← Chapters

အလကားရလိုက်တဲ့သိုင်းပညာ

Vol. 61 Ch. 855

အလကားရလိုက်တဲ့သိုင်းပညာ

Vol. 61 Ch. 855

အခန်း (၈၅၅) အလကားရလိုက်တဲ့သိုင်းပညာ

ရန်တိ၏မေးခွန်းကိုကြားတော့ ရန်ကျောက်ကဲက တည်ကြည်လေးနက်စွာဖြင့်...

“ဖန်သားအလင်းကျောင်းတောင်ကတပည့်တွေ အမေ့ကိုရှာနေတောကို ကျွန်တော်နဲ့ တည့်တည့်တိုးမိတာ ၊ အဲဒီနေရာက ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်မှာ ဂိုဏ်းတူညီမလေးစစ်ခုန်ချင်းနဲ့ဆင်တူတဲ့ လီချန်ဆိုတဲ့လူငယ်က စောင့်နေတာ ၊ သူက သီးခြားနယ်မြေထဲကိုမဝင်ဘူးလေ”

မဟုတ်ပါက ရွှယ်ချူးချင်နှင့် လီချန်ဆက်စပ်နေသည်ကို ဖန်သားအလင်းကျောင်းတော်မှတပည့်များ သိရှိသွားမည် ဖြစ်၏။

ရန်ကျောက်ကဲက...

“အတိအကျတော့ မသေချာပေမယ့် ကျွန်တော်အကဲဖြတ်တာ မမှားလောက်ဘူး”

စစ်ခုန်ချင်းနှင့် သူတို့၏စိတ်ဝိညာဉ်အတွင်း ဖုံးကွယ်ထားသော အင်းသင်္ကေတများ၏အထူးခြားမှုကို ရွှယ်ချူးချင်က ဇာတ်လမ်းဆင် ကြိုးကိုင်ထားပုံရသည်။

ထိုကိစ္စများကြောင့်ပင် ရွှယ်ချူးချင်သည်လည်း လူအများလိုက်လံရှာဖွေခံနေရခြင်း ဖြစ်နိုင်သည်။

ရန်တိက ခဏမျှစဉ်းစားရင်း...

“ဒီကိစ္စကို တူမလေးစစ်ခုန်ကိုလည်းပြောပြလိုက်ပါ ၊ မင်းအမေအကြောင်းကိုလည်း သူ့ကိုအတိုချုံးပြီးပြောပြလုက်ပေါ့ ၊ အဓိကကတော့ တူမလေးစစ်ခုန်အနေနဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားနိုင်ဖို့နဲ့ အပြင်ထွက်တဲ့အခါ ပိုပြီးသတိထားဖို့ပါ”

ရန်ကျောက်ကဲက...

“ကျွန်တော် နားလည်ပါပြီ”

သားအဖနှစ်ယောက် ပြဿနာများစွာကို ဆွေးနွေးခဲ့ကြပြီး အများစုမှာ အထက်ဘုံကမ္ဘာ၏ လက်ရှိအခြေအနေနှင့် ဝါဒတောင်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းများ ဖြစ်ကြသည်။

ရန်ကျောက်ကဲသည် ဂိုဏ်းတွင် မည်သည့်ရာထူးကိုမျှ မရယူထားသော်လည်း အဓိက ဆုံးဖြတ်ချက်ချသည့်အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်နေပြီဖြစ်သည်။

ရန်တိပဲဖြစ်ဖြစ် ယွမ်ကျန်းဖုန်းပဲဖြစ်ဖြစ် ဂိုဏ်းရဲ့ ယေဘူယျဗျူဟာများနှင့်ပတ်သက်ပြီး သူ၏အတွေးအမြင်များကို ရည်ညွှန်းလိုစိတ်ရှိကြသည်။

အဆုံးသတ်မှာတော့ ရန်တိကပြုံးလိုက်ရင်း...

“မင်း ဒီတစ်ခေါက်ခရီးထွက်တာ အကျိုးအမြတ်တွေ အများကြီးရခဲ့တာပဲ ၊ ဒီဆေးလုံးတွေရခဲ့တာလည်း အပါအဝင်ပေါ့ ၊ ပမာဏအရမ်းများတယ်ဆိုပေမယ့် နောက်ပိုင်းကျ သုံးရင်းကုန်သွားမှာပါပဲ ၊ နောက်တစ်ခုက ဒဏ္ဍာရီထဲက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကိုရဖို့ကပိုခက်တယ် ၊ ဒါက ငါတို့ဂိုဏ်းနဲ့မျိုးဆက်တစ်ခုလုံးအတွက် ကုသိုလ်ထူးတဲ့ အခြေခံအုတ်မြစ်တစ်ခုပဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒီကျမ်းစာက ပြီးပြည့်စုံမှုမရှိသေးပေမယ့် အပြည့်အဝပြန်ရအောင်လုပ်ဖို့ ဖြစ်နိုင်ပါတယ် ၊ အဲဒီအချိန်ကျ ဆရာဘိုးဘိုးအတွက်လည်း အဆင်ပြေမှာပါ”

“ပြီးတော့ ကျွန်တော်တို့ဝါဒတောင်ရဲ့ ကောင်းကင်ဝါဒလက်ဝါးသိုင်းက  စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကနေ ဆင်းသက်လာတာမဟုတ်လား”

သူက သက်ပြင်းချရင်း...

“စိတ်မကောင်းစရာက ကျွန်တော်တို့ဝါဒတောင်ရဲ့ တည်ထောင်သူဆရာဘိုးဘိုး’ချိုးယွမ်’ ရှာဖွေတွေ့ရှိခဲ့တဲ့ အစိတ်အပိုင်းက ပျောက်ဆုံးသွားတာပဲ”

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင်၏တည်ထောင်သူဆရာဘိုးဘိုး “ကောင်းကင်တည်ထောင်သူ” ချိုးယွမ်သည် ကောင်းကင်ဝါဒလက်ဝါးသိုင်းကို ဝါဒတောင်၏မူလအခြေခံအုတ်မြစ်အဖြစ် ထားရှိခဲ့သည်။ အတိတ်တစ်ချိန်က ချိုးယွမ်သည် အံ့သြဖွယ်ရာသိုင်းပညာအပိုင်းအစတစ်ခုကို ရရှိခဲ့ဖူးသည်။

ထို အပိုင်းအစသည် ဝါဒတောင်၏ အမွေအနှစ်များထဲမှတစ်ခု ဖြစ်လာခဲ့ပြီး  အခြားသောအဆက်အနွယ်များမှလူအများအနေဖြင့် ကြည့်ရှုခွင့်မရှိဘဲ ဂိုဏ်းချုပ်အဆင့်ဆင့်လက်ဆင့်ကမ်းလွှဲပြောင်းပေးခဲ့ကြသည်။

ရန်ကျောက်ကဲက နဂိုကတည်းကပင် ထိုအပိုင်းအစကို အတော်လေးစိတ်ဝင်စားသည်။

သူ သံသယဝင်မိသည်မှာ ဤအပိုင်းအစမှာ ရှေးယခင်အချိန် တာအိုဝါဒ၏အကြီးအမှူးတစ်ယောက်ဖြစ်သော ကွမ်းချန်ထျန်းကျွင်းထံမှရရှိသည်ဟု သူကသံသယဝင်သည်။

ရန်တိ ဝါဒတောင်၏ဂိုဏ်းချုပ်ဖြစ်လာသည့်နောက် ရန်ကျောက်ကဲက လျှို့ဝှက်စွာဖြင့် ထိုအပိုင်းအစကို ကြည့်ရှုခွင့်ရရန် တောင်းဆိုခဲ့သည်။

သို့သော် ယွမ်ကျန်းဖုန်းထံမှသိရသည်မှာ ထိုအပိုင်းအစမှာ ရှေးယခင်အချိန်များစွာကတည်းက ပျောက်ဆုံးသွားခဲ့ပြီဟူ၍ ဖြစ်သည်။

ယွမ်ကျန်းဖုန်း၏စကားအရ ထိုအပိုင်းအစသည် ဟန်ထျန်းပုဂ္ဂိုလ်မြတ်ကျန်းဒေါင်ဂီမတိုင်ခင် ဂိုဏ်းချုပ်လက်ထက်ကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ပြီး မည်သည့်နေရာသို့ရောက်ရှိသွားကြောင်း လုံးလုံးမသိရပေ။

ထူးဆန်းသည်မှာ ထိုအပိုင်းအစက မည်သူ့လက်ထဲတွင် ပျောက်ဆုံးသွားသည်လဲ ယနေ့တိုင် ပ‌ဟေဠိဖြစ်နေဆဲပင်။

နောက်ပိုင်းတွင် ဂိုဏ်းချုပ်အဖြစ်တာဝန်ယူခဲ့သော ကျန်း‌ဒေါင်ဂီ ၊ ကျန်းရှီလော့နှင့် ယွမ်ကျန်းဖုန်းတို့သည် ထိုအပိုင်းအစကိုရှာဖွေရန် အစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်း သဲလွန်စမရရှိခဲ့ကြပေ။

ထိုအချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဝါဒတောင်၏အခြေအနေက အနိမ့်ကျဆုံးဖြစ်သော်လည်း ပြင်ပလူများခိုးယူရန်မှာ မဖြစ်နိုင်ပေ။

ပြင်ပမှလူတစ်ယောက် ခိုးယူသွားလျှင်ပင် ဤသို့ပျောက်ဆုံးသွားခြင်းမျိုး မဖြစ်နိုင်ပေ။ အနည်းဆုံးတော့ မည်သူခိုးယူသွားသည် ၊ မည်သို့ပျောက်ဆုံးသွားသည်ကို သိရှိမည် ဖြစ်၏။

ထို့ကြောင့် ကျန်းဒေါင်ဂီ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသောစုံစမ်းစစ်ဆေးသူများက ပြဿနာက အတွင်းပိုင်းမှဖြစ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ကံမကောင်းစွာပင် ထိုကိစ္စကို အဖြေမထုတ်နိုင်ခဲ့ကြပေ။

ထိုအပိုင်းအစ၏ထူးခြားချက်ကြောင့် ပျောက်ဆုံးသွားသည့်သတင်းကို တင်းတင်းကျပ်ကျပ်တားမြစ်ပိတ်ပင်ထားသော်လည်း ထိုကိစ္စက နှစ်ပေါင်းတစ်ရာကျော်အတွင်း အကြီးမားဆုံးလျှို့ဝှက်ဆန်းကျယ်မှု ဖြစ်ခဲ့သည်။

သို့သော် အထက်ဘုံကမ္ဘာတည်ရှိနေသည်ဆိုသောအချက်ကိုသိရှိပြီးသည့်နောက် ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူနှင့် နေဝန်းထက်ယံအရှင်သခင် ၊ လဝန်းထက်ယံအရှင်သခင်တို့သည်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်ရှိလာခဲ့သည့်အချက်များကို ရန်ကျောက်ကဲ ၊ ရန်တိနှင့် ယွမ်ကျန်းဖုန်းတို့က ပြဿနာသည် အတွင်းပိုင်းမှမဟုတ်ကြောင်း သံသယဝင်စပြုလာကြသည်။

စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာတို့တွင် ‘နေမင်းကျမ်းဂန်အမွေအနှစ်’ ၏ နက်နဲသောအဓိပ္ပါယ်များနှင့် ထူးကဲယန်စည်းတံဆိပ်နှင့်သက်ဆိုင်သည်များ ပါဝင်သည်ကို တွေ့ရသည့်အခါ ရန်ကျောက်ကဲက နေဝန်းထက်ယံအရှင်သခင် ကောင်းဟန်ကို အထူးသံသယဝင်ခဲ့သည်။ ထူးကဲယန်စည်းတံဆိပ်သည် မြေကမ္ဘာနယ်မြေမှ နက်ရှိုင်းရာချောက်နက်ကြီးထဲတွင်ရှိနေခဲ့သဖြင့် လူတိုင်းက ကောင်းဟန်ကိုသေဆုံးသွားပြီဟု သံသယဝင်ကြသည်။

ထိုထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်၏လက်ချက်ဖြစ်မည်ဆိုလျှင် သူ့အနေဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ ဝါဒတောင်မှပစ္စည်းတစ်ခုကို အသံတစ်စက်မထွက်ဘဲ ခိုးယူခြင်းမှာ ထမင်းစားရေသောက်ကိစ္စထက်ပင် လွယ်ကူသေး၏။

‌ရွေ့လျားနိုင်သောပစ္စည်းများကို မဆိုထားနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ ၊ မရေမတွက်နိုင်သော သက်ရှိလူသားများကိုပင် သူလိုလူတစ်ယောက်က လက်တစ်ဖက်ဝှေ့ယမ်းရုံမျှဖြင့် ယူဆောင်သွားနိုင်သည်။

ရန်တိက...

“နှစ်ပေါင်းများစွာကြာခဲ့ပြီ ၊ အခုတော့... ဒီကိစ္စကိုစုံစမ်းဖို့ ပိုပြီးခက်ခဲလာပြီပေါ့ ၊ ဒါပေမဲ့ ဒါက ငါတို့မျိုးရိုးအတွက် အရေးကြီးတဲ့ကိစ္စပဲ ၊ ငါတို့အားလုံး တတ်နိုင်သမျှကြိုးစားပြီးစုံစမ်းကြရမယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“နားလည်ပါပြီ...”

ရန်တိကိုနှုတ်ဆက်စကားဆိုပြီးနောက် ရန်ကျောက်ကဲ စစ်ခုန်ချင်းရှိရာသို့ ထွက်လာခဲ့သည်။

သူ့တွင် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ အပြည့်အစုံရှိသော်လည်း သူ၏ဘေးကင်းရေးအတွက် ဂိုဏ်းသို့ တိုက်ရိုက်ကြီးပေးအပ်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ရန်တိ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများကိုပေးလိုက်သော စက်ဝန်းသံသရာကောင်းကင်ကျမ်းစာမှာ သူ၏ကိုယ်ပိုင်နားလည်မှုများကိုပေါင်းစပ်ထားသည့် ရန်ကျောက်ကဲ၏လက်ရာ ကျမ်းစာတစ်ခုသာ ဖြစ်သည်။

ရန်ကျောက်ကဲက အလွန်အစွမ်းထက်သော စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုအသုံးပြုတိုင်း ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ဖုံးကွယ်ကာ လျှို့ဝှက်အသုံးပြုလေ့ရှိသည်။

ထိုလက်ဝါးရိုက်ချက်အသုံးပြုလိုက်တိုင်း ရန်သူများအားလုံး အသက်သေဆုံးသွားကြရသော်လည်း သူ၏သိုင်းပညာကို မျက်မြင်တွေ့မြင်ဖူးသူများလည်း ရှိနေသေးသည်။

သို့သော် ထိုသိုင်းပညာနှင့်ရင်းနှီးခြင်းမရှိသူများအနေဖြင့် အချိန်ကြာလာသည်နှင့်အမျှ သူတို့စိတ်ထဲ သံသယများမလွဲမသွေ ဖြစ်ပေါ်လာနိုင်သည်။

လက်ရှိတွင် ရန်ကျောက်ကဲအတွက် ချောချောမွေ့မွေ့ဖြစ်နေသော်လည်း အချိန်တန်သည့်အခါ သူ၏သိုင်းပညာနှင့်ပတ်သက်ပြီး ရှင်းပြရန်လိုအပ်လာပေမည်။

သူ့တွင် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ၏ အနှစ်သာရအစစ်အမှန် အမှန်တကယ်ပင် ရှိနေလေရာ နောင်တစ်ချိန်တွင် ဂိုဏ်းကိုပေးထားသောကျမ်းစာကို ဖြည်းဖြည်းချင်းပြန်လည်ပြုပြုလိုက်သည်နှင့် သူ၏သိုင်းပညာကိုသက်သေပြရန် လုံးဝချောမွေ့သွားမည် ဖြစ်၏။

ရန်ကျောက်ကဲလမ်းလျှောက်လာစဉ် သူ့အရှေ့တွင် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။

သေသေချာချာကြည့်လိုက်တော့ တစ်ယောက်က ရှောင်အိုက်ဖြစ်ပြီး အခြားတစ်ယောက်ကတော့ ရိုးရှင်းသောမျက်နှာအမူအရာဖြင့် လူငယ်လေးတစ်ယောက် ဖြစ်သည်။

လူငယ်လေးက အရပ်မနိမ့်သော်လည်း သူ့မျက်နှာလေးက ကလေးဆန်နေဆဲဖြစ်ပြီး သူ့မျက်ဝန်းများသည်လည်း ကလေးတစ်ယောက်၏ ဖြူစင်မှုများ လွှမ်းခြုံလျှက်ပင်။

ထိုလူငယ်ကိုအကဲခတ်နေသည့်ရှောင်အိုက်က ရန်ကျောက်ကဲရောက်လာသည်ကိုတွေ့သည့်အခါ ရုတ်တရက် လန့်ဖြန့်သွားသည်။

“သခင်လေး...”

လူငယ်၏တုံ့ပြန်မှုကတော့ ရှောက်အိုက်ထက်နှေးကွေးသည်။

သို့သော် ရန်ကျောက်ကဲကိုတွေ့တော့ သူ၏မျက်နှာအမူအရာက ရှောင်အိုက်ထက်ပင်ပိုမိုပျော်ရွှင်သွားဟန် အပြုံးတစ်ခုထွက်ပေါ်လာသည်။

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’”

ထိုလူငယ်လေးက အခြားသူမဟုတ် ၊ ယင်လုန်ထူပင် ဖြစ်၏။

သမုဒ္ဒရာကမ္ဘာ၏အချိန်စီးဆင်းမှုက အထက်ဘုံကမ္ဘာထက်လျှင်မြန်လေသည်။ ထိုနေရာ၌ အချိန်အတော်ကြာအောင် နေထိုင်ခဲ့သော ယင်လုန်ထူသည် ယခုအခါ အရွယ်ရောက်သောလူငယ်တစ်ယောက်ဖြစ်နေပေပြီ။

သို့သော် သူ၏စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှေးကွေးခြင်းကြောင့်လည်းကောင်း ၊ မြင့်မားသည့်ကျင့်ကြံခြင်းအဆင့်ကြောင့်လည်းကောင်း မကြာမီနှစ်ပိုင်းအတွင်းက သူ၏အသွင်အပြင်က ကြီးပြင်းလာမှုရပ်တန့်သွားကာ ငယ်ရွယ်နုပျိုနေဆဲ ဖြစ်သည်။

သူ့အသက်အရွယ်က လက်ရှိအသက်အရွယ်ထက် ငယ်ရွယ်နေဟန်ရှိပြီး အသက် (၂၀)ပင်မပြည့်သေးသော လူငယ်တစ်ယောက်အသွင်ဖြစ်သည်။

သို့သော် ယင်လုန်ထူကတော့ သူ၏အသက်အရွယ် သွင်ပြင်များကို လုံးဝသတိမထားမိသလို စိတ်ဝင်စားခြင်းလည်း မရှိပေ။

ရန်ကျောက်ကဲ ၊ ရန်တိ ၊ ရွှီဖေးနှင့် အခြားသူများက ဤကိစ္စနှင့်ပတ်သက်ပြီး သူ့ကိုဖိအားလုံးဝမပေးကြပေ။

ရန်ကျောက်ကဲကိုတွေ့တော့ ဝမ်းသာပျော်ရွှင်သွားသည့် ယင်လုန်ထူက ရုတ်တရက် သူ့နဖူးကိုလက်တစ်ဖက်ဖြင့် ရိုက်ရင်း...

“အာ... ကျွန်တော် မေ့နေတော ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ လွန်ခဲ့တဲ့တစ်လက လူတစ်ယောက်ကကျွန်တော့်ကိုပစ္စည်းတစ်ခုပေးတယ် ၊ အစ်ကိုကြီးကိုပေးဖို့မှာလိုက်တာ”

ဟန်လုန်အာက ခဏနားပြီးမှဆက်ပြောသည်။

“သူက အစ်ကိုကြီးလက်ထဲသေချာအပ်ရမယ်လို့ အလေးအနက်မှာလိုက်တာ”

ရန်ကျောက်ကဲ အနည်းငယ် အံ့အားသင့်သွားပြီး...

“ဟုတ်လား... ဘာပစ္စည်းများလဲ”

ဟန်လုန်အာက အင်းသင်္ကေတကျောက်စိမ်းပြားလေးတစ်ခုကို ရန်ကျောက်ကဲထံ လှမ်းပေးလိုက်သည်။

ထိုကျောက်စိမ်းပြားလေးကိုတွေ့တော့ ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်လှုပ်ရှားသွား၏။

ထိုပစ္စည်းလေးက သူနှင့်ရင်းနှီးကျွမ်းဝင်နေသည် မဟုတ်လား။

ဤသို့သောကျောက်စိမ်းပြားလေးက ဂန္ထဝင်သိုင်းပညာရပ်များကို မှတ်တမ်းတင်ရာတွင် အထူးသဖြင့် အသုံးပြုလေ့ရှိသော ပစ္စည်းဖြစ်လေသည်။

All Chapters