခြားသူမဟုတ်ဘဲ ဟန်ရှောင်းပင်ဖြစ်သည်။
“ဘိုင့် ဘိုင်”
ဟန်ရှောင်းက လက်ပြနှုတ်ဆက်လိုက်ပြီးနောက် လီဗာကိုဆွဲချကာ တံခါးပွင့်သည်နှင့် ထွက်ခွာသွားတော့သည်။ ဂိတ်တံခါးက ပြန်ပိတ်လျက်သား ကျန်နေခဲ့၏။
အစောင့်များမှာ ဂိတ်တံခါးကို မယုံကြည်နိုင်ဖွယ် ငေးကြည့်ရင်း ကျန်ရစ်ခဲ့တော့သည်။
အဖွဲ့ ၁ ခေါင်းဆောင်၏ မျက်နှာရှိသွေးကြောများ ဖောင်းကားလာသည်။
“ဘယ်အချိန်တုန်းက ဇီးရိုးက ငါတို့နဲ့ ဝင်ရောလိုက်တာလဲ။”
အခြားတစ်ဖက်တွင်တော့၊ ဟန်ရှောင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။
ငါနောက်ဆုံးတော့ လွတ်ပြီကွ။
ဟန်ရှောင်း နေရောင်အောက်တွင် တင်းကြပ်နေမှုများကို ဖြေလျှော့လိုက်သည်။ ကြည်လင်နေသောကောင်းကင်ကြီးက သူ၏ ပူပန်နေမှုများကို အငွေ့ပျံသွားစေသည်။ အချိန်သည် နေ့လည်ပိုင်း ၄-၅နာရီခန့် ရှိနေပြီး၊ ဟန်ရှောင်းသည် လများစွာ၏ ပုံရိပ်များကိုလည်း တွေ့နေရ၏။ အချို့လများသည် နီးကပ်လွန်းသောကြောင့် လပေါ်ရှိ မီးတောင်များကိုပင် မြင်တွေ့နိုင်သည်။
ဟန်ရှောင်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ လတ်ဆတ်သောလေက သူ့ကို ပြန်လည်အားဖြည့်ပေးနေသည်။
အစကတည်းက၊ အစောင့်များနှင့် ထိပ်တိုက်တွေ့ရန် ဟန်ရှောင်း မရည်ရွယ်ခဲ့ပေ။ အစောင့်များသည် အားနည်းကြသော်လည်း၊ သူတို့အားလုံးကို ဟန်ရှောင်းသတ်ဖြတ်နိုင်လျှင်ပင် အရေးမပါပေ။ သူတို့သည် စခန်းတစ်ခုလုံးကို အလွယ်တကူ ပိတ်ချနိုင်ကြသည်။
အဖွဲ့ ၂ ဟန်ဆောင်၍ အဖွဲ့ ၁ကို မျှားခေါ်ခဲ့ပြီးနောက်၊ ဟန်ရှောင်းသည် အတော်လေး သန့်ရှင်းသော ဝတ်စုံတစ်စုံကို ရှာဖွေလဲလှယ်ခဲ့ပြီး လှေကား၏အောက်တွင် ပုန်းအောင်းနေခဲ့သည်။
အစောင့်များသည် ပြာယာခတ်နေကြ၍ သူတို့နှင့်အဆင့်တူတစ်ယောက် ပူးပေါင်းလာသည်ကို သတိမပြုမိကြပေ။
ထိုသို့ဖြင့် ဟန်ရှောင်းသည် လုံခြုံစွာပင် ဝင်ပေါက်သို့ရောက်ရှိလာပြီး၊ သူတို့ သတိပေါ့လျော့သွားချိန်တွင် တံခါးရှိရာသို့ ပြေးသွားခဲ့ကာ၊ ကျန်တာကတော့ သိကြသည့်အတိုင်းပင်။
ကြီးမားသည့် လောင်းကြေးထပ်မှု တစ်ခုပင်။ တစ်စုံတစ်ခု လွဲချော်ခဲ့သည်နှင့် ဒါဇင်ချီသည့်သေနတ်များကြောင့် သူသည် ဇကာပေါက်ဖြစ်သွားနိုင်သည်။ ဟန်ရှောင်းသည် ထိုကဲ့သို့ အန္တရာယ်များလှသော အစီအစဉ်ကို အားမကိုးချင်ပေ။ သို့သော်လည်း ဘယ်လ်တာက သူ၏ မူလအစီအစဉ်ကို ဖျက်စီးလိုက်ရာ၊ ရွေးစရာမရှိဘဲ ဖြစ်အောင်သာ လုပ်ရတော့သည်။ ဤသည်က ၅၀/၅၀ အကုန်လုံးပုံအောသည့် လောင်းကြေးဖြစ်ပြီး၊ အခြားရွေးစရာလည်း မရှိခဲ့ချေ။
ဟန်ရှောင်းသည် သူ့ကိုယ်သူ စွန့်ပစ်ထားသောလယ်ကွင်းတစ်ခု၏ အလယ်သို့ရောက်နေကြောင်း တွေ့ရသည်။ ဂိုထောင်တစ်ခုဆီသို့ ဦးတည်သွားသော ဘီးရာများကိုလည်း သတိထားမိပြီး၊ ထိုနေရာတွင် တောတွင်းစီးယာဉ်များကို တွေ့ရသည်။ အဆင်သင့်ပင်၊ သော့များကလည်း တပ်လျက်သားရှိနေသည်။
‘စစ်ကူတွေက အချိန်မရွေး ပေါ်လာနိုင်တယ်။ ချက်ချင်းထွက်သွားမှဖြစ်မယ်။’
သူ၏ လွတ်မြောက်မှုမှာ ပြီးဆုံးရန်အများကြီး လိုသေးသည်။ အဖွဲ့အစည်းကလည်း သူ့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်။
ဟန်ရှောင်းက သူ့ကျောပိုးအိတ်ကို ပစ်တင်လိုက်ပြီး ယာဉ်မောင်းထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
စက်နှိုးပြီးသည်နှင့် လီဗာနင်းကာ ချက်ချင်းမောင်းထွက်သွားသည်။ လျပ်စစ်ခြံစည်းရိုးကို ကားဖြင့်ဝင်တိုက်ကာ တောတွင်းသို့ ဦးတည်သွားတော့သည်။
ဟန်ရှောင်းသည် ဤနေရာ၏ မြေမျက်နှာသွင်ပြင်အကြောင်း ဘာမှမသိရာ၊ အရပ်မျက်နှာတစ်ခုကိုသာ ရွေးချယ်၍ ပုံအောရတော့မည်ဖြစ်ပေသည်။
…
အနက်ရောင် စစ်လေယာဉ်ပေါ်တွင်၊ ဟီလာ၏ ဖုန်းမြည်လာသည်။
“ဘယ်သူလဲ” စိတ်ရှုပ်စွာနှင့် ဖုန်းဖြေလိုက်သည်။
“ကွန်မန်ဒါဟီလာ၊ ပြဿနာတစ်ခု ရှိပါတယ်။ ဇီးရိုးက ပုန်ကန်ခဲ့တယ်။ သူက လက်ထောက်ကွန်မန်ဒါ ဘယ်လ်တာ၊ ပရောဖက်ဆာ လင်ဝေရှန်းနဲ့ အစောင့် ၃၀ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။ ပြီးတော့ စခန်းထဲက ဗယ်ခရီမှတ်တမ်းတွေ အားလုံးကိုလည်း ဖျက်စီးခဲ့ပါသေးတယ်...”
အဖွဲ့ ၁ ခေါင်းဆောင် စိတ်ဓါတ်ကျနေသည်။ သူတို့အားလုံး အသုံးမကျသည့်အတွက် အပြစ်ပေးခံရမည်မှာ အသေအချာပင်။ သို့သော်လည်း၊ သူတို့အားလုံး စခန်းထဲတွင် ပိတ်မိနေသည့်အတွက် တစ်စုံတစ်ယောက်က ဖွင့်ပေးဖို့လိုပေရာ၊ ဆေးခါးကြီးကို မျိုချသကဲ့သို့ပင် ကွန်မန်ဒါကို ဆက်သွယ်ရခြင်းဖြစ်သည်။
ဟီလာမျက်မှောင်ကြုံ့သွားသည်။
“လာနောက်နေတာလား... ငါကိုယ်တိုင် သူ့ရဲ့ ဦးနှောက်ဆေးခြင်းကို ကြီးကြပ်ခဲ့တာလေ... ဘယ်လိုလုပ် သူက လုပ်ငန်းစဉ်ကို ကျော်လွှားနိုင်တာလဲ။ သူက ငါ့ကိုပါ အရူးလုပ်ခဲ့တာလား" ဟီလာ သိချင်နေမိသည်။
ချက်ချင်းပင် ဘော့စ်နှင့် ဆက်သွယ်၍ သတင်းကို တင်ပြလိုက်သည်။
“အခုချက်ချင်း ပြန်လှည့်ပြီး လိုက်ဖမ်းစမ်း။"
ဒေါသထွက်နေသော ဘော့စ်က အမိန့်ပေးလိုက်သည်။
“ဒါပေမယ့်၊ ငါ့ညီမ...” ဟီလာက ငြင်းဆန်ရန် ကြိုးစားသည်။
“ပါးစပ်ပိတ်ထားစမ်း၊ မင်းမှာငါ့ကို ဈေးဆစ်ခွင့်မရှိဘူး။”
ဟီလာက စိန်းစိန်းဝါးဝါးကြည့်ရင်း လေယာဉ်မှူးကို စိတ်မပါလက်မပါဖြင့် အမိန့်ပေးလိုက်သည်။
“စခန်းကို ပြန်မယ်”
“ကွန်မန်ဒါဟီလာ၊ ရဟတ်ယာဉ် အရင်ဆုံး ဆီဖြည့်ဖို့ မြေပြင်ဆင်းဖို့ လိုပါတယ်။”
“ဆက်လုပ်လိုက်”
ညဇီးကွက်တပ်ဖွဲ့သည်လည်း စခန်းသို့ ပြန်လှည့်ရန် အမိန့်ကို လက်ခံရရှိခဲ့သည်။
နံပါတ် ၁ သည် အစောင့်များ၏ သနားစရာကောင်းသော အသွင်အပြင်များကြောင့် ဒေါသတကြီး ဖြစ်နေသည်။
“ဒီမှာ မင်းတို့လူ ၆၀ရှိတယ်၊ အဲ့ဒါတောင် လူတစ်ယောက်ကို မတားနိုင်ကြဘူးလား၊ ဒီထဲမှာ သူလျှိုတွေ ရှိနေလို့လား”
သူကိုယ်တိုင်ပင် ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်သည့်အတွက် ဟန်ရှောင်းက တစ်ယောက်တည်းနှင့် လွတ်မြောက်သွားခြင်းကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။
အစောင့်များသည်လည်း သူ၏ စွပ်စွဲမှုကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ မည်သူမျှ အဖွဲ့အစည်းကို သစ္စာမဖောက်ရဲကြပေ။ သို့သော်လည်း သူတို့မှာ စိတ်ဓါတ်ကျလျက် ပြန်လည်၍လည်း မပြောနိုင်ကြပေ။ သူတို့သည် တိတ်တဆိတ်ပင် ဟန်ရှောင်းလွတ်မြောက်သွားရန် မျှော်လင့်နေကြပြီး ထိုသို့သာဖြစ်ပါက သူတို့ကို ကူညီသကဲ့သို့ ဖြစ်ပေလိမ့်မည်။
“တော်လောက်ပြီ။ ဘော့စ်က သူ့ကို လိုက်ဖမ်းဖို့ အမိန့်ပေးထားတယ်။” ဆေးလ်ဗားဘလိတ်က အေးစွက်စွာ ဝင်ပြောလိုက်သည်။
“ခဏစောင့်ပါဦး၊ စမ်းသပ်ခံတပ်ဖွဲ့ကလည်း လိုက်ပါလိမ့်မယ်။”
နံပါတ် (၁) သည် ဟန်ရှောင်း၏ တိုက်ခိုက်မှုစွမ်းရည်ကြောင့် တုန်လှုပ်ခဲ့ရပြီး၊ ထိုအရာက သူ့ကို မချင့်မရဲဖြစ်စေသည်။ သူ့အနေဖြင့် သူ၏ တန်ဖိုးကိုပြသရန် ဟန်ရှောင်းကို အနိုင်ယူဖို့ လိုအပ်သည်ဟု ခံစားနေရသည်။
…
ညအမှောင်ကျရောက်လာပြီး ကောင်းကင်ကြီးသည် ကြီးမားလှသော အပြာရောင်ဆန်ဆန်လများဖြင့် အလှဆင်ထားသည်။
"Galaxy" အတွင်းရှိ ဂြိုလ်တိုင်းတွင် မတူညီသော မြေမျက်နှာသွင်ပြင်များနှင့် ပတ်ဝန်းကျင်အခြေအနေများ ရှိကြသည်။ ဟန်ရှောင်း၏ ယခင်ဘဝတွင် စကြဝဠာခရီးသွားကြသည့် ကစားသမားများ ရှိကြသည်။ သူတို့သည် စကြဝဠာတစ်ဝှမ်းလုံးရှိ လှပသော တောတောင်ရေမြေ သဘာဝရှုခင်း ဓါတ်ပုံအယ်ဘမ်များကို ရောင်းချတတ်ကြသည်။
ကံမကောင်းချင်တော့၊ ထူထဲသည့် ကားအမိုးက လရောင်များကို ကာကွယ်ထားရာ ညရှုခင်းကို ခံစားရန် မဆိုထားနှင့်၊ ပတ်ဝန်းကျင်သို့ မြင်တွေ့ရန်ပင် ခက်ခဲလှသည်။
ဟန်ရှောင်းသည် သစ်ပင်များကို ဝင်တိုက်မိမည် စိုးရိမ်သဖြင့် အတော်လေး သတိထား၍ မောင်းနှင်နေသည်။ အမှောင်ထုက သူ့ကို တော်တော် ဒုက္ခများစေ၏။ သူ လျှင်လျှင်မြန်မြန် မသွားနိုင်ရုံသာမက၊ ကားအင်ဂျင်သံကလည်း သူ၏နေရာကို ပေါ်သွားစေနိုင်သည်။
"ညမှာ ကားမောင်းရတာ တော်တော်ဆိုးတာပဲ၊ လမ်းလျှောက်တာပဲ ကောင်းပါတယ်။"
ကားရပ်လိုက်ပြီး စက်သတ်ကာ ကားကို စွန့်ပစ်ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။
တောနက်ထဲရှိ တိတ်ဆိတ်မှုက ကြီးစိုးလာသည်။ အနီးနားရှိ အရိပ်များမှာ တစ္ဆေသရဲများအလားပင်။
_____________________
သင် ဘီစကစ် ၅ချပ်နှင့် ရေ ၃ဘူး ရရှိခဲ့သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်း ကားထဲမှ ရိက္ခာနှင့် ရေများရှာတွေ့သွားသည်။ အိတ်ထဲတွင် သိမ်းဆည်းပြီးနောက် လမ်းဆက်လျှောက်သွားတော့သည်။ ကားဘီးရာများနှင့် ပက်သက်ပြီး ဘာမှမလုပ်နိုင်သည့်အတွက်၊ နောက်က လိုက်ဖမ်းသူများကို လမ်းလွှဲရန် သူ၏ဦးတည်ရာကို အနည်းငယ် ပြောင်းလဲရုံသာ တတ်နိုင်တော့သည်။
ညက သူ့အတွက် ဝတ်ရုံတစ်ခုလိုပင်။
ဟန်ရှောင်းသည် အလွန်မောပန်းနွမ်းနယ်နေပြီး သူ၏သက်လုံအမှတ်မှာလည်း ကုန်ခမ်းနေပြီဖြစ်သည်။ သိူ့သော်လည်း သူအနားမယူရဲသေးပေ။
ရုတ်တရက်၊ သူ့နောက်မှ ကားစက်သံ ကြားလိုက်ရသည်။ သစ်ပင်တစ်ပင်နောက်တွင် အကာအကွယ်ယူလိုက်ပြီး ချောင်းကြည့်လိုက်ရာ မီတာ၃၀၀အဝေးမှာ ကားမီးလုံး ၃စုံကို တွေ့လိုက်ရ၏။
သူသည် ပို၍ဘေးကင်းမည့် နေရာသို့ တွားသွားမည်အပြုတွင် ရုတ်တရက် သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။
အန္တရာယ်အငွေ့အသက်ကို ခံစားရလိုက်ပြီး မြေပြင်ပေါ်ဝပ်ချလိုက်သည်။ သူ၏ပခုံးကို တစ်စုံတစ်ခုက ရှပ်ထိသွားသည်။ လှည့်ကြည့်လိုက်ရာ ကျည်ဆံက သူ့ကိုကပ်လွဲသွားပြီး ၁၀မီတာအကွာရှိ သစ်ပင်ကို ထိမှန်သွားသည်ကို တွေ့ရသည်။
ကား၃စီး ရပ်သွားပြီးနောက်၊ လူ၆ယောက် ဆင်းလာသည်။ သူတို့က ညဇီးကွက် တပ်ဖွဲ့ ၃ပင်ဖြစ်သည်။ သေနတ်နှင့် ပစ်လိုက်သူက ဆေးလ်ဗားဘလိတ်ပင်။
ဆိုက်ကလုက် ၆ကောင်လား... (ဂရိဒဏ္ဍာရီတွေထဲက မျက်လုံး၁လုံးတည်းပါတဲ့ ဘီလူးကြီး)၊
ဟန်ရှောင်းတစ်ယောက် သူတို့၏ အသွင်အပြင်ကြောင့် တစ်ခဏမျှ အံ့အားသင့်သွားသည်။ ညကြည့်မျက်မှန်များနှင့် ဖြစ်သည်။
ဟန်ရှောင်း သူ၏ ကံကြမ္မာကိုသာ ကျိန်ဆဲနေတော့သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင် SWP စနိက်ပါနှင့် အပစ်ခံရပြီး ရှပ်ထိသွားသည်။ ထိခိုက်မှု ၁၈မှတ်
ဘုရားသခင်ရေ... ရှပ်ထိရုံပဲ ထိတာတောင် ပစ္စတိုနဲ့ တိုက်ရိုက်ထိတာထက် ထိခိုက်မှုက ပိုများနေပါလား
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင် တိုက်ပွဲအတွင်း ဝင်ရောက်ခဲ့ပြီး ရန်သူ၏ အချက်အလက်များ ရရှိခဲ့သည်။
ညဇီးကွက် အေးဂျင့်
အဆင့် - ၁၅
အမျိုးအစားများ : အဆင့် ၁၀ အေးဂျင့်၊ အဆင့် ၅ လက်ရွေးစင်အေးဂျင့်
အချက်အလက်များ :
ခွန်အား ၁၈၊ လက်စွမ်း ၁၅၊ ခံနိုင်ရည် ၂၅၊ ဉာဏ်ရည် ၁၀၊ လျှို့ဝှက်ဆန်းကြယ်မှု ၃၊ ကျက်သရေ ၈၊ ကံကောင်းခြင်း ၁။
စွမ်းအင်: 0
ပါဝါအဆင့် - ၄၀
သွေးအမှတ် : ၃၅၀
စွမ်းရည်များ
ဂရိုင်ဒါ : +100 သွေးအမှတ်
နာကျင်မှုခံနိုင်ရည် : ဒဏ်ရာကြောင့် တိုက်ခိုက်မှုစွမ်းရည်ကို သက်ရောက်ခြင်းမရှိပါ။
ကျွမ်းကျင်မှုစွမ်းရည်များ
အဆင့် ၄ - အခြေခံတိုက်ခိုက်ရေး
အဆင့် ၅ - အခြေခံ ပစ်ခတ်နည်း
အဆင့် ၂ - ပစ်မှတ်တိကျခြင်း
အဆင့် ၁ - စနိုက်ပါ (ခေါင်းဆောင်)
ကိရိယာများ
_____________________
SWP စနိုက်ပါ ရိုင်ဖယ် (စွမ်းအားပြင်း ကျည်ဆံ)
အဆင့်အတန်း : သာမန်
ထိခိုက်နိုင်မှု : ၇၀-၈၀
ပစ်ခတ်မှုနှုန်း : ၀.၅/s
ကျည်ဆံ : ကျည်တစ်ကတ်တွင် ၅တောင့်
ပါဝါအဆင့် : ၃၀
ကိုင်ဆောင်ရန်လိုအပ်ချက် : အဆင့် ၁ စနိုက်ပါ
_____________________
ညကြည့်မျက်မှန်များ
အဆင့်အတန်း : သာမန်
_____________________
73-WASP (အသေးစား ပစ္စတို)
အဆင့်အတန်း : သာမန်
ထိခိုက်နိုင်မှု : ၂၈ -၃၅
ပစ်ခတ်မှုနှုန်း : 1.1/s
ကျည်ဆံ : ကျည်တစ်ကတ်တွင် ၁၀တောင့်
ပါဝါအဆင့် : ၁၃
_____________________
လက်ပစ်ဗုံး (၃)
၂၀မီတာအတွင်းရှိ ပစ်မှတ်များအားလုံးကို ထိခိုက်မှု ၅၀-၈၀။
အပိုဆောင်း ထိခိုက်နိုင်ခြေရှိသည်။
ပါဝါအဆင့် : ၄၅
_____________________
ဂျက်ဆင် ချေမှုန်းရေး ရိုင်ဖယ်
အဆင့်အတန်း : သာမန်
ချေမှုန်းရေး ရိုင်ဖယ်
ထိခိုက်နိုင်မှု : ၃၆-၄၂
ပစ်ခတ်မှုနှုန်း (တစ်ချက်ချင်း) : ၁.၅/စက္ကန့်
ပစ်ခတ်မှုနှုန်း (ဆက်တိုက်) : ၄/ စက္ကန့်
အမြင့်ဆုံးပစ်ခတ်မှုနှုန်း (အတွဲလိုက်) : ၁၀/ စက္ကန့်
ကျည်ဆံ : ကျည်တစ်ကတ်တွင် ၃၀တောင့်
ပါဝါအဆင့် : ၃၃
_____________________
အပေါ့စား ကျည်ကာအင်္ကျီ
အဆင့်အတန်း : သာမန်
ခုခံနိုင်မှု ၁၀-၂၀
ခိုင်ခံ့မှု ၅၀
သတ္တုအလွိုင်း ဓါးမြောင်
အဆင့်အတန်း : သာမန်
ထိခိုက်နိုင်မှု ၈-၁၂
အရှည် ၀.၂၈ မီတာ
_____________________
သူတို့ ၆ယောက်လုံးမှာ လက်ရွေးစင်အေးဂျင့်၊ အဆင့်မြင့် အမျိုးအစားများ ဖြစ်ကြသည်။ သူတို့သည် ဟန်ရှောင်းထက် အဆင့်နိမ့်နေသော်လည်း၊ ပိုမိုမြင့်မားသော အမှတ်များရှိကြပြီး၊ ပိုကောင်းသော လက်နက်များလည်း ကိုင်ဆောင်ထားကြသည်။
ဟန်ရှောင်း၏မျက်နှာမှာ မည်းမှောင်သွားတော့သည်။
အို... ကောင်လေးရေ...