← Chapters

အရှေ့တောင်သို့ပြန်ရောက်ပြီ

Vol. 61 Ch. 851

အရှေ့တောင်သို့ပြန်ရောက်ပြီ

Vol. 61 Ch. 851

အခန်း (၈၅၁) အရှေ့တောင်သို့ပြန်ရောက်ပြီ

လျိုကျန်းကူက ရန်ကျောက်ကဲတို့အားလုံးကို ခေါ်ဆောင်ပြီး အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကို အလျှင်အမြန်ဖြတ်ကျော်ကာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ရောက်ရှိလာသည်။

ရောက်ရောက်ချင်းပင် လျိုကျန်းကူက ကျင်းထင်တောင်သို့ ဦးတည်သွားခဲ့သည်။အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ရောက်ရှိပြီဆိုကတည်းက အရှေ့တောင် ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ နှင့် တွေ့ဆုံရမည် ဖြစ်၏။

ရန်ကျောက်ကဲက တစ်စုံတစ်ခုကို စဉ်းစားနေစဉ် ဖန်းယွင်ရှန်းက စကားဆိုသည်။

“အရင်တစ်ခေါက် အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့တွေ့တုန်းက သူ့မှာ ပြောစရာစကားတစ်ခုခုရှိနေတယ်လို့ ကျွန်မခံစားရတယ် ၊ ကြည့်ရတာ... အဲဒါက ရှင်ကျင့်ကြံထားတဲ့ နတ်ဘုရားအဆုံးသတ်ဓားသိုင်းအကြောင်း မဟုတ်ဘူးထင်တယ် ၊ အဲဒါက အကြီးအကဲ’ရွှယ်ချူးချင်’ နဲ့ ပတ်သက်နေရမယ်”

“အဲဒီတုန်းက ရှင့်ရဲ့ရုပ်သွင်ကို သတိပြုမိသွားတာဖြစ်နိုင်တယ် ၊ ဒါပေမဲ့ အတည်မပြုနိုင််သေးလို့ မမေးတာဖြစ်ရမယ်”

သူမစကားကိုကြားတော့ ရန်ကျောက်ကဲ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ အခုပြဿနာမှာ အရှေ့တောင်ထိပ်တန်းအရှင်သခင်က အရှေ့ပိုင်းထိပ်တန်းအရှင်သခင်ကိုဆန့်ကျင်ဖို့ မသိချင်ယောင်ဆောင်နေခဲ့တယ်လေ”

လျိုကျန်းကူ ချောင်ကျယ်နှင့်တွေ့ဆုံးသဖြင့် ရန်ကျောက်ကဲတို့အုပ်စုသည်လည်း ကျင်းထင်တောင်သို့ ထပ်မံရောက်ရှိခဲ့ကြသည်။

မုကျွင်းကတော့ ကျူတောပင်လယ်ဒေသသို့ ထွက်ခွာသွားပြီဖြစ်သဖြင့် တွေ့ဆုံရခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲ ထွက်ခွာသွားသည့် တစ်နှစ်ကျော်ကာလအတွင်း အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် အရှေ့တောင် မီးတောက်ကောင်းကင်ပြည်နယ်၏ နယ်ခြားဒေသဖြစ်သော ကျူတောပင်လယ်ဒေသတွင်လည်း လျှို့ဝှက်လှုပ်ရှားမှုများ မြင့်တက်လာခဲ့သည်။

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် ကျူတောပင်လယ်ဒေသက ပြဿနာသိပ်မရှိသော်လည်း တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်က အဆက်မပြတ် မတည်ငြိမ်အောင် လှုပ်ရှားလျှက် ရှိသည်။ သူတို့က ထန်ယုံဟောင်၏ ဇာမဏီအရိုးကိစ္စနှင့်ပတ်သက်ပြီး အဆက်မပြတ်ပင် စနစ်တကျ လှုပ်ရှားနေကြသည်။

ထို့ကြောင့် ကျူတောပင်လယ်ဒေသကို အဆက်မပြတ်စောင့်ကြည့်နေသော လင်ဟန့်ဟွာသာမက မုကျွင်းသည်လည်း ထိုနေရာသို့ အမြန်ဆုံးခရီးနှင်ရခြင်း ဖြစ်၏။

သို့သော် ကျန့်မင်နှင့် ချန်ကျိလျန်တို့ကတော့ ကျင်းထင်တောင်တွင် ရှိနေဆဲပင်။

ယခင်တစ်ခေါက် ကျင်းထင်တောင်ကို ရောက်ပြီးကတည်းက ရန်ကျောက်ကဲတို့အုပ်စုက ကျင်းထင်တောင်မှလူများနှင့် ရင်းနှီးပြီးသား ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ဤဒေသမှအဖြစ်အပျက်များကို သတင်းစုံစမ်းရာတွင် စိတ်ပူစရာမရှိခဲ့ပေ။

ရန်ကျောက်ကဲကိုကြည့်ရင်း ကျန့်မင်က ခေါင်းတစ်ချက်ခါယမ်းကာ လေးစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

“မိတ်ဆွေလေး’ရန်’ ၊ မင်းအဖေကတော့ တကယ့်ကို သာမန်အကဲခတ်လိ့မရဘူးပဲ ၊ စောစောက ပြောသလိုပဲ... မင်းအဖေက တကယ့်ကိုထူးခြားတဲ့လူတစ်ယောက်ဆိုတာ အမှန်ပဲ ၊ အချိန်တိုအတွင်းမှာ...  သူက သိုင်းသူတော်စင်ပဉ္စမအဆင့်ကို ရောက်သွားပြီ ၊ ဒါပေမဲ့ မင်းကလည်းအချိန်တိုအတွင်းမှာ ရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ်နဲ့ အစစ်အမှန်သိုင်းကိုယ်ခွဲ အပြည့်အဝပေါင်းစပ်ပြီး သိုင်းသူတော်စင် တတိယအဆင့်ကိုရောက်သွားမယ်လို့ ထင်မထားခဲ့ဘူး”

ကျန့်မင်က ရန်ကျောက်ကဲကိုကြည့်ရင်း ဆက်ပြောသည်။

“မင်း သိုင်းသူတော်စင်အဆင့်တက်တာပဲ ဘယ်လောက်ကြာသေးလို့လဲ”

သူ့နံဘေးတွင်ရှိနေသည့် ချန်ကျိလျန်မှာလည်း အခြေအနေများကို မှန်းဆမရနိုင်ကြောင်း ခံစားနေရသည်။

“မင်းအဖေက ကမ္ဘာဖြတ်လမ်းကြောင်းကိုဖြတ်ပြီး အထက်ဘုံကမ္ဘာကိုတက်လာတုန်းက သိုင်းသူတော်စင် ဒုတိယအဆင့်ကနေ စတုတ္ထအဆင့်အထိ နှစ်ဆင့်ဆက်တိုက်ဖောက်ထွက်သွားတာ ငါကိုယ်တိုင် တွေ့မြင်ခဲ့ရတယ် ၊ ဒါပေမဲ့ အခုလိုအချိန်တိုလေးအတွင်း သူ နောက်တစ်ဆင့်တက်သွားမယ်လို့ လုံးဝထင်မထားဘူး”

“မင်းကတော့ မိတ်ဆွေလေး’ရန်’ ... ပိုပြီးတော့တောင် မယုံနိုင်စရာပဲ ၊ မင်းအသက်က အခု ဘယ်လောက်ပဲရှိသေးလို့လဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“တိုက်ဆိုင်ပြီး ကံကောင်းသွားတာကြောင့်ပါဗျာ ၊ တကယ်က ဘာမှမဟုတ်ရပါဘူး”

ဖခင်ဖြစ်သူ သိုင်းသူတော်စင် ပဉ္စမအဆင့်ထိ အဆင့်တက်သွားခြင်းက သဘာဝအတိုင်းဖြစ်ပြီး သူ၏တန်ခိုးစွမ်းအားလည်း ပိုမိုမြင့်မားလာမည် ဖြစ်သည်။

ရန်တိက အရှိန်အဟုန်ဖြင့် ကျင့်ကြံခြင်းအဆင့်မြင့်တက်သွားသည်ကို ရန်ကျောက်ကဲ အံ့သြခြင်း မရှိပေ။

ရန်တိ၏ကျင့်ကြံခြင်းက သူ၏ဓားတာအိုကဲ့သို့ပင် ပြိုင်ဘက်ကင်းပြီး ဓားအိမ်အတွင်းမှ ထုတ်လိုက်သည်နှင့် လွှမ်းမိုးနိုင်စွမ်း မြင့်မားလွန်းသည်။

သူ့အတွက် မြန်မြန်အဆင့်တက်လေ ပိုပြီးသေချာလေ ဖြစ်သည်။ အခြေခံအုတ်မြစ်တည်ငြိမ်စေရန် အချိန်ကြန့်ကြာစေမည်ဆိုပါက သူ့အတွက် အန္တရယ်ဖြစ်စေနိုင်သည်။

ယေဘူယျအားဖြင့်ဆိုရလျှင် ကျင့်ကြံခြင်းအဆင့်မြင့်မားလေ အဆင့်တက်ရန်အတွက် အချိန်နှင့်အာစိုက်ထုတ်မှု ပိုမိုလိုအပ်လေဖြစ်ပြီး ကျင့်ကြံခြင်းတစ်ဆို့မှုများကို ဖြတ်ကျော်ရန် ခက်ခဲလေ ဖြစ်သည်။

သိုင်းသူ‌တော်စင် ၊ ဒဿမအဆင့်ဆိုလျှင် တန်ခိုးစွမ်းအားရှင်များစွာသည် ဆယ်စုနှစ်တစ်ခုမှသည် ရာစုနှစ်တစ်ခုအထိ အဆင့်မတက်နိုင်ဘဲရှိနေသည်မှာ လုံးဝပုံမှန်ကိစ္စ ဖြစ်၏။

သို့ရာတွင် အခြားသူများနှင့်သက်ဆိုင်သော သဘောတရားများသည် ရန်တိနှင့် သက်ဆိုင်ခြင်း မရှိပေ။

ဤသို့ဖြစ်သည်မှာ ရန်တိက ကျင့်စဉ်လမ်း လျှောက်လှမ်းရာတွင် အားနည်းချက်မရှိသောကြောင့် မဟုတ်ပေ။

ပေတစ်သောင်းမြင့်သောတောင်ထိပ်သို့ မြန်နှုန်းမြင့်မားစွာ ဆက်တိုက်တက်နေချိန် ရုတ်တရက် ရပ်တန့်လိုက်သည်နှင့် တန်းပြီးပြုတ်ကျသွားနိုင်သည်။

ရန်တိသည်လည်း ထိုသို့ပင်ဖြစ်သည်။ အတားအဆီးများနှင့် ကျင့်ကြံခြင်းတစ်ဆို့မှုများကို ဆက်တိုက်ဆိုသလို ဖြတ်ကျော်သွားမှသာ ရှေ့ဆက်တက်လှမ်းရန် အဆင်ပြေသည်။

အချိန်ကြာမြင့်စွာ ဖြတ်ကျော်မရနိုင်သည့် အတားအဆီးတစ်ခုရှိသွားလျှက် အခြားသူများအတွက် ပြဿနာမရှိနိုင်သော်လည်း ရန်တိအတွက်တော့ သွေးပွက်ပွက်အန်ရမည့်ကိန်း ဖြစ်သည်။

နောက်ပိုင်း ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ အန္တရယ်များလေဖြစ်ပြီး အခန့်မသင့်ပါက အသက်ကိုပင် ဆုံးရှုံးစေနိုင်သည်။

မိုးကောင်းကင်တာအိုက တရားမျှတမှု ရှိပေသည်။

တစ်နေရာက အကျိုးအမြတ်ရလျှင် တစ်နေရာက ဆုံးရှုံးမည် ဖြစ်သည်။ အဆုံးမရှိသော အံ့သြဖွယ်ရာများနောက်ကွယ်တွင် လူအများမသိမြင်နိုင်သော အန္တရယ်များ ရှိနေတတ်သည်။

ဤသည်မှာ ရန်ကျောက်ကဲက စန်းချင်း(၃)ပါး၏ ကျင့်စဉ်များကို တစ်ပြိုင်တည်းကျင့်ကြံရန်အတွက် ရွေးချယ်ခဲ့သော ကျင့်စဉ်လမ်းနှင့် ဆင်တူသည်။

အောင်မြင်မှုများနောက်ကွယ်တွင် အခြားသူများ မသိရှိနိုင်သော အခက်အခဲများ ပိုင်ဆိုင်ထားသည်။

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့် အရှိန်အဟုန်ဖြင့် မြင့်တက်နေရသည့်အကြောင်းရင်းမှာ သူ၏ကျင့်ကြံခြင်းစွမ်းအားအပြင် ရင်းမြစ်ပစ္စည်းများ ၊ အသိပညာနှင့် ပိုင်းခြားသိမြင်နိုင်မှုတို့က အခြားသူများထက် များစွာသာလွန်နေသောကြောင့် ဖြစ်၏။

အကယ်၍ ရန်ကျောက်ကဲသာ စန်းချင်း(၃)ပါးလုံး၏ ကျင့်စဉ်များကို တစ်ပြိုင်နက်တည်း ကျင့်ကြံရသည့်လမ်းစဉ်ကို မလျှောက်လှမ်းခဲ့ပဲ ပုံမှန်အတိုင်းသာ ကျင့်ကြံမည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအဆင့်က ပို၍ပင် လျှင်မြန်စွာ မြင့်တက်လာပေဦးမည်။

ရန်တိလျှောက်လှမ်းသည့် လမ်းစဉ်ကတော့ သူနှင့်အသင်တော်ဆုံး လမ်းစဉ် ဖြစ်၏။

ရန်တိ ဖြစ်နေသောကြောင့်သာ ဤလမ်းကိုလျှောက်လှမ်းနိုင်ခြင်းဖြစ်ပြီး အခြားသူသာဆိုလျှင် လမ်းတစ်ဝက်တွင် ကျရှုံးသွားနိုင်သည်ဟု တစ်ခါတစ်ရံ ရန်ကျောက်ကဲ တွေးမိသည်။

ရန်တိ၏ သိုင်းစွမ်းအားက အံ့မခန်းဖြစ်ပြီး အထူးခြားဆုံးလည်းဖြစ်သည်။ ရန်ကျောက်ကဲ ပိုပြီးစိတ်ဝင်စားသည်မှာ ရန်တိ၏လက်ရှိအခြေအနေက အတော်တဆ တိုက်ဆိုင်ခြင်း မဖြစ်နိုင်ပေ။

သို့ပေသိ ဖြစ်ရပ်များအားလုံးက မြူခိုးများဖုံးလွှမ်းနေသည့်အလား ရှင်းရှင်းလင်းလင်းမမြင်နိုင် ဖြစ်နေရသည်။ ထို့ကြောင့်လည်း ရန်ကျောက်ကဲက ပိုပြီးစူးစမ်းလေ့လာချင်ခဲ့သည်။

ကျန့်မင်နှင့် ချန်ကျိလျန်တို့က ရန်ကျောက်ကဲစိတ်ထဲမှအတွေးများကို မသိသော်လည်း သူတို့စိတ်ထဲမှာတော့ ‘ရန်’ သားအဖ၏ လျှင်မြန်သောအဆင့်တက်မှုကို အတော်လေး အထင်ကြီးလေးစားနေကြသည်။

ချန်ကျိလျန်က တည်ကြည်လေးနက်စွာဖြင့်...

“ဒါနဲ့... မိတ်ဆွေလေး’ရန်’... နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်”

သူက ဆက်ပြောသည်။

“တာ့ရွှမ်တိုင်းပြည်ကို အင်အားဖြည့်ပေးဖို့ အတွက် ကျူတောပင်လယ်ဒေသကို တန်ခိုးစွမ်းအားရှင်တွေ ထပ်ရောက်လာကြတယ်”

တကယ်တော့ ရောက်ရှိလာသူကို ကျူတောပင်လယ်ဒေသရှိ မြောက်ပင်လယ်ဓားခန်းမ ၊ ကြေးနီကျွန်းနှင့် အခြားသောအင်အားစုများက ကောင်းစွာသိရှိကြသည်။ ထိုသူကို လူသစ်တစ်ယောက်ဟု မယူဆနိုင်ပေ။

ပြီးတော့ သူတို့အနေဖြင့် ထိုသူကို ရင်းနှီးကျွမ်းဝင်သည်ဟုပင်ဆိုနိုင်သည်။ နှစ်ပေါင်းများစွာ ထိုသူကို မတွေ့ဆုံရသောကြောင့်သာ သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်၏။

ထိုသူသည်ကား တာ့ရွှမ်တိုင်းပြည် ဒုတိယမင်းဆက်ဧကရာဇ်ဖြစ်သော ဧကရာဇ်ရွှမ်ချန် ဖြစ်၏။

ဤသည်က ပြဿနာမရှိပေ။

ပြဿနာရှိသည်က ရှေးယခင်တစ်ချိန် အမတကူးပြောင်းခြင်းကနဦးအဆင့်ရှိသော ဧကရာဇ်ရွှမ်ဟွမ်သည် ယခု အမတကူးပြောင်းခြင်း အလယ်ဆင့်သို့ရောက်ရှိနေခြင်း ဖြစ်၏။

ထိုသူထွက်ပေါ်လာခြင်းက မြောက်ပင်လယ်ဓားခန်းမမှ ကုဟုန် ၊ ကြေးနီကျွန်းသခင် ကုန်းစွန်းမင်နှင့် ကျန်ရှိသူများကို အတော်လေး ခေါင်းကိုက်စေသည်။

ဟိုစဉ်တစ်ချိန်က တာ့ရွှမ်မင်းဆက်ကိုတည်ထောင်ခဲ့သူ ဧကရာဇ်ရွှမ်ဝမ်သည် ကျူတောပင်လယ်ဒေသသို့ ရောက်ရှိခဲ့ပြီး ရှန်လင်ကျီ ၊ တာအိုဆရာ’ရှီ’ တို့နှင့်အတူ ကျူတော်ပင်လယ်ဒေသနယ်မြေများကို သိမ်းပိုက်ကာ တိုင်းပြည်တည်ထောင်ခဲ့သည်။

ယခင်က ဧကရာဇ်ရွှမ်ချန်သည် သူ၏ခမည်းတော် ဧကရာဇ်ရွှမ်ဝမ်နှင့် မယှဉ်နိုင်သော်လည်း ယခုတော့ အရင်ကနှင့် မတူတော့ပေ။

တာ့ရွှမ်မင်းဆက်ကို အင်အားဖြည့်ပေးမည့်သူများ ကျူတောပင်လယ်ဒေသသို့ရောက်ရှိလာခြင်းအတွက် ရန်ကျောက်ကဲ အံ့သြမိခြင်းမရှိပေ။

သို့သော် ဧကရာဇ်ရွှမ်ချန်ရောက်ရှိလာသည်ဆိုသောအခါ ရန်ကျောက်ကဲ အံ့အားသင့်ခဲ့ရသည်။

“ရှန်လင်ကျီနဲ့ တာအိုဆရာ’ရှီ’ တို့ရော ရောက်မလာဘူးလား”

သေဆုံးသွားပြီဟု အတည်ပြုပြီးသော ဧကရာဇ်ရွှမ်ဟွမ်နှင့်မတူဘဲ ရှန်လင်ကျီနှင့် တာအိုဆရာ’ရှီ’ တို့က ကျူတောပင်လယ်ဒေသတွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခြင်း ဖြစ်ပြီး အခြေအနေမှန်ကို မသိရသေးပေ။

ကျန့်မင်က...

“အခုတော့ သူတို့ရောက်မလာသေးဘူး”

ဧကရာဇ်ရွှမ်ချန် ကျူတောပင်လယ်ဒေသသို့ဝင်ရောက်လာကြောင်းကိုသာ ကျင်းထင်တောင်က သိရှိခဲ့သည်။

ထိုပုဂ္ဂိုလ်က ကျူတောပင်လယ်ဒေသသို့ ဝင်ရောက်ပြီးနောက် အခြားမည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ တာ့ရွှမ်မင်းဆက်ကို ပြန်လည်တည်ငြိမ်စေကာ သီးသန့်ပင်နေထိုင်ခဲ့သည်။

လက်ရှိတွင် သူက ‘ကောင်းကင်စွမ်းအားအစီအရင်’ ကို အဓိက အာရုံစိုက်နေကြောင်း အားလုံး သိရှိကြ၏။

ဤသည်မှာလည်း ကျင်းထင်တောင်က သူတို့အုပ်စုကို ကျူတောပင်လယ်ဒေသတွင်နေထိုင်ရန် ခွင့်ပြုခဲ့သောကြောင့်ပင်။

အချိန်ကြာလာသည်နှင့်အမျှ ခန်းဖင်းနှင့် အခြားသူများက သဘာဝပသာဒနယ်မြေ ၊ ပင်လယ်ရေအောက်နက်ရှိုင်းရာမှ ပြန်ထွက်လာလျှင် တာ့ရွှမ်တိုင်းပြည်သည်လည်း ပိုပြီး လူအင်အားများလာကာ လှုပ်ရှားမှုပြုလုပ်လာနိုင်ဖွယ်ရှိသည်။

ရန်ကျောက်ကဲက ခဏမျှစဉ်းစားလိုက်ပြီးနောက် ကျန့်မင်နှင့် ချန်ကျိလျန်ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...

“ခဏနေလို့ အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့တွေ့ပြီးရင် ဒီ ‘ရန်’ ကျူတောပင်လယ်ဒေသကို ပြန်တော့မယ် ၊ ဒါကြောင့် ကြိုပြီးနှုတ်ဆက်ခဲ့ပါရစေ ၊ ခင်ဗျားတို့နှစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ”

All Chapters